ဆေးမျှော်စင်
Vol. 90 Ch. 1267
အဆင့်၃နတ်ဘုရားမြို့တစ်မြို့အနေနဲ့ အမှောင်ပြာမြို့ရဲ့နယ်နိမိတ်အတွင်းမှာ အဆင့်၂နဲ့အဆင့်၃နတ်ဘုရားမြို့တွေများစွာရှိတယ်။
အဆင့်၃နတ်ဘုရားမြို့အနေနဲ့ အမှောင်ပြာမြို့ရဲ့စည်ကားမှုက စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။ ရတနာအလင်းကြယ်ပေါ်ရှိနတ်ဘုရားမြို့တွေကတောင် အရှုံးပေးရတယ်။
တကယ်တော့ ရတနာအလင်းကြယ်ပေါ်မှာ ကျွမ်းကျင်သူတွေဘယ်လောက်ပဲရှိရှိ၊ သူတို့က ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ မယှဉ်နိုင်ပါဘူး။
အမှောင်ပြာမြို့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရှိသလို ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းလဲ ရှိတယ်။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းက အယောက်တစ်ထောင်ရှိပြီး ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းက အယောက်တစ်ရာရှိတယ်။
ဒီအယောက်တစ်ရာလုံးက ဆန်းကြယ်နတ်ဘုရားတွေရဲ့အထွတ်အထိပ်မှာ ရှိတာ သေချာပေါက်ပဲ။ ပိုင်နက်နတ်ဘုရားက မထွက်ပေါ်လာရင် တစ်ယောက်မှ သူတို့နဲ့ ယှဉ်ပြိုင်နိုင်လိမ့်မှာမဟုတ်ဘူး။
အမှောင်ပြာမြို့ကို ရောက်ရှိပြီးနောက် လီဖူချန်းက အမှောင်ပြာမြို့ရဲ့စည်ကားမှုကို ခံစားနိုင်တယ်။ ဒီနေရာမှာသွားလိုက်လာလိုက်လုပ်နေသူတွေက အခြေခံအားဖြင့် စိတ်ဝိညာဉ်နတ်ဘုရားတွေပါပဲ။ ဆန်းကြယ်နတ်ဘုရားတွေက ဂေါ်ဖီထုပ်မဟုတ်ပေမယ့် ဂေါ်ဖီထုပ်နဲ့ မခြားပါဘူး။ ပိုင်နက်နတ်ဘုရားတွေကတောင် မကြာခဏထွက်ပေါ်လာတယ်၊ မရှားဘူးလို့ဆိုရမှာပေါ့။
"ဒါ တကယ်ကို သက်ဝင်လှုပ်ရှားနေတာပဲ"
လီဖူချန်း အမှောင်ပြာမြို့ကို လာတာ အဓိကအားဖြင့် ကံကြမ္မာအခွင့်အလမ်းတွေ ရှာဖွေဖို့အတွက်ပါပဲ။
အဆင့်၃နတ်ဘုရားမြို့အနေနဲ့ အပြင်ကမ္ဘာမှာရှားပါးတဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။ ဥပမာအားဖြင့် ကြယ်လေးလုံးနတ်ဘုရားမီးလျှံတစ်ခုလိုပေါ့။
ကြယ်လေးလုံးနတ်ဘုရားမီးလျှံတွေမရှိဘဲနဲ့ လီဖူချန်းက ကြယ်လေးလုံးဆေးဆရာတစ်ယောက်ဒါမှမဟုတ် ကြယ်လေးလုံးဆေးနတ်ဘုရားတစ်ယောက် လျင်မြန်စွာ မဖြစ်လာနိုင်ပါဘူး။ ဒါ့ပြင် သူ့မှာ ကြယ်လေးလုံးအဆင့်နိမ့်အထွတ်အထိပ်နတ်ဘုရားဆေးပင်ဖြစ်တဲ့သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးပင်ရှိတယ်လေ။
သူက သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးကို သန့်စင်နိုင်ရင် သူက သူ့ရဲ့အသက်အားအဆင့်ကို အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်အထိ တိုးမြှင့်နိုင်ပါလိမ့်မယ်။
