← Chapters

အင်မော်တယ်အဆင့်သို့ တစ်ပိုင်းဝင်ရောက်ခြင်း

Vol. 57 Ch. 795

အင်မော်တယ်အဆင့်သို့ တစ်ပိုင်းဝင်ရောက်ခြင်း

Vol. 57 Ch. 795

မိစ္ဆာနတ်ဆိုးနှင့်တူသော ခရမ်းဝတ်ရုံအဘိုးကြီးတွင် အကြေးခွံများ ဖုံးနေသော အရေပြားရှိ၏။ သူ့မျက်နှာပင် ပုံစံပြောင်းသွားခဲ့သည်။ မျက်လုံးတွေလည်း အထဲထိ ချိုင့်ကာဝင်နေပြီး မေးရိုးကြီးသည်လည်း ရွံရှာဖွယ်ရာ အစွယ်များကို ဖော်ပြရင်း ငေါထွက်‌နေ၏။ သူ့တွင် ဘလတ်ဓားတမျှ ချွန်ထက်သော ဦးချိုရှည်ကြီးနှင့်အတူ တရွှမ်းရွှမ်း ရမ်းနေသော အမြီးအား ပိုင်ဆိုင်ထားသည်။

သူ့မှာ မန်ဟို့ကြောင့် ထိတ်လန့်နေခဲ့ပြီးဖြစ်သော်လည်း တိုက်ခိုက်ဖို့မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူ ဟိန်းဟောက်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်သည် မီးဟုန်းခနဲ တောက်သွားကာ သူ၏ကျင့်ကြံခြင်းအခြေခံအား ချက်ချင်းဆိုသလို အနားရှိ အနုသုခုမနတ်ခန္ဓာသုံးခုထက် သာသွားစေ၏။ သူကား မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသော ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်လာခဲ့လေပြီ။

သူက နီးကပ်လာစဉ် လက်နှစ်ဖက်လုံးကို ရှေ့ထုတ်၍ ကုတ်ခြစ်လိုက်သောပုံစံ လုပ်လိုက်သည်။

“ကောင်းကင်စုတ်ဖြဲသိုင်း” သူက သူ့ပတ်ဝန်းကျင်ရှိအရာအားလုံးကို တုန်ခါလာစေရင်း ကြုံးဝါးလိုက်သည်။ လေထဲတွင် မန်ဟို့ကို တစ်လုပ်တည်း မြိုချတော့မည့် ဧရာမပါးစပ်ကြီးသဖွယ် အကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်သွားသည်။ သို့သော် အကွဲကြောင်းကြီး မန်ဟို့အပေါ် ရောက်တော့မည့်အချိန်မှာပင် မန်ဟိုက အဘိုးကြီးရှိရာသို့ အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

၎င်းသည် အကြည့်လေးတစ်ချက် ၊ ရိုးရှင်းသော အကြည့်လေးတစ်ချက်သာ ဖြစ်၏။

အကွဲကြောင်းကြီး ပျက်စီးသွားပြီး မိစ္ဆာနတ်ဆိုးအဘိုးကြီးမှာ အားခနဲ ငယ်သံပါအောင် အော်လိုက်ရသည်။ မန်ဟို၏အကြည့်ကား နတ်ဘုရားတစ်ပါး၏အကြည့်အလားပင်။ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော ဖိအားတစ်ခုက အဘိုးကြီးအပေါ် သက်ရောက်လာကာ ပထမဆုံး သူ၏လက်ဝါးနှစ်ဖက် ၊ ထို့နောက် လက်မောင်းနှစ်ဖက်လုံးကို သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွား၏။

