အဆင့်၁၃စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအား
Vol. 90 Ch. 1260
"အဆုံးစွန်းအလယ်ဆင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်......."
သိအန်က လေအေးတွေ ရှုရှိုက်လိုက်မိတယ်။ သူက လီဖူချန်းနဲ့အရူးဓားဆန်းကြယ်နတ်ဘုရားဆရာသခင်တို့ရဲ့တိုက်ပွဲကို မြင်တွေ့ခဲ့တဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေထဲကတစ်ယောက်ပဲလေ။
ဘယ်ဆန်းကြယ်နတ်ဘုရားအတတ်မဆို အဆုံးစွန်းအဆင့်ကို ရောက်ရှိတာနဲ့ အလွန်အမင်းကြောင်စရာကောင်းလာပေလိမ့်မယ်။
အဆုံးစွန်းအလယ်ဆင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေမှာ ပျမ်းမျှအဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေထက် မနိမ့်ကျတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားရှိတယ်။
အဆင့်မြင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်.....
အားကောင်းဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေမပြောနဲ့၊ ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိဆန်းကြယ်နတ်ဘုရားဆရာသခင်တွေကတောင် ဒါကို ပြုလုပ်ဖို့ ခက်ခဲတဲ့အချိန်တစ်ခုရှိတယ်။
ဒါပေမယ့် လီဖူချန်းက ပြုလုပ်နိုင်ခဲ့တယ်။
"အခြားကဏ္ဍတွေမှာ သူ့ခွန်အားက နိမ့်ကျနေသေးတယ်။ သူ အမီလိုက်နိုင်ရင် သူက ကောင်းကင်ဘုံဓားကြယ်ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းကို သေချာပေါက် ဝင်နိုင်လိမ့်မယ် " သိအန်က ရေရွတ်လိုက်တယ်။
ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းကို ဝင်ရောက်ချင်ရင် ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေအသာထား၊ ကိုယ်ပိုင်ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို အရင်ဖန်တီးရမယ်။ ဒါကို ပြုလုပ်ဖို့က မရေမတွက်နိုင်တဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေအတွက် ခက်ခဲတယ်။
ဒါ့ပြင် ဆန်းကြယ်နတ်ဘုရားတွေက စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ မတူပါဘူး။ ဆန်းကြယ်နတ်ဘုရားတွေက ဆန်းကြယ်နတ်ဘုရားအတတ်တွေကို သွေးမျိုးဆက်ထဲသို့ ပေါင်းစည်းရတယ်။ ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ပေါင်းစည်းပြီးမှ ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းဒါမှမဟုတ်ခွန်အားဖြစ်စေ၊ အကြီးအကျယ်တိုးလာပါလိမ့်မယ်။
အတိုချုပ်အားဖြင့် ဆန်းကြယ်နတ်ဘုရားတွေက အလွန်ထူးခြားတဲ့အခြေအနေတစ်ခုမှာ ရှိတယ်။ အားနည်းသူတွေက အရမ်းအားနည်းပြီး သန်မာသူတွေက အရမ်းသန်မာတယ်။
အားနည်းသူတွေက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်အနည်းငယ်သာ ပေါင်းစည်းထားပြီး သန်မာသူတွေက ဆန်းကြယ်နတ်ဘုရားအတတ်ဒါဇင်ကို ပေါင်းစည်းထားတယ်၊ အလယ်ဆင့်ဒါမှမဟုတ်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေတောင် ဖြစ်နိုင်တယ်။
လိုဏ်ဂူတစ်ရာဓားပိုင်နက်လွှမ်းခြုံထားတဲ့ဒြပ်စင်ငါးခုဆန်းကြယ်နတ်ဘုရားဆရာသခင်က ရုန်းကန်ချင်ပေမယ့် ပြောတာက လုပ်တာထက် ပိုလွယ်တယ်။ အခုဆိုရင် သူ့ခွန်အားက သုံးဆယ်ရာခိုင်နှုန်းအောက်ထိ ဖိနှိပ်ခံထားရပြီး သူက အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။
အခြားတစ်ဖက်မှာတော့ လိုဏ်ဂူတစ်ရာဓားပိုင်နက်ရဲ့ထောက်ပံ့ပေးမှုနဲ့အတူ လီဖူချန်းရဲ့ခွန်အားက အဆအနည်းငယ်တိုးလာတယ်။
ဓားတစ်ကွက်မျှနဲ့ ဒြပ်စင်ငါးခုဓားဆန်းကြယ်နတ်ဘုရားသခင်က ရှုံးနိမ့်သွားပြီး သူ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်တဲ့သွေးပေါက်တွေက ထိုးဖောက်သွားခဲ့တယ်။
