အကြီးစားနဂါးအင်းကွက်ရွှေကြော
Vol. 90 Ch. 1266
"အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံ"
အကြိုပြီးပြည့်စုံခြင်းဆန်းကြယ်ရွှေနတ်ဘုရားမျက်လုံးက ကြောက်စရာကောင်းလွန်းတယ်။ ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံကို ရရှိခဲ့တယ်။
နောက်ထပ်တစ်လကြာပြီးနောက် လီဖူချန်းရဲ့နေရာလပ်လက်စွပ်ထဲရှိနဂါးအင်းကွက်ရွှေသတ္တုရဲ့တန်ဖိုးက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံကို ရောက်ရှိလာတယ်။
"အမ်"
"ဒီနဂါးအင်းကွက်ရွှေသတ္တုက ကြီးမားပါလား၊ ၎င်းက အနည်းဆုံးမီတာထောင်အနည်းငယ်အရွယ်အစားရှိတာပဲ....."
မီတာဒါဇင်အနည်းငယ်နဲ့မီတာထောင်အနည်းငယ်က အဆတစ်သန်းကွာဟတယ်။
နဂါးအင်းကွက်ရွှေသတ္တုမီတာဒါဇင်အနည်းငယ်က အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ရာမီလီယံနဲ့ ညီမျှတယ်။ နဂါးအင်းကွက်ရွှေသတ္တုမီတာထောင်အနည်းငယ်က အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံနဲ့ ညီမျှတယ်။
ဒါက သေချာပေါက်ကြီးမားတဲ့ကံကောင်းမှုတစ်ခုပဲ။
နဂါးအင်းကွက်ရွှေနတ်ဘုရားကြယ်ရဲ့မြေကြီးက အလွန်မာကျောပြီး လီဖူချန်းက ခက်ခက်ခဲခဲတူးထုတ်နေခဲ့တယ်။ လဝက်ကြာပြီးနောက် လီဖူချန်းက နောက်ဆုံးမှာ အပေါက်တစ်ခုကို တူးထုတ်နိုင်ခဲ့ပြီး နဂါးအင်းကွက်ရွှေသတ္တုရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။
"မဟုတ်ဘူး၊ ဒါက နဂါးအင်းကွက်ရွှေသတ္တုတစ်ခုမဟုတ်ဘူး၊ ဒါက အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောတစ်ခုပဲ"
လီဖူချန်းရဲ့အသက်ရှုနှုန်းက မြန်ဆန်လာတော့တယ်။
ဒါက ထိပ်မှာအမြီး၊ အောက်ခြေမှာ ဦးခေါင်းနဲ့ အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောတစ်ခုဖြစ်တယ်။ လီဖူချန်းက ထိပ်မှာရှိပြီး အမြီးကိုသာ မြင်နိုင်တယ်။
"ကောင်းတယ်၊ ငါ့ကံက အတော်လေးကောင်းတာပဲ"
အများကြီးအားမထုတ်ခဲ့ရပါဘူး၊ လီဖူချန်းက အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောကို တူးထုတ်ကာ နေရာလပ်လက်စွပ်ထဲသို့ ထည့်လိုက်တော့တယ်။
"ငါ ဒီတစ်ခါတော့ အကျိုးအမြတ်ရခဲ့တာပဲ"
ယခင်က နတ်ဘုရားကျောက်တုံးတွေနဲ့ပတ်သက်ပြီး သူက စိုးရိမ်ခဲ့ရပေမယ့် အခု စိုးရိမ်စရာမလိုတော့ပါဘူး။
ဒါက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်သောင်းထရီလီယံနဲ့ညီမျှတဲ့အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံပဲလေ။
