← Chapters

အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်

Vol. 90 Ch. 1257

အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်

Vol. 90 Ch. 1257

"ဝိညာဉ်ဖမ်းရွှေရောင်ဓားပြိုင်ဘက်ကင်းခုတ်ချက်"

လီဖူချန်းက သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်ခဲ့ပြီးနောက် ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကလဲ သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်ခဲ့တယ်။

ရွှေရောင်ဧရာမဓားတစ်လက်က ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့ခန္ဓာကိုယ်မှ မြင့်တက်သွားပြီး ကောင်းကင်‌နဲ့မြေကြီးနဲ့ ချိတ်ဆက်သွားတယ်၊ ထို့နောက် ၎င်းက လီဖူချန်းကို ခုတ်ချလိုက်တယ်။

ဒီဓားက အလွန်ဖိနှိပ်ပြီး ကြမ်းတမ်းတယ်။ ဝိညာဉ်ဖမ်းရွှေရောင်ဓားပြိုင်ဘက်ကင်းခုတ်ချက်ဆိုတဲ့ နာမည်အတိုင်းပါပဲ။

ဒီဓားကို မြင်ပြီး ရှင်းလင်းလေဓားနတ်ဘုရားရဲ့အမူအရာက လေးနက်သွားတယ်။ သူသာဆိုရင် ဒီဓားကို တားဆီးနိုင်ဖို့ဆိုတာ မသေချာဘူးလို့ သူ့ရာသူ တွေးခဲ့တယ်။

"လီဖူချန်း ဘယ်လိုခုခံမလဲ"

လူတိုင်းက ဒါကို စဉ်းစားနေတယ်။

ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့အသန်မာဆုံးဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ပြန်ဆုတ်ဖို့ ငြင်းပယ်ခဲ့တယ်၊ သူက မူလအဆုံးစွန်းခုတ်ချက်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့တယ်။

အုန်း အုန်း အုန်း......

ကြယ်တွေပေါက်ကွဲသွားသလို ကြောက်စရာကောင်းတဲ့ဓားချီလှိုင်းတစ်ခုက ပျံ့နှံ့လာပြီး ဦးတည်ဘက်တိုင်းကို ရိုက်ခတ်သွားတယ်။

ဝှစ်.......

အနီးနားရှိပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်က သွေးတစ်ပွက်အန်ကာ ထိတ်လန့်တကြားနောက်ဆုတ်ခဲ့ရတယ်။

လီဖူချန်းနဲ့ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားတို့နှစ်ယောက်လုံးက နောက်သို့ လွင့်ထွက်သွားတယ်။

သူတို့နောက်သို့လွင့်ထွက်သွားတဲ့အကွာအဝေးအရ နှစ်ယောက်သား လက်ရည်ညီမျှနေတာပဲ။

တကယ်တော့ လီဖူချန်းက‌တောင် အသာစီးရထားတယ်။

အကြောင်းကတော့ ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့အဝတ်အစားတွေက ဖြတ်တောက်ခံလိုက်ရလို့လေ။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့မျက်‌နှာက မည်းမှောင်နေတော့တယ်။

ဒီဓားကွက်က သူ့ရဲ့အသန်မာဆုံးဓားကွက်လေ။

ဒီဓားကွက်က လီဖူချန်းကို ဘာမှ မလုပ်နိုင်မှတော့ သူက လီဖူချန်းကို ရင်ဆိုင်ဖို့ ဘာသုံးရတော့မှာလဲ။

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားတာပဲ။

"သူ့ခွန်အားက တိုးတက်လာတာပဲ" ရှင်းလင်းလေဓားနတ်ဘုရားက ပင့်သက်ရှ်ိုက်မိတယ်။

တစ်နှစ်ပဲရှိသေးတယ်၊ လီဖူချန်းက ခြေလှမ်းကြီးလှမ်းနိုင်ခဲ့တာပဲ။ လက်ရှိအချိန်မှာ သူက လီဖူချန်းနဲ့ ရင်ဆိုင်ရရင် သူ့မှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ရှိရင်တောင် ရှုံးနိမ့်ဖို့ များပါတယ်။

"နှိုင်းယှဉ်ရတာ တကယ်ကို ဒေါသထွက်စရာပဲ"

ဒီအတွေးက ရှင်းလင်းလေဓားနတ်ဘုရားရဲ့စိတ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာတယ်။

