အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံး
Vol. 90 Ch. 1263
လေလံပစ္စည်းတွေရဲ့တန်ဖိုးက အမြဲတမ်းမြင့်တက်မနေပါဘူး။ အစောပိုင်းလေလံပစ္စည်းတွေရဲ့တန်ဖိုးက ပိုမြင့်ပြီး နောက်ပိုင်းက ပိုနိမ့်တဲ့အချိန်တွေ ရှိတယ်။ ဒါက အဓိကအားဖြင့် လူတိုင်းကို ငြီးငွေ့ခြင်းမှ ကာကွယ်ပေးတယ်လေ။
"ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားအဆောင်အစုအပုံတစ်ခု။ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံ"
လေလံပစ်သူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေကို မကြည့်ဘဲ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေကို ကြည့်လိုက်တယ်။
ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားအဆောင်တစ်ခုက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအများစုလိုအပ်တဲ့အရာပဲလေ။ သေရေးရှင်ရေးအခြေအနေမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့အရှေ့မှာ သူတို့က သူတို့ရဲ့အသက်ကို ကယ်ဆယ်နိုင်တယ်။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေကတော့ စိတ်မဝင်စားပါဘူး။
ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားအဆောင်တစ်ခုက တတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုတစ်ခုနဲ့ ညီမျှတယ်။ သူတို့က မလိုအပ်ပါဘူး။
"ထူးကဲအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ ဆန်းကြယ်ကောင်းကင်ဘုံဓား။ ကြမ်းခင်းဈေးက ငါးဆယ်ထရီလီယံ"
နောက်ဆုံးတော့ လီဖူချန်းစိတ်ဝင်စားတဲ့တစ်စုံတစ်ခုက ထွက်ပေါ်လာချေပြီ။
သံသယရှိစရာမလို၊ လီဖူချန်းက ဆန်းကြယ်ကောင်းကင်ဘုံဓားကို တစ်ဆယ်ဘီလီယံနဲ့ ရရှိခဲ့တယ်။
"အခုကစပြီး မင်းက ငါ့ဓားပဲ"
ဆန်းကြယ်ကောင်းကင်ဘုံဓားက အနက်ရောင်နဂါးတိုက်ပွဲချပ်ဝတ်နဲ့အတူတူပဲ၊ အနက်ရောင်ရှိတယ်။ တိုက်တိုက်ဆိုင်ဆိုင်၊ လီဖူချန်းရဲ့ဓားချီကလဲ အနက်ရောင်ပါပဲ။ ဒါ ကံကြမ္မာပဲ ဖြစ်မှာပါ။
စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို ဆန်းကြယ်ကောင်းကင်ဘုံဓားထဲသို့ ထည့်သွင်းပြီးနောက် လီဖူချန်းက ဆန်းကြယ်ကောင်းကင်ဘုံဓားနဲ့ စတင်ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။
"စိတ်ဝိညာဉ်ခွဲဖြာဓားနဲ့ယှဉ်ရင် ဆန်းကြယ်ကောင်းကင်ဘုံဓားမှာ ဆန်းကြယ်နတ်ဘုရားစွမ်းအင်အဆဒါဇင်အနည်းငယ်ပိုပါဝင်တယ်။ နှစ်ခုက နှိုင်းယှဉ်လို့မရပါဘူး"
လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို ပြန်ရုတ်သိမ်းကာ တွေးလိုက်တယ်။