သူ၏မျက်လုံးများမှာ နီရဲတွတ်နေပြီး သူသည် မန်ဟို့မျက်လုံးမှ ထွက်လာနေသော ဖိအားကို ဖောက်ထွက်ဖို့ သူ၏ချိုကြီးကို အသုံးပြုရန် ခေါင်းကို စောင်းလိုက်သည်။ မန်ဟို့ကို မသတ်နိုင်သော်လည်း အနည်းဆုံးတော့ သူ့ကို တစ်နည်းနည်းဖြင့် ထိခိုက်သွားစေလောက်ပေမည်။

သို့သော် ချိုကြီး မန်ဟို့ကို စိုက်သွားတော့မည့်အချိန်မှာပင် သူက လှမ်းပြီး ဖမ်းဆုပ်လိုက်သည်။ သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း စောစောက တောင်ပိုင်းဒေသကျင့်ကြံသူများကို သတ်ဖြတ်နေခဲ့သော ဤအဘိုးကြီး၏ပုံရိပ်များကို ပြန်မြင်ယောင်နေသယောင်ပင်။ မန်ဟိုက လက်ကို လိမ်လိုက်ရာ ဂျွတ်ခနဲ အသံနှင့်အတူ ချိုကြီးကား ကျိုးထွက်သွားတော့သည်။

အဘိုးကြီးက စူးစူးဝါးဝါးအော်ရင်း အမြီးကြီးဖြင့် တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း သူ အနားမကပ်နိုင်ခင် သူ၏ခန္ဓာကိုယ်မှာ ဖောင်းခနဲ မြည်သွားပြီးနောက် တစစီ ပဲ့ကျလာသည်။ ကြောက်စိတ်တို့က သူ့စိတ်ထဲတွင် ပြည့်သျှံလာရင်း သူ့ကို လွှမ်းမိုးသွားသည်။ သူ၏အနုသုခုမနတ်ခန္ဓာမှာ ကရောသောပါးထွက်လာပြီး အထိတ်ထိတ်အလန့်လန့် ပြေးတော့သည်။ ထိုစဉ် စကားလုံးများ သူ၏စိတ်ထဲတွင် ပေါ်လာသည်။

“အနိုင်ယူလို့မရတဲ့ကောင်....”

မြေကြီးပေါ်တွင်တော့ ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား။ လူတိုင်းသည် မယုံကြည်နိုင်မှုတို့ဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် ကြည့်နေကြ၏။

မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူငါးဦးအနက် လေးဦးမှာ ယခုတွင် အနုသုခုမနတ်ခန္ဓာများထက် မပိုတော့ပေ။ မန်ဟို ဘာကြောင့် သူတို့ကို မသတ်ခဲ့လဲ မပြောတတ်။ သူ သတ်ချင်လျှင် ဤလေးယောက်လုံး သေနှင့်ပြီးဖြစ်ပေမည်။

မန်ဟိုကမူ တည်ငြိမ်ပြီး မတုန်လှုပ်ပေ။ ထို့အပြင် သူ့အား အနိုင်ယူ၍မရနိုင်။

နောက်ဆုံးကျန်ခဲ့သော တစ်ယောက်မှာ မြောက်ပိုင်းသဲကန္တာရမှ နံပါတ်တစ်အစွမ်းထက်ဆုံးပုဂ္ဂိုလ်၊ ကမ္ဘာဦးမိုးကြိုးနဂါးအသွင်ပြောင်းထားဆဲ ဖြစ်သည့် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ပင်။ သူက အဆုတ်ကွဲမတတ် အော်လိုက်ပြီး ၎င်းသည် နာကြည်းမှု၊ စိတ်ပျက်မှု နှင့် သေလိုသောဆန္ဒတို့ပင် ပြည့်နှက်နေသော ဟိန်းဟောက်သံကြီးဖြစ်ချေသည်။

“သေပေတော့” သူ လေကို ခွင်းလျက် လာနေ‌စဉ် လျှပ်စီးများက သူ့ကို ဝန်းရံလျက်ရှိပြီး မိုးကြိုးကြီးက ဂျိန်းခနဲ ထစ်ချုန်းနေသည်။ ၎င်းသည် ‌ကောင်းကင်၏အမြင့်ဆုံးမှ ဆင့်ခေါ်ထားသော မိုးကြိုးဖြစ်၏။ ကြည့်ရသရွေ့ သူကား မန်ဟိုနှင့်အတူ သေချင်နေပုံပင်။

