မကောင်းပြောခြင်း
Vol. 157 Ch. 2198
“အဲလိုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” ဖြစ်နိုင်ချေရှိသည်ဟု သူမ ခံစားရ သည်။ သို့သော် စိတ်ပူနေတုန်းပင်ဖြစ်သည် “တခြားမြို့ကရွှမ်ယွမ်ဆိုင်ကို စောင့်ကြည့်ခိုင်းထားတာ ပိုကောင်းမယ်ထင်တယ်”
“အကြံကောင်းတယ်.. အဲဒီမှာတစ်ခုခုဖြစ်ရင် သူတို့လည်းသတင်းရနိုင် တာပေါ့”
“၁၀ လေး စကားဆက်ပြောနေကြ.. တစ်ခုခုများသိရမလားလို့ ငါတို့ အပြင်သွားကြည့်လိုက်ကြဦးမယ်” ၁၁ လေးသည် ပြောရင်းနှင့် ပြေးထွက်သွား လေသည်။
“ဟုတ်ပြီ ဂရုစိုက်ပါ” သူတို့အပြင်ထွက်ချင်ကြသည်ကို ရှီမာယူယူမြင် သောအခါ ရှောင်ချီကိုခေါ်သွားပြီး ကစားခွင့်ပြုလိုက်သည်။ ပြီးခဲ့သည့်နှစ်ရက် တွင် သူတို့သည် လိမ္မာခဲ့သဖြင့် ဤအချိန်တွင်လည်း ဘာမှမဖြစ်နိုင်လောက် ပေ။
စိတ်မကောင်းစွာပင် သူမသည် ထိုကလေးနှစ်ယောက်ကို အရမ်းအထင် ကြီးမိသွားသည်။ သိပ်မကြာလိုက်ခင်မှာပင် ရှောင်ချီ အကူအညီတောင်းလာ သည်။
ရှီယူသည် သူမနှင့် စကားပြောနေရင်းနှင့် သူမ မျက်မှောင်ကြုတ်လိုက် သည်ကို မြင်လိုက်ရသည်။ သူမ မေးလိုက်သည် “အဲနှစ်ယောက် ပြဿနာရှာ ပြန်ပြီလား”
“ဟုတ်တယ် သူတို့တွေလူတစ်စုရဲ့ အဝိုင်းခံနေရပြီလို့ ရှောင်ချီပြောတယ်” ရှီမာယူယူသည် ကူကယ်ရာမဲ့စွာ ပြောလေသည်။
“သူတို့ကို လာကယ်ခိုင်းတာလား”
“မဟုတ်ဘူး သူတို့ရန်ဖြစ်လို့ရလားလို့ မေးတာ” ရှောင်ချီမှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် သူမသဘောမတူလျှင်တောင် တိုက်ခိုက်ကြမည်ကို ရှီမာ ယူယူ မတတ်သာစွာခံစားမိလိုက်သည်။
သူမဘေးတွင် ရန်ဖြစ်ရသည်ကို ကြိုက်နှစ်သက်သည့် ကလေးနှစ် ယောက် ရှိနေခြင်းကိုတော့ ပြောရန်ပင်မလိုတော့ပေ။
ရှီယူသည် သူမ၏တုံ့ပြန်မှုကို ကြားသောအခါ ရယ်မောလေသည် “နင် သူတို့ကို ရှောင်ချီနဲ့ထည့်ပေးပြီး ကစားခိုင်းကတည်းက ဒီလိုဖြစ်တာ မထူးဆန်း တော့ပါဘူး.. သူတို့ကစားချင်ရင် ကစားခိုင်းလိုက်လေ.. သူရှိနေတာပဲ နင့်လုံခြုံ ရေးကို စိတ်ပူဖို့မလိုပါဘူး”
ရှီမာယူယူသည် ဝူလင်းယူကို တစ်ချက်ကြည့်လိုက်သည်။ သူသည် မိုဒီဆန်းနှင့် စကားပြောနေရင်းမှ သူမ၏အကြည့်ကို ခံစားမိသဖြင့် လှမ်းကြည့် လေသည်။ သာမန်ကာလျှံကာကြည့်လိုက်သည့် အကြည့်တစ်ချက်နှင့်တင် သူတို့နှစ်ယောက်၏ လေးနက်သောအချစ်ကို မြင်နိုင်လေသည်။
“ငါပြောမယ်” ရှီယူသည် ရှီမာယူယူကို ခေါင်းအစခြေအဆုံးကြည့်ပြီး မေးလိုက်သည် “နင်တို့နှစ်ယောက် ပြီးသွားကြပြီလား”
“ဘာ” ရှီမာယူယူလှည့်ကြည့်ရာ ရှီယူ၏ ပါးမို့များတက်အောင် ပြုံးနေ သည့်အပြုံးကိုမြင်သည်နှင့် သူမ၏စကားကို သတိပြန်ဝင်လာကာ ရှက်သွား လေသည် “နင်တို့နှစ်ယောက် တကယ်ပဲ အတူရှိနေပေါ့” ရှီယူအော်လိုက်သည် “ကျွတ် ကျွတ် နှစ်တွေအများကြီးကြာပြီး နောက်ဆုံးတော့ နင်တို့နှစ်ယောက် လုံး တစ်သားတည်းဖြစ်သွားပြီပေါ့.. နင်တို့တွေက အရင်ကတည်းက ဖြစ်သင့် နေတာ..ဘာလို့ ဒီလောက်ကြာတဲ့အထိစောင့်နေတာလဲ၊ နင်တို့တွေ ဘယ်တုန်း က ဖြစ်ခဲ့ကြတာလဲ.. နင်တို့တွေ..”
