← Chapters

ဒြပ်စင်ငါးခုဆန်းကြယ်နတ်ဘုရားဆရာသခင်

Vol. 90 Ch. 1259

ဒြပ်စင်ငါးခုဆန်းကြယ်နတ်ဘုရားဆရာသခင်

Vol. 90 Ch. 1259

လိုဏ်ဂူတစ်ရာဓားပိုင်နက်ရဲ့ဖိနှိပ်မှုအောက်မှာ အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ခွန်အားက အပြင်းအထန်လျော့ကျလာတယ်။ အခြားတစ်ဖက်မှာတော့ လီဖူချန်းရဲ့ဓားက အဆအနည်းငယ်ပိုတိုးလာတယ်။

ရလဒ်က သိသာတယ်၊ အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က ရှုံးနိမ့်သွားခဲ့တယ်။

ဒါက အလွန်ရှက်စရာကောင်းတဲ့ရှုံးနိမ့်မှူတစ်ခုပဲ။

တစ်ဖက်လူက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်၊ သူ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး သူက လျင်မြန်စွာ ထွက်ခွာသွားခဲ့တယ်။

"အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က လက်စား‌ပြန်ချေတတ်တဲ့လူပဲ၊ ဒါကြောင့် မင်း သတိထားသင့်တယ်" ရှင်း‌လင်းလေဓားနတ်ဘုရားက သတိပေးလိုက်တယ်။

"ဒါ ကိစ္စမရှိပါဘူး"

လီဖူချန်းက ဂရုမစိုက်ပါဘူး၊ သူ့ခွန်အားက မတိုးတက်တော့တာမှ မဟုတ်တာ၊ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး သူက ဂရုစိုက်စရာမလိုပါဘူး။

အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ကို အနိုင်ယူနိုင်တယ်ဆိုတော့ လီဖူချန်းက ဓားမြို့ရဲ့ပထမကွင်းကို သွားနိုင်တာပေါ့။

လီဖူချန်းက ဒီအခွင့်အရေးကို မဖြုန်းတီးဘဲ ဓားမြို့ရဲ့ပထမကွင်းသို့ သွားခဲ့တယ်။

ဓားမြို့ရဲ့ပထမကွင်းထဲမှာ ကျောက်တုံးစင်မြင့်အနည်းငယ်ပဲရှိတယ်၊ ၎င်းတို့အပေါ်ရှိလူတိုင်းက ကြောက်စရာကောင်းလွန်းတယ်။

ဒီလူတွေနဲ့ယှဉ်ရင် အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က သာမန်ပါပဲ။

ဒါပေမယ့် သူ့လိုပဲ သာမန်ဖြစ်တဲ့ လူအချို့ရှိတယ်။ ဒီလူတွေက ကျယ်လောင်စွာ စကားမပြောရဲပါဘူး၊ သူတို့က သူတို့ရဲ့အသံ‌တွေကို လျှို့ဝှက်သတင်းပေးပို့နေကြတယ်၊ သူတို့က သတိထားနေပုံရတယ်။

လီဖူချန်းခန့်မှန်းတာမှန်ရင် ဒီလူတွေက သာမန်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပဲ၊ သူတို့ရဲ့ခွန်အားက ဒီနေရာမှာ အားအနည်းဆုံးပဲ၊ ဒါကြောင့် သူတို့က ကျယ်လောင်စွာ စကားမပြောရဲကြပါဘူး။

စကားကျယ်ကျယ်ပြောနေတဲ့သူတွေက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပါပဲ။

အားကောင်းဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက အနည်းငယ်ပဲ ရှိပြီး သူတို့က ဓားမြို့ရဲ့အလယ်ဗဟိုရှိဓားလိုဏ်ဂူနဲ့ အနီးကပ်ဆုံးဖြစ်တယ်။ သူတို့ပတ်လည်မှာ တစ်ယောက်မှ မရှိသလို တစ်ယောက်မှလဲ မချဉ်းကပ်ရဲပါဘူး။

"လီဖူချန်းမလား၊ ငါက သိအန်ပါ၊ ကြိုဆိုပါတယ်" အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်က ပြုံးကာ နှုတ်ဆက်လာတယ်။

"ကြိုဆိုပါတယ်"

