← Chapters

မျက်ရည်များ

Vol. 157 Ch. 2185

မျက်ရည်များ

Vol. 157 Ch. 2185

ရှီမာယူယူသည် ဧကရာဇ်ချင်းဒေါင် ပြေးသွားသည်ကို ကြည့်နေသော် လည်း သူဘာလုပ်နေသည်ကို အာရုံမစိုက်မိတော့ပေ။ သို့သော် စဉ်းစားစရာ တစ်ခုရှိသွားသည်။ ကောင်းကင်တာအိုဆိုတာ တကယ်ပဲ ဘာလဲ။

မမြင်ရဘူး၊ ကိုင်လို့မရဘူး၊ အဲဒါကိုဘယ်လိုကိုင်ပြီး ဘယ်လိုပြောင်းလဲမှာ လဲ။

ဧကရာဇ်ချင်းဒေါင်သည် ဘာမှမသိလိုပင် မြင်ကွင်းမဆုံးခင်အထိ တရား ထိုင်နေတုန်းပင်ဖြစ်သည်။

ရှီမာယူယူ မျက်လုံးဖွင့်လိုက်သည်။ ကျယ်ပြန့်သော နှင်းဖြူများသည် သူမ ၏ နှုတ်ခမ်းအောက်အထိရောက်နေကာ တစ်ကိုယ်လုံးနစ်မြုပ်နေလေသည်။ သူမ ရုန်းကန်ထွက်ရန်မကြိုးစားဘဲ မျက်လုံးမှိတ်ကာ နှင်းထဲမှစွမ်းအာကို စတင်စုပ်ယူတော့သည်။

ထိုအဆုံးမရှိသောနှင်းကွင်းပြင်ကို မည်မျှကြာအောင် စုပ်ယူရမည်ကို သူမ မသိပေ။ ကြီးမြတ်သောဝူလင်းလည်း ထပ်စောင့်ရဦးမည်ထင်သည်။

သူမ မသိလိုက်သည်မှာ အပြင်ဘက်ကမ္ဘာပင်ဖြစ်သည်။ ကြီးမြတ်သော ဝူလင်းသည် ဧကရာဇ်ချင်းဒေါင်နှင့် တွေ့နေပြီဖြစ်၏။

“ပြန်သွားတော့ သူမ ထွက်လာဖို့အချိန်ကြာဦးမှာ” ဧကရာဇ်ချင်းဒေါင် သည် ကြီးမြတ်သောဝူလင်းကိုပြောလိုက်သည်။

“သူမကို ဘာလုပ်လိုက်တာလဲ” ကြီးမြတ်သောဝူလင်းသည် စိုးရိမ်တကြီး မေးလေသည်။

သူမကို ခေါ်လာသူမှာ သူဖြစ်သည်။ ရှီမာမျိုးနွယ်နှင့် အသင်းမဟာမိတ် ကို ဖြေရှင်းပြနိုင်ရန် သူမကိုခေါ်သွားရမည်ဖြစ်သည်။ ပြီးနောက် မှတ်ဉာဏ်ထဲ မှ လူကဲ့သို့ သူ့ရှေ့တွင် သူမ ထပ်မံသေဆုံးသည်ကို သူ မကြည့်နိုင်တော့ပေ။

“သူမက အမွေကိုလက်ခံရမယ် စွမ်းအားအကုန်လုံးကိုစုပ်ယူပြီးမှ ပြန် ထွက်လာနိုင်မှာ” ဧကရာဇ်ချင်းဒေါင် ပြောလိုက်သည် “သူမက ခဏနဲ့ထွက်လာ မှာမဟုတ်ဘူး.. ဒီနေရာကို အပြင်လူတွေဝင်မလာစေချင်ဘူး မင်းသွားတော့”

