← Chapters

ငွေအတွက် ဘာမဆို လုပ်မည့်သူ

Vol. 62 Ch. 859

ငွေအတွက် ဘာမဆို လုပ်မည့်သူ

Vol. 62 Ch. 859

တာအိုအဆိပ်သခင်၏မျက်နှာ၌ အထင်သေးသည့် အမူအရာရှိသော်လည်း  အလင်း၏ဓားပျံကို ကြည့်နေသည့် သူ့မျက်လုံးများမှာ လောဘတို့ဖြင့် ပြည့်နှက်သွားသည်။ သူ့တွင် စူးရှထက်မြတ်သော အမြင်အာရုံကို ပိုင်ဆိုင်ထားပြီး ငယ်စဉ်ဘ၀ သူ့ဆရာနောက် လိုက်ခဲ့စဉ်တုန်းက ပျံသန်းရန် ဓားများကို ထိန်းချုပ်သည့် ကျင့်ကြံသူများအား တွေ့ခဲ့ဖူးလေသည်။

ကံမကောင်းစွာနှင့် သူ၏ဂိုဏ်းမှာ ဓားပျံကို ထိန်းချုပ်နိုင်ရန်အတတ်မဆိုထားနှင့် ဓားပျံကို သန့်စင်နိုင်သည့် အမွေအနှစ်ကိုပင် မပိုင်ဆိုင်ခဲ့ချေ။ သူ့လိုကျင့်ကြံသူတစ်ယောက်တွင် ဓားပျံကဲ့သို့ မှော်လက်နက်မျိုး မပိုင်ဆိုင်ခဲ့သဖြင့် အကြိမ်များစွာ စိတ်မကြည်မသာ ဖြစ်ခဲ့ရဖူးသည်။

“အာကျယ်နေလို့ ဘာမှအသုံးမ၀င်ဘူး ခွေးကောင်”

ဝာာအိုအဆိပ်သခင်က ဓားပျံထံမှ အကြည့်ခွာလိုက်ပြီး သူ၏လက်ညှိုးကို တောက်လိုက်၏။

တာအိုအဆိပ်သခင်ကို မျက်ခြေမပြတ်အကဲခတ်နေခဲ့သော အလင်းသည် သူ လက်ညှိုးတောက်လိုက်သည်ကို သတိထားမိသွား၏။ သူက လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးကြားသို့ ချက်ချင်း ပျံသန်းသွားသည်။ သူ၏ဓားပျံများက လေတွင်ဝဲပျံကာ စက်ဝိုင်းပုံစံ ဖော်ဆောင်လိုက်ပြီး သူ၏လက်များက မိန်းကလေးနှစ်ယောက်၏ပခုံးကို ဆွဲကိုင်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ဓားပျံပေါ်တက်သွားပြီး ချင်းချန်တောင်ရှိရာ မြောက်ဘက်သို့ ပျံသန်းသွား၏။

“ထွက်ပြေးချင်တယ်ပေါ့လေ”

အလင်းမှာ သူထုတ်လွှတ်မည့် အဆိပ်ငွေ့ကို ကြိုတင်သိရှိသွားသည်အထိ အားကောင်းလိမ့်မည်ဟု တာအိုအဆိပ်သခင် ထင်ထားခဲ့ချေ။ သူ၏ခန္ဓာကိုယ်က အရိပ်အဖြစ်ပြောင်းလဲသွားပြီး လိုက်ဖမ်းတော့သည်။ အလင်းသည် သူ၏ဓားပျံအား အလွန်လျင်မြန်စွာ ပျံသန်းနိုင်အောင် ထိန်းချုပ်နိုင်ကြောင်း အံ့အားသင့်ဖွယ်ကောင်းစွာ သိရှိခဲ့ရလေသည်။ သူသည် လူနှစ်ယောက်ကို သယ်ထားသော်လည်း သူ၏ပျံသန်းနှုန်းမှာ တာအိုအဆိပ်သခင်နှင့် ထပ်တူကျနေချေသည်။

