← Chapters

အရုဏ်ဦးအင်မော်တယ် ငါ့ကို တိုက်ခိုက်ရဲလား

Vol. 56 Ch. 777

အရုဏ်ဦးအင်မော်တယ် ငါ့ကို တိုက်ခိုက်ရဲလား

Vol. 56 Ch. 777

မန်ဟိုသည် ကြယ်တံခွန်ကြီးသဖွယ် တိရစ္ဆာန်သားရေနှင့် အဘိုးကြီးအနားချဉ်းကပ်လာသည်။ သူက ညာလက်ခလယ်ကို ညွှန်လိုက်ပြီး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ပေါ်လာရာ အဘိုးကြီးမှာ ကတုန်ကယင်ဖြင့်‌ နေရာတွင် တောင့်တင်းသွားတော့သည်။

ထိုအခိုက်အတန့်တွင် မန်ဟို့ညာလက်က အဘိုးကြီး၏ ရင်ဘတ်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်၍ အသားထဲထိ နစ်ဝင်သွားလေသည်။

"ချီနဲ့သွေး၊ စိတ်ဝိညာဉ်အကြော"

ဘုန်း

အဘိုးကြီးမှာ အထိတ်တလန့် အော်ရင်း နောက်ဆုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ခြောက်သွေ့လာပြီး သူ့ကျင့်ကြံခြင်းအခြေခံမှာ သူ့ထံမှ စီးထွက်နေလေပြီ။ သူက လျှာထိပ်ကို ကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်သည်။ သွေးသည် လေလယ်တွင် ပြန့်ကားလာကာ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို့ကို ဖယ်ရှားရန် မန်ဟို့ဆီပြေးဝင်လာသော ဧရာမသွေးရောင်ဒယ်အိုးကြီးတစ်လုံးဖြစ်လာ၏။

မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် လက်သီးဆုပ်ကာ ထိုးချလိုက်သည်။ သူ၏ချီနှင့်သွေး၊ ကျင့်ကြံသူသိန်းချီ၏ စွမ်းအင်နှင့် အဘိုးကြီးကိုယ်တိုင်၏စွမ်းအားပင်လျှင် အားဖြည့်ပေးထားသောလက်သီးက ဒယ်အိုးအပေါ် ကျရောက်သွားသည်။ ‌အလွန်ကြီးမားသော ပေါက်ကွဲမှုကြီးက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

ဒယ်အိုးသည် ချက်ချင်း တစစီ‌ ကြေမွသွား၏။ မန်ဟို့လက်သီးက အကြွင်းအကျန်များကို ဖြတ်လာရာတွင် လက်ဝါးအဖြစ် ပြောင်းသွားပြီးနောက် လက်သည်းလက်ကြီးအလား အဘိုးကြီး၏မျက်နှာကို ဖမ်းဆုပ်လိုက်သည်။

ချီ ၊ သွေးနှင့် စိတ်ဝိညာဉ်အကြောများမှာ အဘိုးကြီး၏ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ စုပ်ထုတ်ခံနေရသဖြင့် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်နေတော့သည်။ အဘိုးကြီးမှာ နာကျင်စွာ အော်ပြီး လက်နှစ်ဖက်လုံးကို မန်ဟို့ဆီ လှမ်းလိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် မန်ဟိုသည် ပျောက်ကွယ်သွားပြီးနောက် အဘိုးကြီး၏အနောက်တွင် ပြန်ပေါ်လာသည်။ သူက အဘိုးကြီး၏ကျောကို ရိုက်ချလိုက်၏။

"ကယ်ပါဦး" အဘိုးကြီးက အော်ဟစ်အကူအညီတောင်းသည်။ သေစေနိုင်သော အန္တရာယ်အာရုံက သူ့စိတ်ကို ချာချာလည်သွားစေသည်။

"ဘယ်သူမှ မင်းကို အခု မကယ်နိုင်ဘူး" မန်ဟိုက ရေခဲတမျှ အေးစက်သောအသံဖြင့် ပြန်ဖြေသည်။

