← Chapters

မြင့်မြတ်သော ရှေးဟောင်းနယ်မြေသို့ ပြန်သွားခြင်း

Vol. 54 Ch. 751

မြင့်မြတ်သော ရှေးဟောင်းနယ်မြေသို့ ပြန်သွားခြင်း

Vol. 54 Ch. 751

ကံကြွေးမန္တန်မှာ ‌မန်ဟို သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၄) သို့ ရောက်ရှိခဲ့သည့်အတွက် သွေးမိစ္ဆာဂိုဏ်းချုပ်မှ ချီးမြှင့်ပေးခဲ့သော အရာဖြစ်သည်။ ၎င်းသည် မိစ္ဆာချုပ်နှောင်သူများနှင့်သာ သက်ဆိုင်သော ပြုစားမှော်အစွမ်းတစ်ခုဖြစ်ပြီး မိစ္ဆာချုပ်နှောင်သူများသာလျှင် ကျင့်ကြံ၍ အသုံးပြုနိုင်၏။

၎င်းနှင့်ပတ်သက်၍ မန်ဟို ဉာဏ်အလင်းရခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း စမ်းကြည့်သည့်အခါ အောင်မြင်စွာ မထုတ်ဖော်နိုင်သေးကြောင်း‌ တွေ့ရှိခဲ့ရလေသည်။ ယခုတွင် သူသည် အနက်ရောင်မှင်စာကို ထွက်ပြေးနေ‌သည်ကို မြင်လိုက်သဖြင့် သွေးအေးမှုက သူ၏မျက်လုံးများတွင် ပြည့်နှက်သွားပြီး မှော်အစွမ်းကို ချက်ချင်း ထုတ်လွတ်လိုက်လေသည်။

သူ လက်မြှောက်၍ ခုတ်ပိုင်းချလိုက်သောအခါ တစ်ကမ္ဘာလုံးမှာ ရပ်တန့်သွားအောင် အတင်းအကြပ် ဖိအားပေးခံလိုက်ရသယောင်ပင်။ ယခုတွင် သူသည် လူတိုင်းနှင့် ချိတ်ဆက်နေသော ပိုးချည်များသဖွယ် အမျှင်များကို မြင်လိုက်ရ၏။ ၎င်းတို့က တစ်မျှင်နှင့်တစ်မျှင် လိမ်ယှက်ထွေးပတ်လျက် ကမ္ဘာလောကရှိ အရာအားလုံးနှင့် ချိတ်ဆက်ရန် ဖြာထွက်နေလေသည်။

မန်ဟိုအနေဖြင့် ယခုလိုအရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။ ကျီမျိုးနွယ်စု၏ ကံကြွေးဖျက်စီးခြင်းတုန်းကလည်း ယခုလိုမြင်ကွင်းမျိုးကို လှုံ့ဆော်ခဲ့ဖူးသည်။

ကံကြွေးဖျက်စီးခြင်းက ကံကြွေးကို ဖျက်စီးခြင်းဖြစ်ကာ ကံကြွေးညှို့ခြင်းမှာတော့ ချုပ်နှောင်ခြင်းတစ်မျိုးပင်။

တစ်စုံတစ်ယောက်၏ ကံကြွေးကို ဖျက်စီးခြင်းက ထိုလူကို သေဆုံးသွားစေသည့် ရလဒ်ထွက်မည်။ သားကောင်အနေဖြင့် မရေမတွက်နိုင်သော ကိုယ်ပွားများ ရှိလင့်ကစား၊ မည်သူမဆို၏စိတ်ထဲ၌ ရှိသော သားကောင်နှင့်ပတ်သက်မျှ မှတ်ဉာဏ်အကုန် ဖယ်ရှားခံရပေမည်။ လူတိုင်း၏ စိတ်ထဲတွင် ထိုလူ၏ပုံရိပ် ပျောက်ကွယ်သွားမှတော့ ၊ ထိုလူ တစ်နေရာရာတွင် အသက်ရှင်နေလျှင်တောင်မှ ‌သေလူနှင့်ခြားတော့မည်မဟုတ်ပေ။

