ပြန်လည်ဆုံစည်းရာဝယ်...
Vol. 57 Ch. 797
“ငါ နင့်ကို နဂါးငွေ့တန်းပင်လယ်မှာ နောက်ဆုံးတွေ့ခဲ့ကတည်းက သတ်ခဲ့သင့်တာ” ဒုတိယအသံက မိန်းမတစ်ယောက်အသံဖြစ်သည်။
အသံနှစ်သံက ရပ်တန့်နေမှုကို ကြေမွသွားစေရာ အရာအားလုံး ပြန်လည်ရွေ့လျားလာသည်။ နဝမတောင်သည် ဆက်လက်ကျဆင်းသွားပြီး ကျင့်ကြံသူများ ပြန်လှုပ်လာ၏။
အေးစက်စက်နှာမှုတ်သံ ဆက်လက်ပဲ့တင်ထပ်နေဆဲရှိစဉ် ဓားအလင်းတန်းတစ်တန်းက လေကိုခွဲကာ အရုဏ်ဦးအင်မော်တယ်နှင့် မန်ဟို့အကြားရှိ မမြင်ရသောဆက်သွယ်မှုကို အလျှင်း ဖြတ်တောက်ပစ်လိုက်သည်။
ဝုန်းခနဲ ပဲ့တင်ရိုက်ခတ်သွားပြီး မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ကြာပန်းပြာသည် ပျောက်ကွယ်သွားပြီး သူ၏ဓမ္မဆင်းတုလည်း ပုံမှန်ပြန်ဖြစ်လာ၏။ အဝေးမှ ချဉ်းကပ်လာသော ပုံရိပ်နှစ်ခုကို မြင်လျှင် မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေသည်။
၎င်းသည် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ပြီး မန်ဟို သူတို့အား သဲသဲကွဲကွဲ မြင်လိုက်ရသောအခါတွင် သူ၏စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွား၏။
သူတို့၏မျက်နှာများကို သူ ကောင်းကောင်းသိသည်။ နှစ်ပေါင်းသိန်းသန်းကုဋေများစွာ ကျော်ဖြတ်သွားလျှင်တောင်မှ သူ သူတို့ကို မေ့နိုင်မည်မဟုတ်ပေ။ အမျိုးသမီးသည် သူ့အမေ၊ သူ ကလေးအရွယ်တုန်းက ပွေ့ချီ၍ ပုံပြင်များပြောပြခဲ့သော သူ့အမေဖြစ်သည်။ အမျိုးသားကား သူ့အဖေ၊ စည်းကမ်းကြီးပုံရသော်လည်း ဖခင်မေတ္တာတို့ပြည့်နှက်နေသော မျက်ဝန်းများပိုင်ရှင် သူ့အဖေဖြစ်သည်။
မန်ဟိုမှာ တုန်ရီလာပြီး ကြောင်စီစီ ကြည့်နေရုံထက်ပိုပြီး ဘာမှမလုပ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သူ့လက်ပေါ်ရှိ အမှတ်သည် လင်းလက်တောက်ပလာ၏။
အမျိုးသားနှင့်အမျိုးသမီး ပေါ်လာသည်နှင့် အရုဏ်ဦးအင်မော်တယ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူမသည် အသက်မြန်မြန်ရှူလာမိပြီး နောက်ဆုတ်သွားစဥ် သူမမျက်နှာအပေါ်၌ မယုံကြည်နိုင်သောအမူအရာရှိသည်။
သူမ ခြေလှမ်းသုံးလှမ်းမျှသာ ဆုတ်ရသေးသည်၊ အမျိုးသား၏အကြည့်က သူမအပေါ် စူးစူးစိုက်စိုက် ကျရောက်လာသည်။