တကယ်ကို ရတနာတစ်ခုပဲ

တာအိုအဆိပ်သခင်၏လောဘမှာ ပို၍အားကောင်းလာပြီး သူက အမြင့်ဆုံးအထိ အရှိန်တင်ကာ လိုက်ဖမ်းတော့သည်။ အသက်ဆယ်ရှိုက်ကြာသော် သူတို့သည် စီရင်စုကို ဖြတ်ပြီး ချင်းချန်တောင်အပြင်ဆုံးပိုင်းရှိ တောင်ထိပ်တစ်ခုပေါ် ရောက်လာကြ၏။

ချင်းလင်စီရင်စု ပြည့်သူလုံခြုံရေးအဖွဲ့၏ ဂိတ်၀တွင်။

ထန်ရှု၏မျက်လုံးများက စူးရှတောက်ပသွားပြီး ရုတ်တရက် ကောင်းကင်၏ အရှေ့မြောက်ဘက်သို့ မော့ကြည့်လိုက်သည်။ သူသည် မြောက်ဘက်သို့ လျှပ်စီးသမျှအမြန်နှုန်းဖြင့် ပျံသန်းနေသော လူရိပ်များအား ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။

‘အလင်း၊ လျှပ်စီးမိန်းကလေးနဲ့ ရေမိန်းကလေးပဲ။ လိုက်ဖမ်းနေတဲ့လူက တာအိုအဆိပ်သခင် ဖြစ်ရမယ်'

ထန်ရှုက လက်သီးဆုပ်လိုက်ပြီး ကိုယ်ပျောက်မန္တန်အား ကျန်လူသုံးယောက်အပေါ် လွှမ်းမိုးစေလိုက်သည်။ ထို့နောက် သူက ၀မ်ရွီ၏ပခုံးကို ဆုပ်ကိုင်ကာ ပျံသန်းသွား၏။

ချင်းချန်တောင်တစ်ဝိုက်ရှိ တောင်ထိပ်ပေါ်တွင်။

လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့အား မြေပြင်ပေါ်ချပြီးနောက် ပြုံးနေသည့် အလင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ ရေမိန်းကလေးမှာ ဒဏ်ရာရဟန်မရှိသော်လည်း ဓားမြှောင်တစ်လက်ကို ဆုပ်ကိုင်ကာ နောက်သို့ ရိပ်ခနဲ မီတာအနည်းငယ် ဆုတ်သွား၏။ အခြားတစ်ဖက်တွင် လျှပ်စီးမိန်းကလေးမှာမူ အလင်း၏ခန့်ညားချောမောသော မျက်နှာကိုကြည့်ရင်း ပြုစားခံထားရသည့်အလား ငေးကြောင်နေသည်။

ထိုမြင်ကွင်းက အလင်းအတွက် အတော်လေး ရယ်စရာကောင်းပေသည်။ သူက လျှပ်စီးမိန်းကလေး၏မျက်နှာလှလှလေးကို ပုတ်၍ ရယ်ကာ ပြော၏။ “ဟေ့ အလှလေး။ ထတော့”

“ဟမ် ဘာလဲ”

လျှပ်စီးမိန်းကလေးမှာ အိပ်မက်မှနိုးလာသည့်အလားပင်။ သူမကိုယ်သူမ မည်မျှ အချစ်ရူးပုံစံပေါက်နေကြောင်း သတိထားမိသွားသောအခါ သူမမျက်နှာလေးမှာ ခရမ်းချဉ်သီးတမျှ နီရဲသွားသည်။ သူမက ယိုင်တိယိုင်တိုင်ဖြင့် နောက်သို့‌ ‌ခြေနှစ်လှမ်းဆုတ်ပြီးနောက် အင်္ကျီစကို တွန့်ချေနေမိ၏။

တာအိုအဆိပ်သခင်မှာ သူတို့ထံမှ ဆယ်မီတာအကွာတွင် မြေပေါ်ဆင်းလိုက်ပြီး သူ၏အိတ်ထဲမှ အနက်ရောင်လက်အိတ်များကို ထုတ်ကာ ‌၀တ်လိုက်သည်။ အလင်း၏အရှိန်ကား မြန်ဆန်လွန်းသည်။ သူသည် သူ၏စွမ်းအားအပေါ် ယုံကြည်ချက် ရှိသော်လည်း ဤအခိုက်အတန့်တွင် သတိထားရပေလိမ့်မည်။