ခုနှစ်ရောင်ခြယ်နတ်ဘုရားမီးလျှံဆိုင်က အမှောင်ပြာမြို့ရဲ့ကျော်ကြားတဲ့နတ်ဘုရားမီးလျှံဆိုင်တွေထဲကတစ်ခုဖြစ်တယ်။
"ဧည့်သည်၊ မင်း နတ်ဘုရားမီးလျှံတစ်ခုကို လိုချင်တာလား" ဆိုင်ဝန်ထမ်းက မေးလိုက်တယ်။
လီဖူချန်းက မေးလိုက်တယ်။
"ဘယ်အဆင့်ကို လိုချင်တာလဲ" ဆိုင်ဝန်ထမ်းက ထပ်မေးလိုက်တယ်။
"အဆင့်ပိုမြင့်လေ၊ ပိုကောင်းလေ" လီဖူချန်းက ပြန်ဖြေလိုက်တယ်။
ဟဲဗီးဝိတ်ဧည်သည့်တစ်ယောက်ရောက်လာတယ်ဆိုတာ ဆိုင်ဝန်ထမ်းက သိလိုက်ပါပြီ။
"ဧည့်သည်၊ ဒီလမ်းအတိုင်းကြွပါ"
ခုနှစ်ရောင်ခြယ်နတ်ဘုရားမီးလျှံဆိုင်မှာ အထပ်သုံးထပ်ရှိတယ်။ ပထမအထပ်မှာ ကြယ်သုံးလုံးနတ်ဘုရားမီးလျှံတွေရှိပြီး ဒုတိယအထပ်မှာ ကြယ်လေးလုံးနတ်ဘုရားမီးလျှံတွေရှိတယ်။
ဆိုင်ဝန်ထမ်းက လီဖူချန်းကို ဒုတိယအထပ်ဆီ ခေါ်သွားတယ်။
"ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားမီးလျှံကျောက်တုံး၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံ"
"ကြယ်လေးလုံးအလယ်ဆင့်သွေးနတ်ဘုရားမီးလျှံ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ရာ့ငါးဆယ်ထရီလီယံ"
"ကြယ်လေးလုံးအဆင့်မြင့်အေးခဲမီးလျှံ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံး......."
"ကြယ်လေးလုံးအဆင့်မြင့်ဖြာထွက်နတ်ဘုရားမီးလျှံ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးသုံးရာ့ငါးဆယ်ထရီလီယံ"
"ကြယ်လေးလုံးအဆင့်မြင့်ငွေကြာပန်းနတ်ဘုရားမီးလျှံ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံး......."
ခုနှစ်ရောင်ခြယ်နတ်ဘုရားမီးလျှံဆိုင်က တကယ်ကို ကျော်ကြားတဲ့နတ်ဘုရားမီးလျှံဆိုင်တစ်ခုပဲ။ နတ်ဘုရားမီးလျှံတွေအမျိုးမျိုးရှိတယ်။
"ငါ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားမီးလျှံအားလုံးယူမယ်"
လီဖူချန်းက ပြောလိုက်တယ်။
"အားလုံးကို ယူမယ်...." ဆိုင်ဝန်ထမ်းက အံ့အားသင့်သွားတယ်။
ဒီနေရာမှာ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားမီးလျှံဆယ့်ငါးမျိုးရှိတယ်၊ တန်ဖိုးအားလုံးပေါင်းလိုက်ရင် အလယ်ဆင့်နတ်ဘုရားကျောက်တုံး......ထရီလီယံကျော်မှာပါ။
"ဟုတ်တယ်၊ မင်း မရောင်းဘူးလား" လီဖူချန်းက ပြန်မေးလိုက်တယ်။
ဆိုင်ဝန်ထမ်းက ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်တယ်"ရောင်းမှာပါ.....သူတို့ကို ရောင်းမှာပါ"
တကယ်တော့ ဒီနေရာရှိနတ်ဘုရားမီးလျှံတွေအားလုံးက မိခင်မီးလျှံကနေခွဲထုတ်ထားတဲ့ အစေ့မီးလျှံတွေပဲ။ ဒါကြောင့် သူတို့ကို အဆက်မပြတ်ထုတ်လုပ်နိုင်ပါတယ်။
