← Chapters

ကတိအား ဖြည့်ဆည်းပေးခြင်း

Vol. 34 Ch. 459

ကတိအား ဖြည့်ဆည်းပေးခြင်း

Vol. 34 Ch. 459

လန်လန်နှင့် အားဟူတို့အရှေ့မှာပင် စုမင်ထိုင်စောင့်နေရင်း အချိန်များက တရွေ့ရွေ့ ကုန်လွန်သွားသည်။ ယင်ဝိညာဥ်သည်လည်း သူတို့နံဘေးမှာပင် ထိုင်‌နေသော်ငြား ၎င်း၏ ကြီးမားသောကိုယ်လုံးကြီးကြောင့် သူတို့အနီးသို့ တောင်ကုန်းငယ်တစ်ခု ရောက်နေသလိုပင်...

သွေးနဂါးသည် လေထဲတွင်ပျံဝဲလျက် ပတ်ဝန်းကျင်အား သတိကြီးကြီးထားကာ ဆက်လက် စောင့်ကြည့်နေသည်။

စုမင်သည် မျက်လုံးများကိုမှိတ်ထားခဲ့၏။ သူ့မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ ဝေခွဲမရမှုများသာ ရှိနေခဲ့သည်။ ထိုဝေခွဲမရမှုများသည် ထူးဆန်းသောမြွေငယ်လေး၏ ပူဆွေးဝမ်းနည်းနေသော အမူအယာနှင့် ဆက်တိုက်ဆိုသလို ဝမ်းနည်းနာကျင်စွာ အော်မြည်နေသံများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြွေငယ်လေး၏ ခံစားချက်များသည် အစပိုင်းတွင် စိတ်လှုပ်ရှားနေရာမှ ယခုတော့ ပူဆွေးဝမ်းနည်းမှုအဖြစ်သို့ တစ်ဖြည်းဖြည်း ကူးပြောင်းသွားခဲ့ချေပြီ။ ဤတစ်ဖြည်းဖြည်း ပြောင်းလဲမှုသည် မြွေငယ်လေး၏ ပုံစံအား ပို၍ပင် သနားစရာ ကောင်းနေစေ၏။

‘မီးတောက်နဂါးမျိုးနွယ်စုက ကမ္ဘာဦးစကတည်းက သူတို့ကြီးထွားနိုင်ဖို့ ကိုယ့်မျိုးနွယ်ကို အမြဲပြန်ဝါးမြိုနေခဲ့တာပေါ့…’ အချိန်တို့ မည်မျှကြာသွားမှန်းမသိပြီးနောက်… စုမင် မျက်လုံးများကိုဖွင့်ကာ မီးတောက်နဂါး၏ အလောင်းကြီးကို အေးစက်စက်စိုက်ကြည့်လိုက်သည်။

‘အဲဒီလိုသာဆိုရင် သေသွားတာကြာပြီဖြစ်တဲ့ ဒီမီးတောက်နဂါးရဲ့ ကြွင်းကျန်တဲ့ စိတ်ဆန္ဒနည်းနည်းကလည်း သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်ဖို့ ငါ့မြွေလေးကို ဝါးမြိုချင်နေတာပဲ…’

‘ဒါပေမယ့် မီးတောက်နဂါးမျိုးနွယ်တွေက သူတို့မျိုးနွယ်ကိုသူတို့ အမြဲဝါးမြိုခဲ့ကြတာဆိုတော့ ငါ့မြွေလေးကလည်း ဒီမီးတောက်နဂါးကို ပြန်ပြီးဝါးမြိုနိုင်လောက်မှာပဲမလား.’