လေလံပွဲက ပြီးတော့မှာပါ၊ နောက်ဆုံးလေလံပစ္စည်းကလဲ ထွက်ပေါ်လာတော့မှာပါ။
ထူးကဲအဆင့်မြင့်နတ်ဘုရားအတတ်၊ ကောင်းကင်ဘုံနတ်ဘုရားရဲ့ဒေါသမီးလျှံနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံး။ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးထရီလီယံ"
တန်ဖိုးက ကြယ်ငါးလုံးအဆင့်နိမ့်မီးလျှံရုပ်သေးနဲ့အတူတူပါပဲ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လေလံဆွဲသူတွေ ပိုများတယ်။
တကယ်တော့ ပြင်ပပစ္စည်းတွေက ပြင်ပပစ္စည်းတွေပဲလေ။ တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ခွန်အားက အရေးကြီးဆုံးအရာပါပဲ။ ဒါက ထူးကဲအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုလေ။ ကျွမ်းကျင်တာနဲ့ ခွန်အားက အဆများစွာ တိုးလာမှာပါ။ ဒါ့ပြင် ပိုအားကောင်းတဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ ၎င်းက ဈာန်ဝင်စားခြင်းကို ဖြစ်စေနိုင်တယ်။
အရိုးသားဆုံးပြောရရင် သူက မီးတာအိုဆန်းကြယ်နတ်ဘုရားအရှင်သခင်တစ်ယောက်ဆိုရင် လီဖူချန်းက အရာအားလုံးကို စွန့်စားပြီး ကောင်းကင်ဘုံမီးနတ်ဘုရားရဲ့ဒေါသမီးလျှံကို အရယူမှာပါ။
လက်ရှိမှာ လီဖူချန်းက ထူးကဲအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို မဖန်တီးနိုင်သေးဘူးလေ။ သူက အချိန်တွေ ပိုအသုံးချရင် ထူးကဲအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကိုတော့ ဖန်တီးနိုင်လောက်မှာပါ။
တကယ်တော့ သူ့ရဲ့ဓားတာအိုဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာသာ ရှိတာလေ။
အဆုံးမှာ ကောင်းကင်ဘုံမီးနတ်ဘုရားရဲ့ဒေါသမီးလျှံကို ဆယ့်သုံးထရီလီယံနဲ့ ရောင်းထွက်ခဲ့တယ်။
ဒုတိယမြောက်နောက်ဆုံးလေလံပစ္စည်း။
"ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားအဆောင်ဆယ်ခု။ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ"
ဟဲဗီးဝိတ်လေလံပစ္စည်းတစ်ခုက ထွက်ပေါ်လာပါပြီ။
ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားအဆောင်တစ်ခုက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအဆင့်ရှိတဲ့နတ်ဘုရားအဆောင်တစ်ခုပဲလေ။
ကြယ်ငါးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးနတ်ဘုရားအဆောင်က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရဲ့သာမန်တိုက်ခိုက်မှူတစ်ခုနဲ့ ညီမျှတယ်။
ကြယ်ငါးလုံးအဆင့်နိမ့်ခံစစ်နတ်ဘုရားအဆောင်တစ်ခုက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရဲ့တိုက်ခိုက်မှုအချို့ကို တောင့်ခံနိုင်တယ်။
