← Chapters

တာအိုက မြူဖြစ်လာပြီး မြူက ဓားသွားဖြစ်လာခြင်း

Vol. 57 Ch. 792

တာအိုက မြူဖြစ်လာပြီး မြူက ဓားသွားဖြစ်လာခြင်း

Vol. 57 Ch. 792

“မန်ဟို”

“အရှင်မင်းသားမန်ဟိုပဲဟ ။  အဲဒီဘာမဟုတ်တဲ့ ဘိုးဘေးဆင်းတုတော်က အရှင်မင်းသားမန်ဟိုကို ဘယ်လိုလုပ်ဖိနှိပ်နိုင်မှာလဲ”

“အရှင်မင်းသားမန်ဟိုက တာအိုရှာဖွေခြင်းအဆင့်မဟုတ်ဘူးလား ... ဘယ့်နှယ်ကြောင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရဲ့ မဟာတာအိုတစ်ပါး သက်ဆင်းလာနိုင်မှာလဲ”

တောင်ပိုင်းဒေသကျင့်ကြံသူများမှာ ဆူညံပွက်လောရိုက်နေပြီး အတော်များများမှာ ဆွံ့အမှင်သက်နေကြလေသည်။ အများစုမှာ မန်ဟို့ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဟု မထင်ထားခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် သူ၏ကျင့်ကြံခြင်းအခြေခံသည် တကယ်တမ်း ဒုတိယခွဲထွက်ခြင်းအဆင့်ဖြစ်ကြောင်း သူတို့မေ့သွားခဲ့သည်မှာ ကြာခဲ့လေပြီ။

တောင်ကောင်းကင်ဂြိုဟ်၏ ရာဇဝင်တွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကိုယ်ပွား ပိုင်ဆိုင်ထားသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ဟူ၍ မရှိခဲ့ဖူးပေ။

ဤကျင့်ကြံသူများ ယခု မျက်မြင်တွေ့ကြုံနေရသော အရာမှာ လုံးဝမကြားဖူးသည့်အရာဖြစ်သည်။ ထို့ကြောင့် မန်ဟိုက ... တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ဖြစ်သည်ဟု ယုံကြည်ထားသူ အတော်များလေသည်။

မှန်ပါသည် ၊ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အံ့ဩတုန်လှုပ်မှုမှာတော့ ပို၍ပင်ပြင်းထန်သည်။

“ဘိုးဘေးဆင်းတုတော်က သူ့ကို ဆက်ပြီး မချုပ်ထားနိုင်တော့ဘူးလား... ဒီလူ ဘယ်ကလာတာတုန်းဟေ”

“တကယ်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်နေတာတဲ့လား။ မဖြစ်နိုင်ဘူး”

“မြတ်စွာဘုရား။ သူက ဘယ်လိုလုပ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေးပဲ ဖြစ်မှာတုန်း။ ဒါဆို တာအိုရှာဖွေခြင်းအဆင့်ထဲ ဝင်ရောက်သွားရင် အတုအယောင်အင်မော်တယ်တွေကို တိုက်ခိုက်နိုင်ပြီလို့ ဆိုလိုတာလား”

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ လုံးလုံးလျားလျား အံ့ဩနေကြသည်။ တစ်ယောက်ပြီးတစ်ယောက် မယုံကြည်နိုင်သောမျက်နှာထားများဖြင့် မန်ဟို့ကို လှည့်ကြည့်လိုက်ကြ၏။

ဤလူများသည် မန်ဟိုနှင့် သိပ်မရင်းနှီးပေ။ ယခု သူ့အကြောင်းအမှန်ကို သိသောအခါ လက်မခံနိုင်ဖြစ်နေကြသည်။

အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာမူ  တစ်ခဲနက်‌ ကြွေးကြော်လိုက်ကြပြီး ဆူညံသံများက အရာအားလုံးကို တုန်ခါသွားစေသော အသံလှိုင်းတစ်လှိုင်းဖြစ်လာသည်။