“မင်းရဲ့ ဓားပျံကို ပေးရင် အသက်ချမ်းသာပေးမယ်။ ခွေးကောင်လေး”

“ဝိုး ခင်ဗျားက မြန်သားပဲ အဘိုးကြီး” အလင်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြော၏။ “ခင်ဗျားရဲ့ ကျင့်ကြံခြင်းကလည်း ရွှေအမြုတေအလယ်လတ်အဆင့် ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး။ သူရဲ့ဆရာအဘိုး သတိမထားမိတဲ့အချိန်မှာ အဆိပ်နဲ့တိုက်နိုင်ခဲ့တာ မဆန်းပါဘူး။ ကျုပ် ခင်ဗျားကို တစ်ယောက်တည်းမတိုက်နိုင်ဘူးဆိုတာ ၀န်ခံရမယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျုပ် ထင်တာမှန်ရင် ခင်ဗျားကို လက်စသတ်ပေးဖို့ ဆရာအဘိုးမကြာခင်‌ ရောက်လာလိမ့်မယ်”

သူ့ရဲ့ ဆရာအဘိုးလား

တာအိုအဆိပ်သခင်၏အမူအရာ ပြောင်းလဲသွားပြီး သူက အံ့အားသင့်စွာဖြင့် မေး၏။ “မင်းရဲ့ ဆရာအဘိုးက ဘယ်သူလဲ”

“ကျွတ် ကျွတ်....ခင်ဗျားလည်း အသက်ကြီးလာတော့ မှတ်ဉာဏ်တွေမကောင်းတော့ဘူး ထင်ပါတယ်” အလင်းက ခေါင်းခါရမ်းလျက် ပြုံးကာ ပြောသည်။ “ခင်ဗျား ကျုပ်ရဲ့ဆရာအဘိုးကို အဆိပ်နဲ့ အလစ်တိုက်ခဲ့တာလေ။ မကြာသေးခင်ကတောင် ချင်းချန်ဘုန်းကြီးကျောင်းမှာ ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်လေ”

တာအိုအဆိပ်သခင်၏သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက လေးပင်စွာ အော်ဟစ်လိုက်၏။ “အဲ့ဒီကောင်လေးလား။ သူက...မင်းရဲ့ဆရာအဘိုးပေါ့။ လာနောက်နေတာလားကွ။ သူရဲ့ခွန်အားက အလွန်ဆုံးမှ မင်းနဲ့တူတူလောက်ပဲ။ ဘယ်လိုလုပ် မင်းရဲ့ဆရာအဘိုးဖြစ်နိုင်မှာလဲ”

ဝှစ် ဝှစ် ဝှစ်။

တာအိုအဆိပ်သခင်၏ရှေ့တွင် လူရိပ်အချို့က ဖြတ်ခနဲ ပေါ်လာ၏။ ထန်ရှုက ၀မ်ရွီကို အောက်သို့ ချလိုက်ပြီး အေးစက်စွာ ပြောလေသည်။ “ကျုပ်ခွန်အားက သူ‌နဲ့တန်းတူဖြစ်နေရင်တောင် ဘာလို့ ဆရာအဘိုးမဖြစ်နိုင်ရတာလဲ”

“တကယ်ပဲ မင်းပါလား” တာအိုအဆိပ်သခင်မှာ အံ့ဩမှင်သက်သွား၏။ “ဒါပေမဲ့ မင်း အဆိပ်မိသွားတယ်လေ။ ငါတောင် မင်းကို ထိုးချခဲ့သေးတယ်။ အခု ဘယ်လိုလုပ်...”

