← Chapters

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရား

Vol. 90 Ch. 1264

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရား

Vol. 90 Ch. 1264

လေလံပွဲပြီးနောက် လီဖူချန်းက သူ့ရဲ့တည်းခိုခန်းဆီ ချက်ချင်းပြန်လာခဲ့တယ်၊ သူ့ကိုစောင့်ကြည့်နေတဲ့လူတွေနဲ့ပတ်သက်ပြီး သူက အာရုံမလာပါဘူး။

ဒီတစ်ကြိမ်မှာတော့ သူက ပစ္စည်းသုံးမျိုးကို ရရှိခဲ့တယ်၊ အနက်ရောင်နဂါးတိုက်ပွဲချပ်ဝတ်၊ ဆန်းကြယ်ကောင်းကင်ဘုံဓား၊ အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံး။

အနက်ရောင်နဂါးတိုက်ပွဲချပ်ဝတ်နဲ့ ဆန်းကြယ်ကောင်းကင်ဘုံဓားနှစ်ခုမှာ တစ်ခုက သူ့ခံစစ်စွမ်းအားကို တိုးမြှင့်စေနိုင်ပြီး အခြားတစ်ခုက သူ့တိုက်စစ်စွမ်းအားကို တိုးမြှင့်စေနိုင်တယ်။

ဒီဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့ဆိုရင် သူ့ခွန်အားက ဆယ်ဆနီးပါးတိုးတက်လာမှာအသေအချာပါပဲ။

ဒါပေမယ့် သူ့အတွက်တော့ အရေးကြီးဆုံးပစ္စည်းက အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးပါပဲ။

သူ့ဖျက်ဆီးခြင်းဥပဒေသက ပျမ်းမျှအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာသာရှိပြီး ဒါက တကယ်ကို နိမ့်ကျလွန်းတယ်။

လီဖူချန်းက အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးကို ယူထုတ်ကာ အတွင်းရှိဖျက်ဆီးခြင်းဥပဒေသကို စတင်နားလည်လိုက်တယ်။

အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးမှာ ဖျက်ဆီးခြင်းဥပဒေသတွေ စုစည်းလွန်းနေတယ်။ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အကြိုပိုင်နက်နတ်ဘုရားအဆင့်မှာ ရှိပြီးသားပါ။ သူ့ရဲ့ထိုးထွင်းသိမြင်မှုက ဆန်းကြယ်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ကာ ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတယ်။

ဒါကြောင့် လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသက လျင်မြန်စွာ တိုးတက်လာနေတယ်။

အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်နှောင်းပိုင်းအခြေအနေ၊ အထွတ်အထိပ်အခြေအနေ၊ ပြီးပြည့်စုံခြင်းအခြေအနေ။

အုန်း.....

ဖျက်ဆီးခြင်းဥပဒေသက စဦးအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားတယ်။

လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အလိုအလျောက်ချိုးဖြတ်လာခဲ့တယ်။

တစ်ဆယ်ဘီလီယံ၊ တစ်ရာဘီလီယံ၊ တစ်ထရီလီယံ၊ နှစ်ထရီလီယံ၊ သုံးထရီလီယံ၊ ငါးထရီလီယံ။

အလယ်ဆင့်နတ်ဘုရား‌ကျောက်တုံးငါးထရီလီယံကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက နောက်ဆုံးမှာ ပြည့်သွားတယ်။

နားလည်မှုက ဆက်သွားနေတယ်။

ပျမ်းမျှအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်၊ နှောင်းပိုင်း၊ အထွတ်အထိပ်၊ ပြီးပြည့်စုံခြင်း။

အုန်း.....

ဖျက်ဆီးခြင်းဥပဒေသက ထပ်မံချိုးဖြတ်ခဲ့ပြီး လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာတယ်။

အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်စဦးအခြေအနေ၊ ပျမ်းမျှအခြေအနေ၊ အထွတ်အထိပ်အခြေအနေ၊ ပြီးပြည့်စုံခြင်းအခြေအနေ။

တစ်ချိန်တည်းမှာ ဖျက်ဆီးခြင်းစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက စတင်ချိုးဖြတ်လာတယ်။

သုံးခေါ့ဒရီလီယံ၊ ငါးခေါ့ဒရီလီယံ၊ ရှစ်ခေါ့ဒရီလီယံ။(တစ်ခေါ့ဒရီလီယံ= တစ်ထောင်ထရီလီယံ)