“မသွားဘူး သူမထွက်လာတာကို ဒီကနေပဲစောင့်မယ်” ကြီးမြတ်သော ဝူလင်းပြောလေသည်။

“ဂူသင်္ချိုင်းကို ဝင်တဲ့သူမှန်သမျှအသတ်ခံရမယ်.. သူမကြောင့်သာ မင်း အသက်ကိုသက်ညှာပေးလိုက်မယ် သွားတော့”

ဧကရာဇ်ချင်းဒေါင်သည် ပြောပြီးနောက် အင်အားတစ်ခုထုတ်ကာ ကြီးမြတ်သောဝူလင်းကို ဂူသင်္ချိုင်းအတွင်းမှ ထုတ်လိုက်လေသည်။

ကြီးမြတ်သောဝူလင်းသည် ဂူသင်္ချိုင်း၏ဝင်ပေါက်တွင်ပေါ်လာသည်။ ပြီးနောက် အုန်းခနဲအသံနှင့်အတူ ဂူသင်္ချိုင်းတံခါးသည် တစ်ခါတည်းပိတ်သွား လေသည်။ သူသည် နီရဲသောတံခါးကိုကြည့်ပြီး ကြောက်ရွံ့မိသည်။

သူ့စါမ်းအားက ဧကရာဇ်တစ်ပါးနဲ့ သိပ်မကွာပါဘူး.. အဲဒါကို သူ့ကို ဒီလို ထုတ်ပစ်နိုင်တယ်ပေါ့။ သူဘယ်လောက်တောင် အားကောင်းတာလဲ။

သူသည် တံခါးကိုတွန်းဖွင့်ရန် ကြိုးစားသော်လည်း ဖွင့်မရပေ။ သူသည် ထပ်ပြီးမတိုက်ခိုက်ရဲတော့ပေ။ သူ၏တိုက်ခိုက်မှုကြောင့် သူမကို အနှောင့် အယှက်ဖြစ်သွားမည်ကို ကြောက်သည်။ သူသည် တံခါးအပြင်ဘက်တွင် ရက် အနည်းငယ်ကြာသည်အထိနေသည်။ စဉ်းစားပြီးရင်း စဉ်းစားပြီးနောက် သူ အရင်ပြန်သွားလိုက်သည်။

ပြန်သွားပြီးနောက် ထိုနေရာမှ အခြေအနေကို မျက်ခြည်မပြတ်ကြည့် ကြည့်နေခဲ့သည်။ သို့သော် တစ်ခါတစ်ခါပေါ်လာတတ်သော စွမ်းအားသည် ပေါ်မလာတော့သလို ထူးခြားသည့်လှုပ်ရှားမှုလည်းမရှိတော့သည်ကို တွေ့ လိုက်ရသည်။ သူမ အဆင်ပြေလောက်မည်ဟု ခန့်မှန်းကြည့်ပြီးနောက် တခြား ကိစ္စများကိုသာ အာရုံစိုက်ထားလိုက်သည်။

နောက် ၂ နှစ်ကြာသည်အထိ သူမကို အပြင်တွင်ထပ်မံမမြင်ရတော့ပေ။ ရှီမာမျိုးနွယ်မှလူများသည် စိတ်မပူကြပေ။ သူမ၏ အသက်ကျောက်စိမ်း ကြောင့်သာမဟုတ်လျှင် သူမကိုထွက်ရှာနေကြပြီးဖြစ်မည်။

သို့သော် သူမ ဘေးကင်းသည်ကို မမြင်ရသဖြင့် စိတ်ပူနေတုန်းပင်ဖြစ် သည်။ ရှီမာမျိုးနွယ်မှလူများသည် ညှိုးငယ်နေကြသည်။ သူမ နိုးလာပြီး မကြာ ခင်မှာပင် အချိန်တိုအတွင်း ပြန်ပျောက်သွားခဲ့သည်။ သူမ ထွက်လာပြီး ပြန် ပျောက်ကွယ်သွားမည်ကိုသာ သိထားပါက သူတို့ပေးသွားမည်မဟုတ်ပေ။