"တောက်၊ ငါသာ ငါ့ရဲ့ရေပိုင်နက်ကို အလယ်ဆင့်ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်အဖြစ် မြှင့်တင်နိုင်ရင် ငါ အခုလို အရှက်တကွဲရှုံးနိမ့်မှာမဟုတ်ဘူး"
ဒြပ်စင်ငါးခုဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့အမူအရာက အရုပ်ဆိုးနေတော့တယ်။
သူ့မှာ ပိုင်နက်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုရှိပေမယ့် ပြီးပြည့်စုံခြင်းအဆင့်နိမ့်သာဖြစ်ကာ သက်ရောက်မှုက သိပ်မကြီးမားပါဘူး။
ဓားလိုဏ်ဂူအနီးနားမှာ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားလေ့ကျင့်တာတာနဲ့ ဓားမြို့ရဲ့ပထမအကွင်းထဲမှာစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားလေ့ကျင့်တာကြားမှာ ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတယ်။
အကန့်အသတ်မဲ့ဓာတ်တွေပါဝင်တဲ့အလွန်အမင်းသန့်စင်တဲ့ဓားချီပမာဏတစ်ခုက ဓားလိုဏ်ဂူမှ ပြေးထွက်ကာ သူ့ခန္ဓာကိုယ်ကို ဆေးကြောနေတာကို လီဖူချန်းက ခံစားမိတယ်။
သူ့ခန္ဓာကိုယ်က အညစ်အကြေးတစ်ခုမှမပါဝင်တဲ့ပုံဆောင်ခဲတစ်ခုပမာ အလွန်အမင်းသန့်စင်နေပြီးသားပါ။
ဒါပေမယ့် သူ မှားနေတယ်ဆိုတာ လီဖူချန်းက သိခဲ့တယ်။ အသေးဆုံးအညစ်အကြေးမပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရာတိုင်းက မပြီးပြည့်စုံနိုင်ပါဘူး၊ ပြီးပြည့်စုံခြင်းနဲ့ နီးကပ်ရုံမျှပါ။
အညစ်အကြေးမရှိဘူလို့ထင်ရတဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အညစ်အကြေးများစွာကို ယူဆောင်လာခဲ့တယ်၊ အများစုက ယခင်ကအနှစ်သာရအဖြစ် သတ်မှတ်ထားခဲ့တာတွေပဲ။
"ဒီကောင်းကင်ဘုံဓားကြယ်က တကယ်ကို အံ့ဖွယ်ပဲ"
သုံးဆယ်ဘီလီယံ၊ နှစ်ဆယ့်ရှစ်ဘီလီယံ၊ နှစ်ဆယ့်ငါးဘီလီယံ။
လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နေ့တိုင်းနေ့တိုင်းမှာ နည်းနည်းစီလျော့ကျလာနေတယ်။
တစ်ချိန်တည်းမှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက စတင်တိုးလာတယ်။
လီဖူချန်းကောင်းကင်ဘုံဓားကြယ်ကိုရောက်ရှိတဲ့ပဉ္စမမြောက်နှစ်မှာ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဆယ်ဘီလီယံအောက်ကို လျော့ကျလာခဲ့တယ်။
အုန်း.....
ဒီနေ့မှာတော့ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက စတင်ယိုယွင်းလာတယ်။ ၎င်းက နှစ်ဆယ်ဘီလီယံမှ ငါးဘီလီယံအထိ တစ်ချက်တည်းလျော့ကျလာတယ်။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအား၊ အဆင့်၁၃။
"နောက်ဆုံးတော့ အောင်မြင်သွားပြီ"
လီဖူချန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။
အဆင့်၁၂ကနေအဆင့်၁၃အထိက လီဖူချန်းအတွက် မခက်ခဲခဲ့ပါဘူးလေ။
အဆင့်၁၃ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက လီဖူချန်းရဲ့စိတ်ကူးကို ကျော်လွန်နေခဲ့တယ်။
အရှေ့မှာ အဆင့်၁၁ကနေ အဆင့်၁၂ထိ ချိုးဖြတ်ခဲ့တုန်းက ခွန်အားက အဆနှစ်ဆယ်ကျော်တိုးလာတယ်။
အခု အဆင့်၁၃ထိ ချိုဖြတ်တဲ့အခါ ခွန်အားက အဆငါးဆယ်ကျော်တိုးလာတယ်။
ဒါ ဘယ်လိုသဘောတရားမျိုးလဲ။
အခြားသူတွေရဲ့နတ်ဘုရားစွမ်းအားခွန်အားက ရေဆိုရင် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားခွန်အားက သတ္တုဖြစ်တယ်၊ သတ္တုမှာတောင် မဖျက်နိုင်တဲ့အလွန်အမင်းခိုင်မာတဲ့သတ္တုအမျိုးအစားဖြစ်တယ်။
"ဒြပ်စင်ငါးခုဆန်းကြယ်နတ်ဘုရားဆရာသခင်က ဘာလဲ။ သူက ငါ့ရဲ့ဓားတစ်ကွက်တောင် မယှဉ်နိုင်လောက်တော့ဘူး"
လီဖူချန်းက အလွန်အမင်းပျော်ရွှင်နေတော့တယ်။
သူက အဆင့်မြင့်စိတ်ဝိညာဥ်နတ်ဘုရားတစ်ယောက်သာဖြစ်ပေမယ့် သူ့ခွန်အားက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေထက် အများကြီးသာလွန်နေပြီ။