ဒါတွေအပြင် အခြားအဆင့်နိမ့်ကြယ်ငါးလုံးနတ်ဘုရားအဆောင်တွေမှာလဲ အသုံးဝင်မှုတွေအမျိုးမျိုးရှိတယ်။
ဥပမာအားဖြင့် မဟာရွေ့လျားရေးအဆောင်။ ဒီလိုအဆောင်မျိုးက လူတစ်ယောက်ကို ချက်ချင်း လွတ်မြောက်သွားစေနိုင်တယ်။ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ကတောင် လိုက်မီဖို့ ခက်ခဲပါလိမ့်မယ်။
"အဆောင်အမျိုးအစားတွေက ဘာတွေလဲ"
အောက်ဘက်ရှိတစ်ယောက်ယောက်က မေးလိုက်တယ်။
လေလံပစ်သူက ပြုံးကာ ခေါင်းကို ခါယမ်းလိုက်တယ်"ငါ ပြောလို့မရဘူး"
သူ ပြောရင် ဘယ်တန်ဖိုးရှိတော့မလဲ။ လေလံအိမ်ရဲ့ရည်ရွယ်ချက်က တိုက်ခိုက်ရေးနဲ့ခုခံရေးအဆောင်တွေအပြင် အခြားအဆောင်အမျိုးအစားတွေရှိသလားအပေါ် လူတွေကို အလောင်းအစားလုပ်စေဖို့လေ။
အလောင်းအစားဆ်ိုမှတော့ ရှုံးတာ၊ နိုင်တာတွေ ရှိလာမှာပဲ။
ဘယ်သူက အလောင်းအစားလုပ်ရဲတယ်ဆိုတာ ကြည့်ရတာပေါ့။
"၁၁ထရီလီယံ"
"၁၂ထရီလီယံ"
"၁၃ထရီလီယံ"
… …
ဆန်းကြယ်နတ်ဘုရားတွေရဲ့နတ်ဘုရားကျောက်တုံးတွေက ကောင်းကင်မှ ကျဆင်းလာတာမဟုတ်ဘူး။ သူတို့က နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ရတာ။
အဆင့်နိမ့်ကြယ်ငါးလုံးနတ်ဘုရားအဆောင်တစ်ခုက တကယ်ကို ပစ္စည်းကောင်းတစ်ခုပါပဲ။ သူတို့အားလုံးက အဆင့်နိမ့်ကြယ်ငါးလုံးတိုက်ခိုက်ရေးနတ်ဘုရားအဆောင်တွေဆိုရင်တောင်မှ ဆုံးရှုံးမှုမဖြစ်ပါဘူး။
တကယ်တောဘ အဆင့်နိမ့်ကြယ်ငါးလုံးတိုက်ခိုက်ရေးနတ်ဘုရားအဆောင်တစ်ခုက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရဲ့သာမန်တိုက်ခိုက်မှုတစ်ခုနဲ့ ညီမျှတယ်လေ။ သေရေးရှင်ရေးအခိုက်အတန့်မှာ ၎င်းက အနေအထားကို ပြောင်းလဲနိုင်တယ်။
ဒါပေမယ့် သူတို့အားလုံးက အဆင့်နိမ့်ကြယ်ငါးလုံးတိုက်ခိုက်ရေးနတ်ဘုရားအဆောင်တွေဆိုရင် အဆင့်နိမ့်ကြယ်ငါးလုံးမီးလျှံရုပ်သေးတစ်ခုနဲ့ ယှဉ်လိုက်ရင်တော့ ဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာပေါ့။
နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်ရှိသရွေ့ အဆင့်နိမ့်ကြယ်ငါးလုံးမီးလျှံရုပ်သေးတွေက ဆက်လက်တိုက်ခိုက်နိုင်တယ်။ သူတို့က အဆင့်နိမ့်ကြယ်ငါးလုံးတိုက်ခိုက်ရေးနတ်ဘုရားအဆောင်မရေမတွက်များစွာနဲ့ ညီမျှတယ်။
ဒါပေမယ့် အဆင့်နိမ့်ကြယ်ငါးလုံးခံစစ်နတ်ဘုရားအဆောင်တစ်ခုခုရှိလာရင်တော့ အနေအထားက မတူတော့ပါဘူး။
ကြယ်ငါးလုံးအဆင့်နိမ့်ရုပ်သေးတစ်ရုပ်က မင်းကို တစ်ချိန်လုံး မကာကွယ်နိုင်ပါဘူး။
အဆင့်နိမ့်ကြယ်ငါးလုံးခံစစ်နတ်ဘုရားအဆောင်တစ်ခုကတော့ မတူတော့ဘူး။ အသက်သွင်းလိုက်တာနဲ့ နတ်ဘုရားအဆောင်ထဲရှိနတ်ဘုရားစွမ်းအားက မကုန်ခန်းသရွေ့ ၎င်းက မင်းကို ဆက်လက်ကာကွယ်နိုင်တယ်။
