အပိုင်း(၃၇၅)
Vol. 25 Ch. 375
“မဟုတ်ဖူး”
စိတ်မချမ်းမြေ့ဖွယ်ကောင်းသော မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည့် မြည်တမ်းအော်ဟစ်သောအသံ
တစ်ခုနှင့်အတူ အမှောင်နတ်သူငယ်၏ ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်နတ်ဆိုးတိုင်လုံးကြီး၏ ထိမှန်ခြင်းကိုခံလိုက်ရသည်။
ထို့နောက်တွင် သူ၏တစ်ကိုယ်လုံးအား အနက်ရောင်နတ်ဆိုးတိုင်လုံးကြီးက လွှမ်းခြုံဝါးမျိုသွားသည်။ အနက်ရောင်နတ်ဆိုးတိုင်လုံးကြီး က ကောင်းကင်အတွင်းသို့ဆက်လက်၍
မြင့်မားစွာ ဆက်လက်၍ ထိုးတက်သွားသည်။
“ဟမ့်..ဘာကို ကြီးမြတ်ပြီးတော့
ဂုဏ်သရေရှိတဲ့ အမှောင်နတ်သူငယ်တွေလဲ.. မင်းကအမှိုက်ထက်ဘာမှမပိုဘူး..”
ရှစ်ဖုန့်၏ အထင်သေးမှုအပြည့်ဖြင့်ထွက်
ပေါ်သောအသံက အားလုံး၏ခေါင်းထက်မှ မြည်ဟိန်းထွက်ပေါ်လာသည်။
“ဒါက..”
“ဒါက..”
အောက်တွင်ရှိနေကြသောမြွေလူသားများမှာ ညကောင်းကင်ယံထဲသို့ကြက်
သေသေစွာဖြင့်ကြည့်နေကြသည်။ သူတို့က ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ပုံရိပ်အားကြည့်နေကြပြီး ကောင်းကင်ထဲသို့တည့်မတ်စွာ
ထိုးတက်သွားသော အနက်ရောင်နတ်ဆိုးတိုင်လုံးကြီးအား ကြည့်လိုက်ကြသည်။သူတို့ထဲမှ အချို့သောသူများဆိုလျှင် မသိလိုက်ပါဘဲ ပါးစပ်အပြည့်တံတွေးတို့အား
မျိုချမိလိုက်ကြသည်။
စွမ်းအားကြီးသော အမှောင်နတ်သူငယ်တစ်ယောက် သူတို့၏ မျိုးနွယ်စုတစ်ခုလုံးကိုပင် ရှင်းလင်းသုတ်သင်ပစ်နိုင်စွမ်းရှိသော အမှောင်နတ်သူငယ်အမျိုးသားမှာ ဤကောလဟာလအရ အရူးနတ်ဆိုးဟုခေါ်သော သူထံ၌ ရှုံးနိမ့်သွားခဲ့သည်။
ရှစ်ဖုန့်၏အသံက သူတို့၏နားထဲတွင်ပဲ့တင်ထပ်နေဆဲဖြစ်သည်။
“အမှိုက်သက်သက်ပဲ”
ဤသဲကန္တာရထဲတွင် သူတစ်ဦးတည်းသာ ဤကဲ့သို့စကားကို ပြောဆိုခြင်းရှိသည်။သူတစ်ဦး
တည်းတွင်သာ ဤကဲ့သို့သောစကားမျိုးအား ပြောဆိုနိုင်သောစွမ်းအားမျိုးရှိသည်။
“ဒီလိုမျိုးစွမ်းအားကြီးတဲ့လူသားတစ်ယောက် ..ဒီလူကို “နတ်ဘုရား” ရဲ့တမာန်တော်အဖြစ်ရွေးချယ်တာကို မအံ့ဩတော့ပါဘူး”
ထို့နောက်တွင် အပေါ်သို့ထိုးတက်နေသော အနက်ရောင်နတ်ဆိုးမြူတိုင်လုံးကြီးက ညကောင်းကင်ယံထဲ၌ အနက်ရောင်မြူခိုးတစ်ခုအဖြစ်
ဖြည်းဖြည်းချင်း မှိန်ဖျော့လာပြီး အမှောင်ထဲတွင်ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုက အနက်ရောင်နတ်ဆိုးတိုင်လုံး
ပျောက်ကွယ်သွားသည့်အခိုက်အတန့်၌ သူ့အား ထောက်ပံ့ထားသောအရာပျောက်သွားသကဲ့သို့ မြေပြင်ထက်သို့ စိုးရိမ်ဖွယ်အနေအထားဖြင့် တစ်ဟုန်ထိုးပြုတ်ကျလာသည်။
