← Chapters

၅၈၂၂၀၀၅

Vol. 157 Ch. 2190

၅၈၂၂၀၀၅

Vol. 157 Ch. 2190

ချီချီသည် ထိုအတိုင်းပင် အဖမ်းခံလိုက်ရသည်။ သူခေါ်လာသောလူများ သည် လုံးဝပင် မခုခံနိုင်ကြပေ။ သူတို့သည် အသင်းမဟာမိတ် ဖမ်းခြင်းကိုခံ လိုက်ရသည်။

ချီချီသည် လေပေါ်တွင် တွဲလောင်းကျနေပြီး အသက်မရှူနိုင်တော့ပေ။ သူ့စိတ်ထဲတွေ မှုန်ဝါးလာသလိုခံစားရသည်။

ရုတ်တရက်ပင် သူ့ခေါင်းများနာကျင်လာသည်။ ရှီမာယူယူသည် သူ၏ အသိစိတ်ထဲသို့ ဝင်လာခြင်းဖြစ်သည်။

သူသည် အသုံးဝင်သည့်သတင်းမသိထားသည်မှာတော့ နှမြောဖွယ် ကောင်းလှသည်။ သူ့ကိုခိုင်းစေပြီး ထိုချီဝိညာဉ်များကိုပေးလိုက်သည့် အနက် ဝတ်လူတစ်ယောက်သာရှိသည်။ သူ လုပ်ရသည့်အကြောင်းအရင်းမှာ ရှင်းလင်း သည်။ သူသာအောင်မြင်သွားလျှင် ရှေးဟောင်းသားရဲနှင့် စာချုပ်တည်ထောင် နိုင်မည်ဖြစ်သည်။

ရော့ပတ္တမြား၊ ရော့နဂါး.. ရလဒ်ကတော့ ထိုအတိုင်းပင်။

ရှီမာယူယူသည် သူ့ကိုလွှတ်ပြီး အသင်းမဟာမိတ်မှလူများဆီသို့ လာ လိုက်သည်။ သူတို့အားလုံးကို ရိုက်ချနိုင်ခဲ့ပြီး ခြံဝန်းထဲတွင် သွေးတစ်စက်မှ မကျခဲ့ပေ။ သူမအနေနှင့်ကြည့်လျှင် အခြေအနေတစ်ခုလုံးသည် ဟာသပြဇာတ် တစ်ခုလိုပင်။

သို့သော် ဥက္ကဌများသည် ထိုသို့မတွေးပေ။ သူမသာ အချိန်မှီရောက်မလာ လျှင် မဟာမိတ်တစ်ခုလုံး ဒုက္ခရောက်သွားမည်။ အမိန့်တံဆိပ်ပြားမဆိုထားနှင့် သွေးချောင်းစီးသွားမည်။

“ယူယူ ဒီတစ်ခေါက် ဘာလို့ပြန်လာတာလဲ” ရှားကျောင်ထျန်သည် လျှောက်လာပြီး မေးလေသည်။

ဒါကတကယ်ကိုပဲ.. အချိန်ကိုက်ပြန်လာတာပဲ။

သူမသာ စောစောပြန်လာလျှင် အနက်ဝတ်လူများ သတင်းရပြီး ချီချီ လည်း အလွယ်တကူလှုပ်ရှားမည်မဟုတ်ပေ။ သူတို့သည်လည်း သစ္စာဖောက် ကိုရှာနိုင်တော့မည်မဟုတ်ပေ။ သူမသာ နောက်ကျမှပြန်လာလျှင် အခြေအနေ ပိုဆိုးသွားမည်။ သူမသည် သူတို့ကိုထပ်တွေ့ရတော့မည်မဟုတ်ပေ။ ချီချီ မလှုပ် ရှားခင်မှာပင် ပြန်လာပြီး အနက်ဝတ်လူများ အစီအစဉ်ပြောင်းမရအောင်လုပ် လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သူတို့၏သူလျှိုလည်း ပေါ်ပေါက်သွားခဲ့ သည်။

