← Chapters

ပုံမှန်မဟုတ်သော လိုအပ်ချက်များ  

Vol. 3 Ch. 39

ပုံမှန်မဟုတ်သော လိုအပ်ချက်များ  

Vol. 3 Ch. 39

သို့သော် ဟန်လိက နောက်ထပ် သူလျှို၏ အသံနှင့် အတော်လေးမရင်းနှီးလှပေ။ သူသည် ယခင်က ထိုကဲ့သို့သော လူမျိုးကို မည်သည့်အခါမှ တွေ့ဖူးခဲ့ခြင်းမရှိချေ။ သို့သော် သူလျှို၏ အသံကို နားထောင်ကာ ဆုံးဖြတ်ရလျှင် သူ့ အသက်က ငယ်ရွယ်ပြီး အသက်နှစ်ဆယ်ခန့်သာ ရှိလိမ့်မည်ဟု ထင်ရပေသည်။

ကံမကောင်းစွာနှင့် သူ၏ အသက်အန္တရာယ်လုံခြုံရေးကြောင့် ဟန်လိက ခိုးမကြည့်ရဲခဲ့ပေ။ သူသည် ထိုလူနှစ်ယောက်က သူ၏ ခိုးကြောင်ခိုးဝှက်အကြည့်ကို ထောက်လှမ်းနိုင်သော သိုင်းစွမ်းရည်ကို ​လေ့ကျင့်ထားကာ သူတို့အနီး၌ အပြင်လူရှိနေသည်အား သတိပြုမိသွားမည်ကို စိုးရွံ့နေခဲ့သည်။ ထိုသို့ဖြစ်ပါက အမြတ်နှင့် အရှုံးက ကာမိလိမ့်မည် မဟုတ်ပေ။

အနည်းငယ် အန္တရာယ်ရှိသည့် အဖြစ်အပျက်ပြီးသည့်နောက် ခရီးလမ်းက အတော်လေး လုံခြုံသွားသည်။

နောက်ဆုံး၌ ဟန်လိက ပုံမှန်ညစာစားချိန် ကျော်သွားမှ အိမ်ပြန်ရောက်လာပေသည်။

အမြဲလိုလိုပင် သမားတော်မော့က လျှို့လျှို့ဝှက်ဝှက်နှင့် သူ့ထံလာရောက်လည်ပတ်ကာ မည်သည့်စိတ်ဝင်စားမှုမှ မရှိသည့် အကြည့်နှင့် ကြည့်နေတတ်သည်။ ဖော်စပ်ထားသည့် ဆေးလုံးအနည်းငယ် ပို့ပေးခြင်းမှအပ သူသည် ပုံမှန်အားဖြင့် ဟန်လိကို ဆန္ဒရှိသလို လုပ်ခွင့်ပေးထားခဲ့၏။

ဟန်လိသည် သမားတော်မော့ ပို့ပေးခဲ့သော ဆေးဝါးများကို သတိမပြုမိသလို ထင်မှတ်ရသည်။ ၎င်းတို့အားလုံးသည် ယခင် သမားတော်မော့ တောင်ပေါ်မှ ထွက်ခွာစဥ်အချိန်က ရှာဖွေစုဆောင်းခဲ့သော ရှားပါးဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထားခြင်း ဖြစ်သည်။ ဟန်လိသည် သမားတော်မော့က သူ့အပေါ်ထားသည့် မျှော်လင့်ချက်တို့အား စွန့်ပစ်လိုက်ပြီး အခြားမကောင်းသော အကြံအစည်တို့ စတင်ကြံစည်နေသည်ဟု ယုံကြည်ထားပေသည်။

ယခု ဟန်လိက သမားတော်မော့ ပို့ပေးသည့် အဖိုးတန်ဆေးများနှင့် ပတ်သက်၍ အပြည့်အဝ လျစ်လျူရှုထားခဲ့သည်။ သို့သော် သမားတော်မော့၏ သံသယဝင်ခံရခြင်းမှ ရှောင်ကြဥ်ရန် သူသည် ဆေးများအား နှာခေါင်းပိတ် မြိုချပစ်ခဲ့ပေသည်။

သူသည် ဆေးများတွင် အဆိပ်ပါဝင်နေမည်ဟူသည့် သံသယကို အဝေးသို့ ပစ်ထုတ်ထားလိုက်သည်။ လက်ရှိတွင် သမားတော်မော့က ဟန်လိကို ထိခိုက်စေပါက သူလည်း ထိခိုက်ရလိမ့်မည်သာ ​ဖြစ်သည်။