အချိန်က ကုန်ဆုံးနေတယ်၊ မျက်စိတစ်မှိတ်အတွင်း လီဖူချန်းက နဂါးအင်းကွက်ရွှေနတ်ဘုရားကြယ်ကို ရောက်ရှိနေတာ လအနည်းငယ်ကြာပါပြီ၊ သူက ဒုတိယမြောက်အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောကို ရှာမတွေ့ခဲ့ပါဘူး။
ဒါကို စဉ်းစားကြည့်လိုက်တော့ ပုံမှန်ပါပဲ။ နဂါးအင်းကွက်ရွှေကြယ်က ကြီးမားရင်တောင် နဂါးအင်းကွက်ရွှေသတ္တုကြောတစ်ခုကို ရှာတွေ့ဖို့ဆိုတာ ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ။
"ဆန်းကြယ်ရွှေနတ်ဘုရားမျက်လုံးကို ဘယ်အချိန်ကျမှ ရှစ်ဆယ်ရာခိုင်နှုန်းထိ ကျင့်ကြံနိုင်မလဲမသိ"
မြေအောက်မိုင်သောင်းအနည်းငယ်က တိမ်လွန်းပါတယ်။ နဂါးအင်းကွက်ရွှေသတ္တုကြောတွေက မြေအောက်အနက်ပိုင်းမှာပဲရှိတယ်ဆိုတာ လီဖူချန်းက သိတယ်။
တစ်နှစ်ကြာပြီးနောက် လီဖူချန်းရဲ့ရိတ်သိမ်းမှုက မသေးငယ်လှပါဘူး။ အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောကလွဲပြီး သူက အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ထိုက်တန်တဲ့နဂါးအင်းကွက်ရွှေသတ္တုကို တူးဖော််နိုင်ခဲ့တယ်။
နောက်ထပ်နှစ်ဝက်က ကုန်ဆုံးသွားပါပြီ၊ လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုနဲ့အတူ သူက နောက်ဆုံးမှာ ဆန်းကြယ်ရွှေနတ်ဘုရားမျက်လုံးကို ရှစ်ဆယ်ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်ခဲ့တယ်။
ဒီအချိန်မှာ သူက မိုင်ဆယ်သန်းအနက်အထိ မြင်နိုင်ပါပြီ။
"နဂါးအင်းကွက်ရွှေသတ္တုတွေ၊ နဂါးအင်းကွက်ရွှေသတ္တုကြောတွေအများကြီးပဲ"
မိုင်ဆယ်သန်းက အလွန်နက်နေပါပြီ။ နဂါးအင်းကွက်ရွှေကြယ်ရဲ့လက္ခဏာရပ်တွေကြောင့် လူတိုင်းရဲ့နတ်ဘုရားစွမ်းအားက မိုင်ရာအနည်းငယ်ထိသာ ထိုးဖောက်နိုင်တယ်။ ပိုင်နက်နတ်ဘုရားက ပြောင်မြောက်တယ်ဆိုရင် မိုင်သိန်းအနည်းငယ်ကို ထိုးဖောက်နိုင်ပေမယ့် မိုင်ဆယ်သန်းအထိ ထိုးဖောက်နိုင်တာကတော့ ရှားပါတယ်။
အသေးစားနဂါးအင်းကွက်ရွှေသတ္တုကို အလင်းစက်တစ်ခုအဖြစ် ဖော်ပြမယ်ဆိုရင် အနည်းငယ်ပိုကြီးတဲ့တစ်ခုက ကျောက်မျက်ရတနာတစ်ခုဖြစ်ပြီး ပိုထပ်ကြီးမားမယ်ဆိုရင် အလင်းစက်လုံး၊ ပိုထပ်ထပ်ကြီးမားမယ်ဆိုရင် သာလွန်ကြီးမားအလင်းစက်လုံးဖြစ်ပါလိမ့်မယ်။
သာလွန်ကြီးမားအလင်းစက်လုံးတွေက တကယ်တော့ နဂါးအင်းကွက်ရွှေသတ္တုကြောတွေပါပဲ။
"တူးစမ်း"
လီဖူချန်းက နဂါးအင်းကွက်ရွှေသတ္တုတွေကို စိတ်မဝင်စားပါဘူး၊ သူ့ရဲ့ပစ်မှတ်က သတ္တုကြောတွေပါပဲ။
သတ္တုကြောတစ်ခု၊ သတ္တုကြောနှစ်ခု၊ သတ္တုကြောသုံးခု......
