← Chapters

ဆေးမျှော်စင်အကြီးအကဲ

Vol. 90 Ch. 1269

ဆေးမျှော်စင်အကြီးအကဲ

Vol. 90 Ch. 1269

ဆယ်လုံး၊ အလုံးနှစ်ဆယ်......

လီဖူချန်းက သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးလုံးစုစုပေါင်းငါးဆယ်ကို သန့်စင်ခဲ့တယ်။

မှတ်တမ်းမှာ ပြောခဲ့သလိုပါပဲ၊ သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးလုံးကို သန့်စင်တဲ့အခါ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးသန့်စင်နိုင်ဖို့ မြင့်မားတဲ့အခွင့်အရေးတစ်ခုရှိတယ်ဆိုတာ အမှန်ပါပဲ။

လီဖူချန်းက သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးလုံးငါးဆယ်ထဲမှသန္ဓေပြောင်းနတ်ဘုရားဆေးလုံးနှစ်လုံးကို သန့်စင်ခဲ့တယ်။ တစ်လုံးက အင်းကွက်ခြောက်ခုရှိပြီး အခြားတစ်လုံးက အင်းကွက်ခုနှစ်ခုရှိတယ်။

သာမန်သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးလုံးက သွေးပမာ ကြက်သွေးရောင်ရှိတယ်။ အင်းကွက်ခြောက်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးက ပန်းရောင်ဖြစ်ပြီး အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးက ရွှေနီရောင်ရှိတယ်။

"ဒီသန္ဓေပြောင်းနတ်ဘုရားဆေးနှစ်လုံးမှာ ဘယ်လိုသက်ရောက်မှုတွေရှိသလဲ ငါ သိချင်တယ်"

သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန္ဓေပြောင်းနတ်ဘုရားဆေးလုံးလို့ခေါ်ရတဲ့‌အကြောင်းရင်းကတော့ သူတို့မှာ အတွင်းပိုင်းသန္ဓေပြောင်းလဲမှုတွေရှိလို့ပဲ။ သူတို့မှာ ဘယ်လိုသက်ရောက်မှုတွေရှိသလဲကို တစ်ယောက်မှ မသိပါဘူး။

လီဖူချန်းက ဒါနဲ့ပတ်သက်ပြီး ခေါင်းရှုပ်မခံသေးဘဲ သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေး‌ဆေးလုံးတွေကို စတင်သုံးစွဲခဲ့တယ်။

ပုံမှန်အားဖြင့် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးလုံးနှစ်ဆယ်ကို သုံးစွဲပြီးနောက် အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားရဲ့အသက်နယ်ပယ်ကို ရောက်ရှိနိုင်လိမ့်မယ်။

လီဖူချန်းမှာ ဆေးလုံးလေးဆယ့်ရှစ်လုံးရှိတယ်ဆိုတော့ သူက တိုးတက်ဖို့ မခက်ခဲပါဘူး။

ဆေးလုံးတစ်လုံး၊ ဆေးလုံးနှစ်လုံး၊ ဆေးလုံးသုံးလုံး......

လီဖူချန်းရဲ့အသက်နယ်ပယ်က  လျင်မြန်စွာ တိုးလာတယ်။

အလုံးနှစ်ဆယ်၊ အလုံးသုံးဆယ်၊ အလုံးလေးဆယ်......

ဒါပေမယ့် အလုံးလေးဆယ်ကုန်ပြီးတောင်မှ လီဖူချန်းရဲ့အသက်နယ်ပယ်က မချိုးဖြတ်ရသေးပါဘူး။

သူ့ခွန်အားက သိသိသာသာတိုးလာတာကြောင့် သူ့ရဲ့အသက်နယ်ပယ်ကို ချိုးဖြတ်ရတာ ပိုခက်ခဲလာသလားကိုတော့ လီဖူချန်းက မသိပါဘူး။

အထူးသဖြင့် ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိပြီး ဆန်းကြယ်နတ်ဘုရားအတတ်တွေကို သူ့သွေးမျိုးဆက်ထဲသို့ ပေါင်းစပ်ပြီးနောက် သူ့အနေနဲ့ သူ့ရဲ့အသက်နယ်ပယ်ကို ချိုးဖြတ်ရတာ ပိုတောင်ခက်ခဲလာတယ်။

သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေး‌ဆေးလေးဆယ့်ရှစ်လုံးကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကိုတောင် မရောက်ရှိခဲ့ပါဘူး၊ ၎င်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနှောင်းပိုင်းအဆင့်မှာသာ ရှိပါသေးတယ်။

တိကျတဲ့အကြောင်းပြချက်ကို မသိပေမယ့် ဒါက သူ့ရဲ့ခွန်အားနဲ့ဆက်စပ်မယ်လို့တော့ လီဖူချန်းက ရေးတေးတေးခံစားမိတယ်။

သူ့ခွန်အားက အားကောင်းလွန်းတာကိုး။

သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးရာဘီလီယံလောက်မြင့်မားပြီး ၎င်းက အကန့်အသတ်ထက် သိသိသာသာကျော်လွန်နေတယ်။

ဒါပေမယ့် လီဖူချန်းက စိတ်မကျေမနပ်မဖြစ်သွားပါဘူး။ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကြားမှာ ကွာဟချက်အများကြီးမရှိပါဘူး။ ဒါက ပိုင်နက်နတ်ဘုရားသို့ သူ့ရဲ့တိုးတက်မှုကို နှောင့်နှေးမှုတစ်ခုဖြစ်စေခဲ့ရုံပါပဲ။

နောက်တစ်ကြိမ်ကျရင် သူက ပြင်ဆင်ထားရမှာပါ။

နောက်ပိုင်းမှာ လီဖူချန်းက ပန်းရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးနဲ့ရွှေနီရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတို့ကို စတင်လေ့လာခဲ့တယ်။

အမှုန့်အနည်းငယ်ကို ခြစ်ထုတ်ပြီးနောက် ပန်းရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးမှာ အသက်နယ်ပယ်ကိုတိုးစေနိုင်တဲ့သက်ရောက်မှုမရှိတာကို လီဖူချန်းက သိခဲ့တယ်။ ဒါပေမယ့် ၎င်းမှာ သွေးမျိုးဆက်နတ်ဘုရားစွမ်းအားကို နှိုးဆွပေးနိုင်တဲ့သက်ရောက်မှုရှိတယ်။ ဒါက အမှုန့်အနည်းငယ်ဆိုပေမယ့် သူ့ရဲ့သွေးမျိုးဆက်က ဆူပွက်နေပြီး သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက လိမ့်တက်နေတာကို လီဖူချန်းက ခံစားမိတယ်။  သူက တိုက်ပွဲတစ်ခုမှာဆိုရင် သူ့ရဲ့တိုက်ခိုက်ရေးခွန်အားက အကြီးအကျယ်တိုးလာပါလိမ့်မယ်။

သူက ပန်းရောင်သန္ဓေပြောင်း‌‌နတ်ဘုရားဆေးတစ်လုံးကို သုံးစွဲခဲ့ရင် သူ့ရဲ့တိုက်ခိုက်ရေးခွန်အားက အနည်းဆုံးငါးဆတိုးလာမယ်လို့ လီဖူချန်းက ခန့်မှန်းခဲ့တယ်။ ဒါက အတော်လေးကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲ၊ အထူးသဖြင့် ပြောင်မြောက်တဲ့ခွန်အားရှိသူတွေအတွက်ပေါ့။

ပန်းရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးက အသက်နယ်ပယ်ကိုတိုးစေတဲ့သက်ရောက်မှုကို ဆုံးရှုံးသွားခဲ့ပေမယ့် ၎င်းရဲ့တန်ဖိုးက အနည်းဆုံးအဆတစ်ရာတိုးလာတယ်လို့ ပြောနိုင်တယ်။

ဒါနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ရအောင်၊ သန့်စင်ခြင်းတစ်ရာတိုက်ပွဲ‌သွေးဆေးတစ်လုံးက အသက်နယ်ပယ်ကို အဆင့်သေးတစ်ခုသာ တိုးစေတယ်။ ၎င်းက အသက်နယ်ပယ်ကို နောက်တစ်ဆင့်အထိ တိုက်ရိုက်မတိုးစေပါဘူး။

ပန်းရောင်‌သန္ဓေပြောင်းနတ်ဘုရားဆေးလုံးကတော့ တစ်စုံတစ်ယောက်ရဲ့ခွန်အားကို အနည်းဆုံးငါးဆတိုးစေတယ်။ ရန်သူရဲ့ခွန်အားက တစ်ဆနှစ်ဆလောက်သာ ပိုသန်မာရင် ရန်သူကို တိုက်ခိုက်မှုတစ်ခုတည်းနဲ့ သတ်ဖြတ်နိုင်ပါလိမ့်မယ်။