“တောင်ကောင်းကင်ဂြိုဟ်ရဲ့ အင်မော်တယ်မဟုတ်တဲ့ နံပါတ်တစ် အကျော်အမော်”

“အရှင်မင်းသားမန်ဟိုက လွတ်လာတော့မယ်”

“စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှ တာအိုရှာဖွေခြင်းသို့”

ဆေးလုံးမိစ္ဆာနှင့် ခေါင်းဆောင်ကြီးစုန့်မှာမူ မအံ့ဩပေ။ သူတို့သည် မန်ဟို၏ကျင့်ကြံခြင်းအခြေခံအစစ်အမှန်ကို သိထားပြီး သူ၏အံ့ဖွယ်စွမ်းအားကို မြင်တွေ့ဖူးနေကျဖြစ်သည့်အတွက် တကယ်တမ်း သူ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တွင်သာ ရှိသေးသောအချက်ကို အာရုံမရှိကြတော့ပေ။

သို့သော် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာတော့ ထိုအကြောင်း မသိကြ၍ ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။ ဝတုတ်အမျိုးသမီးမှာ အထူးသဖြင့် မှင်သက်နေပြီး မန်ဟို့ဒုတိယကိုယ်အစစ်၏ မထုံတတ်ထေးမျက်နှာထားကို လှမ်းကြည့်လိုက်လေသည်။

ထို့နောက် သူမသည် တုန်ရီစပြုလာပြီး ခေါင်းနပန်းကြီးလာ၏။ ရုတ်တရက် မြောက်ပိုင်းသဲကန္တာရ တောင်ပိုင်းဒေသသို့ ကျူးကျော်ခဲ့ခြင်းမှာ မဟာအမှားကြီးဖြစ်ခဲ့ပြီဟု သူမ ခံစားလိုက်ရသည်။

ရင်ထဲတွင် ထိတ်လန့်ခြင်းလှိုင်းတံပိုးများ သောင်းကျန်းနေလျက် သူမထက်ပင် ပို၍အံ့ဩတုန်လှုပ်နေသူတစ်ယောက်ရှိသည်။ ထိုသူမှာ မြောက်ပိုင်းသဲကန္တာရမှ နံပါတ်တစ်အစွမ်းထက်ဆုံးပညာရှင်၊ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ပင်။

သူသည် တွေတွေကြီး ရပ်နေပြီး ဖြစ်ပျက်နေသောအရာကို ယုံကြည်ရခက်နေ၏။ တကယ်တမ်း မယုံကြည်လိုခြင်းဖြစ်သည်။ မန်ဟိုနှင့် စောစောက တိုက်ခိုက်ခဲ့သော တိုက်ပွဲသည် သူ့အား ဒဏ်ရာရစေခဲ့ပြီး ဘိုးဘေးဆင်းတုတော်ကို ထုတ်သုံးရအောင် ဖိအားပေးခဲ့သည်။ ယင်းက .... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူနှင့် တိုက်ပွဲဖြစ်ခဲ့သည်လော။

“မဖြစ်နိုင်ဘူး” သူက အာမေဍိတ်သံဖြင့် ‌ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် အံ့ဩမှုတင်မကဘဲ ကြောက်လန့်မှုလည်း ပါဝင်နေသည်။ မန်ဟို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လေးမှာပဲ ရှိနေသေးစဉ် လုပ်ဆောင်နိုင်ခဲ့သကဲ့သို့ လုပ်ဆောင်နိုင်မည့် ရွေးချယ်ခံနောက်တစ်ယောက် ရှိနိုင်တော့မည်မဟုတ်ပေ။

သူသည် အံ့ဩမယုံကြည်နိုင်ဖြစ်လျက် ဦးရေပြားတို့ ပြင်းပြင်းထန်ထန် ထုံကျင်လာ၏။

“ဘယ်လိုပဲပြောပြော၊ တတိယခွဲထွက်ခြင်းက အားလုံးအထဲ အရေးကြီးဆုံးပဲ” သူက တွေးသည်။ “နည်းနည်းလေး မှားလိုက်တာနဲ့ အသက်ထွက်သွားမှာ။ တထစ်ချ မမှန်ရင်၊ မှားလည်း မမှားရင် ကျင့်ကြံခြင်းအခြေခံဟာ ထာဝရ ချုပ်ချယ်ခံရလိမ့်မယ်