အုန်းခနဲ ရိုက်ညောင်းသွားပြီးနောက် သွေးများ အရုဏ်ဦးအင်မော်တယ်၏ပါးစပ်မှ ပန်းထွက်လာသည်။ အံ့အားသင့်သွားသော အမူအရာက သူမမျက်နှာကို ဖုံးလွှမ်းသွား၏။ ဤအချိန်တွင် သူမအနောက်ရှိ ဓမ္မဆင်းတုမှာ အစိတ်စိတ်အမြွှာမြွှာ တိုက်ရိုက်ပေါက်ကွဲသွားခဲ့လေပြီ။
ထိုမျှသာမက အရုဏ်ဦးအင်မော်တယ်၏ ကိုယ်အစစ်ဖြစ်သော နဂါးငွေ့တန်းပင်လယ်ပေါ်ရှိ ဧရာမရှင်သန်ခြင်းနှင်းပန်းကြီးလည်း မရေမတွက်နိုင်သောအပိုင်းအစများအဖြစ် ကြေမွပေါက်ကွဲသွားသည်။ ရှင်သန်ခြင်းနှင်းပန်းကား... အပြတ်အသတ် ရှုံးနိမ်သွားခဲ့ပြီဖြစ်သည်။
“သူ့အကြည့်တစ်ချက်က င့ါဓမ္မဆင်းတုကို ကြေမွစေခဲ့တယ်” အရုဏ်ဦးအင်မော်တယ်က မျက်နှာဖြူဆုပ်နေလျက် တွေးလိုက်သည်။ “ငါ့ကိုတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့တယ် ... အခုလေးတင် ငါ့ ကြာပန်းပြာတံတားကို ဖြတ်တောက်လိုက်တာက ဓားတစ်လက်မဟုတ်ဘူး သူ့အကြည့်ပဲ
“သူက ဘယ်သူလဲ
“သူ့စွမ်းအားအဆင့်က ခန့်မှန်းလို့မရဘူး။ ကျီမျိုးနွယ်စုတောင်မှ မယှဉ်နိုင်ဘူး” သူမ၏အခြေခံ ဖျက်စီးခံလိုက်ရပြီဖြစ်၍ သူမမှာ နောက်မဆုတ်ဘဲ မနေရဲတော့ပေ။ ယခုလို အင်အားကြီးမားသောဖြစ်တည်မှုတစ်ခု၏ ရှေ့မှောက်တွင် သေခြင်း၊ရှင်ခြင်းသည် သူမလက်ခုပ်ထဲတွင် မရှိတော့။
“ငါ ဒီဂြိုဟ်ကို လာခင်တုန်းက” အမျိုးသားက မန်ဟိုနှင့် အရုဏ်ဦးအင်မော်တယ်ကြား ရပ်ရင်း အေးစက်စက် ပြောသည်။ “မိတ်ဆွေတစ်ယောက်က ငါ့ကို ပြောဖူးတယ်။ သူ့လက်ခံကောင်ကနေ ထားရစ်တဲ့ ပန်းပင်တစ်ပင် ပင်လယ်ထဲမှာ ရှိတယ်တဲ့။ အဲဒီပန်းဟာ မိစ္ဆာအဖြစ်နဲ့ နှစ်ပေါင်းများမရေမတွက်နိုင်အောင် တည်ရှိခဲ့တာကြာပြီ
“နိဗ္ဗာနပြန်မွေးဖွားခြင်းကို အကြိမ်ပေါင်းမနည်း ကြုံတွေ့ခဲ့ပြီး အင်မော်တယ်စစ်စစ် မဖြစ်လာချင်ဘူးတဲ့လေ။ မင်းက သူပြောတဲ့ပန်းဖြစ်ရမယ်
“မင်းအနေနဲ့ ဟိုးအရင်င်ကတည်းက အစစ်အမှန်အင်မော်တယ်အဆင့်တက်နိုင်ပြီး ကြယ်တာရာကောင်းကင်ကို ထွက်သွားနိုင်တာပဲ။ ဘာကြောင့် မင်းကိုယ်မင်းနဲ့ အခြားသူတွေအပေါ် ခက်ခဲအောင် လုပ်နေတာလဲ။ ကောင်းပြီ မင်းရဲ့တည်ရှိမှုက ငါ့သား အခက်အခဲတွေ ကျော်လွှားရတဲ့နေရာမှာ အထောက်အကူတချို့ ပေးနိုင်ခဲ့တယ်ဆိုတော့ ငါ မင်းကို ဒီနေ့မသတ်ဘူး
