← Chapters

ချန်းလျန်မြို့

Vol. 157 Ch. 2193

ချန်းလျန်မြို့

Vol. 157 Ch. 2193

“သမီးကိုယ့်ဘာသာစုံစမ်းဖို့ ဖြစ်နိုင်ရဲ့လား.. သမီးနဲ့အတူသွားဖို့ အဖေတို့ က ဘာလို့ လူတချို့ မစီစဉ်ပေးလိုက်ရမှာလဲ” ရှီမာလျူရွှမ်သည် စိုးရိမ်တကြီး မေးလေသည်။

“မလိုပါဘူး.. အဲဒီမှာရွှမ်ယွမ်ဆိုင်ရှိပါတယ်.. အဲသတင်းက ရွှမ်ယွမ်ဆိုင်က ရလာတာဆိုတော့ အဲဒီမှာသိတဲ့လူရှိမှာပဲ.. သူတို့ရှိရင် သူတို့ကိုသွားမေးလိုက်ရုံ ပါပဲ” ရှီမာယူယူ ငြင်းဆန်လိုက်သည် “ဒီသတင်းတွေက အမှန်ဆိုရင် သမီးဆက် ပြီးရှာသွားမှာပဲ.. သတင်းကအတုဆိုရင် လမ်းကြောင်းပြောင်းပြီး ဧကရာဇ်ချင်း ဒေါင်ရဲ့ ဂူသင်္ချိုင်းကိုသွားမှာပါ”

သူမသည် သူမ၏ခရီးစဉ်ကို အစီအစဉ်ဆွဲထားပြီးဖြစ်ရာ မိဘများကိုပါ ခေါ်သွားရန် အဆင်မပြေနိုင်ပေ။ ထို့အပြင် သူမ၏လက်ရှိအစွမ်းအစနှင့်ဆိုလျှင် သူတို့ထက်ပင် သာလွန်နေသည်။ ထို့ကြောင့် သူမအတွက် စိတ်ပူရန်မလိုတော့ ပေ။

ယွိခဲ့လော့သည် ပါးစပ်ဟပြီး တစ်စုံတစ်ရာပြောဟန်ပြင်သည်။ သို့သော် သူမ၏ ခေါင်းမာသည့်အကျင့်ကိုသိသဖြင့် ပြောချင်သည့်စကားများကို မျိုသိပ် လိုက်သည်။

ဤကလေးသည် သူမကို ဂုဏ်ယူစေသလို တစ်ချိန်တည်းမှာပင် စိုးရိမ်စေ သည်။

ရှီမာယူယူသည် ရောက်လာပြီးနောက် တိတ်တဆိတ်ပင် ပြန်သွားခဲ့ သည်။ သူမပြန်သွားပြီးမှပင် ရှီမာမျိုးနွယ်မှလူများအားလုံး သိလိုက်ရသည်။

လူအများမှာ စိတ်ထဲတွင် သက်ပြင်းမချဘဲမနေနိုင်ကြတော့ပေ။ သူတို့၏ သခင်မလေးသည် သူတို့နှင့် တဖြည်းဖြည်းဝေးကွာသွားလေပြီ။ ရှီမာမျိုးနွယ် သည် ပထမတန်းစားမိသားစုအဖြစ် ဖွံ့ဖြိုးနေပြီဖြစ်သော်လည်း သူမနှင့်အတူ ရပ်တည်နေရတုန်းပင်။

ရက်အနည်းငယ်အတွင်းတွင် ရှီမာယူယူသည်စန်းချန်မြို့တွင် ပေါ်လာ သည်။

စန်းချန်မြို့သည် ၆၄ ပတ်မျှကြာအောင် သွားရသေးသည်။ လေဟာပြင် သင်္ဘောစိးလျှင်တောင် ထိုနေရာသို့ရောက်ရန် လပေါင်းများစွဦကြသည်။

သည်တစ်ခေါက် သူမ ပြန်ရောက်လာချိန်တွင် ပုလ္လင်ငယ်ကဲ့သို့ ပစ္စည်း ကောင်းရှိနေ၍ ကံကောင်းသည်။ ဤကဲ့သို့ဩချလောက်သည့်အရာကို ဟေးဒီးစ် မည်သို့လုပ်လိုက်သည်မသိပေ။ သူသည် ပစ္စည်းပေါင်းများစွာ အသုံး ပြုလိုက်ခြင်းဖြစ်မည်။ သို့သော် မရဏာလောက၏ ဘုရင်တစ်ပါးအနေနှင့် ဤကဲ့သို့ပစ္စည်းမျိုးပြုလုပ်ရန် မခက်ခဲလှပေ။