“မန်ဟိုက တတိယခွဲထွက်ခြင်းအတွက် သေချာပေါက် ကောင်းကောင်းမပြင်ဆင်ထားရသေးဘူး။ အဲဒီလောက်တော့ ဆုံးဖြတ်ကြည့်လို့ရတယ်။ ဒါကြောင့် အခု ကျဉ်းထဲကြပ်ထဲအခြေအနေမလို့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို လုပ်ဆောင်နေတာပဲ။ ဒါက ဖိအားပေးခံထားရတဲ့ ခွဲထွက်ခြင်း

“အဲဒါကြောင့် ... သူ မအောင်မြင်ရင် ဒီနေ့မှာပဲ သေသွားရလိမ့်မယ်

“မန်ဟို .... မင်း ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ဘူး” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ အမှန်တကယ် ကြောက်လန့်နေပြီး မန်ဟို တာအိုရှာဖွေခြင်းအဆင့်ရောက်သွားလျှင် မည်မျှအစွမ်းထက်လာမည်လဲ မတွေးရဲတော့ပေ...

မဟာတာအိုသည် ပို၍ပင် အားကောင်းလာ၏။ တောင်ကောင်းကင်ဂြိုဟ်၏ ကောင်းကင်တစ်ပြင်လုံးမှာ ယခုတော့ မထင်ရှားမှုန်ဝါးသွားလေပြီ။

အရှေ့ဘက်နယ်မြေ၊ တန်မျှော်စင်တွင် အမျိုးသားနှင့်အမျိုးသမီးသည် တုန်ရီလျက် အတူတူ ရပ်နေကြ၏။ အမျိုးသမီးမှာ စိတ်လှုပ်ရှားနေပြီး အမျိုးသားမှာ မျက်နှာတည်ထားဖို့ ကြိုးစားနေသော်လည်း မအောင်မြင်ပေ။

သူတို့အတွက် ယနေ့ရောက်လာဖို့ စောင့်စားနေခဲ့ရသည်မှာ ကြာခဲ့ပြီမဟုတ်ပါလော။

“သွားလို့မရသေးဘူး” အမျိုးသားက ရေရွတ်လိုက်သည်။ “နည်းနည်းလေးပဲ ထပ်စောင့် ... နည်းနည်း‌လေးပါပဲ... ဒါ နောက်ဆုံးအကြိမ်

“သူ အောင်မြင်ရင် ကိုယ်တို့ နောက်ဆုံး ပြန်ဆုံစည်းနိုင်ပြီ။ ‌မအောင်မြင်ရင်တော့... “

သူ့ဇနီးက သူ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူတို့လက်ဝါးနှစ်ဖက်လုံး ချွေးပြန်နေလေသည်။

နေထိုင်လာခဲ့‌သော တစ်ဘဝလုံးတွင် အမျိုးသားနှင့်အမျိုးသမီးသည် ဘယ်တုန်းကမှ စိတ်မလှုပ်ရှားခဲ့ဖူးသလို ဤမျှ အရေးပါသောအခြေအနေကိုလည်း မကြုံတွေ့ခဲ့ရဖူးပေ။ မယုံနိုင်လောက်အောင် အစွမ်းထက်သောပုဂ္ဂိုလ်တစ်ဦး လက်ရှိဖြစ်ပျက်နေသောအရာကို နှောင့်ယှက်ဖို့ ကြိုးစားလျှင် ထိုလူ ပြဿနာမြူမှုန်လေးမျှ မရှာနိုင်စေဖို့ သူတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်၏။