ဒါက သာလွန်အဆင့်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။

တကယ်တော့ ဒါက သာမန်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်လုံးသာဆိုရင် သက်ရောက်မှုက ဒီလောက်ပြင်းထန်မှာ မဟုတ်ဘူး။ အရေးကြီးဆုံးကတော့ သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးက ထိပ်တန်းအဆင့်နတ်ဘုရားဆေးဖြစ်နေတာပဲ။ ထိပ်တန်းအဆင့်နတ်ဘုရား‌ဆေးတစ်လုံးက သန္ဓေပြောင်းမှတော့ ကြောက်စရာကောင်းမှာပေါ့။

အင်းကွက်ခြောက်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးကတောင် ဒီလောက် ကြောက်စရာကောင်းနေတာ။ နောက်တော့ လီဖူချန်းက ရွှေနီရောင်အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးကို စတင်လေ့လာခဲ့တယ်။

တူညီတဲ့နည်းလမ်းအတိုင်းပဲ၊ လီဖူချန်းက အမှုန့်အချို့ကို ခြစ်ကာ အရသာခံလိုက်တယ်။

အုန်း....

ကောင်းကင်ဘုံမိုးကြိုးက မြေကမ္ဘာမီးကို လှုံ့ဆော်လိုက်သလိုပါပဲ။ လီဖူချန်းရဲ့ခန္ဓာကိုယ်က ရွှေနီရောင်မီးလျှံတွေ လောင်ကျွမ်းနေတော့တယ်။

ရွှေ‌နီရောင်မီးလျှံတွေမှာ ဘယ်မီးတာအိုဥပဒေသတစ်ခုမှ မပါဝင်ပါဘူး ဒါမှမဟုတ် မီးတာအိုဥပဒေသနဲ့အလားတူတဲ့ဥပဒေသတွေ မပါဝင်ပါဘူး။

အတိအကျပြောရရင် ၎င်းက အသက်မီးတစ်မျိုးဖြစ်တယ်။

၎င်းက မဖျက်ဆိီးနိုင်တဲ့အသက်မီးတစ်ခုပါပဲ။

ရွှေနီရောင်မီးလျှံက သူ့ခန္ဓာကိုယ်ပေါ်မှာ လောင်ကျွမ်းနေတဲ့အခါမှာ သူ့ရဲ့အတွေးမြန်နှုန်းနဲ့ထိုးထွင်းသိမြင်မှုက အဆအချို့တိုးလာတယ်ဆိုတာကို လီဖူချန်းက ခံစားမိတယ်။ ယခင်က သူ့ရဲ့အတွေးမြန်နှုန်းက အကြိုပိုင်နက်နတ်ဘုရားအဆင့်မှာသာရှိတယ်ဆိုရင် အခု ၎င်းက အကြိုပိုင်နက်နတ်ဘုရားအဆင့်ကို ကျော်လွန်သွားပါပြီ။ ထိုးထွင်းသိမြင်မှုအရ ၎င်းက အနည်းဆုံးတစ်ဆင့်တိုးလာတယ်။ ယခင်က သူ့ရဲ့ထိုးထွင်းသိမြင်မှုက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအဆင့်မှာရှိတယ်ဆိုရင် အခု ၎င်းက အလယ်ဆင့်ပိုင်နက်နတ်ဘုရားအဆင့်မှာ ရှိတယ်။ ဒါက ကြောက်စရာအကောင်းဆုံးအရာမဟုတ်သေးဘူး၊ ကြောက်စရာအကောင်းဆုံးကတော့ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပြောင်းလဲမှုအရှိန်က တိုးလာတာပဲ။ အခု သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပေါ်မှာ ငွေရောင်ဖျော့ဖျော့ရှိနေတယ်။

"ဒါက....."