“သွား အင်မော်တယ်အဆင့်တက်လှမ်းလိုက်တော့” မိုးကြိုးများ ထပ်တလဲလဲ ပစ်ချနေသည့်အလား ကောင်းကင်နှင့်မြေကြီးမှာ တုန်ရီသွားသည်။ ဤလူစကားပြောသောအခါ သဘာဝနိယာမသည် သူ့စကားလုံးများနှင့် လိုက်လျောညီထွေဖြစ်နေသယောင်ပင်။ အရုဏ်ဦးအင်မော်တယ်၏မျက်နှာ ဖြူဆုပ်သွားပြီး သူမမှာ မီတာသုံးထောင်တိတိ လွင့်ထွက်သွားကာ သွေးများထပ်အန်လိုက်ရသည်။ နောက်ဆုံးတွင် သူမက ခေါင်းမော့လာပြီး ဝမ်းနည်းပူဆွေးစွာ ပြုံးလိုက်၏။
အမျိုးသား၏ဘေးတွင် ရပ်နေသော အမျိုးသမီးက ရုတ်တရက် စကားပြောလိုက်သည်။ “ဘာတွေ လေကုန်ခံနေတာလဲ။ ခေါင်းသာ ဖြတ်ပစ်လိုက်စမ်းပါ”
မန်ဟိုမှာ သူတို့နှစ်ယောက်၏အနောက်တွင် ဖြစ်ပြီး မယုံနိုင်သေးသဖြင့် ချာချာလည်နေသည်။ သူ့နှလုံးသားမှာ ဗြောင်းဆန်နေပြီး သူ့မှာ ဘာပြောရမလဲ မသိတော့ပေ။
“ငါ့ကို ဖျက်စီးမယ်” အရုဏ်ဦးအင်မော်တယ်က ခါးခါးသီးသီးရယ်သည်။ သူမမျက်နှာသည် အရုပ်ဆိုးအကျည်းတန်စွာ မဲ့ရွဲ့နေပြီး သူမဆံပင်များမှာ ဖွာလန်ကြဲနေ၏။ သူမသည် ရှင်သန်ခြင်းနှင်းပန်းဖြစ်သော သူမ၏အခြေခံကို ဆုံးရှုံးခဲ့ရလေပြီ။ သူမ၏ဓမ္မဆင်းတုလည်း ဖျက်စီးခံရပြီးပြီ။ သို့ထိတိုင် သူမမျက်ဝန်းများ၌ ရူးမိုက်မှုကို မြင်ရနိုင်သေး၏။
“မိစ္ဆာချုပ်နှောင်သူအဖွဲ့က နှလုံးသားမရှိတဲ့လူတွေ စုနေတာ။ ငါ အဲဒီလူကို အဖော်ပြုပေးခဲ့တယ် သူက အဆုံးသတ်မှာ ငါ့ကို ခွဲထုတ်ပစ်ခဲ့တယ်
“ငါ့နှလုံးသားက အမုန်းတရားနဲ့ ခုန်နေတာ
“ငါဟာ ရှေးရှေးတုန်းက မွေးဖွားခဲ့ပြီးတော့ ဟုတ်တယ်.... အင်မော်တယ်အဆင့်တက်လှမ်းနိုင်ခဲ့တဲ့ အကြိမ်တွေ အများကြီးပဲ။ ငါ ဒီနေရာကနေ ထွက်မသွားတဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူ အဲ့ဒီတုန်းက ငါ့ကို ပြောခဲ့တဲ့ အရာကြောင့်
“သူဟာ ငါ့ကို ဒီမှာ ခွဲထုတ်ခဲ့ပြီး တစ်ယောက်တည်းထွက်သွားတယ်လေ။ သူ့ရဲ့သွေးဆက်ပေါင်း မရေမတွက်နိုင်အောင် ငါ သတ်ခဲ့ပေမယ့် ငါ့အမုန်းတရားက ကျန်နေသေးတယ်
“ပြီးတော့ အခု နင် .... နင်လည်း ငါ့ကို ဖျက်စီးချင်တယ်တဲ့လား” သူမသည် ခေါင်းနောက်လှန်၍ ဟားတိုက်ရယ်လိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်လိုက်သည်။
