← Chapters

ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်

Vol. 90 Ch. 1270

ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်

Vol. 90 Ch. 1270

လုခန်းက ရယ်ကာ ပြောလိုက်တယ်"အကြီးအကဲလီက ငါတို့လုကလန်အတွက် ထိပ်တန်းအဆင့်နတ်ဘုရားဆေးတစ်ခုကို သန့်စင်ပေးနိုင်မလား"

"ထိပ်တန်းအဆင့်နတ်ဘုရားဆေးလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

"ဟုတ်ပါတယ်၊ ငါတို့လုကလန်မှာ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးပင်တွေရှိတယ်။ သူတို့က ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတွေပဲ။ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့ပိုင်နက်နတ်ဘုရားနယ်ပယ်ကိုချိုးဖြတ်မယ့်အခွင့်အရေးကို တိုးစေနိုင်တယ်။  အကြီးအကဲလီက ငါတို့လုကလန်အတွက် ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ ငါတို့ရဲ့တောင်းဆိုချက်က မမြင့်မားပါဘူး၊ ငါတို့က အဆုံးစွန်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးသုံးဆယ်ရာခိုင်နှုန်းလောက်ကို ရရင်ပဲ ကျေနပ်မှာပါ"

ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးဆိုပေမယ့် အရည်အသွေးတွေက မတူပါဘူး။

သာမန်ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက ပစ္စည်းတွေကို လုံးဖြုန်းတီးတာပဲ။ ၎င်းက ချိုးဖြတ်ဖို့အခွင့်အရေးငါးဆယ်ရာခိုင်နှုန်းသာ တိုးစေတယ်။

တကယ်တော့ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးပင်တွေက ဂေါ်ဖီထုတ်မဟုတ်ဘူး၊ အလွန်တန်ဖိုးရှိတာ။ သာမန်ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးမျှသာဆိုရင် လုကလန်က သေချာပေါက်သွေးအန်သွားရမှာပါ။

ပျမ်းမျှထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက ပိုကောင်းပေမယ့် ဒါလဲ ပစ္စည်းတွေဖြုန်းတီးတာပဲ။

ထူးကဲထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက စံသတ်မှတ်ချက်ကို ရောက်ရုံမျှပဲ၊ သုံးစွဲပြီးနောက် ချိုးဖြတ်ဖို့ အခွင့်အရေးက မဆိုးပါဘူး။

ဒါပေမယ့် လုကလန်က ဒါကို လက်မခံပါဘူး။ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို ရရှိဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။

ဒါကြောင့် သူတို့ရဲ့အနိမ့်ဆုံးမျှော်မှန်းချက်က ပြီးပြည့်စုံခြင်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ဖို့ပဲ။

ပြီးပြည့်စုံခြင်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကသာ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးရဲ့ဆေးစွမ်းကို အကန့်အသတ်အထိ နိုးဆွနိုင်ပြီး ချိုးဖြတ်ဖို့အခွင့်အရေးကို နှစ်ဆယ်ရာခိုင်နှုန်းတိုးစေတယ်။

အစက လီဖူချန်းသာ မထွက်ပေါ်လာရင် လုကလန်က ကြယ်လေးလုံးအဆင့်မြင့်ငွေရောင်ဆေးနတ်ဘုရားတစ်ယောက်ကို ရှာဖွေပြီး ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ခိုင်းမှာပါ။

ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတွေကိုတော့ အခြားကြယ်ငါးလုံးဂိုဏ်းတွေက ခေါ်သွားပါပြီ။

ဒီအချိန်မှာ လီဖူချန်းက ထွက်ပေါ်လာခဲ့တာပဲ။

လုကလန်ရဲ့နှလုံးသားက လှုပ်ရှားနေတော့တယ်။

ပြီးပြည့်စုံခြင်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက ကောင်းပေမယ့် အဆုံးစွန်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို မယှဉ်နိုင်ပါဘူး။

ပြီးပြည့်စုံခြင်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက ချိုးဖြတ်ဖို့အခွင့်အရေးကို နှစ်ဆယ်ရာခိုင်နှုန်းတိုးစေတယ်ဆိုရင် အဆုံးစွန်းအဆင့်က သုံးဆယ်ရာခိုင်နှုန်းတိုးစေတယ်။

