← Chapters

မည်းနက်နေအောင် မီးမြှိုက်ခံရခြင်း

Vol. 157 Ch. 2186

မည်းနက်နေအောင် မီးမြှိုက်ခံရခြင်း

Vol. 157 Ch. 2186

မြေပြင်ပေါ်တွင် ရှေးဟောင်းဝိညာဉ်သားရဲများသည် ရူးသွပ်နေကြသည်။

ဒီလောက်ကြီးတဲ့ မိုးကြိုးဘေးဒုက္ခက သူတို့ပိုင်နက်ထဲမှာ နားလည်ရခက် လောက်အောင်ကို ဘာလို့ပေါ်လာတာလဲ။ ဘေးဒုက္ခတိမ်တိုက်၏ ထုထည်ကို ကြည့်လိုက်ရာ သူတို့ခံနိုင်သည့်အရာမဟုတ်ပေ။

သူတို့ဦးခေါင်းအထက်တွင် ဘေးဒုက္ခတိမ်တိုက်ကြီး ရုတ်တရက် စုဝေး လာသည်ကို မြင်သည်နှင့် အားလုံးသည် အနည်းငယ်ရှုပ်ထွေးသွားကြတော့၏။

တစ်ဖက်တွင် ကြီးမြတ်သောဝူလင်းသည် ဘေးဒုက္ခတိမ်တိုက်ကို မြင်ရ သည်ကိုပင် ပျော်ရွှင်မိသည်။ သူသည် သူ့အောက်မှလူများကို ပြောလိုက်သည် “မျိုးနွယ်ဝင်တွေကို ချက်ချင်းထွက်ပြီး အနောက်ဘက်ကိုသွားခိုင်းလိုက်”

“ဟုတ်ကဲ့ပါ အရှင်”

ဘေးဒုက္ခတိမ်တိုက်သည် သူတို့မျိုးနွယ်၏အရှေ့ပိုင်းတွင် လျင်မြန်စွာ စုဝေးလာသည်။ ထို့ကြောင့် ယခုအချိန်တွင် အနောက်ဘက်သို့ ပြေးကြသည်က အကောင်းဆုံးဖြစ်သည်။

ရှီမာယူယူထွက်လာချိန်၌ အပေါ်တွင် ထစ်ချုန်းနေသည့် ကြီးမားသော ဘေးဒုက္ခတိမ်တိုက်ကြီးကို မြင်လိုက်ရလေသည်။ ခရမ်းလေး၏ စကားများကို ပြန်တွေးကြည့်ပြီး စိတ်မချမ်းမသာဖြစ်သွားသည်။ ရှေးဟောင်းဝိညာဉ်သားရဲ များအားလုံး အနောက်ဘက်သို့ ဦးတည်သွားကြသည်ကို သူမ ခံစားမိသည်။ သူမသည် လျင်မြန်စွာပင် အရှေ့ဘက်သို့ ပျံတက်ပြီး ရှေးဟောင်းဝိညာဉ်သားရဲ များ၏ ပိုင်နက်နှင့် ဘေးဒုက္ခတိမ်တိုက်တို့ ဝေးအောင်ကြိုးစားလိုက်သည်။

သူမ၏ပုံရိပ်ကိုမြင်သောအခါ ကြီးမြတ်သောဝူလင်း၏ တည်တံ့သော မျက်နှာသည် နောက်ဆုံးတွင် ပြုံးယောင်သမ်းသွားလေသည်။

သူမ အဆင်ပြေမယ်လို့ သူ သိသားပဲ။

“အရှင် မြန်မြန်သွားရအောင်ပါ” ကိုယ်ရံတော်တစ်ယောက်သည် ရှေ့တိုး ပြီးပြောလေသည်။

“အင်း” သူမ ဘေးကင်းနေပြီဖြစ်ရာ သူ စိတ်ပူရန်မလိုတော့ပေ။ သူမ မိုးကြိုးလျှပ်စီးများကို မကြောက်တတ်သည်ကို သိထားသဖြင့် သူသည် ရှေးဟောင်းဝိညာဉ်သားရဲများကို ရွှေ့ပြောင်းခိုင်းသည်။