လီဖူချန်းက ရွှေနီရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးရဲ့သက်ရောက်မှုကြောင့် ထိတ်လန့်သွားခဲ့တယ်။

ဒီသန္ဓေပြောင်းနတ်ဘုရားဆေးလုံးက တစ်စုံတစ်ယောက်ရဲ့အလားအလားကို အချိန်တိုအတွင်း တိုးစေနိုင်တဲ့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးမှန်း သိသာတယ်။ ၎င်းရဲ့တန်ဖိုးက ပန်းရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးထက် အများကြီးပိုသာလွန်တယ်။

ဒါကို စဉ်းစားကြည့်ရအောင်၊ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းအဆင့်တစ်ခုမှာ နှစ်ပေါင်းမရေမတွက်များစွာ တစ်နေပြီး အသက်ကြီးလို့ သေတော့မယ့်အခိုက်မှာ ရွှေနီရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးကို သူ့ကို ချိုးဖြတ်စေပြီး သူ့ရဲ့သက်တမ်းကို ဆယ်ဆတိုးစေပါလိမ့်မယ်။

နတ်ဘုရားစိတ်ဝိညာဉ်ပြောင်းလဲမှုကတော့ လီဖူချန်းအတွက် အတော်လေးအသုံးဝင်ပေမယ့် အခြားသူတွေအတွက်တော့ အရမ်းအသုံးမဝင်ပါဘူး။

အဓိကအကြောင်းရင်းကတော့ ရွှေရောင်အဆောင်က သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အဆက်မပြတ်သန်မာစေနေလို့ပဲ။ ရွှေ‌နီရောင်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးနဲ့အတူ ပြောင်းလဲမှုအရှိန်က ပိုတောင်မြန်ဆန်တယ်။ ဒါက နတ်ဘုရားစိတ်ဝိညာဉ်ကိုတိုးမြှင့်ပေးတဲ့နတ်ဘုရားဆေးတစ်လုံးသောက်ရတာနဲ့ တူတယ်။

"မယုံနိုင်စရာပဲ၊ အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးဆိုတဲ့အတိုင်းပဲ"

"မဟုတ်ဘူး၊ ဒါက အင်းကွက်ခုနှစ်ခုသာလွန် သန္ဓေပြောင်းနတ်ဘုရားဆေးလုံးဖြစ်သင့်တယ်"

သာမန်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေမှာ အခုလိုသက်ရောက်မှုတွေမရှိပါဘူး။ အတိတ်မှာ လီဖူချန်းက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်ခဲ့ပေမယ့် သူတို့အားလုံးက အင်းကွက်ခြောက်ခုသာမန်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေသာဖြစ်တယ်။

"ငါ့မှာ သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးပင်တွေမရှိတော့တာ ဆိုးတာပဲ"

သူက သန္ဓေပြောင်းဆေးနှစ်လုံးကို သန့်စင်နိုင်တာက‌ သန့်စင်ခြင်းတစ်ရာတိုက်ပွဲသွေးဆေးလုံးတွေကိုသန့်စင်တဲ့အခါ သန္ဓေပြောင်းဆေးလုံးတွေ ပေါ်ထွက်လာဖို့ ပိုလွယ်ကူတာကြောင့်ဆိုတာ လီဖူချန်းက သိခဲ့တယ်။ အခြားထိပ်တန်းနတ်ဘုရားဆေးလုံးတွေဆိုရင် သူတို့ကို သန့်စင်ရတာ လွယ်မှာမဟုတ်ဘူး။

"လီဖူချန်း၊ မင်း ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိလား" လီဖူချန်းကိုဖိတ်ခေါ်ခဲ့တဲ့သူက ဆေးမျှော်စင်ရဲ့လက်ထောက်ခေါင်းဆောင်လိုင်အန်ပါပဲ။

လီဖူချန်းက ချက်ချင်းမငြင်းငယ်ခဲ့ပါဘူး၊ သူက မေးလိုက်တယ်"ဆေးမျှော်စင်ရဲ့အကြီးတစ်ယောက်ဖြစ်ရင် ဘာအကျိုးအမြတ်တွေရမလဲ"

လိုင်‌အန်က ရှင်းပြလိုက်တယ်"ဆေးမျှော်စင်ရဲ့အကြီးအကဲတွေကို သုံးဆင့်ခွဲထားတယ်၊ အဆင့်မြင့်အကြီးအကဲ၊ အလယ်ဆင့်အကြီးအကဲ၊ အဆင့်နိမ့်အကြီးအကဲဆိုပြီးတော့ပေါ့။ အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်ဖို့ဆိုရင် မင်းက ပြီးပြည့်စုံခြင်းကြယ်ငါးလုံးအလယ်ဆင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ရမယ်။ အလယ်ဆင့်အကြီးအကဲဆိုရင် ပြီးပြည့်စုံခြင်းကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ရမယ်။ အဆင့်နိမ့်အကြီးအကဲဆိုရင် ပြီးပြည့်စုံခြင်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ရမယ်"