ဤအခိုက်အတန့်တွင် မန်ဟို့အနောက်ရှိ လေထုသည် လှိုင်းထလာပြီး အထက်ကောင်းကင်မှာ ထစ်ချုန်းလာကာ အောက်မြေပြင်လည်း တသိမ့်သိမ့် တုန်လာသည်။ တစ်ကမ္ဘာလုံးသည် မန်ဟိုကိုယ်တိုင်နှင့် ဆက်စပ်နေသည့်အလား လှုပ်ရှားလာပုံရသည်။

သူ့ကိုယ်ထဲရှိ အင်မော်တယ်ချီ အားကောင်းသထက် အားကောင်းလာနေစဉ် သူက ထရပ်ပြီးသွားလေပြီ။ သူသည် အကန့်အသတ်မဲ့အလင်းရောင်ဖြင့် ခြံရံတောက်ပလျက် လာနေသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်‌လိုက်၏။ ရုတ်တရက်ဆိုသလို သူ့အနောက်ရှိ လှုပ်ရှားမှုအကုန်လုံး ပေါင်းစည်းကာ .... ဘီလူးကြီးတစ်ကောင်ဖြစ်လာသည်။

ဘီလူးကြီးသည် မည်သည့်ရှုထောင့်မှကြည့်ကြည့် မန်ဟိုနှင့် ချွတ်စွပ်တူသော်လည်း စိတ်ကူးဖြင့် မှန်းကြည့်၍မရလောက်အောင် မြင့်မား၏။ ၎င်းခေါင်းကြီးက ကောင်းကင်ကို ထိနေပြီး ၎င်း၏ခြေထောက်က မြေကြီးထက်၌ အခိုင်အမာရပ်နေသည်။ ၎င်း၏ကိုယ်လုံးကြီးက မြေပြင်ကို တသိမ့်သိမ့် တုန်ရီလာစေသော အံ့မခန်းလိလိဖိအားတစ်ရပ်ကို ထုတ်လွှတ်နေ၏။ မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သောကျင့်ကြံသူများမှာ သူတို့၏ကျင့်ကြံခြင်းအခြေခံ လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားကြသည်။

တဖြေးဖြေး ပတ်ဝန်းကျင်ရှိ သဘာဝနိယာမအကုန်လုံးက သူ့အနောက်ရှိ ဧရာမပုံရိပ်၏ပတ်ပတ်လည်တွင် ရစ်သိုင်းလည်ပတ်လာသည်။ ဝဲကြီး၏အပြင်ရှိ ကြယ်တာရာကောင်းကင်မှ ကြယ်အလင်းရောင်က ၎င်းအပေါ်သို့ ဖြာဆင်းလာရင်း စူးရှတောက်ပမှုဖြင့် လွှမ်းခြုံလိုက်ရာ ၎င်းအား ကျောစိမ့်ဖွယ်စွမ်းအင်တစ်ရပ်ကို ပေးစွမ်းနေသည်။

မန်ဟိုကား ပြိုင်စံရှားပါရာဂွန်တစ်ဦးအလားပင်။

သူ့အနောက်ရှိ ဧရာမပုံရိပ်ကြီးသည် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူများ ပုံမှန်အားဖြင့် ဆင့်ခေါ်နိုင်သော ပုံရိပ်မျိုးနှင့် လွန်စွာတူသည်။ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူများ ဆင့်ခေါ်နိုင်သော ပုံရိပ်များသည် မှော်ပညာရပ်တစ်ခုမှတစ်ဆင့် ဆင့်ခေါ်ခြင်းခံရသော ရှေးခေတ်မှ ပုံရိပ်ယောင်အစွမ်းထက်ဖြစ်တည်မှုများ ဖြစ်သည်။ ဆန့်ကျင်ဘက်တွင် မန်ဟို့အနောက်ရှိ ပုံရိပ်က သူကိုယ်တိုင်၏‌အရိပ်တစ်ခုနှင့်တူပေသည်။