“ဘန်း”
သူက ယဇ်ပူဇော်ခန်းမအတွင်းရှိ ကြမ်းပြင်ထက်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာသည်။ မြေပြင်မှာ နဂိုကတည်းက အက်ကွဲနေခဲ့ပြီး ကြမ်းပြင်ထက်၌ အက်ကွဲကြောင်းများပေါ်တွင် နောက်ထပ်အက်ကွဲကြောင်းများ
ထပ်ဆင့်ဖြစ်ပေါ်လာသည်။
မြွေလူသားမျိုးနွယ်စုက မြေပြင်ထက်သု့ကျဆင်းလာသော အနက်ရောင်ပုံရိပ်အားကြည့်လိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ နောက်သို့ဆုတ်ခွာလိုက်ကြသည်။
အားလုံးထက်သူသည် အမှောင်နတ်သူငယ်မျိုးနွယ်စုမှဖြစ်သည်။
ယင်းမှာ အမှောင်နတ်သူငယ်များနွယ်စု နှစ်ပေါင်းများစွာ အကြင်နာမဲ့ရက်စက်သောနည်း
လမ်းများဖြင့် သဲကန္တာရအတွင်းရှိ အခြားသောမျိုးနွယ်စုများအပေါ်တွင်ပြုမူခဲ့ပြီး ၎င်းတို့၏နှလုံးသားအတွင်း၌ ရိုက်သွင်းသကဲ့သို့တည်ဆောက်ထားခဲ့သော မမြင်နိုင်သည့်ဖိအားပင်ဖြစ်သည်။
ရှစ်ဖုန့်က လေထဲတွင် ဝင့်ကြွားစွာရပ်နေခဲ့ပြီး “ဘန်း”ဆိုသောအသံနှင့်အတူ မြေပြင်ထက်၌ လဲလျောင်းနေသော အမှောင်နတ်သူငယ် အမျိုးသားရှေ့၌ ဆင်းသက်လိုက်သည်။ အမှောင်နတ်သူငယ် အမျိုးသားက အနည်းငယ်လှုပ်ရှားလိုက်ပြီးသူ၏ ရှုပ်ပွနေသောဆံပင်များဖြင့်ဦးခေါင်းအား ထူလိုက်သည်။ဤအချိန်တွင် ရှစ်ဖုန့်ကသူ၏ညာခြေထောက်အားမြှောက်လိုက်ပြီး အမှောင်နတ်သူငယ် အမျိုးသား၏ဦးခေါင်းထက်သို့ ဆောင့်နင်းချလိုက်သည်။အစောပိုင်းလေးကမှ ထူမတ်လာသော အမှောင်နတ်သူငယ် အမျိုးသား၏မျက်နှာမှာ နောက်တစ်ကြိမ်မြေပြင်နှင့်နက်နက်ရှိုင်းရှိုင်းကို မိတ်ဆက်သွားသည်။
“ဟစ်”
ယဇ်ပူဇော်ခန်းမအတွင်း၌ ပင့်သက်ရှိုက်သံများအားကြား
နိုင်သည်ဖြစ်သည်။၎င်းမှာ အမှောင်နတ်သူငယ်မျိုးနွယ်စုမှ အမျိုးသားဖြစ်သည်။သူကသူ့
ကိုယ်သူအမြဲမြင့်မြင့်မားမားတွေးထင်ပြီး ဝင့်ကြွားစွာနေခဲ့သူဖြစ်သည်။သူကသူ့ကိုယ်သူ တော်ဝင်ဆန်သောမျိုးနွယ်စုမှဟု ယုံကြည်ခဲ့သည်။ယခုတော့သူသည် ဤလူငယ်၏ခြေဖဝါးအောက်၌ ရက်ရက်စက်စက်ကို နင်းခြေခံနေရသည်။သူကမြေပြင်ပေါ်တွင်လဲလျောင်းနေပြီးသူ၏အဝတ်များက စုတ်ပြဲနေကာ ဖုန်များဖြင့်ပေကျံနေသည်။သူ၏ပုံစံမှာ ခွေးသေကောင်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
“အိုး..အူး..အား”
ရှစ်ဖုန့်၏ခြေထောက်အောက်ရှိအမျိုးသားမျာ အပြင်းအထန်ရုန်းကန်နေပြီး ညည်းညူသံများထွက်ပေါ်နေ၏။ ဤအချိန်တွင်သူ့အနေဖြင့်တကယ့်ကို ခွေးတစ်ကောင်၏ညည်းညူသံ