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေကို သုံးစွဲဖို့ လုံလောက်မယ်လို့ လီဖူချန်းက အစတုန်းက တွေထားခဲ့တယ်။ ဒါပေမယ့် ဖျက်ဆီးခြင်းစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဲ့ ယှဉ်လိုက်တော့ ဘာမှမဟုတ်တော့ပါလား။ အဆင့်ပိုမြင့်လာလေ၊ ဖျက်ဆီးခြင်းစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားရဲ့နတ်ဘုရားကျောက်တုံးလိုအပ်ချက်ကို ပိုကြီးမားလာလေပဲ။

လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အလယ်ဆင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ကို လိုအပ်ခဲ့တယ်၊ အဓိကအကြောင်းကတော့ သူ့ရဲ့ဓားတာအိုဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိနေလို့ပဲ။

ဖျက်ဆီးခြင်းစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကျရော။

ဖျက်ဆီးခြင်းဥပဒေသက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာသာရှိပြီး နှစ်ခုက နှိုင်းယှဉ်လို့မရပါဘူး။

ဒါပေမယ့် ဒါကို စဉ်းစားကြည့်လိုက်တော့ ပုံမှန်ပါပဲ။ တစ်‌‌ယောက်ယောက်က ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို ကျင့်ကြံထားခဲ့မယ်ဆိုရင် သူတို့က ဓားတာအိုနတ်ဘုရားအတတ်တွေကိုရော ကျင့်ကြံနိုင်လိမ့်မယ်။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကတော့ ၎င်းမှာ ဘာမှမရှိဘူး၊ ၎င်းအပေါ်ပဲ မူတည်တယ်။ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက လုံလုံလောက်လောက်အားမကောင်းရင် ဘယ်လိုလုပ်ပြီး ထိပ်တန်းအဆင့်ဥပဒေသဖြစ်လာမှာလဲ။

ရပ်တန့်မနေဘဲ လီဖူချန်းက ဆက်လက်အလုပ်လုပ်နေခဲ့တယ်၊ သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသကို တိုးမြှင့်နေခဲ့တယ်။

အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးက အံ့အားသင့်ဖွယ်ကောင်းလွန်းတယ်။ ၎င်းက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာပျက်ဆီးခြင်းရဲ့ထုတ်ကုန်တစ်ခုဖြစ်တယ်၊ ဒါဆို ဘယ်လိုဖျက်ဆီးခြင်းဥပဒေသက ၎င်းအထဲမှာ ပါဝင်မလဲ။

၎င်းက အစစ်အမှန်အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဖျက်ဆီးခြင်းဥပဒေသက မပြည့်စုံဘူးဆိုပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားသာဖြစ်တဲ့ လီဖူချန်းအတွက်တော့ လုံးဝလုံလောက်ပါတယ်။ တကယ်တော့ သူက ကမ္ဘာနတ်ဘုရားမဟုတ်ပါဘူး၊ ကမ္ဘာနတ်ဘုရားကိုကျော်လွန်တဲ့တည်ရှိမှုလဲ မဟုတ်ပါဘူး။

မိုးခေါင်ရာကနေ မိုးရွာသွန်းနေသလို လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသက အရူးအမူးမြင့်တက်လာနေတယ်။

ဒါပေမယ့် အဓိကအကြောင်းကတော့ လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက လုံလုံလောက်လောက်မြင့်မားပြီး ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်ရှိထားလို့ပဲ။

ပိုင်နက်နတ်ဘုရားတစ်ယောက်အနေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ရှိဖျက်ဆီးခြင်းဥပဒေသကို နားလည်ဖို့ဆိုတာ လွယ်ကူပါတယ်လေ။

ဒါ့ပြင် လီဖူချန်းက ဖျက်ဆီးခြင်းဥပဒေသကို ကျင့်ကြံလာတာ နှစ်များစွာရှိပြီ၊ သူက ဖျက်ဆီးခြင်းဥပဒေသရဲ့လက္ခဏာရပ်တွေနဲ့ ရင်းနှီးနေပါပြီ။

စိတ်ဝိညာဉ်နတ်ဘုရားအခြေအနေဖျက်ဆီးခြင်းဥပဒေသချိုးဖြတ်ခြင်းက ကြီးမားတဲ့ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို ဖြစ်စေခဲ့ပြီး ခြံဝင်းတစ်ခုလုံးထဲရှ်ိအသက်အားကို ဖျက်ဆီးပစ်ခဲ့တယ်။