အဆိုပါပုံရိပ်နှစ်မျိုးအနက် တစ်ခုသည် ပုံရိပ်ယောင်ဖြစ်ပြီး တစ်ခုက အရိပ်ဖြစ်၏။ တစ်ခုမှ အစစ်မဟုတ်သော်လည်း နှစ်ခုအကြား အရည်အသွေးကွာခြားမှုမှာ မိုးနှင့်မြေအလားပင်။

အမှန်တွင် တစ်ရက်လျှင် မန်ဟို လုံလောက်သင့်သလောက် အစွမ်းထက်လာခဲ့ပါက သူ၏အသိအမှတ်ပြုခြင်းခံရသော မည်သူမဆို သူ့နာမည်ကို တိုင်တည်ခြင်းဖြင့်  အလားတူပုံရိပ်ကို ဆင့်ခေါ်နိုင်မှာဖြစ်သည်။

ယခုလိုပုံရိပ်ကို သူမတူသော နာမည်တစ်ခုဖြင့် ဖော်ညွှန်းကြသည်....

ဓမ္မဆင်းတု

“ဓမ္မဆင်းတုတော်ပါလား”

“သူက ... တကယ်ကြီး ဓမ္မဆင်းတုကို ဆင့်ခေါ်လိုက်တာပေါ့”

“အင်မော်တယ်တွေပဲ ဓမ္မဆင်းတုကို ဆင့်ခေါ်နိုင်တာလေ။ ဒါပေမဲ့ ကြည့်ဦး၊ သူ့မှာ တစ်ဆူရှိနေပြီ”

ဓမ္မဆင်းတု မန်ဟို့အနောက်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး တဂျုန်းဂျုန်း မြည်စပြုလာသည်။ တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ခါလာ၏။

မြောက်ပိုင်းသဲကန္တာရ၊ အနောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသအကုန်လုံး၏ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ အရှေ့ဘက်နယ်မြေရှိ ရှေးဂိုဏ်းအားလုံးတွင်လည်း အံ့ဩမယုံနိုင်ဖြစ်နေသော အာမေဍိတ်သံများ ကြားရနိုင်သည်။

“သူက အခုလေးတင်မှ တာအိုရှာဖွေခြင်းအဆင့်ရောက်သွားပေမယ့် သူ့ကျင့်ကြံခြင်းအခြေခံကို ငါ ကြည့်လို့မရဘူး။ အဲ့ဒါက အပြင်အားကိုယ်နဲ့ ကျင့်ကြံခြင်းအခြေခံနှစ်မျိုးလုံး တာအိုရှာဖွေခြင်းအဆင့်ရောက်သွားတဲ့ ဒဏ္ဍာရီလာအခြေအနေမျိုးမှာပဲ ဖြစ်နိုင်တာ။။ အဲဒီလူ.... အဲဒီလူမှာ တာအိုရှာဖွေခြင်းအဆင့်အပြင်အားကိုယ်မရှိနိုင်ဘူးမလား။ မဖြစ်နိုင်ဘူးးးး”

“အင်မော်တယ်ချီ။ တကယ်ပဲ အင်မော်တယ်ချီပိုင်ဆိုင်ထားတာလား။ ပြီးတော့ အတုအယောင်အင်မော်တယ်ချီမဟုတ်ဘူး။ အစစ်အမှန်အင်မော်တယ်ချီ၊ အစစ်အမှန်အင်မော်တယ်ချီဟ။ သူက အနန္တအင်မော်တယ်နယ်ပယ်ကိုတောင် မဝင်ရောက်ရသေးဘူး ၊ အဲဒီအရှိန်အဝါရှိနေပြီတဲ့လား”

