မူစစ်၏အဖေ
Vol. 157 Ch. 2197
၁၁ လေးသည် စပ်စုချင်နေသော်လည်း သူမကိုယ်သူမ ထိန်းချုပ်ပြီး ဘာမှ မလုပ်လိုက်ရဘဲ တည်းခိုဆောင်သို့ ဘေးကင်းစွာဖြင့် ရောက်ရှိသွားသည်။
တည်းခိုဆောင်တတွင် လူများသည်။ မြို့မှာကြီးမားသဖြင့် တစ်နေရာနှင့် တစ်နေရာသွားရန် ရက်အနည်းငယ်ကြာအချိန်ယူရသည်။ တစ်ခုခုလိုအပ်လာ လျှင်လည်း ဆိုင်များတွင်စုံလင်စွာရှိသည်။ တည်းခိုဆောင်တွင် သီးသန့်ခြံဝန်း မရှိသဖြင့် ဝူလင်းယူသည် အခန်းနှစ်ခန်းငှားလိုက်သည်။ ထို့ကြောင့် ရှောင်ချီ သည် ကလေးနှစ်ယောက်နှင့်အတူနေရပြီး ရှီမာယူယူသည် သူနှင့် တစ်ခန်း တည်းနေရသည်။
“အစ်ကိုက ယောက်ျားပဲ ကျွန်တော်နဲ့တစ်ခန်းတည်းနေသင့်တယ်” ကံ ကောင်းလေး ပြောလိုက်သည်။
“ငါတို့က လင်မယားတွေပဲ” ဝူလင်းယူသည် သူ၏ အခိုင်အမာပြောနေ သည်ကို ဂရုမစိုက်ဘဲ ရှီမာယူယူကို သူ့အခန်းသို့ခေါ်သွားလေသည်။
“ဘာ.. ဘယ်တုန်းကလက်ထပ်လိုက်လို့လဲ ကျွန်တော်လည်းမမြင်လိုက်ရ ဘူး စိတ်တိုဖို့ကောင်းလိုက်တာ” ကံကောင်းလေးသည် မသဲမကွဲပြောပြီး ရှောင်ချီနောက်မှ အခန်းထဲသို့ လိုက်လာခဲ့လိုက်သည်။
သူတို့က သူနဲ့မယှဉ်နိုင်တာ ဆိုးတော့မဆိုးဘူး။ အခန်းသို့ပြန်ရောက်ပြီး နောက် ရှီမာယူယူသည် ဝူလင်းယူ၏ ရင်ခွင်ထဲဝင်ကာ ပြောလိုက်သည် “သူတို့ ကျင့်သားရဖို့ အချိန်လိုသေးယ်”
“ကိုယ်သိပါတယ် ဒါပေမဲ့ သူတို့လက်ခံရမယ်လေ” ဝူလင်းယူသည် မည်း နက်နေသည်။ သူတို့သည် သူ့ကိုအရင်ကလက်ခံခဲ့ကြသည်။ သို့သော် လက်ထပ်ပြီးနောက် ဤမျှတုံ့ပြန်မှုကြီးမားလိမ့်မည်ဟု မည်သူထင်ထားမည် နည်း။
“ကျွန်မတို့ လက်ထပ်တာကို သူတို့တွေ လက်တွေ့မခံစားရသေးဘူးထင် တယ်”
“ဒါဆို မင်းအတွက် မမျှတဘူးလေ.. ကိုယ်တို့သာ မင်္ဂလာပွဲလုပ်လိုက်ရင် အဲဘက်ကကိစ္စတွေ တစ်ခါတည်းရှင်းသွားမှာ” ဝူလင်းယူ ပြောလိုက်သည်။
နှစ်ပေါင်းများစွာ ကြာမည်လည်းမဟုတ်ပေ။
“ကျွန်မအတွက် မမျှတတာမျိုးမဖြစ်ပါဘူး” ရှီမာယူယူသည် သူ၏ရင်ခွင် ထဲတွင် စက်ဝိုင်းဆွဲလိုက်သည် “အဘိုးနဲ့ မိုးကြိုးဘေးဒုက္ခကိုရင်ဆိုင်ပြီး ကတည်းက ကျွန်မစဉ်းစားပြီးသားပါ.. ကျွန်မသာအသက်ရှင်နိုင်ရင် ရှင့်ကို ဆွဲ ထားမယ်.. အဲဒါဖြစ်ပြီးသွားတော့ ကျွန်မတို့အတူရှိတာ အကောင်းဆုံးဆိုတာကို သိလာခဲ့တယ်.. တခြားကိစ္စတွေကြောင့် ဘာလို့စိတ်ရှုပ်ခံမှာလဲ.. အဲဒါကြောင့် မင်္ဂလာပွဲမရှိလည်း ကျွန်မစိတ်ထဲမထားပါဘူး… အတူရှိနေရင်ပြီးတာပါပဲ”
“ကိုယ်တို့က တစ်သက်လုံးအတူရှိသွားမှာ” ဝူလင်းယူသည် ပြောပြီး နောက် သူမ၏နဖူးကို နူးညံ့စွာနမ်းလိုက်သည်။