“ငါက တောင်ကောင်းကင်ဂြိုဟ်မှာ ဟိုးရှေးကတည်းက နေထိုင်ခဲ့တာ။ ဇာတ်မြုပ်နေခဲ့ပေမယ့် အခု ငါ အရုဏ်ဦးအင်မော်တယ်အပေါ် ကျေးဇူးအကြွေးတင်နေတဲ့ လူတွေအကုန်လုံးကို ဆင့်ခေါ်တယ် .... အကုန်လုံး ငါ ဒီကလေးကို စုပ်ယူနိုင်အောင် လာကူညီကြလော့
“ငါ့ဆန္ဒတွေ ပြည့်ဝရအောင် ကူညီပေးကြလော့။ အတိတ်တုန်းက ကတိတွေကို တည်ကြလော့”
သူမ၏စူးစူးဝါးဝါးအော်သံသည် တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်း ပဲ့တင်ထပ်သွား၏။ ထိုအခါ ရှေးဟောင်းတာအိုရေကန်အတွင်းမှ သက်ပြင်းချသံမျှင်းမျှင်း ကြားလိုက်ရသည်။ သက်ပြင်းချသံသည် ကူကယ်ရာမဲ့မှုနှင့် တစ်ချိန်တည်းမှာပင် အံ့မခန်းစွမ်းအားတစ်ရပ် ပါဝင်နေသည်။
“ငါ ထွက်မသွားသင့်ဘူး။ အဲဒီတုန်းက သဘောတူချက်အရဆိုရင် ငါ ထွက်သွားလို့မရဘူး။ ဒါပေမဲ့ ဒီကျေးဇူးကြွေးက ... မဖြစ်မနေပြန်ဆပ်ရမယ့် အကြွေး” ရွှေရောင်ခရမ်းရောင်သားရဲကြီးတစ်ကောင် ရှေးဟောင်းတာအိုရေကန်များအတွင်းမှ ရုတ်တရက် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ရှေးကံကြမ္မာဆိုးဘုရားကျောင်းအတွင်းရှိ ရုပ်တုကြီးတစ်ရုပ်အပေါ်မှ ဖုန်များ ကွာကျလာသည်။ ရုပ်တုကြီး၏မျက်လုံးများ ပွင့်လာ၏။ ပထမတွင် ၎င်းသည် တွေဝေနေသယောင်ရှိသော်လည်း ရှေးကျသောအလင်းရောင်တောက်လာပြီး ရုပ်တုကြီးက ဖြေးညင်းစွာ ထရပ်လိုက်သည်။
“ငါ့ကို ဒီရှေးဟောင်းဘုရားကျောင်းကို သွားစေပြီး အဲဒီအမွှေးတိုင်ရဲ့စွမ်းအားကို ရရှိစေခဲ့တာ သူပဲ။ ငါ ထွက်မသွားရင် ငါ့နှလုံးသားဟာ အေးအေးဆေးဆေး အနားယူနိုင်မှာမဟုတ်ဘူး”
နဂါးငွေ့တန်းပင်လယ်အောက်တွင် ပိန်ချုံးချုံး ပုံရိပ်တစ်ခုသည် ရွံ့နွံများအတွင်းမှ ကုတ်ခြစ်တက်လာ၏။
“အဲဒီနှစ်တွေတုန်းက ကျေးဇူးကို ဒီနေ့ ပြန်ဆပ်ရမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် သွေးနည်းနည်းသောက်ဦးမှပဲ”
အနောက်ပိုင်းသဲကန္တာရတွင် ခရမ်းပင်လယ်သည် နဂါးငွေ့တန်းပင်လယ်ထဲ ဝင်ရောက်သွားခဲ့မှုကြောင့် ၎င်း၏ရေမျက်နှာပြင်မှာ သိသိသာသာ လျော့ကျသွားခဲ့၏။ ခရမ်းပင်လယ်၏မျက်နှာပြင်အောက် သိပ်မလှမ်းမကမ်းတွင် သာမန်ဖြစ်ဟန်တူသော တောင်တစ်လုံးရှိသည်။ သို့သော် တောင်သည် တုန်ခါစပြုလာပြီး ရုတ်တရက် မျက်နှာတစ်ဖက် ၎င်းအပေါ်တွင် ပေါ်လာ၏။ ဤတောင်ကား... မြောက်တက်လာလေပြီ။