ဝံပုလွေရိုင်းဂိုဏ်း၏ သူလျှိုများထံမှ ကြားခဲ့ရသည်နှင့် ပတ်သတ်၍ သူသည် အိမ်အပြန်လမ်း၌ ထိုသူတို့နှင့် ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းကို တွေးထားခဲ့ပြီး ဖြစ်သည်။

သူသည် ချီးရွှမ်ဂိုဏ်းအပေါ် နက်ရှိုင်းသည့် တွယ်တာမှုမျိုး မရှိသော်လည်း သူက အတွင်းတပည့်ဖြစ်လာရန် လမ်းတစ်ဝက်၌ ရှိနေပေသည်။ သူ၏ မျက်စိရှေ့၌ ချီးရွှမ်ဂိုဏ်းက ထိခိုက်စေမည့် အရေးကိစ္စကြုံတွေ့ရမည်ကို မည်သို့ အပြည့်အဝ လျစ်လျူရှုထားနိုင်ပါမည်နည်း။

သူသည် ဤအရေးကိစ္စကို ဖြေရှင်းရန် အကောင်းဆုံး ရွေးချယ်ခံအဖြစ် ကျော်ကြားလှသည့် စီနီယာတပည့်လီ၊ လီဖေးယွီကို ရွေးချယ်လိုက်သည်မှာ အကောင်းဆုံးဖြစ်ကြောင်း သိရှိပေသည်။

ဟန်လိ၏ စူးစမ်းလေ့လာမှုအရ လီဖေးယွီက အဆီအနှစ်ထုတ်ဖော်ခြင်းဆေးလုံးကို ဝါးမြိုရခြင်းမှာ သာမန်လူတစ်ယောက်ထက် ပိုမိုကြီးမားသော အာရုံစိုက်မှုကို လိုချင်သောကြောင့် ဖြစ်ပြီး ထိုကဲ့သို့သော လူမျိုးက သေးငယ်သော ရည်မှန်းချက်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။ သူသည် အမြဲတမ်း ချီးရွှမ်ဂိုဏ်း၏ အထက်ပိုင်းဒေသသို့ ဝင်ရောက်ပြီး အာရုံစိုက်မှုများ၏ အလယ်သို့ ရောက်ရှိရန် အိပ်မက်မက်ခဲ့သည်။

ဟန်လိသည် လီဖေးယွီက သူ့ သက်တမ်းက နောက်ဆုံးအခြေအနေသို့ ရောက်​နေပြီဟု တွေးထားသည့်အတွက် ကျော်ကြားမှုကို ပိုမိုလိုချင်တပ်မက်လာခြင်းဖြစ်ကြောင်း သံသယဖြစ်မိပေသည်။

ဟန်လိက လီ​ဖေးယွီကို ချီးရွှမ်ဂိုဏ်းအတွက် ကြီးမားသည့် အကူအညီ လုပ်ဆောင်ပေးနိုင်ရန် ခွင့်ပြုလိုက်ပါက လီဖေးယွီက အဆုံးမရှိစိတ်လှုပ်ရှားနေမည်မှာ အသေအချာပင် ဖြစ်သည်။ ဤနည်းလမ်းဖြင့် ဟန်လိသည် လီဖေးယွီက သူ့အတွက် ဓားသိုင်းကျမ်းခိုးယူလာပေးသည့် ကျေးဇူးကို ပြန်ဆပ်နိုင်မည် ဖြစ်သည်။

မျက်တောင်တစ်ခတ်ဓားပညာရပ်ကို တွေးမိသည့်အခါ လီဖေးယွီက စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

ဟန်လိသည် မျက်တောင်တစ်ခတ်ဓားပညာရပ်နှင့် ပတ်သတ်၍ သူ့သူငယ်ချင်းကောင်းအား အလိမ်အညာပြောခဲ့ခြင်း မဟုတ်ပေ။ ဤဓားပညာရပ်က လီဖေးယွီအတွက် အတော်လေး သင့်တော်ခြင်းမရှိချေ။ သို့သော် ဟန်လိက အသေးစိတ်အချက်အလက်ကို အများကြီး ဖော်ထုတ်မပြောပြခဲ့ခြင်းသာ ဖြစ်သည်။

အသက်ရှင်သန်နိုင်ရန် အရေးကြီးသည့် စည်းမျဥ်းတစ်ခုမှာ သူတို့သည် မည်သူ့ထံမှဖြစ်စေ လျှို့ဝှက်ချက်အနည်းငယ်ကို ထိန်းသိမ်းထားသင့်ခြင်းပင် ဖြစ်သည်။