သို့သော် ဤအခိုက်အတန့်တွင် သစ်ရွက်တစ်ရွက် ရုတ်တရက် ပေါ်လာခဲ့၏။ သစ်ရွက်က တစ်ရွက်တင်မဟုတ် ၊ သစ်ရွက်များစွာသည် ပြိုးပြိုးပြက်ပြက်လက်လျက် အပေါ်ထက်မှ သက်ဆင်းလာသည်။

မန်ဟိုနှင့် အလွန်ရင်းနှီးသော အရှိန်အဝါတစ်ခုလည်း ပေါ်လာသည်။

အမျိုးသမီးတစ်ယောက်၏အသံသည် စစ်မြေပြင်တစ်လျှောက် အေးစက်စွာ ပဲ့တင်ထပ်သွား၏။

"ငါ သူ့ကို ကယ်ရင်ရော ဘယ်လိုလဲ"

သစ်ရွက်များသည် တောင်ပိုင်းဒေသအပေါ် ကြွေကျလာလေသည်။

မရေမတွက်နိုင်သော အရွက်များ လည်လာပြီးနောက် အမျိုးသမီးတစ်ဦး၏ပုံသဏ္ဌာန်အဖြစ် လျင်မြန်စွာ ပေါင်းစုသွားသည်။ သူမသည် ရောင်စုံဂါဝန်ကို ဝတ်ထားပြီး သူမကို ကြည့်လိုက်မိသည့် မည်သူ့ကိုမဆို ဆွဲဆောင်ပစ်နိုင်လောက်အောင် မက်မောဖွယ်ကောင်းသော ညှို့ဓာတ်ကို ထုတ်လွှတ်နေ၏။

သို့သော် ဤသည်မှာ မိန်းမငယ်လေးမဟုတ်၊ အမျိုးသမီးဖြစ်သည်။

ထိုအမျိုးသမီးသည် .... ရှင်သန်ခြင်းနှင်းပန်း၏ မိခင် ... အရုဏ်ဦးအင်မော်တယ်ပင်။

သူမက ညာလက်ကို ဆန့်ထုတ်၍ မန်ဟို့ကို ညွှန်လိုက်သည်။

မရေမတွက်နိုင်သော အကိုင်းအခက်များ မန်ဟို၏ပတ်ပတ်လည်တွင် ပေါ်လာသည်။ ၎င်းတို့သည် လျင်မြန်စွာ ပြန့်ကားလာပြီးနောက် တစ်ခက်နှင့်တစ်ခက် ရစ်ပတ်ကာ မန်ဟို ပိတ်လှောင်လိုက်သော လှောင်ချိုင့်တစ်လုံးအသွင်ပြောင်းသွားသည်။

"ခင်ဗျားက သွေးမိစ္ဆာဂိုဏ်းရဲ့ တိုက်ပွဲမှာတုန်းက ပေါ်လာတယ်။ အခုလည်း ဒီနေရာမှာ ပေါ်လာပြန်ပြီ။ ထွက်သွားစမ်း" မန်ဟို၏ကျင့်ကြံခြင်းအခြေခံစွမ်းအားတို ပေါ်ထွက်လာကာ သတ်ဖြတ်လိုစိတ်တို့ မန်ဟို၏မျက်လုံးများတွင် နေရာယူလာသည်။ ၎င်းသည် အကိုင်းအခက်လှောင်ချိုင့်တွင် အပေါက်‌ဖောက်ရင်း အရပ်လေးမျက်နှာသို့ ထစ်ချုန်းတိုက်ခတ်သွားသော လေဆင်နှာမောင်းကြီးတစ်လုံး ဖြစ်လာသည်။

မန်ဟိုက အတွင်းမှ ထွက်လာပြီး အဘိုးကြီးရှိရာသို့ ချက်ချင်း ဦးတည်သွားသည်။

အရုဏ်ဦးအင်မော်တယ်က အေးစက်စက် ရယ်ပြီး သူမညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ရောင်စုံအလင်းတို့ တောက်ပလျက် မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်လာသော ခုနစ်ရောင်ခြယ်သစ်ရွက်တစ်ရွက် ပေါ်လာ၏။

