ဘယ်သူကဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ
Vol. 157 Ch. 2196
ရှီမာယူယူသည် သူ့ခါးကိုပုတ်ပြီးပြောလိုက်သည် “သူတို့ကိုအနိုင်မကျင့် ပါနဲ့”
“ဘယ်တုန်းက အနိုင်ကျင့်လို့လဲ” ဝူလင်းယူသည် ခံပြင်းစွာဖြင့် ပြောလေ သည် “သူတို့ကသာ ကိုယ့်ကိုအနိုင်ကျင့်နေကြတာ”
“သူတို့က ကျွန်မရဲ့သားရဲတွေလေ ရှင့်ကို အနိုင်ကျင့်တာ ပြဿနာကြီးမှ မဟုတ်တာ” ရှီမာယူယူ နှာမှုတ်လိုက်သည်။
ဟုတ်တယ်လေ။
သူမ၏ စကားများကိုကြားလိုက်သောအခါ သားရဲများသည် ခံစားရ သက်သာသွားကြသည်။ သူတို့ လက်ထပ်သွားလျှင်တောင် ယူယူသည် သူတို့ ဘက်မှရပ်တည်ပေးသည်။
“ဟုတ်ပြီ ကိုယ်သူတို့နဲ့ တွက်ကပ်မနေသင့်ဘူး” ဝူလင်းယူသည် ရက်ရော စွာပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူတို့ကို ရိုက်ပြီးမှ အဲလိုပြောတော့ ဘာအသုံးဝင်ဦးမှာလဲ။
ဝူလင်းယူသည် သူမကိုပြုံးပြပြီး ကျိုးနွံစွာပင် ကြည့်နေသေးသည်။
သူမသည် သားရဲများကို နှစ်သိမ့်ပေးပြီး ဝူလင်းယူနှင့်အတူ အပြင်ထွက် လာခဲ့သည်။
သူမ ဝိညာဉ်စေတီအတွင်း အတန်ကြာနေပြီးမှ အပြင်တွင် တစ်ရက်ကုန် ဆုံးသည်။ သူမသည် အားလပ်နေတုန်း သူနှင့်အတူ ပူးကပ်နေချင်သေးသည်။ သို့သော် မူစစ်ကိုလည်း စိတ်ပူသည်။ အထဲတွင် ထိုမျှကြာအောင်နေသည်ကပင် သူမ၏ ကန့်သတ်ချက်ပြည့်ပြီဖြစ်သည်။
ဝူလင်းယူလည်း ထိုအကြောင်းကိုသိသည်။ ထို့ကြောင့် တခြားဘာမှ မပြောတော့ဘဲ သူမနောက်လိုက်လာခဲ့သည်။
ရှီမာယူယူသည် ပုလ္လင်ငယ်ထုတ်ပြီး ပြောလိုက်သည် “ပုလ္လင်လေးရဲ့ စွမ်းအားကို ခံစားခိုင်းရဦးမယ်”
“ဟုတ်ပြီ”
ဝူလင်းယူ ထိုင်လိုက်သည်။ သူတို့ထွက်သွားရန် ပြင်ဆင်နေချိန်တွင် သူမ ၏ မှော်ဝင်လက်စွပ်ထဲမှ လှုပ်ရှားမှုရှိလာသည်။
“ယူယူ ဘယ်မျာလဲ.. မူစစ် ဘာဖြစ်ခဲ့လဲဆိုတာ အစ်ကိုကြီးတို့သိရပြီ ငါ အခု နင့်ဆီကိုပို့လိုက်မယ်” ရှီယူ ပြောလေသည်။
“ငါတို့ ချန်းလျန်မြို့ကိုသွားတော့မှာ အဲဒီမှာတွေ့ကြမလား” ရှီမာယူယူ ပြန်ဖြေလေသည်။
“ဟုတ်ပြီလေ”
ရှီယူတွင် မြို့တိုင်းကို လျင်မြန်စွာသွားနိုင်သည့် နည်းလမ်းရှိသည်ကို ရှီမာ ယူယူသိသည်။ ထို့ကြောင့် ကြာကြာမစောင့်ရရန် ချန်းလျန်မြို့တွင်တွေ့ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ တစ်ရက်ကြာပြီးနောက် သူတို့သည် ဝရမ်းပြေးများ စုပုံနေသည့် နေရာသစ်တစ်ခုဖြစ်သည့် ချန်းလျန်မြို့သို့ရောက်လေသည်။