"မကောင်းတော့ဘူး"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းကာ နေရာလပ်-အချိန်ဥပဒေသတစ်ခုကို အသုံးပြုပြီး ကျယ်‌ပြောတဲ့နေရာလပ်-အချိန်တစ်ခုကို ဖန်တီးလိုက်တယ်။

ကျယ်ပြောတဲ့နေရာလပ်-အချိန်က မီးခိုးရောင်ပြောင်းနေတာကို ပကတိမျက်စိနဲ့ မြင်နိုင်တယ်။ နေရာလပ်-အချိန်ရဲ့အသက်အားနဲ့ပြောင်းလဲမှုတွေအားလုံးကို ဖျက်ဆီးခဲ့တယ်။

ကံကောင်းတာကတော့ လီဖူချန်းက ဖျက်ဆီးခြင်းဥပ‌ဒေသကို ချိုးဖြတ်ရုံသာဖြစ်ပြီး ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားမဟုတ်လို့ပဲ။ သို့မဟုတ်ရင် ဒီကျယ်ပြောတဲ့နေရာလပ်-အချိန်ကို ချက်ချင်းဖျက်ဆီးပြီး တုန်ခါမှုလှိုင်းတွေက အပြင်ကို ပျံ့နှံ့သွားပါလိမ့်မယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားစဦးအခြေအနေ၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအလယ်အခြေအနေ.....

ဒီအချိန်အတွင်း လီဖူချန်းက ကျယ်ပြောတဲ့နေရာလပ်-အချိန်အသစ်ကို ပြန်ဖန်တီးခဲ့တယ်။

ဖျက်ဆီးခြင်းဥပဒေသက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားတဲ့အခါမှာတော့ ၎င်းက နောက်ဆုံးမှာ တိုးတက်မှုရပ်တန့်သွားခဲ့တယ်။

ဒီအချိန်မှာ အသေးစားချီလီယိုခါဇန်ဖျက်ဆီးခြင်းကျောက်တုံးမှာ ဖျက်ဆီးခြင်းဥပဒေသတွေများစွာကျန်ရှိပါသေးတယ်။

ရုတ်တရက်တိုးတက်မှုက လီဖူချန်းအနေနဲ့ ခံနိုင်ရည်ရှိဖို့ များလွန်းတယ်။ သူက ချေဖျက်ပြီးတည်ငြိမ်အောင် လုပ်ဖို့ လိုအပ်တယ်။

လီဖူချန်းက သူ့ရာသူပြောလိုက်တယ်။

လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအဆင့်က မတိုးတက်ခဲ့ပေမယ့် ဖျက်ဆီးခြင်းဥပဒေသတိုးတက်မှုက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို ဟာလာဟင်းလင်းဖြစ်စေခဲ့တယ်။ လီဖူချန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေကို ဆက်လက်စုပ်ယူခဲ့တယ်။

တစ်ထရီလီယံ၊ နှစ်ထရီလီယံ......

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက နောက်ဆုံးတော့ ပြည့်သွားပြန်ပါပြီ။

"လက်ရှိဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ဘယ်လောက်တောင် အားကောင်းနေမလဲ"

လီဖူချန်းက အလွန်မာကျောတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတူတစ်လက်ကို ယူထုတ်ခဲ့တယ်။

အသံတစ်သံဒါမှမဟုတ်ချီတည်ရှိမှုတစ်ခုမှ မထွက်ပေါ်လာဘဲ တူက ဗလာနတ္ထိဖြစ်သွားခဲ့တယ်။

ထို့နောက် လီဖူချန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ကောင်းကင်တိုင်ယန်ငွေတူကို ယူထုတ်ခဲ့တယ်။

ဝှစ်......

