ကျိန်စာ၏ စွမ်းပကား
Vol. 55 Ch. 769
ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးအမွှေးတိုင်သည် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ အသွေး၊အသား၊ အဆီမှ သန့်စင်ထားခြင်းဖြစ်၏ ။ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ မသေခင်အခိုက်အတန့်မှ နက်ရှိုင်းသော အငြိုးတရားတို့ကို အစိုင်အခဲဖွဲ့တည်ခြင်းဖြင့် စွမ်းအားကြီးသောကျိန်စာတစ်ခု ပေါ်ပေါက်လာသည်။ မြေပြင်ကို မထိသရွေ့ ၎င်း၏စွမ်းအားသည် သာမန်ဖြစ်၏။သို့သော် ၎င်း မြေပြင်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ကျိန်စာ၏စွမ်းအားသည် ထိုမြေအပေါ်၌မွေးဖွားလာခဲ့သော မည်သည့်သက်ရှိသတ္တဝါအကုန်လုံးအပေါ် သက်ရောက်လိမ့်မည်။
၎င်းတွင် ပျော့ကွက်တစ်ကွက်သာ ရှိသည်၊ သို့သော် အားနည်းချက်ဟု ပြောလျှင် ပိုတိကျလိမ့်မည်။အစစ်အမှန်အင်မော်တယ်၏ အသွေးအသားမှ သန့်စင်ထားသော အငြိုးတရားကို အသုံးပြု၍ မြေကိုကျိန်စာတိုက်ခြင်း ဖြစ်သော်လည်း ကျိန်စာမှာ သိပ်ကြာကြာ ခံမည်မဟုတ်ပေ။ အလွန်ဆုံး မြေမှ ၎င်းအား အလိုအလျောက် သန့်စင်ဖယ်ရှားမပစ်ခင် သုံးလသာ ခံလိမ့်မည်။
ကံဆိုးစွာနှင့် သုံးလသည် တောင်ပိုင်းဒေသရှိ ကျင့်ကြံသူအားလုံး ခြောက်ကပ်ပြီး သေဆုံးသည်အထိအားအင်ချည့်နဲ့သွားရန် လုံလောက်၏။ မသေသွားသူများအတွက် သူတို့၏ကျင့်ကြံခြင်းအခြေခံအဆင့် အလွန်လျော့ကျသွားရလိမ့်မည်။
၎င်းကို သုံးဖို့ အကောင်းဆုံးနည်းလမ်းမှာ စစ်တပ် ရောက်သွားသည့်အခိုက်အတန့်၌ ကျိန်စာသင့်သွားစေခြင်းပင်။ ထို့နောက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသည် မိုးကြိုးတန်းကြီးအလား ထိုးဖောက်ဝင်ရောက်၍ တောင်ပိုင်းဒေသကို လျင်မြန်စွာ မြေလှန်ရှင်းထုတ်နိုင်ပေမည်။
မြောက်ပိုင်းသဲကန္တာရသည် တောင်ပိုင်းဒေသကို ကျူးကျော်မည့် စစ်ပွဲအပေါ်တွင် အလွန်အမင်းအရေးထား၏။ ထို့ကြောင့် အင်ပါယာသွေးဆက်မျိုးနွယ်စုကား မည်သူ့အရာကိုမှ ထိမ်ချန်မထားခဲ့သည့်အပြင် ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးအမွှေးတိုင်၏ နောက်ဆုံးအကြွင်းအကျန်များအနက်မှ တစ်ခုသာမက နှစ်ခုပင် သုံးခဲ့သည်။
အမွှေးတိုင်တစ်တိုင်ကို ပေါ်တင်တိုက်ကွက်အဖြစ်၊ ဒုတိယအတိုင်ကို အလစ်တိုက်ကွက်အဖြစ် သုံးခဲ့လေသည်။ ထိုနည်းပင် .... အမွှေးတိုင်တစ်တိုင်မဟုတ် တစ်တိုင်တော့ တောင်ပိုင်းဒေသ၏မြေအပေါ်ကျသွားစေရန် မျှော်လင့်ထားခြင်းဖြစ်သည်။