တစ်ဖက်လူက ဘာဆိုလိုသလဲကို လီဖူချန်းက မသိပါဘူး၊ သူက အနည်းငယ် ပဟေဠိဖြစ်နေတယ်။

"ငါ မင်းနဲ့အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ကြားတိုက်ပွဲကို မြင်တွေ့ပြီးပြီ။ မင်းရဲ့ဓားတာအိုပိုင်နက်က အရမ်းသန်မာတာပဲ။ မင်းမှာ အချိန်ရှိရင် ဓားတာအိုကို အတူတူလေ့လာကြရအောင်။ မစိုးရိမ်ပါနဲ့၊ ဒါက လေ့လာရုံမျှပဲ။ ငါက တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေကို မနှစ်သက်ပါဘူး"

"ကောင်းပြီလေ" တစ်ဖက်လူက ဓားတာအိုကို တကယ်လေ့လာချင်မှတော့ လီဖူချန်းက ကြိုဆိုရမှာပေါ့။

တစ်ကယ်တော့ တစ်ဖက်လူက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်လေ၊ သူ့ရဲ့ဓားတာအိုအခြေခံက သေချာပေါက်ကြောက်စရာကောင်းမှာပဲ။ သူက သိအန်ရဲ့အသိအနည်းငယ်ကို စုပ်ယူနိုင်သရွေ့ သူ့ခွန်အားနဲ့‌အုတ်မြစ်က သေချာပေါက်လျင်မြန်စွာ တိုးတက်လာလိမ့်မယ်၊ သူ့ရဲ့နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကို လျော့ချနိုင်မှာပဲ။

"ဒါက အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့နေရာပဲ၊ မင်း ယူလိုက်" သိအန်က လီဖူချန်းကို အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ကျောက်တုံးစင်မြင့်ဆီ ခေါ်ဆောင်သွားခဲ့တယ်။

ဓားမြို့ရဲ့ပထမအကွင်းက ဓားမြို့ရဲ့ပထမကွင်းဖြစ်ဖို့ ထိုက်တန်တယ်။ ဒီနေရာရှိအသန်မာဆုံးဓားချီကို ဓားမြို့ရဲ့ဒုတိယအကွင်းက မယှဉ်နိုင်ပါဘူး။ ဓားတာအိုတည်ရှိမှုက ဓားမြို့ရဲ့ဒုတိယကွင်းယှဉ်နိုင်တဲ့အရာမဟုတ်ဘူး။ ရက်အနည်းငယ်ကြာပြီးနောက် သက်ရောက်မှုက ဓားမြို့ရဲ့ဒုတိယကွင်းထက် အဆအနည်းငယ်ပိုကောင်းတယ်ဆိုတာကို လီဖူချန်းက တွက်ချက်ခဲ့တယ်။

တကယ်တော့ ဒါက ဓားလိုဏ်ဂူနဲ့ အနီးဆုံးလေ။

ဓားချီတိုးလာမှုနဲ့အတူ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လျင်မြန်စွာ ကုန်ဆုံးလာတယ်။

သူ ကုန်ဆုံးတဲ့အချိန်တိုင်း သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပိုသန်မာလာတာကို ခံစားမိတယ်။

အနှစ်သာရလို့ထင်တဲ့အစိတ်အပိုင်းများစွာကို တိုက်ရိုက်ဖယ်ရှားခဲ့တယ်။

ဖယ်ရှားလိုက်တဲ့အစိတ်အပိုင်းတွေက အနှစ်သာရလို့ ထင်ရပေမယ့် တကယ်‌တမ်း‌တော့ ဓားတာအိုနဲ့ သိပ်မသက်ဆိုင်လှပါဘူး။

"ဓားကြယ်ဆိုတဲ့အတိုင်းပဲ"

ဓားတာအိုနဲ့မသက်ဆိုင်တဲ့အနှစ်သာရကို ဖယ်ရှားလိုက်တာကြောင့် သူ့ရဲ့ဓားတာအိုက ပိုတောင်ကြည်လင်လာတယ်။ ယခင်က တောက်ပတဲ့ကျောက်စိမ်းတစ်ခုဆိုရင် အခုက မသန့်စင်မှုသေးသေးလေးတောင်မရှိတဲ့ ပြိုင်ဘက်ကင်းကျောက်စိမ်းအပိုင်းအစတစ်ခုဖြစ်လာပါပြီ။

"ကောင်းကင်ဘုံဓားပုံစံ"

