← Chapters

မင်္ဂလာကောင်းချီးပေးခြင်း

Vol. 157 Ch. 2194

မင်္ဂလာကောင်းချီးပေးခြင်း

Vol. 157 Ch. 2194

ဝူလင်းယူသည် သူမကို သူ့ရင်ခွင်ထဲမြုပ်သည်အထိ တင်းကြပ်စွာပွေ့ဖက် လိုက်သည်။

သူသည် သူမနားရွက်နားသို့ကိုယ်ကိုင်းပြီး လေသံဖြင့်ပြောလေသည် “မင်းကိုလွမ်းလို့ လတာလေ”

ရှီမာယူယူ အာရုံခံကြည့်ရာ ဘေးနားတွင်လူမရှိသဖြင့် သူ့ကို ဝိညာဉ် စေတီအတွင်းသို့ ခေါ်သွားလိုက်သည်။ စေတီအတွင်းရောက်သောအခါ နှစ် ယောက်လုံးမှာ ဘာကိုမှပူပန်စရာမလိုတော့ပေ။

သူတို့သည် ရှည်လျားပြီး ယုယသောအနမ်းများဖြင့် အချစ်နာကျသည့် ဒဏ်ရာကို ကုစားကြသည်။ ထို့နောက် ဝူလင်းယူသည် သူမကိုအသာလွှတ်ပြီး သူမကို ပွေ့ဖက်ကာ သူ့ပေါင်ပေါ်သို့ ထိုင်ခိုင်းလိုက်သည်။

ရှီမာယူယူသည် သူ့လက်မောင်းရင်းကို ပွေ့ဖက်ကာ ပခုံးပေါ် ခေါင်းမှီတင် ထားလိုက်ပြီး ပြောလေသည် “ဒီလိုမျိုးပြန်လာတယ်ဆို နတ်ဆိုးလောကက ကိစ္စတွေဘယ်လိုလုပ်မှာလဲ.. ဟိုဘက်က ကိစ္စတွေကို သက်ရောက်မသွားဘူး လား”

“စိတ်မပူနဲ့ အဲဒီကအခြေအနေက အခုကိုကောင်းနေပါပြီ” ဝူလင်းယူ သည် ခပ်တိုးတိုးပြောလေသည်။

“ပြီးတော့ နတ်မိစ္ဆာဘုရင်ကလည်း နတ်ဆိုးမျိုးနွယ်မှာ ဘုရင်တက်လုပ် နေတာကြာပြီလေ.. နတ်ဆိုးလောကတစ်ခုလုံးက သူ့အုပ်စိုးမှုအောက်ရောက် နေကြပြီ.. ရှင့်လက်အောက်မှာက အရင်မျိုးဆက်ကဆင်းသက်လာတဲ့ သစ္စာခံ လူတွေရှိသေးတယ်ဆိုပေမဲ့ နတ်မိစ္ဆာဘုရင်ရဲ့စွမ်းအားနဲ့ယှဉ်ရင် တော်တော် ကြပ်မှာပေါ့” ရှီမာယူယူသည် သူ့ကိုမယုံပေ “အရင်က ကျွန်မကြောင့် တစ္ဆေ လောကမှာ အချိန်တွေအများကြီးကုန်ပြိးပြီ.. အခု ဒီကိုပြန်ရောက်လာပြန်ပြီ”

“အရင်က ပြဿနာတချို့ရှိတာတော့ မှန်တယ်.. အဲဒါကြောင့် မင်းနိုးလာ တာကြာပြီးမှ ကိုယ်ရောက်လာတာလေ” ဝူလင်းယူသည် မငြင်းဆန်ပေ။ လက်ရှိအခြေအနေသည် သူ့အတွက် အနည်းငယ်ကြပ်တည်းနေသည်။ သူမက ဒီလောက်ဉာဏ်ကောင်းတာ ဘယ်လိုလုပ် မသိဘဲနေမလဲ။ “ဒါပေမဲ့ စိတ်ပူဖို့ မလိုပါဘူး.. ကိုယ်ကနတ်ဆိုးလောကမှာ ဘာမှမဟုတ်ဘဲ နှစ်ဆယ်ချီပြီးမနေ ဘူး.. အားတဲ့အချိန်မှာပြန်လာဦးမှာပဲ.. ဘာလို့လဲ ကိုယ့်ကိုမတွေ့ချင်ဘူးလား”