သေရေးရှင်ရေးအခိုက်အတန့်မှာ ၎င်းက မင်းရဲ့အသက်ကို အာမခံနိုင်တယ်။
ဥပမာအားဖြင့် အလွန်အမင်းအန္တရာယ်များတဲ့နေရာတစ်ခုမှာ ဒါမှမဟုတ် မင်းက မင်းအနိုင်မယူနိုင်တဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရရင်ပေါ့။
မဟာရွေ့လျားရေးအဆောင်ဆိုရင် ပိုကြီးမားတဲ့အကျိုးအမြတ်တစ်ခုကို ရမှာပါ။
မဟာရွေ့လျားရေးအဆောင်က အဆုံးမဲ့အကွာအဝေးတစ်ခုကို ချက်ချင်း တည်နေရာရွှေ့ပြောင်းနိုင်တယ်။ ပိုင်နက်နတ်ဘုရားတစ်ယောက်ကတောင် လိုက်မမီနိုင်ပါဘူး။ သေရေးရှင်ရေးအခိုက်အတန့်မှာ ၎င်းက ပိုင်နက်နတ်ဘုရားရဲ့လက်ထဲမှ လွတ်မြောက်စေနိုင်တယ်။
ကိုယ်ပွားအဆောင်တစ်ခုဆိုရင်လဲ အံ့အားသင့်စရာပါပဲ။
ကိုယ်ပွားအဆောင်တစ်ခုကို အသက်သွင်းလိုက်တာနဲ့ ကိုယ်ပွားတစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒီကိုယ်ပွားရဲ့နတ်ဘုရားစိတ်ဝိညာဉ်အရှိန်အဝါနဲ့အသက်အရှိန်အဝါက မင်းနဲ့ အတိအကျတူပါလိမ့်မယ်။ မင်းက ကိုယ်ပွားကို မင်းနေရာမှာ အစားထိုးနိုင်တယ်။ ဥပမာအားဖြင့် အန္တရာယ်နယ်မြေတစ်ခုကို ရှာဖွေဖော်ထုတ်တဲ့အခါမှာဆိုရင်ပေါ့။
အတိုချုပ်အားဖြင့် ကိုယ်ပွားအဆောင်က မင်းရဲ့ဒုတိယအသက်ပါပဲ။
ကိုယ်ပွားအဆောင်အပြင် ထာဝရအဆောင်ဆိုတာလဲ ရှိတယ်။ သွေးတစ်စက်ကို ထာဝရအဆောင်ထဲမှာ ချန်ထားခြင်းဖြင့် မင်းက အပြင်မှာ အသက်ခံရရင်တောင် ဒီသွေးစက်ကို အသုံးပြုပြီး အသက်ပြန်ရှင်လာနိုင်တယ်။
အတိုချုပ်အားဖြင့် နတ်ဘုရားအဆောင်က ပိုရှားပါးလေလေ၊ ပိုတန်ဖိုးရှိလေလေပါပဲ။ တိုက်ခိုက်ရေးနတ်ဘုရားအဆောင်က ဈေးအပေါဆုံးပါပဲ။ ဒီအချိန်မှာ မင်းက အလောင်းအစားလုပ်ရဲလားအပေါ် မူတည်တယ်။
"ဆယ့်ငါးထရီလီယံ"
လူတိုင်းရဲ့အလောင်းအစားစိတ်ဝိညာဉ်က အတော်လေးမြင့်မားတယ်ထင်တယ်။
"ဆယ့်ရှစ်ထရီလီယံ"
"နှစ်ဆယ်ထရီလီယံ"
မကြာမီမှာပဲ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားအဆောင်ရဲ့တန်ဖိုးက နှစ်ဆယ်ထရီလီယံကို ရောက်ရှိလာတယ်။
လီဖူချန်းက ဝင်မဆွဲပါဘူး၊ ဒီတန်ဖိုးက သူ့အတွက် မြင့်မားတယ်လို့ ခံစားမိလို့ပါ။
ကြယ်ငါးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးနတ်ဘုရားအဆောင်တွေက အခြေခံအားဖြင့် သူ့အတွက် အသုံးမဝင်ပါဘူး။ သူ့အနေနဲ့ တူညီတဲ့တိုက်ခိုက်ရေးစွမ်းအားအဆင့်ကို ရောက်ရှိဖို့ သိပ်မကြာပါဘူး။
ကြယ်ငါးလုံးအဆင့်နိမ့်ခံစစ်နတ်ဘုရားအဆောင်တွေကတော့ အတော်လေးအသုံးဝင်ပေမယ့် သူတို့က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရဲ့သာမန်တိုက်ခိုက်မှုတစ်ခုကိုပဲ တားဆီးနိုင်တာလေ။ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရဲ့ပိုင်နက်နတ်ဘုရားအတတ်တိုက်ခိုက်မှုတစ်ခုဆိုရင် သူတို့က တိုက်ခိုက်မှုတစ်ချက်တောင် တားဆီးနိုင်လိမ့်မှာမဟုတ်ဘူး။