“အင်မော်တယ်လမ်းဟာ နှစ်‌တစ်သောင်းကြာတိုင်း ပွင့်လာတယ်။ တောင်ကောင်းကင်ဂြိုဟ်ရဲ့ ဒီမျိုးဆက်ကနေ ထွန်းတောက်လာမယ့် အစစ်အမှန်အင်မော်တယ်က သူလို့ မပြောနဲ့နော်”

“သူက တကယ် ဓမ္မဆင်းတုကို ထုတ်လိုက်တာပဲ။ အဲဒါ... အဲဒါက ဒဏ္ဍာရီတွေအရဆိုရင် အင်မော်တယ်ပဲ ပိုင်ဆိုင်တဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုးလေ။ အဲဒီကလေး.... အဲဒီကလေးက အစစ်အမှန်အင်မော်တယ်အဆင့်ကို ခြေလှမ်းတစ်ဝက် ဝင်ရောက်နေပြီ။ ကျီမျိုးနွယ်စုနဲ့ တခြားလျှို့ဝှက်ဆန်းကြယ်ဖြစ်တည်မှုတချို့က လွဲပြီး ဒီကလေးဟာ ဘယ်သူ့ကိုမဆို ရင်ဆိုင်နိုင်ပြီ”

အရှေ့ဘက်နယ်မြေ၏ ထိပ်သီးဂိုဏ်းကြီးများအားလုံး တုန်လှုပ်‌နေကြသည်။ မန်ဟိုသည် စစ်မြေပြင်ထက်ရှိ လေလယ်တွင် တည်ငြိမ်အေးဆေးသော မျက်နှာထား၊ ဆိုးယုတ်မှုမြူမှုန်မှ မရှိသော အရှိန်အဝါဖြင့် ပျံ‌ဝဲနေ၏။ ယခုတွင် သူကား သေမျိုး‌လောကမှ စာပေသမားလေးအတိုင်းပင်။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ဖြူဖြူများမှာ ပြန်လည်နက်မှောင်နေခဲ့လေပြီ။

သူ့ဘေးတွင် သူ၏ဒုတိယကိုယ်အစစ်သည် ကြောက်ခမန်းလိလိ နတ်ဆိုးမီးတောက်များကို ထုတ်လွှတ်လျက်ရှိ၏။ ဒုတိယကိုယ်အစစ်ကား သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသော ဆိုးယုတ်မှုအငွေ့အသက်အပြည့်ဖြင့် အဆုံးစွန်အထိ သွေးအေးရက်စက်မည့်ပုံပေါ်နေသည်။

“သေစမ်း” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ ပေါက်သည့်နဖူး မထူးတော့၍ သူ၏ကမ္ဘာဦးမိုးကြိုးနဂါးအသွင်ဖြင့် မန်ဟို့အပေါ် ထိုးဆင်းလာသည်။

မန်ဟိုက ထိုလူ့ကို ကြည့်ပြီးနောက် လက်ချောင်းကို ခါလိုက်၏။

သူ ထိုသို့လုပ်လိုက်လျှင် သူ့အနောက်ရှိ ဓမ္မဆင်းတုလည်း လက်ချောင်းကို ခါလိုက်သည်။ ၎င်း၏လက်ချောင်းကြီးက ကောင်းကင်ကို ပိတ်ဖုံးကွယ်သွားရင်း ဧရာမမြေထုကြီးပမာ ကမ္ဘာဦးမိုးကြိုးနဂါးကို ဝင်တိုက်ရန် ကျဆင်းလာသည်။