မြောက်ပိုင်းသဲကန္တာရတွင် အခွင့်အရေးနှစ်ခုသာ ရှိသည်။
ထို့အပြင် ထိုအခွင့်အရေးနှစ်ခုလုံးမှာလည်း.... အင်ပါယာသွေးဆက်မျိုးနွယ်စု၏ ဆန်းဆန်းပြားပြားရတနာများကြောင့်။
အင်ပါယာသွေးဆက်မျိုးနွယ်စု ... ၎င်း၏မူလဇစ်မြစ်မှာ တောင်ပိုင်းဒေသဟု ခြေရာကောက်ကြည့်နိုင်သည်။ သို့သော် သခင်ကျီ ဂြိုဟ်လေးလုံးအား ပေါင်းစည်း၍ နဝမတောင်၏သခင် ဖြစ်လာသောအခါ အင်ပါယာသွေးဆက်မျိုးနွယ်စုမှာ ဦးချိုးခံခဲ့ရသည်။
မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်ဂိုဏ်းမှာမူ တကယ်တော့ အင်ပါယာသွေးဆက်မျိုးနွယ်စု၏ အခွဲ၊ သွေးဆက်အတူတူ ဖြစ်သည်။ ကွဲပြားသည့်အရာမှာတော့ အင်ပါယာသွေးဆက်၏အတွင်းရေးမိသားစုဇယားအတိုင်း လိုက်နာမည့်အစား ၎င်း၏တည်ဆောက်ပုံက ဂိုဏ်းတစ်ဂိုဏ်းပုံစံဖြစ်နေခြင်းပင်။ ထိုမျှသာမက ၎င်းက အင်အားတိုးမြှင့်ဖို့ အပြင်လူများဝင်ရောက်လာအောင် ဆွဲဆောင်ခဲ့သည်။
ပုံမှန်အခြေအနေအရဆိုလျှင် မြောက်ပိုင်းသဲကန္တာရသည် အရှေ့ဘက်နယ်မြေ၊ ကျီမျိုးနွယ်စု၏ရှေ့မှောက်၌ ဤကဲ့သို့ ဆန်းဆန်းပြားပြားရတနာတစ်ပါးအား သုံးဝံ့မည်မဟုတ်။ တောင်ပိုင်းဒေသပရမ်းပတာ ဖြစ်နေသည့်အချိန်မှာပင် သုံးရဲမည်မဟုတ်ပေ။
သို့သော် ယခုတွင် ... စစ်မှန်သော အင်မော်တယ်ကံတရားက ပေါ်လာခဲ့လေပြီ။ ထိုကာလအတွင်းအင်မော်တယ်ကံတရားအတွက် တိုက်ခိုက်ရင်း ထိပ်ဆုံးတက်လှမ်းနိုင်သော မည်သူမဆို စစ်မှန်သောအင်မော်တယ်အဆင့်တက်လှမ်းခြင်းကို ရရှိနိုင်မည်။ အင်ပါယာသွေးဆက်မျိုးနွယ်စုသည် အထူးနည်းလမ်းတစ်ခုကို အသုံးပြုရင်း အင်မော်တယ်ကံတရား၏ ဇာတိကား .... တောင်ပိုင်းဒေသတွင်ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့လေသည်။
ထို့ကြောင့် သူတို့သည် ယခုလို မိုက်ရူးရဲဆန်စွာဖြင့် တိုက်စစ်ဆင်လာကြခြင်းဖြစ်၏။
လောလောဆယ်တွင် ရှင်သန်ခြင်းနှင်းပန်းအပေါ်ရှိ လူအုပ်ကြီးထံမှ မချိတင်ကဲ အော်သံများ ကြားနေရလေသည်။ ကျင့်ကြံသူသိန်းပေါင်းများစွာ ပါသော ပထမအသုတ်မှာ ခန္ဓာကိုယ်များ ခြောက်ကပ်ပြီးကျင့်ကြံခြင်းအခြေခံများ ကျဆင်းသွားသဖြင့် သွေးပျက်စွာ အော်နေကြသည်။
သူတို့မှာ တောင်ပိုင်းဒေသသို့ ခြေမချခင်ပင် များစွာ ဆုံးရှုံးနေရလေပြီ။ ထိုအခြင်းအရာက ပထမအသုတ်နှင့် လာခဲ့သော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ခေါင်းဆောင်ကြီးလေးဦးကိုဒေါသူပုန်ထသွားစေ၏။