ထိုအကြောင်းများကို တွေးတောရင်း ယင်ဝိညာဥ်ထံသို့ စုမင်လှမ်းကြည့်လိုက်သည်။

“ငါတို့ စောစောကတွေ့ခဲ့တဲ့ မျက်လုံးကြီးက မီးတောက်နဂါးရဲ့ ဒုတိယမျက်လုံးလို့ မင်းပြောခဲ့တယ်နော်။ ဒီမီးတောက်နဂါးမှာ မျက်လုံးဘယ်နှလုံးရှိတာလဲ”

ယင်ဝိညာဥ်သည် မျက်လုံးများကိုဖွင့်ကြည့်ကာ ခပ်တိုးတိုးပြန်ဖြေလိုက်သည်။ “လေးလုံး…”

“မီးတောက်နဂါးမှာ ဦးခေါင်းနှစ်ခုရှိတယ်။ တစ်ခုက မြွေနဂါးဦးခေါင်းဖြစ်ပြီး နောက်တစ်ခုက ငါ့လိုမျိုး လျှို့ဝှက်ဦးခေါင်းပဲ။ ဦးခေါင်းတစ်လုံးမှာ မျက်လုံးနှစ်လုံးရှိတာမို့ သူ့မှာ မျက်လုံးလေးလုံးရှိတယ်လို့ တွက်လို့ရတယ်”

“စောစောကတွေ့ခဲ့တဲ့ မျက်လုံးကြီးက မြွေနဂါးဦးခေါင်းရဲ့ မျက်လုံးတွေထဲက တစ်ခုပဲ။ ငါတို့မျိုးနွယ်ဝင်တွေကြား လက်ဆင့်ကမ်းလာတဲ့ ဒဏ္ဍာရီတွေထဲမှာ ‘မြင့်မြတ်သောယင်ကိုးပါး’ရဲ့ အသေးစိတ်ဖော်ပြချက်တွေရှိတယ်။ အဲဒီအထဲမှာ သူသေသွားတာနဲ့ ချိပ်ပိတ်ပစ်ရမယ်တဲ့။ မဟုတ်ရင် သူ့ရဲ့ အသွေးအသားတွေက ကပ်ဘေးမြူခိုးတွေအဖြစ်၊ သူ့အငြိုးတွေက ဝိညာဥ်မျက်ရည်တွေအဖြစ်၊ သူ့အရိုးတွေက အရိုးမိစ္ဆာအဖြစ်၊ ပြီးတော့ သူ့မျက်လုံးတွေက ယင်သင်္ချိုင်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်…”

“စောစောကမျက်လုံးကြီး နိုးထလာတာက သိသိသာသာကို ချိပ်စည်းအားပျော့သွားလို့ပဲ။ သူသာ တစ်ခုခုအပေါ်ကို မျက်စိကျသွားတာနဲ့ ငါ့ကျင့်ကြံဆင့်နဲ့ဆိုရင်တောင် လွတ်မြောက်နိုင်ဖို့ ခဲယဥ်းတယ်။ ငါ့ကို တစ်ခြားတစ်ယောက်ယောက်က ကယ်တင်ပေးမှပဲရလိမ့်မယ်” ယင်ဝိညာဥ်၏အသံသည် မြူခိုးများကြား ပဲ့တင်ထပ်နေ၏။ သူ့စကားများကိုကြားသည်နှင့် စုမင်မျက်လုံးတို့ လှုပ်ရှားသွားခဲ့သည်။

“မင်းသာ အဲဒီယင်သင်္ချိုင်းမျက်လုံးထဲမှာရှိတဲ့ အက်ကြောင်းရဲ့ ဝါးမြိုခံလိုက်ရမယ်ဆိုရင်  စိတ်ဝိညာဥ်ဖမ်းစားသူ ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းလဲသွားမှာလား” စုမင် ရုတ်တရက် ပြန်မေးလိုက်မိ၏။

“ရုပ်သေးလား…” ယင်ဝိညာဥ်သည် မကြာသေးမီက အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားပြီး တုန်ရီသွားခဲ့၏။ ထို့နောက် စုမင်အား ခေါင်းခါပြလာခဲ့သည်။

“ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး… မင်းရဲ့ အသွေးအသား၊ အဆီအနှစ်တွေအားလုံး စုပ်ယူခံရပြီး ခြောက်ကပ်နေတဲ့အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မှာ… ဒါပေမယ့် အဲဒါက အဆုံးသတ်မဟုတ်သေးဘူး။ မင်းရဲ့စိတ်ဟာ ဖမ်းစားခံလိုက်ရပြီး အရွယ်ရောက်ပြီးသား မီးတောက်နဂါးက ဖန်တီးထားတဲ့ ‘မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောက’ထဲကို ဝင်ရောက်သွားလိမ့်မယ်”