အဆိုစကားမှာမှန်သည်။ ပြန်လာခြင်းသည်ကောင်းသည်.. သို့သော် အချိန်ကိုက်ပြန်လာခြင်းလောက် မကောင်းနိုင်ပေ။

“ကျွန်မကိစ္စတွေပြီးလို့ပြန်လာတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ပြန်လာတာနဲ့ ဒီလိုဟာသပြဇာတ်တစ်ပုဒ်ကိုတွေ့လိုက်ရမယ်လို့ ဘယ်သူထင် မှာလဲ”

အစောက အလွန်အန္တရာယ်များပြီး အရေးပေါ်အခြေအနေဖြစ်ခဲ့သည်။ သို့သော် သူမသည် ဟာသပြဇာတ်ဟုပြောနေသည်။ ဥက္ကဌများသည် ကူကယ် ရာမဲ့သွားသည်။

“မင်းက ပိုသန်မာလာတာပဲ” ရှန်းယန် ဆိုလိုက်သည် “အဲဒါက ကြီးမြတ် သောဝူလင်းတို့ဘက်ကဟာကြောင့်လား”

“ဟုတ်တယ် ကျွန်မ အဲဒီစွမ်းအားကိုစုပ်ယူလိုက်ပြီး သူတို့ရဲ့ပြဿနာကို ဖြေရှင်းလိုက်နိုင်တာပါ” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းတယ် မင်းတိုးတက်လာတာ အရမ်းကောင်းတယ်” ရှားကျောင် ထျန်သည် နှစ်ကြိမ်ရယ်မောလိုက်သည်။ ပြီးနောက် အော်လေသည် “ကောင်မ လေး.. မင်းက အသက် ၂၀၀ ပဲရှိသေးတာ အခု စံတင်အလယ်အလတ်အဆင့် ကိုတောင် ရောက်နေပြီပေါ့.. ဟုတ်လှချည်လး.. မင်းရဲ့ခန္ဓာကိုယ်က ဒီလို တိုးတက်မှုမြန်တာကို ခံနိုင်ရည်ရှိတယ်ပေါ့.. မင်းရဲ့စိတ်စွမ်းအင်နဲ့အာရုံလည်း တက်လာတယ်မလား.. အဲဒါကမင်းကိုမထိခိုက်စေဘူးမလား”

သူ ထိုသို့ပြောသည်နှင့် တခြားဥက္ကဌများလည်း စိတ်ပူလာကြသည်။

သူမ လျင်မြန်စွာ အားကောင်းလာခြင်းသည် ကောင်းသည်။ သို့သော် သူမ ၏ ခန္ဓာကိုယ်သာမလိုက်နိုင်ပါက အဆိုးဖြစ်သည်။

“ကျွန်မတော့ ဘာမှမခံစားရဘူး” ရှီမာယူယူ ပြောလိုက်သည်။

သည်တစ်ကြိမ်တွင် နှစ်ပေါင်းများစွာ မိုးကြိုးအပစ်ခံလာရသည်ကို ကျေးဇူးတင်မိသည်။ ထပ်ခါထပ်ခါ မိုးကြိုးအပစ်ခံရပြီးနောက် သူမ၏ ခန္ဓာက ကိုယ်သည် သာမန်လူများထက် များစွာကြံ့ခိုင်လာသည်။ ထို့ကြောင့် အင်အား ကြီးတစ်ခုကို ခံနိုင်ရည်မရှိမှာကိုစိတ်ပူရန်မလိုပေ။ တစ်ချိန်တည်းမှာပင် မိုးကြိုးဘေးဒုက္ခနှင့် အတူလာခဲ့သည့် ကောင်းကင်ဥပဒေသည် သူမ၏ခန္ဓာ ကိုယ်အတွင်းတွင် တဖြည်းဖြည်းစုပုံလာပြီဖြစ်သဖြင့် သူမ၏အာရုံများ မလိုက် နိုင်မည်ကို စိုးရိမ်ရန်မလိုပေ။ ဝူလင်းယူ သူမကိုပေးခဲ့သော ဝိညာဉ်သိုင်းနှင့် တစ္ဆေလောကတွင်ရခဲ့သည့် အတွေ့အကြုံများကိုပါ ထပ်ပေါင်းလိုက်လျှင် သူမ ၏ ဝိညာဉ်မလိုက်နိုင်မည်ကို စိတ်ပူစရာမလိုတော့ပေ။