“ကဲပါ ကဲပါ နင်ဒီလိုအတင်းပြောတတ်မှန်းငါမသိခဲ့ဘူး” သူမ၏ စကား များကြောင့် ရှီမာယူယူ၏ မျက်နှာသည်ရှက်ရွံ့နေပြီး သူမကိုစိုက်ကြည့်လေ သည်။
“ငါ့ကိုကြည့်နေလည်း အသုံးမဝင်ဘူး” ရှီယူ ဆက်ပြောလေသည် “ငါ့ကို ပါးစပ်ပိတ်စေချင်ရင် အစားအသောက်နဲ့လာဘ်ထိုးမှရမယ်”
“သွားကြမယ်” ရှီမာယူယူသည် ကုလားထိုင်မှထလိုက်သည်။
“ဘယ်ကိုလဲ”
“ဒီမှာသီးသန့်ခြံဝန်းမရှိပေမဲ့ မီးဖိုဆောင်တစ်ခုရှိတယ် အဲဒါသုံးလို့ရမလား လို့မေးကြည့်လိုက်မယ်”
“အေးပါ အေးပါ” ရှီယူသည် ပျော်ရွှင်သွားကာ သူမနောက်မှလိုက်လာ သည်။
သူတို့ထွက်သွားပြီးနောက် မိုဒိဆန်းသည် ဝူလင်းယူအား ခပ်တင်းတင်း ကြည့်ကာ မေးလိုက်သည် “မင်း ယူယူကို တရားဝင်ဘယ်တော့ လက်ထပ်မှာလဲ”
သူတို့သည် အကြင်လင်မယားအရာမြောက်သွားသော်လည်း တရားဝင် အခမ်းအနားမကျင်းပလျှင် သူ အသိအမှတ်မပြုနိုင်ပေ။
ဝူလင်းယူ၏ တုံ့ဆိုင်းနေမှုကိုကြည့်ပြီး သူ ခုန်ကာ အော်လိုက်လေသည် “မင်းက လုပ်ဖို့မရည်ရွယ်ထားဘူးလား”
“ငါက အဲလိုလူမျိုးလား” ဝူလင်းယူသည် သူ့ကို တစ်ချက်ကြည့်လိုက်၏။
“ဟင်း” မိုဒိဆန်းသည် နှာရှုတ်လေသည် “မင်းက ရောက်ခါနီးနေပြီ.. ပြော ဘာအစီအစဉ်ရှိတာလဲ”
“ယူယူနဲ့ငါက ထူးခြားတဲ့သရုပ်မှန်ရှိတယ်.. ငါတို့တွေလက်ထပ်လိုက်ရင် ကိစ္စတွေအများကြီး ပတ်သက်လာလိမ့်မယ်.. ပြီးတော့ အဲဒါကိုလက်မခံနိုင်ဘူး ငါ သူမရဲ့တောင်းဆိုချက်ကို သဘောတူထားလို့ပါဆိုရင် မင်းယုံမှာလား”
အမှန်ပင်။ သူ သဘောတူရသည်ကိုပင် မပျော်ရွှင်ပေ။
“မင်းရဲ့အစီအစဉ်ကဘာလဲ.. ငါ့ကိုပြောရင် အကြံပေးလို့ရတာပေါ့.. မင်းရဲ့ အစီအစဉ်မကောင်းရင်တော့ ငါလည်းအသိအမှတ်မပြုနိုင်ဘူး”
သူ၊ ချင်းမိုနှင့်တခြားသူများ၊ ရှီမာယူယူတို့၏ ဆက်ဆံရေးသည် သူငယ် ချင်းဆိုရုံလောက် မရိုးရှင်းပေ။ ထို့ကြောင့် သူထိုကိစ္စများကို စစ်ကြည့်ရမည်။
“ဟုတ်ပြီ” ဝူလင်းယူသည် မငြင်းဆန်တော့ပေ။ သူတို့၏ ထင်မြင်ချက်ကို နားထောင်လျှင်လည်းမဆိုးလှဟု ခံစားမိသည်။
သည်လိုနှင့် သူတို့သည် အိမ်တွင်းရေးကိစ္စများကို ဆွေးနွေးကြရာ ရှီမာ ယူယူ ချက်ပြုတ်ထားသည်များကိုပင် စားရန်ထွက်မလာခဲ့ပေ။
ရှီယူသည် ရှီမာယူယူ ချက်ပြုတ်ထားသည်များကို ခန်းမထဲတွင်ချရင်း အပေါ်ကိုကြည့်ကာ ပြောလေသည် “သူတိုနှစ်ယောက်က အိမ်တွင်းရေးတွေ ပြောနေကြတာလား”