လီဖူချန်းက ပြောလိုက်တယ်"ဒါပေမယ့် ငါက အဆုံးစွန်းကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်တယ်လေ"

ပြီးပြည့်စုံခြင်းအဆင့်နဲ့အဆုံးစွန်းအဆင့်က ကြီးမားတဲ့ကွာခြားချက်တစ်ခုပဲ။

လိုင်အန်က ပြုံးကာ ပြောလိုက်တယ်"အကြီးအကဲတံဆိပ်တူရင်တောင်မှ ခြားနားမှုတွေရှိတယ်။ မင်းရဲ့တံဆိပ်က အဆင့်နိမ့်ရွှေရောင်အကြီးအကဲတံဆိပ်ပေါ့၊ ဒါဆို မင်းရဲ့အဆင့်အတန်းက ပိုမြင့်မားသွားမှာပါ"

လီဖူချန်းက ပြောလိုက်တယ်"မင်း ငါ့ကို အခုထိ ဆေးမျှော်စင်အကြီးအကဲတစ်ယောက်ဖြစ်ခြင်းရဲ့အကျိုးအမြတ်တွေကို မပြောရသေးဘူး"

ကြီးမားတဲ့အကျိုးအမြတ်မရှိရင် လီဖူချန်းက ဆေးမျှော်စင်အကြီးအကဲလုပ်မှာမဟုတ်ပါဘူး။

‌ဆေးမျှော်စင်က လွတ်လပ်မှုအမြောက်အများရှိတယ်လို့ ထင်ရပေမယ့် လုံးဝလွတ်လပ်တဲ့အဖွဲ့အစည်းဆိုတာ မရှိပါဘူး။ ကန့်သတ်ချက်အချို့ရှိမှာပါ။

လိုင်အန်က ပြောလိုက်တယ်"အလျင်မလိုပါနဲ့၊ ငါ မင်းကို အသေးစိတ်ရှင်းပြမှာပါ။ ပထမ၊ ဆေးမျှော်စင်အကြီးအကဲတစ်ယောက်ဖြစ်ပြီးရင် မင်းက ရှားပါးတဲ့ဆေးပါဝင်ပစ္စည်းတွေကိုရှာဖွေဖို့မစ်ရှင်တွေကို ထုတ်ပြန်နိုင်တယ်။ ဒုတိယ၊ မင်းက အမှောင်ပြာမြို့ထဲရှိပစ္စည်းတွေအားလုံးကို တစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးနဲ့ ဝယ်နိုင်တယ်။ နောက်ဆုံးတစ်ခု၊ မင်းက လုပ်ဆောင်ချက်အမှတ်တွေကို သုံးပြီး ဆေးမျှော်စင်ရဲ့‌ဆေးသန်စင်ခြင်းအချက်အလက်တွေကို ဖတ်ရှုနိုင်တယ်။ မင်းသိရမှာက ငါတို့ဆေးမျှော်စင်တည်ရှိလာတာ နှစ်မရေမတွက်များစွာရှိပြီဆိုတာပဲ၊ ငါတို့က ဆေးသန့်စင်ခြင်းအချက်အလက်များစွာကို စုဆောင်းထားတယ်"

လိုင်အန်က အကျိုးအမြတ်သုံးချက်ကို လီဖူချန်းထံ ပြောပြခဲ့တယ်။

"ငါက ဘာလုပ်ပေးရမှာလဲ" လီဖူချန်းက အတော်လေးစိတ်ဝင်စားလာတယ်။

လိုင်အန်က ပြောလိုက်တယ်"တကယ်တော့ မင်းက ဘာမှလုပ်ပေးစရာမလိုပါဘူး။ မင်းက ဆေးမျှော်စင်ကို သစ္စာမဖောက်သရွေ့ ဆေးမျှော်စင်က မင်းကို မနှောင့်ယှက်ပါဘူး။ ပြီးတော့ မင်းက ဆေးမျှော်စင်ရဲ့ဂုဏ်သတင်းအတွက် အကောင်းဆုံးကြိုးစားအားထုတ်ရမယ်။ မစ်ရှင်တွေအတွက်ကတော့ ငါတို့ဆေးမျှော်စင်က မစ်ရှင်တွေကို ပြီးအောင်လုပ်ဖို့ လက်အောက်ကလူတွေကို ဘယ်တော့မှ ဖိအားမပေးပါဘူး"