“ကိုယ်တို့ သုံးဘဝစောင့်ခဲ့ပြီးပြီ ... နှစ်တွေလည်းချီပြီ..... အခုအခိုက်အတန့်လေးအတွက်”

“ဟိုအာ၊ သားလေး ... အောင်မြင်ပြီး တာအိုရှာဖွေခြင်းအဆင့်ရောက်မှ ဖြစ်မယ်နော်”

လှောင်အိမ်ထဲတွင် မန်ဟိုသည် မဆိုစလောက် တုန်ရီလျက် ၊ ဆံပင်များ ပျံလွင့်လျက် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးမှာ မီတာသုံးထောင်ခန့်သာ ရှိတော့သည့်အထိ ကျုံ့သွားခဲ့ပြီးလေပြီ။ လေထဲတွင် သူမှလွဲ၍ ဘာဆိုဘာမှမရှိတော့ပေ။ တောင်အကုန်လုံး၊ အရာအားလုံးမှာ ကြောက်ခမန်းလိလိ ဖိအားကြီးကြောင့် အမှုန့်ကြေကုန်ကြလေပြီ။

သူ၏အရိုးများ ကြိတ်ခြေခံနေရသည့်အလား အရိုးအက်သံများ သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။

သို့သော်လည်း မန်ဟိုကတော့ သတိမထားမိပေ။ သူ၏အာရုံအလုံးစုံမှာ တတိယခွဲထွက်ခြင်းဓားသွားကို ဆင့်ခေါ်နေရာတွင် အပြည့်အဝ စူးစိုက်ထား၏။ သူ၏ဆင့်ခေါ်မှု ပြင်းထန်လာသည်နှင့်အမျှ အပြင်လောကတွင် ကောင်းကင်နှင့်မြေကြီးမှာ မထင်ရှားမှုန်ဝါးလာလေလေ ဖြစ်သည်။

မဟာတာအိုသည် မြူများဝေလာသည့်တိုင်အောင် အားကောင်းလာ၏... ပထမတွင် မြူများအား စစ်မြေပြင်တွင် မြင်ရပြီးနောက် တောာင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး လွှမ်းခြုံသွားသည့်တိုင်အောင် ပျံ့နှံ့လာသည်။

နယ်မြေသုံးခုမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များသည် ဖြစ်ပျက်နေသောအရာကို ချက်ချင်း သတိထားမိလိုက်ကြ၏။ သူတို့က ခပ်ဩဩအသံများဖြင့် စကားပြောလာရာ အခြားကျင့်ကြံသူများ နားစွန်နားဖျားကြားလိုက်သည်နှင့် ရင်တဒိန်းဒိန်း ခုန်လာကြတော့သည်။

“အဲ့ဒါက.....”

“တာအိုက မြူအဖြစ်ပြောင်းသွားတယ်”

“တာအိုစိတ်ဆန္ဒ မြူဖြစ်လာတဲ့ တစ်ခုတည်းသောအချိန်က လက်ဖျားခါလောက်အောင် အစွမ်းထက်တဲ့ ပြိုင်စံရှားကျင့်ကြံသူတစ်ယောက် မဟာတာအိုတစ်ပါးကို ဉာဏ်အလင်းရသွားတဲ့အချိန်ပဲ။ အဲဒီအခါမှ ကောင်းကင်နဲ့မြေကြီးရဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ”

“ဒါက ဒဏ္ဍာရီတွေမှာပဲ ကြားရနိုင်တဲ့အရာ။ တောင်ကောင်းကင်ဂြိုဟ်မှာတော့ တစ်ခါမှ မကြားဖူးဘူး”

‌ဆေးလုံးမိစ္ဆာ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်ပေါ်လာပြီး သူ့မှာ နှလုံးသားမှ ပေါက်ဖွားလာခဲ့သော ရယ်မောလိုစိတ်ကို မချုပ်တည်းနိုင်လုနီးပါးဖြစ်သွားသည်။