၂ နှစ်ကြာပြီးနောက် အနက်ဝတ်လူများသည် နေရာအနှံ့လူသတ်ပြီး အင်အားစုများစွာကို ရန်စရာ တိုင်းပြည်တစ်ခုလုံးသည် အရှုပ်အထွေးများဖြစ် နေသည်။ တစ်ချိန်တည်းမှာပင် ချီဝိညာဉ်များစွာမှာ တိုင်းပြည်တွင်ပေါ်ပြီး ထို ချီဝိညာဉ်များကိုလည်း သတ်၍မရနိုင်ပေ။ သာမန်မီးတောက်နှင့် လျှပ်စီးသည် သူတို့ကို ထိန်းချုပ်ရုံသာတတ်နိုင်ပြီး မဖျက်ဆီးနိုင်ပေ။ မျိုးနွယ်တချို့တွင် စံသွေမီးတောက်ရှိနေ၍တော်သေးသည်။ သို့သော် စံသွေမီးတောက်မရှိသူများ ချီဝိညာဉ်နှင့်တွေ့လျှင် မည်သူမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။

ထိုအချိန်တွင် တိုင်းပြည်အတွင်းမှ အင်အားစုများအားလုံးသည် ပျာယာ ခတ်သွားကြသည်။

ရှီမာယူယူသည် ထင်ယောင်ထင်မှားအတွင်း ကျရောက်နေကာ အပြင် လောကအကြောင်းကို ဘာမှမသိခဲ့ပေ။ ထိုအခိုက်တွင် သူမကို ငွေရောင်ခပ် ဖျော့ဖျော့အလင်းတန်းမှာ ဝန်းပတ်ပြီး သူမ၏မျက်လုံးများမှာလည်း တင်းကြပ် အောင်ပိတ်ထားကာ ငွေရောင်အလင်းတန်းကိုစုပ်ယူနေသည်။

ရှေ့မှကျယ်ပြန့်သောနှင်းဧရိယာသည် ပျောက်ကွယ်သွားကာ သူမ၏ ပတ်ဝန်းကျင်အတွင် အပိုင်းအစများသာကျန်တော့သည်။ ငွေရောင်အလင်း တန်းများကို သူမ အပြည့်အဝစုပ်ယူပြီးနောက် ထိုနှင်းအပိုင်းအစများလည်း ပျောက်ကွယ်သွားသည်။

“အား…” သူမသည် နောက်ကျိနေသော ရောင်ဝါထုတ်လိုက်ပြီး မျက်လုံး တဖြည်းဖြည်းဖွင့်လိုက်သည်။

သူမ ထင်ယောင်ထင်မှားထဲမရှိတော့သည်ကို မြင်လိုက်ရသည်။ သို့သော် သူမသည် ပင်မခန်းမဆောင်အတွင်းရှိ အခေါင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေ ကာ ဧကရာဇ်ချင်းဒေါင်သည် အခေါင်းအဆုံးတွင်ရပ်နေသည်ကို တွေ့လိုက်ရ ၏။

“အရမ်းကောင်းတယ် ငါထင်ထားတာထက် အရမ်းမြန်တယ်” ဧကရာဇ် ချင်းဒေါင်သည် ကျေနပ်စွာဖြင့် ပြောလေသည်။

“ဧကရာဇ်” ရှီမာယူယူသည် အခေါင်းပေါ်မှထရပ်ပြီး ကောင်းကင်တာအို အကြောင်းကို မေးခွန်းတချို့မေးချင်မိသည်။ သို့သော် သူ့အရိပ်သည် တဖြည်း ဖြည်း မှေးမှိန်သွားသည်ကို တွေ့လိုက်ရသည်။

“ဧကရာဇ်” သူမသည် အနည်းငယ် စိုးရိမ်သလို ဝမ်းလည်းဝမ်းနည်းသွား သည်။

သူမတွင် သံသယများစွာရှိသေးသော်လည်း သူ့ကိုမမေးလိုက်ရပေ။ သူ့ကို မပြောလိုက်ရသည့် ကိစ္စများစွာရှိသည်။ သူဘာလို့ ထွက်သွားတာလဲ။