၎င်းသည် တကယ်တမ်း တောင်မဟုတ်ဘဲ ဧရာမဘီလူးကြီးတစ်ကောင်ဖြစ်၏။ ၎င်းကား တောင်စောင့်နတ်အလား ရေမျက်နှာပြင်ကို ဖောက်ထွက်လာသည်။ ၎င်းလေပေါ် ပျံတက်လာစဉ် ၎င်း၏အမူအရာသည် ရှေးကျနေ၏။
“သတ်ရမယ်၊ ငါအကြွေးကို ပြန်ဆပ်ဖို့ ကျင့်ကြံသူတစ်သန်း သတ်မယ်”
ခရမ်းပင်လယ်အောက်တွင် နဂါးနက်တောင်ဟုခေါ်သော တောင်တန်းတစ်တန်းလည်း ရှိသည်။ တောင်တန်းသည် တုန်ခါလာရာ ၎င်း၏ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သောကျောက်တုံးများ လိမ့်ထွက်ကုန်ကြသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမမိကျောင်းကြီးတစ်ကောင်ပေါ်လာ၏။ ၎င်းကား အမြီးကို လွှဲရမ်းရင်း ရေထဲမှ ထွက်ကာ အရာအားလုံးကို တုန်ခါလာစေသည်။
ရက်စက်သောအလင်းရောင်အား မိကျောင်း၏မျက်လုံးများတွင် မြင်ရနိုင်ပြီး ၎င်းက စကားမပြောပေ။ သို့ရာတွင် ၎င်း၏ ပြိုင်ဘက်ကင်းသော ရက်စက်ကြုမ်းကြုတ်မှုသည် ကြောက်စရာကောင်းလောက်အောင် ပေါက်ကွဲထွက်လာ၏။
မြောက်ပိုင်းသဲကန္တာရှိ အသေးစားမျိုးနွယ်စု၏ပိုင်နက်တွင် ယဇ်ပလ္လင်တစ်ဆူရှိသည်။ ပလ္လင်အပေါ်တွင် အရိုးခေါင်းတစ်ခေါင်းသည် နှစ်စဉ်နှစ်တိုင်း ထိုအတိုင်းရှိခဲ့နေ၏။ ၎င်း ထိုနေရာတွင် မည်မျှကြာကြာ ရှိနေခဲ့သည်လဲ ပြောရခက်သည်။ လောလောဆယ်တွင် အရိုးခေါင်းမှ မှိန်ပျပျ အလင်းရောင်တောက်လာပြီး ၎င်းက လေပေါ် ပျံတက်လာလေသည်။
မြောက်ပိုင်းသဲကန္တာရမှာပဲ ရေခဲများဖြင့် ချိတ်ပိတ်ခံထားရသော ချိုင့်ဝှမ်းတစ်ခုရှိသည်။ ၎င်းသည် ကျင့်ကြံသူများအတွက် တားမြစ်နေရာတစ်ရာဖြစ်ပြီး ၎င်း၏အနက်ထဲ၌ .... ရေခဲတုံးတစ်တုံးရှိနေ၏။ ရေခဲထဲတွင် ဖမ်းချုပ်ခံထားသည်မှာ ကျော၌ ရွှေရောင်တောင်ပံတစ်စုံ ပေါက်နေသော လူတစ်ယောက်ဖြစ်သည်။
ထိုလူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အက်သံများကြားရကာ ရေခဲများ ကြေမွသွား၏။ သူက ရှေ့ထွက်လာပြီးနောက် သက်ပြင်းဖွဖွ ချလိုက်လေသည်။
“ငါ ရောက်လာတုန်းက ဒဏ်ရာအပြင်းအထန်ရထားပြီး သေတော့မလို ဖြစ်ခဲ့တယ်။ သူက ငါ့ကို အသက်ရှင်စေခဲ့ပြီးတော့ ... နောင်ကျ ကျေးဇူးပြန်ဆပ်ဖို့ ကတိပေးခိုင်းခဲ့တယ်”