ရှီမာယူယူသည် ဟာလာဟင်းလင်းဖြစ်နေသည့် ကန္တာရဆီသို့သွားသည်။ ကန္တာရအတွင်းရှိ ဝိညာဉ်သားရဲများအားလုံးသည် အစွမ်းကုန်ပြေးနေကြပြီဖြစ် သည်။ သားရဲများ၏ သွေးရူးသွေးတန်းထွက်ပြေးသော ခြေရာများစွာကျန်ခဲ့ လေသည်။

သူမ၏ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါင်းစပ်ပြီးနောက် မိုးကြိုးဘေးဒုက္ခနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ နောက်ဆုံးအဆင့်တက်ခြင်းသည် လည်း ဤဘေးဒုက္ခတွင် တစ်ပေါင်းတည်းပါဝင်လေသည်။ ခရမ်းလေး ပြော သကဲ့သို့ပင် မိုးကြိုးသွားများမှာ အလွန်အားကောင်းပြီး တိမ်တိုက်ဝိညာဉ်သည် လည်း သူမကို အလွယ်တကူအလွတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် မိုးကြိုး သွားများသည် အားအပြည့်ဖြင့် သူမကိုရိုက်ချလိုက်သည်။ ခရမ်းလေး၏ အကူ အညီနှင့်ပင် သူမသည် နာကျင်မှုကို အံကြိတ်ခံရသည်။ ဘေးဒုက္ခပြီးသွားပြီး နောက် သူမသည် မီးသွေးကဲ့သို့ပင် မည်းနက်သွားတော့သည်။

ကြီးမြတ်သောဝူလင်းသည် သူမဘေးသို့ ပထမဆုံးရောက်လာသူဖြစ် သည်။ သူမ၏ မှိန်းနေပြီး သနားစဖွယ်အသွင်အပြင်ကိုကြည့်ပြီး သူ့နှုတ်ခမ်းမှာ မတွန့်ဘဲမနေနိုင်တော့ပေ။

“မင်း အဆင်ပြေရဲ့လား” သူ့အသံထဲတွင် မသိုသိပ်နိုင်သော အပြုံးရှိနေ လေသည်။

သူပြုံးသည်ကို ရှီမာယူယူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူမ ဂုဏ်မယူမိပေ။ အဓိကမှာ သူမသည် အကျည်းတန်နေပြီး သူ၏ဖိအားမှာ လည်း သူမ၏နာကျင်မှုပေါ် သက်ရောက်နေသဖြင့် သူမ မပျော်နိုင်ပေ။

သူမသည် မျက်တောင်ခတ်လိုက်သည် “ကျွန်မကို ဒီမှာရက်နည်းနည်း လောက် လှဲခွင့်ပြုပေးဦး”

သူမသည် လက်ရှိအခြေအနေနှင့် လှုပ်ရှားရန်မသင့်တော်ပေ။ သူမ လှုပ် လိုက်သည်နှင့် သူမ၏တစ်ကိုယ်လုံးသည် တစ်စစီဖြစ်သွားနိုင်သည်။

“ဟုတ်ပြီ မင်းအတွက် တဲထိုးခိုင်းလိုက်မယ်” ကြီးမြတ်သောဝူလင်း ပြုံး လိုက်သည်။ “ဒါပေမဲ့ သူတို့က ဒီလိုကိစ္စတွေမလုပ်ဖူးတော့ ကောင်းကောင်း မလုပ်နိုင်ရင်လည်း အထင်မသေးပါနဲ့”

ထိုသို့မထင်ပါဘူးဟု ရှီမာယူယူ ပြောချင်သော်လည်း သူမ၏ခန္ဓာကိုယ်မှာ အလွန်နာကျင်နေသဖြင့် ဘာမှမပြောနိုင်ပေ။ သူတို့ တဲဆောက်လုပ်ပြီးနောက် ယိမ်းယိုင်ပြီးနဲ့တဲ့တဲ့ဖြစ်နေသည့်တဲကိုကြည့်ပြီး ဤကဲ့သို့တဲကို ဆောက်လုပ် ရန် အင်အားကြီးလွန်းသည်ဟု တွေးနေမိသည်။