“ကျုပ် ဘာလို့ဘာမှမဖြစ်သွားတာလဲ သိချင်တယ်ပေါ့လေ” ထန်ရှုက မှုန်ကုပ်ကုပ် ရယ်လျက် ပြောသည်။ “ကျုပ်မှာ ခင်ဗျားရဲ့အဆိပ်ကိုတောင် ဖယ်နိုင်စွမ်းမရှိရင် ဘယ်လိုလုပ် ဆရာအဘိုးဖြစ်ထိုက်တော့မလဲ။ ဝာာအိုအဆိပ်သခင် ခင်ဗျားက ကျုပ်ကို အဆိပ်ခတ်ပြီး ရန်စခဲ့တာတောင် ချင်းချန်တောင်မှာ နေရဲသေးတယ်။ ခင်ဗျားကို ခင်ဗျား ပြိုင်ဘက်ကင်းတယ် ထင်နေတာလား”

တာအိုသခင်မှာ လျှို့ဝှက်စွာ သတိကပ်ထား၏။ သူသည် ထန်ရှု ခေါ်လာသော လူများအား စစ်ဆေးပြီးဖြစ်လေသည်။ သူတို့ထဲမှ နှစ်ယောက်မှာ အလွန်အားနည်းသော်လည်း ကျင့်ကြံသူများဖြစ်ကြပြီး တစ်ယောက်က သိုင်းပညာလေ့ကျင့်ထားသော သာမန်လူတစ်ယောက် ဖြစ်ချေသည်။

သို့သော် ထန်ရှုတို့နှစ်ယောက်ကား ရွှေအမြုတအဆင့်ရှိသည့် ရန်သူနှစ်ယောက် ဖြစ်ပေသည်။ တစ်ယောက်က မှော်မန္တန်များ ပိုင်ဆိုင်ထားပြီး‌ နောက်တစ်ယောက်တွင် မှော်ဓားပျံတစ်လက် ရှိ၏။ သူသာ ထိုနှစ်‌ယောက်နှင့် ယှဉ်တိုက်ပါက အသာစီးယူနိုင်မည်မဟုတ်ချေ။

‘ဒါဆိုလည်း အဆိပ်ပေါ့...’

၎င်းကား သူ၏စွမ်းအားအကြီးဆုံး အောင်ဖဲတစ်ချပ် ဖြစ်လေသည်။ အင်အားကြီးရန်သူနှစ်ယောက်ဖြစ်သည့်အတွက် သူက ခါးမှ ကြွေအိုးအားဖြုတ်ကာ အဖုံးဖွင့်လိုက်၏။ အထဲမှ ‌အဆိပ်ပျားနှစ်ကောင် ပျံထွက်လာသည်။ ပျားများက ထန်ရှုတို့ကို တိုက်ရိုက်မတိုက်ခိုက်ဘဲ အနက်ရောင်မြူငွေ့နှစ်စိုင်ကို ထုတ်လွှတ်လိုက်၏။

ထန်ရှုက ၎င်းကို သတိထားမိသွားပြီး အဆိပ်ကာကွယ်ဆေးလုံးတစ်လုံးကို အလင်းထံ ပစ်ပေးလိုက်ပြီး  နောက်တစ်လုံးကို ဆယ်မီတာကျော်ရှိ တောင်စွန်းတစ်ခုဆီ ပစ်လိုက်သည်။ “အဲ့ဒီဆေးကို သောက်လိုက်”

အလင်းက တုံ့ဆိုင်းမ‌‌နေဘဲ ဆေးလုံးကို မြိုချကာ တရိုတသေ ပြော၏။ “ဆရာအဘိုး တပည့်ရောက်ပါပြီ။ ဒီလူကို ရှင်းပစ်လိုက်ရမလား။ သူ့ကို မြုပ်စရာနေရာမလိုအောင် မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်ပါတယ်”

“သူ့ကို လျှော့မတွက်နဲ့” ထန်ရှုက ခပ်ဖွဖွ ပြောသည်။

“နားလည်ပါပြီ”

အလင်း၏လက်ထဲတွင် ကျောက်စိမ်းပုလွေတစ်ခု ပေါ်လာပြီး ဓားပျံက သူ့အနားတွင် ဝဲပျံနေသ‌ဖြင့် သူကပြုံးလိုက်သည်။ ထိုစဉ် ကျောက်စိမ်းပုလွေထံမှ တေးသွားတစ်ခုက ပျံ့လွင့်လာ၏။