မန်ဟို့စိတ်နှလုံး တုန်ရီသွားသည့်တိုင် သူသည် အားနည်းနေသော အဘိုးကြီးနောက် လိုက်နေခြင်းအား အရှိန်နည်းနည်းလေးမှ မလျှော့ပေ။ သူသည် အချိန်တိုလေးအတွင်း မှီသွားပြီးနောက် လက်ကို ဆန့်ကာ အဘိုးကြီး၏ခေါင်းအပေါ် ဖိချလိုက်သည်။

"ဝိညာဉ်" တည်ငြိမ်နေသော သူ၏အသံက ထွက်လာသည်။

အဘိုးကြီးမှာ ချက်ချင်း နာကျင်စွာ အသံကုန်အော်လိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ရီလာပြီး ပါးစပ်ကြီးဟကာ မျက်လုံးကြီးများ ပြူးထွက်လာသည်။ သူ၏ဝိညာဉ်က .... နူးညံ့သော အမျှင်ပါးပါးလေးများအသွင်ဖြင့် သူ၏နှာခေါင်းနှင့်ပါးစပ်မှတစ်ဆင့် စိမ့်ထွက်လာကာ မန်ဟို၏လျင်မြန်စွာ စုပ်ယူခြင်း ခံလိုက်ရသည်။

"သေချင်နေလား" အရုဏ်ဦးအင်မော်တယ်က မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် မာန်မဲလိုက်သည်။ ခုနစ်ရောင်ခြယ်သစ်ရွက်က အရှိန်တင်ကာ မန်ဟို့ဆီ ချဉ်းကပ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မန်ဟို့ကို ထိပေတော့မည်။

မန်ဟိုသည် အဘိုးကြီးကို ဆွဲပြီး သစ်ရွက်ဆီသို့ အားကုန်ပစ်ပေါက်လိုက်၏။ အုန်းခနဲ ပေါက်ကွဲသံ ပဲ့တင်ထပ်သွားပြီး အဘိုးကြီး၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်။ သူကား ခန္ဓာနှင့်ဝိညာဉ်ပါ သေဆုံးသွားလေပြီ။

မန်ဟိုကမူ ရုတ်ခြည်း နောက်ဆုတ်လိုက်သည်။ သူ့မျက်နှာမှာ အတော်လေး သွေးဆုပ်ဖြူလျော်နေသည်။ အဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံအလုံးစုံ၊ ချီနှင့်သွေးအကုန်လုံးအပြင် ဝိညာဥ်ကိုပါ စုပ်ယူပြီးနောက် မန်ဟို့ကိုယ်ထဲတွင် ဖော်ပြ၍မတတ်နိုင်သော စွမ်းအင်များ ပြည့်သျှံနေလေသည်။ သစ်ရွက်တိုက်ကွက်ကို ခုခံခြင်းက သူ့ကို နောက်ဆုတ်သွားစေခဲ့သော်လည်း ဒဏ်ရာတော့ မရခဲ့ပေ။

ယခုတွင် သစ်ရွက်က ဒုတိယအကြိမ် တိုက်ခိုက်ရန် သူ့ဆီ ပြေးဝင်လာနေပြီဖြစ်ရာ သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားသည်။ မိုးကြိုးဒယ်အိုးပေါ်လာပြီး လျှပ်စီးတစ်ချက်က ဝင်းခနဲ လက်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ဆေးလုံးမိစ္ဆာနှင့် အခြားသူများနှင့် တိုက်ခိုက်နေသော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များအနက်မှ အဘွားအိုတစ်ဦးနှင့် နေရာလဲသွား၏။

နေရာလဲသိုင်းကြောင့် အဘွားအို၏မျက်နှာပျက်ယွင်းသွားသည်။ ခုနစ်ရောင်ခြယ်သစ်ရွက်သည် တုံ့ခနဲ ရပ်ပြီး ဦးတည်ချက်ပြောင်းကာ မန်ဟို့နောက် လိုက်လာသည်။ ဤအခိုက်အတန့်တွင် မန်ဟိုက ခေါင်းဆောင်ကြီးစုန့်အနားတွင် ဖြစ်သည်။ သူက ခေါင်းဆောင်ကြီးစုန့်နှင့်အတူ ပေါင်း၍ မြောက်ပိုင်းသဲကန္တာရတာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်တစ်ဦးဖြစ်သော ဝတ်ရုံဖြူသွေးစုပ်ဖုတ်ကောင်ဆီသို့ တိုက်ကွက်တစ်ကွက် ပစ်သွင်းလိုက်သည်။