အတိတ်က သူ့ကိုမြင်ခဲ့ခြင်းကြောင့်ဖြစ်သလား၊ သို့မဟုတ် သူထားခဲ့သည့် စွမ်းအားကြောင့်လားမသိပေ.. သူနှင့်ဆက်ဆံရေးမှာ နီးစပ်လာသည်ဟု ခံစားရ သည်။ သို့သော် သူ့ကို သေချာမပြောရသေးခင်မှာပင် သူပျောက်ကွယ်သွားလေ ပြီ။

“ဝမ်းမနည်းပါနဲ့” ဧကရာဇ်ချင်းဒေါင် ပြုံးလိုက်သည် “မင်းကို ပြန်တွေ့ရ တာ ကျေနပ်ါတယ်.. ငါ ပျောက်သွားတယ်ဆိုပေမဲ့လို့ပေါ့”

“ဧကရာဇ်…”

“မင်း ငါ့ကိုပြောချင်တာ မပြောလိုက်ရတော့ မင်းကို ပြဖို့မျက်နှာလည်း မရှိတော့ပါဘူး.. ဒါပေမဲ့ ငါပျော်ပါတယ်.. မင်းတစ်ယောက်ပဲ လုပ်နိုင်မယ့်ပုံပါပဲ” သူသည် ဆမ်ဆာရာကိုမှတ်မိနေပြီး သူမနှင့်တူသည့် မျက်နှာကိုလည်း မှတ်မိ နေသည်။

“ဧကရာဇ် ကျွန်မကမဟုတ်…” သူမသည် ဆမ်ဆာရမဟုတ်ဟု ပြောချင် မိသည်။ သို့သော် ဧကရာဇ်ချင်းဒေါင်သည် သူမကို မပြောရန်လက်ဝှေ့ယမ်း လိုက်သည် “ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိဘူး”

ပြီးနောက် သူသည် ပျောက်ကွယ်တော့မည်ဖြစ်သည်။ အဲဒါကို သူ့ရဲ့ နောက်ဆုံးစိတ်ကူးယဉ်ဇာတ်လမ်းကို ဘာလို့ ဖျက်ဆီးပစ်နေမလဲ။

“ကောင်းကင်တာအိုကိုပြောင်းလဲပြီးတော့ ကမ္ဘာကြီးကိုအရင်လို ဖြစ် အောင်ပြန်လုပ်ပါ.. အရင်တုန်းက မင်း ငါ့ကိုတာဝန်ပေးခဲ့တယ်.. ဒါပေမဲ့ အခု ငါ မင်းကိုပြန်လွှဲပေးလိုက်ပြီ.. ဒီကိစ္စကို ပြီးမြောက်အောင်လုပ်နိုင်မယ်လို့ ယုံတယ်” ဧကရာဇ်ချင်းဒေါင်သည် သူမကိုပြုံးပြလေသည်။

အကြောင်းအရင်းတချို့ကြောင့် ရှီမာယူယူ၏ မျက်လုံးမှာ မျက်ရည်များ ဖြင့် ပြည့်လာသည်။ သူမ ခေါင်းဆတ်ပြီး ပြန်ဖြေလိုက်သည် “ကောင်းပါပြီ”

“အဲဒီဟာကို မင်းကိုလည်း ရှင်းထုတ်စေချင်တယ်… ငါ မင်းကိုကူညီချင် ပါတယ်.. ဒါပေမဲ့ ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူး” ဧကရာဇ်ချင်းဒေါင်၏ အပြုံးသည် ပိုခါးသီးလာပြီး အပြစ်မကင်းဖြစ်လာသည် “ဒါပေမဲ့ မင်းကို ဒီလောက် အင်အားအများကြီးထားခဲ့ပေးတာ.. မြေပုံနောက်ကိုလိုက်ပြီး ကိုယ့် ဘာသာ တိုးတက်အောင်လုပ်ပါ”