အလင်း၏ပုလွေထံမှ တေးသွားကို ကြားသောအခါ ထန်ရှု၏မျက်လုံးများတွင် အံ့ဩမှင်သက်မှုများ ပြည့်နှက်သွားသည်။ သူ၏မျက်နှာအမူအရာမှာ ပျော်ရွှင်ခြင်းသို့ ပြောင်းလဲသွာသည်။ ဓားပျံတေးသွားအား ဂူယန်အာ အလင်းကို သင်ပေးခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဤဓားပျံတေးသွားအား တီထွင်ခဲ့ပြီး ဂူယန်အာဆယ်ကျော်သက်ဘ၀၌ သင်ကြားပေးခဲ့သူမှာ ထန်ရှုပင်။

တာအိုအဆိပ်သခင်က နောက်ဆုတ်၍ လေပေါ်ပျံတက်သွားသည်။ “ငါ့ပျားတွေက မင်းတို့အပေါ် သက်ရောက်မှုမရှိဘူးလား”

“ကျုပ် ခင်ဗျားကို ပြောဖို့ မေ့သွားတယ်ဗျာ။ ခင်ဗျားက ကျုပ်ကို အဆိပ်နဲ့ တိုက်ခိုက်တော့ ကျုပ်မှာ အချိန်ကုန်ခံပြီး အဆိပ်ကာကွယ်ဆေးလုံး ဖော်လိုက်ရရော” ထန်ရှုက လှောင်ပြုံးပြုံး၍ ဆက်ပြော၏။ “ခင်ဗျားပျားတွေရဲ့ အဆိပ်က အခြေတည်ဝိညာဉ်အဆင့် လူတစ်ယောက်ကို မသတ်နိုင်သရွေ့ ကျုပ်တို့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူး”

အဆိပ်ကာကွယ်ဆေးလုံးတဲ့လား...

တာအိုအဆိပ်သခင်၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာပြီး သူ့မှာ ပို၍ သတိကြီးလာ၏။ သူသည် အဆိပ်သခင်ဖြစ်ပြီး သူနှင့်အတူ ရွှေအမြုတေအဆင့်ရှိသည့် ကျင့်ကြံသူများပင်လျှင် သူ၏အဆိပ်ကို ကြောက်ရွံ့ကြလေသည်။ သို့ထိုတိုင် သူအကြောက်ဆုံးအရာမှာ အဆိပ်ပြီးဆေးလုံးများကို ဖော်စပ်နိုင်စွမ်းရှိသည့် စွမ်းအားကြီးလူတစ်ယောက်ပင်။

‘ငါ ဘာလုပ်ရမလဲ'

တာအိုအဆိပ်သခင်မှာ ဆက်တိုက်ရမည်လော ထွက်ပြေးရမည်လော ဝေခွဲမရမဖြစ်နေချေသည်။

အလင်းကမူ သူ့ကို စဉ်းစားရန်အချိန်မပေးချေ။ ပုလွေမှုတ်နေစဉ် သူ၏ဓားပျံသည် စစ်သူကြီး‌တစ်ယောက် ထိန်းချုပ်နေသည့်အလား ဓားပုံရိပ်လွှာများအထပ်ထပ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ကောာင်းကင်ကိုအုပ်မိုး၍ နေကို ဖုံးကွယ်ကာ တာအိုအဆိပ်သခင်ထံ ပြေး၀င်သွားသည်။ ဓားပျံများကို အလိုရှိတိုင်း ထိန်းချုပ်နိုင်သည့် လျှို့ဝှက်အတတ်ကို ကျွမ်းကျင်ရန် လူတစ်ယောက်သည် စိတ်ဝိညာဉ်အာရုံကိုသာ လိုအပ်ပေသည်။ သို့သော် ဓားပျံတေးသွား၏လိုအပ်ချက်ကား ပို၍ ပြင်းထန်၏။ စည်းချက်နှင့် တေးသွား၏အသက်၀င်မှုကြောင့် ဓားပျံသည် စစ်သည်တော်များနှင့် မြင်းထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ စစ်ဗျူဟာပုံစံတစ်ခု ဖော်ဆောင်လိုက်၏။ ၎င်းတို့က ယင်းပုံစံအတွင်း၌ ရန်သူအား အသေသတ်ကြမည့်အလားပင်။