ဒီနေရာက နဂါးအင်းကွက်ရွှေသတ္တုတွေ အတော်လေးပေါကြွယ်ဝတာပဲ၊ လီဖူချန်းက အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောသုံးခုကို တူးဖော်ခဲ့တယ်။
ထို့နောက် လီဖူချန်းက နဂါးအင်းကွက်ရွှေကြယ်ပေါ်မှာ လျင်မြန်စွာ ရွေ့လျားနေတော့တယ်။
ရက်အနည်းငယ်အတွင်းမှာ သူက နောက်ထပ်သတ္တုကြောတစ်ခုကို ရှာတွေ့ခဲ့တယ်။
နောက်ထပ်တစ်လကြာပြီးနောက် လီဖူချန်းရဲ့နေရာလပ်လက်စွပ်မှာ အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောတွေဆယ့်နှစ်ခုအထိ ရှိလာပါပြီ။ အဆင့်မြင့်နတ်ဘုရားကျောက်တုံးဆယ့်နှစ်ထရီလီယံလို့ ဆိုလိုတာပေါ့။
အခြားသူတွေကသာ ဒါကို သိရင် သူတို့က မနာလိုအားကျနေမှာအသေအချာပဲ။ သူတို့က သတ်ဖြတ်ချင်စိတ်တွေတောင် တဖွားဖွားပေါ်လာနိုင်တယ်။
အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်မှာတောင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ပဲရှိတယ်။ သူတို့က လီဖူချန်းနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
နဂါးအင်းကွက်ရွှေကြယ်ကိုရောက်ရှိပြီးငါးနှစ်မြောက်မှာ လီဖူချန်းရဲ့အသေးစားနဂါးအင်းကွက်ကြယ်သတ္တုကြောအရေအတွက်က သုံးရာ့ငါးဆယ်အထိ ရောက်ရှိလာခဲ့တယ်။
ဒါက ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုပါပဲ။
လီဖူချန်းဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးတဲ့အရေအတွက်တစ်ခုပေါ့။
သူ့ရဲ့မူလရည်မှန်းချက်က အဆင့်မြင့်နတ်ဘုရားကျောင်တုံးထရီလီယံအနည်းငယ်ကို ရရှိဖို့ပဲလေ။
"အဆင့်မြင့်နတ်ဘုရားကျောက်တုံး၃၅၀ထရီလီယံ။ အခု ထွက်ခွာဖို့ အချိန်ပဲ"
ငါးနှစ်က မနည်းပါဘူး၊ နတ်ဘုရားကျောက်တုံးတွေရဖို့အတွက်နဲ့ လီဖူချန်းက အချိန်ကို နဂါးအင်းကွက်ရွှေကြယ်ပေါ်မှာပဲ မဖြုန်းချင်ပါဘူး။
အရာအားလုံးကို ခွန်အားကပဲ သယ်ဆောင်ပေးတယ်လို့ သူက ခိုင်ခိုင်မာမာယုံကြည်ထားတယ်။ ခွန်အားမရှိရင် သူက နဂါးအင်းကွက်ရွှေကြယ်ပေါ်ရှိ ကမ္ဘာဆွဲအားကို တောင့်ခံနိုင်မှာမဟုတ်ဘူးလေ။
သူက အခု အဆင့်မြင့်နတ်ဘုရားကျောက်တုံး၃၅၀ထရီလီယံကို ရရှိနိုင်ရင် သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဖြစ်လာတာနဲ့ အဆင့်မြင့်နတ်ဘုရားကျောက်တုံး၃၅၀၀ထရီလီယဲကို ရရှိနိုင်ပါလိမ့်မယ်။
အတိုချုပ်အားဖြင့် ၃၅၀ထရီလီယံက သူ့အတွက် အချိန်အကြာကြီး လုံလောက်ပါတယ်။ ဒါကြောင့် ထွက်ခွာဖို့အချိန်ရောက်ရင် သူက ထွက်ခွာရမှာပဲ။ လောဘကြီးလွန်းခြင်းက ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူးလေ။