“တွေ့ချင်တာပေါ့ နေ့တိုင်း ရှင့်အကြောင်းတွေးနေတာ” ရှီမာယူယူ၏ ခေါင်းလေးသည် သူ၏လည်တိုင်ကို ပွတ်သပ်လေသည်။

သူမသည် နိုးလာကတည်းကပင် သူ့အကြောင်းများတွေးနေခဲ့သည်။ သူမ ၏ အကျင့်နှင့်ဆိုလျှင် တစ္ဆေဘုရင်နှင့် ဘေးဒုက္ခရင်ဆိုင်ကတည်းကပင် တွေးခဲ့ ခြင်းဖြစ်သည်။ အနက်ဝတ်လူများကြောင့်သာမဟုတ်လျှင် နတ်ဆိုးလောကသို့ သွားပြီး သူ့ကိုရှာမည်ဖြစ်သည်။

“ဘာကိုလွမ်းတာလဲ” ဝူလင်းယူ၏ နှုတ်ခမ်းထောင့်မှာ ကွေးတွန့်သွား သည်။ သို့သော် သူ့အသံမှာလိုက်ဖက်မညီလှပေ။

“အကုန်လုံးကို လွမ်းနေတာ” ရှီမာယူယူသည် ကြင်နာစွာပင်ပြန်ဖြေလေ သည်။

သူမ စကားများကို ကြားပြီးနောက် ဝူလင်းယူသည် သူမကိုဖက်ပြီး ဆွဲလှဲ လိုက်သည်။ အရင်ကထိုင်နေသော ကုလားထိုင်မှာပျောက်ကွယ်သွားပြီး ကြီးမားသောအိပ်ရာတစ်လုံး အစားဝင်လာသည်။ တစ်ခဏအတွင်းမှာပင် သူမ သည် သူ့အပေါ်တွင်ရောက်သွားသည်။

ရှီမာယူယူသည် သူ့အပေါ်တွင် အုပ်မိုးထားသည်။ သူ၏ စူးရှသော အကြည့်များကို မြင်သောအခါ ရှက်ရွံ့မနေဘဲ ခေါင်းငုံ့ကာ သူ၏နှုတ်ခမ်းများ ကို အနမ်းခြွေလိုက်သည်။

“ကိုယ်ဒီကိုမလာခင်က ရှီမာအိမ်တော်ကို သွားခဲ့တယ်” ဝူလင်းယူ ပြော လေသည်။

“အဲနောက် ဘယ်လိုဖြစ်သွားလဲ”

“ယောက္ခမကြီးနဲ့ ယောက္ခထီးကိုတွေ့ခဲ့တယ်လေ”

“ပြီးတော့ရော”

“သူတို့က ကိုယ်တို့ကို ဂုဏ်ပြုပေးနေကြတယ်”

“အဲတော့…”

“လက်ထပ်ရအောင်”

“ဒီမှာလား”

“ဒီမှာပဲ”

လက်စွပ်နှစ်ကွင်းသည် ရုတ်တရက်ဆိုသလို ဝူလင်းယူ၏ လက်ထဲတွင် ပေါ်လာသည်။ ထိုလက်စွပ်များသည် သာမန်မှော်ဝင်လက်စွပ်များနှင့် မတူပေ။ ထိုလက်စွပ်သည် သူမ၏အရင်ဘဝက ဒီဇိုင်းများကိုအခြေခံကာ သူကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်သည်။