သူတို့၏ မန်ဟို့အပေါ် မုန်းတီးမှုမှာ မြင့်မားသောအတိုင်းအတာသို့ ထိုးတက်သွားလေပြီ။
သို့သော် တောင်ပိုင်းဒေသမှာလည်း အန္တရာယ်တွင်းထဲ ကျရောက်နေဆဲဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးအမွှေးတိုင်မှ မီးခိုးရောင်ထုက လျင်မြန်စွာ ပျံ့နှံ့လာခဲ့ရာ တောင်ပိုင်းဒေသတစ်ခုလုံး ဖုံးလွှမ်းသွားရန် သိပ်ကြာတော့မည်မဟုတ်ပေ။
၎င်းသည် မီးခိုးအရောင်ရင့်ရင့်သမ်းကာ မည်းနက်လုနီးပါး ဖြစ်နေသည်။ မျက်စိတဆုံး မြင်ရနိုင်သော သစ်ပင်ပန်းမန်များ ခြောက်သွေ့သေဆုံးကုန်ကြသည်။ တောရိုင်းတိရစ္ဆာန်များမှာအထိတ်တလန့် အော်ဟစ်ရင်း ထွက်ပြေးဖို့ ကြိုးစားသော်လည်း လျင်မြန်စွာ အားနည်းလာကြပြီးမျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် မြေကြီးပေါ် အတုံးအရုန်း လဲသွားကြသည်။
လေလယ်ရှိ ခေါင်းဆောင်ကြီးစုန့်၏မျက်နှာ ဖြူဆုပ်သွားသည်။ သူသည် မြေကြီးအထက်တွင် ပျံဝဲနေခဲ့သည့်တိုင် သူ၏ခန္ဓာကိုယ်မှာ အနက်ရောင်အခိုးအငွေ့များ ချက်ချင်း ထွက်လာသည်။ စွန်းတောက်၊ လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးနှင့် ကျင်းဟန်ဂိုဏ်းချုပ်တို့လည်း ထိုနည်းတူပင်။
အနက်ရောင်အငွေ့များ လွင့်လူတက်နေစဉ် သူတို့၏အသွေးအသားများ ပုပ်သိုးစပြုလာသည်။ဆေးလုံးမိစ္ဆာလည်း မထူးခြားနား။
“ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးအမွှေးတိုင်...” ဆေးလုံးမိစ္ဆာက ခါးခါးသီးသီးတစ်ချက် ရယ်ကာပြောသည်။ “မြောက်ပိုင်းသဲကန္တာရက ငါတို့တောင်ပိုင်းဒေသကျင့်ကြံသူတွေရဲ့ အုတ်မြစ်ကိုရှင်းလင်းပစ်ချင်တာပဲ။ ဒီကျိန်စာ... တောင်ပိုင်းဒေသကနေ ငါတို့ အမြန်ဆုံး ထွက်ပြေးရင်တောင်မှမထူးတော့ဘူး။ ဒီမြေမှာ မွေးတဲ့ ဘယ်သူမဆို ထွက်ပြေးလို့မရတော့ဘူး ... ဒီကျိန်စာက အစွမ်းထက်လွန်းတယ်” သူ စကားပြောနေသည့်အချိန်မှာပင် သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့များတထောင်းထောင်း ထလာပြီး မီးခိုးရောင်ထုကား ပို၍ဝေးဝေးသို့ ပြန့်ကားသွားလေပြီ။
“ဒီကျိန်စာ ပြန့်မသွားအောင် လုပ်နိုင်လို့ကတော့ .... ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ” ဤအခိုက်အတန့်တွင် ဆေးလုံးမိစ္ဆာသည် ခံပြင်းဝမ်းနည်းနေသော မျက်နှာထားဖြင့် ဒေါသထွက်လွန်း၍ မျက်လုံးများနီရဲလျက်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသော မန်ဟို့ဆီသို့ လှမ်းကြည့်လိုက်၏။ ဆေးလုံးမိစ္ဆာပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ဟိုအာ ... မင်း ... မင်း ကျိန်စာမသင့်ဘူးလား”