“ဘယ်သူသိမှာလဲ” ရှီမာယူယူသည်လည်း ကြည့်လိုက်ရာ စေ့နေအောင် ပိတ်ထားသည့်တံခါးကိုမြင်သည်နှင့် ပြောလိုက်သည် “ဒါဆိုလည်း သူတို့ကို လျစ်လျူရှုထားလိုက်ကြတာပေါ့.. ငါတို့ပဲစားကြမယ်”
“ဟုတ်ပြီ” ရှီယူနှင့် ရှီမာယူယူတို့ ထိုင်လိုက်ကြသည်။ သူမသည် ချက်ချင်း ပင် ရှီမာယူယူကင်ထားသည့် ဝက်ခြေထောက်တစ်ဝက်ကို ဝါးလိုက်သည်။ ရှီမာယူယူသည်လည်း အသားကင်တစ်ဖတ်ယူကာ စားလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နင့်ဟင်းတွေက စားအကောင်းဆုံးပဲ” ရှီယူ သက်ပြင်း ချလေသည် “ဒါပေမဲ့ ရန်ဖြစ်ရတာကြိုက်တဲ့ အဲကလေးသုံးယောက်ကို တကယ် ပဲ ဂရုမစိုက်တော့ဘူးလား”
“သူတို့က ငါ့ကိုအကူအညီမတောင်းဘူးဆိုတော့ အဆင်ပြေတယ်လို့ ပြ နေတာပဲ” ရှီမာယူယူသည် ပြောပြီးနောက် စားပွဲမှပျောက်ကွယ်သွားလေသည်။ သူမသည် အသားကင်ကိုပင် ပြီးအောင်မစားလိုက်ရပေ။ အခန်းထဲတွင်ရှိနေ သောဝူလင်းယူသည် ရှီမာယူယူပျောက်သွားသည်ကို ခစားမိသဖြင့် မိုဒိဆန်းကို ဆင်ခြေပေးပြီး ပျောက်သွားလေသည်။
မိုဒိဆန်းသည် သက်ပြင်းချပြီး တံခါးဖွင့်ထွက်လာသည်။ ခန်းမထဲတွင် ပျော်ရွှင်စွာစားသောက်နေသည့် ရှီယူကိုမြင်သည်နှင့် သူ၏နှုတ်ခမ်းများ ကွေး တက်သွားပြီး ပြုံးလေသည်။
အောက်ထပ်တွင် အသားကင်နဲ့ ရင်ဆိုင်နေသည့် ရှီယူသည် သူ့အကြည့် ကိုခံစားမိသည်။ သူမသည် ခေါင်းမော့ကြည့်ပြီး လက်ယက်ကာ ဆင်းလာပြီး စားရန်ခေါ်လိုက်သည်။
ရှီမာယူယူသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ကြီးမားသောခန်းမကြီး တစ်ခုတွင်ပေါ်လာသည်။ သူမပေါ်လာသည်မှာ တစ်ခဏအတွင်းဖြစ်သည်။ ပြီးနောက် ရှောင်ချီကိုဆွဲကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သူမ ပြန်ပေါ်လာချိန်တွင် လက်ဖက်ရည်ဆိုင်၏ ဒုတိယအထပ်သို့ရောက်နေပြီ ဖြစ်သည်။
ပြီးနောက် ၁၁ လေး အစကရပ်နေသည့်နေရာတွင် သူမမရှိတော့ဘဲ အပေါက်တစ်ပေါက်သာ ကျန်ခဲ့တော့လေသည်။
တိုက်ခိုက်သူသည် ဆိုးသွမ်းစွာရယ်မောပြီး ပြောလိုက်သည် “ဟား အသွင်ပြောင်းဝိညာဉ်သားရဲလောက်ကများ စီနီယာကို ရာရာစစ ရန်လာစရဲ တယ်ပေါ့လေ.. ဒီဘဝတော့ သေပြီပဲ.. နောက်ဘဝမှ..”