ဟိုဟာဒီဟာပေါင်းလိုက်သောအခါ သူမ၏ခန္ဓာကိုယ်သည် နည်းနည်းမှ ပင် မသက်မသာ မဖြစ်မိပေ။ ယခုကြည့်လျှင် သူမ ကျော်ဖြတ်လာသမျှသည် ဤအရာအတွက် ပြင်ဆင်လာခဲ့ခြင်းဖြစ်မည်။

သို့သော် သူမ၏စိတ်ထဲတွင် မေးခွန်းတချို့ရှိနေတုန်းပင်။

သူမ ဒီအသက်အရွယ်မှာ ဒီလောက်အားကောင်းနေတာ တကယ်ပဲ သူမ ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုတွေကြောင့် ဟုတ်ရဲ့လား။

အများစုမှာ ဘိုးဘေးကြီးနှင့် ဧကရာဇ်ချင်းဒေါင်တို့ပေးသည့် အမွေ ကြောင့် ဖြစ်သည်။

ယုတ္တိရှိရှိဆိုရလျင် ဤကဲ့သို့အခြေအနေမျိုးတွင် သူမ မသက်မသာခံစားရ သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော် ထိုစွမ်းအားများသည် သူမ၏ကိုယ်ပိုင် စွမ်းအားများကဲ့သို့ ခံစားရသည်။ သူမသည် တခြားခံစားချက်မျိုးမရှိခဲ့ပေ။

ပြီးနောက် အရာရာတိုင်းတွင် ထိုအရာများသည် သတ်မှတ်ထားပေးသကဲ့ သို့ဖြစ်နေသည်။ ထိုအရာသည် အရင်ကတည်းကပင် စီမံထားသလိုပင်။

အလွန်ပင် ထူးဆန်းလှသည်။

သူမသည် အနည်းငယ် နားမလည်ပေ။ သို့သော်  သူမကို မည်သူမှ ရှင်းမပြခဲ့ကြပေ။

အကြီးဆုံးနတ်ဆိုးနှင့်အတူ လက်အောက်ငယ်သားများကို ဖယ်ရှားနိုင် လိုက်ပြီဖြစ်သည်။

မိုးပြာရောင်မြို့သည် မူလအခြေအနေသို့ရောက်သွားပြီဖြစ်သည်။

ရှီမာယူယူသည် ဤနေရာတွင် ရက်အနည်းငယ်နေပြီးနောက် ထွက်သွား ရန် စီစဉ်ထားသည်။ အနက်ဝတ်လူများသည် ယနေ့ လှုပ်ရှားမှုကြီးပြုလုပ်ခဲ့ သဖြင့် သူမ၏သံသယတချို့ကို အတည်ပြုချင်သည်။

သူမ ထွက်သွားချင်သည်ကို သိသည်နှင့် ဥက္ကဌများသည် မတားတော့ပေ။ ရှားကျောင်ထျန်နှင့် ဟော်ချန်းဒုံတို့သည် သူမကိုလိုက်ပို့ပေးပြီး သေတ္တာတစ် လုံး ပေးလေသည်။

ရှီမာယူယူသည် အထဲမှပစ္စည်းကို ခန့်မှန်းမိသဖြင့် ဖွင့်ကြည့်ရန်ပင် မလို တော့ပေ။

“ဒါကို ကျွန်မဆီအပ်ထားတာ အကြံကောင်းတော့ မဟုတ်နိုင်ဘူးထင် တယ်” သူမသည် မယူချင်ပေ။

မဟာမိတ်၏ အကြီးအကဲအမိန့်တံဆိပ်ပြားသည် မဟာမိတ်သခင်၏ တံဆိပ်ပြားနှင့်ဆင်တူသည်။ ဤတံဆိပ်ပြားနှင့်ဆိုလျှင် မဟာမိတ်၏ ရာထူး အကြီးဆုံး မဟာမိတ်ခေါင်းဆောင်နှင့် အသင်းထဲမှလူများအားလုံး သူမ၏ အမိန့်ကိုနာခံရမည်ဖြစ်သည်။ ထိုစွမ်းအားသည် ကြီးသည်ထက်ပင်ပိုသည်။