လီဖူချန်းရဲ့တိုးတက်မှုအပေါ် ရှင်းလင်းလေဓားနတ်ဘုရားတစ်ယောက်ပဲ အခုလိုခံစားရတာမဟုတ်ဘူး၊ လူတိုင်းက အတူတူခံစားမိကြတယ်။

"ငါ ကောင်းကင်ဘုံဓားကြယ်မှာ ရောက်ရှိနေတာ နှစ်တစ်သောင်းကြာပြီ၊ ဒါပေမယ့် တိုးတက်မှုတွေ ဘယ်လောက်မှ မရှိသေးဘူး။ သူက တစ်နှစ်ကျော်လောက်နဲ့ ဘာလို့ ဒီလောက်ထိတိုးတက်လာရတာလဲ"

"ဟုတ်ပါ့ကွာ။ ငါဆိုရင်လဲ ဒီနေရာကို ရောက်နေတာ နှစ်တစ်သိန်းရှိပြီ။ ငါ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားခွန်အားတိုးလာတာကလွဲပြီး ဘာတိုးတက်မှုမှ မရှိလာပါဘူးကွာ"

"ရာစုနှစ်ဒါမှမဟုတ်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ဒီလူရဲ့ခွန်အားက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်အဆင့်ကို ရောက်ရှ်ိမယ်လို့ မင်း ထင်လား"

"မဖြစ်နိုင်ဘူး။ ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့ပထမတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားကြားမှာ ကြီးမားတဲ့ကွာဟဟချက်တစ်ခုရှိတယ်။ ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ဖြစ်ချင်ရင် အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို အနိမ့်ဆုံးဖန်တီးနိုင်ရမယ်။ ရှင်းလင်းလေဓားနတ်ဘုရားက လုံလုံလောက်လောက်အားကောင်းပေမယ့် အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုမပြောနဲ့၊ ပြီးပြည့်စုံခြင်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကိုတောင် မဖန်တီးနိုင်ဘူး"

"အနည်းငယ်ခက်ခဲပေမယ့် မျှော်လင့်ချက်မရှိတာတော့မဟုတ်ဘူး။ စောစောကဓားကွက်က ပြီးပြည့်စုံခြင်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်ပုံရတယ်။ သူက အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တာနဲ့ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့က သိပ်ဝေးမှာမဟုတ်တော့ဘူး"

"ပြောတာလွယ်ပေမယ့် လုပ်ရတာ ခက်တယ်။ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေက ဖန်တီးရတာ ဒီလောက်လွယ်နေရင် ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက လမ်းပေါ်မှာ ပြည့်နေမှာပေါ့"

လူတိုင်းက ပြောဆို‌နေကြပြီး လီဖူချန်းရဲ့တိုးတက်မှုအရှိန်အပေါ် ထိတ်လန့်တုန်လှုပ်နေခဲ့ကြတယ်။

"ငါ့မှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုရှိတယ်၊ ငါက အလိုအလျောက် ပြိုင်ဘက်ကင်းပြီးသား။ မင်း ငါ့ကို ဘယ်လိုအနိုင်ယူမလဲ ကြည့်ရတာပေါ့"  ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက လီဖူချန်းနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တယ်။

တဖြည်းဖြည်းနဲ့ ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့ခန္ဓာကိုယ်ပေါ်မှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုရှိတယ်ဆိုတာ လီဖူချန်းက သဘောပေါက်ခဲ့တယ်။ အခြားတစ်ဖက်မှာ သူ့မှာတော့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုသာရှိတယ်။ ဒီချပ်ဝတ်ကို နန်ကုန်းမိသားစုက ရရှိထားတာပဲ။

ရိုးရှင်းစွာပြောရရင် သူ့ရဲ့စွမ်းအားအပြည့်ဓားကွက်ရဲ့ခွန်အားကိုးဆယ်ရာခိုင်နှုန်းကို တစ်ဖက်လူရဲ့ချပ်ဝတ်က စုပ်ယူခဲ့ပြီး တစ်ဖက်လူရဲ့စွမ်းအားအပြည့်ဓားကွက်ရဲ့ခွန်အားတစ်ဆယ်ရာခိုင်နှုန်းကိုသာ သူ့ရဲ့ချပ်ဝတ်က စုပ်ယူနိုင်တယ်။ ဒါက အလွန်ကြီးမားတဲ့ကွာဟချက်တစ်ခုပဲ။

ဒါပေမယ့် လီဖူချန်းက လုံးဝမကြောက်ပါဘူး။

"ဓားသင်္ဂြိုလ်ခြင်း"

မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက ကောင်းကင်မှ ဆင်းသက်လာပြီး ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကို ထိုးဖောက်သွားခဲ့တယ်။

ဒင်း ဒင်း ဒင်း ဒုန်း......

