← Chapters

လျှို့ဝှက်သိုင်းကျမ်းအား ခိုးယူခြင်း

Vol. 3 Ch. 35

လျှို့ဝှက်သိုင်းကျမ်းအား ခိုးယူခြင်း

Vol. 3 Ch. 35

သူတို့ သဘောတူညီထားခဲ့သည့် ဆယ်ရက်မြောက်နေ့ မွန်းတည့်ချိန်တွင် ဟန်လိက လီဖေးယွီနှင့် တွေ့ဆုံရန် နတ်ဘုရားလက်တောင်ကြားမှ ခိုးထွက်လာခဲ့သည်။

အမှန်တကယ်၌ ဟန်လိက ကြိုးစားလျှင်ပင် ခိုးထွက်နိုင်ခြင်းရှိလိမ့်မည် မဟုတ်ပေ။ သမားတော်မော့က ဟန်လိ၏ လှုပ်ရှားမှုတိုင်းကို သတိပြုမိသော်လည်း ကန့်သတ်ချက်မရှိ လွတ်လပ်ခွင့်ပေးထားခြင်းသာ ဖြစ်သည်။

အစောပိုင်း၌ သူရရှိခဲ့သည့် လွတ်လပ်မှုနှင့် ပတ်သတ်ပြီး ဟန်လိက သမားတော်မော့၏ ရည်ရွယ်ချက်ကို သံသယဖြစ်ခဲ့သော်လည်း တောင်ကြားမှ အကြိမ်ကြိမ် ခိုးထွက်ခဲ့သော်လည်း သူ၏ လှုပ်ရှားမှုကို ခြေရာခံခြင်းခံရမည့် မည်သည့် လက္ခဏာတို့ကိုမှ မမြင်တွေ့ရသည့်အခါ ဟန်လိက စိတ်သက်သာရာရလာခဲ့သည်။ သူက စိတ်ချလက်ချနှင့် နတ်ဘုရားလက်တောင်ကြားအတွင်း သူ၏ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

အချိန်အတော်ကြာတွေးတောပြီးနောက် ဟန်လိသည် သမားတော်မော့က သူ့ကို မည်သည့်အတွက်ကြောင့် ထိုမျှထိ လွတ်လပ်မှုများ ပေးထားရကြောင်း တဖြေးဖြေး စဥ်းစားမိလာသည်။

သမားတော်မော့က စိတ်ရှည်သည်းခံ၍ ဟန်လိ၏ လုပ်ချင်သည့်အရာများကို လုပ်ခွင့်ပြုထားခြင်း နောက်ကွယ်၌ အကြောင်းရင်း ရှိပေသည်။

သမားတော်မော့က ဝှက်ဖဲနှစ်ခုဖြစ်သော ပိုးမွှားအလောင်းကောင်ဆေးလုံးနှင့် သူ့မိသားစုအသက်ဖြင့် ဟန်လိကို ခြိမ်းခြောက်ထားသော်လည်း သူသည် ထိုနည်းလမ်းမျှဖြင့် သူ့တပည့်ကို အပြည့်အဝထိန်းချုပ်မထားနိုင်သည့်အား သိရှိထားသည်။ ဟန်လိသည် သူ့နှလုံးသားအတွင်း ကလဲ့စားချေလိုစိတ်ကိုသာ ခံစားရလိမ့်မည်ဖြစ်သည့်အတွက် သူ၏ ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သမားတော်မော့က သူ၏ လွတ်လပ်မှုတို့ကို ကန့်သတ်မထားပါလျှင် ဟန်လိက ဖိနှိပ်ခံရခြင်း သို့မဟုတ် နှလုံးသားထဲ၌ အရိပ်ဖုံးလွှမ်းနေခြင်းကို ခံစားမိလိမ်တော့မည် မဟုတ်ချေ။ အဆုံးမှာတော့ သမားတော်မော့က ဟန်လိကို ထာဝရနွေဦးကျင့်စဥ်အား ကျင့်ကြံစေလိုလျှင်ပင် သူက ဟန်လိကို ချည်နှောင်၍ ဓားသွားအောက်၌ အတင်းအကျပ် ကျင့်ကြံခိုင်းစေရန် နည်းလမ်းမရှိပေ။