ဒီအပိုတစ်ဆယ်ရာခိုင်နှုန်းကို အထင်မသေးပါနဲ့။ ဒါက ကောင်းကင်ဘုံနဲ့မြေပြင်ကြားကွာဟချက်လိုပါပဲ။

ဆိုပါစို့၊ မင်းက ပိုင်နက်နတ်ဘုရားအဆင့်ကို ချိုးဖြတ်ဖို့ ယုံကြည်ချက်ငါးဆယ်ရာခိုင်နှုန်းရှိတယ်။ ချိုးဖြတ်ဖို့အခွင့်အလမ်းသုံးဆယ်ရာခိုင်နှုန်းပါထပ်ပေါင်းလိုက်ရင် မင်းက ရှစ်ဆယ်ရာခိုင်နှုန်းယုံကြည်ချက်ရှိလာတာပေါ့။ မင်းရဲ့ကံက မဆိုးသရွေ့ မင်းက ပိုင်နက်နတ်ဘုရားအဆင့်ကို အလွယ်တကူတက်လှမ်းနိုင်မှာပါ။

ကြယ်ငါးလုံးဂိုဏ်းတစ်ခုမှာ အရေးကြီးဆုံးအရာက ပိုင်နက်နတ်ဘုရားပါပဲ။

ပိုနက်နတ်ဘုရားတွေပိုလာလေလေ၊ ကြယ်ငါးလုံးဂိုဏ်းတစ်ခုက ပိုအားကောင်းလေပါပဲ။

လုမိသားစုမှာ ပိုင်နက်နတ်ဘုရားဆယ်ယောက်ကျော်ရှိရင် သူတို့ရဲ့အဆင့်က သေချာပေါက် မြင့်တက်သွားမှာပါ။

"ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ဖို့က ပြဿနာမဟုတ်ဘူး။ မင်းတို့လုကလန်က အရေအတွက် ဘယ်လောက်သန့်စင်ချင်တာလဲ"

လီဖူချန်းက ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးနဲ့ ပတ်သက်ပြီး သိတယ်။

ဒါက ဆန်းကြယ်ချိုးဖြတ်ဆေးရဲ့အကောင်းဆုံးဆေးလုံးပါပဲ။

တကယ်‌တော့ ဆန်းကြယ်ချိုးဖြတ်‌ဆေးပင်က်ို အဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုလျက်သန့်စင်တဲ့ဆန်းကြယ်ချိုးဖြတ်ဆေးတွေက ချိုးဖြတ်ဖို့အခွင့်အလမ်းကို တိုးစေနိုင်ပေမယ့် အခွင့်အလမ်းက နိမ့်လွန်းတယ်။ ကြယ်လေးလုံးဂိုဏ်းတွေကလွဲပြီး ကြယ်ငါးလုံးဂိုဏ်းတွေက ဆန်းကြယ်ချိုးဖြတ်ဆေးနဲ့ ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။

ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးပင်၊ ဆန်းကြယ်ချိုးဖြတ်ဆေးပင်တစ်သောင်းမှတစ်ပင်ပဲ ထွက်ပေါ်လာနိုင်တယ်။ ဒါက အလွန်အမင်းတန်ဖိုးရှိတယ်၊ ဒါကြောင့် လုမိသားစုက ဒီလောက်အထိ အလေးအနက်ထားနေတာ ပုံမှန်ပါပဲ။