“အဲဒီမှာ ထာဝရပိတ်လှောင်ခံထားရတဲ့ ဘဝမျိုးနဲ့ ရှင်သန်ရလိမ့်မယ်။ ဘယ်တော့မှ မလွတ်မြောက်နိုင်ပဲ မီးတောက်နဂါး အသက်ရှိစဥ်က သတ်ဖြတ်ခဲ့တဲ့ သက်ရှိဝိညာဥ်ပေါင်းများစွာနဲ့ တိုက်ခိုက်ရလိမ့်မယ်။ အဆုံးမရှိ တိုက်ခိုက်ရင်း မင်းသေသွားခဲ့ရင်တောင် မကြာခင် ပြန်ရှင်လာဦးမှာပဲ…”

“အဲဒါက မင်းပြိုလဲပြီး မီးတောက်နဂါးထံ အညံ့ခံလိုက်မှပဲ ရပ်တန့်သွားလိမ့်မယ်။ အဲဒါက မင်းအနေနဲ့ ‘မသေဆုံး၊ မပျက်ဆီးနိုင်သော ထာဝရလောက’ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှသာ ရပ်တန့်သွားမယ့်အရာပဲ”

“မင်းအလောင်းကတော့ မီးတောက်နဂါးရဲ့ ကိုယ်ထဲမှာပဲရှိနေပြီး သူ့အသွေး၊ အသားတွေအဖြစ် ကူးပြောင်းသွားလိမ့်မယ်။ ဒါက သေရတာထက်တောင်ဆိုးတဲ့ ကံကြမ္မာပဲ။ အဲဒါနဲ့ယှဥ်ရင် တိုက်ပွဲထဲမှာ သေသွားရတာကမှ ပိုကောင်းဦးမယ်” ယင်ဝိညာဥ်သည် အသံတိုးတိုးဖြင့် ပြောပြနေပြီး သူ့အသံထဲမှ အကြောက်တရားတို့ကို စုမင်ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

စုမင်သည် ခဏမျှတိတ်ဆိတ်နေပြီးနောက် ပြန်မေးလိုက်သည်။ “အညံ့မခံခဲ့ရင်ရော ဘာဖြစ်မှာလဲ။ ‘မသေဆုံး၊ မပျက်ဆီးနိုင်သော ထာဝရလောက’ ထဲကနေ ရုန်းထွက်လာဖို့ဆိုတာ ဖြစ်နိုင်လား”

“ရုန်းထွက်လာဖို့လား…” ယင်ဝိညာဥ်သည် စုမင်အား လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

“မီးတောက်နဂါးတစ်ကောင် ရှင်သန်နေချိန်မှာ မျိုးနွယ်စုတွေနဲ့ မျိုးနွယ်ပေါင်းစုံဆီကနေ ပူဇော်စတေးမှုတွေ ရဖို့လိုတယ်။ ပူဇော်စတေးမှုတွေ ပိုရလေလေ၊ သူက ပိုသန်မာလာလေလေပဲ။ အဲဒါက သူ့ရဲ့ မွေးရာပါစွမ်းရည်တစ်ခုပဲ။ မင်းတို့ စိတ်ဝိညာဥ်ဖမ်းစားသူတွေကိုပဲ ကြည့်လေ။ သူ့ရဲ့ သေဆုံးပြီးသား စိတ်ဆန္ဒကနေတောင် မင်းတို့မျိုးနွယ်စုရဲ့ ‘စိတ်ဝိညာဥ်ဖမ်းစားသူ’ တွေ ဖန်တီးနိုင်တယ်ဆိုတည်းက အဲဒီစွမ်းရည်က ဘယ်လောက်တောင် အားကောင်းမလဲဆိုတာ တွေးကြည့်လိုက်”