ထိုမျှကြောက်စရာ‌ကောင်းသော မှော်သိုင်းမျိုးမှာ ကျီမျိုးနွယ်စု၏ အခြေခံမှော်သိုင်းဖြစ်ပြီး အမှန်အားဖြင့် နဝမတောင်တွင် အစွမ်းအထက်ဆုံး ပညာရပ်အဖြစ် သတ်မှတ်နိုင်သည်။ အကြောင်းရင်းမှာ ..... နဝမတောင်၏ကောင်းကင်ကား ... ကျီကောင်းကင် (ကျီထျန်း) ပင် မဟုတ်ပါလော။

မန်ဟို၏ ကံကြွေးညှို့ခြင်းမှာမူ ကံကြွေးကို မန္တန်အဖြစ် အသုံးပြုခြင်းသာ ဖြစ်ပေသည်။

၎င်းဖြင့် သင်၏ ကံကြွေးကို ချုပ်နှောင်နိုင်မည်။

သင့်မှာ ကံကြွေးများများ ပိုင်ဆိုင်လေလေ၊ ချုပ်နှောင်ခြင်းက အစွမ်းထက်လေလေ ဖြစ်သည်။ လူဖြစ်စေ၊ အင်မော်တယ်ဖြစ်စေ ၊ ထို့ထက်ပင် အစွမ်းထက်နေပါစေ ကံကြွေးရှိနေသရွေ့ သင်ကား ချုပ်နှောင်ခံရနိုင်သည်။

ပထမကြည့်ကြည့်ချင်း ၎င်းမှာ ကျီမျိုးနွယ်စု၏ ပညာရပ်လောက် အထင်ကြီးစရာကောင်းပုံမရပေ။ သို့ရာတွင် တကယ်တော့ ... ဖျက်စီးခြင်းမှာ ဓားတစ်လက်ကို ကိုင်စွဲရသလို လွယ်ကူရိုးရှင်းသည်။ သို့သော် တစ်စုံတစ်ယောက်၏ ကံကြွေးကို ချုပ်နှောင်ဖို့ကတော့ ကံကြွေးကို ထိန်းချုပ်ရန် လိုအပ်သည့်အတွက် ၎င်းအကြောင်း နက်နက်နဲနဲ နားလည်မှ ရပေမည်။

ကျီမျိုးနွယ်စု၏ ကံကြွေးပျက်ကိန်းမှာ ထိပ်ဆုံးအထိရောက်အောင် အဆင့်မြှင့်တင်ခံထားရသော်လည်း ကံကြွေးကိုတော့ သေချာပေါက် မထိန်းချုပ်နိုင်ပေ။ ကျီမျိုးနွယ်စုက ကံကြွေးကို ဖြတ်တောက်ဖို့ ဓားသွားကို ဖန်တီးခဲ့သည့်အချိန် မိစ္ဆာ‌ချုပ်နှောင်သူများကား ကံကြွေးကို ထိန်းချုပ်နိုင်နေသည်။ သူတို့သည် စကားလေးတစ်ခွန်းတည်းနှင့် ကံကြွေးကွန်ယက်ကို ဖျက်စီးပစ်နိုင်၏။

ထိုပညာရပ်နှစ်ခုမှာ လုံးဝမတူညီသော အဆင့်တွင် ဖြစ်သည်။

ကံကြွေးမန္တန်က ကောင်းကင်ကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ ၎င်းသည် မဟာမိစ္ဆာချုပ်နှောင်မန္တန်ရှစ်ခုအနက်မှ အဋ္ဌမမြောက် မိစ္ဆာချုပ်နှောင်မန္တန်နှင့် အလားတူပင်။ ထိုကဲ့သို သူမတူသော တာအိုမှော်ကျင့်စဥ်တစ်ခုသာလျှင် မိစ္ဆာချုပ်နှောင်သူများမျိုးဆက်မှ ဖန်တီးထားသည့် အရာများထဲ ပါဝင်ခွင့်ရဖို့ ထိုက်တန်သည်။

