← Chapters

သူတို့ကိုဖမ်းလိုက်

Vol. 157 Ch. 2187

သူတို့ကိုဖမ်းလိုက်

Vol. 157 Ch. 2187

ရက်ပေါင်းများစွာကြာပြီးနောက် ရှီမာယူယူနိုးလာသည်။ သူမ၏ ခန္ဓာ ကိုယ်အပေါ်ပိုင်းမှာ ၇၀ ၈၀ရာခိုင်နှုန်းခန့်ပြန်ကောင်းသွားပြီဖြစ်သည်။ သို့သော် သူမ၏ အင်္ကျီများသည် ချွေးများဖြင့် စိုရွှဲနေသည်။

သူမ အိပ်မက်မက်ခဲ့သည်။ အလွန်ပင် ထူးဆန်းသည့်အိပ်မက်…

ကံကောင်းလေးသည် လှုပ်ရှားသံကြားသဖြင့် ပြေးဝင်လာ၏။ ရှီမာယူယူ ၏ ကြောက်လန့်နေသည့် ပုံစံကိုမြင်သောအခါ သူစိုးရိမ်တကြီးမေးလိုက်သည် “မမ ဘာဖြစ်လို့လဲ”

ရှီမာယူယူသည် အသက်ပြင်းပြင်းနှစ်ချက်မျှ ရှိုက်ကာ အနည်းငယ် လန်း သွားအောင်လုပ်လိုက်သည်။ သူမ မက်ခဲ့သည့်အိပ်မက်မှာ လက်တွေ့ဆန်လွန်း သည်။ သူမသည် အမှောင်တောကြီးထဲတွင် ငြိတွယ်နေပြီး အလင်းကိုမမြင်ရ ဘဲ လမ်းကိုရှာမတွေ့သလို အနာဂတ်ကိုလည်း မမြင်နိုင်ပေ။

သို့သော် အိပ်မက်ထဲမှလူသည် သူမမဟုတ်သည်ကို ခံစားမိသည်။ သို့သော်သူမသည် လူတစ်ယောက်တွင် တွယ်ငြိနေပြီး အရာအားလုံးကို မြင်နိုင် ခဲ့သည်။ ပိုထူးဆန်းသည်မှာ သူမသည် ထိုလူ၏ ကြောက်လန့်နေသည့် လက် တစ်ဖက်ကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဒါပေမဲ့ သူမ ရုတ်တရက်ကြီး ဘာလို့အဲလိုအိပ်မက်မက်ရတာလဲ။

“မမ” သူမ မတုံ့ပြန်သည်ကို မြင်သောအခါ ကံကောင်းလေးသည် သူမ ဘေးသို့ ခုန်တက်လာပြီး သူမ၏ မျက်နှာကို စိုးရိမ်တကြီး ကိုင်လေသည်။

ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး သူ၏ခေါင်းကိုကိုင်ကာ အက်ကွဲနေ သော အသံဖြင့် ပြောလေသည် “ငါ အဆင်ပြေပါတယ်”

“ခုက ဘာဖြစ်သွားတာလဲ.. အရမ်းကြောက်နေတဲ့ပုံပဲ” ကံကောင်းလေး သည် သူမ၏သာမာရိုးကျအသွင်အပြင်ကိုသာ မြင်သားကျနေခဲ့သည်။ ယခုအခါ သူမ၏ မျက်လုံးထဲမှ အကြောက်တရားများကို မြင်သောအခါ လုံးဝကွဲပြားသည့် လူတစ်ယောက်ကဲ့သို ခံစားလိုက်ရသည်။

“အရမ်းကိုထူးဆန်းတဲ့ အိပ်မက်ဆိုးပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာမက်လို့လဲ”

“အိပ်မက်က…” ရှီမာယူယူ ခေါင်းခါလိုက်သည် “ပြောလည်း အသုံးမဝင် ဘူး.. ငါဝင်ပြီး ရေချိုးလိုက်ဦးမယ်”

သူမသည် မမှတ်မိနိုင်လောက်အောင်ပင် မိုးကြိုးအပစ်ခံခဲ့ရပြီး ရက်ပေါင်း များစွာ ကန္တာရထဲတွင် လှဲနေခဲ့ရကာ အိပ်မက်ကြောင့်လည်း ချွေးများတသီကြီး ထွက်ခဲ့သဖြင့် သက်တောင့်သက်သာမဖြစ်တော့ပေ။

ခဏကြာပြီးနောက် သူမသည် ကံကောင်းလေးရှေ့သို့ ပြန်ပေါ်လာသည်။ သူမ ဆေးကြောပြီးနောက် ရှက်ရွံ့မှုများမရှိတော့ပေ။