လုခန်းက ပြောလိုက်တယ်"တစ်သုတ်လျှင် ဆေးလုံးခုနှစ်ဆယ့်နှစ်လုံးပါတဲ့အသုတ်နှစ်သုတ်၊ တစ်သုတ်စီမှာ အနိမ့်ဆုံးအဆုံးစွန်းအဆင့်သုံးဆယ်ရာခိုင်နှုန်းပါရှိရမယ်။ သုံးဆယ်ရာခိုင်နှုန်းကို ကျော်ရင် ဒီဓားတာအိုဆန်းကြယ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံးတွေအပြင် ငါ့လုကလန်က မင်းကို လှိုက်လှိုက်လဲလဲကျေးဇူးတင်မှာပါ။ ဒါပေမယ့် အဲလိုမဖြစ်လာရင်လဲ ငါ့လုကလန်က မကျေမနပ်ဖြစ်တာတွေ မရှိပါဘူး။ တကယ်တော့ ဆေးလုံးတွေ သန့်စင်တာက လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူးလေ၊ အခြေအနေမကောင်းတဲ့အ‌ချိန်တွေ အမြဲတမ်းရှိမှာပဲ"

"ကောင်းပြီ၊ နောက်ဆယ်ရက်ကြာရင် ငါ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို လာပေးမယ်" လီဖူချန်းက ဆိုလိုက်တယ်။

"ဆယ်ရက်လား"

လုခန်းက မှင်တက်သွားတယ်။ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ခြင်းက အနည်းဆုံးလဝက်ကနေတစ်လအထိ ကြာတယ်၊ တစ်ခါတစ်ရံပို‌တောင်ကြာတယ်လို့ သူ ကြားသိခဲ့တယ်။

"အကြီးအကဲ၊ အဲလောက်ထိ အလျင်စလိုဖြစ်ဖို့မလိုပါဘူး။ သုံးလက အဆင်ပြေပါတယ်" လီဖူချန်းက ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးတွေကို ဖျက်ဆီးပစ်မှာကို လုခန်းက စိုးရိမ်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မစိုးရိမ်ပါနဲ့၊ ဆယ်ရက်က လုံလောက်ပါတယ်။ ဒါ့အပြင် ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးရဲ့သုံးဆယ်ရာခိုင်နှုန်းကျော်က အဆုံးစွန်းအဆင့်ရှိရမယ်လို့ ငါ အာမခံတယ်"

တကယ်တော့ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးကို သန့်စင်ဖို့ လီဖူချန်းက တစ်ရက်တောင် မလိုပါဘူး၊ ဒါပေမယ့် သူက ရုတ်ရုတ်သဲသဲတွေ မဖြစ်စေချင်ပါဘူးလေ။

"ဒါဆိုလဲ ကောင်းပြီ" လုခန်းက စိုးရိမ်ပေမယ့် လီဖူချန်းက မပျော်မရွှင်ဖြစ်သွားမှာကို သူက စိတ်ပူတယ်၊ ဒါကြောင့် သူက ဘာတစ်ခုမှ မပြောပါဘူး။

"အကြီးအကဲလီ၊ ကျေးဇူးပြုပြီး ဒီဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေကို အရင်လက်ခံလိုက်ပါ"

လုခန်းက ချိတ်ပိတ်ကျောက်တုံးတွေ ကမ်းပေးလိုက်တယ်။

"ဒါဆို ကျေးဇူးအများကြီးတင်ပါတယ်" လီဖူချန်းက မငြင်းပါဘူး။ မကြာခင်မှာ ဒီဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက သူ့ဟာဖြစ်လာမှာပါ။

လုခန်းမှ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးပင်တွေကို ယူပြီးနောက် လီဖူချန်းက ထွက်ခွာလာတယ်။

နေ့ဝက်အတွင်းမှာ လီဖူချန်းက ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးနှစ်သုတ်ကို သန့်စင်ခဲ့တယ်။ တစ်သုတ်စီမှာ အဆုံးစွန်းအဆင့်ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်တယ်။ ဒါတောင် လီဖူချန်းက သူ့ရဲ့ဆေးတာအိုအဆင့်အတန်းကို ရည်ရွယ်ချက်ရှိရှိနိမ့်ခဲ့လို့၊ သို့မဟုတ်ရင် အားလုံးက အဆုံးစွန်းအဆင့်ရှိနေမှာ။

သူက မျက်စိဖမ်းစားစရာတွေ မဖြစ်ချင်လွန်းလို့ပါ။

သူက ကောင်းကင်ဘုံဆန့်ကျင်ဆေးတာအိုအသုံးအဆောင်ပစ္စည်းအချို့ကို ရရှိထားမယ်လို့ အခြားသူတွေက သံသယရှိပါလိမ့်မယ်။