“စိတ်မပူပါနဲ့ တဲကပြိုကျမှာတော့မဟုတ်ဘူး” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “ဒီမှာပဲ မင်းရဲ့ဒဏ်ရာတွေကို ဂရုစိုက်နေလိုက်ပါ.. အပြင်မှာ စောင့်ဖို့ လူထားခဲ့မယ်”

“ကျေးဇူးတင်ပါတယ်”

“မမ မမကြီး” ကံကောင်းလေးသည် အပြင်မှပြေးဝင်လာပြီး သူမ၏ မည်းနက်နေသောအသွင်အပြင်ကိုမြင်သောအခါ တအံ့တဩအော်မိလေသည် “မမ ဘာလို့ ဒီလိုဖြစ်သွားတာလဲ”

ရုပ်ဆိုးလိုက်တာ..

ကံကောင်းစွာပင် သူသည် နောက်ဆုံးစကားများကို မျိုချနိုင်လိုက်သည်။ မဟုတ်လျှင် သူမ၏အကြည့်ကြောင့် သူ သေသွားနိုင်သည်။

“မင်းမျက်လုံးတွေက မင်းကိုသစ္စာဖောက်သွားတာပဲ” ရှီမာယူယူသည် ဆွံ့အသွားသည်။

ကံကောင်းလေးကို ရှောင်ချီတို့ အကျင့်ဖျက်လိုက်ခြင်းဖြစ်မည်။

သူသည် အရင်က သေးငယ်ပြီး ရှီမာယူယူကို တွယ်ကပ်တတ်ခဲ့သည်။ သို့သော် ယခုအခါ သူသည် အရွယ်ရောက်လာခဲ့လေပြီ။ သူသည် ရှောင်ချီ၊ ၁၁ လေးတို့နှင့် တစ်နေကုန် ဆော့ကစားနေရာ အချိန်တိုအတွင်းတွင် ဤကဲ့သို့ အကျင့်များလွှမ်းမိုးခံလိုက်ရသည်။

ကံကောင်းလေးသည် ရှက်ရွံ့စွာပြုံးပြီး စိုးရိမ်တကြီးမေးလိုက်သည် “မမ အခုဘယ်လိုနေလဲ နာနေလား”

“မင်း ခံကြည့်ချင်လို့လား”

ရှီမာယူယူသည် အစကစနောက်နေခြင်းဖြစ်သော်လည်း ကံကောင်းလေး ခေါင်းညိတ်ပြီး လေးနက်စွာပြောလေသည် “နောက်တစ်ခါ ကံကောင်းလေး မမ နဲ့အတူရှိပေးမယ်”

“ငအလေး” ရှီမာယူယူ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားသည်။ ဆေး သက်ရောက်မှုကြောင့် သူမ၏မျက်လုံးများကို လေးလံစွာ မှိတ်လိုက်သည် “ငါ ခဏလောက် အိပ်လိုက်ဦးမယ်.. အပြင်မှာ စောင့်ကြည့်ပေးဦး”

“ဟုတ်ပါပြီ.. ကျွန်တော် ဒီမှာရှိနေမယ် မမ သွားအိပ်လိုက်”

သူမသည် စကားနောက်တစ်ခွန်းပင် ဆုံးအောင်မပြောနိုင်ဘဲ အိပ်မောကျ သွားလေသည်။ သူမကို ထိုသို့မြင်လိုက်ရသောအခါ ကံကောင်းလေးသည် အလွန်ပင် စိတ်မကောင်းဖြစ်မိသည်။

“စိတ်ပူဖို့မလိုပါဘူး.. သူမ ဒီလိုခံစားရတာက ကောင်းတဲ့အရာပဲ” သား ဖြစ်သူ စိတ်ညစ်သွားသည်ကိုကြည့်ပြီး ကြီးမြတ်သောဝူလင်းသည် ပေါ့ပါးစွာ ပြောလိုက်သည်။