ရှီမာယူယူသည် မြို့အပြင်တွင်ရပ်ပြီး သက်ပြင်းချလေသည် “သွေးမိစ္ဆာ မြို့သာ အစက မပျက်စီးခဲ့ရင် ဒီနေရာလည်း ဒီလောက်မြန်မြန်ကြီး ဖွံ့ဖြိုးလာ မှာမဟုတ်ဘူး”
သတင်းအချက်အလက်များအရ ချန်းလျန်မြို့သည် လွန်ခဲ့သည့်နှစ် ၁၀၀ က ယခုလိုသန်မာခြင်းမရှိခဲ့သလို ဂုဏ်သတင်းလည်းမရှိခဲ့ပေ။ ထိုဝရမ်းပြေး များသည် အစက ချန်းလျန်မြို့သို့မဟုတ်ဘဲ သွေးမိစ္ဆာမြို့သို့အရင်ပြေးခဲ့ကြ သည်။ မိုးကြိုးဘေးဒုက္ခကြောင့် သွေးမိစ္ဆာမြို့ပျက်စီးသွားကတည်းကပင် ချန်းလျန်မြို့သည် ဤနေရာတွင် လျင်မြန်စွာဖွံ့ဖြိုးလာခဲ့သည်။ သူတို့သည် ဝရမ်းပြေးများဖြစ်ကြသော်လည်း သူတို့၏ ဆင်တူသောနောက်ခံများ အခြေအနေများသည် ချန်းလျန်မြို့ကို ပိုသန်မာအောင်လုပ်ပေးခဲ့သည်။
အမှန်တော့ အပြင်ဘက်လူများကို ဆန့်ကျင်သည့် အင်အားစုများပေါင်း စည်းလိုက်သည့် နေရာတစ်နေရာသာဖြစ်သည်။ သို့သော် မြို့ထဲတွင်လည်း မတူညီသည့်ဂိုဏ်းခွဲများစွာရှိသည်။
သူမသည် ကံကောင်းလေး၊ ရှောင်ချီနှင့် ၁၁ လေးတို့ကိုခေါ်ထုတ်လိုက် သည်။ သူတို့သည် အတွေ့အကြုံရန်လိုက်လာသဖြင့် ဤနေရာတွင် လှည့်ပတ် ကြည့်ရသည်မှာ သူတို့အတွက်ကောင်းလိမ့်မည်။
“၁၀ လေး ဒါကချန်းလျန်မြို့လား.. ဘာမှထူးခြားတာလည်းမရှိပါဘူး” ၁၁ လေးသည် ရှီမာယူယူ၏လက်မောင်းကို တွယ်ဖက်ထားရင်း ပြောလေသည်။
“မြို့တွေက အပြင်ပန်းကတော့ အကုန်အတူတူပဲ.. အထဲကိုဝင်သွားတော့ မှ ဘယ်လိုလဲဆိုတာသိရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“၁၀ လေးရဲ့ တပည့်က တကယ်ပဲဒီမှာလား.. ဒီနေရာက ဒီလောက်ကြီး တာ သူတို့ကို ဘယ်လိုရှာတွေ့မှာလဲ” ၁၁ လေးသည် စိုးရိမ်နေသလိုပြောနေ သော်လည်း ပျော်ရွှင်စိတ်လှုပ်ရှားနေသည်ကို ထိုစကားများက ဖုံးဖိ၍မရပေ။
ဒီကောင်မလေးက ပျော်ဖို့ပဲတွေးနေတာဖြစ်မယ်။
“၁၁ လေး မမက မူစစ်ကိုအရမ်းစိတ်ပူနေတာလေ မူစစ်လည်း လူကောင်း တစ်ယောက်ပဲ.. ငါတို့ဒီကိုလာရင် မမကြီးကို အခက်တွေ့အောင်မလုပ်ရဘူး” ကံကောင်းလေးသည် ၁၁ လေး၏ခေါင်းကိုပွတ်လေသည်။
“အင်း ငါသိပါတယ်” ၁၁ လေးခေါင်းညိတ်လေသည်။ သူမသည် အဆော့ မက်သော်လည်း ရှီမာယူယူကို အခက်မတွေ့စေချင်ပေ။
ရှီမာယူယူသည် ထိုနှစ်ယောက်ကို ကြည့်ပြီးရယ်မိသည်။ ကံကောင်းစွာ ပင် သူတို့တွေသည် စကားနားထောင်ကြသည်။ သူမသည် ရှောင်ချီကိုကြည့် လိုက်ရာ ရှောင်ချီသည် အရိပ်အမြွက်သိပြီး ခေါင်းညိတ်လိုက်သည် “သူတို့ကို ဂရုစိုက်လိုက်ပါမယ်”