ဟန်လိက အကြောင်းရင်းကို ရှာဖွေပြီးနောက် သူ၏ သတ္တိက ပိုမိုကြီးမားလာသည်။ ယခင်က သူသည် သမားတော်မော့ သတိမထားမိစေဘဲ တောင်ကြားမှ ခိုးထွက်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ သို့သော် ယခုတွင် သူက ခန့်ညားထည်ဝါစွာဖြင့် တောင်ကြားမှ လမ်းလျှောက် ထွက်လာခဲ့ပေသည်။

အပေါ်ယံတွင် ဟန်လိက သမားတော်မော့၏ ခိုးကြောင်ခိုးဝှက် ထောက်လှမ်းစုံစမ်းခြင်းနှင့် ပတ်သတ်၍ မည်သည့် အနှောက်အယှက်မှ မဖြစ်ပုံရသော်လည်း အမှန်တွင် သူက သူ၏ အကြံအစည်များကို မဖော်ထုတ်မိစေရန် အလွန် သတိထားနေခဲ့သည်။

သူ တောင်ကြားမှ လမ်းလျှောက်ထွက်လာပြီးနောက် ဟန်လိက ထာဝရနွေဦးကျင့်စဥ်ကို အသက်သွင်းလိုက်ပြီး သူ၏ အာရုံစူးစိုက်နိုင်မှုကို အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။ သူ၏ မြှင့်တင်ထားသော အာရုံခံနိုင်စွမ်းသည် မီတာသုံးဆယ်အကွာအဝေးအတွင်းရှိ မည်သည့်သက်ရှိကိုမဆို အာရုံခံနိုင်စွမ်းရှိပေသည်။

ဟန်လိသည် သမားတော်မော့က သူ့အား တိတ်တိတ်လေး စောင့်ကြည့်နေလျှင်ပင် သမားတော်မော့က သူ၏ တန်ပြန်ထောက်လှမ်းခြင်းမှ လွတ်မြောက်ရန် နည်းလမ်းမရှိနိုင်ဟု ယုံကြည်ပေသည်။

ဟန်လိသည် သမားတော်မော့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင် အနိုင်ရရန် မဖြစ်နိုင်သည်ကို သိရှိသော်လည်း သူ၏ အာရုံငါးပါးက သမားတော်မော့၏ ကိုယ်ပိုင်အာရုံခံစားချက်များထက် သာလွန်ကြောင်း ယုံကြည်ချက်ရှိပေသည်။

အချိန်တချို့ လမ်းလျှောက်ပြီးနောက် ဟန်လိသည် သူနှင့် လီဖေးယွီတို့ ပုန်းအောင်းရာ တောင်ကျစမ်းချောင်းလေး ရှိသည့်နေရာသို့ ဂရုတစိုက် ဝင်ရောက်လာခဲ့သည်။

သူ ရောက်သည့်အချိန်တွင် ဟန်လိသည် လီဖေးယွီက ရောက်နှင့်နေပြီးဖြစ်ကာ စမ်းချောင်းလေး၏ ဘေးတွင် ထိုင်နေကြောင်း သတိပြုမိလိုက်သည်။

လီဖေးယွီက ခေါင်းကို ငုံ့ထားကာ ခြေဗလာဖြင့် အေးစက်သောရေများထဲ စိမ်ကာ ဆော့ကစားနေသည်။

'ပတောက်.. ပတောက်..' သူက ခြေထောက်ကို ရေမျက်နှာပြင်အထက်၌ ရှပ်ကန်နေပြီး ရေပြင်ထက်တွင် လှိုင်းသေးသေးလေးများ ​ဖြစ်ပေါ်လာစေ၏။ လီဖေးယွီသည် သူ၏ ထူးထူးခြားခြား ကလေးဆန်သော အပြုအမူများနှင့် ကလေးဆန်မှုထဲ နစ်မြုပ်နေခဲ့သည်။