“အဖေ အဲဒါဘာအဓိပ္ပာယ်လဲ” ကံကောင်းလေးသည် တအံ့တဩ မေး လေသည်။

“ဒီတစ်ခေါက် မိုးကြိုးဘေးဒုက္ခ ဒီလောက်အားကောင်းရတဲ့ အကြောင်း အရင်းရှိမှာပဲ.. ဒီတစ်ခေါက်သာ သူမ ထိုးမဖောက်နိုင်ရင် အဲဒါတွေက သူမရဲ့ တိုးတက်မှုကို နှောင့်ယှက်နေမှာပဲ.. သူမသာ ထိုးဖောက်လိုက်ရင် ဘာကမှ မနှောင့်ယှက်နိုင်တော့ဘူး” ကြီးမြတ်သောဝူလင်းသည် သွားရင်းနှင့် ရှင်းပြလေ သည်။

“အဲတော့ အဲလိုကိုး” ကံကောင်းလေး နားလည်သွားသည် “ကံကောင်းလို့ သူမဘေးမှာ ခရမ်းလေးရှိနေတာ.. ပြီးတော့ သူမခန္ဓာကိုယ်ကလည်း မိုးကြိုး အပစ်ခံရတာ အသားကျနေလို့ရယ် မဟုတ်လို့ကတော့ ဒီဘေးဒုက္ခကို ကျော် ဖြတ်ဖို့ဆိုတာ တကယ်ခက်တယ်”

“အင်း သူမကို ဒီလိုကြည့်ရတာ နောက်ရက်နည်းနည်းအတွင်းတော့ အဆင်ပြေသွားမှာပါ” ကြီးမြတ်သောဝူလင်းသည် အတပ်ပြောလေသည်။ အပြင်ဘက်မှ လက်ရှိအခြေအနေများကို တွေးပြီး သူ ခံစားချက်ပါပါပြောလိုက် သည် “သူမ အပြင်လည်းထွက်သင့်တယ် မဟုတ်ရင် အပြင်ကလူတွေ ရူးသွား ကြလိမ့်မယ်”

“အဲလူတွေက တကယ်စိတ်တိုဖို့ကောင်းတယ်… မမအပြင်ထွက်ပြီး လုပ် မှာကိုစောင့်ကြည့်လိုက် မမကအရမ်း စွမ်းအားကြီးတယ်” ကံကောင်းလေး သည် စောဒကတက်လေသည်။

“မင်းမှာတာဝန်ရှိတယ်ဆိုရင် လုပ်ကိုလုပ်ရမယ်.. ထွက်ပြေးလို့မရဘူး နားလည်လား” ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေးကို ကြည့်လိုက် သည်။ သူသည် ပူပင်ကြောင့်ကြမဲ့ကာ လုပ်ချင်သည့်အရာများကို လုပ်ခဲ့သည်။ သို့သော် အနှေးနှင့်အမြန် ရှေးဟောင်းသားရဲမျိုးနွယ်ကို သူ့ဆီလွှဲပေးရမည်ဖြစ် သည်။ ထို့ကြောင့် ‘တာဝန်ယူမှု’ ဆိုသည့် စကား၏အလေးအပင်ကို နားလည် အောင်လုပ်ထားရမည်။

ရှီမာယူယူ မြေပေါ်တွင်လှဲနေသည်ကို ကြည့်ပြီး သူ ခေတ္တမျှနှုတ်ဆိတ် သွားကာ ပြောလိုက်သည် “သူမ သက်သာသွားရင် မင်း သူမနဲ့ ထွက်သွားလို့ရ တယ်”

“ရလား အဖေ” ကံကောင်းလေးသည် သူ့ကို ပျော်ရွှင်စွာကြည့်ရာ သူ့ မျက်လုံးထဲမှ ပျော်ရွှင်မှုမှာ ထင်ရှားလျက်ရှိသည်။