ကြီးမားကျယ်ပြောသော အရှေ့ဘက်နယ်မြေတွင် တားမြစ်နယ်မြေနှစ်ခုရှိသည်။
တစ်ခုသည် ရှေးဟောင်းသုခံဘုံဖြစ်သည်။ ကောလဟာလများအရ တစ်နေရာလုံးတွင် အားကောင်းသော သေခြင်းအရှိန်အဝါများ ထုတ်လွှတ်နေသည့် ရှေးဆေးပင်များဖြင့် ပြည့်နေသည်ဟုဆိုသည်။ သေခြင်းအရှိန်အဝါများ ဖုံးနေသည့်အကြောင်းရင်းကား ရှေးဟောင်းသုခဘုံသည် တကယ်တမ်း ... ရှေးစစ်မြေပြင်တစ်ခု ဖြစ်၍ပင်။
ရှေးဟောင်းသုခဘုံအတွင်း၌ မြေပြင်တစ်လျှောက် အမြစ်များ ဖြာထွက်လျက် နွမ်းခြောက်နေသော ဧရာသစ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်ပင်ကြီးသည် အရုဏ်ဦးအင်မော်တယ်၏ခေါ်သံကြောင့် တုန်ရီသွားပြီး ဤအမြစ်များက သစ်ပင်၏ကိုယ်ထည်သို့ ပြန်ကျုံ့ဝင်လာသည်။ ထိုသို့ဖြစ်ပျက်သွားသောအခါ သစ်ပင်မှာ ... အံ့မခန်းစွမ်းအင်တို့ဖြင့် တဟုန်းဟုန်းတောက်လာသည်။
အရှေ့ဘက်နယ်မြေတွင် အင်မော်တယ်ဘုရားကျောင်းဟု လူအများ ခေါ်ဆိုကြသည့် တားမြစ်နယ်မြေနောက်တစ်ခုရှိသည်။ ၎င်းသည် တောင်တန်းတစ်တန်းထဲတွင် တည်ရှိပြီး မရေမတွက်နိုင်သော တားမြစ်မန္တန်များဖြင့် ပြည့်နှက်နေသည်။ တောင်များ၏အနက်ပိုင်းထဲတွင် အိုမင်းပျက်စီးနေသော ဘုရားကျောင်းတစ်ကျောင်းရှိ၏။
ဘုရားကျောင်းတွင် ကိုးကွယ်ခဲ့သော နတ်တစ်ပါး၏ရုပ်တုမှာ အချိန်အတော်ကြာကတည်းက ကျိုးပဲ့ပျက်စီးနေခဲ့၍ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့ရာတွင် ဘုရားကျောင်းထဲ၌ နှစ်ပေါင်းများစွာ မထွန်းခဲ့သော ဆီမီးအိမ်တစ်လုံးရှိသည်။ ဤအခိုက်အတန့်တွင် ဆီမီးအိမ်သည် မီးထတောက်လာပြီး နတ်စွမ်းအားတို့ သက်ဝင်လာ၏။
မီးအလင်းရောင်က ဘုရားကျောင်းတစ်ကျောင်းလုံးနှင့် နတ်ရုပ်ကို ဖုံးလွှမ်းသွားသည်။ ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာပြီးနောက် ၎င်းက သက်ပြင်းချလိုက်သည်။
“အင်း သူက ဒီကနေ လာပြီး ငါနဲ့ပတ်သက်နေတယ် ...” ၎င်းသည် နတ်ရုပ်မှ ခွဲထွက်လာပြီး ရှေးဟောင်းဘုရားကျောင်းမှ ထွက်ကာ အဝေးသို့ ပျံသန်းသွားလေ၏။