‘ဘာကြီးလဲ’

တာအိုအဆိပ်သခင်မှာ ကြက်သီးများထလာ၏။ သူက နောက်ရှိနေရာလွတ်သို့ ချာခနဲ လှည့်လိုက်သည်။ အလင်းထက် တစ်လွှာမြင့်သော ကျင့်ကြံအဆင့်ကို ပိုင်ဆိုင်ထားသည့်တိုင် ဤတိုက်ကွက်အား ထိပ်တိုက်မရင်ဆိုင်ရဲချေ။ သို့သော် ထိုအခိုက်အတန့်တွင် သူနှင့် ဆယ်မီ‌ကျော်အကွာရှိ လေထုမှာ လှိုင်းဂယက်များ ပေါ်လာ၏။

“ဟမ်”

တာအိုအဆိပ်သခင်မှာ ‌အရှေ့သို့သာ အာရုံစိုက်နေခဲ့သဖြင့် အနောက်ရှိလေထု ပုံပျက်နေမှုအား ယခုမှ သတိထားမိချေသည်။ ၎င်းက သူ့ကို ‌ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်သွားစေ၏။ သူက သတိကြီးစွာဖြင့် အနောက်သို့ ဆုတ်လိုက်မိသည့်အချိန်မှာပင် ဘေးသို့ ရှောင်တိမ်းလိုက်သည်။ သို့သော် ဓားပျံတစ်လက်က လေလယ်တွင် ပေါ်လာပြီး သူ၏ရင်ဘတ်ကို ထိုးစိုက်သွား၏။ သူ့မှာ သူ၏နှလုံးကို မထိအောင် ဆံချည်မျှင်တစ်မျှင်စာမျှသာ ရှောင်တိမ်းလိုက်နိုင်သည်။

“ချီးပဲ”

မိမိ၏ခန္ဓာကိုယ်နှင့်အငွေ့အသက်ကို လေလယ်တွင် ဖျောက်ထားနိုင်သည့်လူများ ရှိလိမ့်မည်ဟု တာအိုအဆိပ်သခင် မတွေးခဲ့ဖူးချေ။ ဓားပျံ သူ၏ရင်ဘတ်အား ထိုးစိုက်သွားသည်နှင့် အရိပ်တစ်ခု ပေါ်လာကာ ဓားပျံအား နောက်တစ်ကြိမ် ထိုးစိုက်သွားအေင် ထိန်းချုပ်လိုက်သည်ကို တွေ့လိုက်ရသည်။

“မျက်လုံးတစ်လုံးနဂါး ထွက်လာပြီး ငါ့ကို ကယ်ပါဦး”

အနက်ရောင်၀တ်ရုံ ၀တ်ဆင်ထားသော ထိုအရိပ်သည် သူ့ကို အပြင်းအထန် ဒဏ်ရာရသွားစေသည်သာမက သူ၏ပြေးပေါက်များကိုပါ ပိတ်လိုက်သည့်အတွက် အမှန်တကယ် ကြောက်ရွံ့သွားချေသည်။ ဓားပုံရိပ်လွှာများကလည်း မျက်စိတစ်မှိတ်အတွင်း သူ့အရှေ့၌ ပေါ်လာ၏။ သူ့ကို ကယ်မည့်သူမရှိလျှင် သေခြင်းနတ်ဘုရားနှင့်‌ တွေ့ဆုံရတော့မည်ဖြစ်ကြောင်း သဘောပေါက်သွားချေသည်။

“တော်တော် ရက်စက်ယုတ်မာတဲ့ ကလေးတွေပါလား”

အနီးရှိ ဝောာင်တစ်လုံးထံမှ လူရိပ်တစ်ခုပြေးထွက်လာပြီး ချက်ချင်း ရောက်လာ၏။ ကြေးပုဆိန်တစ်လက်က ဓားပုံရိပ်လွှာများအား ရိုက်ချလိုက်သည်။ ဓားပုံရိပ်များမှာ ကြေးပုဆိန်ကို ကြေမွမသွားစေနိုင်သဖြင့် ထန်ရှုနှင့်အလင်းတို့ အံ့အားသင့်သွား၏။ ဓားပုံရိပ်အလွှာများမှာ ပုဆိန်၏အားကြောင့် ပျောက်ကွယ်သွားပြီး ဓားပျံမှာ အလင်းထံ ပြန်ရောက်လာသည်။