လီဖူချန်းရဲ့ကံက ကောင်းလွန်းတာကြောင့်ဖြစ်နိုင်တယ်။ သူက ထွက်သွားဖို့ပြင်ဆင်နေစဉ်မှာ နောက်ထပ်နဂါးအင်းကွက်ရွှေသတ္တုကြောကို ရှာတွေ့ခဲ့တယ်လေ။
ဒါ့ပြင် ဒါက အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောတစ်ခုဖြစ်တယ်။
ပုံမှန်အားဖြင့် အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောက မြေအောက်ငါးမိုင်ကနေဆယ်မိုင်ပတ်လည်မှာ ရှိတယ်။ အလတ်စားနဂါးအင်းကွက်ရွှေသတ္တုကြောက မြေအောက်ဆယ်ပိုင်းကနေမိုင်နှစ်ဆယ်ပတ်လည်မှာ ရှိတယ်။ အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောကတော့ မြေအောက်မိုင်နှစ်ဆယ်ပတ်လည်မှာရှိတယ်။
မြေအောက်မိုင်တစ်ဆယ်ပတ်လည်အတွင်းမှာ အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောတစ်ခုထွက်ပေါ်လာတာ ပိုရှားပါတယ်။
ဒါပေမယ့် ဒီတစ်ခါမှာတော့ အဲဒါကို လီဖူချန်းက ရှာတွေ့ခဲ့တာပဲ။
လီဖူချန်းရဲ့နှလုံးသားက လျင်မြန်စွာခုန်နေတော့တယ်။
အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောတစ်ခုက အဆင့်မြင့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံထိုက်တန်တယ်လေ။
တူးရမယ်.....
အခြားဘာအတွေးမှမရှိတော့ပါဘူး၊ လီဖူချန်းရဲ့တစ်ခုတည်းသောအတွေးက ဒီနဂါးအင်းကွက်ရွှေသတ္တုကြောကို ရရှိဖို့ပါပဲ။
တစ်လကြာပြီးနောက် သတ္တုကြောကို ရရှိခဲ့တယ်။
ထို့နောက် လီဖူချန်းက ထွက်ခွာလာခဲ့တယ်။
ဟာသလား။ အခုချိန်မှ မထွက်သွားရင် ဘယ်အချိန်ထွက်သွားမှာလဲ။
အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံနဲ့ယှဉ်ရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံက ဘာမှမဟုတ်တော့ပါဘူးလေ။
ဒါပေမယ့် ကြိုတင်သိထားရမှာက သူက နဂါးအင်းကွက်ရွှေသတ္တုကြောကို ရောင်းထုတ်ရမှာပဲ။
သူက နဂါးအင်းကွက်ရွှေနတ်ဘုရားကြယ်ပေါ်မှာတော့ မရောင်းထုတ်ရဲပါဘူး၊ သူ့ကို ပိုင်နက်နတ်ဘုရားတွေက ပစ်မှတ်ထားလာနိုင်တယ်လေ။
သူက ဘယ်လောက်ပဲ အားကောင်းပါစေ၊ သူက ပိုင်နက်နတ်ဘုရားတစ်ယောက်အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။
အရေးကြီးဆုံးကတော့ သူက ပိုင်နက်နတ်ဘုရားတွေနဲ့ မတိုက်ခိုက်မဖလှယ်ရသေးတာပဲ။
ရတနာအလင်းကြယ်ပေါ်မှာ အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောဆယ်ခုကို ရောင်းထုတ်ခဲ့ပြီး အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံကို ရရှိခဲ့တယ်။
သူက အလွန်သတိထားခဲ့တာတောင် ပစ်မှတ်ထားခံရပါသေးတယ်။