ဒါပေမယ့် အစေ့မီးလျှံခွဲထုတ်တာက မိခင်မီးလျှံကို ကြီးမားတဲ့ထိခိုက်မှုဖြစ်စေတယ်၊ ၎င်းက ပြန်သက်သာဖို့ အချိန်အကြာကြီးယူရတယ်။
မိခင်မီးလျှံရောအစေ့မီးလျှံရောက အနှစ်သာရကကွာခြားချက်မရှိပါဘူး၊ နှစ်ခုလုံးမှာ မူလရင်းမြစ်ပါဝင်တယ်။
မိခင်မီးလျှံရဲ့မူလရင်းမြစ်က ပိုသန်မာတာတစ်ခုပဲ။
လီဖူချန်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားမီးလျှံတွေအားလုံးကို ဝယ်ယူရတဲ့အကြောင်းရင်းကတော့ နတ်ဘုရားဆေးတွေ သန့်စင်ဖို့ပါပဲ။ နတ်ဘုရားဆေးတွေအမျိုးမျိုးရှိသလို စွမ်းပကားတွေကလဲ မတူပါဘူး။ သူက နတ်ဘုရားဆေးတွေသန့်စင်ဖို့ အသင့်လျော်ဆုံးနတ်ဘုရားမီးလျှံကို အသုံးပြုမယ်ဆိုရင် ထိရောက်မှုက သေချာပေါက် ပိုမြင့်မားပေလိမ့်မယ်။
"ကြယ်ငါးလုံးနတ်ဘုရားမီးလျှံတွေတစ်ခုမှမရှိဘူးလား"
လီဖူချန်းက မေးလိုက်တယ်။
ဆိုင်ဝန်ထမ်းက ပြန်ဖြေလာတယ်"ရှိပါတယ်၊ ဒါပေမယ့် လူတိုင်းဝယ်လို့မရဘူး"
"ပိုင်နက်နတ်ဘုရားဆိုရင်ရော" လီဖူချန်းက မေးလိုက်တယ်။
ဆိုင်ဝန်ထမ်းက ဖြေလိုက်တယ်"ပိုင်နတ်ဘုရားလဲ ဝယ်လို့မရဘူး"
"ဒါ အတော်လေးထူးဆန်းတာပဲ။ ကမ္ဘာနတ်ဘုရားတွေကပဲ သူတို့ကို ဝယ်လို့ရတာလား"
ဆိုင်ဝန်ထမ်းက ရှင်းပြလိုက်တယ်"ကြယ်လေးလုံးအဆင့်မြင့်ဒါမှမဟုတ်ကြယ်ငါးလုံးဆေးနတ်ဘုရားတွေကပဲ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံကို ဝယ်ယူနိုင်တယ်"
"ဒါဆို ငါ ကြယ်လေးလုံးအဆင့်မြင့်ဒါမှမဟုတ်ကြယ်ငါးလုံးဆေးနတ်ဘုရားတစ်ယောက်ဆိုတာကို ဘယ်လိုသက်သေပြရမှာလဲ" လီဖူချန်းက မေးလိုက်တယ်။
ဆိုင်ဝန်ထမ်းက ပြောလိုက်တယ်"အမှောင်ပြာမြို့မှာ ဆေးမျှော်စင်ရှိတယ်။ အဲဒီမှာ ဆေးမျှော်စင်ရဲ့စမ်းသပ်ချက်ကို အောင်မြင်ဖို့ပဲ လိုတယ်"
"ငါ သိပြီ"
ဆိုင်ဝန်ထမ်းက ရှင်းပြပြီးနောက် ဆေးမျှော်စင်က ဘယ်လိုအဖွဲ့အစည်းတစ်ခုလဲဆိုတာ လီဖူချန်းက သိခဲ့တယ်။
အများအသိအမှတ်ပြုတဲ့နတ်ဘုရားဆေးဆရာဒါမှမဟုတ်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ဆိုရင် ဆေးမျှော်စင်ရဲ့စမ်းသပ်ချက်ကို ကျော်ဖြတ်ရပါမယ်။
ဆေးမျှော်စင်ရဲ့စမ်းသပ်ချက်က အလွန်ရိုးရှင်းတယ်။ တစ်စုံတစ်ယောက်က မိမိအကျွမ်းကျင်ဆုံးနတ်ဘုရားဆေးသုံးမျိုးကို သန့်စင်ဖို့ လိုအပ်ရုံပါပဲ။
ဥပမာအားဖြင့် တစ်ယောက်ယောက်က ကြယ်လေးလုံးအဆင့်မြင့်သာမန်နတ်ဘုရားဆေးကို သန့်စင်နိုင်ရင် ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်လာလိမ့်မယ်။ ပြီးရင်တော့ ဆေးမျှော်စင်က ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးဆရာတံဆိပ်ကို ပေးပါလိမ့်မယ်။