လီဖေးယွီနှင့် ဟန်လိက နီးကပ်သော ပတ်သတ်မှုမျိုးရှိသော်လည်း ခြွင်းချက်ထားရန်မှာ ခက်ခဲလှသည်။

သို့သော် ဤလျှို့ဝှက်သိုင်းကျမ်းအတွင်း ရေးသားထားသည့် အကြောင်းအရာမှာ သာမန်သိုင်းပညာရပ်များနှင့် အတော်လေး ကွာခြားလှသည်။

ဟန်လိက ၎င်းကို မြင်ပြီးသည့်အခါ ဓားပညာရပ်ထက် ဓားထိုးထွင်းသိဉာဏ်ဟု ခေါ်ခြင်းက ပိုမိုသင့်တော်မည်ဟု ထင်မှတ်မိပေသည်။ ၎င်းသည် ရာသီဥတု၊ အချိန်အခါ၊ နေရာချထားခြင်းနှင့် လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်တို့ကို ပြည့်စုံစွာ ပေါင်းစည်းထားခြင်း ဖြစ်ပြီး ထိုသို့သော စွမ်းရည်မျိုးက မြင်ရခဲပေသည်။ ၎င်းက သန့်စင်သည့် သတ်ဖြတ်ခြင်းစွမ်းရည်တစ်ခုဖြစ်ပြီး ဓားဆွဲထုတ်လိုက်သည်နှင့် သေခြင်းတရားက ရောက်ရှိလာမည် ဖြစ်သည်။

ထိုစာအုပ်သည် မတူညီသော ပတ်ဝန်းကျင်၊ အချိန်အခါနှင့် လျှို့ဝှက်ဓားစွမ်းရည်ကို မည်သို့ အသုံးချရမည်အား ဖော်ပြထားသည်။ ၎င်းတို့အားလုံးသည် ရန်သူကို တစ်ချက်တည်း သတ်ပစ်နိုင်သည့် သတ်ဖြတ်ခြင်းနည်းစနစ်များ ဖြစ်လေသည်။

သိုင်းကျမ်းများသည် ထိုဓားစွမ်းရည်ကို သင်ယူသည့် လူတိုင်းအား မြေပြင်ပေါ်ရှိ သစ်ပင်နှင့် မြက်ပင်တိုင်းနှင့် အလင်းတန်းများ၏ ပြင်းထန်မှု ရှုထောင့်ကို အသုံးပြုပြီး ပြိုင်ဘက်၏ အမြင်ကို ကွယ်သွားအောင် လုပ်ဆောင်နိုင်ရန် သင်ကြားပေးပေသည်။ ၎င်းသည် ပြိုင်ဘက်အား ထိုအချိန်အတောအတွင်း အားနည်းသွားအောင် လုပ်ဆောင်နိုင်ပြီး အသုံးပြုသူက ထိုအခြေအနေအား အခွင့်အရေးယူကာ ပြိုင်ဘက်များအား ချက်ချင်း သတ်ဖြတ်နိုင်သည်။

၎င်းသည် အာရုံစူးစိုက်မှုနှင့် ကျွမ်းကျင်မှုစွမ်းရည်များစွာ လိုအပ်သော လျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်တစ်ခုဖြစ်သည်။ အရည်အချင်း အနည်းငယ်မှ မရှိဘဲ ဤဓားစွမ်းရည်ကို နားလည်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်ကို လေ့ကျင့်လိုသူသည် အာရုံငါးပါး၌ အားကောင်းရမည် ဖြစ်သည်။ သူတို့၏ အမြင်အာရုံနှင့် အကြားအာရုံတို့က သာမန်လူများထက် အများကြီး သာလွန်ကောင်းမွန်ရမည်ဖြစ်ကာ သို့မှသာ အောင်မြင်မှုအနည်းငယ်ရရှိနိုင်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။

အစောပိုင်းက ရည်ညွှန်းခဲ့သော အခြေအနေများ ပြည့်စုံနေမှသာလျှင် လေ့ကျင့်ရန် ဖြစ်နိုင်မည် ဖြစ်သောကြောင့် အခြေခံလိုအပ်ချက်ကို ပြည့်မီသည့် တပည့်အနည်းငယ်က မျက်တောင်တစ်ခတ်ဓားပညာရပ်၏ ကြောက်မက်ဖွယ် စွမ်းအားကို လိုချင်တပ်မက်ပြီး လေ့ကျင့်ရန် ချက်ချင်း ရွေးချယ်ကြလိမ့်မည် ဖြစ်သည်။