အခြားအမျိုးအစားအဆောင်တွေအတွက်ကတော့ သူတို့က အများကြီးရှိမယ်လို့ လီဖူချန်းက မသေချာပါဘူး။ တစ်ခုနှစ်ခုလောက်ပါရင်ကို အတော်လေးကောင်းနေပါပြီ။
လီဖူချန်းမှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၃၀(၁၃၀၀)ထရီလီယံကျော်ရှိပေမယ့် သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို တက်လှမ်းရအုံးမှာပါ။ သူက နတ်ဘုရားကျောက်တုံးတွေများစွာ လိုအပ်တယ်၊ သူတို့ကို မဆင်မခြင်အသုံးပြုလို့မရပါဘူး။ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားအဆောင်ဆယ်ခုကို ဝယ်ဖို့အတွက် အလယ်ဆင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ကို အသုံးပြုတာက တကယ်ကို ကျိုးကြောင်းမဆီလျော်ပါဘူး။
ဒီလေလံက တစ်နာရီတိတိကြာခဲ့တယ်၊ တြိဂံခေါင်းဆန်းကြယ်နတ်ဘုရားဆရာသခင်က နောက်ဆုံးမှာ ရယ်မောနိုင်ခဲ့တယ်။
သီးသန့်ခန်းကို နတ်ဘုရားအစီအရင်တစ်ခုက ကာကွယ်ထားတယ်။ လက်ရှိအချိန်မှာ တြိဂံခေါင်းဆန်းကြယ်နတ်ဘုရားဆရာသခင်က ပျော်နေမလားဒါမှမဟုတ်ဒေါသထွက်နေမလားကို တစ်ယောက်မှ မသိပါဘူး။
နောက်ဆုံးလေလံပစ္စည်းက ထွက်ပေါ်လာပါပြီ။
လေလံပစ်သူက အဝတ်ကို မကာ မီးခိုးရောင်ကျောက်တုံးတစ်တုံးကို ထုတ်ပြလိုက်တယ်။ သူက ပြုံးကာပြောလိုက်တယ်။ ဒီမီးခိုးရောင်ကျောက်တုံးက မရိုးရှင်းဘူးတဲ့။
ဒါက မရိုးရှင်းရုံမျှမဟုတ်ဘူး။
လီဖူချန်းက စိတ်ထဲမှာ အော်ဟစ်နေလေတယ်။ ဒီမီးခိုးရောင်ကျောက်တုံးမှာ ဖျက်ဆီးခြင်းဥပဒေသပါဝင်နေတာကို သူ ခံစားမိတယ်လေ။
"ဒါနဲ့ပတ်သက်ပြီး ဘာထူးခြားတာတွေ ရှိလဲ"
တစ်ယောက်ယောက်က မေးလိုက်တယ်။
ဒါက နောက်ဆုံးလေလံပစ္စည်းဖြစ်ပြီး ရိုးရှင်းနေမယ်ဆိုရင် ဟာသတစ်ခုပဲလေ။
လေလံပစ်သူက ဆက်ပြောခဲ့တယ်"အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာ၊ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာ ဒါမှမဟုတ် မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာပဲဖြစ်ဖြစ် ပျက်ဆီးမှုတွေ ရှိမှာပဲလေ။ ပုံမှန်အားဖြင့် အဲလိုဖြစ်ဖို့က နှစ်ဘီလီယံချီကြာတယ်။ နတ်ဘုရားကမ္ဘာတစ်ခုပျက်ဆီးတဲ့အခိုက်အတန့်မှာ များစွာသောရတနာတွေက မွေးဖွားလာတယ်။ ကမ္ဘာနတ်ဘုရားတွေကတောင် ဒီရတနာတွေအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းမမှီဘူး။ ကမ္ဘာနတ်ဘုရားထက်ကျော်လွန်သူတွေကပဲ ဒီရတနာတွေအတွက် ယှဉ်ပြိုင်ဖို့၊ သူတို့ကို စုဆောင်းဖို့ အဆင့်မှီတယ်။ ဒီအသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုပျက်ဆီးခြင်းရဲ့ထုတ်ကုန်တစ်ခုပဲ"