မန်ဟို့ခန္ဓာကိုယ်မှ မည်သည့်အခိုးအငွေ့မှ ထွက်မနေ ... စောစောက ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါအမွှေးတိုင် မြေကြီးနှင့် မထိခင်တုန်းက သူ့ကို သက်ရောက်မှုရှိခဲ့၏။ သို့သော် ယခု တောင်ပိုင်းဒေသ ကျိန်စာသင့်သွားပြီဖြစ်ရာ ထိုနေရာတွင် မွေးဖွားခဲ့သူများ သက်ရောက်ရလိမ့်မည်။ သို့သော်မန်ဟိုကား ... နည်းနည်းလေးမှ မသက်ရောက်ခံရပုံပင်။
သူ၏အပြင်အားကိုယ်မှ ဖန်တီးထားခဲ့သော ဒုတိယအစစ်အမှန်ကိုယ်လည်း ထိုနည်းတူဖြစ်သည်။
မန်ဟိုမှာ ဘာကြောင့် သူ ကျိန်စာမသင့်ရသည်လဲ တွေးဖို့ အချိန်မရှိပေ။ သူက မျက်ထောင့်နီကြီးများဖြင့် မြေကြီးအပေါ် ဆင်းသက်လိုက်သည်။ ကျိန်စာကို တား၍မရနိုင်ကြောင်း သူ မြင်နေရသည်၊ကျိန်စာ၏မီးခိုးရောင်ထုလည်း မင်္ဂလာပွဲအခမ်းအနားနေရာအထိ ပြန့်သွားခဲ့ပြီကို သူ မြင်နေရသည်။အကုန်လုံး မီးခိုးရောင်ပြောင်းနေလေပြီ။
မင်္ဂလာပွဲကျင်းပရာနေရာတွင် ကျင့်ကြံသူသိန်းပေါင်းများစွာသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ပေါင်းစည်း၍ လေဆင်နှာမောင်းကို အသည်းအသန် ဖော်ဆောင်ကာ ပြန်တိုက်ခိုက်ရန်ကြိုးစားနေကြသည်။ လေဆင်နှာမောင်း၏ သန့်စင်ခြင်းအစွမ်းက ကျိန်စာ၏စွမ်းအားကိုအတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေခဲ့သော်လည်း ရာနှုန်းပြည့် မပိတ်ဆို့နိုင်ပေ။
အနက်ရောင်အခိုးအငွေ့များကား ကြောက်ခမန်းလိလိ တလိပ်လိပ် တက်လာလေပြီ။
ယခုတွင် မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးယောက်သည် မန်ဟို ကျင့်ကြံသူများ ဝတ်လေ့ဝတ်ထမရှိသော သတို့သားဝတ်ရုံဝတ်ထားသည်ကို သတိထားမိသွားကြ၏။ အဝေးရှိ မင်္ဂလာအဆောင်အယောင်များကိုလည်း မြင်သောအခါ သူတို့ သဘောပေါက်သွားကြတော့သည်။
“တောင်ပိုင်းဒေသ ကျင့်ကြံသူတွေက ဒီကောင်ရဲ့ မင်္ဂလာဆောင်ကို တက်ဖို့ ဒီမှာ စုရုံးနေကြတာလား” တိရစ္ဆာန်အရေခြုံထည်နှင့် အဘိုးကြီးက ပြောသည်။ သူ၏မျက်လုံးများသည် လင်းခနဲ တောက်ပသွား၏။
အသက်သွင်းထားသော အလောင်းများအလား အဘိုးကြီးနှစ်ယောက်က ရက်စက်စွာ ပြုံးလိုက်ကြသည်။ “ကျင့်ကြံသူတစ်ယောက်ရဲ့ ထိမ်းမြားပွဲအတွက် ကျင့်ကြံသူသိန်းပေါင်းများစွာ စုဝေးနေကြတယ်တဲ့” တစ်ယောက်က ပြောသည်။ “မင်္ဂလာပွဲကတော့ သွေးစွန်းဖို့ ကံကြမ္မာပါပြီးသားထင်ပါရဲ့”