"ကောင်းပြီလေ၊ ငါ ပူးပေါင်းမယ်"

ဆေးမျှော်စင်အကြီးအကဲတစ်ယောက်ဖြစ်လာခြင်းက သူ့အတွက် တကယ်ကို ကောင်းတဲ့အရာတစ်ခုပဲလေ။ အကျိုးအမြတ်က ဆိုးကျိုးထက် ပိုအလေးသာခဲ့တယ်။

ဒါ့ပြင် ဆေးမျှော်စင်ကထုတ်ပြန်ထားတဲ့မစ်ရှင်တွေကို ပြီးအောင်လုပ်ဖို့ သူတို့က ဖိအားမပေးဘူးလို့ တစ်ဖက်လူက ပြောခဲ့တယ်လေ။

ဒါ ပေမယ့် သူတို့က မစ်ရှင်ကို တကယ်ပြီးမြောက်စေချင်ရင် ဆုလာဒ်ကို ရက်ရက်ရောရောပေးပြီး မင်းကို ဆွဲဆောင်မှာပါ။

‌ဆေးမျှော်စင်ရဲ့အဆင့်နိမ့်ရွှေရောင်အကြီးအကဲတံဆိပ်က ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတံဆိပ်ထက် ပိုခမ်းနားတယ်။

ကြယ်လေးလုံးရွှေရောင်ဆေးနတ်ဘုရားတံဆိပ်က ရွှေရောင်တံဆိပ်တစ်ခုဖြစ်တယ်။ တံဆိပ်ရဲ့အရှေ့မှာ ရွှေရောင်ခြေထောက်သုံးခုပါဆေးမီးပြင်ဖိုသုံးလုံးရှိပြီး နောက်ကျောမှာ ဆေးမျှော်စင်ရှိတယ်။

‌ဆေးမျှော်စင်ရဲ့အဆင့်နိမ့်ရွှေရောင်အကြီးအကဲတံဆိပ်မှာတော့ အရှေ့ပိုင်းမှာ ဝတ်ရုံရှည်တစ်ခုကိုဝတ်ဆင်ထားတဲ့ရုပ်ပုံတစ်ခုရှိတယ်။ သူ့ရဲ့ဘယ်ဘက်လက်မှာ စိမ်းရွှေရောင်မီးလျှံတစ်ခုရှိပြီး ညာဘက်လက်မှာ စိမ်း‌ရွှေရောင်ဆေးမီးပြင်းဖိုတစ်ခုရှိတယ်။ သူ့ကို ကြည့်ရတာ အလွန်မြင့်မြတ်တယ်။ နောက်ကျောကတော့ ကြယ်လေးလုံးရွှေရောင်ဆေးနတ်ဘုရားတံဆိပ်နဲ့အတူတူပါပဲ၊ ဆေးမျှော်စင်ပါပဲ။

လီဖူချန်းက ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်‌ယောက်ဖြစ်လာတယ်ဆိုတာ သာမန်လူတွေက မသိပေမယ့် ပင်မဂိုဏ်းတွေမှလူတိုင်းက သိတယ်။

ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်ယောက်က အကြွင်းမဲ့ဂုဏ်ကျက်သရေရှိတဲ့ပုံရိပ်တစ်ခုဖြစ်ပြီး ပိုင်နက်နတ်ဘုရားကတောင် သူ့ကို မျက်နှာသာပေးရပါတယ်။

သူတို့က ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်ယောက်နဲ့ မိတ်ဆွေဖြစ်နိုင်ရင် သူတို့ရဲ့ကလန်က တိုးတက်မှုသေချာပေါက်ပိုမြန်ဆန်ပါလိမ့်မယ်။

ဒါကြောင့် မရေမတွက်နိုင်လောက်တဲ့လူ‌တွေက သူတိုနဲ့ ဆုံတွေ့ဖို့ လာရောက်ဖိတ်ခေါ်ခဲ့ကြတယ်။ အခြေခံအားဖြင့် ဒီလူတွေက ကြယ်ငါးလုံးဂိုဏ်းတွေကပါပဲ။ ကြယ်လေးလုံးဂိုဏ်းတွေကတော့ အရည်အချင်းမမှိီပါဘူး။