ထိုမျှသာမက ထိုကဲ့သို့ မန္တန်မျိုးကို ဖန်တီးနိုင်မှသာလျှင် ...  မိစ္ဆာချုပ်နှောင်သူအဖြစ် အမှန်တကယ် သတ်မှတ်ခံရမည်ဖြစ်သည်။

“ငါ့ကိုယ်ပိုင်မန္တန် ၊ နဝမမန္တန်က ... ဘာနဲ့ တူလောက်မလဲ...” မန်ဟိုသည် တစ်ယောက်တည်း ရေရွတ်လိုက်၏။ သူက ဗလာကျင်းလျက် တွေဝေမိန်းမောနေသော မျက်လုံးများဖြင့် အနက်ရောင်မှင်စာကို မော့ကြည့်လိုက်သည်။

ထိုအ‌ကောင်နှင့် ချိတ်ဆက်နေသည့် မရေမတွက်နိုင်သော ကံကြွေးမျှင်များအား သူ မြင်လိုက်ရပြီး ရုတ်တရက် ထိုအမျှင်များက တွန့်လိမ်လူးလွန့်လာကာ အနက်ရောင်မှင်စာကို ရစ်ပတ်တုပ်နှောင်လိုက်၏။

“မလုပ်နဲ့” မှင်စာက အာခြောင်ခြစ်အော်သည်။ “သတ္တမမန္တန်၊ အဲ့ဒါ သတ္တမမန္တန်ပဲ ... ခုနစ်ဆက်မြောက် မိစ္ဆာချုပ်နှောင်သူက ကွယ်လွန်သွားတာ ကြာပြီလေ။ သူ့ ချုပ်နှောင်သိုင်းကွက်လည်း ပျောက်ဆုံးသွားခဲ့တာကြာပြီ။ ဘယ်လိုလုပ်ပြီး ဒီကမ္ဘာမှာ အဲ့ဒါကို သုံးနိုင်တဲ့လူ ရှိနေတာလဲ

“မဖြစ်နိုင်ဘူး။ ငါ ဒါကို လက်မခံနိုင်ဘူး။ နှစ်ခြောက်ဆယ်စက်ဝန်းပဲ ကျန်တော့တာကို....” အနက်ရောင်မှင်စာမှာ ရုန်းသော်လည်း ရုန်းလေ၊ ပိုတင်းကြပ်လေ ဖြစ်နေသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ၎င်းမှာ တစ်ကိုယ်လုံး ရစ်ပတ်ခံလိုက်ရလေပြီ။ ပြေးဖို့ကား မဖြစ်နိုင်တော့။

မှန်ပါသည် စောင့်ကြည့်နေသူအားလုံး၏အမြင်မှာတော့ မန်ဟို မြင်ရသည်နှင့်မတူပေ။ သူတို့သည် ကံကြွေးမျှင်များကို မမြင်ရသည့်အတွက် မန်ဟို လက်ညှိုးထိုးလိုက်သည့်အခါ အနက်ရောင်မှင်စာ လေလယ်တွင် တုံ့ခနဲ ရပ်သွားသည်ကိုသာ မြင်လိုက်ရ၏။ ၎င်းမှာ ရုန်းကန်နေသော်လည်း ၎င်း၏ခန္ဓာကိုယ်မှာ ၎င်း၏ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အလားပင်။ ထို့နောက် ၎င်းသည် အောက်ပြန်ကျလာ၏။