ဝုန်းခနဲ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရပြီး ဝတ်ရုံဖြူသွေးစုပ်ဖုတ်ကောင်အဘိုးကြီးမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် ‌ခုနစ်ရောင်ခြယ်သစ်ရွက်က နီးကပ်လာ၏။

လျှပ်စီးတစ်ချက်က လင်းခနဲ မန်ဟို့ကို ဝန်းရံလိုက်ပြီး အောက်ရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူစစ်တပ်၏အလယ်တွင် မန်ဟို ပြန်ပေါ်လာသည်။ သွေးမိစ္ဆာမဟာမှော်ဝဲများသည် ထောင်ချီသော ချီ ၊ သွေး၊ စိတ်ဝိညာဉ်အကြောနှင့် ဝိညာဉ်များကို ဝါးမြိုရင်း ‌ပေါ်လာသည်။ အော်သံနက်ကြီးများ စီစီညံသွားပြီးနောက် မန်ဟိုက ပျောက်ကွယ်သွားပြန်သည်။

မန်ဟိုသည် မိုးကြိုးဒယ်အိုးကို ကွက်တိ သုံးတတ်နေခဲ့ပြီဖြစ်၏။

လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များမှာ တုန်လှုပ်သွားတော့သည်။

"သေစမ်း"

"အဲဒီမိုးကြိုးဒယ်အိုးက ဘယ်လိုမှော်ပစ္စည်းမျိုးလဲ။ ဒီကောင်မန်ဟိုက ဖမ်းရခက်လိုက်တာ"

တိုက်ပွဲအတွင်း မန်ဟို၏လှုပ်ရှားမှုများသည် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်၏။ သူက အညှာအတာမရှိ ရက်ရက်စက်စက် တိုက်ခိုက်နေရာ သူတို့အား လုံးလုံးလျားလျား ထိတ်လန့်သွားစေတော့သည်။ ယခုတွင် မန်ဟိုကား သူတို့၏စိတ်ထဲတွင် ‌ဗဟိုရန်သူတော်ကြီးတစ်ဦး ဖြစ်လာလေပြီ။

သူက သူတို့အတွက် ချက်ချင်း ရှင်းပစ်မှ ဖြစ်မည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။

"ငါ သူ့ကို ရှင်းလိုက်မယ်" အရုဏ်ဦးအင်မော်တယ်က အေးစက်စက် ပြောသည်။ သူမ၏မျက်လုံးများသည် တစ်နေရာလုံးကို ‌လွမ်းမိုးသွားသော ခုနစ်ရောင်ခြယ်အလင်းဖြင့် တောက်ပလာကာ ဤနေရာအတွင်း မည်မျှလှုပ်ရှားမရနိုင်အောင် ပိတ်လှောင်ဖို့ ကြိုးစားနေသည့်အလားပင်။

"မင်းရဲ့ အဲဒီကစားစရာလေးက‌ တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ" တအောင့်ကြာသော် သူမက ပြောသည်။ "ငါ့အနေနဲ့ အပြည့်အဝ မပိတ်လှောင်ဘူး။ ဒါပေမဲ့ နေရာလဲနှုန်းကိုတော့ နှေးအောင် လုပ်နိုင်တယ်။ ကဲ လုပ်စမ်း စမ်းကြည့်လိုက်စမ်းပါဦး" ထို့နောက် သူမသည် မန်ဟို့ထံ စတင်ချဉ်းကပ်လာ၏။

သူမ နီးကပ်လာသည်နှင့်အမျှ ပြင်းထန်သော ဖိအားတစ်ရပ်သည် အရာအားလုံးအပေါ် သက်ရောက်လာ၏။ ထိုမျှသာမက ကြောက်စရာ ခုနစ်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းလည်း သူမအနောက်တွင် ပေါ်လာလေသည်။