သူမ ရွှမ်ယွမ်ဆိုင်သို့ရောက်သောအခါ ရွှမ်ယွမ်ဆိုင်၏ ဘဏ္ဍာထိန်းချန်ယွီ သည် အံ့ဩသွားလေသည်။ သူတို့တွင် သတင်းများပေးပို့ရန် အထူးပို့ဆောင် ရေးများရှိသည်။ ထို့ကြောင့် ဟုန်းယော့ပို့လိုက်သည့် သတင်းကိုအခုလေးတင် လက်ခံရရှိထားသည်။  လွန်ခဲ့သည့်ရက်ပိုင်းကပင် သခင်မလေးယူယူသည် ရွှမ်ချန်းမြို့တွင်ရှိသေးသည်ဟု ရှင်းလင်းစွာပြောခဲ့သည်။ ဒီလိုရက်ပိုင်းလောက် နဲ့ ဘယ်လိုလုပ် စန်းချန်မြို့ကိုရောက်လာတာလဲ။

သူသည် အံ့အားသင့်သွားသော်ငြား ရှီမာယူယူကို ဧည့်ဝတ်ကျေပွန်သည်။

ရှီမာယူယူသည် ချန်ယွီကိုမြင်သောအခါ သယ်ဝိုက်မနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည် “ဘဏ္ဍာထိန်းချန်း.. ဒီစန်းချန်မြို့မှာ မူစစ်ကိုမြင်လိုက်တဲ့လူ ရှိ တယ်လို့ ဘဏ္ဍာထိန်းဟုန်းပြောလိုက်တယ်”

“ဟုတ်ပါတယ် ဒီတိုင်းပြည်အနှံ့က ရွှမ်ယွမ်ဆိုင်တွေကို ဒီသတင်းလွှင့် တာ ကျွန်တော်တို့ပါပဲ” ချန်ယွီ ပြန်ဖြေလိုက်သည်။ ရွှမ်ယွမ်ဆိုင်များအားလုံး သည် အမှီအခိုကင်းသည်။ သို့သော် သူတို့အားလုံးသည် ကျွင်းမိသားစု၏ ပိုင်ဆိုင်မှုပင်ဖြစ်သည်။ ကျွင်းမိသားစု၏ အထိန်းအချုပ်အောက်တွင် သတင်း အချက်အလက်များကို အခိုင်အမာထိန်းသိမ်းထားသည်။

ထို့ကြောင့် သတင်းတစ်စုံတစ်ရာရှိလျှင် သူတို့သည် တခြားရွှမ်ယွမ်ဆိုင် များကို ပေးပို့သည်။ အထူးသဖြင့် ရှီမာယူယူနှင့် ပတ်သက်သည့် သတင်းများပင် ဖြစ်သည်။ တစ်စုံတစ်ရာတွေ့ရှိသည်နှင့် အမြန်သတင်းပို့ရန် အထက်လူကြီး များမှ အမိန့်ထုတ်ခဲ့သည်။

“ဒါဆို ဒီသတင်းကအမှန်ပဲလား.. ကျွန်မရဲ့တပည့်ကို မြင်ဖူးကြလား” ရှီမာယူယူ မေးလိုက်သည်။

“အဲဒါတော့ ကျွန်တော်လည်း အတည်ပြုလို့မရဘူး.. ဒါပေမဲ့ သူနဲ့တူတဲ့လူ ကိုမြင်ဖူးတဲ့လူရှိတယ်.. ဒါပေမဲ့ သူဟုတ်ရဲ့လားဆိုတာကို အတည်မပြုနိုင်ကြ ဘူး” ချန်ယွီ ပြန်ဖြေလေသည်။

“တခြားသက်သေများရှိသေးလား”

“ရှိပါတယ်” ချန်ယွိသည် မှတ်တမ်းကျောက်တုံးတစ်တုံးထုတ်လိုက်သည် “ဒါက သတင်းတွေစုံစမ်းတာမှာ ထားတဲ့စည်းမျဉ်းပါ.. ဒီလိုအခြေအနေကြုံလာ တယ်ဆိုရင် မှတ်တမ်းကျောက်တုံးနဲ့ မှတ်တမ်းတင်ရပါတယ်”

ရှီမာယူယူသည် ဤကဲ့သို့ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ ရွှမ်ယွမ်ဆိုင် သည် အလွန်တရာအားကောင်းလွန်းသည်ဟု သူမ ထင်သည်။ သူတို့သည် ဤ ကဲ့သို့စည်းမျဉ်းများပင်ထုတ်နိုင်ကြသည်။

ချန်ယွီ ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ မြင်ကွင်းတစ်ခုသည် ရှီမာယူယူ၏ ရှေ့တွင် ပေါ်လာသည်။ လမ်းပေါ်တွင် လူတချို့လျှောက်နေသည်ကို ပြသနေ ၏။ သူတို့သည် တစ်စုံတစ်ခုကိုခံစားမိသည်နှင့်တူသည်.. ဖန်သားပြင်ဆီသို့ လျှောက်လာကြသည်။ မြင်ကွင်းသည် ထိုနေရာတွင် ပြီးဆုံးသွားလေသည်။