အမှောင်ပြာမြို့လိုအဆင့်၃နတ်ဘုရားမြို့တစ်ခုမှာ အသက်ရှင်သန်ရပ်တည်ချင်ဆယ်ဆိုရင် ချိတ်ဆက်မှုတစ်ခုရှိဖို့လိုအပ်တာဆိုတာ လီဖူချန်းက သိတယ်။ ဒါကြောင့် လီဖူချန်းက ကြယ်ငါးလုံးဂိုဏ်းအနည်းငယ်နဲ့ မိတ်ဖွဲ့ဖို့ ရွေးချယ်ခဲ့တယ်။

ဒါပေမယ့် ဒီလိုဆက်ဆံမှုမျိုးက ယာယီမျှသာဖြစ်တယ်။ ခီဖူချန်းက သူတို့ကို ဘာကတိတစ်ခုမှ ပေးမှာမဟုတ်ပါဘူး။

လုကလန်က အမှောင်ပြာမြို့ထဲရှိထိပ်တန်းကြယ်ငါးလုံးကလန်တွေထဲကတစ်ခုဖြစ်တယ်။

လုကလန်က ဓားတာအိုကလန်တစ်ခုဖြစ်ပြီး ဓားတာအိုဆရာသခင်ဖြစ်တဲ့စိတ်ဝိညာဉ်ဓားဆရာသခင်ရှိတယ်။

အမှောင်ပြာမြို့ထဲမှာ လုကလန်ရဲ့ခွန်အားက အနိမ့်ဆုံးထိပ်ဆုတစ်ရာထဲ ဝင်တယ်။

ထိပ်ဆုံးတစ်ရာဆိုပြီး အထင်မသေးပါ‌နဲ့။ အမှောင်ပြာမြို့က အဆင့်၃နတ်ဘုရားမြို့တစ်မြို့ဆိုတာ သိထားရမယ်။ ကြယ်ငါးလုံးဂိုဏ်းတွေနဲ့ပိုင်နက်နတ်ဘုရားတွေ မရေမတွက်နိုင်လောက်အောင်ရှိတယ်။ အချို့ကြယ်ငါးလုံးဂိုဏ်းတွေမှာဆိုရင် ပိုင်နက်နတ်ဘုရားဆယ်‌‌ယောက်ကျော်တောင် ရှိတယ်။

လုကလန်ထိပ်ဆုံးတစ်ရာထဲဝင်နိုင်ရတဲ့အကြောင်းရင်းကတော့ စိတ်ဝိညာဉ်ဓားပိုင်နက်နတ်ဘုရားဆရာသခင်က အလွန်အမင်းအားကောင်းပြီး အမှောင်ပြာမြို့ရဲ့ထိပ်ဆုံးပိုင်နက်နတ်ဘုရားဆရာသခင်၂၀ထဲကတစ်ယောက်ဖြစ်လို့ပဲ။

လုကလန်ရဲ့အနောက်ဥယျာဉ်မှာ လီဖူချန်းက လုကလန်ရဲ့အဆင့်မြင့်အကြီးအကဲတွေထဲကတစ်ယောက်နဲ့ လက်ဖက်ရည်သောက်နေတယ်။

ဒီလုကလန်ရဲ့အဆင့်မြင့်အကြီးအကဲကို လုခန်းလို့ခေါ်ပြီး လုကလန်ရဲ့အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေထဲကတစ်ယောက်ဖြစ်တယ်။

"အကြီးအကဲလီ၊ မင်းလဲ ဓားတာအိုကို ကျင့်ကြံတယ်ဆိုတော့။ ငါ့မှာ ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေရှိတယ်၊ ငါ မင်းကို ပေးမယ်" လုခန်းက သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှ ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးဒါဇင်လောက်ကို ယူထုတ်လိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မင်းရဲ့အခြေအနေကရော.....ပြောပါ....."

လုခန်းက သူ့ကို ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုတွေ အလကားသက်သက်လက်ဆောင်ပေးတယ်လို့တော့ လီဖူချန်းက မယုံကြည်ပါဘူး။

ဒါပေမယ့် ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက လီဖူချန်းအတွက် အရမ်းအရေးကြီးတယ်။ သူ့အနေနဲ့ ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့က အရမ်းလွယ်ပေမယ့် အလွန်အမင်းအကောင်းတဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့က အတော်လေးခက်ခဲတယ်။ ဒါ့ပြင် အခြားသူတွေရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေလေ့ကျင့်တာကလဲ သူ့ကို အတွေးအမြင်အများကြီးပေးတယ်လေ။

***

All Chapters