လက်ရှိသူက ပိုင်နက်နတ်ဘုရားတွေနဲ့ မယှဉ်နိုင်သေးပါဘူး၊ ဒါကြောင့် နှိမ့်နှိမ့်ချချနေတာ ပိုကောင်းပါတယ်။

ဆေးလုံးတွေမပို့ခင် ကိုးရက်နဲ့နေ့ဝက်ကျန်သေးတယ်။ လီဖူချန်းက ချိတ်ပိတ်ကျောက်တုံးထဲရှိဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို စတင်သင်ယူခဲ့တယ်။

လင်ရှိအချိန်မှာ လီဖူချန်းက အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ရှစ်ခုကို ဖန်တီးထားခဲ့တယ်။

သူတို့က လိုဏ်ဂူတစ်ရာဓားပိုင်နက်၊ မူလအဆုံးစွန်းဓားခန္ဓာကိုယ်၊ ထာဝရတည်မြဲခြင်းဓားချီ၊ မူလအဆုံးစွန်းခုတ်ချက်၊ ပျံသန်းနဂါးခုတ်ချက်၊ လှိုင်းဂယက်ခုတ်ချက်၊ ဓားသင်္ဂြိုလ်ခြင်း။

ကောင်းကင်ဘုံဓားကျားပညာရပ်လို လီဖူချန်းသင်ယူနေတဲ့ဓားတာအိုနတ်ဘုရားအတတ်တွေများစွာရှိတယ်။

ဒီမတိုင်ခင်တုန်းက နဝမမြောက်ဓားတာအိုနတ်ဘုရားအတတ်ကို ဖန်တီးဖို့ လီဖူချန်းက စတင်ခဲ့တယ်။ အခု သူ့မှာ ဓားတာအိုနတ်ဘုရားအတတ်ဒါဇင်ကျော်ရှိလာပြီဆိုတော့ သူက နဝမမြောက်ဓားတာအိုနတ်ဘုရားအတတ်ကို ဖန်တီးဖို့ သူက ပိုတောင်ယုံကြည်ချက်ရှိလာတယ်။

လုခန်းပေးတဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေထဲမှာ အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ခုနှစ်ခု၊ အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ငါးခု၊ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်သုံးခုရှိတယ်။

လုကလန်က များစွာရင်းနှီးမြှပ်နှံခဲ့မှန်း သိသာတယ်။

ဘယ်လိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးမဆို ကြယ်ငါးလုံးဂိုဏ်းတစ်ခုအတွက် အလွန်အရေးကြီးတယ်လေ။

နောက်ဆက်ရက်ကြာပြီးနောက် လီဖူချန်းက လုကလန်ကို ရောက်ရှိလာတယ်။

"အကြီးအကဲလီ၊ မင်း အောင်မြင်ခဲ့လား" လုခန်းက မျှော်လင့်ချက်တွေနဲ့ ပြည့်နေတော့တယ်။

လီဖူချန်းက မအောင်မြင်မှာကို သူက စိုးရိမ်နေတယ်။

လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ကံကောင်းစွာနဲ့ ငါ မင်းကို စိတ်မပျက်စေခဲ့ပါဘူး"

"ကောင်းတယ်၊ အရမ်းကောင်းတယ်။ အကြီးအကဲလီ၊ ဝင်လာပါ" လုခန်းက သူ့လက်ကို ဝှေ့ယမ်းကာ လီဖူချန်းကို ဖိတ်ခေါ်လိုက်တယ်။

ဒါက အနောက်ဥယျာဉ်မှာပဲ။ လုခန်းက ရှက်ရွံ့စွာ မေးလိုက်တယ်"အကြီးအကဲလီ၊ ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးက ဘယ်မှာလဲ"

လီဖူချန်းက ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးတွေကို ကမ်းပေးလိုက်တယ်။