နှင့်တူညီနေသည်။
ရှစ်ဖုန့်ကသူ၏ညာခြေထောက်အားလှုပ်ရှားလိုက်ပြီး အမှောင်နတ်သူငယ်အမျိုးသား၏ ဦးခေါင်းထက်မှဖယ်ရှားလိုက်သည်။
ဤအချိန်တွင် မျက်နှာတွင် ဖုန်များဖြင့်ပေရေညစ်ပတ်နေသော အမှောင်နတ်သူငယ်အမျိုးသားက သူ၏ဦးခေါင်းကိုရုတ်တရက်မော့လိုက်သည်။
သူ၏မျက်နှာက ကြမ်းကြုတ်သော မျက်နှာထားကြောင့် ရှုံ့မဲ့နေသည်။သူကရှစ်ဖုန့်အား ပြင်းပြင်းထန်ထန်ကို ပြောဆိုလိုက်သည်။
“မင်း..မင်းငါ့ကိုဘယ်လိုတောင်အရှက်ခွဲရဲတာလဲကွ..မင်းက အဆင့်အတန်းမြင့်မားတဲ့ အမှောင်နတ်သူငယ်မျိုးနွယ်စုကို
အရှက်ခွဲနေတာပဲ..မင်းသေဖို့ထိုက်တန်တယ်”
“ပြီးတော့ မင်းတို့အားလုံးရော…”
အမှောင်နတ်သူငယ်အမျိုးသားက ရုတ်တရက်မြွေလူသားများထံသို့
အဆိပ်ရှိသော မြွေတစ်ကောင်ကဲ့သို့လှည့်လိုက်သည်။
ကြမ်းကြုတ်ခက်ထန်သောအမူအယာဖြင့်အံကိုတင်းတင်းကြိတ်ကာ ဒေါသအမျက်ချောင်းချောင်း
ထွက်စွာဖြင့်ပြောလိုက်သည်။
“မင်းတို့မြွေလူသားတွေက အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့အမိန့်ကို မလိုက်နာဘဲပြုမူရဲတယ်..မင်းတို့က လူသားမျိုးနွယ်စုနဲ့ပူးပေါင်းပြီးတော့ အမှောင်နတ်သူငယ်မျိုးနွယ်စုကို ဆန့်ကျင်ဖို့ကြံစည်ရဲတယ်..
မင်းတို့တွေသေရမယ်..မင်းတို့အားလုံးသေရမယ်ကွ..မြွေလူသားမျိုးနွယ်စုတစ်ခုလုံး အမြစ်ဖျက်သုတ်သင်ခံရမယ်”
အမှောင်နတ်သူငယ်အမျိုးသားက နောက်ဆုံးစကားအားပြောချိန်တွင် အံကိုတင်းတင်းကြိတ်ပြီး ကြမ်းကြုတ်ခက်ထန်စွာပြောဆိုလိုက်သည်။
သူ၏ကြမ်းကြုတ်ခက်ထန်သောအမူအယာက အကယ်၍ သူကမြွေသားများအား သေသည်အထိကိုက်ခဲပစ်ချင်
နေသကဲ့သို့ပင်ဖြစ်သည်။
သူ၏အသွင်အပြင်နှင့်အသံက အနက်ရှိုင်းဆုံးသောငရဲတစ်နေရာမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။
အမှောင်နတ်သူငယ်အမျိုးသား
အားရင်ဆိုင်နေရသော မြွေလူသားများမှာ သူတို့၏နှလုံးသားထဲအထိအေး
စိမ့်မှုကိုခံစားလိုက်ရသည်။
“သောက်ပေါက်ကရတွေ..မင်းကမင်းရောက်နေတဲ့အခြေအနေကိုနားမလည်ဘူးပဲ”
ရှစ်ဖုန့်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး အမှောင်နတ်သူငယ်အမျိုးသားအား အထင်သေးစွာကြည့်လိုက်သည်။
ထို့နောက်သူက သူခြေထောက်အား အမှောင်နတ်သူငယ်အမျိုးသား၏ ခေါင်းပေါ်သို့နောက်တစ်ကြိမ်ထပ်မံ၍ ဆောင့်နင်းချလိုက်ပြီး ၎င်း၏ အထက်တန်းကျသည်ဆိုသော
မျက်နှာအားမြေပြင်နှင့်ထပ်မံ၍ မိတ်ဆက်သွားစေသည်။
“အား..ဝူး..ဝူး..ဝူး.”