“ဒါကိုဘယ်တုန်းကလုပ်လိုက်တာလဲ” ရှီမာယူယူသည် လက်စွပ်ကို တအံ့ တဩကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူမ၏နှုတ်ခမ်းမှာ တွန့်ချိုးသွား လေသည်။

“ဒါတွေက အရေးမကြီးပါဘူး” ဝူလင်းယူသည် လက်စွပ်ကိုကိုင်ပြီး သူမ ကို စိတ်ရင်းဖြင့် ကြည့်လေသည် “သခင်မလေးယူယူ.. သခင်လေးဝူလင်းယူကို လက်ထပ်ပြီး သူ့ဇနီးအဖြစ်လုပ်မှာလား.. တစ်သက်လုံး သူကိုပဲချစ်ပြီး သူ့ဘေး မှာနေမယ်.. သူ့စွမ်းအားတွေ ဘယ်လောက်ပဲသန်မာပါစေ.. ထူးချွန်တဲ့ ယောက်ျားတွေ ဘယ်လောက်များပါစေ သူ့ကိုပဲချစ်မှာလား”

သူ၏ ထူးဆန်းသည့်သစ္စာကို ကြားသောအခါ ရှီမာယူယူသည် သူ့ခန္ဓာ ကိုယ်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သည်အထိ ရယ်မောလေသည်။ သို့သော် သူ သူမကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲထားသည်။

“ယူယူ ကိုယ့်ကိုလက်ထပ်မှာလား” ဝူလင်းယူသည် သူမကို ကြင်နာစွာ ဖြင့် ကြည့်လေသည်။

ရှီမာယူယူ၏ မျက်နှာမှ အပြုံးသည် ပိုကြီးလာပြီး မျက်လုံးများမှာ ပို လေးနက်လာသည်။ သူမသည် နှုတ်ခမ်းကိုက်ထားပြီး သူ၏မျှော်လင့်နေသော မျက်လုံးများအောက်တွင် ခေါင်းကိုဆတ်လိုက်သည် “လက်ထပ်မှာပါ”

“အခု မင်းကိုယ့်ကိုမေးရမယ့်အလှည့်ပဲ” ဝူလင်းယူသည် လေးနက်စွာ ပြောလေသည်။

ရှီမာယူယူသည် ဝူလင်းယူ၏ရင်ဘတ်ပေါ်မှီရင်း ရယ်မောလေသည် “သခင်လေးဝူလင်းယူ ရှီမာယူယူကို ဇနီးမယားအဖြစ်သတ်မှတ်ပြီး တစ်သက် လုံးချစ်မယ်၊ တန်ဖိုးထားမယ်၊ သူမရဲ့ဘေးမှာနေပေးမယ်.. ဘယ်လောက်ပဲ ချမ်းသာဆင်းရဲပါစေ၊ အဆင့်အတန်းဘယ်လိုပဲရှိရှိ တစ်သက်လုံး တစ်ယောက် နဲ့တစ်ယောက် မခွဲမခွာရှိဖို့ ဆန္ဒရှိလား”

“ရှိပါတယ်”

ထိုစကားများကိုကြားပြီးနောက် ရှီမာယူယူ၏ မျက်လုံးထောင့်တွင် အိုင် နေသော မျက်ရည်များကျသွားလေသည်။ သူမသည် နှာခေါင်းရှုတ်လိုက်ပြီး ပြောလေသည် “ဒါဆို သခင်လေးဝူလင်းယူနဲ့ သခင်မလေးရှီမာယူယူတို့ကို အကြင်လင်မယားအဖြစ် ကြေညာအပ်ပါတယ်.. သတို့သားက သတို့သမီးကို နမ်းလို့ရပါပြီ”