သူမသည် စိတ်ထဲမထားသော်လည်း သူသည် အကောင်းဆုံးများကို ပေး ချင်သည်။ သူသည် သေချာပေါက် သူမကိုမင်္ဂလာပွဲလုပ်ပေးမည်။
သူတို့သည် တည်းခိုဆောင်တွင် နှစ်ရက်ကြာအောင်နေသည်။ နေ့ဘက် တွင် လှည့်ပတ်ကြည့်ပြီး ညဘက်တွင် တည်းခိုဆောင်သို့ပြန်နားကြသည်။ သူမ သည် နီရဲပျားတချို့ကိုလွှတ်လိုက်ကာ သတင်းတချို့ပြန်ပို့လာမည်ကို မျှော်လင့် မိသည်။
သူမသည် မူစစ်၏ပုံတူကိုရေးဆွဲပြီး လိုက်ရှာသော်လည်း သူတို့၏ အသွင် အပြင်နှင့် အဝတ်အစားများကို မှတ်မိသည့်လူ မည်သူမှမရှိပေ။
“သူတို့တွေ တကယ်ပဲ ချန်းလျန်မြို့ကိုလာခဲ့တာရောဟုတ်ရဲ့လား” ရှီမာ ယူယူ နားမလည်တော့ပေ။
ချန်းလျန်မြို့နာမည်ကို ပြောသွားကြောင်း ရွှမ်ယွမ်ဆိုင်အဖွဲ့သားများ ကြားခဲ့သည်ဟု ချန်ယွိ ပြောခဲ့သော်လည်း ဤနေရာသို့ရောက်လာသည်ဟု မကြားခဲ့ကြပေ။ သူတို့တွေ မတော်တဆပြောမိတာဆိုရင် ဘယ်လိုလုပ်မလဲ။ မဟုတ်ရင် သူတို့စိတ်ပြောင်းသွားရင်ရော။ မူစစ်၏ သဲလွန်စကို ရှာရသည်မှာ ခက်ခဲလှသည်။ ယခုအချိန်တွင် မည်သည့်သတင်းမှမရလျှင် သူ့ကိုကယ်နိုင် မည်မဟုတ်ပေ။
“အရမ်းကြီးစိတ်မပူပါနဲ့.. ချန်းလျန်မြို့က ဒီလောက်ကြီးတာ ကိုယ်တို့ တွေက နေရာကျဉ်းကျဉ်းလေးကိုပဲ စစ်ကြည့်ရသေးတယ် သူတခြားတစ်ဖက် မှာရှိနေနိုင်တယ်” ဝူလင်းယူ သူမကို နှစ်သိမ့်ပေးလေသည်။ “သူ့ကို ဖမ်းတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို မသိသလို အခုသူ့အခြေအနေဘယ်လိုရှိ လဲဆိုတာကိုလည်း မသိရဘူး.. ရှီယူ ဒီကိုလာရင်တော့ အသုံးဝင်မယ့်သတင်း ရ ရင်ရလာမှာ”
“အဲလိုပဲမျှော်လင့်ရမှာပဲ”
“မူစစ် အဖမ်းခံထားရတာတောင် ၁၂ နှစ်ကြာအောင် အသက်ရှင်နေတာ.. ဆိုလိုတာက သူတို့က သူ့အသက်ကိုလိုချင်တာမဟုတ်ဘူး.. သူအသက်ရှင် သေးရင် မျှော်လင့်ချက်ရှိသေးတယ်” ဝူလင်းယူ ခွဲခြမ်းစိတ်ဖြာလေသည်။
“ရှင်ပြောတာဟုတ်တယ်.. ဒါပေမဲ့ မြန်မြန်လေးသူ့ကိုကယ်ရမယ်.. အဲအခါမှ စိတ်ချရမှာ.. သူတို့က သူ့ကိုတစ်ခုခုလုပ်ခိုင်းချင်လို့ အသက်ရှင်ခွင့်ပေး ထားပြီး အဲကိစ္စပြီးသွားမှ သတ်လိုက်ရင်ဘယ်လိုလုပ်မလဲ.. အဲအချိန်ကျ နောက်ကျသွားပြီ”
“အင်းပါ”
…
ဒုတိယမြောက်နေ့လယ်ခင်းတွင် ရှီယူသည် သူမတည်းခိုသည့် တည်းခို ဆောင်ကို ရောက်လာသည်။
“ယူယူ ကောင်မလေး နောက်ဆုံးတော့ တွေ့ရပြီ.. နင် နှစ်တွေအများကြီး ထပ်ပျောက်နေဦးမယ်ထင်တာ” ရှီယူသည် သူမကိုမြင်သောအခါ ပျော်သွား သဖြင့် ပြေးဝင်လာပြီးပွေ့ဖက်လေသည်.