အမှောင်နတ်သူငယ်အမျိုးသားမှာ နောက်တစ်ကြိမ်ထပ်မံ၍ မြေပြင်ပေါ်တွင် ပြင်းထန်စွာရုန်းကန်နေပြီး “အား..အား..အား ..ဝူး.ဝူး.” ဟူသောအသံများကို ထပ်မံ၍ ထွက်ပေါ်စေသည်။
အပြင်းအထန်ရုန်းကန်ပြီး အသံများထွက်နေသော အမှောင်နတ်သူငယ်အမျိုးသား
အားကြည့်ရင်း ရှစ်ဖုန့်က မျက်မှောင်ကြုတ်၍ စိတ်မကျေနပ်စွာပြောလိုက်သည်။
“အရမ်းဆူညံတာပဲ..ခွေးတစ်ကောင်တောင် ဘယ်လိုတိတ်တိတ်နေရမယ်ဆိုတာကိုသိတယ်..ဒီလိုဆိုမှတော့လည်း လုံးဝတိတ်သွားအောင်လုပ်ရတာပေါ့”
ရှစ်ဖုန့်ကစကားပြောရင်း သူ၏ညာလက်အားဓားပုံစံပြုလုပ်ကာ အောက်သို့ညင်သာစွာလွှဲယမ်းလိုက်သည်။ ရုတ်တရက် အမှောင်နတ်သူငယ်အမျိုးသား၏ လည်ပင်းပေါ်တွင် အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်။အလင်းရောင်ပျောက်ကွယ်သွားသောအခါတွင် သွေးနီရောင်အစင်းကြောင်းတစ်ခုက အမှောင်နတ်သူငယ်အမျိုးသား၏ လည်ပင်းနောက်ကျောထက်
တွင်ပေါ်လာသည်။တောက်ပနီရဲသောသွေးတို့က အစင်းကြောင်းမှာ ပေါက်သွားသောရေအိတ်ကဲ့သို ပန်ထွက်လာသည်။
“ဒါက…သူသေသွားပြီ”
အမှောင်နတ်သူငယ်အမျိုးသား၏
လည်ပင်းနောက်ကျောထက်မှ ပန်းထွက်လာသော သွေးများအားကြည့်ကာ မြွေလူသားတစ်ယောက်က အသံတိုးတိုးဖြင့်အလန့်တ
ကြားပြောလိုက်သည်။
သူတကယ်သေသွားခဲ့ပြီဖြစ်သည်။ အမှောင်နတ်သူငယ်တစ်ယောက်က မြွေလူသားနယ်မြေထဲတွင် ဤကဲ့သို့ဖြင့်သေဆုံးသွားခဲ့သည်။
ယခုအခါတွင် မြွေလူသားမျိုးနွယ်စုနှင့် အမှောင်နတ်သူငယ်မျိုးနွယ်စု တို့၏ ကြားက စစ်ပွဲက ရှောင်လွှဲ၍ မရနိုင်တော့ပေ။
“ဟမ့်.သူသေသွားတော့ရောဘာဖြစ်လဲ…
အခုဆို အရှင်တမာန်တော်က ငါတို့မြွေလူသားနယ်မြေကပဲ ဘာလို့ငါတို့က အမှောင်နတ်သူငယ်တွေကိုကြောက်ရမှာလဲ..”
မြွေလူသားတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။
“နှစ်ပေါင်းများစွာ အမှော်နတ်သူငယ်မျိုးနွယ်စုက သဲကန္တာရထဲမှာကြီးစိုးနေခဲ့ပြီး အခြားမျိုးနွယ်စုတွေကိုနှိမ့်ချရှုမြင်နေခဲ့တာ.မင်းသမီးဇီယာက သူတို့ရဲ့မင်းသားကို ကြင်နာသနားလို့ကယ်တင်ခဲ့တာတောင် သူတို့က ကျေးဇူးမတင်တဲ့အပြင် မင်းသမီးဇီယာကို သူတို့မင်းသားနဲ့လက်ထပ်ဖို့ကို ငါတို့မြွေလူသားတွေကို ခြိိမ်းခြောက်ရဲတယ်..အမှောင်နတ်
သူငယ်မျိုးနွယ်စုက တို့မြွေလူသားတွေကို နှိမ့်ချရှုမြင်နေခဲ့တာ..ဒီတော့ငါတိုမြွေလူသားတွေကလည်းသူတို့ကိုတိုက်ခိုက်ရမယ်..