ဆေးနတ်ဘုရားတွေအတွက်လဲ အတူတူပါပဲ။ တစ်ယောက်ယောက်က ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးတွေကို သန့်စင်နိုင်သရွေ့ ကြယ်လေးလုံးအဆင့်မြင့်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်လာပြီး ကြယ်လေးလုံးအဆင့်မြင့်ဆေးနတ်ဘုရားတံဆိပ်ကို ရရှိပါလိမ့်မယ်။
ဆေးမျှော်စင်ကထုတ်ပေးထားတဲ့တံဆိပ်တစ်ခုရှိဖို့ အရမ်းအရေးကြီးတယ်လို့ ပြောနိုင်တယ်။
ဒီတံဆိပ်မရှိရင် ဘယ်သူကမှ နတ်ဘုရားဆေးတွေသန့်စင်ဖို့ ရှာဖွေမှာမဟုတ်ပါဘူး။
ဒီတံဆိပ်ရှိမှ နတ်ဘုရားဆေးတွေသန့်စင်ဖို့ လူတွေက လာရှာဖွေကြမှာပါ။
"ငါ နားလည်ပြီ။ သတင်းအချက်အလက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
သူ့အနေနဲ့ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံကို ဝယ်ယူနိုင်ဖို့ ကြယ်လေးလုံးအဆင့်မြင့်ဆေးနတ်ဘုရားတစ်ယောက် အရင်ဖြစ်ရမှာပါ၊ ဒါကြောင့် သူက ပိုကြိုးစားအားထုတ်ဖို့ လိုအပ်နေပါပြီ။
လက်ရှိ သူ့မှာ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားမီးလျှံရှိမှတော့ ကြယ်လေးလုံးနတ်ဘုရားဆေးတွေဖော်စပ်ဖို့က အဆများစွာပိုလွယ်ကူလာပါပြီ။
လီဖူချန်းက နေထိုင်ဖို့ ထိပ်တန်းအဆင့်တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့တယ်။
တစ်ပတ်အတွင်းမှာ လီဖူချန်းက အဆုံးစွန်းကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေကို ဖော်စပ်နိုင်ခဲ့တယ်။
နောက်တစ်လကြာပြီးနောက် သူက အဆုံးစွန်းကြယ်လေးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေကို ဖော်စပ်နိုင်ခဲ့တယ်။
နောက်ထပ်သုံးလကြာပြီးနောက် သူက ပြီးပြည့်စုံခြင်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးတွေကို ဖော်စပ်နိုင်ခဲ့တယ်။
လီဖူချန်းက သိပ်တော့မကျေနပ်သေးပါဘူး၊ သူ က အဆုံးစွန်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးတွေကို ဖော်စပ်ချင်ခဲ့တာလေ။
ပြီးပြည့်စုံခြင်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးတွေက သူ့ကို ကြယ်လေးလုံးအဆင့်မြင့်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။
အခြားသူတွေကသာ လီဖူချန်းရဲ့တိုးတက်မှုကို သိရင် သူတို့က သေချာပေါက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရမှာပါ။
ဆေးနတ်ဘုရားတွေအသာထား၊ ဆေးနတ်ဘုရားဆရာသခင်တွေကတောင် ကြယ်လေးလုံးအဆင့်ကို ရောက်ရှိပြီးနောက် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ နှစ်ထောင်သောင်းချီ လိုအပ်တာပါ။
လီဖူချန်းအတွက်တော့ ဒါက ထမင်းစားရေသောက်သလိုပါပဲ။
