← Chapters

သူ၏ နောက်ခံ ကို သိသွားပြီ။

Vol. 2 Ch. 44

သူ၏ နောက်ခံ ကို သိသွားပြီ။

Vol. 2 Ch. 44

ချုယွမ်ရဲ့ စကားများက ရှိနေတဲ့သူတိုင်းကို ထိတ်လန့်သွားစေ၏။

ဟုတ်ပါတယ်၊ ခြွင်းချက်လုရှန်းလည်း ထိတ်လန့်နေ၏။

ခရိုင်တရားသူကြီးရဲ့ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ချုစစ်ဟန်ကို ဦးညွှတ်၏။

"လူကြီးမင်းမှာ သက်သေရှိလား?”

"သက်သေ?" ချုယွမ် အပြင်ဘက်ကို အော်လိုက်တယ်။ "သူတို့ကို ဒီခေါ်ခဲ့။"

ခဏအကြာတွ အရာရှိဝမ်နှင့် အရာရှိ ၂ ယောက်တို့ လူနှစ်ယောက်နှင့်အတူ ဝင်လာခဲ့တယ်။

သူတို့မျက်နှာ ဖြူဖျော့ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ရင်း တုန်လှုပ်နေကြသည်။ သူတို့ မှားယွင်းစွပ်စွဲခံရတယ်လို့ အခိုင်အမာဆိုကြသည်။

"မှားယွင်းတယ်?”

ချုယွမ် အေးစက်စွာပြုံးပြီး လူနှစ်ယောက်ရှေ့ စာတစ်စောင်ကို လွှင့်ပစ်လိုက်သည်။ “ဒါက မင်းတို့မိသားစုဆီ ရေးတဲ့စာပဲ။ ကျန့်ဝေက မင်းတို့ကိစ္စပြီးတဲ့အခါ ငွေပေးမဲ့ကိစ္စနဲ့ မင်းတို့ထွက်သွားမဲ့အကြောင်းတွေ ပြောထားတယ်။ သူ့စကားပြန်ရုတ်သိမ်းလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ဘူး။”

ဒီအကြောင်းပြောတော့ သူတို့မျက်နှာပေါ် နာကြည်းချက်တချို့ ချက်ချင်းထွက်ပေါ်လာ၏။

သူတို့ထဲက တစ်ယောက်က အံကြိတ်ပြီး “မှန်တယ်။ သခင်လေးကျန့်က ငါတို့ကို လုပ်ခိုင်းတယ်။ အဆိပ်လည်းပေးတယ်။ ဒါတွေအားလုံးကို လုပ်ခိုင်းတယ်။ ငါတို့ သူ့အမိန့်ကို လိုက်နာခဲ့တယ်။”

“ငါ သူတို့ကို မှတ်မိတယ်။ တကယ်က သူတို့က သခင်လေးကျန့်ရဲ့ လက်အောက်ငယ်သားတွေ။”

“အရင်တုန်းကတော့ ဒီလူနှစ်ယောက်က ငါ့ခေါက်ဆွဲစားသောက်ဆိုင်မှာ အလကားစားရဖို့ သခင်လေးကျန့်ရဲ့ ကျောထောက်နောက်ခံကို အားကိုးဖူးတယ်။ ငါ သူတို့ကို မှတ်မိတယ်။"

ချုယွမ် ရှေ့ကို လျှောက်လာပြီး "ကန်းမိသားစုရဲ့ ရတနာတွေ ဘယ်မှာ ဝှက်ထားလဲဆိုတာ လူကြီးမင်း ရှန်းကွမ်းက ကျန့်ဝေကို စစ်ဆေးမေးမြန်းဖို့ပဲ လိုတယ်။"

ချုယွမ် စကားပြောနေရင်းက စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ခရိုင်တရားသူကြီးကို ပေးလိုက်တယ်။ "ဒါက ကျန့်ဝေဟာ အမှောင်ခန်းမထဲက လုပ်ကြံသတ်ဖြတ်သူတွေကို ငှားရမ်းပြီး ကန်းအိမ်တော်ကနေ လုယက်တာကို ခွဲထုတ်ခဲ့တဲ့ အထောက်အထားတွေ။ လူကြီးမင်းရှန်းကွမ်း တခြားအထောက်အထားတွေလိုသေးလား?”