ခေါင်းဆောင်ကြီးစုန့်လည်း ထိုနည်းတူ စိတ်လှုပ်ရှားနေသောပုံစံ ရှိသည်။

ဆန့်ကျင်ဘက်တွင် မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်သည် ရုတ်တရက် မျက်လုံးမှိတ်ကာ လေလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။

မဟာတာအို၏ သက်ဆင်းလာမှုက စစ်မက်ဖြစ်ပွားနေခြင်းကို ရပ်တန့်သွားစေသည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များပင်လျှင် မဟာတာအိုသက်ဆင်းလာနေစဉ်အတွင်း တိုက်ကွက်များ မထုတ်လွှတ်နိုင်ပေ။ မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ် တင်ပျဉ်ခွေထိုင်နေစဉ် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ မျက်လုံးများဝိုင်းစက်ပြူးကျယ်လျက် ကြည့်နေရုံသာ တတ်နိုင်သည်။

“သေစမ်း၊ မင်း မအောင်မြင်တာကောင်းမယ် မန်ဟို” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က ရင်ဒုန်းဆိုင်းခုန်လျက် တွေးလိုက်သည်။

လောလောဆယ်တွင် အနောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသကျင့်ကြံသူများသည် ရွှန်းရွှန်းစားစား စိုက်ကြည့်နေကြ၏။ အရှေ့ဘက်နယ်မြေတွင် ကျီမျိုးနွယ်စုမှာ အပ်ကျံသံမကြားရအောင် တိတ်ဆိတ်နေသည်။ လက်နှစ်ဖက်ပြတ်သွားခဲ့သည့် လူငယ်ကမူ ဖြစ်ပျက်နေသောအရာကို မမှိတ်မသုန် ကြည့်နေ၏။

ယခုအချိန်တွင် အရှေ့ဘက်နယ်မြေရှိ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ ကျန်အစွမ်းထက်ပညာရှင်များလည်း ဖြစ်ပျက်နေသောအရာကို အာရုံရခဲ့ကြပြီဖြစ်သည်။ သူသည် ‌စူးစမ်းရန် နတ်ဘုရားအာရုံများကို တအံ့တဩ ထုတ်လွှတ်လိုက်ကြ၏။ သို့သော် ဘယ်သူမှ ဘာမှမလုပ်ရဲပေ။ ကျီမျိုးနွယ်စုပင် ဝင်မစွက်ဖက်လျှင် ဘယ်သူက ဝင်စွက်ဖက်မည်နည်း။

ဤအခိုက်တွင် လှောင်အိမ်ထဲ၌ မန်ဟိုသည် ခေါင်းနောက်လှန်လိုက်သည်။ သူ၏မျက်လုံးများ ပွင့်နေပြီး သူက မာန်အပြည့် အော်လိုက်သည်။ “တတိယခွဲထွက်ခြင်း”

သူ၏အသံသည် မီတာ ၁၅၀၀ အထိ ကျုံ့သွားခဲ့သော ကမ္ဘာထဲတွင် တုံ့ပြန်လူးလာ ပဲ့တင်ထပ်နေသည်။ စစချင်း အသံကို အပြင်လောကမှ မကြားနိုင်သယောင်ထင်ရသော်လည်း တကယ်တမ်း ထိုအပြင်မှပင် မန်ဟိုအော်နေသော ပဲ့တင်သံကို ခပ်သဲ့သဲ့ ကြားရနိုင်လေသည်။

အသံသည် မြူမှလာနေသည့်အလား၊ သက်ဆင်းလာနေသော မဟာတာအိုအတွင်းမှလာသော တုံ့ပြန်သံအလားပင်။

မရေမတွက်နိုင်သောနားများသည် အသံကို ကြားလိုက်ကြပြီး ကြားလိုက်သည့် မည်သူမဆို လုံးလုံးလျားလျား အံ့ဩတုန်လှုပ်ကြရ၏။

အသံ ပဲ့တင်ထပ်လာစဉ် တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးကို လွှမ်းခြုံထားခဲ့သော မြူများသည် တဖွေးဖွေး လှုပ်လျက် ကျုံ့သွားရင်း တောင်ပိုင်းဒေသရှိ စစ်မြေပြင်အပေါ်တွင် စုဝေးလာသည်။ ထိုနေရာ၊ လေလယ်တွင် ၎င်းက ပုံသဏ္ဌာန်တစ်ခုကို ဖော်ဆောင်လိုက်သည်။ ယင်းကား....