“စိတ်ဝိညာဥ်ဖမ်းစားသူတွေက မီးတောက်နဂါးကို ကိုးကွယ်သူတွေလိုပဲ။ ဒါပေမယ့် မင်းတို့ရှာမန်တွေကြားမှာ စိတ်ဝိညာဥ်ဖမ်းစားသူတွေ သိပ်မရှိတာမို့ ငါတို့လူတွေက မင်းတို့ကို ဒီနေရာဆီ လာခွင့်ပြုထားခဲ့တာ”

“မီးတောက်နဂါးက သူလိုအပ်တဲ့အခါ ဝါးမြိုချင်တဲ့ မျိုးနွယ်စုတစ်စုလုံးကို ဝါးမြိုတတ်တယ်။ ဒါပေမယ့် အပြန်အလှန်ပဲ သူတို့ကိုယ်သူတို့ စတေးပူဇော်တဲ့ လူတွေကလည်း အထူးအခွင့်အရေးတစ်ခုကို ရရှိကြတယ်။ အဲဒီ အထူးအခွင့်အရေးက… မီးတောက်နဂါးရဲ့ ‘မသေဆုံး၊ မပျက်ဆီးနိုင်သော ထာဝရလောက’ ထဲကို ဝင်ရောက်ခွင့်ပဲ” ယင်ဝိညာဥ်၏ အသံက တစ်ဖြည်းဖြည်းတိုးဝင်သွားသည်။

“အထူးအခွင့်အရေးလား” စုမင်မျက်လုံးတို့ တောက်ပသွားသည်။

“အမှန်ပဲ။ ထာဝရလောကထဲမှာ လေ့ကျင့်ပြီး အဆုံးမဲ့ ရှင်သန်၊ သေဆုံးခြင်းသံသရာကို ဖြတ်သန်းတာက မင်းကို တိုက်ပွဲဇစ်မြစ်ကို နားလည်စေပြီး အသန်မာဆုံး စစ်သည်တော်တစ်ဦးအဖြစ် ပုံသွင်းပေးလိမ့်မယ်… မီးတောက်နဂါးဆီ ပူဇော်စတေးတဲ့ မျိုးနွယ်စုတိုင်းက ဒီအခွင့်ထူးကို ရရှိနိုင်ဖို့ သူတို့ရဲ့ အကောင်းဆုံးဆိုတဲ့လူကို ရွေးချယ်ကြတယ်။ အဲဒီလူရဲ့ ကျင့်ကြံဆင့်က အများကြီးတိုးမသွားနိုင်ပေမယ့် တိုက်ပွဲထဲမှာ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပြတ်သားမှုကတော့ ဘယ်သူမှ မယှဥ်နိုင်တဲ့ အရာပဲ”

“အကြောင်းအရင်းကတော့… သူတို့က ရှင်သန်သေဆုံးခြင်း သံသရာကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးလို့ပဲ။ ဒါပေမယ့် ဒီစိတ်ဆန္ဒက မီးတောက်နဂါး အသက်ရှိနေတုန်းမှာသာ ဖြစ်နိုင်တဲ့အရာပဲ။ သူဖမ်းဆီးထားတဲ့ လူတွေကို အဲဒီစိတ်ဆန္ဒက ပြန်လွှတ်ပေးနိုင်တယ်။ အဲဒါကြောင့် အခွင့်ထူးလို့ ယူဆကြတာပေါ့”

“ဒါပေမယ့်… သူသေဆုံးသွားရင်တော့ အဲဒီစိတ်ဆန္ဒက အခွင့်ထူးတစ်ခု မဟုတ်တော့ဘူး။ အဲဒါက သေတာထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့ လှောင်အိမ်ကြီးတစ်ခု ဖြစ်သွားတော့မှာ… မီးတောက်နဂါးရဲ့ ‘ထာဝရလောက’ ထဲကနေ တစ်ကယ်ကို ပြန်ရုန်းထွက်လာသူတွေ ရှိနိုင်ပေမယ့်လည်း ငါတို့မျိုးနွယ်စုထဲမှာတော့ လုပ်နိုင်ခဲ့တဲ့သူရှိတယ်လို့ မှတ်တမ်းမျိုး မတွေ့ဖူးဘူး”