ဘုန်းးးးးးးးးး

ကမ္ဘာဦးမိုးကြိုးနဂါး တစစီ မွစာကြဲသွားသည်။ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က သွေးအန်ပြီး မယုံနိုင်ဖြစ်‌နေသော အမူအရာဖြင့် ယိမ်းယိုင်သွား၏။ သူ့မှာ မီတာရာဂဏန်းမျှအကွာတွင်မှ ရပ်လိုက်နိုင်ကာ သွေးခုနစ်လုပ်၊ ရှစ်လုပ်မျှ ဆက်တိုက်အန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ နုံးခွေချည့်နဲ့နေလေပြီ။

“မင်း.....” သူက အသေကောင်ကြီးလို မျက်နှာဖြူဆုပ်နေလျက် ပြောသည်။ မန်ဟိုကား ယခုတွင် လက်ချောင်းလေးတစ်ချောင်း ခါလိုက်ရုံနှင့် သူ့အား ပြင်းပြင်းထန်ထန် ထိခိုက်သွားစေလောက်အောင် အစွမ်းထက်လွန်းနေပြီဖြစ်၏။ ထို့နောက် မန်ဟို့အကြည့် သူ့အပေါ် ကျရောက်လာသောအခါ ဖိအားကြီးတစ်ခုလည်း သူ့အပေါ် သက်ရောက်လာသဖြင့် သူ့မှာ မူးချာလည်သွားရသည်။ မရေမတွက်နိုင်သော မိုးကြိုးများ သူ့ကို ထိုးနှက်နေသည့်အလားပင်။

“မင်းရဲ့ အဲဒီဒယ်အိုးပေါက်စ‌နလေးက ငါနဲ့ ရေစက်ပါတယ်” မန်ဟိုက ပြောသည်။ သူ၏မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းဖြစ်နေသောအမူအရာပေါ်လာ၏။ သူက ပြောပြောဆိုဆို လက်ကို ဝှေ့ယမ်းကာ အင်ပါ‌ယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏ မိုးကြိုးဒယ်အိုးကို သူ့လက်ဝါးအပေါ်သို့ ပျံသန်းလာစေလိုက်သည်။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏မျက်နှာမှာ ပို၍ပင်ဖြူဖျော့လာပြီး သွေးတချို့ ထပ်အန်လိုက်ရသည်။ သူ့မှာ တဒင်္ဂလေးအတွင်း အိုမင်းသွားခဲ့ပုံရပြီး မျက်လုံးများမှာ မျှော်လင့်ချက်မဲ့နေလေသည်။ သူ့အနောက်ရှိ မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များမှာလည်း မန်ဟို့ကို ကြည့်ရင်း ကြောက်လန့်တုန်ရီနေကြသည်။

မန်ဟို့အကြည့် သူတို့ကို ဖြတ်သွားသည့်အခါ သူတို့မှာ အလွန်ပြင်းပြင်းထန်ထန် တုန်ရီနေသဖြင့် သူတို့၏အနုသုခုမနတ်ခန္ဓာများပင် ‌အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ထင်လာရသည်။

နောက်ဆုံးတော့ မန်ဟို့အကြည့်က အနောက်ပိုင်းသဲကန္တာရတပ်ဖွဲ့နှင့် တောင်ကျော်ကင်းစောင့်စစ်သည်တော်များဆီသို့ ရွေ့လျားသွားသည်။ “အနောက်ပိုင်းသဲကန္တာရမှ တာအိုရောင်ရင်းတို့၊ အကူအညီအတွက် ကျေးဇူးအထူးတင်ပါတယ်။ ဒီကျေးဇူးကို ... တောင်ပိုင်း‌ဒေသရဲ့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အောက်မေ့မှတ်မိနေမှာပါ။ ဘယ်တော့မှ မမေ့ပါဘူး”