“ဟားဟားဟား” လူငယ်က ရယ်သည်။ “သိပ်လှလိုက်တဲ့ အနီရောင်မင်္ဂလာပွဲ”
“ဒါပေမဲ့ သူတို့အားလုံး စုဝေးနေကြတာ ဆိုးလွန်းတယ်။ ပြန့်ကြဲနေလို့ကတော့ ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးရဲ့ အာနိသင်က ဒီထက်ပိုမြန်မြန် ပြန့်နိုင်မှာ။ အခုတော့ ... နည်းနည်း အားနည်းသွားတော့မယ့်ပုံပဲ”
မန်ဟိုက မင်္ဂလာပွဲနေရာသို့ အမြန်ဆုံးပြန်သွားသည်။ သူသည် လေဆင်နှာမောင်းကို ချက်ချင်းဖြတ်၍ ကန်ထဲရှိ ကျွန်းအပေါ်တွင် ပေါ်လာ၏။
ရှုချင်၊ ချူယွီယန်နှင့် ကျန်ရှိသူများအားလုံး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို လေဆင်နှာမောင်းထဲ စီးဆင်းစေရင်း ကျိန်စာအား ပြန်တိုက်ခိုက်နေကြသည်။
ရှုချင်မှာ အထူးသဖြင့် တုန်ရီနေသည်။ သူမ၏ သူမတူသော အခြေအနေကြောင့် ... ကျိန်စာ၏သက်ရောက်မှုက သူမအတွက် အခြားသူများထက် ပိုမိုဆိုးရွားလေသည်။
မန်ဟို၏ မျက်ဝန်းများသည် ရှုချင်ကို မြင်လိုက်လျှင်ချင်း ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်သွားသည်။ သူက ညာလက်ကို ဆန့်ထုတ်ပြီး မြေကြီးအပေါ် အားပြင်းပြင်း ရိုက်ချလိုက်၏။ သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့်(၄) ကား ချက်ချင်း လှုပ်ရှားလာလေပြီ။
သွေး သို့မဟုတ် ကျင့်ကြံခြင်းအခြေခံတို့ကို စုပ်ယူမည့်အစား .... သူသည် ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါး၏ ကျိန်စာစွမ်းအားကို စုပ်ယူဖို့ သွေးမိစ္ဆာမဟာမှော်သိုင်းကို အသုံးပြုမည်ဖြစ်၏။
အလုပ်ဖြစ်ပါ့မလား မန်ဟို မသေချာ။ သို့သော် တခြားလည်း မတွေးတတ်တော့။ မြောက်ပိုင်းသဲကန္တာရသည် သူ၏မင်္ဂလာဆောင်မည့်နေ့မှာမှ ကျူးကျော်လာခဲ့၏။ ပျော်ရွှင်ကြည်နူးဖွယ် အခါသမယကား အသက်မဲ့ခဲ့လေပြီ။ သူ လုံးဝ လက်မခံနိုင်။
သူ့နှလုံးသားမှာ တုန်ယင်နေသလို သူလည်း ရူးပေတော့မည်။ သွေးမိစ္ဆာမဟာမှော်သိုင်း လျင်မြန်စွာလည်လာသည်နှင့်အမျှ ရွှေဝဲကြီးက သူ့ကို လွှမ်းခြုံကာ ကျွန်းတစ်ကျွန်းလုံး၊ ကန်တစ်ကန်လုံး လှုပ်ခါလာသည်။
ဝဲကြီးသည် တဟူးဟူး လည်နေရာ ကန်ရေများကိုလည်း လည်လာစေသည်။ သို့သော် ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးကျိန်စာမှာ အရင်ဆုံး သက်ရောက်ခံနေရသော်လည်း ၎င်းကား မန်ဟို့ကိုအဖက်မလုပ်ပုံရသည်။