သို့သော် ဓားပညာရပ်ကို ကျွမ်းကျင်ရန်မှာ အားထုတ်မှုများစွာ လုပ်ဆောင်ရန် လိုအပ်ပေသည်။ ထို့ပြင် လိုအပ်ချက်များကလည်း အလွန် တင်းကျပ်သေးသည်။ ထို့ပြင် ဤလျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်ကို လေ့ကျင့်မည့်သူက အတွင်းအား ပိုင်ဆိုင်ထား၍ မရနိုင်ပေ။ မဟုတ်လျှင် ထိုနည်းစနစ်ကို ထုတ်ဖော်အသုံးပြုရန် ကြိုးစားသည့်အခါ သူတို့၏ ခန္ဓာကိုယ်သည် အတွင်းချီ ရှုပ်ထွေးမှုကြောင့် နာကျင်စွာ ခံစားရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ထိုဓားသိုင်းအား လေ့ကျင့်ရန် အတော်လေး ခက်ခဲအောင် ပြုလုပ်နေသည်။

စစ်မှန်သောချီရှိသည့် တစ်စုံတစ်ယောက်က လုံလောက်အောင် ကံကောင်းပြီး အောင်မြင်သွားလျှင်ပင် တိုက်ပွဲဝင်သည့် အချိန်အတောအတွင်း စစ်မှန်သောချီများ အလွန် ပြင်းထန်ပါက ထိုဓားနည်းဗျူဟာသည် မသိလိုက်မသိဘာသာနှင့် အခြေခံဖွဲ့စည်းပုံပျက်စီးသွားမည် ဖြစ်သည်။ ထိုသိုင်းကွက်ပုံစံလွဲချော်သွားခြင်းက ပြိုင်ဘက်အပေါ် အရေးသာမှုရယူရန်အတွက် ကြီးမားသည့် ကွာခြားမှုဖြစ်လာစေပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုးပင် ဆိုက်ရောက်သွားနိုင်သည်။

ထိုလိုအပ်ချက်များသည် အခြေခံအားဖြင့် ဤနည်းစနစ်ကို လေ့ကျင့်ရန် ကြိုးစားသူအများစုကို ဖယ်ထုတ်ပစ်လိုက်သည်။ ကျန်းဟူတွင် ပြောကြသည့် စကားတစ်ခွန်းရှိသည်။ 'လက်သီးကို လေ့ကျင့်ရန် အတွင်းစွမ်းအားကို လျစ်လျူရှုခြင်းက အဆုံးသတ်၌  တစ်စုံတစ်ယောက်၏ အားထုတ်မှုကို အချည်းနှီးဖြစ်စေလိမ့်မည်' ဟု ဖြစ်သည်။

အတွင်းအားကို မလေ့ကျင့်ခြင်းမှာ ကြီးမားသော တားမြစ်ချက် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့၏ စစ်မှန်သော ချီစွမ်းအားကို စွန့်ပစ်ပြီး ဖွင့်ဆိုရှင်းပြ၍ မရနိုင်သော ဓားပညာဖြင့် သူတို့၏ အမည်ကို ပျံ့နှံ့စေရန်မှာ ကျန်းဟူအတွင်း ရယ်မောစရာဟာသ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် အနည်းငယ်မျှသော လူများကသာ ထိုနည်းစနစ်ကို ဆက်လက်လေ့ကျင့်ရန် ဆန္ဒရှိကြပေသည်။

သို့သော် ထိုလူများက အရည်အချင်းပြည့်ဝပြီး စစ်မှန်သောချီကို စွန့်ပစ်နိုင်စွမ်းရှိလျှင်ပင် နောက်ဆုံး ခက်ခဲသည့် အတားအဆီးတို့က သူတို့၏ ထိုလမ်းကြောင်းကို ဆက်လျှောက်လိုသည့် ရည်ရွယ်ချက်ကို ပပျောက်အောင် လုပ်ဆောင်လိမ့်မည်သာ ဖြစ်သည်။