“ဘာမကောင်းစရာရှိလဲ” ရှားကျောင်ထျန်သည် သေတ္တာကို သူမလက်ထဲ သို့ ထည့်ပေးသည် “ဒါက ငါတို့အဘိုးကြီးတွေ ဆွေးနွေးပြီးတော့ ချလိုက်တဲ့ ဆုံးဖြတ်ချက်ပဲ.. ဒါက မင်းလက်ထဲမှာ အသင့်တော်ဆုံးဖြစ်လိမ့်မယ် အဲဒါမှ ဘေးကင်းလိမ့်မယ်”

“ဟုတ်တယ်” ဟော်ချန်းဒုံသည်လည်း သဘောတူသည် “အရင်ကဆိုရင် အနက်ဝတ်လူတွေက အသင်းတိုင်းကို တိုက်ခိုက်ဖို့လုပ်ခဲ့တာ.. အသင်းက မဟာမိတ်အဖြစ် အောင်အောင်မြင်မြင်ဖွဲ့စည်းလိုက်တော့ ငါတို့တွေ ပိုအား ကောင်းလာခဲ့တယ်.. ဒါပေမဲ့ အဲဒါကပဲငါတို့ကို ပိုထင်ပေါ်သွားစေတယ်.. ဒီတစ် ခေါက် ချီချီ.. နောက်တစ်ခါကျ ဘယ်သူဖြစ်မလဲမသိဘူး.. ငါတို့မှာ ချီဝိညာဉ်ကို အနိုင်ယူနိုင်တဲ့စွမ်းအားမရှိဘူး.. နောက်တစ်ခါဖြစ်လို့ မင်းမရှိနေဘူးဆိုရင် အန္တရာယ်များတယ်”

“ဒါဆိုလည်း ကောင်းပါပြီ” သူတို့ ထိုသို့ပြောနေသဖြင့် အချိန်တစ်ခု လောက်တော့ သူမ ကိုင်ထားလိုက်မည်။ အနက်ဝတ်များယူသွားသည်ထက် စာလျှင် သူမယူထားသည်က ပိုကောင်းသည် “ဒါဆို ကျွန်မသွားလိုက်ပါဦးမယ်”

“သွားပါ ဂရုစိုက်ပါ”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် ပုလ္လင်ငယ်ထုတ်ပြီး ထိုင် ကာ ထွက်သွားလေသည်။

ရက်အနည်းငယ်ကြာပြီးနောက် သူမသည် ပြည်နယ် ၁၀၊ ရှီကျိုးမြို့တွင် ပေါ်လာသည်။

ပြီးခဲ့သည့်တစ်ခေါက် သူမဤနေရာလာခဲ့စဉ်က ရွှမ်ချုံးမျိုးနွယ်သို့သွား ခဲ့သည်။ ရွှမ်ချုံးဟော်သည် သူမကိုဤနေရာတွင်လာကြိုပြီး ရွှမ်ချုံးမျိုးနွယ်သို့ ကိုယ်တိုင်ခေါ်သွားခဲ့သည်။