“ဒီကို လာခဲ့စမ်း” သူက ဟိန်းဟောက်လိုက်သည်။ သူသည် ညာလက်ဝါးကို ဆွဲဖြဲရာ ဟက်တက်ကွဲသွားပြီး နီရဲနေသော သွေးတို့က မြေကြီးအပေါ် တပွက်ပွက် ကျလာသည်။ သွေးတို့ မြေကြီးထဲဝင်ရောက်သွားနှင့်တစ်ပြိုင်နက် သွေးမိစ္ဆာမဟာမှော်သိုင်း၏အမြန်နှုန်းကား ထိပ်ဆုံးရောက်သွားလေပြီ။ နောက်ဆုံးတွင် ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးကျိန်စာမှာ သက်ရောက်ခံလိုက်ရပြီး သူ့အနား ကပ်လာ၏။ သို့သော် ... နှေးလွန်းနေသည်။
“ဒုတိယကိုယ်အစစ်” သူက လှမ်းခေါ်လိုက်သည်။ သူ၏ဒုတိယကိုယ်အစစ်သည် အပေါ်မှ ထိုးဆင်းလာပြီး သူ့အနားတွင် ဆင်းသက်လိုက်၏။ သူက တင်ပျဉ်ခွေထိုင်ပြီးနောက် ညာလက်ကို ဆန့်ထုတ်ကာ မန်ဟို့၏ကျောအလယ်တည့်တည့်တွင် တင်လိုက်သည်။
ဒုတိယကိုယ်အစစ်ထံမှ စွမ်းအားနှင့် သူ၏ကိုယ်ပိုင်စွမ်းအားကို ပေါင်းစည်းခြင်းဖြင့် မန်ဟိုသည်သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့်(၄)ကို ပို၍မြန်ဆန်စွာ တွန်းပို့လိုက်နိုင်သည်။
ဂျိန်း
၎င်းသည် ရေစက်တစ်စက် ဒယ်အိုးပူပူမပေါ် ကျသွားသကဲ့သို့ပင်။ ကန်ရေများက မန်ဟို့ကိုအလယ်ဗဟိုတွင်ထား၍ ဆူပွက်လာသည်။ မြေတစ်လျှောက် စိုးမိုးနေသော ခြောက်သွေ့ငရဲကျိန်စာစွမ်းအားသည် မန်ဟို့ဆီ စီးဆင်းလာပြီဖြစ်၏။
၎င်းက သူ၏သွေးမှတစ်ဆင့် လက်ဝါးထဲ စီးဆင်းကာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ သူ့မှာချက်ချင်း တုန်ရီလာပြီး ဆံပင်များ ဖြူလာ၏။ မြောက်မြားစွာသော ကျိန်စာအစွမ်းတို့ ကိုယ်အတွင်း၌ စုဝေးလာသဖြင့် သူ၏ခန္ဓာကိုယ်သည်လည်း ခြောက်ကပ်စပြုလာသည်။
သူကား ကျိန်စာကို သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွားအောင် ဖိအားပေးနေလေသည်။
မန်ဟို ခြောက်သွေ့ငရဲကျိန်စာကို မြေကြီးထံမှ သန့်စင်ဖို့အတွက် သူ၏ခန္ဓာကိုယ်ကို အသုံးပြုနေစဉ်ထာဝရအလွှာသည် ချက်ချင်း လှုပ်ရှားလာ၏။ မည်သူမှ ဤသို့ လုပ်နိုင်မည်မဟုတ်ပေ။ မန်ဟိုသည်သာ ထာဝရအလွှာကို ပိုင်ဆိုင်ထားသည့်အတွက် ထိုသို့လုပ်ပိုင်ခွင့်ရှိ၏။
ထာဝရအလွှာက ဝုန်းခနဲ သူ၏ခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးလိုက်သည်။ သို့သော် ထိုသို့ဖြစ်သွားသည့်အခါ ပို၍များပြားသော ကျိန်စာစွမ်းအားများက သူ့ကို ခြောက်ကပ်စပြုလာစေသည်။ ဤသို့ဖြင့်ရက်ရက်စက်စက် သံသရာလည်နေ၏။ အသက်ရှိုက်စာ အနည်းငယ်လေးအတွင်း ထာဝရအလွှာကသူ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်အောင် ပြုပြင်ပေးပြီးလေပြီ။