မန်ဟို့ဆီသို့ ။

တစ်ခဏကြာသေးသည်၊ ၎င်းမှာ မန်ဟို့ရှေ့မှောက်သို့ ပြန်ရောက်လာပြီး သူ၏လက်ဝါးအပေါ် ဆင်းသက်လာသည်။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေစဉ် မန်ဟိုက သိပ်အထူးအဆန်းမဟုတ်သည့်အတိုင်း မှင်စာကို သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

အရပ်လေးမျက်နှာမှ ပင့်သက်ရှိုက်သံများ ကြားလိုက်ရသည်။ သွေးမိစ္ဆာဂိုဏ်းသားမှာတော့ သိပ်က္ကန္ဒြေမပျက်ပေ။ သူတို့သည် မန်ဟို့အား မခန့်မှန်းနိုင်မှုနှင့် ရင်းနှီးနေပြီမဟုတ်ပါလော။ သို့သော် သင်းကွဲကျင့်ကြံသူများမှာတော့ မှင်သက်နေကြလေသည်။

“အဲ့ဒါ ...ချုပ်နှောင်လိုက်တာမျိုးလား”

“ဒါပေမယ့် ချုပ်နှောင်မှော်လှိုင်းတွေ ဂယက်တွေလည်း အာရုံမရပါလား။ မသိရင် ... မှင်စာက သူ့အလိုလို ပြန်ဆင်းလာတဲ့အတိုင်းပဲ”

“သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသား မန်ဟိုက ... နားလည်နိုင်စွမ်းထက်ကို ကျော်နေတာပဲဟ”

ချင်းလော်ဂိုဏ်းမှာ ယခုတွင် အပြီးတိုင် ဖျက်စီးခံလိုက်ရလေပြီ။

ကျန်ခဲ့သည့်အရာဆို၍ အက်ကွဲကြောင်းကြီးတစ်ကြောင်းသာ ရှိသည်။ တောင်များ ရုပ်ပျက်ဆင်းပျက် ပြိုကျသွားခဲ့ပြီး တစ်ခါက ခမ်းနားထည်ဝါခဲ့သော ဂိုဏ်းမှာ ယခုတော့ မှတ်မိသူများ၏ စိတ်ထဲတွင်သာ တည်ရှိတော့လေပြီ။

နှစ်တစ်သောင်းကျော် တည်တန့်ခဲ့သော ဂိုဏ်ကြီးတစ်ဂိုဏ်းမှာ ယခုတွင် ဂိုဏ်းပျက်ကြီးထက် မပိုလေတော့။

ပျက်စီးသွားပြီ။ ရစရာမရှိ‌အောင် ပျက်စီးသွားခဲ့ပြီ။

ပတ်ဝန်းကျင်ရှိ သင်းကွဲကျင့်ကြံသူများမှာ ချင်းလော်ဂိုဏ်းဖြစ်ခဲ့ဖူးသော နေရာကို တိတ်ဆိတ်စွာ ကြည့်ပြီး သက်ပြင်းချလိုက်ကြ၏။

မန်ဟိုက ချင်း‌လော်ဂိုဏ်း၏အပျက်အစီးများကို ငုံ့ကြည့်ရင်း လေတွင် ပျံဝဲနေပြီး သူ ဤနေရာသို့ ပထမဆုံး ရောက်လာခဲ့တုန်းကအချိန်ကို ပြန်တွေးမိသွားသည်။ ဤနေရာသို့ ဖန်မုအဖြစ် ပြန်လာခဲ့သောအချိန်နှင့် ရှုချင်အတွက် ရောက်လာခဲ့သော တတိယအကြိမ်ကို ပြန်ပြောင်းတွေးလိုက်မိ၏။

အကြာကြီးကြာသော် သူက ခေါင်းခါရမ်းလိုက်သည်။ သူသည် ထွက်သွားတော့မည့်အချိန် တုံ့ခနဲ ရပ်သွားပြီး အပျက်အစီးများကို ငုံ့ကြည့်ကာ မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားတော့သည်။