အနက်ရောင်ဓားအရိပ်တွေအားလုံးက ပြန်ကန်ထွက်လာတယ်။

"ဒါ အသုံးမဝင်ဘူး၊ အရှုံးကို ဝန်ခံလိုက်တော့" ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက ကျယ်လောင်စွာ ပြောလိုက်တယ်။

လီဖူချန်းက သူ့ရဲ့အမူအရာကို မပြောင်းလဲခဲ့ပါဘူး"ငါ ကောင်းကင်ဘုံဓားကြယ်ကို ရောက်ကတည်းက လူတွေအရှေ့မှာ ဒီအကွက်ကို ဘယ်တုန်းမှ မသုံးခဲ့ဘူး။ မင်းက ပထမဆုံးပဲ"

လီဖူချန်းက လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို အသုံးပြုခဲ့တယ်။ သူက လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို အသုံးမပြုရင် ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကို ဘာမှ မလုပ်နိုင်တော့ဘူးလေ။

တစ်ဖက်လူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို အသက်သွင်းထားကြောင့် သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားရဲ့တစ်ဆယ်ရာခိုင်နှုန်းကပဲ ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကို ထိမှန်နိုင်တော့တာ။

ဓားတာအိုဥပဒေသနဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားမှဖွဲ့စည်းထားတဲ့အာကာသတွင်းနက်က ထွက်ပေါ်လာပြီး ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကို ကန့်သတ်ခဲ့တယ်။

"ဒါက"

ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက မှင်တက်သွားတယ်။

"ဒါက တကယ်ကို ဓားတာအိုပိုင်နက်ဆန်းကြယ်နန်ဘုရားအတတ်တစ်ခုပဲ၊ အလယ်ဆင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုလဲဟုတ်တယ်"

လူအုပ်ကြီးက အံ့အားသင့်သွားကြတယ်။

အလယ်ဆင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကိုဖန်တီးရတဲ့အခက်အခဲက အဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးတာထက် မလျော့ပါဘူး။

ရှင်းလင်းလေဓားနတ်ဘုရားကို တိုက်ခိုက်တဲ့အချိန်မှာ သူက ဒီအကွက်ကို အသုံးပြုရင် ရှင်းလင်းလေဓားနတ်ဘုရားက လုံးဝအခွင့်အရေးမရှိတော့ဘူး။

"စိတ်ဝင်စားစရာပဲ၊ ဓားမြို့ရဲ့ဒုတိယအကွင်းထဲမှာ ဒီအံ့ဖွယ်တိုက်ပွဲတစ်ခုကို မြင်တွေ့ရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"ဒါ တကယ်စိတ်လှုပ်ရှားစရာပဲ။ ငါတို့ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေထဲမှာ အနည်းငယ်ကပဲ အလယ်ဆင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်ကို ဖန်တီးထားကြတာ"

"ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရှုံးတော့မယ်"

"သူ အနိုင်ရရင်တောင် ထူးဆန်းဦးမှာ။ ပိုင်နက်နတ်ဘုရားအတတ်က ပိုင်နက်နတ်ဘုရားအတတ်ပါပဲ။ ၎င်းက ရန်သူရဲ့ခွန်အားကို ဖိနှိပ်နိုင်ပြီး အသုံးပြုသူရဲ့ခွန်အားကို တိုးစေနိုင်တယ်။ ခွန်အားကွာဟချက်မကြီးသရွေ့ အသုံးပြုသူက အနိုင်ရမှာ အသေချာပဲ"

ပထမကွင်းနဲ့ဒုတိယကွင်းအကြားရှိတံတိုင်းပေါ်မှာ ပုံရိပ်နှစ်ခုက ရပ်နေတယ်။

ဒီနှစ်ယောက်က ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေဖြစ်တယ်ဆိုတာ လူအချို့က သတိပြုမိခဲ့တယ်။

အား......

ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက အော်လိုက်ပြီး သူ့ရဲ့သတ္တုတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားက အရူးအမူးပေါက်ကွဲထွက်လာတယ်။ ဒါပေမယ့် အသုံးမဝင်ပါဘူး၊ သူက လိုဏ်ဂူတစ်ရာဓားပိုင်နက်ရဲ့ဖိနှိပ်မှုကို မချိုးဖြတ်နိုင်ခဲ့ဘူး။ သူ့ခွန်အားရဲ့သုံးဆယ်ရာခိုင်နှုန်းအောက်သာ ဖော်ထုတ်နိုင်ခဲ့တယ်။

ပြီးတော့ ဖိနှိပ်မှုအောက်မှာ ရွှေရောင်ဖြာထွက်နတ်ဘုရားရဲ့သတ္တုတာအိုနတ်ဘုရားစွမ်းအားက အဆက်မပြတ်ကုန်ဆုံးသွားခဲ့တယ်။

"မူလအဆုံးစွန်းခုတ်ချက်"

လီဖူချန်းရဲ့မူလအဆုံးစွန်းခုတ်ချက်ကို လိုဏ်ဂူတစ်ရာဓားပိုင်နက်က မြှင့်တင်ပေးခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားအဆအနည်းငယ်ကို ထုတ်ဖော်နိုင်ခဲ့တယ်။

အားလုံးခန့်မှန်းထားကြတဲ့အတိုင်းပါပဲ၊ အဆုံးမှာတော့ လီဖူချန်းက ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကို အနိုင်ယူခဲ့တယ်။

"လီဖူချန်း၊ မင်း ငါနဲ့ တိုက်ခိုက်တုန်းက မင်း ထိန်းချုပ်ထားခဲ့တာမလား" ရှင်းလင်းလေဓားနတ်ဘုရားက လီဖူချန်းကို မေးလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"အဲလိုတော့မဟုတ်ဘူး။ အဲအချိန်တုန်းက ငါ့ရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ပဲ ရှိသေးတာ"

"ဒီတစ်နှစ်အတွင်း မင်းက ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်များစွာကို အဆင့်မြှင့်တင်နိုင်ခဲ့တယ်လို့ ဆိုလိုတာလား" ရှင်းလင်းလေဓားနတ်ဘုရားက ထိတ်လန့်တုန်လှုပ်သွားတယ်။

"ဟုတ်တယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ခါးသီးစွာပြုံးလိုက်တယ်။ သူက လီဖူချန်းရဲ့ရန်သူတစ်ယောက်မဟုတ်တာ ကံကောင်းတာပဲ၊ မဟုတ်လို့ကတော့ သူက သနားစဖွယ်အခြေ‌အနေကို ရောက်နေပြီ။

လီဖူချန်းရဲ့တိုးတက်မှုအရှိန်က မယုံန်ိုင်စရာပါပဲ။ ဒီလိုလူတစ်ယောက်နဲ့ရန်ဘက်ဖြစ်ရတာ အိမ်မက်ဆိုးတစ်ခုပါပဲ။

လီဖူချန်းရဲ့ခွန်အားအရ သူက ဓားမြို့ရဲ့ပထမအကွင်းကို မဝင်နိုင်‌သေးပါဘူး၊ ဒါကြောင့် လီဖူချန်းက ဓားမြို့ရဲ့ဒုတိယအကွင်းမှာပဲ နေထိုင်ခဲ့တယ်။

ရှင်းလင်းလေဓားနတ်ဘုရားနဲ့ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားနဲ့တိုက်ပွဲပြီးနောက် တစ်ယောက်မှ လီဖူချန်းကို ထပ်မယှဉ်ပြိုင်တော့ပါဘူး။

ငြီးငွေ့လာရင် လူတိုင်းက လီဖူချန်းနဲ့ စကားလာပြောကြတယ်၊ ဓားတာအိုနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်။

အချိန်တွေ ဖြတ်သန်းနေပြီး လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပိုပိုသန်မာလာတယ်။

"မင်းနဲ့မင်း။ မင်းတို့ငါးယောက် ငါ့နောက်လိုက်ခဲ့"

ဒီနေ့မှာ ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်က ဓားမြို့ရဲ့ဒုတိယအကွင်းကို ရောက်ရှိလာပြီး သူ့နောက်လိုက်ဖို့ လူငါးယောက်ကို ဖိတ်ခေါ်ခဲ့တယ်။