“နင်ဘယ်လိုဝင်လာတာလဲ” ရှီမာယူယူသည် သူမကိုပြန်ဖက်ပြီး မေး လိုက်သည်။
“ဘာအဓိပ္ပာယ်လဲ.. ဒီအတိုင်းလမ်းလျှောက်ဝင်လာတာပေါ့” ရှီယူသည် သူမ၏ ဆိုလိုရင်းကိုနားမလည်ပေ။
“အစောင့်တွေက နင့်ကိုမတားဘူးလား”
“မတားပါဘူး.. ငါ့ရဲ့ဝိညာဉ်စွမ်းအား ပြလိုက်တာနဲ့ ငါ့အမှောင်အရည် အချင်းကိုတွေ့တော့ ဝင်ခွင့်ပေးလိုက်တာပဲ”
“ဒါပဲလား” ရှီယူ၏ စကားများသည် ရှီမာယူယူကို ဖျားသွားစေသည်။ အမှန်တကယ်သာ ထိုသို့ဆိုလျှင် သူမ၏ ထိပ်တန်းအဆင့်ကျောက် ငါးသိန်းမှာ..
ခေါင်းကိုက်လိုက်တာ…
“မူစစ်ရဲ့ သရုပ်မှန်ကိုရှာတွေ့ပြီလား” ဝူလင်းယူ မေးလိုက်သည်။
ရှီမာယူယူ၏ အာရုံမှ ကျောက်များဆီမှ လွှင့်သွားသည်။
မူစစ်ဟုကြားသည်နှင့် ရှီယူ၏ အပြုံးသည်မှေးမှိန်သွားပြီး တည်တံ့သွား သည်။ ထိုတုံ့ပြန်မှုကြောင့် ရှီမာယူယူ နိမိတ်မကောင်းသည့်ခံစားချက်ကို ရလိုက်သည်။
“အမှောင်နဂါးကိုယ်ရံတော်အကြောင်းသိလား” ရှီယူ မေးခွန်းထုတ်လေ သည်။
“အမှောင်နဂါးကိုယ်ရံတော်လား အဲဒါကဘာလဲ” ရှောင်ချီမေးလိုက် သည်။
ရှောင်ချီမသိသဖြင့် ရှီမာယူယူလည်းမသိပါဟု ဆိုလိုသည်။
“အမှောင်နဂါးကိုယ်ရံတော်က ငါတို့တိုင်းပြည်ကလူမဟုတ်ကြဘူး” ရှီယူ ဆက်ပြောလေသည် “နတ်ဘုံအကြောင်းကို မှတ်မိသေးတယ်မလား”
ရှီမာယူယူခေါင်းဆတ်လိုက်သည် “ရှေးဟောင်းမျိုးနွယ်စုတချို့က အဲဒီကို ရွှေ့ပြောင်းသွားကြတာလေ”
“အမှောင်နဂါးကိုယ်ရံတော်က အထက်က အားကောင်းတဲ့အဖွဲ့အစည်း တစ်ခုပဲ.. အများစုက အမှောင်အရည်အချင်းရှိတဲ့ ဝိညာဉ်သခင်တွေပဲ.. မူစစ်ရဲ့ အဖေအရင်းက သူတို့ထဲကတစ်ယောက်ပဲ” ရှီယူ ဆက်ပြောလေသည် “နတ်ဘုံ နဲ့ပတ်သက်နေတော့ အစ်ကိုကြီးလည်း အချိန်တော်တော်ယူလိုက်ရတယ်”
“အဲတော့ နတ်ဘုံက အဖွဲ့ဝင်တွေဖြစ်နေကြတာပဲ” ရှုပ်ထွေးမှုများသည် သူမမျှော်မှန်းချက်ကို ကျော်လွန်နေသည်။
“ဟုတ်တယ်” ရှီယူလည်း ကြားလိုက်စဉ်က အိပ်မက်ဆန်သည်ဟု ခံစားရ သည် “သူ့အဖေက အမှောင်နဂါးကိုယ်ရံတော်ကို သစ္စာဖောက်တဲ့ပစ္စည်းတစ်ခု ရှိနေတယ်လို့ အစ်ကိုကြီးတွေကြားခဲ့တာပဲ.. ပြီးတာနဲ့ သူက ကမ္ဘာဦးနယ်မြေမှာ ပေါ်လာပြီး မူစစ်ကိုမွေးခဲ့တယ်.. မူစစ်က အဲဒါကြောင့် အဖမ်းခံရတယ်လို့ထင် လား ”