လီဖေးယွီက ဟန်လိ ဝင်လာသည့်အသံကို ကြားသောအခါ လှည့်ပင်ကြည့်မလာဘဲ တိုက်ရိုက်ပင် မကျေမနပ်ညည်းညူလိုက်သည်။ "ဂျူနီယာတပည့်ဟန် မင်းက ကျုပ်တို့တွေ့တဲ့အချိန်မှာ ပိုပိုပြီးနောက်ကျတတ်လာတယ်နော်။ ကျုပ်တို့ တွေ့တဲ့အချိန်တိုင်း အမြဲ နေ့တစ်ဝက်လောက် စောင့်ရအောင် လုပ်တယ်။ နည်းနည်းစောစောလေး လာဖို့အတွက် ကြိုးစားပေးလို့မရနိုင်ဘူးလား။"

"တောင်းပန်ပါတယ်။ ကျွန်တော်...." ဟန်လိက သူ့အဝတ်အစားများတွင် ပေ​နေသည့် ဖုန်များကိုခါရင်း ရှင်းပြရန် ကြိုးစားလိုက်သည်။

"ဒါကိုဖမ်းလိုက်။"

လီဖေးယွီက ဟန်လိ၏ ရှင်းပြချက်ကို ပြီးဆုံးအောင် စောင့်ဆိုင်းမနေဘဲ ကြီးမားသည့် အထုပ်တစ်ခုကို သူ့ထံ ပစ်ပေးလိုက်ပေသည်။

"ဒါက ဘာလဲ။ အရသာရှိတာ တစ်ခုခုလား။" ဟန်လိက မေးလိုက်သော်လည်း သူ အထုပ်ကို မြှောက်ကြည့်လိုက်သည့်အခါ အထဲတွင် မာကျောသည့် အရာဝတ္ထုတို့ ရှိနေသည်ကို ခံစားမိလိုက်သည်။ ၎င်းက စားနိုင်သည့် အစားအသောက်တစ်ခု ဖြစ်ပုံမရပေ။

"မင်းက ဘယ်လိုစားရမလဲဆိုတာပဲသိတယ်။ မင်းပဲ ငါ့ကို မင်းဆီ မျက်တောင်တစ်ခတ်ဓားပညာရပ်အတွက် သိုင်းကျမ်းစာအုပ် ယူလာစေချင်ခဲ့တာ မဟုတ်ဘူးလား။" လီဖေးယွီက ဟန်လိကို စိုက်ကြည့်လိုက်သည်။

" ဘာ... ဒါက ဓားကျမ်းလား။ ခင်ဗျား မှားမပြောမိတာ သေချာရဲ့လား။ ခင်ဗျားရဲ့ ခြံဝန်းထဲက ကျောက်တုံးတစ်တုံးကို အမှတ်တမဲ့ ဆွဲယူလာမိတာ မဟုတ်ဘူးလား။" ဟန်လိက ကြီးမားသည့် အထုပ်ကြီးကို မ,ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာတို့ ဖြစ်ပေါ်လာပေသည်။


"ဟားဟား" လီဖေးယွီက ထိန်းမထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်ချလိုက်တော့သည်။ သူက ကလေးဆန်လှစွာဖြင့် မြေပေါ်တွင် လူးလိမ့်ကာ ရယ်မောနေသည်။

ဟန်လိက လီဖေးယွီကို သံသယဖြစ်စွာနှင့် ကြည့်ပြီးမှ အထုပ်ကြီးကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

ဘန်း...

