မျိုးနွယ်ခေါင်းဆောင်
Vol. 157 Ch. 2191
သူမသည် အိပ်ရာပေါ်တွင်လှဲလျောင်းရင်း အသက်ကိုမနည်းရှူနေရပြီး နောက် မျက်လုံးထဲမှ အကြောက်တရားများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ သည်။ သူမသည် ထထိုင်ချင်သော်လည်း တစ်ကိုယ်လုံးမှာ အားနည်းနေသဖြင့် အင်အားပင်မရှိခဲ့ပေ။
သေဆုံးသွားသည့် ခံစားချက်မှာ အလွန်ပင်လက်တွေ့ဆန်လွန်းသည်။ သူမသည် ထိုလူသတ်တာကို ခံလိုက်ရသလိုပင်။
ယခုအခါမှာ ဒုတိယအကြိမ်ဖြစ်သည်။ တူညီသောအိပ်မက်.. တူညီသော မျက်လုံးတစ်စုံ.. ရင်းနှီးသလိုလိုနှင့် မရင်းနှီးသောမျက်လုံးတစ်စုံ…
အိပ်ရာပေါ်တွင် အတန်ကြာအောင် လှဲနေပြီးနောက် သူမနှင့် မသက်ဆိုင် သောအကြောက်တရားများ ပျောက်ကွယ်သွားသည်။ သူမ၏ခန္ဓာကိုယ် အား ပြန်ပြည့်လာပြီးနောက် ဝိညာဉ်အတားအဆီးစီမံကာ ဝိညာဉ်စေတီအတွင်းသို့ ဝင်ခဲ့လိုက်သည်။
သူမသည် ခန္ဓာကိုယ်ကို ရေပတ်လည်ဝိုင်းနေသည့် ရေစည်ကန်၏အစွန်း ကိုမှီကာ ကျန်နေသည့် မသက်မသာဖြစ်မှုများကို ဖယ်ရှားလိုက်သည်။ ရေထဲ တွင် အတန်ကြာအောင်စိမ်ပြီးနောက် ထွက်လာကာ အကြီးအကဲဖြူကို သွားရှာ လိုက်သည်။ ထိုအချိန်တွင် ချင်ယိသည် တရားထိုင်နေရာမှထွက်လာကာ အကြီးအကဲဖြူနှင့် စကားပြောနေသည်။
“အကြီးအကဲဖြူ ချင်ယိ ကျွန်မမေးချင်တာလေးတွေရှိလို့” ရှီမာယူယူ ပြောလိုက်သည်။
“ထူးခြားနေပါ့လား” ချင်ယိသည် ရယ်မောလိုက်သည်။ သူမ သူတို့ကို မေးခွန်းမေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ဘာမေးချင်လို့လဲ” အကြီးအကဲဖြူမေးလိုက်သည်။
ရှီမာယူယူသည် သူတို့ကို ဧကရာဇ်ချင်းဒေါင်အကြောင်း ပြောပြပြီး ဧကရာဇ်ချင်းဒေါင်၏ ကျန်ခဲ့သည့်စွမ်းအားများကို စုပ်ယူခဲ့ကြောင်းပါ ပြောပြ လိုက်၏။ သူမသည် အိပ်မက်မက်သည်မှာ နှစ်ကြိမ်တိုင်ပြီဖြစ်ကြောင်းပါ ပြော ပြပြီး မေးလိုက်သည် “အဲဒါကလ ကျွန်မနဲ့ ဧကရာဇ်ချင်းဒေါင်တို့ကြားက ဆက်ဆံရေးကြောင့် အဲဒါနဲ့လည်း ဆက်သွယ်လို့ရတာလား”
“မဖြစ်နိုင်တာတော့မဟုတ်ဘူး” အကြီးအကဲဖြူ ပြောလိုက်သည် “မင်းတို့ နှစ်ယောက်ကြားက အဆက်အသွယ်နဲ့ဆိုရင် သူဘာလုပ်တယ်ဆိုတာကို မင်း အာရုံခံနေမိမှာပဲ.. မင်းအိပ်မက်ထဲမှာမြင်ရတာက အဲအချိန် သူလုပ်တာကို မြင် နေရတာပဲဖြစ်မယ်”
ထိုသို့ဖြစ်နိုင်သည်ဟု ရှီမာယူယူ ခံစားမိသည်။ သို့သော် သံသယဝင်မိ တုန်းပင်ဖြစ်သည် “တကယ်ပဲ ဒီလိုသာဆိုရင် ဘာလို့သူ့မြင်ကွင်းအတိုင်းမမြင်ရ ဘဲ တစ်ဖက်လူအဖြစ်ဘာလို့မြင်ရတာလဲ”