နောက်ဆုံးအတားအဆီးသည် မျက်တောင်တစ်ခတ်ဓားပညာရပ်၏ အလွန်အမင်းရှုပ်ထွေးသော သဘာဝဖြစ်ပြီး ဓားသိုင်းကျမ်းအတွင်းမှ ဓားချက်တစ်ခုချင်းစီ၏ တိကျသော အခြေအနေအပြောင်းအလဲများကို မှတ်မိသိရှိနိုင်မှသာ ထိုဓားသိုင်းကို အောင်မြင်စွာ ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။

ထိုမျှ ထူထဲသည့် သိုင်းကျမ်းများ၏ များပြားလှသော အရေအတွက်ကို မြင်သည့် သာမန်လူတစ်ယောက်သည် အကြည့်တစ်ချက်နှင့် ခြိမ်းခြောက်မှုကို ခံစားရနိုင်ပေသည်။

ဓားသိုင်းကျမ်းတစ်ခုချင်းစီသည် ဓားချက်တစ်ခုစီကို ကိုယ်စားပြုပြီး ဓားချက်တစ်ခုချင်းစီက ဓားသဏ္ဌာန်ပေါင်း ရာချီအဖြစ် ခွဲထွက်နိုင်သည်။ မတူညီသော ပတ်ဝန်းကျင်နှင့် မတူညီသော အချိန်အခါတွင် ထုတ်ဖော်အသုံးပြုရန် ဓားချက်တစ်ချက်ချင်းစီကို ဂရုတစိုက်ရွေးချယ်ရမည် ဖြစ်သည်။ မျက်တောင်တစ်ခတ်ဓားပညာရပ်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ရန် မတူညီသော အခြေအနေတိုင်း၌ မတူညီသော ဓားချက်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိရမည်ဖြစ်သည်။

ထိုမျှများပြားလှသည့် ဓားစွမ်းရည်အရေအတွက်မှာ လေ့ကျင့်ရန်မဆိုထားနှင့် မြင်ရုံနှင့်ပင် တစ်စုံတစ်ယောက်ကို ခေါင်းကိုက်အောင် လုပ်နိုင်စွမ်းရှိပေသည်။ ယင်းသည် ဓားချက်တိုင်း၏ ပုံသဏ္ဌာန်နှင့် လှုပ်ရှားမှုများကို အပြည့်အဝ နားလည်သဘောပေါက်ကာ မှတ်သားထားရန်လည်း လိုအပ်သည်။

ယခင်က ဖော်ပြခဲ့သည့် ပုံမှန်မဟုတ်သော လိုအပ်ချက်များက တက်ကြွနေသည့် မရေတွက်နိုင်သော တပည့်ပေါင်းများစွာကို ဟန့်တားပိတ်ပင်ထားခဲ့ပြီး သူတို့က ထိုဓားပညာရပ်အား တီထွင်ခဲ့သည့် စီနီယာကို စိတ်ထဲမှ အဆုံးမဲ့ကျိန်ဆဲရန်သာ တတ်နိုင်ကြပေသည်။

အချိန်အတော်ကြာသွားပြီးနောက် ချီးရွှမ်ဂိုဏ်းမှ တပည့်များက ထိုဓားပညာရပ်အပေါ် စိတ်ပါဝင်စားမှုများ ပျောက်ဆုံးသွားခဲ့ကြပေသည်။ ဤသိုင်းပညာကို တစ်စုံတစ်ယောက်က ကျင့်ကြံရန် မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြပြီး တပည့်များက ထိုစီနီယာသည် သေမင်းတံခါးဝသို့ ရောက်နေသည့်အချိန်၌ ထိုသို့သော အခြေအမြစ်မရှိသည့် သိုင်းပညာကို လုပ်ဇာတ်ခင်းဖန်တီးခဲ့သည်ဟု ယုံကြည်ခဲ့ကြပေသည်။ မဟုတ်လျှင် ဤမျှ အလွန်အကျွံဖြစ်သော လိုအပ်ချက်များ မည်သည့်အတွက်ကြောင့် ရှိလာလိမ့်ပါမည်နည်း။ ဤသည်မှာ မည်သည့်အရာကို ရွေးချယ်သင့်သည်ကို မသိသည့် တပည့်များအတွက် ခက်ခဲစေရန် တမင်တကာ ဖန်တီးထားခြင်း ဖြစ်ရပေမည်။ ရလဒ်အနေနှင့် ဤလျှို့ဝှက်သိုင်းကျမ်းသည် စာအုပ်စင်ပေါ်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ရပြီး မည်သူ့စိတ်ဝင်စားမှုကိုမှ ထပ်မံဆွဲဆောင်နိုင်ခြင်းမရှိတော့ပေ။

All Chapters