စုမင် တိတ်ဆိတ်သွားမိ၏။ ယင်ဝိညာဥ်သည်လည်း နောက်ထပ် စကားထပ်မပြောတော့ချေ။

အချိန်နှစ်နာရီခန့် ကုန်လွန်သွားပြီးနောက် လေထဲရှိ သွေးနဂါးထံမှ ခပ်တိုးတိုးဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။

စုမင်မျက်လုံးများလည်း တောက်ပလာ၏။ ထို့နောက် အဝေးရှိ မြူခိုးထုထဲတွင် နောက်တစ်ကြိမ်ဖြစ်ပေါ်လာသော အဖြူရောင်အရိပ်များကို သူ မြင်လိုက်ရချေသည်။ ထိုအဖြူရောင်အရိပ်ရှစ်ခုသည် ငိုညည်းလျက် မြူခိုးထုထဲတွင် လွင့်မျောနေကြသည်။

ထို ငိုညည်းသံများကို ကြားလိုက်ရသောအခါ စုမင်မျက်နှာထက်တွင် စိတ်အနှောင့်အယှက်ဖြစ်ဟန်များ ပေါ်လာခဲ့သည်။

၎င်းတို့က ထိုမျှနှင့် ရပ်မသွားချေ။ မြူခိုးထုအတွင်းမှ တစ်ချက်တစ်ချက်ဆိုသလို ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သူတို့အနီးရှိ ဝေ့ဝဲနေသော မြူခိုးများထဲတွင် အကြေးခွံများ ဖုံးလွှမ်းနေသော ခန္ဓကိုယ်များကိုလည်း စုမင်မြင်လိုက်ရသည်။

ထိုသတ္တဝါများအပြင် မြူခိုးထုထဲ၌ ကြီးမားသော အနက်ရောင်အရိပ်ကြီးတစ်ခုကိုလည်း စုမင်မြင်လိုက်ရ၏။ ထိုအနက်ရောင်အရိပ်ကြီးသည် ပေတစ်ရာကျော်မြင့်မားပြီး မြူခိုးထုထဲ၌ လွင့်မျောနေခြင်းဖြစ်သည်။ ၎င်းအား မြင်လိုက်ချိန်တွင် သူ့အကြည့်များအား ချက်ချင်းဖမ်းစားခံလိုက်ရသလို စုမင်ခံစားလိုက်ရ၏။

ထိုအနက်ရောင်အရိပ်ကြီးသည် သိသိသာသာကိုပင် မကြာသေးခင်ကမှ ပျောက်ကွယ်သွားသော မီးတောက်နဂါး၏ ဒုတိယမျက်လုံးကြီးပင် ဖြစ်သည်။

“မလှုပ်နဲ့” ယင်ဝိညာဥ်၏ မျက်လုံးများက တောက်ပနေပြီး မြူခိုးထုထဲရှိ သတ္တဝါများထံ စူးစိုက်ကြည့်ရင်း စုမင်အား တီးတိုးပြောလိုက်သည်။

“အခုလောလောဆယ်တော့ သူတို့ အနီးကို လာကြမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့က မီးတောက်နဂါးကနေ ဖြစ်ပေါ်လာကြတာပဲ။ စောစောက ငါတို့ကို တိုက်ခိုက်ခဲ့တယ်ဆိုတာ ငါတို့အပေါ်မှာ မီးတောက်နဂါးရဲ့ သေဆုံးပြီးစိတ်ဆန္ဒ ရှိမနေခဲ့လို့ပဲ…”

“အခုလောလောဆယ်တော့ မင်းလူနှစ်ယေက်က သူ့ရဲ့ စိတ်ဆန္ဒကို အာရုံခံနေတာ ဖြစ်တဲ့အတွက် ဒီနေရာတစ်ဝိုက်က မီးတောက်နဂါးရဲ့ ကိုးကွယ်သူတွေအတွက် နေရာအဖြစ် ပြောင်းလဲသွားပြီ။ သူတို့ ဒီလိုပဲလုပ်နေတယ်ဆိုတော့ တိုက်ခိုက်ဦးမှာ မဟုတ်ဘူး”