ယခု ဤနေရာသို့ပြန်လာရသည်မှာ သူမ၏ စိတ်ကိုကြောက်လန့်စေ၏။

အဲဒီကိစ္စသာအမှန်ဆိုရင် သူတို့အရင်ကလိုမျိုး ပြန်အဆင်ပြေနိုင်ကြပါ့ မလား။

သူမသည် မြို့ထဲသို့ဝင်ပြီး တည်းခိုရန် တည်းခိုဆောင်ရှာလိုက်သည်။ တည်းခိုဆောင်မှာ အရင်ကရွှမ်ချုံးဟော်ပြင်ပေးခဲ့သည့် ခြံဝန်းနှင့် သိပ်မဝေး ကွာလှပေ။ ထိုတည်းခိုဆာင်သည် ရွှမ်ချုံးမျိုးနွယ်၏ ပိုင်ဆိုင်မှုထဲကတစ်ခုဖြစ် သည်ဟု ပြော၍ရသည်။ သူမ ဤနေရာတွင် နေနေသည်ကို ရွှမ်ချုံးမျိုးနွယ်မှ သိကောင်းသိနေနိုင်သည်။

ရွှမ်ချုံးဟော် သိနေမှာလား။ သူကိုယ်တိုင် သူမကို လာရှာမှာလား။ သူမနဲ့ တွေ့ရင် ဘယ်လိုမျက်နှာထားမျိုးဖြစ်သွားမှာလဲ။

သူမသည် အိပ်ရာပေါ်တွင်လှဲနေရင်းနှင့် မည်သည့်အချိန်တွင် အိပ်ပျော် သွားလဲမသိလိုက်ပေ။

ညရောက်လာသည်။ ညမှာအဆုံးမရှိရှည်လျားလှသည်။

သူမသည် ထိုအဆုံးမရှိ ပြေးဝင်နေသည်။ သူမ၏ ပန်းတိုင်မှာ အကန့် အသတ်မရှိသလို သူမ၏အနောက်မှာလည်း အသူရာချောက်ကြီးဖြစ်နေသည်။ သူမကိုယ်သူမ အားတင်းအသက်ရှူကာ ချွေးများကျနေသည့်အသံကိုလည်း ပြန်ကြားနေရသည်။

“အား”

စွမ်းအားများ ကုန်ခမ်းပြီးနောက် သူမ တစ်စုံတစ်ခုနှင့် ခလုတ်တိုက်မိကာ မြေပေါ်သို့ ကျသွားပြီး ပြန်ထ၍မရပေ။

“မမ ဆက်ပြေး” အက်ကွဲသောအသံတစ်သံသည် သူမဘေးပတ်ပတ် လည်မှ ထွက်လာသည်။ သူမ ခေါင်းမော့ကြည့်ရာ သူမ၏ မျက်လုံးများသည် ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

“ဘယ်သူလဲ” သူမ ရုန်းထပြီး ထိုင်လိုက်သည်။ သူမသည် ပတ်ပတ်လည် ကိုလှည့်ပတ်ကြည့်သော်လည်း လူတစ်ယောက်၏ အရိပ်အယောင်ကိုမှပင် မတွေ့ရပေ။

“ဆက်မပြေးဘူးလား မဟုတ်ရင် သေလိမ့်မယ်” ထိုအသံသည် ရွှင်မြူးလှ သည်။

သူမ၏ ကြောက်လန့်နေသော မျက်လုံးများကိုမြင်သောအခါ သူသည် အလွန်ပင်ကျေနပ်သွားလေသည်။

“မလုပ်.. ငါ့ကိုမသတ်ပါနဲ့” သူမ အော်လိုက်သည်။

“စွက်”

လက်တစ်ဖက်သည် တစ်နေရာမှထွက်လာပြီး သူမရင်ဘတ်ကို ထိုး ဖောက်လိုက်သည်။ သူမ ခေါင်းမော့ကြည့်ရာ ဆွဲဆောင်မှုရှိသော်လည်း ထိုင်းမှိုင်းနေသော မျက်လုံးတစ်စုံကိုမြင်လိုက်ရသည်။

“ဗြီ”

ထိုလက်သည် သူမခန္ဓာကိုယ်မှထုတ်လိုက်ရာ သွေးများပန်းထွက်သံကို ကြားနေရသည်။

“အား…”

ရှီမာယူယူ မျက်လုံးဖွင့်ကြည့်ရာ အိပ်ရာပေါ်တွင်လှဲနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမ၏ ချွေးအေးများသည် အင်္ကျီများကိုစိုစွတ်နေလေသည်။

***

All Chapters