သူက ထိုသို့ပြောရင်း လက်နှစ်ဖက်ယှက်၍ ခါးကိုင်းအရိုအသေပေးလိုက်သည်။

ချက်ချင်းပင် တောင်ကျော်ကင်းစောင့်စစ်သည်တော်များနှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူအကုန်လုံး လေးလေးစားစား ပြန်လည်အရိုအသေပေးကြ၏။ မန်ဟို၏ အံ့ဖွယ်သရဲ ရဲစွမ်းသတ္တိနှင့် စွမ်းအားအပြင် လွန်ခဲ့သောနှစ်တွေတုန်းက အဖြစ်အပျက်များကြောင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံခြင်းသည် မန်ဟို့ကို သူတို့၏လူအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

“အခု စစ်ပွဲပြီးဆုံးပြီ” မန်ဟိုက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ဒီထက်ပိုပြီး သတ်ဖြတ်နေရင် အဓိပ္ပာယ်မရှိဖြစ်လိမ့်မယ်။ မင်းတို့အတွက် အိမ်ပြန်ရာလမ်းမရှိတော့ဘူးဆိုတော့ တောင်ပိုင်းဒေသမှာ နေရမယ်။ ဒီကျူးကျော်စစ်အတွက် မင်းတို့ ပေးဆပ်ရမယ့် တန်ကြေးက ကျင့်ကြံခြင်းအခြေခံချိတ်ပိတ်ခံရခြင်းပဲ။ ဒီ‌မျိုးဆက်စပြီး နောင်မျိုးဆက်တွေမှာ မင်းတို့သွေးဆက်တွေအနေနဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံခြင်းအခြေခံကို ဖော်ဆောင်ခွင့်မရှိတော့ဘူး။ မင်းတို့အတွက် အင်မော်တယ်လမ်းစဉ်ဟာ ပျက်စီးသွားပြီ။ ဒီကနေ့စပြီး .... မင်းတို့ဟာ အပြစ်သားပြည်သူတွေပဲ” မန်ဟို၏အသံသည် တည်ငြိမ်နေသော်လည်း သူ၏စကားလုံးများက တင်းတင်းကြပ်ကြပ် အမိန့်ချနေကြောင်း ထင်ရှားပေါ်လွင်နေသည်။ သူ ‘အပြစ်သားပြည်သူ’ ဟု ပြောလိုက်သောအခိုက်အတန့်တွင် စကားလုံးများက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ စိတ်နှင့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ ခတ်နှိပ်ခံလိုက်ရပြီး ယင်းက လာမည့်မျိုးဆက်များအတွက် သူတို့၏အဆင့်အတန်းဖြစ်သွားပြီဟု သိလိုက်ကြ၏။

ထိုမျှသာမက မြောက်ပိုင်းသဲကန္တာကကျင့်ကြံသူတစ်သိန်းကျော်အနက် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအကုန်လုံး သူတို့၏အနုသုခုမရုပ်ခန္ဓာများ ကြေမွသွားသဖြင့် တုန်ယင်သွားကြသည်။ သူတို့၏ကျင့်ကြံအဆင့် ကျသွားပြီး မျက်စိတစ်မှိတ်အတွင်း မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့များအကြား၌ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကိုမှ မမြင်ရတော့ပေ။

ထို့နောက် သူသည် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များဘက် လှည့်လိုက်၏။

“မင်းတို့တတွေကတော့ ....မင်းတို့ရဲ့စစ်ပွဲက တောင်ပိုင်းဒေသကို ဖွတ်ဖွတ်ညက်ညက် ကြေစေခဲ့တယ်။ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သေဆုံးခဲ့ရတယ်။ ‌ငါတို့မြေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ လျော့နည်းသွားခဲ့တယ်။ မင်းတို့ငါးယောက်အနေနဲ့ ဖိနှိပ်ချုပ်နှောင်ခံရပြီး နောင်အနာဂတ်အတွက် တောင်ပိုင်းဒေသကျင့်ကြံသူတွေရဲ့ အုတ်မြစ်အဖြစ် ပြောင်းလဲခံရမယ်။ လာမယ့်မျိုးဆက်တွေအတွက် ‌တောင်ပိုင်းဒေသမှ စိတ်ဝိညာဉ်စွမ်းအင်ပြန်ဖြည့်တင်းဖို့ မင်းတို့ အနုသုခုမနတ်ခန္ဓာတွေရဲ့ စွမ်းအားကို ထုတ်ယူမယ်” သူသည် စကားပြောလိုက်သည့်အချိန်မှာပင် လက်ကို ဝှေ့ယမ်းလိုက်ရာ တစ်ချိန်လုံး တုန်ခါနေခဲ့သော နဝမတောင်အား လေပေါ် မြောက်တက်သွားစေသည်။ အောက်တွင် အသက်စွမ်းအားမျှင်မျှင်လေးသာ ရှိတော့သည့်အတွက် ပါးစပ်မှ သွေးတို့စီးကျလျက်ရှိသော အမျိုးသမီးပေါ်လာသည်။