“ဒီနှစ်ယောက် အသိအမှတ်ပြုခံလိုက်ရတာနဲ့ သူတို့သာ အနားမှာရှိနေရင် ငါတို့ ဒီနေရာက လျှောက်ထွက်သွားနိုင်လိမ့်မယ်။ နောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်ခံရတော့မှာ မဟုတ်ဘူး” ယင်ဝိညာဥ်သည် စကားဆုံးသည်နှင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။

စုမင် အလျင်စလို မလှုပ်ရှားခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ မြူခိုးထဲရှိ ထိုဝိညာဥ်များသည် ယင်ဝိညာဥ်ပြောခဲ့သလိုပင်ဖြစ်ကြောင်း သူသိလိုက်ရ၏။ သူတို့သည် ထိုနေရာတစ်ဝိုက်တွင်သာ လျှောက်သွားနေကြပြီး အနီးကိုတော့ ကပ်မလာကြချေ။ ထိုသည်ကိုမြင်သောအခါ သွေးနဂါးအား အနည်းငယ်ငြိမ်သက်ရန် စုမင် အတွေးတစ်ခု ပို့လွှတ်လိုက်သော်လည်း သူကတော့ သတိမလွတ်ရဲချေ။

နောက်ထပ်တစ်နာရီခန့် ကြာသွားပြီးနောက် စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားသည်။ မြူခိုးထုထဲရှိ အရိပ်ဖြူများမှာ ပိုတိုးလာနေပြီး ယခုဆိုလျှင် သူတို့အနီးတစ်ဝိုက်၌ အရိပ်ဖြူ ဒါဇင်ပေါင်းများစွာခန့် ရှိနေပြီဖြစ်သည်။

အလားတူပင် မြူခိုးထုထဲ၌ ပုန်းအောင်းနေသော သားရဲများမှာလည်း မနည်းတော့ချေ။ ရာနှင့်ချီသော သားရဲများမှာ တစ်ကောင်နှင့်တစ်ကောင် နီးကပ်စွာရပ်နေကြ၏။ ၎င်းတို့၏ ခပ်တိုးတိုး ဟိန်းဟောက်သံများနှင့် ငိုညည်းသံများက ပေါင်းစည်းသွားပြီး အသံလှိုင်းများ ဖြစ်လာကြသည်။

စုမင်နှင့် ယင်ဝိညာဥ်တို့ သတိကြီးကြီးထားနေစဥ်မှာပင် မြူခိုးများအတွင်း၌ စူးရှသော အူသံများ ထွက်ပေါ်လာသည်။ ပထမဆုံးပေါ်လာချိန်တွင် ၎င်းတို့သည် အဝေးမှ ပေါ်ထွက်လာသယောင် ထင်ရသော်လည်း တစ်ခဏအတွင်းပင် အလျင်အမြန်နီးကပ်လာကြ၏။ မြူခိုးများအတွင်းမှ တစ်ဒါဇင်ခန့်ရှိသော အဖြူရောင်အလင်းတန်းများ တိုးထွက်လာပြီး စုမင်တို့အုပ်စုနှင့် ပေရာပေါင်းအနည်းငယ်ခန့် ဝေးသော မြေပြင်ကို ထိုးစိုက်သွားသည်။

ထိုအဖြူရောင်အလင်းတန်းများမှာ မီးခိုးရောင်အရိုးများ ဖြစ်သည်။ ထိုအရိုးများသည် မြေပြင်ကို ထိုးစိုက်ပြီးသည်နှင့် ချက်ချင်းအရည်ပျော်ကာ သတ်ဖြတ်ခြင်းအငွေ့အသက်များအပြည့်ဖြင့် မီးခိုးရောင် လူတူသတ္တဝါငယ်လေးများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