“သူ့ကို အနက်ဝတ်လူတွေက ဖမ်းသွားကြတာ.. သူတို့က အမှောင်နဂါး ကိုယ်ရံတော်အဖွဲ့ဝင်မဟုတ်ဘူး.. ဒါပေမဲ့ အမှောင်နဂါးကိုယ်ရံတော်က အနက် ဝတ်လူကိုဖမ်းခိုင်းတာလည်းဖြစ်နိုင်တယ်” ရှီမာယူယူ ကောက်ချက်ချသည် “ဒါပေမဲ့ ငါ့ကိုဝင်ပါစေချင်လို့ မူစစ်ကို အနက်ဝတ်လူတွေက ဖမ်းသွားတယ်လို့ လက်ထောက်လေးပြောတယ်.. ဟုတ်သားပဲ သူတို့ကအမှောင်နဂါးကိုယ်ရံ တော် အဖွဲ့ကလားဆိုတာ ကြည့်ရမယ်”
သူမသည် ရှီယူကို မှတ်တမ်းကျောက်တုံးပြပြီး မေးလိုက်သည် “ဒီလူတွေ ကိုတစ်ချက်လောက်ကြည့်ပါဦး သူတို့က အမှောင်နဂါးကိုယ်ရံတော်တွေလား”
“တူတယ်.. သူတို့အင်္ကျီကိုကြည့်လိုက် အင်္ကျီအောက်ခြေမှာ အနက်ရောင် နဂါးပုံထိုးထားတယ်” ရှီယူသည် သူတို့၏အင်္ကျီများကို ညွှန်ပြလေသည် “သူတို့ သင်္ကေတမှာ အနက်ရောင်နဂါးပါတယ်လို့ အစ်ကိုကြီးပြောတယ်”
“ဒါဆို သူတို့ပဲဖြစ်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့က သူ့ အဖေဆီမှာရှိတဲ့ပစ္စည်းကြောင့် မူစစ်ကိုရှာတာဖြစ်မယ်.. မေးခွန်းက.. သူတို့က အနက်ဝတ်လူတွေနဲ့ ဘယ်လိုပတ်သက်တာလဲ”
သူတို့ရဲ့ လက်အောက်ငယ်သားလား ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်လား။
“သူတို့ ဒီကိုလာမှာလား” ရှီယူ မေးလိုက်သည် “သူတို့ကိုဖမ်းလိုက်ရင် သိမှာပဲမဟုတ်ဘူးလား”
“သူတို့တွေ ဒီကိုလာသလားတော့ မသေချာဘူး.. ဒီနေရာနာမည်ကိုပြော သွားတာကိုပဲ ရွှမ်ယွမ်ဆိုင်ကကြားလိုက်တာ.. ဒီကိုလာမယ်လို့မကြားလိုက်ရ ဘူး”
“သူ့အဖေဆီမှာရှိတဲ့ပစ္စည်းကြောင့် သူတို့ဒီတိုင်းပြည်မှာရှိနိုင်ချေအများ ဆုံးပဲ.. သူတို့တွေမသွားသေးတာက ရှာမတွေ့သေးဘူးလို့ ဆိုလိုတာပဲ.. အဲဒီ ပစ္စည်းအကြောင်းသာ လွှင့်လိုက်ရင် သူတို့တွေမကြာခင်ရောက်လာမှာပဲ.. အခု သူတို့အကြောင်း ဘာသတင်းမှမရှိသေးဘူး.. သူတို့တွေက နင့်လောက်ဒီကို မြန်မြန်ရောက်မလာတာနေမှာပေါ့”
***