ဓားမြို့ရဲ့ပထမကွင်းထဲမှာ ဓားချီနဲ့ဓားအရိပ်တွေက ရုတ်တရက် ပေါက်ကွဲထွက်လာတယ်။ ဓားစွမ်းပကားက ကျယ်ပြောကာ စွမ်းအားကြီးတယ်။ ဒါက အဝေးကြီးလို့ ခံစားရပေမယ့် လီဖူချန်းကို တုန်လှုပ်ချောက်ခြားစေပါသေးတယ်။

"သူနဲ့ပတ်သက်ပြီး မစိုးရိမ်နဲ့။ ဒါက ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က ဓားလေ့ကျင့်နေတာ။ သူက လတိုင်းလတိုင်း အဲလိုပဲ"

သိအန်ရဲ့အသံက လီဖူချန်းရဲ့နားထဲမှာ ထွက်ပေါ်လာတယ်။

"ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်လား"

ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တွေထဲကတစ်ယောက်ဆိုတာ လီဖူချန်းက သိအန်ထံမှ ကြားသိခဲ့တယ်။

ပြီးတော့ ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ကောင်းကင်ဘုံဓားပုံစံက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိတာနဲ့ ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းကသူတွေနဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်တယ်။

တကယ်တော့ ထူးကဲအဆင့်နဲ့ပြီးပြည့်စုံခြင်းအဆင့်က မတူညီတဲ့အဆင့်နှစ်ခုပါပဲ။

ရှေ့တစ်ခုက ချို့ယွင်းချက်တွေရှိပေမယ့် ‌နောက်တစ်ခုက ချို့ယွင်းချက်ကင်းမဲ့တယ်။

သိအန်ပြောခဲ့သလိုပါပဲ၊ လတိုင်းမှာ ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က ကောင်းကင်ဘုံဓားပုံစံကို လေ့ကျင့်တယ်။ သူက‌ ကောင်းကင်ဘုံဓားပုံစံကို လေ့ကျင့်နေတဲ့အခါ တစ်ယောက်မှ အနီးဝန်းကျင်မှာ မနေရဲပါဘူး။

လီဖူချန်းက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို မဖန်တီးနိုင်သေးပါဘူး။ သူ့ရည်မှန်းချက်က အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို အဆုံးစွန်းအဆင့်အထိ မြှင့်တင်ဖို့ပါပဲ။

လက်ရှိမှာ မူလအဆုံးစွန်းခုတ်ချက်နဲ့မူလအဆုံးစွန်းဓားခန္ဓာကိုယ်ကပဲ ဒါကို အောင်မြင်သေးတယ်၊ ကျန်တာတွေအားလုံးက ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတယ်။

"ကောင်းကင်ဘုံဓားပုံစံ"

ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို လေ့ကျင့်နေပြန်တယ်။

ဒါပေမယ့် ဒီတစ်ခါတော့ မတူပါဘူး။ ဓားချီက ပိုတောင်ကြောက်စရာကောင်းလာတယ်၊ ဓားအရိပ်က ပိုတောင်ပုံရိပ်ယောင်ဖြစ်လာပြီး ဓားစွမ်းပကားက ပိုတောင်ကျယ်ပြောလာတယ်။ ဒါတွေအပြင် အပိုဓားစွမ်းပကားတစ်ခုရှိတယ်။ ဒီဓားစွမ်းပကားနဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းရဲ့ဓားဆန္ဒကိုတောင် သက်ရောက်ခဲ့တယ်။

"ချိုးဖြတ်တော့မှာလား"

လီဖူချန်းက အံ့အားသင့်သွားတယ်။

"ဟားဟား၊ ငါ နောက်ဆုံးတော့ ချိုးဖြတ်ပြီ" ဓားလိုဏ်ဂူရဲ့ဘေးနားမှာ ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က အူလှိုက်သည်းလှိုက်ရယ်မောလိုက်လေတယ်။

ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်က သူ့ခွန်အားကို ဆယ်ဆကျော်တိုးစေတယ်လေ။

အရေးကြီးဆုံးအရာကတော့ ဒီဓားကွက်မှာ အားနည်းချက်လုံးဝမရှိတာပဲ။ ဒီဓားကွက်နဲ့ဆိုရင် သူက ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိဆန်းကြယ်နတ်ဘုရားဆရာသခင်တွေနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းမှီတယ်။