“သိပါပြီ”

“သတိထားပါ”

“ဟုတ်ကဲ့”

မျက်ရည်များသည် သူမ၏မျက်လုံးများကို စိုစွတ်သွားစေသည်။

“ဝမ်းမနည်းပါနဲ့” ဧကရာဇ်ချင်းဒေါင်သည် လက်ဆန့်ထုတ်ပြီး သူမ ခေါင်း ကိုကိုင်ပေးချင်သည်။ သို့သော် သူမခန္ဓာကိုယ်အား ထိုးဖောက်ဝင်သွားသည်။ ထို့နောက် သူ့လက်ကိုပြန်ရုတ်ပြီး ဝိညာဉ်မှာလည်း ငွေရောင်အလင်းတန်း အဖြစ် ပြန်ပြောင်းသွားကာ သူမခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။

ရှီမာယူယူသည် ငွေအလင်းတန်း သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွား သည်ကိုကြည့်ပြီး ဧကရာဇ်ချင်းဒေါင်၏ ရောင်ဝါသည် သူမရောင်ဝါထက် ပို သန်မာသည်ဟု ခံစားမိသည်။

သူမသည် မျက်လုံးမှိတ်ပြီး မျက်လုံးထဲမှ မျက်ရည်များကို အတင်းပြန် သွင်းနေမိသည်။ နှစ်ပေါင်းသိန်းချီကြာပြီးနောက် သူ့တစ်ဘဝလုံး လိုက်ရှာခဲ့သူ ကို ပြန်တွေ့ရကာ တာဝန်ပြီးမြောက်ပြီဟု သတ်မှတ်၍ရသည်။

သူမ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး မွေးညှင်းများထောင်သွား သည်ဟု ခံစားလိုက်ရသည်။ ထိုရင်းနှီးသောခံစားချက်သည် သူမ၏ဝမ်းနည်းမှု များကို တိုက်ထုတ်လိုက်သည်။ နန်းတော်ထဲမှ တခြားမည်သည့်အရာကိုမှ မမြင်ရသေးခင်မှာပင် သူမသည် ချက်ချင်းပင် မြေကြီး၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ကာ မြေကြီးဆီသို့ ပြေးထွက်ခဲ့သည်။ သူမ လျင်မြန်စွာပြေးထွက်ခဲ့ သည်။

“ခရမ်းလေး မင်းက မိုးကြိုးဘေးဒုက္ခကို ဖိနှိပ်နိုင်တယ်မလား.. ငါ အဆင့် တက်တာနဲ့ ဘာလို့အဲဒါကြီးကလာတာလဲ” သူမသည် ခရမ်းလေးကို ထုတ်ပြီး ပြေးရင်းနှင့် မေးလိုက်သည်။

ခရမ်းလေးသည် အခုမှနိုးလာသည့်အလား သူမ၏ရင်ခွင်ထဲတွင် သမ်းဝေ လိုက်သည်။ သူမ စကားများကိုကြားပြီးနောက် သူ ပျင်းရိစွာ ပြောလိုက်သည် “ဒီတစ်ခါ အဆင့်တက်ရုံတင်မကဘူး.. မင်းမသိသင့်တဲ့ဟာတွေလည်း အများ ကြီး သင်ယူခဲ့ရတာ.. အဲဒီတော့ မင်းက ကိစ္စတော်တော်များများမှာ ပါဝင်နေပြီ လို့ ဆိုလိုတာပဲ.. သေချာတာပဲပေါ့.. အခုအဆင့်တက်ရင် ချက်ချင်းမိုးကြိုးအပစ် ခံရမှာပဲ.. ဒီတစ်ခါ မိုးကြိုးဘေးဒုက္ခက သာမန်မဟုတ်ဘူး.. စိတ်ကိုပြင်ဆင်ထား တော့”

***

All Chapters