နောက်ထပ်တစ်လကုန်ဆုံးသွားခဲ့တယ်၊ နောက်ဆုံးမှာတော့ အဆုံးစွန်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးတွေကို လီဖူချန်းက ဖော်စပ်နိုင်ခဲ့တယ်။
"ငါ အခု ဆေးမျှော်စင်စမ်းသပ်ချက်မှာ ပါဝင်လို့ရပြီ"
သူ့ရဲ့ဆေးတာအိုပါရမီက ဘာလို့ဒီလောက်ထိ မြင့်မားနေရလဲကို လီဖူချန်းက မသိဘူး၊ ဒါပေမယ့် ဘယ်သူက ဂရုစိုက်မှာလဲ။
သူ နားမလည်နိုင်တဲ့အရာတွေကို ခန့်မှန်းဖို့ မလိုအပ်ပါဘူးလေ။
…
ဆေးမျှော်စင်က အမှောင်ပြာမြို့ရဲ့အထွတ်အမြတ်နေရာတွေထဲကတစ်ခုဖြစ်တယ်။
ဆေးမျှော်စင်မှာ အထပ်ဆယ့်ခြောက်ထပ်ရှိတယ်။
ပထမအထပ်က ရုံးခန်းပါ။
ဒုတိယအထပ်ကနေ တတိယအထပ်အထိက ကြယ်တစ်လုံးနတ်ဘုရားဆေးဆရာနဲ့ကြယ်တစ်လုံးဆေးနတ်ဘုရားတွေအတွက်ပါပဲ။
ပဉ္စမအထပ်ကနေသတ္တမအထပ်ထိက ကြယ်နှစ်လုံးနတ်ဘုရားဆေးဆရာသခင်နဲ့ကြယ်နှစ်လုံးဆေးနတ်ဘုရားဆေးနတ်ဘုရားတွေအတွက်ပါပဲ။
၁၁ထပ်မြောက်ကနေ ၁၃ထပ်မြောက်ထိက ကြယ်လေးလုံးနတ်ဘုရားဆေးဆရာတွေနဲ့ကြယ်လေးလုံးဆေးနတ်ဘုရားတွေအတွက်ပါပဲ။
စမ်းသပ်ချက်မှာ ပထမဆုံးအကြိမ်ပါဝင်တယ်ဆိုရင် ဒုတိယထပ်ကနေ စတင်ရမှာပါ။
"ဖက်တီးကျန်း၊ မင်း ကြယ်နှစ်လုံးဆေးဆရာတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ချက်တစ်ခုရှ်ိလား"
"ဒါနဲ့ပတ်သက်ပြီး မပြောပါနဲ့တော့။ ဒီလမှာပဲ ငါ နတ်ဘုရားဆေးမီးပြင်းဖိုဒါဇင်ထိ ဖြုန်းတီးခဲ့တယ်။ ငါ ဒီတစ်ကြိမ်စမ်းသပ်ချက်ကို မအောင်မြင်ရင် အနာဂတ်မှာ ငါ ပါဝင်လို့မရတော့ဘူးလို့ ငါ့အဖေက ပြောတယ်။ ကလန်က ငါ့အတွက် အရင်းအမြစ်တွေကို အဆက်မပြတ်မထောက်ပံ့နိုင်တော့ဘူးလေ။ ငါက ဆေးတာအိုပါရမီမရှိဘူးလို့ သူတို့အားလုံးက တွေးနေကြတယ်"
"ဒါ ဟုတ်ပါတယ်လေ"
"နတ်ဘုရားဆေးတွေဖော်စပ်တဲ့အခါမှာ ဆေးတာအိုပါရမီက ပဓာနကျပါတယ်။ ငါတို့အထဲမှာ လီလီအန်နီက ဆေးတာအိုပါရမီအမြင့်ဆုံးပဲ။ ငါတို့အားလုံး ဆေးတာအိုကို စတင်ကျင့်ကြံခဲ့တုန်းက အတူတူဖြစ်ပေမယ့် သူမက အခု ကြယ်သုံးလုံးနတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်နေပြီ။ သူမက ကလန်အတွက် ဝင်ငွေအမြောက်အများကို နှစ်တိုင်း ယူဆောင်လာပေးနိုင်တယ်"
"ဒါပေမယ့် ငါက ဆေးတာအိုကို တကယ်စိတ်ဝင်စားပြီး အဆင့်မြင့်ဆေးဆရာတစ်ယောက်ဖြစ်ချင်တာ" ဖက်တီးလေးက စိတ်ဓာတ်ကျစွာ ပြောလိုက်တယ်။
အမှောင်ပြာမြို့က ကြီးမားလွန်းပြီး ၎င်းရဲ့လူဦးရေက သန်းရာချီရှိတယ်။ ဒါကြောင့် စစ်ဆေးပွဲကိုပါဝင်မယ့်သူတွေက အများကြီးပေါ့။
ကံကောင်းစွာနဲ့ ဆေးမျှော်စင်ထဲမှာ နောက်ထပ်နေရာလပ်တစ်ခုရှိတာပဲ။ အဲဒါက အလွန်ကျယ်ပြီး အထဲမှာလူဘယ်လောက်ပဲရှိရှိ၊ လူကျပ်တယ်လို့ မခံစားရပါဘူး။