မှတ်တမ်းမှာတိုလွန်းသည်ဟု ခံစားမိ၍လားမသိပေ… ချန်ယွီသည် အားတုံ့အားနာဖြင့် ပြောလေသည် “သူ့နောက်လိုက်တဲ့လူက အရမ်း အားကောင်းတယ်.. လုံးဝမပေါ်အောင်လုပ်လို့မဖြစ်နိုင်ဘူး အဲဒါကြောင့်…”

“ရပါတယ် ဒီလောက်ဆိုရင် ကောင်းနေပြီ” ရှီမာယူယူ ပြောလိုက်သည် “လုံလောက်တာထက်ကို ကျော်နေပါပြီ”

“အဲလူက မူစစ်လား” ချန်ယွီ မေးလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူယူသည် ခေါင်းဆတ်လိုက်သည် “အဲလူက မူစစ်ပဲ”

သူမသည် ၂ စက္ကန့်မျှအတွင်း၌ သူ့ကိုမှတ်မိလိုက်သည်။ ထိုလူများဝန်းရံ ထားသူမှာ မူစစ်ပင်ဖြစ်သည်။ သူ၏ရောင်ဝါသည် အနည်းငယ်ကွာခြားနေပြီး ပိန်သွားသော်လည်း သူသည် တစ္ဆေမြို့တော်မှ သူမခေါ်လာသည့်တစ်ယောက် ဖြစ်သည်။ သူသည် သူမအနောက်သို့ နှစ်ပေါင်းများစွာ လိုက်လာခဲ့ကာ သူမ ကိုယ်တိုင် နှစ်ပေါင်းများစွာ သင်ပေးခဲ့သဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် သူ့ကိုမှတ်မိနိုင်သည်။

သူမ၏ သေချာသည့်အဖြေကို ကြားသည်နှင့် ချန်ယွီစိတ်အေးသွားသည်။ အနည်းဆုံးတော့ သူမ လာရသည်မှာ အလဟဿမဖြစ်နိုင်တော့ပေ။

“ဒါဘယ်တုန်းကလဲ” ရှီမာယူယူ မေးလိုကု်သည်။

“လွန်ခဲ့တဲ့ လတစ်ဝက်လောက်က” ချန်ယွီပြောလိုက်သည် “သတင်းပို့ဖို့ ကို ရက်နည်းနည်းလောက်ကြာသေးတယ်.. ပြီးရင် သခင်မလေးလည်း ဒီကိုလာ ဖို့ အချိန်ရှိသေးတယ်လေ”

“သူတို့ရဲ့ လက်ရှိနေရာကို သိကြလား.. သူတို့နောက်ကိုလိုက်ဖို့လူလွှတ် လိုက်လား”

“နှစ်ဖွဲ့တော့ လွတ်လိုက်တယ်.. ဒါပေမဲ့ သူတို့တွေ ပေါ်သွားပြီး အသတ်ခံ လိုက်ရတယ်.. အဲနောက်ပိုင်း သူတို့နေရာကို သတင်းပို့မလာတော့ဘူး” ချန်ယွီ ပြောလိုက်သည်။

“အဲတော့ သူ့ကိုမျက်ခြေပြတ်သွားတယ်ပေါ့” ရှီမာယူယူသည် အနည်း ငယ် စိတ်ပျက်သွားသည်။

“ဒါပေမဲ့ သူတို့ နေရာတစ်ခုကိုပြောတာ ကြားလိုက်တယ်.. သူတို့အဲဒီကို သွားကြမလားမသိဘူး” ချန်ယွီ ပြောလိုက်သည်။

“အဲဒါဘယ်နေရာလဲ”

“ချင်းလျန်မြို့ပါ”

“ချင်းလျန်မြို့လား.. အဲဒါဘယ်မှာလဲ ဒီကနေဝေးလား”

“အရင်ကတော့ ချင်းလျန်မြို့ကဘယ်မှာလဲဆိုတာ မသေချာဘူး.. ဒါပေမဲ့ လူလွှတ်ပြီး စစ်ခိုင်းကြည့်ထားတယ်.. သတင်းပြန်ရောက်လာဖို့ကို တော်တော် လေးအားစိုက်လိုက်ရတယ်” ချန်ယွီသည် စက္ကူတစ်ထပ်ထုတ်ပြီး ရှီမာယူယူ ရှေ့သို့ပုံလိုက်သည်။

ရှီမာယူယူသည် ထိုသတင်းများကို ထုတ်ပြီး ဖတ်ကြည့်ရင်း မျက်ခုံးများ ကို တွန့်ချိုးလိုက်သည်။