“ဒါတော့ ငါတို့လည်းမသိဘူး.. ငါတို့က မှန်းကြည့်ရုံတင်ပဲ” ချင်ယိ ပြော လိုက်သည် “မင်းတို့က တစ်ယောက်နဲ့တစ်ယောက် လွှမ်းမိုးနိုင်တာကြောင့် လည်းဖြစ်နိုင်တယ်.. မဟုတ်ရင် တခြားအကြောင်းအရာတွေကြောင့်ပဲ အဖြေ ကိုတော့ မင်းသာဘာရှာရမယ်”
“မင်းမသိပေမဲ့ အဲလိုဖြစ်နိုင်တယ်” အကြီးအကဲဖြူ ခန့်မှန်းလိုက်သည် “မင်းမှာ ဧကရာဇ်ချင်းဒေါင်ရဲ့ စွမ်းအားပဲရှိတယ်.. တခြားကိစ္စတွေကို မသိဘူး.. မင်းလုပ်နိုင်တာထက် ပိုသိချင်လည်းသိနိုင်မှာ”
“ဟုတ်တယ်” ထိုသို့ဖြစ်နိုင်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အိပ်မက်ထဲမှာ မြင်ခဲ့တာတွေနဲ့ ရောမသွားစေနဲ့” ချင်ယိ ပြောလိုက်သည် “အဲဒီခံစားချက်တွေ မင်းအပေါ် သက်ရောက်မှုမဖြစ်စေ နဲ့”
သူမသည် ထိုလူအနေနှင့် အိပ်မက်ထဲသို့ အမြဲတမ်းရောက်သွားခဲ့သည်။ ထိုမျက်ရည်များ၊ ကြောက်ရွံ့မှုများနှင့် စိတ်မငြိမ်သည့်ခံစားချက်များသည် အလွန်ပင် အရှိန်အဟုန်ကြီးသည်။ သူမသာ သေချာမကိုင်တွယ်လျှင် သူမ၏ သဘာဝကိုထိခိုက်နိုင်ကာ သူမ၏တာအိုနှလုံးသားကိုပါ သက်ရောက်စေနိုင်၏။
“အင်းပါ ကျေးဇူးပါပဲ” ရှီမာယူယူသည် သူမကို ထိုအရာများ၏ ထိခိုက်ခွင့် မပြုနိုင်ပေ။ သို့သော် သူတို့ သတိပေးလာသဖြင့် ပို၍ဂရုစိုက်ရမည်။ သူမကို ထိုမကောင်းသောခံစားချက်များ လက်ဦးခွင့်မပြုနိုင်ပေ။
သူမသည် ချင်းယိ၊ အကြီးအကဲဖြူတို့နှင့် တခြားကိစ္စများပြောကြသည်။ သူမသည် သူတို့သိထားသည့် ထူးဆန်းသည့်အကြောင်းအရာတချို့ကို မေးမြန်း သည်။ သူမ ထွက်သွားချိန်တွင် အပြင်၌မိုးလင်းနေပြီဖြစ်သည်။
သူမသည် မိုးပြာရောင်မြို့သို့ ပြန်သွားသည်။ မူလက ရွှမ်ချုံးမျိုးနွယ်နှင့် ပတ်သက်သည့်သတင်းရလိုရငြား လူစည်သည့်နေရာသို့ သွားမည်စဉ်းစားထား သည်။ သူမ ရွှမ်ယွမ်ဆိုင်ကို မြင်လိုက်သည်နှင့် ရင်းနှီးသောသင်္ကေတကိုမြင် သောအခါ အလိုလိုဝင်သွားမိသည်။
“မင်္ဂလာပါ ဘာများကူညီပေးရမလဲရှင့်” အကူမိန်းကလေးသည် လျှောက် လာပြီးမေးလေသည်။
“ဒီအတိုင်းကြည့်ကြည့်တာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ရပါတယ် တစ်ခုခုလိုတာရှိရင် ကျွန်မတို့ကိုပြောလိုက်ပါ” ထို မိန်းကလေးသည် စကားပြောပြီးသည်နှင့် သူမကို အနှောင့်အယှက်မပြုတော့ ပေ။ သူမသည် ကြည့်ရုံသာကြည့်နေသည်။