သူမသည် သူ့အပေါ်တွင်ရှိနေကာ တစ်လောကလုံးတွင် နှစ်ယောက် တည်းရှိသည့်အလား အထူးဆန်းဆုံးလက်ထပ်ပွဲကို ကျင်းပကြလေသည်။

သူမ၏ စကားများကိုကြားသောအခါ သူ၏ကြည်လင်နေသောအကြည့် များသည် တပ်မက်ပြီး စိတ်အားထက်သန်မှုအဖြစ်ပြောင်းသွားကာ သူမကို ဖက် ပြီး အိပ်ရာအလယ်ဆီသို့ လှိမ့်လိုက်သည်။

“သတို့သမီးကို နမ်းဖို့က…”

“ကိုယ်တို့ကအခု မင်္ဂလာဦးအခန်းကိုသွားနေတာလေ”

“မင်္ဂလာပွဲမှမပြီးသေးတာ.. လက်စွပ်တွေဝတ်ရဦးမယ်”

“မင်းလည်း လောနေတာသိတယ် လက်စွပ်တွေကိုနောက်မှဝတ်ရအောင်”

သူမ အလောမကြီးရင် လက်စွပ်မဝင်ခင် နမ်းဖို့ပြောပါ့မလား။

အင်း အဲလိုဆိုတော့လည်း ဟုတ်တာပဲ။

ထို့နောက် သူတို့သည် မင်္ဂလာဦးအခန်းသို့ အရင်သွားကြသည်။ လက်စွပ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်မှပြောမည်။

နွေးထွေးသော ကြာပန်းကန့်လန့်ကာနောက်တွင် သူတို့၏ ပျော်ရွှင်သော နွေဦးညကို ဖြတ်သန်းကြသည်။

ရှီမာယူယူသည် လက်ချောင်းများဖြန့်ကာ ရေတွက်နေမိသည်။ သူတို့၏ မင်္ဂလာဦးညမှာ နွေဦးညပေါင်းများစွာ ကြာသည်။

သူမသည် ဘေးမှကိုယ်လုံးတီးခန္ဓာကိုယ်ကို ပုတ်ပြီးမေးလိုက်သည် “ဒီမှာ အရမ်းကြာနေပြီလား”

“သိပ်မကြာသေးဘူး အပြင်မှာ တစ်ရက်ပဲရှိသေးတယ်” ဝူလင်းယူ၏ ကြီးမားသောလက်ကြီးသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် မငြိမ်မသက်ရှိနေ သည်။

“လင်းယူ ကျွန်မတို့မရ..”

ဘာကိုမရတာလဲ။

ဝူလင်းယူ ဂရုမစိုက်ပေ။ ရှီမာယူယူသည် အနမ်းကြောင့် ရှုပ်ထွေးသွား သဖြင့် ပြောမည့်စကားကိုပင် မေ့သွားပြန်သည်။

သူမ သူ့အိပ်ရာပေါ်မှဆင်းလာချိန်တွင် သူမ၏ခန္ဓာကိုယ်သည် သူမကိုယ် ပိုင်မဟုတ်တော့သလိုပင်။ သူမ၏ခန္ဓာကိုယ်ကို မိုးကြိုးနှင့်လျှပ်စစ်နှင့် ကျင့်ကြံ ထားခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူမ၏ခန္ဓာကိုယ်အလုပ်လုပ်တော့မည်ပင် မဟုတ်တော့ပေ။

“ယူယူ ဘယ်သွားမလို့ စဉ်းစားနေတာလဲ” သန်မာလှသောလက်မောင်း တစ်စုံသည် သူမကိုအနောက်မှတားလေသည်။ သူ သူမကိုဆွဲလိုက်ရာ အိပ်ရာ ပေါ်သို့ပြန်လဲကျသွားသည်။

ရှီမာယူယူသည် သူ၏သိုင်းဖက်ထားသောလက်ကို ဖယ်ချကာ ပြောလိုက် သည် “လင်းယူ တော်တော့ ကျွန်မတကယ်ပင်ပန်းနေပြီ”