ကောင်းကင်ဘုံဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ပဲ ချိုးဖြတ်ခဲ့တာ မဟုတ်ဘူး။ နောက်တစ်နှစ်ကြာပြီးနောက် လီဖူချန်းလဲ ချိုးဖြတ်ခဲ့တယ်။

သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အားလုံးက အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို ရောက်ရှိထားတယ်။

လိုဏ်ဂူတစ်ရာဓားပိုင်နက်ကတောင် ချွင်းချက်မရှိပါဘူး။

ဒီချိုးဖြတ်မှုနဲ့ဆိုရင် လီဖူချန်းရဲ့ခွန်အားက အဆအနည်းငယ်တိုးလာတယ်။ အထူးသဖြင့် လိုဏ်ဂူတစ်ရာဓားပိုင်နက်နဲ့ဆိုရင် သူက လူတိုင်းကို အထင်သေးနိုင်တယ်။ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ရင်ဆိုင်ရရင်တောင် သူက တိုက်ခိုက်ဖို့စွမ်းအားရှိတယ်။

တစ်ချိန်တည်းမှာ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အရေးကြီးတဲ့အဆင့်ကို ရောက်ရှိ‌‌နေပြီး အဆင့်၁၃ကို ချိုးဖြတ်ဖို့ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။

အခု အခွင့်အလမ်းကောင်းတစ်ခုရှိလာတယ်။ ကောင်းကင်ဘုံဆန်းကြယ်နတ်ဘုရားဆရာသခင်က ချိုးဖြတ်ကာ ထွက်သွားပြီးနောက် သူနေခဲ့တဲ့ကျောက်တုံးစင်မြင့်က နေရာလွတ်သွားပြီး အလွန်အမင်းအားကောင်းတဲ့အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်က သိမ်းပိုက်ခဲ့တယ်။

ဒီလူကို ဒြပ်စင်ငါးခုဓားတာအိုဆန်းကြယ်နတ်ဘုရဆရာသခင်လို့ခေါ်တယ်၊ သူက မွေးရာပါထိပ်တန်းဥပဒေသဖြစ်တဲ့ဒြပ်စင်ငါးခုဥပဒေသကို လေ့ကျင့်ထားတယ်။

လီဖူချန်းက အရေးကြီးတဲ့အဆင့်မှ အချိန်တိုအတွင်း ချိုးဖြတ်ချင်တယ်ဆိုရင် သူက ဓားလိုဏ်ဂူနဲ့နီးကပ်တဲ့ကျောက်တုံးစင်မြင့်ကို ရောက်အောင်လုပ်ရမယ်။

ဒါကြောင့် သူက ဒြပ်စင်ငါးခုဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တယ်။

"ငါနဲ့ ယှဉ်ပြိုင်ချင်တာလား၊ မင်းက သတ္တိရှိတာပဲ၊ ဒါပေမယ့် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းက ငါ့ရဲ့ဓားဆယ်ချက်ကို ဒဏ်ရာမရဘဲ ခုခံနိုင်တာနဲ့ ငါ မင်းကို ဒီကျောက်တုံးစင်မြင့်ပေးမယ်"

"ကောင်းပြီလေ"

အရိုးသားဆုံးပြောရရင် သူက ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်နဲ့တိုက်ခိုက်နိုင်မယ်ဆိုတာ လီဖူချန်းက မသေချာပါဘူး။

"ပထမဆုံးဓားကွက်၊ ခမ်းနားရွှေဓား"

ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က ပထမဓားကွက်ကို ထုတ်ဖော်လိုက်တယ်။ ဓားကွက်က်ို ထုတ်ဖော်လိုက်တဲ့အခါ ရွှေရောင်အလင်းတန်းတစ်ခုနဲ့အတူ စူးရှတဲ့ဓားချီတစ်ခုက ထွက်ပေါ်လာတယ်။

ချွမ်း.....