“မင်းအဖေကို သွားရှာရအောင်” သူမသည် ကံကောင်းလေးကို ကောက်ချီ ပြီး လျှောက်ထွက်လာလိုက်သည်။ သူသည် အသက် ၁၀၀ ကျော်ပြီကို သူမ သိသော်လည်း သူ၏ပုံစံသေးသေးလေးကို မြင်သောအခါ သတ္တုတုံးထဲမှ အခုမှ ထွက်လာသကဲ့သို့ မသိစိတ်မှ ထိုကဲ့သို့အမြဲတမ်းဆက်ဆံမိသည်။

ကံကောင်းလေးသည် ရှီမာယူယူ၏ရင်ခွင်ထဲတွင် ပုန်းပြီးကြိတ်ရယ်နေ သည်။ ဟိန်းသံလေးရဲ့ ဒီနည်းလမ်းအတိုင်း လိုက်လုပ်တာ တကယ်အသုံးဝင် တာပဲ။

သူတို့ထွက်လာသည်နှင့် ယိုင်နဲ့နေသောတဲသည် အံ့ဩစရာမလိုလောက် အောင်ပင် ပြိုကျသွားတော့သည်။

“ကံကောင်းလို့ ထွက်လာပြီးမှပြိုလို့” ကံကောင်းလေးသည် သူ၏ မျက်လုံးများကို ကာလိုက်သည်။ ရှက်စရာကောင်းလိုက်တာ။

ရှီမာယူယူခေါင်းဆတ်ပြီး လှည့်ကာချက်ချင်းထွက်ခဲ့လိုက်သည်။ ထိုတဲ မှာ ရက်ပေါင်းများစွာ တောင့်ခံရသည်မှာပင် မလွယ်ကူလှပေ။

သူမသည် ကံကောင်းလေးကိုခေါ်ပြီး ကြီးမြတ်သောဝူလင်းကို သွားရှာ သည်။ သူမ လာနေသည်ကို သိသဖြင့် သူမရောက်သည်နှင့် ချက်ချင်းပင် ဝင်ခိုင်းသည်။

ကြီးမြတ်သောဝူလင်းသည် သူမကိုကြည့်ရာ ပြန်လည်ကောင်းမွန်နေ သည်ကို တွေ့လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာပြန်ကောင်းလာ ပြီး အင်အားမှာလည်း တိုးလာသည်။

“ကြည့်ရတာ တော်တော်ပြန်ကောင်းလာတဲ့ပုံပဲ” သူသည် အခိုင်အမာ ပြောလေသည်။

“အများကြီးပြန်ကောင်းလာပါပြီ.. နှစ်ရက်လောက်ဆို အရှင်းပျောက်ပါပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မအတွက် ပတ်ဝန်းကျင်ကောင်းကောင်း လုပ်ပေးပြီး ဘယ်သူမှမနှောင့်ယှက်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်”

“ရပါတယ်” ကြီးမြတ်သောဝူလင်းပြောလိုက်သည် “ငါကတောင် မင်းကို ကျေးဇူးတင်ချင်နေတာ.. အဲဒီစွမ်းအားကို ဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်.. အဲဒီစွမ်းအားအကုန်လုံးကို စုပ်ယူလိုက်တာလား”

ထိုစဉ်က ဝိညာဉ်ပြောခဲ့သည်။ သူမ မစုပ်ယူခဲ့လျှင် ထွက်လာနိုင်မည် မဟုတ်ပေ။ ပြီးနောက် သူမ နိုးလာရန် အချိန်ကြာခဲ့သည်။ နိုးလာသည်နှင့် ချက်ချင်းပင် အဆင့်တက်ခဲ့ပြန်သည်။ ထို ၂ နှစ်သည် တခြားသူများအတွက် တော့ နှစ်ပေါင်းထောင်ချီကြာလေသည်။ ထိုစွမ်းအားကိုစုပ်ယူသည်မှလွဲပြီး သူ တခြားအကြောင်းအရာကို တွေးမရပေ။

“ဟုတ်တယ်” ရှီမာယူယူသည် ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားနှင့် အမွေ ကို လက်ခံခဲ့ကြောင်း ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ မပြော လျှင်လည်း ခန့်မှန်းနိုင်မည်ဖြစ်သည်။

“အခု အပြင်ကလူတွေက မင်းကို အရူးတစ်ပိုင်းလိုကိုရှာနေကြတာ.. ဒီမှာ နားပြီးမှသွားမှာလား မဟုတ်ရင် သွားတော့မှာလား” ကြီးမြတ်သောဝူလင်း မေး လိုက်သည်။