“ငါ တစ်ခုခုကို မေ့နေတဲ့ ပုံပဲ...” သူက ရေရွတ်လိုက်သည်။ သူသည် ချင်းလော်ဂိုဏ်းသို့ ပထမဆုံးအကြိမ်ရောက်လာခဲ့တုန်းက ‌မြင့်မြတ်သော ရှေးဟောင်းနယ်မြေကို ပြန်တွေးမိလိုက်သဖြင့် မျက်လုံးများ တလက်လက် တောက်ပသွားတော့၏။

၎င်းသည် အန္တိမဒုက္ခတဖြစ်လဲ အသားဂျယ်လီကို ပထမဆုံး ဆုံတွေ့ခဲ့သော နေရာဖြစ်သည်။

ထိုရှေးဒယ်အိုးကြီးကို မြင်ခဲ့ရသော နေရာလည်း ဖြစ်သည်။

အဆိုပါဒယ်အိုးကြီးက အပြင်လေးထောင့်၊ အတွင်းအဝိုင်းဖြစ်၏။ ၎င်းမှာ အက်ကွဲနေပြီး အထဲတွင် အဆုံးမဲ့မိုးကြိုးများနှင့်အတူ ရှေးခေတ်တုန်းက ဘိုးဘေးကြီးများ၏ မျိုးရိုးအလိုက် ဧရာမရုပ်‌တုကြီးများလည်း ရှိသည် ။

ရုပ်တုများ၏အလယ်တည့်တည့်တွင် အပြင်အဝိုင်း၊ အတွင်းလေးထောင့်နှင့် ဒယ်အိုးတစ်လုံး ရှိသည်။ ထိုဒယ်အိုးထဲတွင် ... မယုံနိုင်လောက်အောာင် အင်အားကြီးမားသော ဖြစ်တည်မှုတစ်ခု၏ အဖိုးထိုက်ရတနာ ရှိလေသည်။

မန်ဟိုက မျက်လုံးများ တောက်ပသွားပြီး မထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ‌မြေအက်ကြောင်းကြီးထဲသို့ ဖျတ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ သူ ‌မြင်ခဲ့သော ပုံရိပ်ထဲတွင် ထိုအလောင်းက တံခါးတစ်ချပ်ရှေ့တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်မဟုတ်လော။

သူ၏ဒုတိယကိုယ်အစစ်က ရှေ့မှ ဦးဆောင်၍ အက်ကြောင်းထဲ ဝင်ရောက်လိုက်သည်။ သူတို့သည် အောက်သို့ တဟုန်ထိုး ဆင်းလာခဲ့ပြီး ကြာပွင့်ပုံသဏ္ဌာန်စင်မြင့်၏အပေါ်၊ ရှေးကျသော ကမ္ဘာဦးအရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည့် တံခါးပေါက်၏အရှေ့တည့်တည့်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ကြလေသည်။

မန်ဟိုက တံခါးကို ကြည့်ရင်း တခဏ တွ့န်ဆုတ်နေသည်။ သူသည် ရင်တဒိန်းဒိန်းခုန်လျက် ဒုတိယကိုယ်အစစ်ကို ရှေ့မှ ဝင်ရောက်လိုက်စေ၏။

တခဏကြာသော် မန်ဟို၏မျက်လုံးများ အရောင်လက်သွားပြီး ဒုတိယကိုယ်အစစ်ထဲ၌ ရှိသော နတ်ဘုရားအာရုံက သူ့အား ဒုတိယကိုယ်အစစ် မြင်နေသမျှ အရာအားလုံးကို မြင်ခွင့်ရလိုက်စေသည်။ သူသည် တုံ့ဆိုင်းမနေဘဲ တံခါးထဲ ဝင်ရောက်လိုက်၏။