ပန်းသည် ရှေ့နောက်ယိမ်းထိုးရင်း အပြစ်ဆိုဖွယ်မရှိအောင် လှပသော်လည်း တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါးဆန်နေသည်။

မန်ဟို၏အမူအရာမှာ တည်ငြိမ်နေပြီး ခံစားချက်မြူမှုန်လေးမျှ ပြောင်းလဲသွားသည်ကိုပင် မပြသပေ။ သူက မိုးကြိုးဒယ်အိုးကို သိမ်းပြီး ... လက်တစ်ဖက်အရွယ် သွေးရောင်ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်လိုက်သည်။

ရုပ်သေးရုပ်သည် မန်ဟို့လက်ဝယ်မှ ပျံထွက်လာပြီးနောက် တောက်ပလာသည်။ ၎င်း မီတာသုံးဆယ်မြင့်လာသည့်အချိန်တွင် ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လိုက်သည်။ အရိုင်းဆန်သောအရောင်များ ကောင်းကင်တစ်ပြင် တဝင်းဝင်း လက်လာကာ တိမ်တိုက်များ ဆူပွက်လာသည်။ ဤသည်ကား အင်မော်တယ်တစ်ဦး၏ အရှိန်အဝါ ဖြစ်ပေ၏။

အစစ်အမှန်အင်မော်တယ်အရှိန်အဝါတော့မဟုတ်၊ အတုအယောင်အင်မော်တယ်၏ အရှိန်အဝါဖြစ်သည်။

မည်သို့ဆိုစေ ....၎င်းကား အင်မော်တယ်ဖြစ်နေသေး၏။

အရုဏ်ဦးအင်မော်တယ်၏မျက်နှာမှာ ပထမဆုံးအကြိမ် ရိပ်ခနဲ ဖြစ်သွားပြီး မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်လက်တစ်ဆုပ်မှာ တုန်လှုပ်အံ့ဩသွားကြသည်။

ဤရုပ်သေးရုပ်သည် ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ ချင်းလော်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့ သွေးမိစ္ဆာဂိုဏ်းကို ပေါင်းတိုက်ခဲ့စဉ်တုန်းက အသုံးပြုခဲ့သော ဝှက်ဖဲဖြစ်ခဲ့၏။ ထိုစဉ်က သွေးမိစ္ဆာဂိုဏ်းချုပ်၏ လူလုံးထွက်ပြခဲ့မှုကြောင့်သာ မဟုတ်လျှင် ၎င်းက အောင်နိုင်မှုကို ဖမ်းဆုပ်နိုင်ခဲ့ပေလိမ့်မည်။

သွေးမိစ္ဆာဂိုဏ်းချုပ်က ယီးကျန့်ဂိုဏ်းချုပ်တစ်ဖြစ်လဲ ဝတ်ရုံနက်အဘိုးကြီးကို တိုက်ခိုက်ခဲ့ပြီးနောက် မန်ဟိုတစ်ယောက်တည်း အသုံးပြုနိုင်အောင် ရုပ်သေးရုပ်တွင် ပြောင်းလဲမှုတချို့ ပြုလုပ်ပေးခဲ့သည်။ ယင်းက သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့်(၅)သို့ ရောက်ရှိသွားခြင်းအတွက် ဆုလာဘ်လည်း ဖြစ်သည်။

မန်ဟို၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ‌မီတာသူံဆယ်အမြင့် သွေးရောင်ရုပ်သေးရုပ်နှင့် တစ်သားတည်းဖြစ်သွား၏။ စောစောက ၎င်း၏မျက်လုံးများသည် မည်းမှောင်နေခဲ့သော်လည်း ယခုတွင် မန်ဟို့မျက်ဝန်းနည်းတူ တင်းမာခက်ထန်သော အလင်းရောင်ကို ထုတ်လွှတ်နေလေပြီ။