အနက်ရောင်၀တ်ရုံကို၀တ်လျက် သူမ၏ဓားပျံကို ထိန်းချုပ်နေသော‌အ‌မှောင်သည် တာအိုအဆိပ်သခင်၏ကိုယ်ပေါ်၌ ‌ဒဏ်ရာဆယ်ခုထက်မနည်း ချန်ခဲ့ပြီး အောက်ရှိ တောအုပ်အတွင်း ဖြတ်ခနဲ ၀င်သွားသည်။ စက္ကန့်၀က်အတွင်း သူမ၏ပုံရိပ်မှာ အောက်ရှိချုံပုတ်ထူထူများကြားတွင် ပျောက်ကွယ်သွား၏။

ထန်ရှုက တာအိုအဆိပ်သခင်၏အသက်ကို ကယ်လိုက်သော အဘိုးကြီးအား ကြည့်လိုက်သည်။ သူသည် မျက်လုံးတစ်ဖက်ကန်းနေပြီး မီးခိုးရောင်သန်းသည့် တရုတ်၀တ်စုံကို ၀တ်ဆင်ထားကာ တလွင့်လွင့်ကျနေသည့် အဖြူရောင်ဆံပင်များကို ပိုင်ဆိုင်ထားချေသည်။ သူ၏ကန်းနေသောမျက်လုံးတစ်လုံးအား သားရေမျက်လုံးကာဖြင့် ဖုံးအုပ်ထားရာ အမှန်တကယ်ပင် မျက်လုံးတစ်လုံးသာရှိချေသည်။

“ခင်ဗျားက သူနဲ့ ကြံရာပါလား”

မျက်လုံးတစ်လုံးနဂါးက ဟန်လုပ်၍ ရယ်လိုက်ပြီး သက်ပြင်းချ၏။ “လူငယ်တွေက လူကြီးတွေထက် သာတာပဲ။ ဒီအဘိုးကြီးက မင်းတို့လူငယ်တွေကို လေးစားပါတ‌ယ်။ ငါက ဒီတိုင်း ဒီအဆိပ်အိုကြီးရဲ့ အဖော်လို့ပဲ ပြောကြတာပေါ့။ ‌‌အကြွေးသိမ်းဖို့ အဆိပ်အိုကြီး‌နောက် လိုက်ရင်း ဒီအခြေအနေနဲ့တွေ့ရတာပဲ”

“အဘိုးကြီး တာအိုအဆိပ်သခင်က ခင်ဗျားပေါ် ဘာအကြွေးတင်နေလဲ မသိပေမယ့် သူက ခင်ဗျားအသက်နဲ့ တန်ရဲ့လား” ထန်ရှုက လှောင်ပြုံးပြုံးလိုက်သည်။ “ဒီနေ့ရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသွားပြီ။ သေခြင်းနဲ့ပဲ အဆုံးသတ်ရမယ်။ ခင်ဗျားက အကျိုးအကြောင်မသိဘဲ ၀င်ပါနေတာ။ ခင်ဗျားရဲ့လူ့ကျင့်၀တ်တွေကို ဂရုစိုက်ချင်တာနဲ့ ကျုပ်တို့ကို လျစ်လျူရှုထားလို့ရမယ်မထင်နဲ့”

မျက်လုံးတစ်လုံးနဂါးက တဟားဟားရယ်လျက် ပြောသည်။ “လေမကျယ်စမ်းပါနဲ့ ကောင်လေးရာ။ ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးကွ။ ငါထွက်သွားချင်ရင် မင်းတို့ တားနိုင်မှာမဟုတ်ဘူး။ ငါတို့ တားနိုင်မယ့်လူ ကမ္ဘာပေါ်မှာ ဘယ်နယောက်ရှိမလဲတောင် ငါ အမြဲ တွေးနေကြ။ ဒါပေမဲ့ ငါးယောာက်ကျော်မှာ မဟုတ်‌တာတော့ သေချာတယ်”

All Chapters