ဆေးမျှော်စင်ရဲ့ဒုတိယအထပ်မှာ လီဖူချန်းက နတ်ဘုရားဆေးအလုပ်သင်စမ်းသပ်မှုကို စတင်ခဲ့တယ်။ ဒါက ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာစမ်းသပ်ချက်ဖြစ်တယ်။
သံသယရှိစရာမလို၊ လီဖူချန်းက စမ်းသပ်ချက်ကို အောင်မြင်ခဲ့တယ်။
နောက်တော့ ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးဆရာနဲ့ကြယ်တစ်လုံးအလယ်ဆင့်ဆေးနတ်ဘုရားစမ်းသပ်ချက်တို့ပေါ့။
"မင်း စစ်ဆေးမှုကို ဆက်သွားချင်သေးလား" ဝန်ထမ်းတစ်ယောက်က လီဖူချန်းကို မေးလိုက်တယ်။
လီဖူချန်းက ဆက်မသွားတော့ဘူးဆိုရင် သူက ရွှေရောင်ဆေးနတ်ဘုရားတံဆိပ်ကို ရရှိမှာပါ။
ဆေးနတ်ဘုရားတံဆိပ်တွေမှာ ကွာခြားချက်တွေရှိတယ်။ ကြယ်တစ်လုံးအလယ်ဆင့်ဆေးနတ်ဘုရားတံဆိပ်တွေမှာ ငွေရောင်နဲ့ရွှေရောင်တံဆိပ်တွေရှိတယ်။ ငွေရောင်တံဆိပ်က ပြီးပြည့်စုံခြင်းကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးလုံးတွေသန့်စင်နိုင်စွမ်းကို ကိုယ်စားပြုပြီး ရွှေရောင်တံဆိပ်က အဆုံးစွန်းကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးလုံးတွေ သန့်စင်နိုင်စွမ်းကို ကိုယ်စားပြုတယ်။ ဒါ့အပြင် တံဆိပ်အသွင်အပြင်မှာလဲ ကွာခြားချက်တွေရှိတယ်။ ကြယ်တစ်လုံးအလယ်ဆင့်ဆေးနတ်ဘုရားတံဆိပ်တွေမှာ ငွေရောင်ကြယ်နှစ်လုံးဒါမှမဟုတ်ရွှေရောင်ကြယ်နှစ်လုံးရှိတယ်။ ကြယ်တစ်လုံးအဆင့်မြင့်ဆေးနတ်ဘုရားတံဆိပ်တွေမှာ ငွေရောင်ကြယ်သုံးလုံးဒါမှမဟုတ်ရွှေရောင်ကြယ်သုံးလုံးရှိတယ်။
"ဆက်စစ်ဆေးမှာ" လီဖူချန်းက ပြန်ဖြေလိုက်တယ်။
"ကောင်းပြီလေ"
ဝန်ထမ်းက ဘာမှမပြောပါဘူး။ ကြယ်တစ်လုံးအလယ်ဆင့်ဆေးနတ်ဘုရားတစ်ယောက်က အတော်လေးဂုဏ်သိက္ခာရှိပုံပေါ်ပေမယ့် တကယ်တမ်းတော့ အသုံးမဝင်ပါဘူး။ အမှောင်ပြာမြို့မှာ ဘယ်သူကများ ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးတွေကို လိုအပ်မှာလဲ။
ကြယ်တစ်လုံးနတ်ဘုရားဆေးတွေသန့်စင်တယ်ဆိုတာက အခြေခံကို တည်ဆောက်တာပဲ။
ထို့နောက် လီဖူချန်းက ကြယ်တစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးဆရာနဲ့ကြယ်တစ်လုံးအဆင့်မြင့်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့တယ်။
နောက်တော့ ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာနဲ့ကြယ်တစ်လုံးအဆင့်နိမ့်ဆေးနတ်ဘုရား။
ဒီအချိန်အတွင်း ဖက်တီးလေးတစ်ယောက်က ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေကို ကြိုးစားသန့်စင်နေတာကို လီဖူချန်းက မြင်ခဲ့တယ်။ လူငယ်ရဲ့လေးနက်ပြီးကြိုးစားတဲ့အမူအရာအရ လူငယ်က အလွန်ဇွဲကောင်းတဲ့လူတစ်ယောက်ဆိုတာ သိခဲ့တယ်။