ထို့နောက် တောင်က တာအိုရှာဖွေခြင်းအဆင့်ပညာရှင်ငါးဦးထံ ပြေးဝင်သွားသည်။

“ဒီနေ့ကစပြီး ဒီတောင်ဟာ မြောက်ပိုင်း၏အ‌ပြစ်ကြွေး လို့ အမည်တွင်စေ”

ထိုစဉ် ကျီမျိုးနွယ်စုတွင် လျှို့ဝှက်စွာ ဖုံးကွယ်ထားသော နေရာတစ်နေရာ၌ လက်ပြတ်လူငယ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ နောင်တတို့ သူ၏မျက်လုံးများတွင် ပေါ်လာပြီး သူက ခေါင်းခါရမ်းလိုက်သည်။

“ဖန်မျိုးနွယ်စု...” သူသည် တိုးညင်းစွာ ရေရွတ်လိုက်၏။ “ရွေးချယ်ခံတစ်ဦးရဲ့ အစစ်အမှန်အင်မော်တယ်အဆင့် စွမ်းအားငါးဆယ်ရာခိုင်နှုန်းနဲ့ သားတော်။ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တစ်ပိုင်းဝင်ရောက်နေပြီတဲ့လား .... သူ့လက်ပေါ်က အမှတ် ... အဲဒီအမှတ်ပဲ ....ဖြစ်ရမယ်” ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာပြီး သူက ပြုံးလိုက်သည်။ သူသည် တစ်စုံတစ်ခုကို ပြန်တွေးမိသွားဟန်တူ၏။

“စိတ်ဝင်စားစရာပဲ။ အရှေ့အောင်ပွဲဂြိုဟ်မှာရှိတဲ့ ဖန်မျိုးနွယ်စုရဲ့ ပင်မအခွဲမှာ ဖန်ဝေဆိုတဲ့ နာမည်နဲ့ ပြိုင်ဘက်ကင်းရွေးချယ်ခံတစ်ဦး ရှိတာ မှတ်မိလိုက်သလိုပဲ။ သူတို့နှစ်ယောက် ဆုံရင် ဘာတွေများ ဖြစ်လိမ့်မလဲ”

တစ်ချိန်တည်းမှာပင် တန်မျှော်စင်ရှိ စုံတွဲသည် စိတ်လှုပ်ရှားနေသော အမူအရာများကို ဆင်မြန်းထား၏။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်၍ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ကာ ရှေ့လှမ်းလိုက်သည်။

“ပြန်ဆုံဖို့ အချိန်ကျပြီ...”

“ဒီနေ့ ရောက်ဖို့ စောင့်နေခဲ့တာ ကြာပြီနော်....”

“ခုနစ်‌နှစ်မြောက်ပြစ်ဒဏ်။ အာ ခုနစ်‌နှစ်မြောက်ပြစ်ဒဏ်။ ငါ့သား ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ပြီ။ အခု ငါးတစ်ကောင်ဟာ ခုန်ထွက်ပြီး ‌ယောက်ျားသားတွေကြားက နဂါးတစ်ကောင်ဖြစ်လာတော့မယ်”

***

All Chapters