ကောင်းကင်တိုင်ယန်ငွေတူက သဲဖြစ်သွားခဲ့တယ်။

"ဒီလိုဖိနှ်ိပ်မှု"

လီဖူချန်းက ပင့်သက်ရှိုက်လိုက်တယ်။

ကောင်းကင်တိုင်ယန်ငွေတူကို တစ်ယောက်ယောက်ထိန်းချုပ်ထားတာ မဟုတ်တာကြောင့် ဖျက်ဆီးရတာ ပိုလွယ်တယ်ဆိုပေမယ့် ၎င်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်တစ်ခုပဲလေ။

အခုကြည့်ရသလောက် ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဖျက်ဆီးနိုင်လောက်တယ်။

"အခု ငါ့ရဲ့အသက်နယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ချိုးဖြတ်တာကိုပဲ  စောင့်ရမယ်"

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိပြီးတာနဲ့ စွမ်းအားက အပြင်းအထန်တိုးတက်လာပါလိမ့်မယ်။ ပြီးရင်တော့ ၎င်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အလွယ်တကူဖျက်ဆီးပစ်နိုင်ပါလိမ့်မယ်။

ကျယ်ပြောတဲ့နေရာလပ်-အချိန်မှ ထွက်လာပြီးနောက် ခြံဝင်းက ရှုပ်ပွနေပြီး အသက်အား‌တွေအားလုံးဆုံးရှုံးနေတာကို မြင်တဲ့အခါ လီဖူချန်းက ခါးသီးစွာ ရယ်မောလိုက်တယ်။

အဆုံးမှာတော့ လီဖူချန်းက တည်းခိုခန်းထံ နတ်ဘုရားကျောက်တုံးတွေ ပေးချေခဲ့ရပြီး နောက်ထပ်ခြံဝင်းတစ်ခုကို ပြောင်းလိုက်ရတယ်။

ပြီးနောက် လီဖူချန်းက ဆေးတွေကို စတင်သန့်စင်ခဲ့တယ်။

ကြယ်သုံးလုံးအဆင့်မြင့်ထိပ်တန်းနတ်ဘုရားဆေးပင်တွေဖြစ်တဲ့သွေးမျိုးဆက်အသက်ဆေးပင်နဲ့စိတ်ဝိညာဥ်တစ်ထောင်ဆေးပင်အလုံအလောက်နဲ့အတူ လီဖူချန်းက သွေးမျိုးဆက်အသက်နတ်ဘုရားဆေးအသုတ်ခြောက်သုတ်နဲ့ စိတ်ဝိညာဉ်တစ်ထောင်နတ်ဘုရားဆေးအသုတ်ငါးသုတ်ကို သန့်စင်ခဲ့တယ်။ အနာဂတ်ကျရင် ကျန်ရှိနေတဲ့နတ်ဘုရားဆေးပင်တွေကို သူကိုယ်တိုင်စိုက်ပျိုးဖို့ လီဖူချန်းက စီစဉ်ထားခဲ့တယ်။ တကယ်တော့ ထိပ်တန်းနတ်ဘုရားဆေးပင်‌တွေက ပေါ်ထွက်လာဖို့ ခဲယဉ်းတယ်လေ။

စိတ်ဝိညာဉ်ခြင်ဆီဆေးပင်နဲ့ဆန်းကြယ်‌စိတ်ဝိညာဉ်ကောင်းကင်ဘုံပြုပြင်ဆေးပင်တို့အတွက်ကတော့ ဒါဇင်အနည်းငယ်သာ ရှိပြီး လီဖူချန်းက သူတို့ကိုလဲ သိမ်းထားခဲ့တယ်။

သွေးမျိုးဆက်ပေါက်ပွား(အသက်)ဆေးခြောက်သုတ်၊ တစ်သုတ်စီမှာ ဆေးလုံးသုံးဆယ့်ခြောက်လုံးပါဝင်တယ်။ ခြောက်သုတ်ဆိုတော့ နှစ်ရာတစ်ဆယ့်ခြောက်လုံးပေါ့။ ဆေးတစ်လုံးစီက အဆုံးစွန်းအဆင့်ရှိတယ်။

စိတ်ဝိညာဉ်တစ်ထောင်ဆေးငါးသုတ်၊ စုစုပေါင်းဆေးလုံးတစ်ရာ့ရှစ်ဆယ်၊ အားလုံးက အဆုံးစွန်းအဆင့်ရှိတယ်။

လီဖူချန်းက သွေးမျိုးဆက်ပေါက်ပွား(အသက်)ဆေးကို သုံးစွဲဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး။

အုန်း.....