ဂျိန်း

အရာအားလုံး တွန့်လိမ်ရှုံ့တွပြီး ဝေဝါးလာသည်။ ပြန်လည်ကြည်လင်သွားသောအခါ မန်ဟိုသည် သူ ယခင်က ရောက်ခဲ့ဖူးသော ကမ္ဘာ၊ မြင့်မြတ်သောနယ်မြေတွင် ပေါ်လာခဲ့လေပြီ။

ဤနေရာတွင် ရင်းနှီးသည့်အတွက် သူသည် ယခင်နှင့် သိပ်မတူတော့ကြောင်း မြင်နိုင်၏။ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ သစ်ပင်မရှိ ၊ မြက်ပင်မရှိ၊ အရာအားလုံး မှောင်မည်းလျက်သာ။

တောင်များကို မြင်ရသေးသော်လည်း အနက်ရောင်သံကြိုးများက ၎င်းတို့ကို ရစ်ပတ်ထား၏။ တစ်ကမ္ဘာလုံးမှာ ဧရာမမန္တန်ဝင်္ကပါကြီးတစ်ခု ဖြစ်နေသယောင်ပင်။

“အဲဒီအနက်ရောင်မှင်စာက ဒီတံခါးကို စောင့်ရှောက်နေခဲ့တာ ဆိုတော့” သူက တွေးသည်။ “ဒီအမှောင်ထုနဲ့ တစ်ခုခု ပတ်သက်နေရမယ်” သူသည် လေပေါ်ပျံတက်လိုက်ပြီး ဤနေရာနှင့်ပတ်သက်၍ သူ မှတ်မိသည့်အပေါ် အခြေခံကာ ဧရာမဒယ်အိုးကြီးရှိရာသို့ ဦးတည်သွားလိုက်သည်။

သူ တရိပ်ရိပ် ပျံသန်းလာစဉ် တစ်နေရာလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ မှောင်မိုက်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့ဩသွားလေသည်။ ကျန်သုံးဆယ်ရာခိုင်နှုန်းမှာလည်း တဖြေးဖြေး ပြောင်းလဲနေသည်။ ၎င်း ဖြစ်ပေါ်နေသော အမြန်နှုန်းအရဆိုလျှင် တစ်နေရာလုံး မှောင်မည်းသွားဖို့ နှစ်ခြောက်ရပ်ဝန်းခန့်သာ ကြာပေလိမ့်မည်။

မန်ဟိုသည် အောက်ကို ငုံ့ကြည့်ရင်း အတိတ်ကို ပြန်ပြောင်းတွေးမိသွားပြီး ရှုချင်နှင့် ဤနေရာတွင် ပထမဆုံး ပြန်ဆုံတွေ့ခဲ့သည့်အချိန်ကို သတိရသွားသည်။

အချိန်အနည်းငယ်ကြာသော် သူက သက်ပြင်းချလိုက်သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ကြာသော် သူသည် ‌အမှောင်ထုမှ မဝါးမြိုသေးသော နေရာသို့ ရောက်လာ၏။ ယခင်က နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှာ အလုပ်လုပ်သေးလေသည်။

မန်ဟို၏လက်ရှိ ကျင့်ကြံခြင်းအခြေခံနှင့် အတွေ့အကြုံကို ထည့်တွက်လျှင် ၎င်းကို မည်သို့အသက်သွင်းရမည်လဲ ဆုံးဖြတ်ရန် တခဏသာ ကြာလိုက်သည်။ သူက ဝိညာဉ်ကျောက်တုံးတစ်တုံး ထုတ်ပြီး မျက်နှာပြင်အပေါ် တင်လိုက်၏။ ချက်ချင်းပင် နေရာရွှေ့ပြောင်းခြင်းအလင်း တောက်ပလာပြီး ‌မန်ဟို ‌ပျောက်ကွယ်သွားလေပြီ။

သူ ပြန်ပေါ်လာသောအခါ ဧရာမဒယ်အိုးကြီး၏တည်နေရာအနားတွင် ဖြစ်သည်။ ရင်တုန်ဖွယ် မိုးခြိမ်းသံကြီးကို ကြားလိုက်ရပြီး အဝေးတွင် ....