သူမသည်လည်း မဆင်မခြင်လုပ်တတ်သဖြင့် ထိုစကားကိုတော့ ရှီမာယူ ယူ တကယ်မယုံမိပေ။ ထိုအဆော့မက်သည့်နှစ်ယောက်ကို ပြဿနာမတက်ဘဲ ခေါ်လာရန်မှာမဖြစ်နိုင်ပေ။
သို့သော် သူတို့သည် ရှောင်ချီကိုချစ်ကြသည်။ ထို့ကြောင့် ရှောင်ချီ၏ စကားကိုနားထောင်ကြသဖြင့် သူမသည် ရှောင်ချီ့ကိုသာ အပ်ထားရသည်။
“အရင်ဝင်နှင့်ကြမလား ဒါမှမဟုတ် ရှီယူကိုစောင့်ဦးမှာလား” ဝူလင်းယူ ပြောလိုက်သည်။
“အရင်ဝင်ရအောင်.. သူမရောက်ရင် အထဲကိုဝင်လာရှာလိမ့်မယ်” ရှီမာယူ ယူပြောလိုက်သည်။
သူတို့ အရင်ဝင်နှင့်ထားပြီး မူစစ်အကြောင်း သတင်းရလိုရငြားကြည့်ရ မည်။
သို့သော် သူတို့မြို့ထဲသို့ ဝင်မည်အပြုတွင် အတားခံလိုက်ရသည်။
“ထောက်ခံချက်ရှိလား” မြို့အစောင့်သည် မေးခွန်းထုတ်လေသည်။
“ထောက်ခံချက်ဟုတ်လား.. မြို့ထဲကိုဝင်ဖို့ ထောက်ခံချက်လိုသေးလို့ လား” ထိုအကြောင်းကို ရှီမာယူယူ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
“ထောက်ခံချက်မရှိရင် ရန်သူကို တမင်လာရှာတာလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး.. မြို့ထဲကလူတွေကို ကာကွယ်ရမယ်.. ကျုပ်တို့သူတို့ကို တာဝန်ယူ ပေးရမှာ” အစောင့် ပြန်ဖြေလေသည်။
“တစ်ယောက်ယောက်က ခိုလှုံဖို့လာတယ်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ သူတို့တွေက ဝင်မရတော့ဘူးလား.. ဝရမ်းပြေးတွေက ချန်းလျန်မြို့ကို ခိုလှုံဖို့ လာတယ်ဆိုရင် အပြင်တံခါးမှာပဲ ပိတ်မိနေမှာလား.. ဒါက ရှင်တို့ရဲ့ မူလ ရည်ရွယ်ချက်တော့မဟုတ်ဘူးမလား” ရှောင်ချီ ပြောလေသည်။
“မင်းတို့မှာ ရန်သူရှိလား” အစောင့်သည် သူမကို မယုံကြည်စွာဖြင့် စူးစူး ဝါးဝါးကြည့်လေသည်။
တခြားသူများသည် စုတ်ပြတ်ကာ မောပန်းနွမ်းနယ်လာသော်လည်း သူ တို့သည် အေးဆေးငြိမ်သက်နေကြသဖြင့် အလိုက်ခံရပုံမပေါက်ပေ။
“ဟုတ်တယ်” ရှီမာယူယူသည် အခိုင်အမာပင် ခေါင်းညိတ်လသည်။
“ဒါဆို တစ်ယောက်ကို ထိပ်တန်းအဆင့်ကျောက် တစ်သိန်းစီပေးရမယ်” ဤသည်မှာ တုံ့ဆိုင်းနေသည့်အစောင့်၏ တုန့်ပြန်မှုဖြစ်သည်။
ရှီမာယူယူ၏ နှုတ်ခမ်းတွန့်လိုက်သည်။ သူတို့တစ်ယောက်ချင်းစီမှာ ထိပ်တန်းအဆင့်ကျောက် တစ်သိန်းပေးရလျှင် သူမ သွေးအန်မိတော့မည်။