လီဖူချန်းက ဓားလှည့်ပတ်ခြင်းကို သုံးလျက် တားဆီးလိုက်တယ်။

"ဒုတိယဓားကွက်၊ မြက်သစ်သားဓား"

ဓားချီက မြက်နဲ့သစ်သားနဲ့တူတယ်။

လီဖူချန်းက ဒီဓားကွက်ကို ဓားလှည့်ပတ်ခြင်းနဲ့ တားဆီးခဲ့တယ်။

ဓားလှည့်ပတ်ခြင်းက အဆုံးစွန်းအထိ ရောက်ရှိပြီး‌နောက် ခံစစ်စွမ်းအားက ပျမ်းမျှအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ထက် မနိမ့်ကျပါဘူး။

"မင်းက အတော်လေးစွမ်းဆောင်နိုင်တာပဲ။ တတိယဓားကွက်၊ ရေတံခွန်ခုတ်ချက်"

ဒီဓားက ပိုဖိနှိပ်နိုင်တယ်။ ဓားချီက မိုင်တစ်သောင်းစီးဆင်းနေတဲ့ရေတံခွန်တစ်ခုနဲ့တူပြီး အဆုံးမဲ့ချီတည်ရှိမှုရှိတယ်။

ဒီတစ်ခါမှာတော့ လီဖူချန်းက ခုခံဖို့အတွက် ဓားချီကို အသုံးမပြုပါဘူး၊ သူက တိုက်စစ်ကို တိုက်စစ်နဲ့ တန်ပြန်ခဲ့ပြီး ပျံသန်းနဂါးခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။

ကြမ်းတမ်းတဲ့အနက်‌‌ရောင်နဂါးဓားချီနဲ့ရေတံခွန်ဓားချီက အတူတကွပွတ်တိုက်သွားတယ်။ မြေပြင်က ချက်ချင်းလိုလို ကြမ်းတမ်းစွာ တုန်ခါသွားပြီး ကြောက်စရာကောင်းတဲ့ဓားစွမ်းပကားက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။

"စတုတ္ထဓားကွက်၊ ပရေရီမီး" ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ဓားကွက်က ပိုနက်နဲသိမ်မွေ့ကာ ပိုအားကောင်းလာတယ်။

ပရေရီမီးပွားက မီးပွားတစ်ခုသာဖြစ်ပေမယ့် ၎င်းက လီဖူချန်းရဲ့ဓားနဲ့ ထိတွေ့သွားတဲ့အခါ ပရေရီမီးစွမ်းပကားတစ်ခု ချက်ချင်းဖြစ်လာတယ်။

ဒီအချိန်မှာ လီဖူချန်းနေရာမှာ အခြားအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်‌ယောက်ဆိုရင် သူတို့က အသာစီးမရဖြစ်သွားပေလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းဆိုတာ ဘယ်သူလဲ။ ဒီဓားကွက်ထွက်ပေါ်လာလျှင်ချင်း ဒါက မလွယ်ဘူးဆိုတာ သူ သိတယ်၊ ဒါကြောင့် သူက ကြိုတင်ပြင်ဆင်ထားတယ်။ အနက်ရောင်ဓားချီက ပရေရီမီးစွမ်းပကားကို ဝါးမျိုကာ ဒြပ်စင်ငါးခုဆန်းကြယ်နတ်ဘုရားဆရာသခင်ကို တန်ပြန်တိုက်ခိုက်ခဲ့တယ်။

"ဟုတ်လှချည်လား လီဖူချန်း၊ ကောင်းကင်ကြွေကျမြေဖြဲဓား"

ဒြပ်စင်ငါးခုဆန်းကျယ်နတ်ဘုရားဆရာသခင်က တိုက်ရိုက်အကျဆုံးဓားကွက်ကို ထုတ်ဖော်လိုက်တယ်။

ဒီဓားကွက်နဲ့ပတ်သက်ပြီး ဆန်းကြယ်တာ ဘာမှမရှိပါဘူး။ ၎င်းက သန့်စင်သောခွန်အား၊အဆုံးစွန်းခွန်အားသာ ရှိတယ်။ တစ်ဖက်လူရဲ့ခွန်အားက သူ့လောက် မကောင်းရင် သူတို့ကို တိုက်ရိုက်ရိုက်နှက်သွားပေလိမ့်မယ်။

ကောင်းကင်ဘုံဓားကျားပညာ။

ဧရာမကျားတစ်ကောင်က ထွက်ပေါ်လာပြီး ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ဓားနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။

အုန်း.....