ရှီမာယူယူသည် ပထမအထပ်နှင့် ဒုတိယအထပ်တွင် လျှောက်ကြည့်နေ သည်။ ပစ္စည်းများရှာနေသည့်အစား ထိုပစ္စည်းများနှင့် သူမ၏အတိတ်ကို ပြန် တွေးမိရန်ကြိုးစားနေသည်။ ထိုအချိန်အတွင်းတွင် အရောင်းလက်ထောက် သည် သူမကို ကြည့်နေသည်။ သို့သော် သူမ ဘာမှမဝယ်လျှင်တောင် ကန့်ကွက် ရန်မရှိပေ။
ရွှမ်ယွမ်ဆိုင်၏ ဝန်ဆောင်မှုသည် လူတိုင်းကို သက်တောင့်သက်သာဖြစ် စေသည်။
အတန်ကြာလျှောက်ပတ်ပြီးနောက် သူမသည် ဈေးကြီးပုံရသည့် ပစ္စည်း နှစ်ခုကို ကျပန်းရွေးလိုက်သည်။ အကူမိန်းကလေးသည် တခြားဧည့်သည်များ ကို ကူညီပေးနေသည်ကိုမြင်သည်နှင့် သူမ ငွေရှင်းရန် ကောင်တာဆီသို့သွား လိုက်သည်။
“အားလုံးပေါင်းထိပ်တန်းအဆင့်ကျောက် ၁ သိန်းကျပါတယ်”
ရှီမာယူယူသည် ကျောက်ကဒ်ထုတ်ပြီး ငွေရှင်းကာ ပစ္စည်းများကို သိမ်း လိုက်သည်။
“ဒါက မိန်းကလေးရဲ့ ကျောက်ကဒ်ပါ” ထိုလူသည် ကျောက် ၁ သိန်းကို ငွေပိုင်းဖြတ်လိုက်ပြီး ပြန်ပေးလေသည်။
ရှီမာယူယူသည် ကဒ်ကိုသိမ်းပြီးမေးလိုက်သည် “ကျွန်မ ဒီကတာဝန်ခံကို တွေ့ချင်တယ်”
“တောင်းပန်ပါတယ် ကျွန်တော်တို့တာဝန်ခံက အခုအရမ်းအလုပ်များနေ လို့ပါ” ငွေပေးချေမှုကို ပြုလုပ်ပေးသူ ပြောလေသည် “တခြားလိုတာများရှိသေး လား.. အရမ်းအရေးမကြီးဘူးဆိုရင် ကျွန်မတို့ကိုပြောလို့ရပါတယ်”
ရှီမာယူယူသည် သူမလက်ထဲမှ တံဆိပ်ပြားကိုထုတ်လိုက်သည် “တချို့ အခြေအနေတွေကို ရှင်းအောင်ပိုနားလည်ချင်လို့ပါ.. သူ အခုအလုပ်များနေရင် သူ့ကိုစောင့်နိုင်တယ်”
ရွှမ်ယွမ်ဆိုင်မှလူများသည် သူမလက်ထဲမှတံဆိပ်ပြားကိုမြင်သောအခါ ချက်ချင်းပင် လေးစားသည့်အပြုအမူဖြစ်သွားသည် “မိန်းကလေးယူယူပဲ တာဝန်ခံက အခုအရမ်းအရေးကြီးတဲ့လူနဲ့တွေ့နေလို့ပါ.. အဆင်ပြေရင် အထူး ခန်းမှာ သွားစောင့်လိုက်မလား”
“ကောင်းပြီလေ” ရှီမာယူယူသည် သူတို့အခက်တွေ့အောင် မလုပ်တော့ ပေ။ သူမသည် အထူးခန်းသို့ ဝန်ထမ်းနောက်မှ လိုက်လာခဲ့လိုက်သည်။
“ဒီမှာခဏလောက်စောင့်ပေးပါ တာဝန်ခံအလုပ်ပြီးတာနဲ့ ဒီကိုလာဖို့ ပြော လိုက်ပါမယ်”
“ဟုတ်ပြီ”
မကြာခင်တွင် သူမအား လက်ဖက်ရည်လာချပေးသည်။ ရှီမာယူယူ ခဏ ကြာအောင်စောင့်သည်။ ထို့နောက် အပြင်မှ အစိမ်းရောင်ဝတ်စုံရှည်ဝတ်ထား သည့် အမျိုးသမီးတစ်ဦးဝင်လာသည်။
“သခင်မလေးယူယူ ဒီကိုရောက်လာမယ်လို့ ထင်မထားဘူး.. အခုနက ကျွန်မလုပ်စရာကိစ္စလေးတွေရှိနေလို့ပါ.. အဲဒါကြောင့် ထွက်လာလို့မရလို့ပါ” အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးသည် လျှောက်ဝင်လာရင်း ပြုံးပြ လေသည် “ကျွန်မက ဒီကတာဝန်ခံဟုန်းယုံပါ”