"ဖျက်ဆီးခြင်းကျောက်တုံးရဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ။ အထဲကဖျက်ဆီးခြင်းဥပဒေသကို နားလည်နိုင်တာလား"
တစ်ယောက်ယောက်က ဆက်မေးလိုက်တယ်။
လေလံပစ်သူက ခေါင်းခါယမ်းလိုက်တယ်"ဖျက်ဆီးခြင်းဥပဒေသက ထိပ်တန်းဥပဒေသလေ။ နားလည်ဖို့ ခက်ခဲလွန်းတာ။ မင်းက ဖျက်ဆီးခြင်းဥပဒေသကို အဓိကထားကျင့်ကြံရင်တော့ အချိန်ဖြုန်းတာပဲ ဖြစ်လိမ့်မယ်။
ဖျက်ဆီးခြင်းကျောက်တုံးရဲ့အကျိုးကျေးဇူးကတော့ မင်းက အသူတရာချောက်နက်ကို လွတ်လွတ်လပ်လပ်ဝင်နိုင်ထွက်နိုင်ပြီး အသူတရာချောက်နက်စွမ်းအားက မညစ်ညမ်းစေနိုင်တော့ဘူး။ ၎င်းက မင်းကို နတ်ဆိုးတွေနဲ့ ပတ်သက်ပြီး ဘေးကင်းစေလိမ့်မယ်၊ မင်းကိုအန္တရာယ်ဖြစ်စေတဲ့မကောင်းတဲ့သက်ရောက်မှုတွေကို ဖယ်ရှားပေးလိမ့်မယ်။
ဥပမာအားဖြင့် တစ်ယောက်ယောက်က မင်းကို သတ်ဖို့ ကျိန်စာနတ်ဘုရားအတတ်တစ်ခုကို အသုံးပြုတဲ့အခါ သူတို့ဆီ လက်ချည်းသက်သက်ပဲ ပြန်ရောက်သွားလိမ့်မယ်။ ထပ်ပြောရရင် ရန်သူရဲ့အချိန်နောက်ဆုတ်ခြင်းကို ပယ်ဖျက်နိုင်တယ်။ ဒါပေမယ့် ၎င်းရဲ့အကြီးမားဆုံးအသုံးဝင်မှုကတော့ ဆေးအဆိပ်အန္တရာယ်သက်ရောက်မှုတွေကို ဖယ်ရှားနိုင်တာပဲ။ မင်းက နတ်ဘုရားဆေးတွေ သုံးစွဲတာများလွန်းရင် မင်းခန္ဓာကိုယ်ထဲမှာ ဆေးအဆိပ်တွေ ကျန်ရစ်ပေလိမ့်မယ်။ ဖျက်ဆီးခြင်းကျောက်တုံးက ဆေးအဆိပ်တွေကို အပြည့်အဝဖယ်ရှားနိုင်တယ်"
"၎င်းနဲ့ပတ်သက်ပြီးတော့ အခြားအသုံးဝင်မှုတွေအများကြီးရှိပါသေးတယ်။ မင်းတို့က နောက်မှ ဖြည်းဖြည်းချင်းရှာဖွေကြည့်ပေါ့" လေလံပစ်သူက စကားပြောရလွန်းလို့ အာခြောက်နေပုံရတယ်။
အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးရဲ့ကြမ်းခင်းဈေးက အလွန်မြင့်ပြီး သုံးဆယ်ထရီလီယံရှိတယ်၊ ဒါပေမယ့် ၎င်းအတွက် လေလံဆွဲနေတဲ့သူတွေ ရှိပါသေးတယ်။
လေလံပစ်သူပြောခဲ့သလိုပဲ၊ အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးက အသုံးဝင်မှုတွေအများကြီးရှိတယ်လေ။
အခြားအရာတွေကို အသာထား၊ ဆေးအဆိပ်ပြယ်စေနိုင်တာနဲ့တင် သူတို့ကို လောဘတက်စေဖို့ လုံလောက်ပါတယ်။
ပုံမှန်အားဖြင့် သူတို့က ဆေးအဆိပ်တွေအများကြီးစုဆောင်းမိမှာကို ကြောက်ရွံ့ကြတယ်၊ ဒါကြောင့် နတ်ဘုရားဆေးတွေအသုံးပြုတဲ့အခါမှာ သူတို့က အလွန်ကန့်သတ်ထားခဲ့ရတယ်။
ဒါပေမယ့် အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးနဲ့ဆိုရင် သူတို့က နတ်ဘုရားဆေးတွေကို ဆန္ဒရှိသလောက် သုံးစွဲနိုင်ပါပြီ။