"ဘာဖြစ်နေတာလဲ" လီဖူချန်းက နားမလည်ဟန်ကြည့်လိုက်တယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ခါးသီးစွာပြောလိုက်တယ်"ဒီလူက ကောင်းကင်ဘုံဓားကြယ်ရဲ့ပထမအကွင်းထဲရှိ ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ပဲ၊ အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်လို့ ခေါ်တယ်။ သူက သူနဲ့လေ့ကျင့်ဖို့ လူငါးယောက်ကို ရွေးချယ်ပြီး သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို စမ်းသပ်လေ့ရှိတယ်"

"လေ့ကျင့်တာလား။ ဒါ အဆင်ပြေပါတယ်" လီဖူချန်းက ပြောလိုက်တယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ခေါင်းခါယမ်းလိုက်တယ်" လေ့ကျင့်ရေးလုပ်တဲ့အခါတိုင်း လေ့ကျင့်ဖော်တစ်ယောက်က ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်၊ စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောကြီးမားတဲ့ထိုးနှက်မှုကို ခံခဲ့ရတယ်။ ဒါပေမယ့် ငြင်းပယ်ဖို့ နည်းလမ်းမရှိပါဘူး၊ ဘယ်သူကမှ သူ့ကို မခုခံနိုင်ဘူးလေ"

"ဒါက များသွားပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ပြောလိုက်တယ်"မင်းက ကံမကောင်းလို့ ရွေးချယ်ခံရရင် မငြင်းလိုက်နဲ့။ သူ့ကို ငြင်းပယ်တဲ့သူတွေ အများကြီးရှိပြီး ချက်ချင်းသတ်ဖြတ်ခံခဲ့ရတယ်။ အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က အလွန်ဖိနှိပ်ပြီး ရက်စက်ကြမ်းကြုတ်တယ်။ သူက ဓားမြို့ရဲ့အရက်စက်အကြမ်းကြုတ်ဆုံးလူတွေထဲကတစ်ယောက်ပဲ"

"ငါ့ကို ဦးညွှတ်ခိုင်းဖို့ကတော့ ဘယ်တော့မှ မစဉ်းစားနဲ့" လီဖူချန်းက ပြောလိုက်တယ်။

သူက အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့လေ့ကျင်ဖော် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။

တစ်ဖက်လူက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ဆိုရင်တောင် သူ့ခွန်အားက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ထက် အရမ်းမနိမ့်ကျပါဘူး၊ သူက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့ယှဉ်တိုက်ခိုက်နိုင်လောက်တဲ့ခွန်အားမရှိပေမယ့်ပေါ့။

ပြီးတော့ သူက ဒီလိုအညံ့ခံလိုက်ရင် သူ့ရဲ့ဓားတာအိုက ဘယ်လိုဖြစ်မလဲ။

ဒါက သူ့ရဲ့ဓားတာအိုကို ထိခိုက်စေလိမ့်မယ်၊ သူ့ရဲ့ဓားနှလုံးသားက အားနည်းချက်တွေရှ်ိလာလိမ့်မယ်။

"အရုးဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တဲ့လား" လီဖူချန်းရဲ့နှလုံးသားထဲမှာ ဖိအားအနည်းငယ်ခံစားရတယ်။ ဒါပေမယ့် ဒီဖိအားက သူ့ကို ထွက်ပြေးဖို့အတွေးတွေ မဖြစ်‌စေပါဘူး၊ သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကိုပဲ ပိုနိုးထလာစေတယ်။

သူက အချိန်တိုအတွင်းမှာ နောက်တစ်ဆင့်ကို ရောက်အောင် လုပ်ရမယ်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးနေတယ်။

မျက်စိတစ်မှိတ်အတွင်း သုံးနှစ်က ကုန်ဆုံးသွားတယ်။

နောက်ဆုံးမှာ လီဖူချန်းရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်က ပြီးပြည့်စုံခြင်းအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို ရောက်ရှိလာတယ်၊ သူ့ရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်က သာမန်အဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်နဲ့ ယှဉ်နိုင်နေပါပြီ။

ရှင်းလင်းလေဓားနတ်ဘုရားနဲ့ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားတို့ ပူးပေါင်းတိုက်ခိုက်ရင်တောင် သူ့ရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်အောက်မှာ သူတို့က အကြာကြီးတောင့်မခံနိုင်ဘူးလို့ လီဖူချန်းက ယုံကြည်တယ်။