မန်ဟို ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်သဖြင့် ၎င်းက ငေါက်ခနဲ ထရပ်လိုက်သည်။ အံ့ဖွယ် အတုအယောင်အင်မော်တယ်အရှိန်အဝါတစ်ခုသည် စစ်မြေပြင်တစ်ဝန်းပျံ့နှံ့သွားကာ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို တအံတဩ ပင့်သက်ရှိုက်လျက် နောက်ဆုတ်လိုက်ရစေသော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်လုံး ဖြစ်လာသည်။။

တောင်ပိုင်းဒေသကျင့်ကြံသူများမှာမူ စိတ်ဓာတ်အားမာန်တို့ တက်ကြွလာပြီး မန်ဟို၏နာမည်ကို တက်ညီလက်ညီ ကြွေးကြော်လာကြသည်။

အသံလှိုင်းများက ကမ္ဘာမြေတစ်လျှောက် ဖြာ၍ဆင်းကာ အရာအားလုံးကို တုန်ခါဟည်းလာစေသည်။

"အရုဏ်ဦးအင်မော်တယ် ၊ ခင်ဗျား ကျုပ်ကို တိုက်ခိုက်ရဲလား" မန်ဟိုက လေပေါ် ပျံတက်ပြီး အရုဏ်ဦးအင်မော်တယ်ကို လက်ညှိုးထိုးလိုက်သည်။ မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံ ကြားလိုက်ရပြီး ကြီးမားသော ဖိအားကြီး ရိုက်ခတ်လာ၏။ ပထဝီမြေကြီးသည် ပက်ကြားတို့ အက်လာပြီး လေထုမှာ ကြွေမွသွားသည်။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်လေတစ်ချက်က မြေပြင်တစ်လျှောက် သောင်းကျန်းတိုက်ခတ်သွားလေသည်။

အရုဏ်ဦးအင်မော်တယ်က ဘာမှမပြောသော်လည်း သူမ၏မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပသွား၏။ သူမက လှပသောလက်လေးကို ဆန့်တန်းရင်း လက်ညှိုးထိုးလိုက်သည်။ သူမအနောက်ရှိ ရှင်သန်ခြင်းနှင်းပန်း၏ ရုပ်ပုံလွှာသည် သူမခန္ဓာကိုယ်ကို ဖြတ်၍ လေပေါ် ပျံတက်သွား၏။ ၎င်း မန်ဟို့ဆီ ပြေးဝင်လာစဉ် ၎င်း၏လက်တံများက ရင်သပ်ရှုမော‌ဖွယ် ကောင်းစွာ ကိုးရို့ကားရား လူးလွန့်လျက်ရှိသည်။

မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် ရုပ်သေးရုပ်ကို ထိန်းချုပ်နေသည့်အတွက် ကောင်းကင်နှင့်မြေကြီးနှင့် ဆက်သွယ်နေသလို ခံစားရ၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ တိမ်မည်းတိမ်စိုင်များ ကောင်းကင်တွင်‌ ပေါ်လာသည်။ မိုးကြိုးတန်းတို့က မိုးပေါက်များသဖွယ် ကျဆင်းလာပြီး ရှင်သန်ခြင်းနှင်းပန်းကို လွှမ်းခြုံလိုက်သည့် မိုးကြိုးကန်တစ်ကန်အသွင်ပြောင်းသွားသည်။

"အတုအယောင်အင်မော်တယ်ထက် မပိုဘူး" အရုဏ်ဦးအင်မော်တယ်က ခေါင်းခါရမ်းရင်း အေးတိအေးစက် ပြောသည်။ "နင် အဲ့ဒါကို သုံးရင် ကျီမျိုးနွယ်စုနဲ့ ကံကြွေးမျိုးစေ့ချရလိမ့်မယ်" သူမသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ မန်ဟို၏အရှေ့တည့်တည့်တွင် ဖြစ်၏။ သူမက လက်ကိုမြှောက်ပြီး ချလိုက်သည်။

ခုနစ်ရောင်ခြယ်အလင်းသည် မန်ဟို့ထံ ပြေးဝင်သွားသော ခုနစ်ရောင်စဉ်နေတစ်စင်းအသွင်ပြောင်းရင်း တောက်ပနေ၏။