အတွင်းနဲ့အပြင်ပူးပေါင်းကြံစည်တယ်လို့တောင် လီဖူချန်းက သံသယဖြစ်တယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာသို့လာရာလမ်းမှာ ဆန်းကြယ်နတ်ဘုရားဆရာသခင်ဆယ်ယောက်က လီဖူချန်းကို ဝန်းရံခဲ့တယ်။
"မင်းက အသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောကို ရနိုင်တယ်ဆိုတော့ အရမ်းကံကောင်းတာပဲ။ မင်းက နဂါးအင်းကွက်ရွှေနတ်ဘုရားကြယ်ပေါ်မှာ နှစ်ပေါင်းမရေမတွက်များစွာ နေထိုင်ခဲ့မယ်လို့ ငါ ထင်တယ်။ ဘယ်လိုလဲ....ငါ ထင်တာ မှန်ရဲ့လား"
ပြောလိုက်တဲ့သူက မီးခိုးရောင်ဆံပင်နဲ့အကြီးအကဲတစ်ယောက်ပါပဲ။ လီဖူချန်းက နဂါးအင်းကွက်ရွှေနတ်ဘုရားကြယ်မှာ နှစ်မရေမတွက်များစွာ နေထိုင်ခဲ့ပြီး နဂါးအင်းကွက်ရွှေသတ္တုကြောကို ရောင်းထုတ်ဖို့ ရတနာအလင်းကြယ်ကို လာတယ်ဆိုတာ သူက သေချာတယ်။
"ကံမကောင်းစွာနဲ့ အခု အားလုံးက ငါတို့လက်ထဲရောက်လာပြီပေါ့"
နဖူးပေါ်မှာအသားပိုတစ်ခုနဲ့လူက ရယ်လိုက်တယ်။
"ဘယ်သူကများ သူ့ကို သတိမထားဖို့ ပြောလိုက်တာလဲမသိဘူး။ သူက တစ်ကြိမ်တည်းနဲ့ နဂါးအင်းကွက်ရွှေတ္တုကြောကို ရောင်းထုတ်လိုက်ရတယ်လို့။ သူက တစ်ကြိမ်မှာ နည်းနည်းစီဖြတ်ဖြတ်ပြီး ရောင်းထုတ်ရင် ဘယ်သူက သတိပြုမိတော့မှာလဲ"
"နဂါးအင်းကွက်ရွှေကြယ်ပေါ်မှာ သူ့ရဲ့ဦးနှောက်ကျွတ်ကျန်ခဲ့တယ်နဲ့တူတယ်"
လူတိုင်းက လှောင်ပြောင်နေကြပြီး လီဖူချန်းကို သူတို့ရဲ့မျက်လုံးထဲတောင် မထည့်ပါဘူး။
ဘယ်လိုဟာသလဲ....သူတို့မှာ ဆန်းကြယ်နတ်ဘုရားဆရာသခင်ဆယ်ယောက်ရှိတာလေ.....
လီဖူချန်းက ဆန်းကြယ်နတ်ဘုရားဆရာသခင်ဆိုရင်တောင် သူတို့အားလုံးရဲ့ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မှာတဲ့လား။
"မင်းတို့ပြောလို့ပြီးပြီလား" လီဖူချန်းက မေးလိုက်တယ်။
"မင်း ဘာပြောတာလဲ။ မင်း လွတ်မြောက်မယ်လို့ ထင်နေတာလား"
"မင်းတို့ပြောလို့ပြီးရင်တော့ ငရဲကို သွားလိုက်တော့"
ကြောက်စရာကောင်းတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက ရိုက်ခတ်သွားပြီး မောက်မာနေတဲ့ဆန်ကြယ်နတ်ဘုရားဆရာသခင်ဆယ်ယောက်စလုံးက ပြာအဖြစ် ပြောင်းလဲသွားတော့တယ်။
မသေခင် လီဖူချန်းက သူတို့ရဲ့အံ့အားသင့်ကာမျှော်လင့်ချက်မဲ့နေတဲ့မျက်နှာအမူအရာကို မြင်တွေ့ခဲ့တယ်။
ဆန်းကြယ်နတ်ဘုရားဆရာသခင်က အားနည်းလွန်းပါတယ်လေ။
လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုကိုတောင် မရင်ဆိုင်နိုင်ဘူး။
ခရမ်းတိမ်နတ်ဘုရားကမ္ဘာကို ပြန်ရောက်ပြီးနောက် လီဖူချန်းက နဂါးအင်းကွက်ရွှေသတ္တုကြောကို ဆက်လက်ရောင်းထုတ်နေခဲ့တယ်။