လုခန်းက ဖွင့်ကြည့်လိုက်တယ်၊ အစက ပုံမှန်အမူအရာပါပဲ။ နောက်တော့ သူက အလွန်အံ့အားသင့်သွားတယ်။

လီဖူချန်းက အခြေအနေကောင်းရင်တောင် သူက အဆုံးစွန်းထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးလေးဆယ်ရာခိုင်နှုန်းကိုပဲ သန့်စင်နိုင်မယ်လို့ တွေးထားခဲ့တယ်။ လီဖူချန်းက ခုနှစ်ဆယ်ရာခိုင်နှုန်းထိ သန့်စင်နိုင်မယ်လို့ ဘယ်သူက တွေးထားမှာလဲ။

ခုနှစ်ဆယ်ရာခိုင်နှုန်းက သုံးဆယ်ရာခိုင်နှုန်းထက် နှစ်ဆကျော်ပိုတယ်။

လီဖူချန်းက ထပ်ကြည့်လိုက်သေးတယ်၊ သူများ အမြင်မှားသွားသလားပေါ့။

ဟုတ်ပါတယ်၊ အင်းကွက်ငါးခုဆေးလုံး‌တွေပါပဲ၊ ဒါက တကယ်ကို အဆုံးစွန်းအဆင့်ပဲ။

လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"စီနီယာလီ၊ မင်း ကျေနပ်ရဲ့လား"

"ကျေနပ်တာပေါ့၊ ငါ သိပ်ကျေနပ်တာပေါ့။ အကြီးအကဲလီ၊ တစ်ချက်စောင့်ပါ" လုခန်းက ဆက်သွယ်ရေးတိုကင်တစ်ခုကို ယူထုတ်ကာ အကြောင်းကြားလိုက်တယ်။

လုခန်းက အခု အရမ်းစိတ်လှုပ်ရှားနေတယ်၊ အဆုံးမဲ့အတွေးတွေက သူ့စိတ်ထဲမှာ လျှပ်တစ်ပြက်လက်နေတယ်။

လီဖူချန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ဘယ်လိုထိန်းသိမ်းရမလဲကို သူက တွေးနေတယ်။

အမှောင်ပြာမြို့ထဲမှာ ကြယ်လေးလုံးအဆင့်မြင့် ရွှေရောင်ဆေးနတ်ဘုရားတွေအများကြီးမရှိပေမယ့် လီဖူချန်းကို ယှဉ်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိမယ်လို့ လုခန်းက ခံစားမိတယ်။

သူက ဒီလိုလူတစ်ယောက်နဲ့ မိတ်မဖွဲ့ဘူးဆိုရင် သူက အရူးတစ်ယောက်ပါပဲ။

ခဏလောက်ကြာတော့ အကြီးအကဲတစ်ယောက်က အနောက်ဥယျာဉ်ကို ရောက်ရှိလာတယ်။

"ဒီအဖိုးကြီးက လုကလန်‌ခေါင်းဆောင်လုထျန်းပါ" လုထျန်းက ပြုံးပြလိုက်တယ်။

လီဖူချန်းက ထရပ်လိုက်တယ်"ကလန်ခေါင်းဆောင်လုထျန်းကို နှုတ်ဆက်ပါတယ်"

လုထျန်းက လုကလန်ရဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်လေ။ လီဖူချန်းက ဒီလိုတည်ရှိမှုတစ်ခုကို လစ်လျူမရှုရဲပါဘူး။

လုထျန်းက ပြောလိုက်တယ်"အကြီးအကဲလီ၊ ကျေးဇူးပြုပြီး ထိုင်ပါ။ လုခန်း၊ ငါ့ကို ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးလုံးတွေ ပြကြည့်"

လုထျန်းလဲ ထိုင်လိုက်တယ်။

လုခန်းက ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ဆေးလုံးတွေကို ကမ်းပေးလိုက်တယ်။

အနီးကပ်ကြည့်ပြီးနောက် လုထျန်းရဲ့အပြုံးက ပိုတောင်လှပလာတယ်။

"အကြီးအကဲလီက တကယ်အံ့အားသင့်စရာပဲ။ အကြီးအကဲလီနဲ့ ရင်းနှီးရတာ ငါ့လုကလန်ရဲ့ဂုဏ်ယူစရာပဲ"