ဟန်လိက အထုပ်ကြီးကို ခပ်ဖွဖွ ကန်ကြည့်လိုက်ပြီး အသံတစ်ခု ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ အထဲတွင် အမှန်တကယ် စာအုပ်တို့ ရှိနေပုံရသည်။

သူက လီဖေးယွီကို အာရုံမစိုက်တော့ဘဲ အထုပ်ကြီး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချကာ အထဲ၌ မည်သည်တို့ရှိကြောင်း စူးစမ်းရန် လက်ကို အသုံးပြုလိုက်သည်။

ထို့နောက် သူက ချက်ချင်း ရပ်တန့်သွားသည်။ အထုပ်ထဲ၌ မည်သည့်တို့ ရှိနေကြောင်း ခန့်မှန်းနေသည်မှာ အချိန်ဖြုန်းသလို ဖြစ်နေပြီး အလွန် ရူးမိုက်သည့် အပြုအမူ ဖြစ်ပေသည်။

သန့်ရှင်းသည့် အဖြူရောင် လက်တစ်စုံက အထုပ်ကို ချည်နှောင်ထားသော ရှုပ်ထွေးနေသည့် ကြိုးထုံးများကို ဖြည်ရန် ကြိုးစားလိုက်သည်။ သူ့လက်ချောင်းများအားလုံးကို အသုံးပြုပြီး သူက ကြိုးထုံးကို ဖြည်ရန် လုပ်ဆောင်လိုက်သည်။

ဖြောင်း... ဖြောင်း... (လက်ခုပ်တီးသံ)

လက်ဝါးနှစ်ဖက်ရိုက်လိုက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ဟန်လိသည် အထုပ်ကို ချက်ချင်းမဖွင့်သေးဘဲ သေလောက်အောင် ရယ်မောနေသည့် သူ့သူငယ်ချင်း လီဖေးယွီကို လှည့်ကြည့်လိုက်သည်။

မည်သည့်အချိန်ကမှန်း မသိသော်လည်း လီဖေးယွီက ရယ်မောခြင်းကို ရပ်တန့်ကာ သူ့ဖိနပ်များကို စီး​နေခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် သူက ဟန်လိကို ချီးကျူးသည့်အနေဖြင့် သူ့လက်ဖဝါးများ နီရဲနာကျင်လာသည်ကိုပင် ဂရုမစိုက်ဘဲ အပြင်းအထန် လက်ခုပ်တီးနေခဲ့၏။

"တော်လိုက်တာ။ မင်း 'ပိုးသားရစ်နှောင်လက်ဝါး' ကို အသုံးပြုတဲ့ အချိန်တိုင်း အဲဒါက အရမ်းထူးခြားပြောင်မြောက်တာကို တွေ့ရတယ်။ အဲဒီနည်းစနစ်က မင်းတစ်ယောက်တည်းအတွက် တီထွင်ထားသလို ခံစားရတယ်။ ကျုပ်ကို သင်ပေးတဲ့ အချိန်ကနေဆို အချိန်နှစ်လပဲ ကြာသေးတာလေ။" လီဖေးယွီက ဆက်လက်၍ လက်ခုပ်တီးကာ ဟန်လိကို ချီးကျူးလိုက်သည်။

"ကျုပ် အဲဒီနည်းစနစ်ထုတ်သုံးတာကို မြင်ရဖို့အတွက် တမင်သက်သက် ဒီလောက်အထုပ်ကြီးမှာ ကြိုးထုံးတွေချည်ထားတာလို့ မပြောနဲ့နော်။" ဟန်လိက အနည်းငယ် လှုံ့ဆော်ခံရကာ မေးလိုက်သည်။

"သေချာပေါက်မဟုတ်ဘူးပေါ့။ မင်း အထုပ်ကို ဖွင့်လိုက်တဲ့အခါ နားလည်လာလိမ့်မယ်။" လီဖေးယွီ၏ ပြုံးနေသော မျက်နှာထားက ချက်ချင်း လေးနက်သွားသည်။

လီဖေးယွီက မည်သည့်အတွက်ကြောင့် ရုတ်တရက် ထိုအသံမျိုးဖြင့် ပြောသည်ကို စိတ်ရှုပ်ထွေးသွားပြီး သိချင်စိတ်တို့နှင့် ဟန်လိက ထိုအထုပ်ကြီးကို တစ်ဖန်ကြည့်လိုက်သည်။