ကျေးဇူးပြုပြီးတော့ အမှောင်နတ်သူငယ်မျိုးနွယ်စုကို ရင်ဆိုင်စစ်ပွဲဖြစ်ဖို့ဦးဆောင်ပေးပါ”
“ဟုတ်တယ်..အရှင်အောင်းပါမှန်တယ်.. အမှောင်နတ်သူငယ်တွေကို တိုက်ခိုက်ကြစို့”
“သူတို့ကို တိုက်ကြရအောင်….အမှောင်န
တ်သူငယ်မျိုးနွယ်စုနဲ့ သဲကန္တာရထဲက အခြားသောမျိုးနွယ်စတွေကို ငါတို့ရဲ မြွေလူသားမျိုးနွယ်က အလွယ်တကူ အနိုင်ကျင့်လို့ရတာမဟုတ်ကြောင်း
ပြချင်တယ်”
“ကျေးဇူးပြုပြီး အမှောင်နတ်သူငယ်တွေကိုတိုက်ခိုက်ဖို့အတွက် ကျွန်ုပ်တို့ကိုဦးဆောင်ပေးပါ အရှင်တမာန်တော်”
ရှစ်ဖုန့်ချပြသောစွမ်းအားအား မျက်မြင်တွေ့ပြီးနောက် အခြားသော မြွေလူသားများ ၏အရှိန်အဝါအောက်တွင် သူတို့၏သွေးများကဆူပွက်လာကြသည်။
ဇီယာ၏ ကိစ္စကြောင့်ဖိနှိပ်ထိန်းချုပ်ထားခဲ့ရသော ခံစားချက်များက ရုတ်တရက်ပေါက်ကွဲထွက်လာသည်။
ဤအချိန်တွင်ရှစ်ဖုန့်က ဤမြွေလူသားအဖွဲဝင်များအား ပြန်လည်၍ ဖြေဆိုခြင်းမရှိချေ။သူကသူ၏
ညာလက်ဖဝါးအား အမှောင်နတ်သူငယ်အမျိုးသား၏ အလောင်းထံသို့ထိုးညွှန်လိုက်သည်။
ရှစ်ဖုန့်၏ ဆန်းကြယ်သော စွမ်းအားအောက်၌ ရုတ်ခြည်းဆိုသလို အမှောင်နတ်သူငယ်အမျိုးသား၏ လည်ပင်း မှသွေးတို့က ရေပန်းကဲ့သို့ပို၍ ပြင်းထန်စွာ ပန်းထွက်လာသည်။၎င်းကရှစ်ဖုန့်၏လက်ဖဝါးအား ဖြန်းပက်ရွှဲဆိုသွားပြီး ရုတ်ခြည်းဆိုသလို ရှစ်ဖုန့် လက်ဖဝါး၏စုပ်ယူမှုကိုခံလိုက်ရသည်။
မြွေလူသားမျိုးနွယ်တို့၏ အကြည့်များအောက်တွင်ပင် အမှောင်နတ်သူငယ်အမျိုးသား၏
အလောင်းမှာ လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ရှုံ့တွသွားသည်။ပကတိအတိုင်းကျန်ရှိနေဆဲဖြစ်သော၎င်း၏
ဦးခေါင်းမှလွဲ၍ အောက်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးက မကြာခင်တွင် သဲကန္တာရအတွင်းနှစ်ထောင်
ပေါင်းများစွာကျော်လွန်ပြီး
နောက်ဆွေးမြေ့သောအလောင်းတစ်ခုကဲ့သို့ ခြောက်သွေ့သောအလောင်း
တစ်ခုဖြစ်သွားသည်။
ထို့နောက်ချက်ချင်း သူတို့၏တမာန်တော်ခန္ဓာကိုယ်ပေါ်၌ ရုတ်တရက် အဖြူရောင်အလင်းတစ်ခုလင်း
လက်လာသည်ကို အားလုံးမြင်တွေ့လိုက်ကြရသည်။
ဆက်ရန်..
ဘာသာပြန်သူ- ARISE