ထိုလူတူသတ္တဝါငယ်လေးများ ပေါ်လာချိန်တွင် စုမင်၏ ထိတ်လန့်မှုက မဖော်ပြနိုင်လောက်အောင်ပင်။ ထိုလူတူသတ္တဝါတို့၏ ပုံပန်းသွင်ပြင်သည် ကျောက်တုံးထဲတွင် ချိပ်ပိတ်ခံထားရသော အနက်ရောင်လူတူသတ္တဝါငယ်လေးနှင့် အလွန်တရာမှ တူညီနေခဲ့၏။

သို့သော်လည်း သေချာကြည့်လိုက်ချိန်တွင်တော့ အနည်းငယ်ကွဲပြားကြောင်း သူတွေ့လိုက်ရသည်။ ထို လူတူသတ္တဝါလေးများမှာ မီးခိုးရောင်ဖြစ်ပြီး အနက်ရောင်မဟုတ်ကြပေ။ သူတို့၏ ပုံပန်းသွင်ပြင်က ဝေဝါးနေပြီး မျက်နှာအစိတ်အပိုင်းများလည်း အသေးစိတ် တိတိကျကျ မပါချေ။ ၎င်းတို့၏ မျက်လုံးနေရာတွင် အက်ကြောင်းတစ်ခုပါပြီး ပါးစပ်နေရာတွင်လည်း နောက်ထပ်အက်ကြောင်းတစ်ခု ရှိနေ၏။

“အရိုးမိစ္ဆာတွေလည်း ပေါ်လာပြီ။ ကြည့်ရတာတော့ ဒီတစ်ခေါက် ချိပ်စည်းက အားပျော့သွားတာမဟုတ်ပဲ၊ ထိခိုက်သွားတဲ့ပုံပဲ…” ယင်ဝိညာဥ်၏ အမူအယာက ချက်ချင်းပြောင်းလဲသွားသည်။

စုမင်မျက်နှာထားမှာလည်း သုန်မှုန်သွား၏။ သူသည် စကားတစ်ခွန်းမဆိုပဲ မြူခိုးထဲရှိ သတ္တဝါများကိုသာ စိုက်ကြည့်နေလိုက်သည်။ လှမ်းကြည့်လိုက်မိချိန်တွင် နောက်ထပ် တစ်ဒါဇင်ကျော် အဖြူရောင်အရိပ်များ ထပ်ရောက်လာသည်ကို တွေ့လိုက်ရ၏။

မြူခိုးထဲရှိ ဝိညာဥ်များမှာ အချိန်နှင့်အမျှ ပိုပိုတိုးလာမည့်ပုံပင်။

ထိုအခိုက်အတန့်မှာပင် မျက်လုံးများမှိတ်ထားသော အားဟူမှာ ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။ နာကျင်မှုကြောင့် သူ့မျက်နှာက ရှုံ့မဲ့နေသော်လည်း ထိုနာကျင်မှုက တစ်ဖြည်းဖြည်းပင် စိတ်ပိုင်းဖြတ်လိုက်ဟန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစိတ်ပိုင်းဖြတ်မှုထဲတွင် လေးစားဟန် အရိပ်အမြွက်ကိုလည်း စုမင်မြင်လိုက်ရ၏။

‘အသိအမှတ်ပြုမှု… ယင်ဝိညာဥ်ပြောတဲ့ပုံအရဆိုရင်၊ စိတ်ဝိညာဥ်ဖမ်းစားသူ ကျင့်စဥ်တွေကို ကျင့်ကြံခွင့်ရဖို့ ပထမဆုံးအနေနဲ့ မီးတောက်နဂါးကို သူတို့သခင်အဖြစ် အသိအမှတ်ပြုရမယ့်ပုံပဲ’ စုမင် ငြိမ်သက်နေမိသည်။ ဤသည်က နွားသိုးဖြူမျိုးနွယ်စု စိတ်ပူရမည့်အရာဖြစ်ပြီး သူဝင်နှောင့်ယှက်ရန် အကြောင်းမရှိပေ။