သိပ်သည်းတဲ့အသက်အားက လီဖူချန်းရဲ့အသက်ရင်းမြစ်ကို အဆက်မပြတ်အားဖြည့်နေတော့တယ်။

ပျမ်းမျှအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား၊ နှောင်းပိုင်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား၊ အထွတ်အထိပ်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား၊ ပြီးပြည့်စုံခြင်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား။

သွေးမျိုးဆက်ပေါက်ပွား(အသက်)ဆေးလုံးနှစ်ဆယ်ကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ရှိလာခဲ့တယ်။

လီဖူချန်းက နောက်ထပ်သွေးမျိုးဆက်ပေါက်ပွား(အသက်)ဆေးလုံးဆယ်လုံးကို သုံးစွဲခဲ့တယ်။

မီးတောင်တစ်ခုပေါက်ကွဲလာသလို၊ မြေဆီလွှာကနေ မြက်တစ်ပင် ထွက်ပေါ်လာသလို......

လီဖူချန်းရဲ့အသက်ရင်းမြစ်က ပြောင်းလဲသွားခဲ့တယ်။

သူက ပိုမြင့်မားတဲ့သက်ရှိပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ပြီးတော့ ဒါက ရိုးရှင်း‌တဲ့အသက်အားတိုးတက်မှုတစ်ခုမဟုတ်ပါဘူး။

ကြယ်သုံးလုံးနဲ့ကြယ်လေးလုံးပုံရိပ်ယောင်(ဟင်းလင်းပြင်)နတ်ဘုရားသက်ရှိတွေကြားကွာဟချက်လိုပါပဲ။ ရှေ့တစ်ခုက ကြယ်သုံးလုံးပုံရိပ်ယောင်(ဟင်းလင်းပြင်)နတ်ဘုရားသက်ရှိသာဖြစ်ပေမယ့် ၎င်းရဲ့ကြီးမားတဲ့အရွယ်အစားကြောင့် ၎င်းရဲ့အသက်အားက နောက်တစ်ခုထက် ပိုမြင့်တယ်။

ဒါပေမယ့် အသက်ရင်းမြစ်နဲ့အသက်အဆီအနှစ်အရ ကြယ်လေးလုံးပုံရိပ်ယောင်(ဟင်းလင်းပြင်)နတ်ဘုရားသက်ရှိက ကြယ်သုံးလုံးထက် ပိုသာလွန်တယ်။

သူတို့နှစ်ခုက အဆင့်မတူညီတဲ့သတ္တဝါတွေပါပဲ။

တစ်ခုက အဆင့်နိမ့်သတ္တဝါတစ်ကောင်ဖြစ်ပြီး အခြားတစ်ခုက အဆင့်မြင့်သတ္တဝါတစ်ကောင်ဖြစ်တယ်။

လီဖူချန်းရဲ့ကိစ္စဒါမှမဟုတ်နတ်ဘုရားမျိုးနွယ်ရဲ့ကိစ္စလဲ အတူတူပါပဲ။

စိတ်ဝိညာဉ်နတ်ဘုရားနဲ့ဆန်းကြယ်နတ်ဘုရားတို့က အဆင့်မတူညီတဲ့သတ္တဝါတွေပါပဲ။ အနောက်တစ်ခုရဲ့အသက်ရင်းမြစ်နဲ့အသက်အဆီအနှစ်က အဆင့်တစ်ခုလုံးကို ရောက်ရှိထားတယ်။

အသက်နယ်ပယ်ချိုးဖြတ်ပြီးနောက် လီဖူချန်းက သွေးမျိုးဆက်ပေါက်ပွား(အသက်)ဆေးကို ဆက်လက်သုံးစွဲနေခဲ့တယ်။

ဒါပေမယ့် ဒီတစ်ခါမှာတော့ သက်ရောက်မှုက ပိုဆိုးတယ်။ သွေးမျိုးဆက်ပေါက်ပွား(အသက်ဆေး)အားလုံးကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ထိသာ တိုးမြှင့်လာခဲ့တယ်။

"ကျန်ရှိတဲ့စိတ်ဝိညာဉ်တစ်ထောင်‌ဆေးလုံးတွေကို တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို ပေးရမယ်"

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာတဲ့နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။

လက်ရှိမှာ ၎င်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ကစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။

တစ်၊ နှစ်.....