မြူဓားသွားတစ်လက်

မြူဓားသွား

တာအိုဉာဏ်အလင်း

(T/N : မြူဓားသွားကို တရုတ်လိုဆိုရင် ဝူတောက်လို့ ထွက်ပါတယ်။ တာအိုဉာဏ်အလင်းကလည်း ဝူတောက်ပါပဲ)

မြူဓားသွားပေါ်လာလျှင်ချင်း စစ်မြေပြင်ပေါ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များ၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသည်။ သူတို့၏စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ဆေးလုံးမိစ္ဆာပင်လျှင် မယုံကြည်နိုင်သောအမူအရာကို ဆင်မြန်းထား၏ ။

တာအိုတစ်ခုက မြူအသွင်ပြောင်းသွားရုံနှင့်တင် အံ့ဖွယ်ကောင်းနေချေပြီ။ ယင်းကဲ့သို့ ဒဏ္ဍာရီလာအရာမျိုးအား လက်ခံပေး၍ရသည်။ သို့သော် ... မြူက ဓားသွားအသွင်ပြောင်းပြန်ရာ သူတို့ကို ထိန်းချုပ်မရနိုင်တော့သော အံအားသင့်မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။

“မြူ... ဓားသွား” ထိတ်လန့်နေသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က တွေးလိုက်သည်။ “အဲဒါက ... အင်မော်တယ်အဆင့်တက်လှမ်းတဲ့အခါ အင်မော်တယ်လမ်းစဉ်တံတားကို တွန်းဖွင့်မခင် အင်မော်တယ်တောင်ပေါ်မှာမှ ကြုံတွေ့သင့်တဲ့အရာလေ

“အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းခြင်းကို ရရှိသွားတဲ့ ဘယ်သူမဆို အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရမယ်။ ပြစ်ဒဏ်ကို ကျော်လွားပြီးရင် အင်မော်တယ်တောင်မှာ ရပ်၊ အင်မော်တယ်တံခါးကို တွန်းဖွင့်ပြီး အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်ပြီ

“ဒါပေမဲ့ သူက ... တတိယခွဲထွက်ခြင်းလုပ်ဆောင်ဖို့ မြူဓားသွားတစ်လက်ကို သုံးနေတယ်တဲ့လား။ မြူဓားသွား သူ့ကို ပိုင်းချလိုက်ရင် အဲ့ဒါ သူ့ရဲ့ စိတ်ဝိညာဉ်နျူကလိယကို ဖျက်စီးလိုက်ပြီး စစ်မှန်တဲ့အင်မော်တယ်လမ်းစဉ်ကို တည်မြဲခိုင်မာသွားစေမှာ”

သူ့မှာ ချာချာလည်ပြီး ကြောက်ဒူးတုန်‌နေသည်။ ရုတ်တရက် တောင်ပိုင်းဒေသသို့ တပ်သားများ စေလွှတ်ခြင်းမှာ မှတ်ကျောက်တင်ထိုက်သော မဟာအမှားကြီးဖြစ်သွားကြောင်း သူ သဘောပေါက်လိုက်လေပြီ။

လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်အကုန်လုံး အံ့အားသင့်နေကြသည်။ မှန်ပါသည် ၊ သူတို့သာမဟုတ်။ အရှေ့ဘက်နယ်မြေရှိ အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်ကြီးများလည်း တုန်လှုပ်နေကြသည်။ သူတို့မှာ မြင်နေရသောအရာကို လက်ခံနိုင်ဖို့ ခက်နေပြီး အံ့ဩမယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေကြ၏။

“အဲဒီကောင်လေးက ဘယ်သူလဲ”