သူတို့အားလုံးပေါင်း ၅ ယောက်ရှိသည်။ ဒါဆိုရင် ငါးသိန်းတောင်ပေးရမှာ မဟုတ်ဘူးလား။ ဒါက လမ်းဘေးက မုန်လာထုပ်အကြောင်းပြောနေတာ မဟုတ်ဘဲ ထိပ်တန်းအဆင့်ကျောက်တုံးတွေကို ပြောနေတာပဲ။
သူမသည် စိတ်မပါသော်လည်း ထိပ်တန်းအဆင့်ကျောက် ငါးသိန်းပေး လိုက်သည်။ ယခုလိုဖြစ်မည်ဟု သူမသိခဲ့လျှင် သူတို့ကို အရင်ဆင့်ခေါ်မည် မဟုတ်ပေ။
“ဝင်သွားရင် မင်းရန်မဖြစ်အောင်လို့ စောင့်ကြည့်နေတဲ့လူရှိတယ်.. ဒီကို လက်စားလာချေတာဆိုရင် မင်းကိုထွက်သွားခိုင်းမှာ” အစောင့်သည် ကျောက် များကိုသိမ်းပြီးနောက် ရှင်းပြလေသည်။
သတို့သည် ‘ခိုင်းမည်’ ဟုဆိုသော်ငြား ထိုမျှညင်သာမည်မဟုတ်ပေ။
“ဟုတ်ပြီ” ရှီမာယူယူသည် ငြင်းဆန်မနေတော့ပေ။ သူတို့ဝင်သွားလျှင် သူမ၏ စကားများသည် အသုံးဝင်တော့မည်မဟုတ်ပေ။
ဤမျှအားစိုက်ထုတ်ပြီးနောက်တွင် သူတို့သည်မြို့ထဲဝင်ကြကာ အစောင့် ပေးလိုက်သည့်လိပ်စာအတိုင်းသွားပြီး တည်းခိုဆောင်ရှာကြသည်။
“မြို့ထဲကိုခြေချတာနဲ့ စောင့်ကြည့်ခံနေရတာပဲ” ဝူလင်းယူ ဆက်ပြော လေသည် “ဒီမှာက လက်ရွေးစင်တွေချည်းပဲ”
“ကျွန်မလည်းခံစားမိတယ်” ရှီမာယူယူ ပြန်ဖြေလေသည် “ဒါပေမဲ့ သူတို့ က ကျွန်မတို့ကိုစောင့်ကြည့်ရုံတင်ပါ.. ကျွန်မတို့သာပြဿနာမရှာရင် သူတို့က ဘာမှလုပ်မှာမဟုတ်ဘူး ဒါပေမဲ့ မူစစ်က ဝင်လို့ရပါ့မလားမသေချာဘူး”
“တစ္ဆေမြို့တော်ရဲ့ အဖွဲ့ဝင်တွေက အားကောင်းကြတယ်.. သူဘာမှဖြစ် မှာမဟုတ်ပါဘူး” ဝူလင်းယူ ပြောလိုက်သည်။
“အမှန်ပဲ”
သူတို့ လမ်းများအကြောင်း ပြောချိန်တွင် အားလုံးသည် သူတို့ကို လူသတ် မည့်အကြည့်များဖြင့် ကြည့်နကြသည်။ သူတို့သည် လူသစ်များဖြစ်နေသဖြင့် အာရုံစိုက်စရာဖြစ်နေသည်။
၁၁ လေးနှင့် ကံကောင်းလေးတို့သည် ဤကဲ့သို့နေရာမျိုးကို ပထမဆုံး အကြိမ်ရောက်ဖူးခြင်းဖြစ်သဖြင့် ထိုလူများကို စပ်စုချင်နေကြသည်။ မြို့ထဲသို့ ဝင်ဝင်ချင်း သူတို့ကို သတိပေးခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူတို့ဘာသာ ထွက်သွားပြီး ပြဿနာရှာလောက်ပြီဖြစ်သည်။
ရှီမာယူယူသည် သူတို့၏ အမူအရာကိုမြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်ပေ။ စစ်ပွဲကြိုက်သည့်မျိုးနွယ်သည် အမြဲတစေစစ်ပွဲကြိုက်တိုက်ကြ သည်။ သူတို့ကို အပြင်ခေါ်ထုတ်ရသည်မှာ အလွန်ခက်ခဲသည်။ အထူးသဖြင့် တိုက်ခိုက်ရသည်ကို ကြိုက်တတ်သည့် သူတို့လိုကလေးမျိုးများပင်ဖြစ်သည်။
***