“လူကြီးမင်းမှာ အထောက်အထားရှိတယ်ဆိုမှတော့၊ လူကောင်းကို မညှဉ်းဆဲဝံ့တာ သဘာဝပါပဲ။ အားမင်၊ ဒါက မင်းနဲ့မဆိုင်ဘူးဆိုတော့ မင်းထွက်သွားလို့ရပြီ။"

ခရိုင်တရားသူကြီး အားမင်အား ပြတ်ပြတ်သားသား စကားမပြောမီ ချုစစ်ဟန်အား ရိုသေစွာ ဦးညွှတ်၏။

ဒါကိုကြားချိန်တွင် ယုမင်ယွဲ့ အားမင်ကိုခေါ်ပြီး အတူ မထွက်ခွာခင် ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောခဲ့သည်။

ကန်းရူမားလည်း သက်ပြင်းချကာ သူတို့ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

လုရှန်း လူအုပ်ထဲမှ တိတ်တဆိတ် မထွက်သွားခင် ချုစစ်ဟန်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။

ဒီ'တရားသူကြီး'သည် မည်သူဖြစ်သည်ကို သူမ ခန့်မှန်းနိုင်ပြီ။

ခရိုင်တရားသူကြီးသည် အကျင့်ပျက်ခြစားသော အရာရှိအို တစ်ယောက်လို့ သူမ ခန့်မှန်းချိန်တွင် ချုစစ်ဟန်ရဲ့ အမူအရာက အလွန်ရုပ်ဆိုးသွားတာ အံ့သြစရာမဟုတ်တော့။

သူရဲ့ မျက်လုံးများထဲက တင်းမာမှုနှင့် အခွင့်အာဏာသည် သာမန်လူငယ်တစ်ဦး ပိုင်ဆိုင်ရမည့်အရာဟုမထင်ရဘူး။

လုရှန်း သူမ နဖူးကို ရိုက်လိုက်သည်။ သူမ ဘယ်တုန်းက ဒီလို ညံ့ဖျင်းတဲ့ အကဲဖြတ်မှုမျိုးလုပ်ခဲ့မိလဲ?

သူမကိုယ်သူမ တကယ်ရှက်မိတယ်။

"တာအိုဆရာမ ဘယ်သွားမလို့လဲ?”

ကန်းရူမား ထွက်သွားတာကိုမြင်တော့ သူမ၏ အနောက်အမြန်ပြေး လိုက်သွား၏။

လုရှန်း လမ်းဘက်ပြန်လှည့်ပြီး တိုးတိုးလေးပြော၏။ "ကန်းအိမ်တော်ထဲက ဝိညာဉ်တွေအားလုံး နှိမ်နင်းပြီး မရုန်းထွက်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူးလား။ ငါ့ကို အဲဒီကို ခေါ်သွား။"

"ဆရာမ သဘောတူတယ်လား?” ကန်းရူမားရဲ့ မျက်လုံးများ တောက်ပသွား၏။ “စိတ်မပူပါနဲ့ ဆရာမရဲ့ တာဝန်ပြီးရင် ကျွန်မ ဆုချမယ်။"

လုရှန်းက 'အမျိုးသမီးတစ္ဆေ' ကတိကို သဘောမတူဘူး။

သူတို့နှစ်ယောက်လုံး ကန်းအိမ်တော်သို့ရောက်သောအခါ ကန်းရူမား တိုက်ရိုက်ဝင်ရောက်သည်။

လုရှန်း တခြားသူတွေ သတိထားမိသွားမှာစိုးသည်။ ထို့ကြောင့် အိမ်ထဲမဝင်ခင် ‘ကိုယ်ပျောက်ဂါထာစာရွက်' ကြိုကပ်ထားတာပိုကောင်းမည်။ တံခါးကို ဆွဲချပြီး တွန်းဖွင့်လိုက်ပြီးနောက် သူတို့နှင့် ဆန့်ကျင်ဘက် လမ်းကြားမှ လမ်းလျှောက်ထွက်လာသည့် လူအနည်းငယ်ကိုမြင်ပြီး ကြောက်လန့်သွား၏။ သူတို့ အရမ်းထိတ်လန့်သွားပြီး သူတို့ ဘောင်းဘီကို နင်းမိလုနီးပါးပင်။

"ကန်း။ ကန်းအိမ်တော်ရဲ့ တံခါး။ အခုဖွင့်နေတယ်?“

"ပိတ်သွားပြန်ပြီ!"

“သရဲ!”

ကျန်တဲ့သူတွေရဲ့ ဘောင်းဘီတွေ ချက်ခြင်း စိုရွှဲကုန်တယ်။

ခဏကြာတော့ ကန်းအိမ်တော်မှာ သရဲခြောက်တဲ့ အဖြစ်အပျက် တောမီးလို ပျံ့နှံ့သွားတော့သည်။

All Chapters