“ဒီနေ့ပဲပြန်ကြတာပေါ့ ဘာပဲဖြစ်ဖြစ် လမ်းမှာဒဏ်ရာမရလောက်တော့ပါ ဘူး” ပြီးခဲ့သည့် ၂ နှစ်တွင် မိသားစုမှာ သူမကိုရှာမရသဖြင့် မည်မျှစိတ်ပူနေမည် ကို ရှီမာယူယူ ခန့်မှန်း၍ရနေသည်။

“ပြီးတော့” ကြီးမြတ်သောဝူလင်းသည် သူမ၏ခန္ဓာကိုယ်တွင် တွယ်ချိတ် နေသော ကံကောင်းလေးကိုကြည့်ပြီးပြောလိုက်သည် “မင်းသွားရင် သူ့ကိုပါ ခေါ်သွားလိုက်”

ရှီမာယူယူသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သူမကို အရင်က ကံကောင်းလေးကို ခေါ်သွားခိုင်းဖူးသည်။ သို့သော် သည်တစ်ကြိမ် သူမ ကံကောင်းလေးကို ခေါ်သွားလျှင် အချိန်တိုအတွင်း ပြန်လာနိုင်မည် မဟုတ်ပေ။

ကံကောင်းလေး သတ္တုတုံးအတွင်းမှ ထွက်လာချိန်က သူသည် ငယ်ရွယ် သေးကာ သူမအားတွယ်ကပ်နေခဲ့သည်။ ထို့ကြောင့် သူမ မည်သည့်နေရာသို့ သွားသည်မှာ ကိစ္စမရှိလှပေ။ အခုဆို သူက သခင်လေးအဖြစ် ကျင့်ကြံနေ ပြီမလား။ ဘယ်လိုလုပ် သူမနောက်ကို လိုက်တော့မှာလဲ။

“ကိစ္စမရှိဘူး သူ့ကိုအပြင်ထွက်ပြီး ကြည့်ခိုင်းတာပေါ့” ကြီးမြတ်သော ဝူလင်းပြောလိုက်သည် “သူ့အကျင့်နဲ့ အခုကျင့်ကြံနေလည်း ဘာထူးတော့မှာလဲ” ကြီးမြတ်သောဝူလင်းပြောလေသည်။

ကံကောင်းလေးသည် ဤနေရာတွင် တစ်ချိန်လုံးရှိနေခဲ့ကာ မျိုးနွယ်၏ အရေးကြုံနေသည့်အချိန်တွင် ရှေးဟောင်းဝိညာဉ်သားရဲများကို ပံ့ပိုးရန် စိတ်ပူ ခြင်းမရှိသည်ကို ရှီမာယူယူ ချက်ချင်းနားလည်သွားသည်။ ပြောဖို့မလိုအောင် ပင် သူသည် သူမ၏စကားကိုနားထောင်သည်။ ထို့ကြောင့် သူမကို သင်ပေးခိုင်း ခြင်းဖြစ်သည်။

“ဒါဆိုလည်း ကောင်းပြီလေ အန္တရာယ်တစ်ခုခုဖြစ်ရင်တော့ သူကိုပြန်ပို့ ခိုင်းလိုက်မယ်”

ထိုကိစ္စသည် ဤကဲ့သို့ပင် ဖြေရှင်းပြီးသွားလေသည်။ ကံကောင်းလေး သည် ဘဝင်ကျနေသည်။

အင်း.. သူ့အဖေဆီကနေ ထွက်လာရတာကို အရမ်းပျော်နေတဲ့ပုံ ပြလိုက် လို့မဖြစ်ဘူး။

ရှီမာယူယူသည် ကြီးမြတ်သောဝူလင်းနှင့် တခြားသောကိစ္စများကို ဆွေးနွေးခဲ့သည်။ သူမသည် အနက်ဝတ်လူများကိစ္စပြောရာတွင် ထိုလူများ ပြန်ထွက်လာပါက အကူအညီလိုချိန်တွင် သူတို့မှပံ့ပိုးပေးရန် မျှော်လင့်ထား သည်။

ကြီးမြတ်သောဝူလင်းသည်လည်း ချက်ချင်းပင်သဘောတူလိုက်သည်။ သူသည် လူသားများကို သဘောမတွေ့လှသော်လည်း သူမသည် ထူးခြားသည်။

ရှီမာယူယူသည် လိုချင်သည့်အဖြေကိုရပြီးနောက် သူမ၏ပုလ္လင်ငယ်ကို ထုတ်ပြီး ထွက်သွားရန်ပြင်လေသည်။