အကုန်လုံး လှုပ်ခါရမ်းနေစဉ် ပတ်ဝန်းကျင်ရှိ မီးခိုးရောင်ထုသည် ... ပြောင်းလဲစပြုလာ၏။ကောင်းကင်ထက်မှ ကြည့်လျှင် မန်ဟိုက တွင်းနက်ကြီးသဖွယ် ကျိန်စာအစွမ်း၏ မီးခိုးရောင်ထုကိုစုပ်ယူကာ မြေပြင်ကို သန့်စင်နေကြောင်း သိသာလေသည်။
မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများမှာလုံးလုံးလျားလျား အံ့ဩမှင်သက်သွားတော့သည်။
“မဖြစ်နိုင်ဘူး”
“သူက ဘယ်သူလဲ။ ဟို တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူက သူ့ကိုယ်ပွားလား”
“သူ့ကို ကျိန်စာမသင့်ဘူးဟ။ တောင်ကောင်းကင်မှာ မွေးဖွားမလာလို့များလား။ သူ့ရဲ့ အပြင်အားကိုယ်က ... ခြောက်သွေ့ငရဲကျိန်စာ မသက်ရောက်နိုင်လောက်အောင် .... တကယ်ပဲ အစွမ်းထက်တာလား”
သူတို့သည် ကျင့်ကြံအားထုတ်ခဲ့သော နှစ်များတစ်လျှောက်လုံး ယခုလို ကျင့်ကြံသူမျိုးနှင့် တစ်ခါမှမဆုံတွေ့ခဲ့ရဖူးပေ။
“လူမဟုတ်ဘူး” သူတို့က အံ့ဩတုန်လှုပ်နေရင်း မန်ဟို့ကို တားရန် ပျံသွားကြသည်။ သိူ့သော်ခေါင်းဆောင်ကြီးစုန့်နှင့် ဆေးလုံးမိစ္ဆာတို့က သူတို့စိတ်တိုင်းကျလုပ်နိုင်အောင် မည်သို့ အလွှတ်ပေးထားနိုင်မည်နည်း။ ယခုတွင် မျှော်လင့်ချက်ရောင်ခြည်ကို မြင်နေရပြီမဟုတ်ပါလော။ စွန်းတောက်၊ကျင်းဟန်ဂိုဏ်းချုပ်နှင့်အတူ လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးတို့သည် လမ်းကိုပိတ်ရန် အစွမ်းကုန်ထုတ်ရင်း ပျံသန်းသွားကြ၏။
ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ ဟိန်းဟောက်လိုက်ကြသည်။ သို့သော် သူတို့သည် မဖောက်ထွက်နိုင်သည့်အတွက် မန်ဟို့အား မတားနိုင်ကြပေ။
မန်ဟို့ခန္ဓာကိုယ်မှာ ခြောက်သွေ့သွားလိုက်၊ အကောင်းအတိုင်း ပြန်ဖြစ်လိုက်နှင့် သိသိသာသာ တုန်ရီနေသည်။ နာကျင်မှု၏ပြင်းထန်ခြင်းက စိတ်ဓာတ်အခိုင်မာဆုံးလူကိုပင် သတိလစ်သွားစေရန်လုံလောက်သည်။
သူသည် အံတင်းတင်းကြိတ်ပြီးနောက်ခေါင်းမာမာဖြင့် ဆက်လက်တောင့်ခံနေ၏။ သို့သော် သူ လှမ်းကြည့်လိုက်သောအခါ ရှုချင်မှာ ယခင်ထက်ပင် ပိုမိုတုန်ရီလျက် ထိုင်နေသည်ကို မြင်လိုက်ရသည်။
“နှေးလွန်းတယ်။ မြန်မြန်လုပ်မှ” သူက ဘယ်လက်ကို မြေကြီးအပေါ် ဖိချလိုက်၏။
ဂျိန်း
ကျိန်စာစွမ်းအားက သူ၏လက်နှစ်ဖက်ဆီသို့ ဝုန်းဒိုင်းကြဲ တိုးဝင်ရင်း သူ၏ခန္ဓာကိုယ်ထဲသို့ တရဟော ဝင်ရောက်လာသည်။
မြေပြင်၏ မီးခိုးရောင်သမ်းနေမှုမှာ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာလေပြီ။
***