သူ စကားဆုံးအောင်မပြောခင်မှာပင် စကားလုံးများသည် လည်ချောင်း တွင်တစ်သွားကာ ၁၁ လေးကို ရှီမာယူယူချီခေါ်သွားသည်ကို မြင်လိုက်ရသည်။
“မင်းက ဘယ်သူလဲ” ထိုလူသည် ရှီမာယူယူအား သတိရှိရှိကြည့်ရင်း မေး လို်ကသည်။
အားလုံးသည် တိုက်ပွဲဖြစ်တော့မည်ကို မြင်ကြသည်နှင့် ထရပ်ကြသည်။
“ယူယူ” ရှောင်ချီနှင့် ကံကောင်းလေးတို့သည် ရှီမာယူယူအား မြင် သည်နှင့် သူမဘေးသို့ပျံလာကြသည်။ ဝူလင်းယူသည်လည်း သူတို့ဘေးတွင် ပေါ်လာသည်။
“ကဲပါ ငိုမနေကြနဲ့တော့” ရှီမာယူယူသည် ၁၁ လေးကိုချကာ ဆောင့် ကြောင့်ထိုင်ပြီး သူမမျက်နှာမှ မျက်ရည်များကို သုတ်ပေးနေသည်။
၁၁ လေးသည် ယနေ့သေတော့မည်ဟု ထင်ထားသဖြင့် ကြောက်လန့် တကြားအော်ငိုလေသည်။ ရှီမာယူယူ လာသည်ကိုမြင်သည်နှင့် သူမ လက်ဆန့် ထုတ်ကာ သူမ၏လည်တိုင်အားသိုင်းဖက်ပြီး အော်ဟစ်လေသည် “၁၀ လေး ငါ သေတော့မလို့ ရွှတ် ရွှတ်”
“မကြောက်နဲ့ မမကြီးနဲ့ မမခင်ပွန်းတို့ ရောက်လာပြီ.. အခု နင့်ကို ဘယ်သူ မှအနိုင်မကျင့်ရဲတော့ဘူး” ရှီမာယူယူသည် သူမ၏ကျောပြင်အား ပုတ်ပေးရင်း နှစ်သိမ့်ပေးလေသည်။ ၁၁ လေးသည် သေတော့မလိုဖြစ်သွားသဖြင့် အလွန် အမင်းကြောက်ရွံ့သွားကာ သူမကိုမလွှတ်တော့ပေ။ ရှီမာယူယူသည် မတတ် သာတော့ဘဲ သူမကို ချီလိုက်သည်။ ၁၁ လေးသည် သူမ၏ပခုံးပေါ်တွင် မှီပြီး ထိန်းမနိုင်သိမ်းမနိုင်ငိုလေသည်။
“ဘာဖြစ်တာလဲ” ဝူလင်းယူ မေးလေသည်။
ကံကောင်းလေးသည် ရယ်သွမ်းနေသောလူကို လက်ညှိုးထိုးပြီး စောဒက တက်လေသည် “သူတို့တွေက မမကြီးကို မကောင်းပြောနေကြတာ.. မမက တစ္ဆေမျိုးနွယ်ဝင်ဖြစ်လို့ တစ္ဆေလောကကို ပြန်သင့်တယ်တဲ့ မဟုတ်ရင် သူမက လူသားလောကရဲ့ လေကိုညစ်ညမ်းစေတယ်တဲ့”
***