သူ့ခွန်အားက ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းနဲ့ နီးကပ်နေပါပြီ။
သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းဝင်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်လောက်တယ်။
သူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဆိုတာ ရမယ်။ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့အခါ ဘယ်သူက သူ့ပြိုင်ဘက်ဖြစ်တော့မှာလဲ။
"ဒါပေမယ့် ငါ မောက်မာနေလို့မရသလို ကျေနပ်ရောင့်ရဲနေလို့မရဘူး။ ငါ့ဘဝရည်မှန်းချက်က ဓားတာအိုရဲ့အထွတ်အထိပ်ကို ရောက်ဖို့ပဲ။ ဓားတာအိုနတ်ဘုရားဘုရင်ဖြစ်လာရင်တောင် ငါ့အတွက် သေးငယ်တဲ့တောင်ထွတ်တစ်ခုမျှပဲ။ ငါ ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို အမြန်ဆုံးခြေချရမယ် ပြီးရင် ပိုင်နက်နတ်ဘုရားနယ်ပယ်ဒါမှမဟုတ်ကမ္ဘာနတ်ဘုရားနယ်ပယ်အထိတောင် တက်လှမ်းရမယ်။ ထိုအချိန်မှာ ငါက နတ်ဘုရားဟင်းလင်းပြင်ကို ဖြတ်ပြီး ပိုကျယ်ပြောတဲ့ကမ္ဘာကို မြင်ဖို့ မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို ခရီးနှင်ရမယ်။ နတ်ဘုရားဘုရင်ဖြစ်လာတဲ့တစ်နေ့မှာတော့ နတ်ဘုရားကမ္ဘာကို ကစားစရာတစ်ခုအဖြစ် ကြည့်နိုင်ပြီပေါ့"
"အခုတော့ ထွက်ခွာဖို့အချိန် ရောက်ပြီ"
လီဖူချန်းက ထွက်ခွာဖို့ ရည်ရွယ်ထားတယ်။
ကောင်းကင်ဘုံဓားကြယ်မှာ နှစ်တစ်ရာဒါမှမဟုတ်နှစ်တစ်ထောင်နေမယ်ဆိုရင် သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်၁၄ကို ရောက်ရှိနိုင်ပေမယ့် ဒါက အဓိပ္ပါယ်မရှိပါဘူး။
အဲလောက်အချိန်နဲ့ဆိုရင် သူ ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်တာ ကြာရောပေါ့။
စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က ဘယ်လောက်ပဲ သန်မာနေပါစေ၊ ပိုင်နက်နတ်ဘုရားနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
ပိုင်နက်နတ်ဘုရားရဲ့ထွက်သက်ဝင်သက်နဲ့တင် သူ့လိုလူမရေမတွက်များစွာကို သတ်ဖြတ်နိုင်တယ်။
ကမ္ဘာနတ်ဘုရားရဲ့ဒေါသက ကောင်းကင်ဘုံဓားကြယ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်။
နတ်ဘုရားစွမ်းအားခွန်အားနဲ့ယှဉ်ရင် လီဖူချန်းပိုဂရုစိုက်တာက သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ပါပဲ။
ဒါပေမယ့် နတ်ဘုရားစွမ်းအားက အားမနည်းရပါဘူး၊ အနည်းဆုံး လူအများစုထက် ပိုသန်မာရမယ်ဆိုတာ သိထားရမယ်။
"မင်း ထွက်သွားတော့မှာလား" ရှင်းလင်းလေဓားနတ်ဘုရားက မယုံကြည်နိုင်ပါဘူး။
လီဖူချန်း ကောင်းကင်ဘုံဓားကြယ်မှာ နေတာ ငါးနှစ်ပဲ ရှိသေးတာလေ။
ဒါပေမယ့် သူကတော့ နှစ်တစ်သောင်းရှိနေပါပြီ။
"ဟုတ်တယ်၊ ငါ့ရဲ့ပစ်မှတ်က ဒီနေရာမဟုတ်ဘူး" လီဖူချန်းက ပြောလိုက်တယ်။
"ဒါဆိုလဲ အဆင်ပြေချောမွေ့တဲ့ခရီးတစ်ခုဖြစ်ပါစေ" ရှင်းလင်းလေဓားနတ်ဘုရားက ဒီနေရာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်။
ကောင်းကင်ဘုံဓားကြယ်က သူ့ကို အလွန်အကူအညီပေးတယ်။ သူက ကောင်းကင်ဓားကြယ်မှ ထွက်ခွာရင် သူ့ကျင့်ကြံခြင်းအရှိန်က များစွာလျော့ကျသွားလိမ့်မယ်။
"ကျေးဇူးတင်ပါတယ်"
နောက်တစ်နေ့မှာတော့ လီဖူချန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာလာခဲ့တယ်။
ကောင်းကင်ဘုံဓားကြယ်မှ ထွက်လာပြီးနောက် လီဖူချန်းက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို မပြန်ဘဲ စွန့်ပစ်နတ်ဘုရားကြယ်တစ်လုံးကို ရှာကာ တက်ခဲ့တယ်။
နောက်တော့ သူက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဖြည့်ရပါမယ်။
အဆင့်၁၁မှအဆင့်၁၂အထိတုန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးထရီလီယံကို သုံးစွဲခဲ့ရတယ်။
အုန်း.....