နှစ်ယောက်လုံးက နောက်ဆုတ်လိုက်ရတယ်၊ လီဖူချန်းက ခြေလှမ်းအများကြီးပိုဆုတ်လိုက်ရတယ်၊ သူ့ခန္ဓာကိုယ်ပေါ်မှာ အက်ကြောင်းတွေ ရှိတယ်။

ကောင်းကင်ဘုံကြွေကျမြေဖြဲဓားက ဖိနှိပ်နိုင်လွန်းတယ်၊ သန်မာလွန်းတယ်၊ သူ့ရဲ့မူလအဆုံးစွန်းဓားခန္ဓာကိုယ်က မကိုင်တွယ်နိုင်ပါဘူး။

"ဓားသင်္ဂြိုလ်ခြင်း"

မတုံ့ပြန်ဘူးဆိုရင် မယဉ်ကျေးရာကျပါတယ်လေ။  လီဖူချန်းလဲ အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို အသက်သွင်းခဲ့တယ်။

အဆုံးမဲ့ဓားအရိပ်တွေက ကောင်းကင်မှ ကျလာပြီး ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။

"အနက်ရောင်ရေ"

ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ခန္ဓာကိုယ်က ရေစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး အဆုံးမဲ့ဓားအရိပ်တွေက ထိုးဖောက်သွားတော့တယ်။

"စပ်ကြောင်းမဲ့ခုတ်ချက်"

ဓားသင်္ဂြိုလ်ခြင်းပြီးနောက် စပ်ကြောင်းမဲ့ခုတ်ချက်က ထွက်ပေါ်လာတယ်။ မမြင်နိုင်တဲ့ဓားချီမျှင်တစ်ခုက ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားတယ်။ ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက များစွာလျော့ကျလာတယ်။

နှစ်ယောက်ကြားတိုက်ပွဲက ကောင်းကင်နဲ့မြေပြင်ကို တုန်လှုပ်စေပြီး လူတိုင်းက မျက်တောင်မခတ်စတမ်း ကြည့်ရှုနေခဲ့တယ်။

ဓားမြို့ရဲ့ပထမကွင်းက အခုလိုသက်ဝင်လှုပ်ရှားမှုမရှိတာ တော်တော်ကြာပြီလေ။

"လီဖူချန်း၊ မင်းရဲ့ဓားတာအိုပိုင်နက်ကို ထုတ်လိုက်စမ်းပါ....." ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ချီစွမ်းပကားက ဆက်တိုက်မြင့်တက်လာနေတယ်။ ဒီချီစွမ်းပကားမှာ မတူညီတဲ့ပြောင်းလဲမှုနှစ်ခုပါဝင်တာကို ပကတိမျက်စိနဲ့ မြင်နိုင်တယ်။ တစ်ခုက မဖျက်ဆီးနိုင်တဲ့ထက်ရှတဲ့ချီစွမ်းပကားဖြစ်ပြီး အခြားတစ်ခုက အားနည်းပုံရပေမယ့် တကယ်တမ်းတော့ ကြမ်းတမ်းစွာစီးဆင်းရေစွမ်းပကားဖြစ်တယ်။

ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့နောက်အကွက်က သတ္တုတာအိုဥပဒေသနဲ့ရေတာအိုဥပဒေသတို့က်ု ပေါင်းစပ်ထားမှန်း သိသာတယ်။

ဒြပ်စင်ငါးခုဥပဒေသတွေက အလွန်ထူးခြားတဲ့မွေးရာပါထိပ်တန်းအဆင့်ဥပဒေသဖြစ်တယ်။ ဒြပ်စင်ငါးခုကို ချက်ချင်းပေါင်းစည်းဖို့က မဖြစ်နိုင်ပါဘူး။ အဲလိုဆိုရင် စွမ်းအားက ကြောက်စရာကောင်းလွန်းပေလိမ့်မယ်။ အဲအစား ပုံမှန်အားဖြင့် သီးခြားကျင့်ကြံကြတယ်။ ဒါပေမယ့် သီးခြားကျင့်ကြံနိုင်ပေမယ့် ပုံမှန်ဥပဒေသတွေနဲ့ မတူပါဘူး။

သာမန်သတ္တုတာအိုဥပဒေသက သာမန်သတ္တုတာအိုဥပဒေသဖြစ်ပြီး ဒြပ်စင်ငါးခုဥပဒေသကို သတ္တုတာအိုဥပဒေသအဖြစ် ခွဲခြားရင် ဒြပ်စင်ငါးခုသတ္တုတာအိုဥပဒေသဖြစ်တယ်။ နှစ်ခုကြားမှာ ကြီးမားတဲ့ကွာဟချက်တစ်ခုရှိတယ်။

ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ဒြပ်စင်ငါးခုဥပဒေသအပေါ်ကျွမ်းကျင်မှုက မနိမ့်ကျပါဘူး။ သူက ခွဲခြားဥပဒေသငါးခုကို လေ့ကျင့်ရုံတင်မက ခွဲခြားဥပဒေသနှစ်ခုကိုလဲ ပေါင်းစပ်ထားတယ်။

"သတ္တုရေပေါက်ကွဲခြင်း....."

ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်က သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ မတူညီတဲ့ဓားချီနှစ်ခုအနက်ရောင်နဲ့ရွှေရောင်က ရစ်ပတ်ယှက်နွယ်သွားပြီး နက်ရွှေရောင်ဓားချီတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။

ဓားချီက ရိုက်ခတ်လာပြီး ကောင်းကင်နဲ့မြေပြင်က တုန်ခါသွားကာ နေနဲ့လက မှေးမှိန်သွားတော့တယ်၊။ အကွာအဝေးက ကြီးမားလွန်းတာကြောင့် လီဖူချန်းရှိရာဧရိယာကို ချိတ်ပိတ်သွားခဲ့တယ်။

ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းရဲ့ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုမှ အသုံးမဝင်တော့ဘဲ သေချာပေါက်အနိုင်ယူခံရလိမ့်မယ်။

"လိုဏ်ဂူတစ်ရာဓားပိုင်နက်"

အာကာသတွင်းနက်တစ်ခုက ထွက်ပေါ်လာပြီး ကြောက်စရာကောင်းတဲ့ဓားတာအိုပိုင်နက်စွမ်းအားက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။ ၎င်းက သတ္တုရေပေါက်ကွဲခြင်းရဲ့ဓားစွမ်းပကားနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။

အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုအနေနဲ့ လိုဏ်ဂူတစ်ရာဓားပိုင်နက်ရဲ့စွမ်းအားက ပျမ်းမျှအဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်နဲ့ ယှဉ်နိုင်တယ်။

သတ္တုရေပေါက်ကွဲခြင်းရဲ့ဓားစွမ်းပကားက ကျယ်ပြောကာ မရပ်တန့်နိုင်ပေမယ့် လိုဏ်ဂူတစ်ရာဓားပိုင်နက်ထဲမှာ အပေါက်တစ်ခုကိုသာ ပြုလုပ်နိုင်ခဲ့တယ်။ သတ္တုရေပေါက်ကွဲခြင်းက အပေါက်နောက်ကို လိုက်ကာ လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို ဆုတ်ဖြဲချင်ခဲ့တယ်။ ဒါပေမယ့် ၎င်းက ရှေ့တိုးလေလေ၊ ခုခံမှုက ပိုကြီးမားလေပဲ။ အနည်းငယ်ရှေ့တိုးပြီးနောက် သတ္တုရေပေါက်ကွဲခြင်းရဲ့စွမ်းအားက ကုန်ဆုံးပျောက်ကွယ်သွားခဲ့တယ်။

အခြားတစ်ဖက်မှာတော့ လီဖူချန်းရဲ့လိုဏ်ဂူတစ်ဂရာဓားပိုင်နက်က အပေါက်ကို ပြန်ဖြည့်ရုံသာမက ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ကို လွှမ်းခြုံသွားခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာ ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ကို လိုဏ်ဂူတစ်ရာဓားပိုင်နက်က လွှမ်းခြုံသွားခဲ့တယ်။

"ငါ ဘာတွေ မြင်နေရတာလဲ....ဒြပ်စင်ငါးခုဆန်းကြယ်နတ်ဘုရားဆရာသခင်က ဖိနှိပ်ခံနေရတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေက ကြောက်စရာကောင်းလွန်းတာပဲ။ ထိပ်တိုက်တိုက်ခိုက်ရေးစွမ်းအားအရ လီဖူချန်းက ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး"

"ဒါကို ပြောရရင် ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေထဲမှာ ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်တာ ဘယ်လောက်များရှိလို့လဲ"

"အချို့တော့ ရှိတယ်၊ ဒါပေမယ့် ပုံမှန်အားဖြင့် အားကောင်းဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေပဲ ဒါကို လုပ်နိုင်တာ"

လူတိုင်းက ဆွေးနွေးနေကြတော့တယ်။

***

All Chapters