စိတ်ဝိညာဉ်ခွဲဖြာကျားက စိတ်ဝိညာဉ်တစ်ထောင်ဆေးကို တစ်လုံးပြီးတစ်လုံးဝါးမျိုခဲ့တယ်။

၎င်းရဲ့ကြီးမားတဲ့အရွယ်အစားကြောင့်ဖြစ်မယ်၊ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ဖို့ စိတ်ဝိညာဉ်တစ်ထောင်ဆေးလုံးတစ်ရာ့ငါးဆယ်ကို ဝါးမျိုခဲ့ရတယ်။

လီဖူချန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားနဲ့ တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက တကယ်ကို ပြောင်မြောက်ပြီး အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။

ဒါပေမယ့် မိုမိုနဲ့ယှဉ်ရင်တော့ ၎င်းက အများကြီးဆိုးဝါးပါတယ်။

တကယ်တော့ မိုမိုက ကြယ်ရှစ်လုံးပုံရိပ်ယောင်(ဟင်းလင်းပြင်)နတ်ဘုရားသက်ရှိလေ။ ၎င်းရဲ့အသက်ရင်းမြစ်က သူတို့နှစ်ယောက်ထက် အဆများစွာ ပိုမြင့်တယ်။

မိုမိုက အဆင့်နိမ့်ကြယ်လေးလုံးပုံရိပ်ယောင်(ဟင်းလင်းပြင်)နတ်ဘုရားသက်ရှိတစ်ကောင်ဖြစ်ပေမယ့် ၎င်းက အဆင့်မြင့်ကြယ်လေးလုံးပုံရိပ်ယောင်(ဟင်းလင်းပြင်)နတ်ဘုရားသက်ရှိအများစုကို အနိုင်ယူနိုင်တယ်။ နတ်ဘုရားမျိုးနွယ်နဲ့တိုက်ခိုက်မယ်ဆိုရင် ၎င်းရဲ့ခွန်အားက ဒုတိယတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနဲ့ ညီမျှတယ်။

ဒါပေမယ့် ခွန်အားအရ လီဖူချန်းက သေချာပေါက်အသန်မာဆုံးပေါ့။ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားမဖြစ်သေးပေမယ့် အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်အဆင့်ကို ရောက်ရှိနေပြီးသားလေ။

"စတင်ချိုးဖြတ်ကြတာပေါ့"

ပထမက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအား။

တစ်ထရီလီယံ၊ နှစ်ထရီလီယံ၊ သုံးထရီလီယံ၊ ငါးထရီလီယံ၊ တစ်ဆယ်ထရီလီယံ။

အလယ်ဆင့်နတ်ဘုရားကျောက်တုံးဆယ့်နှစ်ထရီလီယံကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ထိသာ တိုးတက်ခဲ့တယ်။

ပြီးတော့ ဒီအချိန်မှာ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးရာဘီလီယံကို‌ ရောက်ရှိထားတယ်။ ဒါက ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲ၊ ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ပြိုင်ဘက်ကင်းလုနီးပါးအရေအတွက်တစ်ခုလို့ ဆိုနိုင်တယ်။

ပြီးနောက် ဖျက်ဆီးခြင်းစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအား။

ငါးထရီလီယံ၊ တစ်ဆယ်ထရီလီယံ၊ နှစ်ဆယ်ထရီလီယံ၊ ငါးဆယ်ထရီလီယံ၊ တစ်ရာထရီလီယံ။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ပိုတောင်လွန်ကဲတယ်၊ ၎င်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံကို သုံးစွဲခဲ့တယ်လေ။

လီဖူချန်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးဆယ်ထရီလီယံကျော်ရှိတာ ကံကောင်းသွားတယ်။

ဒါပေမယ့် ရလဒ်တစ်ခုအနေနဲ့ လီဖူချန်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်သာ ကျန်တော့တယ်။

နေရာလပ်-အချိန်စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားချိုးဖြတ်မှုက အလယ်ဆင့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံသာ လိုအပ်တာ ကံကောင်းသွားတယ်၊ သို့မဟုတ်ရင် လီဖူချန်းက သူတောင်စားဖြစ်နေလောက်ပါပြီ။

ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားကို ဘေးဖယ်ထားလိုက်အုံး၊ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက တကယ်ကို ကြောက်စရာကောင်းနေပါပြီ။

လီဖူချန်းက ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်နိုင်တဲ့ သတ္တုအပိုင်းအစတစ်ခုကို ယူထုတ်လိုက်တယ်၊ ဒါပေမယ့် ၎င်းက ဖျက်ဆီးနတ်ဘုရားစွမ်းအားနဲ့ ထိတွေ့ရုံမျှနဲ့ ချက်ချင်းပျက်ဆီးသွားခဲ့တယ်။

လက်ရှိဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဖျက်ဆီးနိုင်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားချိုးဖြတ်ပြီးနောက် လီဖူချန်းက သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို စတင်ပေါင်းစည်းခဲ့တယ်။