တစ်ခဏကြာပြီးနောက် လန်လန်၏ မျက်နှာတွင်လည်း နာကျင်နေဟန်မျိုး ပေါ်လာခဲ့သည်။ သူမပုံစံသည် ရုန်းကန်နေပုံပေါ်သော်လည်း ထိုရုန်းကန်မှုသည် ကြာရှည်မခံလိုက်ပဲ အားဟူကဲ့သို့ လေးစားဟန်အဖြစ် ကူးပြောင်းသွားခဲ့သည်။

မကြာမီမှာပင် ကလေးငယ်နှစ်ဦး၏ မျက်လုံးများမှာ တစ်ပြိုင်တည်းလိုလို ပွင့်လာကြသည်။ သူတို့မျက်လုံးထဲတွင် အနက်ရောင် အလင်းတစ်ချက်ပေါ်လာပြီး တစ်ဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ စုမင်အမြင်တွင်တော့ ထိုကလေးငယ်နှစ်ဦးမှာ ယခင်နှင့် မတူတော့ပဲ အနည်းငယ် ပြောင်းလဲသွားခဲ့ချေပြီ။

“ကူညီပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ” အားဟူသည် မတ်တပ်ထရပ်လိုက်ပြီး လက်သီးဆုပ်ကာ စုမင်အား ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ နံဘေးမှ လန်လန်သည်လည်း အလားတူပင် ပြုမူလိုက်၏။ သူတို့နှစ်ဦးသည် စုမင်အား ကျေးဇူးတင်ပြီးသည်နှင့် မြူခိုးထုထဲရှိ သတ္တဝါများထံ လှည့်ကြည့်လိုက်ကြသည်။

“ဒါက မင်းတို့ဘိုးဘေးနဲ့ ငါ့ကြားက သဘောတူညီချက်တစ်ခုပါပဲ။ ကျေးဇူးတင်စရာမလိုပါဘူး။ မင်းတို့ကို ရှာမန်မြို့တော်ဆီ ပြန်ပို့ပေးပြီးတာနဲ့ ငါတို့ကြားက သဘောတူညီချက်ကလည်း အဆုံးသတ်ပြီ” စုမင်လည်း မတ်တပ်ထရပ်လိုက်ပြီး မြူခိုးထဲရှိ သတ္တဝါများထံ လှမ်းကြည့်လိုက်သည်။

“စီနီယာ မစိုးရိမ်ပါနဲ့။ လန်လန်နဲ့ ကျွန်တော့အပေါ် သူတို့စိတ်တွေမှာ မကောင်းတဲ့ရည်ရွယ်ချက်မျိုး မရှိဘူးဆိုတာ ကျွန်တော် အာရုံခံမိပါတယ်။ ကျွန်တော်တို့ ဘာပြဿနာမှမရှိပဲ ထွက်သွားနိုင်မှာပါ” အားဟူက အလျင်အမြန်ပင် ပြောလိုက်သည်။ ထို့နောက် သူရှေ့လျှောက်သွားရာ မြူခိုးထဲရှိ သတ္တဝါများသည် အမှန်ပင် အဝေးသို့ဖယ်၍ လမ်းကြောင်းတစ်ခု ဖော်ပေးကြလေသည်။

သို့သော် စုမင်အနီးကပ်သွားချိန်တွင်တော့ ၎င်းတို့ထံမှ ထိတ်လန့်ဖွယ် အော်မြည်ဟိန်းဟောက်သံများ ချက်ချင်းထွက်ပေါ်လာကြသည်။ အဖြူရောင်အရိပ်များသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မြူခိုးသားရဲများထံမှလည်း ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ အရိုးမိစ္ဆာများ၏ အူသံနှင့်အတူ အဝေးရှိမြူထဲတွင် လွင့်မျောနေသော မျက်လုံးကြီးသည်လည်း စုမင်အား အကြည့်မလွှဲပဲ စိုက်ကြည့်နေလေသည်။

“သူတို့နှစ်ယောက်ကို ရှာမန်မြို့တော်ဆီ ပြန်ခေါ်သွားပေးပါ” ခဏတာ ငြိမ်သက်နေပြီးနောက်မှ ယင်ဝိညာဥ်ထံသို့ စုမင်လှမ်းပြောလိုက်ချေ၏။

All Chapters