“သူက တတိယခွဲထွက်ခြင်းလုပ်ဆောင်ဖို့ မြူဓားသွားကို သုံးနေတယ်ဟုတ်လား။ မအောင်မြင်ရင် ထားဦး။ အောင်မြင်သွားရင် မိုးကောင်းကင်ကို အာခံမှုဖြစ်မသွားဘူးလား”

“သူအောင်မြင်ရင် တာအိုရှာဖွေခြင်းအဆင့်ဖြစ်မှာလား၊ အင်မော်တယ်အဆင့်ကို ရောက်မှာလား”

ကျီမျိုးနွယ်စုရှိ လက်ပြတ်လူငယ်က ရုတ်တရက် မယုံကြည်နိုင်မှုတို့ဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် ထရပ်လိုက်သည်။

“ကောလဟာလတွေအရ ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ်ရွေးချယ်ခံ ဖန်ရှုံဖုန်းက တတိယခွဲထွက်ခြင်းမှာ မြူနှစ်ဆယ်ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ ဓားသွားကို ဖော်ဆောင်နိုင်ခဲ့တယ်ဆိုတယ်။ အဲ့ဒါက နဝမတောင်ရဲ့ ရှေးမျိုးနွယ်စုတွေကြားထဲ အကြီးအကျယ်ပွက်လောရိုက်သွားစေခဲ့တယ်။ ခေါင်းဆောင်ကြီးတောင်မှ အင်မတန် စိတ်ဝင်တစားနဲ့ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ခဲ့တာ

“ဒီမန်ဟို... သူ ... သူက စိတ်ဝိညာဉ်ခွဲထွက်တာမှာ ဖန်ရှုံဖုန်းထက်တောင် မိုးကောင်းကင်ကို အာခံနေပါလား။ တကယ်ကြီး .. ပြီးပြည့်စုံတဲ့ မြူဓားသွားကို သုံးနေတာတဲ့”

တန်မျှော်စင်တွင် အမျိုးသမီးမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။

“တာအိုက မြူဖြစ်လာပြီး မြူက ဓားသွားဖြစ်လာတယ်” အမျိုးသမီး၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ရွှန်းလဲ့နေပြီး သူမမှာ ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ “ယောက်ျား .... ဟိုအာ ဒီလိုလုပ်နေတာ ရှင် ယုံနိုင်လား။ သူက ... သူက မြူတချို့ကိုပဲ စုစည်းတာမဟုတ်ဘူး။ အကုန်လုံးနဲ့ မြူဓားသွား ဖော်ဆောင်လိုက်တာ။ ရှင့်ထက်တောင် အံ့ဩစရာကောင်းသေးတယ်”

“ခုနစ်နှစ်မြောက်ပြစ်ဒဏ်” အမျိုးသားက ရေရွတ်လိုက်သည်။ “လေးဘဝ၊ ကံကြမ္မာက ကြိုတင်သတ်မှတ်ထားတဲ့ ဝင်စားမှုသုံးခု... ကိုယ်တို့ရဲ့ကံကြွေးကြောင့် သူ့ကံကြွေး မညစ်ညမ်းသွားအောင် ကာကွယ်နိုင်မှပဲ အသက်ဆက်ရှင်ဖို့ အခွင့်အရေးပေးနိုင်တယ်

“တာအိုက မြူဖြစ်ပြီး မြူက ဓားသွားဖြစ်လာတယ်။ အဲဒီဓားသွားက ‌အင်မော်တယ်နဲ့ နတ်ဆိုးကြားက ကွာဟမှု ဖြစ်လာလိမ့်မယ်” အမျိုးသား၏မျက်လုံးများသည် စူးရှတောက်ပနေပြီး သူကား ခေါင်းနောက်လှန်၍ မရယ်မိဘဲ မနေတော့ပေ။ “ဖန်ရဲ့သားတော်က သူ့ဖအေထက် ပိုအံ့ဩစရာကောင်းတာ ပုံမှန်ပါပဲ ဟားဟားဟား”

***

All Chapters