သူသည် ခေတ္တမျှ တွေးတောနေပြီးနောက် လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်ကာ အထုပ်အတွင်းမှ ပစ္စည်း၏ အစွန်းကို ညင်သာစွာ ညှပ်ယူ၍ အထုပ်ထဲ၌ ပုန်းကွယ်နေသည့်ပစ္စည်းကို ဆွဲထုတ်လိုက်သည်။

"ဒါက...." ဟန်လိ၏ ခေါင်းထက်တွင် ချွေးသီးချွေးပေါက်များ ဖြစ်ပေါ်လာပြီး သူ၏ မျက်လုံးနှစ်လုံးက ကျွတ်ထွက်တော့မတတ် ပြူးကျယ်လာသည်။

"ဘယ်လိုလဲ။ မင်း လန့်သွားတယ်မလား။" လီဖေးယွီက ဟန်လိထံလျှောက်လာကာ သူ့ပခုံးကို ပုတ်လိုက်သည်။

စကားလုံးများ ပျောက်ဆုံးသွားသည့် ဟန်လိက သူ့ခန္ဓာကိုယ်ကို တောင့်တင်းစွာလှည့်၍ လီဖေးယွီအား ကြည့်လိုက်သည်။

"မင်း ဘာလို့ ငါ့ကို အဲဒီလို အကြည့်မျိုးနဲ့ ကြည့်နေရတာလဲ။ ငါ မင်းကို လက်ထပ်လို့ရနိုင်စရာ အကြောင်း မရှိဘူးလေကွာ ဟုတ်တယ်မလား။" လီဖေးယွီက ရယ်မောရင်း ဟန်လိကို စနောက်လိုက်သည်။

လီဖေးယွီ၏ စကားလုံးများကို ကြားပြီးနောက် ဟန်လိ၏ စိတ်များက ရှင်းလင်းလာသည်။

"ကျုပ်တို့ နှစ်ယောက်ကြားမှာ ရှင်းရှင်းလင်းလင်း လုပ်ဖို့တော့ လိုနေပြီ။ အခုချိန်ကနေစပြီး ကျုပ် ခင်ဗျားကို မသိသလို ကျုပ်တို့ အရင်တုန်းကလည်း မတွေ့ဖူးကြဘူး။" ဟန်လိက ဒေါသတကြီး အော်ဟစ်လိုက်သည့်အတွက် သူ့ အသံက ကျယ်လောင်ပြင်းထန်စွာ ထွက်ပေါ်လာသည်။

"ကျုပ် အမြင်တွေပဲ ဝါးနေတာလား ခင်ဗျားပဲ ရူးသွားတာလားတော့ မသိဘူး။ ခင်ဗျား တကယ်ပဲ အထွတ်အထိပ်ခုနစ်ပါးခန်းမထဲက လျှို့ဝှက်သိုင်းကျမ်း တစ်ဝက်လောက်ကို ခိုးလာရဲတယ်လား။ ခင်ဗျားကိုသာ ရှာတွေ့သွားရင် ကျုပ်တို့နှစ်ယောက်လုံး သေတာထက်ဆိုးတဲ့ ကံကြမ္မာကို ခံစားကြရလိမ့်မယ် သိရဲ့လား။" ဟန်လိက သူ့ရှေ့မှ လျှို့ဝှက်သိုင်းကျမ်း အထပ်လိုက်ကြီးကို လက်ညှိုးထိုးရင်း လီဖေးယွီအား ဒေါသတကြီး အော်ဟစ်လိုက်သည်။

သိုင်းကျမ်းများ၏ ဘယ်ဘက်ထောင့် ထိပ်ဖျားတွင် ရွှေရောင်ဖြင့် ရေးသားထားသည့် စာလုံးများ ရှိနေပေသည်။

"အထွတ်အထိပ်ခုနစ်ပါးခန်းမ၊ လျှို့ဝှက်စာကြည့်တိုက်။"

All Chapters