သူက ဘယ်လိုပဲပေးရ‌ပါစေ၊ လုကလန်ရဲ့သည်းခံနိုင်မှုအတွင်းမှာ ရှိသရွေ့ သူ့ရဲ့လုကလန်က လီဖူချန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ရမယ်လို့ လုထျန်းက ဆုံးဖြတ်ခဲ့တယ်။

"ခေါင်းဆောင်လုထျန်းက ယဉ်ကျေးလွန်းနေပါပြီ" လီဖူချန်းက ပြန်ဖြေလိုက်တယ်။

လုထျန်းက တစ်ခဏစဉ်းစားလိုက်ပြီး သူ့ရဲ့နေရာလပ်လက်စွပ်မှ နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးကို ယူထူတ်လိုက်တယ်။ သူက လီဖူချန်းထံ ကမ်းပေးကာ ပြောလိုက်တယ်" အကြီးအကဲလီ၊ မင်း ပစ်မှတ်ကို ကျော်လွန်ခဲ့တာပဲ။ ဒါက လုကလန်ရဲ့ ‌စေတနာလေးတစ်ခုပါ၊ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ"

သူက နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို လက်ခံရင်း လီဖူချန်းက အနည်းငယ်သံသယဖြစ်နေတယ်။

အသက်တစ်ခါရှုချိန်ပြီးနောက် လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။

"ဒါက ဓားတာအိုပိုက်နက်နတ်ဘုရားအတတ်ပဲ" လီဖူချန်းက အံ့အားသင့်သွားတယ်။

လုထျန်းက ပြုံးကာ ပြောလိုက်တယ်"ဒါ ဟုတ်ပါတယ်"

"လုထျန်းခေါင်းဆောင်၊ ဒါက တန်ဖိုးကြီးလွန်းတယ်" လီဖူချန်းက ဆိုလိုက်တယ်။

ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုမဟုတ်ပါဘူး။

ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးက ကြယ်ငါးလုံးဂိုဏ်းတွေအတွက် အလွန်အရေးကြီးတယ်။ ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးက ကြယ်ငါးလုံးဂိုဏ်း‌တွေအတွက် အရေးကြီးဆုံးဖြစ်ပြီး လျို့ဝှက်ချက်လဲ ဖြစ်တယ်။

လီထျန်းက ပြောလိုက်တယ်"ဒါက အရမ်းတန်ဖိုးမရှိပါဘူး။ အကြီးအကဲလီက ငါတို့ကို အများကြီးကူညီပေးခဲ့တာပဲလေ။ နောင်ကျရင် ငါ့လုကလန်မှာ ပိုင်နက်နတ်ဘုရားတစ်ယောက် ထွက်ပေါ်လာတိုင်း အကြီးအကဲလီရဲ့အကူအညီကြောင့်ဆိုတာ အမှတ်ရနေရမှာပဲ။ ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ယှဉ်ရင် ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးက ဘာမှမဟုတ်ပါဘူး။ ဒါ့ပြင် ဒီတာအိုပိုင်နက်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးက ဒီအဖိုးကြီးကိုယ်တိုင်ဖန်တီးခဲ့ပြီးချိတ်ပိတ်ထားတဲ့ အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုပဲ။ ဒါက လုကလန်နဲ့ ဘာမှမဆိုင်ဘူး၊ ဒီအဖိုးကြီးရဲ့ကိုယ်ပိုင်ပဲ"

လီဖူချန်းက ငြင်းပယ်လိုက်ရင် မလေးစားရာကျမှာပါ။ လုကလန်က သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ချင်တယ်ဆိုတာ လီဖူချန်းက မြင်နိုင်တယ်။

"ဒါဆိုလဲ လီဖူချန်းက လက်ခံရမှာပေါ့"