ပင်လယ်ရေဝင်ရောက်လာတဲ့အလား အဆုံးမဲ့နတ်ဘုရားကျောက်တုံးချီက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့တယ်။
ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ဆယ်ဘီလီယံ၊ ဆယ့်ငါးဘီလီယံ......
ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ယခင်သုံးဆယ်ဘီလီယံကို ရောက်ရှိသွားခဲ့တယ်။
ဒါ မပြီးသေးပါဘူး၊ ဓားတာအိုးစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆက်တိုးတက်နေတယ်။
၃၅ဘီလီယံ။
၄၀ဘီလီယံ။
၅၀ဘီလီယံ။
၆၀ဘီလီယံ။
၇၀ဘီလီယံ။
လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ခုနှစ်ဆယ်ဘီလီယံကို ရောက်ရှိလာခဲ့တယ်။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ငါးဘီလီယံမှ စတင်တယ်ဆိုတာ သိရမယ်။ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ငါးဘီလီယံထက် ဆယ့်သုံးဆပိုတယ်ဆိုတော့ သူ့ခွန်အားက အဆတစ်ရာ့သုံးဆယ်ကျော်တိုးလာပြီး သူ့နတ်ဘုရားစွမ်းအားခွန်အားကလဲ အဆခြောက်ဆယ့်ငါးဆတိုးလာတာပေါ့။
လူအချို့က ပြောနိုင်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲပေါ့၊ ဆန်းကြယ်နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုနဲ့တင် စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအများစုကို ပျက်ပြယ်စေဖို့ လုံလောက်တယ်လေ။
ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သာမန်စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားမဟုတ်ဘူး။ အဆင့်၁၃စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားဖြစ်ပြီး အဆင့်နိမ့်နဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားထက် ပိုသန်မာပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့တောင် ယှဉ်နိုင်တယ်။
"ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အဆင့်က ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာရှိပြီး ပိုင်နက်နတ်ဘုရားနယ်ပယ်နဲ့ သိပ်မဝေးတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီလောက်များတဲ့အဆင့်၁၃စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို ထိန်းချုပ်နိုင်မှာ မဟုတ်လောက်ဘူး"
လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်တယ်၊ ဘယ်လိုအတားအဆီးတစ်ခုမှ မတွေ့ခဲ့ရပါဘူး။ အဲအစား အလွန်ကုံလုံပြီးအားကောင်းတယ်လို့ သူက ခံစားရတယ်။
ဖြောက်.....
လီဖူချန်းရဲ့ခြေထောက်အောက်ရှိစွန့်ပစ်ကြယ်က စတင်ယိုယွင်းလာပြီး ထို့နောက် ပေါက်ကွဲထွက်သွားတယ်။
ဒီစွန့်ပစ်နတ်ဘုရားကြယ်က ပျက်စီးခါနီးနေပါပြီ။ လီဖူချန်းက ချိုးဖြတ်တဲ့အခါ သေးငယ်တဲ့တုန်ခါလှိုင်းတစ်ခုကိုတောင် စွန့်ပစ်နတ်ဘုရားကြယ်က မတောင့်ခံနိုင်ခဲ့ပါဘူး။
"အခု အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ချိုးဖြတ်ဖို့ အချိန်ပဲ "
ပေါက်ကွဲမှုရဲ့ဗဟိုမှပျံသန်းထွက်လာပြီးနောက် လီဖူချန်းက ရေရွတ်လိုက်တယ်။
***