တစ်ချိန်တည်းမှာ သူ့ရဲ့မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအဆင့်ကို ချိုးဖြတ်သွားခဲ့တယ်။ မူလအဆုံးစွန်းခုတ်ချက်နဲ့ဆက်စပ်နေတဲ့မူလအဆုံးစွန်းဓားခန္ဓာကိုယ်လဲ အတူတူပါပဲ။

အခြားအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကတော့ အားလုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပါပြီ။

ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့စံသတ်မှတ်ချက်အရ လက်ရှိလီဖူချန်းက သာမန်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး။

တကယ်တော့ သူ့ရဲ့မူလအဆုံးစွန်းခုတ်ချက်က ပျမ်းမျှအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်နိုင်ပြီး မူလအဆုံးစွန်းဓားခန္ဓာကိုယ်က သူ့ခံစစ်ကို ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုသို့ ရောက်ရှိစေတယ်၊ လိုဏ်ဂူတစ်ရာဓားပိုင်နက်က အားအကောင်းဆုံးဖြစ်တယ်။

သာမန်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်အများစုက အဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို မဖန်တီးနိုင်ကြပါဘူး။ အနည်းငယ်ကသာ အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးထားတာ။

လီဖူချန်းရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်က သာမန်အဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်နိုင်တယ်။

သူနဲ့တိုက်ခိုက်နေတဲ့သာမန်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ခွန်အားခုနှစ်ဆယ်ဒါမှမဟုတ်ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဖိနှိပ်ခံရပြီး သူ့ခွန်အားကတော့ နှစ်ဆဖြစ်လာပေလိမ့်မယ်။

"အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က သာမန်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေကြားမှာ ပြောင်မြောက်တဲ့တည်ရှိမှုတစ်ခုပဲ။ သူ့ခွန်အားက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ ယှဉ်နိုင်လုနီးပါးပဲ။ ဒါပေမယ့် သူက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်မဟုတ်သရွေ့ သူနဲ့ ယှဉ်နိုင်တယ် ဒါမှမဟုတ် အနိုင်ယူနိုင်တယ်လို့ ငါ ယုံကြည်တယ်။ သူ ငါ့ကို လာရန်မစဖို့တော့ မျှော်လင့်မိပါတယ်"

လီဖူချန်းက တိတ်တဆိတ်ပြောလိုက်တယ်။

"မင်း၊ မင်း၊ မင်း ဘာကြည့်နေတာလဲ။ မင်း၊ ပြီးတော့ မင်း၊ ငါ့နောက်လိုက်လာ"

ဒီနေ့မှာ အရူးဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်က လူတွေကို လာခေါ်ပြန်တယ်။

တစ်ဖက်လူက လီဖူချန်းကို မရွေးခဲ့ပါဘူး၊ ဒါပေမယ့် သူက ရှင်းလင်းလေဓားနတ်ဘုရားကို ရွေးချယ်ခဲ့တယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ခါးသီးစွာ ရယ်လိုက်ပြီး မခုခံခဲ့ပါဘူး။

အရူးဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့ရင်ဆိုင်ရတဲ့အခါ သူက လုံးဝမခုခံနိုင်ပါဘူး။

"သူ သွားစရာမလိုဘူး"

အသံတစ်ခုက ထွက်လာတယ်။

"လီဖူချန်း၊ မင်း" ရှင်းလင်းလေဓားနတ်ဘုရားက မှင်တက်သွားပြီး ချက်ချင်း ထိတ်လန့်သွားတယ်။ သူ့ကို လေ့ကျင့်ဖက်တစ်ယောက်အနေနဲ့ ရွေးချယ်ခဲ့ပြီး သူက အနည်းငယ်ပဲ ဒုက္ခခံစားရမှာပါ။

လီဖူချန်းက အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့ ယှဉ်ပြိုင်ရင်တော့ သူက အသတ်ခံရလိမ့်မယ်။

"မင်းက တော်တော်သတ္တိကောင်းနေတယ်ပေါ့" အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က ပြန်လှည့်လာတယ်၊ သူ့မျက်လုံးတွေက ကျဉ်းမြောင်းနေပြီး သူက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။

***

All Chapters