လီဖူချန်းက စိတ်ထဲမှာတော့ အရမ်းပျော်နေတယ်။ ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုနဲ့ဆိုရင် သူ့ရဲ့ဓားတာအိုက နောက်တစ်ဆင့်ကို သေချာပေါက်ရောက်ရှိသွားပေလိမ့်မယ်။

သူ့ရဲ့ဓားတာအိုက မတိုးတက်လာဘူးဆိုရင်တောင်မှ သူက ဒိီဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို သင်ယူခဲ့သရွေ့ သူ့ခွန်အားက ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ကျော်တိုးလာပါလိမ့်မယ်။

ဒါက သူ့အနေနဲ့ လူတိုင်းကိုသတ်ဖြတ်နိုင်တဲ့သတ်ဖြတ်ခြင်းလက်နက်တစ်ခုပဲ။

လီထျန်းက ပြောလိုက်တယ်"ဒီဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ကောင်းကင်ဓားကြယ်လို့ခေါ်တယ်။ ဒီအဖိုးကြီးက အကြီးအကဲလီကို သရုပ်ပြပေးမယ်....."

အနောက်ဥယျာဉ်ရဲ့နေရာလပ်ထဲမှာ လီထျန်းက ဓားတစ်လက်ကို ဆွဲထုတ်လိုက်တယ်။ ဒီဓားက ပိုင်နက်နတ်ဘုရားစွမ်းအားတွေသိပ်သည်းနေတဲ့ဓားတစ်လက်ပါပဲ။

"အကြီးအကဲလီ၊ သေချာကြည့်ပါ"

လီထျန်းက လှုပ်ရှားလိုက်တယ်။ သူ့လက်ထဲရှိဓားကို ရှေ့သို့ ထိုးကာ လည်ပတ်သွားတယ်။ နောက်အခိုက်အတန့်မှာ အနက်ရောင်ဥယျာဉ်တစ်ခုလုံးရဲ့ဟင်းလင်းပြင်က လုံးဝအေးခဲရပ်တန့်သွားတယ်။ ရွေ့လျားနေတဲ့လေက မာကျောပျစ်ခဲတဲ့အရာဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပဲ။ နောက်မှာတော့ ကြယ်တွေက တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာတယ်။ ဒီကြယ်တွေက ဓားအလင်းတောက်ပတဲ့ရောင်ခြည်တန်းတွေပါပဲ။ ဓားအလင်းရိုက်ခတ်လာတဲ့အခါ ကောင်းကင်ဘုံနဲ့မြေပြင်က နစ်မြုပ်သွားတယ်။ ကြယ်တွေ ကြွေကျပြီး ဓားအလင်းအမာရွတ်တွေက အနက်ရောင်ဥယျာဉ်ရဲ့ဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားတယ်။

ဒီအမာရွတ်တွေက အရမ်းကြောက်စရာကောင်းတယ်လို့ လီဖူချန်းက ခံစားချက်တစ်ခုရှိတယ်။ လီထျန်းက သူတို့ကို ရည်ရွယ်ချက်ရှိရှိမထိန်းချုပ်ရင်  အမာရွတ်တွေမှထုတ်လွှတ်တဲ့ချီတည်ရှိမှုက သူ့ကို ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပေလိမ့်မယ်။

ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က တကယ်ကြောက်စရာကောင်းတယ်။

လေက ၎င်းရဲ့ရွေ့လျားမှုကို ပြန်ရလာပြီး ကြယ်တွေက ပျောက်ကွယ်သွားတယ်။ လီထျန်းရဲ့လက်ထဲရှိဓားက ပျောက်ကွယ်သွားပြီး သူက ရယ်လိုက်တယ်"အကြီးအကဲလီ၊ ငါ့ရဲ့ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က ဘယ်လိုလဲ"

လီဖူချန်းက ပြောလိုက်တယ်"ဒါက သိမ်မွေ့နက်နဲပြီးအားကောင်းတယ်"

ဒီဓားက တကယ်ကို အရမ်းအားကောင်းတယ်။ ဒီဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က သာမန်အဆင့်မရှိဘဲ ထူးကဲအဆင့်ရှိတယ်ဆိုတာ လီဖူချန်းရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်။

***

All Chapters