ဧရာမကြေးဒယ်အိုးကြီးကို မြင်လိုက်ရသည်။

သူသည် ဒယ်အိုးကြီးကို ကြည့်နေစဉ် ကျီဘိုးဘေး နဝမတောင်ကို သိမ်းပိုက်စဉ်တုန်းက အရှုံးပေးအညံ့ခံဖို့ ငြင်းဆိုခဲ့ပြီး ကျီကောင်းကင်မှ ထွက်ပြေးရန် ဒယ်အိုးကြီးကို အသုံးပြုခဲ့သည့် တန်ခိုးရှင်တစ်ဦး၏ ပုံရိပ်များကို ပြန်မြင်ယောင်လိုက်မိသည်။

ထိုလူ၏ ဆုံးဖြတ်ချက်မှာ ဒဏ္ဍာရီလာ လောကသစ်ပင်နှင့် အတူတူပင်။ သို့သော် အဆုံးသတ်တွင် လောကသစ်ပင်သည် ကြယ်တာရာကောင်းကင်လယ်၌ ပေါက်ကွဲသွားခဲ့ရ၏။ ထိုတန်ခိုးရှင်မှာမူ ဒယ်အိုးပွင့်ထွက်သွားပြီးနောက် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ သုတ်သင်ခံလိုက်ရလေသည်။ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာမှာတော့ ဤအံ့ဖွယ်ဒယ်အိုးကြီးသာ။

သခင်ကျီအတွက်တော့ ဒယ်အိုးနှင့် ၎င်း၏ ကြောက်လန့်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒမှာ အလကားဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်။ ထို့ကြောင့် ဒယ်အိုးကို သူ့အပိုင်အဖြစ် ယူမသွားခဲ့ခြင်း ဖြစ်တန်ရာသည်။ မည်သို့ဆိုစေ တခြားသူများအတွက်မူ ဒယ်အိုးအား အဖိုးထိုက်ရတနာအဖြစ် သေချာပေါက် သတ်မှတ်နိုင်ပေသည်။

မန်ဟိုသည် အသက်ပြင်းပြင်းရှူပြီးနောက် ရှေ့တက်လိုက်၏။ ဧရာမကြေးဒယ်အိုးကြီးအနား သူ ရောက်လေလေ၊ မိုးကြိုးပစ်သံများမှာ ပို၍ကျယ်လောင်ပြီး စိတ်လာလေလေ ဖြစ်သည်။ အပြာရောင်မိုးကြိုးတန်းများက တဖွဲဖွဲ ကျရောက်နေရာ တစ်နေရာလုံးကို မိုးကြိုးပင်လယ်ပမာ ဖြစ်နေစေတော့သည်။

အံ့ဖွယ်ကောင်းသည်ကား တချို့မိုးကြိုးတန်းများမှာ မည်းပင် မည်းနက်နေ၏။

ဒယ်အိုးထံမှ မီတာ သုံးထောင်အကွာတွင် မန်ဟိုက ရပ်လိုက်သည်။ “ဒီကို ဟန်ပေ့ရယ်၊ အခြားသူတွေရယ်နဲ့ လာတုန်းက မဝင်ခင် မိုးကြိုးတွေ အားနည်းသွားတဲ့ အချိန်ကို စောင့်ခဲ့ရတယ်။ ဒါပေမယ့် အခု ...