ပထမ၊ မူလအဆုံးစွန်းခုတ်ချက်။

ဆန်းကြယ်နတ်ဘုရားအတတ်ကို ပေါင်းစည်းခြင်းက ရိုးရှင်းသလိုခက်လဲခက်ခဲတယ်။ လီဖူချန်းက ဆန်းကြယ်နတ်ဘုရားအတတ်အမှတ်အသားကို ပျော်ဝင်အောင် အရင်လုပ်ရတယ်။

ဆန်းကြယ်နတ်ဘုရားအတတ်အမှတ်အသားက အလွန်အမင်းမာကျောပြီး ပုံမှန်အခြေအနေအောက်မှာ ဆန်းကြယ်နတ်ဘုရားအမှတ်အသားကို လုံးဝပျော်စေဖို့ နှစ်ရာအနည်းငယ်ကြာတယ်။

ဒါပေမယ့် လီဖူချန်းကတော့ မတူပါဘူး။ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အားကောင်းလွန်းပြီး သူ့သွေးမျိုးဆက်ကလဲ အားကောင်းလွန်းတယ်။

မူလအဆုံးစွန်းခုတ်ချက်အမှတ်အသားက ခန္ဓာကိုယ်ထဲကို ဝင်လာတာနဲ့ ၎င်းက ချက်ချင်းပျော်ဝင်သွားပြီး သွေးမျိုးဆက်နဲ့ ပေါင်းစပ်သွားခဲ့တယ်။

ဆန်းကြယ်နတ်ဘုရားစွမ်းအားရဲ့ပမာဏနဲ့ခွန်အားက တိုးလာခဲ့တယ်။

ဆန်းကြယ်နတ်ဘုရားအတတ်အမှတ်အသားကို ပေါင်းစပ်ပြီးနောက် ပြန်ဖြည့်ဖို့ နတ်ဘုရားကျောက်တုံးမှချီစွမ်းအင်ကို စုပ်ယူဖို့မလိုတော့ဘူးဆိုတာကို လီဖူချန်းက သိခဲ့တယ်။ ကြည့်ရတာ ဆန်းကြယ်နတ်ဘုရားအတတ်အမှတ်အသားကိုယ်တိုင်က ကြီးမားတဲ့ချီစွမ်းအင်ပမာဏတစ်ခုပါဝင်နေပုံပဲ။

လီဖူချန်း ခန့်မှန်းတာ မှန်ပါတယ်။ နတ်ဘုရားကမ္ဘာမှကောင်းချီးပေးထားတဲ့နတ်ဘုရားအတတ်အမှတ်အသားမှာ မူလရင်းမြစ်စွမ်းအားရဲ့အရိပ်‌အယောင်တစ်ခုပါဝင်တယ်။ မူလရင်းမြစ်စွမ်းအားက အလွန်အားကောင်းပြီး အရိပ်အယောင်တစ်ခုက နတ်ဘုရားကမ္ဘာချီစွမ်းအင်နဲ့နတ်ဘုရားကျောက်တုံးချီစွမ်းအင်တို့ရဲ့ကြီးမားတဲ့ပမဏတစ်ခုနဲ့ ယှဉ်ပြိုင်နိုင်တယ်။

ထို့နောက် လိုဏ်ဂူတစ်ရာဓားပိုင်နက်၊ မူလအဆုံးစွန်းဓားခန္ဓာကိုယ်၊ စပ်ကြောင်းမဲ့ခုတ်ချက်၊ ပျံသန်းနဂါးခုတ်ချက်၊ လှိုင်းဂယက်ခုတ်ချက်၊ ဓားသင်္ဂြိုလ်ခြင်း၊ ထာဝရတည်မြဲခြင်းဓားချီ။

အချိန်တိုလေးအတွင်းမှာ လီဖူချန်းက ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ရှစ်ခုကို ပေါင်းစပ်ခဲ့တယ်။ ဒီဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ရှစ်ခုက အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဒါမှမဟုတ်သာမန်အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေမဟုတ်ဘဲ အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေဖြစ်တယ်။

ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကတော့ အလွန်အမင်းတုန်လှုပ်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီး လီဖူချန်းကတောင် တုန်လှုပ်ချောက်ချားသွားခဲ့ရတယ်။

ရှစ်ရာဘီလီယံ။

***

All Chapters