စုစုပေါင်းအရှိန်အဝါကိုးခု ထွက်လာကာ တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် ထစ်ချုန်းသံများ မြည်ဟည်းသွားစေသည်။ ကောင်းကင်သည် မှောင်မည်းလာပြီး မြေပြင်ပေါ်ရှိ သက်ရှိသတ္တဝါများ တုန်ရီလာကြ၏။ စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ မေ့မြောတော့မတတ် ဖြစ်နေဟန်ပင်။
အရှေ့ဘက်နယ်မြေ၏ဂိုဏ်းကြီးများမှာ လုံးလုံးလျားလျား အံ့ဩနေပြီး သူတို့၏ဂိုဏ်းချုပ်များမှာ ရှေးမှတ်တမ်းမှတ်ရာများရှိ ဒဏ္ဍာရီအမျိုးမျိုးအား တွေးမိလာကြသည်။
အရှေ့ဘက်နယ်မြေ၏ ကျီမျိုးနွယ်စုတွင် လက်ပြတ်လူငယ်က ထရပ်လိုက်ပြီး ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်ဝန်းများတွင် ပေါ်လာသည်။
“အရုဏ်ဦးအင်မော်တယ်က မယုံနိုင်အောင်ပဲ။ သူ ဒီလို အခြေအနေတွေ အများကြီး စီစဉ်နိုင်ခဲ့တာ ငါတောင် မထင်ထားခဲ့ဘူး
“ပြီးတော့ အံ့ဩစရာမရှိပါဘူး .... သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့တာကိုး။ သူ ကျင့်ကြံခြင်းကိုသာ အားစိုက်ရင် ဘယ်နယ်ပယ်ရောက်နေမလဲ စဉ်းစားလို့တောင် မရနိုင်ဘူး”
တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ခါနေစဉ် ဇနီးမောင်နှံသည် မန်ဟို့အရှေ့တွင် ရပ်နေ၏။ အမျိုးသမီးက မျက်နှာရိပ်ခနဲဖြစ်သွားရင်း ဘေးဘီဝဲယာကို ကြည့်ပြီး နောက်ဆုတ်ကာ မန်ဟို့ဘေးတွင် ရပ်လိုက်သည်။
မန်ဟို့စိတ်မှာ ချာချာလည်နေဆဲဖြစ်ပြီး သူမမျက်နှာကို ကြည့်ရင်း မိန်းမောတွေဝေနေ၏။
“ခင်ဗျားက ... တကယ်ပဲ ကျုပ်အမေလား...” သူက ရေရွတ်လိုက်သည်။
“ဟိုအာ” သူမက ပြန်ဖြေသည်။ “သား ဒီနှစ်တွေတစ်လျှောက်လုံးကို အများကြီးခံစားခဲ့တာပဲ” ဤအမျိုးသမီးကား မန်ဟို့အမေမှတစ်ပါးအခြားမဟုတ်ပေ။ သူမမှာ သူ့ကို ကြည့်ရင်း ရင်ကွဲနေရ၏။ သူမက သူ့လက်နှစ်ဖက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်ပြီး သူမမျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာများရော၊ မျက်ရည်စများပါ ပြည့်နေလေသည်။
“အကုန်လုံးက အမေ့အမှားပါ” သူမက ပြောသည်။ “အမေက သားကို မစောင့်ရှောက်ပေးနိုင်ခဲ့အတွက် အမေဆိုးကြီးတစ်ယောက်ပါ။ အဲဒီတုန်းက သားလေး ငယ်ငယ်လေးရှိသေးတာ.... သားဖေဖေ နဲ့ အမေ ထွက်သွားတုန်းက သား အိမ်ထဲက အော်ရင်း ပြေးထွက်လာခဲ့တယ်။ သားချော်လဲသွားတာ အမေမြင်တုန်းက အမေ့ရင်တွေ ကွဲကြေခဲ့ရပါတယ်”