"ပစ္စည်းကောင်းပဲ"
လီဖူချန်းက အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးထဲရှိဖျက်ဆီးခြင်းဥပဒေသကလွဲပြီး အခြားဘာတစ်ခုကိုမှ စိတ်မဝင်စားပါဘူး။
အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးရဲ့သက်ရောက်မှုတွေအားလုံးက ဖျက်ဆီးခြင်းဥပဒေသမှာ ရှိပြီးသားပဲလေ။
လက်ရှိမှာ လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာသာ ရှိတယ်။ ဒီအသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးနဲ့ဆိုရင် သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ဒါမှမဟုတ်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်မယ်လို့ သူက ယုံကြည်ချက်ရှိတယ်။
ဒါကြောင့် သူက မွဲပြာကျသွားရင်တောင် အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးကို ရယူဖို့ လီဖူချန်းက ဆုံးဖြတ်ထားခဲ့တယ်။
"ငါးဆယ်ထရီလီယံ"
ဒါကို ကြားတဲ့အခါ လူတော်တော်များများက အံ့ဩတုန်လှုပ်သွားခဲ့တယ်။
"ငါးဆယ့်တစ်ထရီလီယံ" တစ်ယောက်ယောက်က ဆက်လက်ဈေးပေးခဲ့တယ်။
"ခြောက်ဆယ်ထရီလီယံ" လီဖူချန်းက မျက်တောင်တောင် မခတ်ပါဘူး။
"ခြောက်ဆယ့်တစ်ထရီလီယံ"
ဈေးပြိုင်ပေးသူက ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းဝင်လေဆန်းကြယ်နတ်ဘုရားဆရာသခင်ပါပဲ။ ဖျက်ဆီးခြင်းဥပဒေသက သူ့ရဲ့အဓိကဥပဒေသမဟုတ်ပေမယ့် ဒုတိယဥပဒေသဖြစ်တယ်။ ဒါ့ပြင် ဖျက်ဆီးခြင်းဥပဒေသမှာ အဆုံးမဲ့အသုံးဝင်မှုတွေရှိတယ်ဆိုတာ သူ သိတယ်။ အရင်တုန်းက သူ အသူတစ်ရာချောက်နက်ကို သွားတုန်းက သူကလွဲပြီး လူတိုင်းက ညစ်ညမ်းခဲ့တယ်။ ဒါ့ပြင် သူက ကြီးမားတဲ့ကြယ်ဝမှုပမာဏတစ်ခုကို ယူဆောင်လာနိုင်ခဲ့တယ်။
ဒိီအသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးနဲ့ဆိုရင် သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသက ထပ်မံတိုးတက်နိုင်ပါလိမ့်မယ်။ ပြီးရင်တော့ သူက အသူတရာချောက်နက်ထဲသို့ ပိုနက်နက်ရှိုင်းရှိုင်း သွားနိုင်ပါလိမ့်မယ်။
"ခုနှစ်ဆယ်ထရီလီယံ" လီဖူချန်းက ပြောလိုက်တယ်။
"တောက်၊ မင်း ဘယ်သူလဲဆိုတာ ငါ့ကို မသိစေနဲ့ပေါ့ကွာ"
လေဆန်းကြယ်နတ်ဘုရားဆရာသခင်က အံကြိတ်လိုက်တယ်။ သူက အသူတရာချောက်နက်ထဲမှာ ကြွယ်ဝမှုများစွာရရှိခဲ့ပေမယ့် ခုနှစ်ဆယ်ထရီလီယံအထိတော့ မရှိပါဘူး။
နောက်ပိုင်းမှာတော့ တစ်ယောက်မှ လီဖူချန်းနဲ့အပြိုင်လေလံမဆွဲကြတော့ပါဘူး။ လီဖူချန်းက အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးကို ခုနှစ်ဆယ်ထရီလီယံနဲ့ ရရှိခဲ့တာပေါ့။
***