ဒါကြောင့် လီဖူချန်းက လူရွယ်ကို သတင်းပို့ကာ လမ်းညွှန်ပေးခဲ့တယ်။
"ဟားဟား၊ ငါ အောင်မြင်သွားပြီ၊ ငါ အောင်မြင်သွားပြီ။ ငါ ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်လာပြီ"
ဖက်တီးလေးက အလွန်ပျော်နေတော့တယ်။
သူ့ကလန်က သေးငယ်တဲ့ကြယ်သုံးလုံးကလန်တစ်ခုသာဖြစ်ပြီး ကလန်ထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားအနည်းငယ်သာရှိတယ်။ ဒါကြောင့် သူက ဖိအားအောက်ကို ကျရောက်နေတယ်။ တကယ်တော့ သူ ကြယ်နှစ်လုံးနတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် ကလန်က အရင်းအမြစ်များစွာထောက်ပံ့ပေးခဲ့တယ်၊ ဒါက အခြားကလန်သားတွေရဲ့ကျင့်ကြံခြင်းကို သက်ရောက်တဲ့အထိပဲ။
ဒါပေမယ့် သူက သူ့ရဲ့ဆေးတာအိုနဲ့ ကလန်ကို တကယ်ကူညီချင်ခဲ့တာပါ။ သူ လက်လျော့လိုက်ရင် သူ့ဘဝက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။
သူ့ကြိုးစားမှုက ထိုက်တန်ပါတယ်။ ဒီတစ်ကြိမ်တော့ သူ အောင်မြင်ခဲ့ပါပြီ။
ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေဆိုပြီး အထင်မသေးပါနဲ့၊ သူတို့က အစစ်အမှန်နတ်ဘုရားတွေအတွက် အသုံးဝင်ပါတယ်။ တကယ်တော့ ကျွမ်းကျင်သူတိုင်းက အောက်ခြေကနေ စရတာပဲလေ။ အမှောင်ပြာမြို့မှာ အစစ်အမှန်နတ်ဘုရားတွေမရေမတွက်နိုင်လောက်အောင်ရှိတာ၊ ဒါကြောင့် ကြယ်နှစ်လုံးအဆင့်နိမ့်ဆေးလုံးတွေအတွက် ဈေးကွက်တစ်ခုရှိပါသေးတယ်။
အနည်းဆုံးတော့ ဖက်တီးက ကလန်ရဲ့အရင်းအမြစ်တွေကို ထပ်မလိုတော့ပါဘူး၊ သူက နတ်ဘုရားဆေးလုံးတွေ သန့်စင်နေရင်း နတ်ဘုရားကျောက်တုံးတွေ ရရှိနိုင်ပါတယ်။
"စောစောက ငါ့ကို ဘယ်သူ လမ်းညွှန်ပေးခဲ့တာလဲ"
ဖက်တီးက ဟိုဟိုသည်သည်လှည့်ကြည့်လိုက်တယ်၊ ဘယ်သူက သူ့ကို လမ်းညွှန်နေသလဲကို မသိပါဘူး။
"ဒါက ဆေးလုံးသန့်စင်ခြင်းအခြေခံမှတ်စုပဲ။ မင်း တစ်ခုနှစ်ခုနားလည်နိုင်ရင် မင်းအနေနဲ့ ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်ဖို့ မခက်ခဲတော့ဘူး။ မင်းက သုံးလေးခုနားလည်နိုင်ရင် ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးဆရာသခင်ဖြစ်ဖို့ မခက်ခဲတော့ဘူး။ ကောင်းပြီ၊ ငါ့ကို လိုက်ရှာနေတာ ရပ်လိုက်တော့။ မင်း ငါ့ကို ရှာတွေ့မှာမဟုတ်ဘူး။ မင်းက အရမ်းဇွဲကောင်းတာကို မြင်လိုက်လို့ ငါ မင်းကို ကူညီပေးခဲ့တာ။ အနာဂတ်မှာ မင်းမှာ အောင်မြင်မှုအချို့ရှိလာရင် မင်း အခြားသူတွေကိုလဲ ကူညီပေးနိုင်တယ်" လီဖူချန်းရဲ့အသံက သိမ်မွေ့ကာ ဝိုးတိုးဝါးတာဖြစ်နေတယ်။
"သေချာပေါက်ပေါ့"
ဖက်တီးက ပြတ်သားတဲ့မျက်လုံးတွေနဲ့ ခေါင်းညိတ်လိုက်တယ်။
***