ချင်းလျန်မြို့သည် နေရာကောင်းတစ်ခုတော့မဟုတ်ပေ။

“ချင်းလျန်မြို့က သွေးမိစ္ဆာမြို့နဲ့တော်တော်တူတာပဲ”

“အတိအကျပြောရရင် သွေးမိစ္ဆာမြို့ရဲ့ အဆက်ပဲ” ချန်ယွီ ပြောလိုက်၏ “သွေးမိစ္ဆာမြို့ပျက်စီးသွားတော့ အဲလူတွေက သွားစရာနေရာမရှိတော့ ချင်းလျန်မြို့ကိုသွားကြတယ်.. ဒါပေမဲ့ သွေးမိစ္ဆာမြို့လို လုံခြုံရေးမရှိတော့ အဲဒီ မှာက ပိုရှုပ်ထွေးတယ်”

“အဲလူတွေက တကယ်ပဲ ဘယ်သူတွေလဲ ဘာလို့ မူစစ်ကို ချန်းလျန်မြို့ကို ခေါ်သွားကြတာလဲ” ရှီမာယူယူသည် ထိုလူများ၏ စောင့်ကြည့်မှုအောက်တွင် အရုပ်တစ်ခုလိုဖြစ်နေမည့် မူစစ်အကြောင်းတွေးလိုက်သည်နှင့် စိတ်မချမ်းသာ နိုင်တော့ပေ။

သူ့မျက်လုံးထဲက တက်ကြွတဲ့အကြည့်တွေ ဘယ်ရောက်သွားတာလဲ။ သူ သည် စွမ်းအင်များကုန်ခမ်းသွားပုံပေါက်ကာ သူ၏ အသက်မဲ့နေသည့်ပုံစံသည် သူ့ကိုမမှတ်မိလောက်အောင်ပင်။

ထို့အပြင် မူစစ်ကိုခေါ်သွားသူမှာ ရွှမ်ချုံးဟော်၊ အနက်ဝတ်လူသာဖြစ်၏။ ပြီးတော့ သူ့ဘေးကလူတွေက ဘယ်သူတွေလဲ။

“သခင်မလေးယူယူ ချန်းလျန်မြို့ကိုသွားမှာလား” ချန်ယွီ မေးလိုက်သည်။

“ဒါ‌ပေါ့ သွားချင်တယ်” ရှီမာယူယူသည် ချန်းလျန်မြို့၏ သတင်းများကို သိမ်းလိုက်သည်။ သူမ ထိုနေရာသို့ရောက်လျှင် အသုံးဝင်သည့်သတင်းများစွာ ရှိ၍ဖြစ်မည်။

“သခင်မလေးယူယူ ချန်းလျန်မြို့မှာ ရွှမ်ယွမ်ဆိုင်မရှိဘူး.. အဲဒီကိုသွားရင် ဂရုစိုက်ပါ.. ဖြစ်နိုင်ရင် လူတွေထပ်ခေါ်သွားလိုက်ပါ” ချန်ယွီသည် စိုးရိမ်တကြီး ပြောလေသည်။

“ရပါတယ်..” ရှီမာယူယူသည် အဆင်ပြေသည်ဟု ပြောချင်သော်လည်း လမ်းတစ်ဝက်တွင် ရပ်သွားသည်။ သူမ နှုတ်ခမ်းကိုတွန့်လိုက်ကာ သူ၏ မျက်ခုံး နှင့် မျက်လုံးများသည် ပြုံးသွားသည် “ဟုတ်ပြီ ကျွန်မလူခေါ်သွားလိုက်ပါမယ်”

ရုတ်တရက် သူမ ခံစားချက်ကောင်းသွားသည်ကို မြင်သောအခါ သူမ၏ အတွေးကို ချန်ယွီမသိတော့ပေ။ သူမကို အသုံးဝင်နိုင်သည့်သတင်းတချို့ကို ပြောပြီးနောက် တလေးတစားပင် လိုက်ပို့လေသည်။

ရှီမာယူယူသည် လူသူပြတ်လပ်သည့် လမ်းကြားသို့သွားလိုက်သည်။ သူမ ရပ်လိုက်သည်နှင့် အနောက်မှ တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းကိုခံလိုက်ရ လေသည်။

ရင်းနှီးသောရင်ခွင်တွင် ပွေ့ဖက်ခံလိုက်ရပြီး ရင်းနှီးသောရနံ့ကြောင့် သူမ နှုတ်ခမ်းပေါ်မှ အပြုံးသည် နက်ရှိုင်းလာသည်… သူမသည် ရင်ဘတ်ပေါ်မှ လက်ကိုကိုင်ပြီးပြောလိုက်သည် “ဒီကိုဘာလို့ရောက်လာတာလဲ”

***

All Chapters