ကြီးမားသော ပေါက်ကွဲမှုကြီးက အရာရာတိုင်းကို တုန်လှုပ်သွားစေသည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်များပင် လွင့်ထွက်ကုန်ကြသည်။ သူတို့အထဲမှ အဘွားအိုသည် ဆုတ်ရန်ပြင်လိုက်စဉ် ဇီယွင်ဂိုဏ်း၏ စွန်းတောက်က သူမကို လွှမ်းခြုံလိုက်သော အစွမ်းထက်အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားလေသည်။

အဘွားအို၏အော်သံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

"ကျုပ်ခန္ဓာကိုယ်က ဖုန်ဘဝကရောက်နေပြီ၊ ဒီထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး" စွန်းတောက်၏အသံသည် အလင်းထဲမှ ဟိန်းထွက်လာ၏။ "ကျုပ် ထွက်မသွားခင် ... ဒီမိန်းမကိုလည်း အတူခေါ်သွားမယ်။ တာအိုရောင်ရင်းတို့ .... အောင်မြင်ပါစေလို့ ကျုပ် စိတ်ရင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်

"ဆရာရေ ... ကျွန်တော် ဆရာ့ရဲ့ ဆေးဝါးအတတ်သင်ဆက်လုပ်လို့မရတော့သလို ဆရာ အင်မော်တယ်အဆင့်တက်တာကိုလည်း မြင်ခွင့်မရတော့ဘူး....."

အုန်းခနဲ အလင်းကား ပေါက်ကွဲသွားလေပြီ။ မြောက်ပိုင်းသဲကန္တာရမှ အဘွားအို၏ အော်သံများ တိခနဲ တိတ်သွားသည်။ တောက်ပသောအလင်းရောင်က မန်ဟိုနှင့် အရုဏ်ဦးအင်မော်တယ်အပြင် အရာအားလုံးကို စိုးမိုးသွား၏။

မန်ဟိုမှာ ရင်ထဲ စူးအောင့်နာကျင်နေသည်ကို ခံစားလိုက်ရသည်။ အလင်း မှေးမှိန်ပျောက်ကွယ်သွားသောအခါ စွန်းတောက်မရှိတော့သလို အဘွားအိုလည်း နိဂုံးချုပ်သွားလေပြီ။

ဆေးလုံးမိစ္ဆာမှာ တုန်ရီသွားပြီး မျက်ရည်များ စီးကျလာသည်။ သူက ခေါင်းနောက်လှန်၍ ဝမ်းနည်းပက်လက် အော်ဟစ်ရယ်မောလိုက်၏။ ရုတ်တရက် ‌မရေမတွက်နိုင်သော မှော်သင်္ကေတများ သူ၏ခန္ဓာကိုယ်အပေါ်တွင် ပေါ်လာသည်။ ၎င်းတို့က တစ်ခုပြီးတစ်ခုပြီး ကြေမွကုန်သည်။ မျက်စိတစ်မှိတ်လေးအတွင်း တစ်ဝက်ကျော် ပျောက်ကွယ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံက အဆင့်တက်လာသည်။ သူကား တာအိုရှာဖွေခြင်းအလယ်အလတ်အဆင့် မဟုတ်တော့ဘဲ နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ကာ အထွတ်အထိပ်အဆင့်သို့ ဝင်ရောက်သွား‌လေပြီ။

မှော်သင်္ကေတများ ပျက်စီးသွားခြင်းမှာ သူ သိသိရက်နှင့် လုပ်လိုက်သော အရာမဟုတ်ပေ။ သူ့ကို ဖိစီးလွှမ်းမိုးနေသည့် ပြင်းထန်သောခံစားချက်များက လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်သည်။

ယခုတွင် ဆေးလုံးမိစ္ဆာသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ မရင်းနှီးသောအရှိန်အဝါတစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသည်။ ထိုမျှသာမက သူ၏ပုံပန်းသွင်ပြင်လည်း ပြောင်းလဲသွားခဲ့၏။ ယခုတွင် သူကား ... ဇီယွင်ဂိုဏ်းမှ ဆရာကြီးဇီတုန်၏ ရုပ်တုနှင့် ချွတ်စွပ်တူသွားလေပြီ။

***

All Chapters