“အခု ... ငါက အဲဒီတုန်းကနဲ့ မတူတော့ဘူး” မန်ဟိုသည် မျက်လုံးများ လင်းလက်နေလျက် မိုးကြိုးပင်လယ်ထဲ ဝင်ရောက်လိုက်သည်။ မရေမတွက်နိုင်သော မိုးကြိုးများ တဂျိန်းဂျိန်း ကျလာပြီး တစ်ချိန်တည်းမှာပင် ဒယ်အိုးအတွင်းမှ မာန်အပြည့်ပါသော ရှေးဆန်ဆန်အသံကြီးတစ်သံ ထွက်လာသည်။

“ရပ်လိုက်”

အသံကြီးနှင့်အတူ မိုးကြိုးများက မရပ်မနား ပစ်ချလိုက်သည်။ ၎င်းသည် အရာအားလုံးကို အရပ်လေးမျက်နှာမှ အုပ်မိုးထားသော အလွှာပြင်ကြီးသဖွယ် ဖြစ်လာ၏။

“ငါ မင်းကို မှတ်မိသလို၊ မမှတ်မိသလိုပဲ” အသံကြီးက ကောင်းကင်ဘုံမှ အင်အားကြီးသဖွယ် မိုးခြိမ်းသံများအကြား ပဲ့တင်ထပ်သွားသည်။ “မင်း ဒီမှာ မရှိသင့်ဘူ။ အခုချက်ချင်း ထွက်သွားတော့။ မင်း ခြေတစ်လှမ်းလေး ဆက်တက်လာတာနဲ့ မီးမိုးကြိုးပြစ်ဒဏ် ကျရောက်လာပြီး မင်း သေချာပေါက် သေရလိမ့်မယ်”

မန်ဟိုက ရပ်ပြီး အော်ခေါ်လိုက်သည်။ “စီနီယာကြီးခင်ဗျ၊ စီနီယာကြီးက ဒီရတနာဒယ်အိုးရဲ့ စိတ်ဝိညာဉ်ဖြစ်မယ် ထင်တယ်”

ရှေးဆန်သောအသံကြီးက စကားထပ်မပြောတော့ဘဲ မိုးကြိုးလျှပ်စီးများမှာ ပိုမိုပြင်းထန်လာလေသည်။ သို့သော် မန်ဟို့အနောက်တွင် မိုးကြိုးများကို ဖြတ်လျက် လမ်းတစ်လမ်းပေါ်လာသည်။ ကြည့်ရသရွေ့ မန်ဟိုမှာ သတိပေးခံလိုက်ရပုံပင်.... သူ့အတွက် တစ်ခုတည်းသော လမ်းက ဤနေရာမှ ထွက်သွားဖို့သာ ရှိသည်ဟူ၍။

သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ပြောလိုက်သည်။ “စီနီယာကြီးခင်ဗျ၊ ကျုပ် ဒီနေရာကို လာတာ ရည်ရွယ်ချက်တစ်ခုတည်းပဲ ရှိပါတယ်။ အဲ့ဒါက ဒီဒယ်အိုးကို ဒီနေရာကနေ သယ်သွားဖို့ပါ။ အဲဒီလိုဘယ်လိုလုပ်ရင် ရနိုင်မလဲဆိုတာ ပြောပေးပါလား စီနီယာကြီး”

အကြာကြီးကြာသော် ရှေးဆန်သောအသံကြီးအား ပြန်ကြားလိုက်ရသည်။ ဤတစ်ကြိမ်တွင် ၎င်း၏ လေသံသည် ယခင်ထက်ပို၍ အေးစက်နေပြီး အထင်သေးရွှံရှာနေသော အငွေ့အသက်ပင် ပါနေသည်။ “မင်းလုပ်ရမှာက ဒယ်အိုးနားကပ်ပြီး မင်း နတ်ဘုရားအာရုံနဲ့ တံဆိပ်ခတ်နှိပ်လိုက်ရုံပဲ။ ဒါဆို ယူသွားလို့ရပြီ”

ဤအခြင်းအရာကို ကြားသော် မန်ဟိုက ချက်ချင်း သွယ်ဝိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျားက ဒယ်အိုးရဲ့ စိတ်ဝိညာဉ်မဟုတ်ဘူးလား”

“အေး မဟုတ်ဘူးကွ”

***

All Chapters