“ရပါတယ် ကျွန်မလည်း ဒီမှာလျှောက်ကြည့်နေတာပါ” ရှီမာယူယူသည် ပြုံးပြီး သူမကိုကြည့်လိုက်သည်။ သူမ၏နာမည်သည် ဟုန်းယုံဟုဆိုသော် လည်း အစိမ်းရောင်ဝတ်စုံဝတ်ထားသည်။
“တချို့အခြေအနေတွေကို ပိုနားလည်ချင်တယ်လို့ သူတို့ကိုပြောတယ်ဆို အနက်ဝတ်လူတွေအကြောင်းကို ပြောတာလား” ဟုန်းယုံထိုင်ရင်းနှင့် မေး လိုက်သည်။
“အဲဒါလည်းပါတာပေါ့.. ရွှမ်ချုံးမျိုးနွယ်နဲ့ပတ်သက်တာကိုလည်း သိချင် တယ်” ရှီမာယူယူ ပြောလိုက်သည်။
ဤနေရာသည် ရွှမ်ချုံးမျိုးနွယ်နှင့် မဝေးလှပေ။ ရွှမ်ယွမ်ဆိုင်သည် သတင်းအရောင်းအဝယ်တွင် နာမည်ရှိသည်။ ရွှမ်ချုံးမျိုးနွယ်သည် လျှို့ဝှက် မျိုးနွယ်ဆိုသော်ငြား သူတို့သည် သတင်းတချို့ကိုသိထားနိုင်သည်။
“သခင်မလေးယူယူက သူတို့အကြောင်း ဘာသိချင်တာလဲမသိဘူး” ဟုန်းယုံမေးလိုက်သည်။
“သခင်လေးရွှမ်ချုံးဟော်.. ဒီကိစ္စတွေက သူနဲ့ပတ်သက်နေမလားလို့ သိ ချင်တယ်”
“ရွှမ်ချုံးဟော်က သခင်လေးမဟုတ်တော့ဘူး… သူက လွန်ခဲ့တဲ့အနှစ် ၁၀၀ ကပဲ ရွှမ်ချုံးမျိုးနွယ်ခေါင်းဆောင်ဖြစ်နေပြီ” သူမ ထိုအကြောင်းကို မသိထားသည်ကို ဟုန်းယုံ အနည်းငယ်အံ့ဩမိသည်။ အခုစဉ်းစားကြည့်ရာ သူမသည် နိုးလာပြီးနောက် သိပ်မကြာခင်တွင် ပျောက်သွားခဲ့သည်။ ထို့ကြောင့် ထိုကိစ္စများမသိသည်မှာ ဖြစ်နိုင်ချေရှိသည်။
“သူကမိသားစုခေါင်းဆောင်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူ ယူသည် အလွန်အံ့ဩနေသည် “အရင်ခေါင်းဆောင်က အဆင်ပြေနေတာပဲ မလား.. သူက ဘာလို့ ရုတ်တရက်ကြီး ခေါင်းဆောင်ဖြစ်သွားတာလဲ”
“ခေါင်းဆောင်အဟောင်းက သေသွားပြီ ရွှမ်ချုံးမျိုးနွယ်မှာပဲသေသွားတာ သူကပဲ ခေါင်းဆောင်အဟောင်းကိုသတ်လိုက်တယ်လို့ သတင်းတွေထွက်နေ တာပဲ” ဟုန်းယုံ ပြောလိုက်သည်။
“အဲလိုလား” ရှီမာယူယူသည် ရွှမ်ချုံးမျိုးနွယ်မှလူများကို အမြင်မကေငါင်း လှပေ။ ထို့ကြောင့် သေသည်ဖြစ်စေ မသေသည်ဖြစ်စေ သူမအတွက် အရေးမပါ ပေ။
သူမသည် သူ့ကိစ္စတချို့ကိုဆက်မေးရာ ဟုန်းယုံသည် အားလုံးပြန်ဖြေ ပေးလေသည်။
ထိုအချိန်တွင် အစေခံတစ်ယောက်သည် စာရွက်အပိုင်းအစတစ်ခုကို ကိုင် ပြီးလျှောက်ဝင်လာသည်။ သူမသည် ရှီမာယူယူကိုမြင်သောအခါ ခေတ္တမျှ မှင်တက်သွားသော်လည်း ဟုန်းယုံဆီသို့ဆက်သွားပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်သည် “ဒါက တာဝန်ခံ ကျွန်မတို့ကိုစောင့်ကြည့်ခိုင်းထားတဲ့လူတွေ ဆီကရလာတဲ့သတင်းပါ…”
***