ဒီတစ်ခါမှာတော့ သူက ပိုသတိထားပြီး နတ်ဘုရားမြို့တစ်ခုစီမှာ ရွှေသတ္တုကြောတစ်ခုစီ ရောင်းချခဲ့တယ်။
နောက်ထပ်တစ်လကြာပြီးနောက် သူသိမ်းထားတဲ့တစ်ခုကလွဲပြီး အခြားအသေးစားနဂါးအင်းကွက်ရွှေသတ္တုကြောတွေကို အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားကျောက်တုံးတွေအဖြစ် ပြောင်းလဲခဲ့တယ်။
စုစုပေါင်းအဆင့်မြင့်နတ်ဘုရားကျောက်တုံး၃၄၉ထရီလီယံရှိလာပါပြီ။
အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောအတွက်ကတော့ လီဖူချန်းက မလှုပ်ရှားရဲခဲ့ပါဘူး။
အကျိုးဆက်က ကြီးမားလွန်းတာကြောင့် သူက မလှုပ်ရှားရဲဘူးလေ။
တကယ်တော့ ဒါက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သောင်းထရီလီယံပဲလေ။
လက်ရှိလီဖူချန်းရဲ့ကြွယ်ဝမှုကို ပိုင်နက်နတ်ဘုရားအရှင်သခင်တွေကပဲ ယှဉ်နိုင်မှာ။
လီဖူချန်းက အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတစ်ခုပြုရဲရင် အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ကို သေချာပေါက်ဆွဲဆောင်မိမှာပဲ။
အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်က လီဖူချန်းကို အသက်တစ်ခါရှုရုံနဲ့ သတ်ဖြတ်နိုင်လောက်တယ်။
ဒါကြောင့် အချိန်တိုအတွင်းမှာ လီဖူချန်းက အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောကို ရောင်းထုတ်ဖို့ အစိီအစဉ်မရှိပါဘူး။
ဒါ့အပြင် လိုလဲမလိုအပ်ပါဘူးလေ။ သူ့မှာ နတ်ဘုရားကျောက်တုံးတွေများလွန်းတယ်၊ သူတို့ကို ဘယ်လိုအသုံးချရမလဲတောင် သူ မသိဘူးလေ။
"စစ်ခုန်ကျိုက်ရှင်းက အခုဆိုရင် ဘယ်ကျင့်ကြံခြင်းနယ်ပယ်ကို ရောက်နေမလဲ"
လီဖူချန်းက စစ်ခုန်ကျိုက်ရှင်းနဲ့ပတ်သက်ပြီး ရုတ်တရက် တွေးလိုက်တယ်။
…
အမ်ရန်မြို့အနီးမှာ အမ်ရန်ဂိုဏ်းလို့ခေါ်တဲ့ကြယ်လေးလုံးဂိုဏ်းတစ်ခုရှိတယ်။
အမ်ရန်ဂိုဏ်းရဲ့အသန်မာဆုံးကျွမ်းကျင်သူကို ဝမ့်အမ်လို့ခေါ်ပြီး သူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။
အဝေးမှ တစ်ချက်ကြည့်ပြီးနောက် စစ်ခုန်ကျိုက်ရှင်းက ကောင်းကောင်းအားထုတ်နေတာကို လီဖူချန်းက သိတယ်။ အရင်က သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်သာဖြစ်ပေမယ့် အခု သူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်နေပါပြီ။
သူ့အနေနဲ့ ဝူကလန်ကို လက်စားချေနိုင်ဖို့က အချိန်ကြာအုံးမှာပါ။
"လူတစ်ယောက်က သူ့ကိုယ်သူပဲ မှီခိုရမှာ။ သူက ငါ့အကူအညီ မလိုအပ်လောက်ဘူး"
လီဖူချန်းက တိတ်တဆိတ်ထွက်ခွာလာခဲ့တယ်။ အမ်ရန်ဂိုဏ်းခေါင်းဆောင်ဝမ့်အန်ကတောင် သတိမပြုမိပါဘူး။
***