“မမ ဒါကဟေးဒီးစ်ကပေးတဲ့ ပုလ္လင်လေးလား” ပုလ္လင်ငယ်ကိုမြင်သည် နှင့် ကံကောင်းလေး၏ မျက်လုံးများအရောင်လက်လာသည်။

ဤပုလ္လင်ငယ် မည်မျှအားကောင်းကြောင်းကို ရှောင်ချီတို့ ပြောပြဖူး သည်။ သို့သော် သူအရင်ကမမြင်ဖူးခဲ့ပေ။

“ဟုတ်တယ် ခဏနေကျရင် မင်းကို ခံစားခိုင်းမယ်” ရှီမာယူယူသည် ကံကောင်းလေးကိုဖက်ပြီး ကြီးမြတ်သောဝူလင်းကို ခေါင်းညိတ်ပြကာ ပုလ္လင် ပေါ် ထိုင်လိုက်သည်။

ငွေရောင်အလင်းတန်းထွက်လာပြီး ပုလ္လင်ငယ်သည် ပျောက်သွားကာ သိပ်မကြာခင်တွင် မိုးပြာရောင်မြို့အပြင်တွင် ပြန်ပေါ်လာသည်။

ကံကောင်းလေးသည် သူမ၏ရင်ခွင်ထဲတွင် ပိုပျော်မြူးနေသည်။ အစော က ပုလ္လင်ငယ်၏စွမ်းအားကို သူကိုယ်တိုင်မျက်လုံးနှင့် မြင်လိုက်ရသည်။ ဒါက အရမ်းကို ရိုးရိုးရှင်းရှင်းပဲ အားကိုကောင်းတာ။

ရှီမာယူယူသည် ပုလ္လင်ငယ်ကို သိမ်းပြီး မြို့ကိုစောင့်နေသည့် အစောင့် အကြပ်များကိုကြည့်ကာ စိတ်ထဲတွင် အနည်းငယ်ပူပန်မိသည်။

ဤကြီးမားသော ကာကွယ်ရေးအစီအရင်သည် အရင်ကရှိခဲ့ဖူးသည့် အရာမဟုတ်တော့ပေ။ ပြီးခဲ့သည့် ၂ နှစ်ကဆောက်ထားပုံပေါ်ပြီး ဤအချိန်တွင် ဖွင့်လှစ်ထားသည်မှာ ဤနေရာမှအဖြစ်အပျက်များကို ပြသနေသလိုပင်။

သူမသည် မြို့အဝင်ပေါက်ဆီသို့သွားရာ ပိတ်ထားသောမြို့တစ်ခါးကို မြင် သည်နှင့် မျက်ခုံးများတင်းကြပ်စွာကြုတ်မိလိုက်သည်။

နောက်ဆုံးမှာဘာတွေဖြစ်သွားတာလဲ။ ဒီနေရာက နေ့ခင်းကြီးတောင် ကာကွယ်ရေးအစီအရင်ကိုဖွင့်ထားပြီးတော့ ဂိတ်တံခါးကိုပိတ်ထားဖို့တောင် လို တယ်ပေါ့။

မြို့တံတိုင်းပေါ်တွင်ရှိနေသည့် လူများကိုမြင်သောအခါ သူမလျှောက် သွားပြီးကြည့်လိုက်သည်။ ထိုလူများသည် တခြားလူများကို နှင်ထုတ်နေသည် “သွားတော့ သွားတော့ အခု မြို့ထဲကိုဝင်လို့မရဘူး”

“ဘာလို့လဲ”

“ဝင်လို့မရဘူးဆို ဝင်လို့မရဘူးပေါ့ မြန်မြန်သွားတော့” ထိုလူသည် ဘာမှ ထပ်မပြောတော့ပေ။

ထိုအချိန်တွင် ခေါင်းဆောင်ရောက်လာပြီး မေးလေသည် “ဘာဖြစ်တာလဲ”

“သူတို့တွေက ဝင်ချင်နေကြတာ အဲဒါကြောင့် နှင်ထုတ်နေတာပါ” အစောင့်ပြောလေသည်။

“မင်းတို့က ဘာလို့ဒီလောက်တုံးရတာလဲ.. ဒီအချိန်ကြီးလာတဲ့လူတွေက အဲလူတွေမဖြစ်နိုင်ဘူးလို့ ဘယ်သိမလဲ.. သူတို့ကိုမဖမ်းဘဲနဲ့ လွှတ်ပေးတာလား ဖမ်းလိုက်ကြ”

ခေါင်းဆောင်၏အသံဆုံးသည်နှင့် တချို့လူများသည် မြို့တံတိုင်းမှပျံ ဆင်းပြီး ဝိုင်းလိုက်ကြသည်။

***

All Chapters