သူသာ သူမနောက်သို့လိုက်ရလျှင် ရှောင်ချီ၊၁၁ လေးတို့နှင့်အတူ ဆက် ကစားနိုင်သည်ဟု ဆိုလိုသည်။

သားဖြစ်သူ၏ အလားအလာမရှိသည့် အသွင်အပြင်ကိုကြည့်ပြီး ကြီးမြတ် သောဝူလင်းသည် မစဉ်းစားတော့ဘဲ မြေကြီးကိုရိုက်ပြီး ပြင်းထန်စွာဆုံးမလေ သည် “ငါ မင်းကို သူမနောက်လိုက်ခိုင်းတာ လေ့လာခိုင်းတာ ကစားဖို့မဟုတ် ဘူး”

ကံကောင်းလေး၏ ခေါင်းသည် အဝါရောင်သဲပြင်များအကြား နစ်မြုပ် သွားသည်။ သူခေါင်းမော့လိုက်ချိန်တွင် ဆံပင်များမှာ သဲများဖုံးအုပ်နေလေ သည်။ သူသည် ပါးစပ်ထဲမှ သဲများကို ထွေးထုတ်ပြီး ရယ်မောလေသည်။

သူသာ ကစားရမည်ဆိုလျှင် နှစ်ကြိမ်မျှအရိုက်ခံရလည်း ရသည်။

“မင်း ဒီမှာစောင့်ကြပ်နေလိုက်” ကြီးမြတ်သောဝူလင်းသည် ပြောပြီး သည်နှင့် ဘေးနားမှလူတချို့နှင့်အတူ ထွက်သွားလေသည်။ သူ တဲအပြင်သို့ ရောက်သောအခါ ကံကောင်းလေး၏ စရိုက်ကိုစဉ်းစားမိပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“စိတ်ပူဖို့မလိုပါဘူး အရှင် သခင်လေးက ငယ်ပါသေးတယ်” ကိုယ်ရံတော် သည် နှစ်သိမ့်ပေးလေသည်။

“သခင်လေးက အခု ကစားမက်ပေမဲ့.. ကိစ္စကြီးတွေမှာဆိုရင် သတ္တိရှိပြီး ဆုံးဖြတ်ချက်ချတတ်ပါတယ်.. နောက်ကို သူအရွယ်ရောက်လာရင် ရှေးဟောင်း ဝိညာဉ်သားရဲမိသားစုကို ပံ့ပိုးနိုင်မှာပါ”

ကြီးမြတ်သောဝူလင်းသည် ကံကောင်းလေး၏ အကျင့်ကိုသိသဖြင့် ပြော လိုက်သည် “ငါလည်း အဲလိုမျှော်လင့်ပါတယ်.. သူ ယူယူနဲ့ဆို ရင့်ကျက်လာဖို့ မျှော်လင့်ပါတယ်”

“သေချာပေါက် အဲလိုဖြစ်မှာပါ.. သခင်မလေးယူယူက ဒီလောက်ကောင်း တာ.. သခင်လေးကိုလည်း ကြင်နာတယ်ဆိုတော့ သခင်လေးကို ကောင်း ကောင်းဦးဆောင်နိုင်မှာပါ”

ရှီမာယူယူသည် ရက်ပေါင်းများစွာအိပ်မောကျနေခဲ့သည်။ သို့သော် အဆုံး တွင် သူမကောင်းစွာမအိပ်လိုက်ရတော့ပေ။ အကြောင်းမှာ သူမ အိပ်နေစဉ်တွင် မည်းနက်နေသောမျက်လုံးတစ်စုံမှ သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရ ခြင်းကြောင့်ပင်။

မိုင်ပေါင်းထောင်ချီအကွာတွင် ဝတ်ရုံအနက်အောက်တွင် နတ်ဆိုးဆန် သောအပြုံးသည် ထိုမျက်လုံးများတွင် အရောင်လက်လာသည်။

ဟုတ်ပြီ.. အခု သူမ နည်းနည်းသန်မာလာပြီ.. သူမက သူ့ရဲ့လိုအပ်ချက် ကိုပြည့်တော့မယ်..

***

All Chapters