“ပြန်မဖြေရင် အပြစ်ပေးခံရမယ်” ဝူလင်းယူသည် သူမ၏နားရွက်ကို အနားမှ ကိုက်လိုက်လေသည်။

“ကျွန်မနေလို့သိပ်မကောင်းဘူး ရေပူစမ်းမှာ ရေသွားချိုးချင်တယ်” ရှီမာ ယူယူ ပြောလိုက်သည်။

“ရေချိုးမယ်ဟုတ်လား ဟုတ်ပြီလေ.. အဲဒါလည်းမဆိုးဘူး အတူသွားရ အောင်” ဝူလင်းယူသည် သူမ၏ အကြံပြုချက်ကို ကျေနပ်နေသည်။

ရှီမာယူယူ ဆွံ့အသွားသည်။ ‘ကျွန်မ’ ဟု သူမ ရှင်းလင်းစွာပြောလိုက်ပါ လျက်နှင့် သူ့ပါးစပ်ထဲတွင် ‘ကိုယ်တို့’ ဟုဖြစ်သွားရသည်။

သံသယဝင်စရာမရှိလောက်အောင်ပင် ‘ကိုယ်တို့’ မှာ ရေချိုးရတော့ သည်။ သူတို့နှစ်ယောက် ရေချိုးရင်းနှင့် ရေပူစမ်းမှရေများဘောင်ဘင်ခတ်နေ သည်။ အင်း.. သူမ ဘာမှမပြောရန် ဆုံးဖြတ်လိုက်သည်။

နှစ်ယောက်သား ပင်ပန်းပြီးနောက် ဝူလင်းယူသည် ကမ်းပါးကိုမှီလိုက် သည်။ ရှီမာယူယူသည် သူ့ရင်ခွင်ထဲတွင်မှီပြီး သူ၏ရှည်လျားလှသော လက် ချောင်းများနှင့် ဆော့ကစားနေသည်။

“လူသားလောကမှာ ဘယ်လောက်ကြာအောင်နေမှာလဲ” ရှီမာယူယူ သူ့ကိုမေးလိုက်သည်။ သူတို့နှစ်ယောက် မကြာခင် ခွဲပြန်ရတော့မည်ကို တွေး လိုက်သည်နှင့် သူမ၏စိတ်ထဲတွင် အလွန်ဝမ်းနည်းလာသည်။

“ချန်းလျန်မြို့က မင်းကိစ္စတွေပြီးတဲ့အထိ အဖော်ပြုပေးလို့ရတယ်” ဝူလင်းယူ ပြောလိုက်သည်။ သူ ထို့ထက်ပိုမနေရတော့မည်ကို ကြောက်သည်။

ရှီမာယူယူသည် ရွှမ်ချုံးဟော်အကြောင်း ပြောချင်သော်လည်း ဤအချိန် တွင် တခြားယောက်ျားအကြောင်း ပြောရမည်မှာမသင့်တောသည်ကို တွေးမိ သဖြင့် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည် “အဲဒီနတ်မိစ္ဆာဘုရင် လေ.. သူ့ဘိုးဘေးကြီးပဲ ရှင့်ကိုထိခိုက်အောင် လုပ်လို့ရတာမလား.. သူ့ကို တစ်ခါတည်းသေအောင်ပို့ဖို့ မလိုဘူးမလား တခြားအကြောင်း အရင်းများရှိ သေးလို့လား”

“ကိုယ့်ကိုသတ်ဖို့လုပ်တဲ့လူက ပြန်ရှင်လာကြတယ်.. အဲဒါကြောင့် ကိုယ် က နတ်မိစ္ဆာဘုရင်ကိုပဲ ရင်ဆိုင်နေရတာမဟုတ်ဘူး အရင်ရန်သူတွေနဲ့ပါတွေ့ နေရတာပဲ”

***

All Chapters