ဤအခိုက်အတန့်တွင် အမျိုးသားက မန်ဟို့ကို လှည့်ကြည့်သည်။ ထိုအကြည့်က မန်ဟို့စိတ်ကို တုန်ရီသွားစေသော အကြည့်ဖြစ်သည်။ ၎င်းသည် မေတ္တာ၊ အကြင်နာတို့ဖြင့် ပြည့်နှက်နေပြီး မန်ဟို့မျက်နှာတွင် မျက်ရည်များ ချက်ချင်း စီးကျလာစေတော့သည်။
သူ့မှာ ယခုအခိုက်အတန့်တွင် ငိုမိလိမ့်မည်မထင်ခဲ့ပေ။ သူ့အဖေ၊ သူ့အမေနှင့် လျင်မြန်စွာ ပြန်ဆုံစည်းရလိမ့်မည်ဟု မတွေးထားခဲ့ပေ။
သူ့မှာ ဘာပြောရမှန်းမသိတော့ရာ မျက်ရည်များသာ ပိုမိုစီးကျလာတော့သည်။
မန်ဟိုငိုနေသည်ကို မြင်လျှင် သူ့အမေမျက်နှာအပေါ်တွင်လည်း မျက်ရည်များ ပိုမိုစီးကျလာ၏။
“ဟိုအာရယ်...” သူမက ပြောပြီးနောက် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ရာ မန်ဟို့အား ကလေးအရွယ်တုန်းက သူမအနားမှ မခွဲခွာချင်ခဲ့သောအချိန်ကို ပြန်တွေးမိလိုက်စေသည်။
“မငိုပါနဲ့” သူ့အဖေက သူ့ဆံပင်များကို ဖွရင်း ပြောသည်။ သူသည် ပြုံးနေပြီး သူ့မျက်ဝန်းထဲရှိ ချစ်မြတ်နိုးမှုမှာ ပို၍ပင်ပြင်းထန်လာသည်။
“မင်း အခု အရွယ်ရောက်လာပြီ...” သူက တည်ငြိမ်စွာ ပြောသည်။ “အစစ်အမှန်အင်မော်တယ်အဆင့်ကိုလည်း တစ်ပိုင်း ရောက်နှင့်နေပြီ။ ဒီတော့ အဖေ မင်းဆီကို တာအိုမှော်ကျင့်စဉ်တချို့ လွဲပြောင်းပေးဖို့ အချိန်ကျပြီ။ အဖေ့တာအိုက ... ဓားတာအိုပဲ။ သေချာကြည့် အဖေ့ရဲ့ ဓားကွက်ကိုးကွက်ကို ပြမယ်
“ပထမအကွက်” သူသည် ဘယ်ခြေကို ထုတ်၍ မဆိုစလောက် ကွေးလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ချာခနဲ လှည့်၏။ ပြီးလျှင် ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်းဖြစ်လျက် တင်းနေသော လေးကိုင်းပုံစံနှင့် မတူမချင်း နောက်သို့ တင့်တယ်ခံ့ညားစွာ ကွေးလိုက်သည်။ ထို့နောက် အသက်တစ်ရှိုက်တွင် ကောင်းကင်နှင့်မြေကြီးမှာ သူနှင့် သဟဇာတမဖြစ်တော့သော်လည်း ဘာမှမတတ်နိုင်သည့်အလားပင်။ သူသည် ကောင်းကင်ဘုံမှ အံ့ဖွယ်စွမ်းအားကြီးကို ဆွဲငင်ခဲ့ပုံရ၏။
သူက ညာလက်ကို ဆန့်လိုက်ရာ လက်ထဲ၌ သာမန်သံဓားတစ်လက် ပေါ်လာသည်။
ဓားက ... တောင်ပိုင်းဒေသ၏ ရှေးဟောင်းတာအိုရေကန်များဆီသို့ ရွေ့လျားသွားသည်။
***