← Chapters

တန်ဖိုးထားသင့်သည့်အရာအား မြတ်နိုးတန်ဖိုးထားခြင်း

Vol. 62 Ch. 861

တန်ဖိုးထားသင့်သည့်အရာအား မြတ်နိုးတန်ဖိုးထားခြင်း

Vol. 62 Ch. 861

ဝိညာဉ်နှုတ်ဆူးချွန်ပေါ်လာသည်နှင့် ထန်ရှု၏မျက်လုံးများမှာ တောက်ပလင်းလက်သွားသည်။ သူက ရှစ်ထောင့်အစီအရင်ပျက်စီးသွားသည်ကိုပင် ဂရုမစိုက်ဘဲ ဆူးချွန်နောက်သို့ လျှပ်စီးသမျှ လိုက်သွား၏။ တစ်ချိန်တည်းမှာပင် သူ၏မူလဖရိုဖရဲစွမ်အားများကို ပေါက်ကွဲထွက်စေကာ ဝိညာဉ်နှုတ်ဆူးချွန်အား ရစ်ပတ်စေလိုက်သည်။

“ပြန်လာစမ်း”

သူက လေထဲတွင် ဖြတ်ခနဲ လက်သွားပြီး သူ၏လက်များက စည်းတံဆိပ်တစ်ခုကို ဖော်ဆောင်ကာ ဝိညာဉ်နှုတ်ဆူးချွန်အား မူလဖရိုဖရဲစွမ်းအားဖြင့် သူ့ထံ ဆွဲယူလိုက်သည်။

“မဖြစ်နိုင်တာ”

“‌အားကောင်းလိုက်တဲ့ ချီပဲ”

မျက်လုံးတစ်လုံးနဂါးနှင့် တာအိုအဆိပ်သခင်တို့မှာ အံ့ဩတုန်လှုပ်သွားကြ၏။ ၎င်းစွမ်းအားက သူတို့အပေါ် သက်ရောက်နေသည့်အလား ကြက်သေသေနေကြချေသည်။

ထန်ရှုက သူတို့အား လှည့်ပင်မကြည့်ချေ။ သူက လက်ချောင်းကို ကိုက်၍ သူ၏သွေးစက်ကို ဝိညာဉ်နှုတ်ဆူးချွန်နှင့် ပေါင်းစည်းသွားစေကာ မျက်စိတစ်မှိတ်အတွင်း ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်၏။

“အလင်း တာအိုအဆိပ်သခင်ကို တာ၀န်ယူလိုက်။ ငါ မျက်လုံးတစ်လုံးနဂါးကို ရှင်းမယ်”

ထန်ရှုက တာအိုအဆိပ်သခင်နှင့် မျက်လုံးတစ်လုံးနဂါးတို့အား စိတ်လှုပ်တရှား ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လက်သွားပြီး သူတို့အရှေ့၌ ပေါ်လာကာ နတ်ဓားကို ထုတ်လိုက်သည်။ မီတာ ၁၀၀ ရှည်လျားသော ဓားအလင်းအတန်းကြီးက ကောင်းကင်ကို ခွဲထွက်၍ သူတို့နှစ်ယောက်ကို ပိုင်းချလိုက်၏။

“ကာလိုက်စမ်း”

မျက်လုံးတစ်လုံးနဂါးက သူ၏အစစ်အမှန်အနှစ်သာရကို ဓားရှည်တစ်လက်အသွင် ပြောင်းလိုက်ပြီး ဓားအလင်းတန်းထိပ်သို့ ပစ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ရွှေအမြုတေကို ထိန်းချုပ်၍ လွှတ်လိုက်သည်။ ၀င်းလက်တောက်ပြောင်နေသော ရွှေအမြုတေက မျက်စိကျိန်းမတတ် ထွက်ပေါ်လာပြီး သူအနှစ်သာရဓားရှည်နှင့်အတူ ဓားအလင်းတန်းအား ၀င်တိုက်လိုက်သည်။

တာအိုအဆိပ်သခင်က ဟိန်းဟောက်လိုက်ပြီး သူ၏အိတ်အတွင်းမှ ပြဲနေသော အနက်ရောင်တံခွန်စတစ်ခုကို ထုတ်လိုက်သည်။ သူ၏အစစ်အမှန်အနှစ်သာရကို ၎င်းအထဲသို့ သည်းကြီးမည်းကြီး ပေါင်းထည့်လိုက်ရာ လက်ဖဝါးအရွယ်တံခွန်စမှာ မျက်စိတစ်မှိတ်အတွင်း ကြီးမားလာပြီး သူ့ကို ရစ်ပတ်သွား၏။ တစ်ချိန်တည်းမှာပင် သူ၏လက်တစ်ဖက်က အစိမ်းရင့်ရင့်အလင်းလုံးတစ်လုံးကို ဖန်တီးကာ ဓားအလင်းတန်းဆီ ပစ်ပေါက်လိုက်၏။

ဝုန်းးး

သို့ထိတိုင် ဓားအလင်းတန်း၏အရှိန်အဟုန်ကား တားဆီးမရချေ။ ၎င်းက အစစ်အမှန်အနှစ်သာရဓားရှည်အား ကြေမွသွားစေ၏။ ထို့နောက် ရွှေအမြုတေအား ပင်းပေါင်ဘောလုံးအရွယ်အစားအထိ ကျုံ့သွားစေပြီး အစိမ်းရင့်ရောင်အလင်းလုံးကို ၀င်တိုက်သွားစေသည်။ ထို့နောက် မျက်လုံးတစ်လုံးနဂါးနှင့် တာအိုအဆိပ်သခင်တို့အား ရိုက်ချလိုက်၏။

“အဟွတ်....”

“အ....”

မျက်လုံးတစ်လုံးနဂါးမှာ သွေးအလုတ်များစွာ အန်လိုက်ရပြီး သူ၏နား၊ မျက်လုံးများနှင့် နှာ‌ခေါင်းပေါက်များမှလည်း သွေးများ စီးကျလာ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ဝိညာဉ်မှာ ချက်ချင်း နွမ်းကျသွား၏။ သူ့မှာ‌ နောက်သို့ မီတာရာချီ လွင့်ထွက်သွားပြီး သူ၏ပျက်စီးလုဆဲဆဲ ရွှေအမြုတေအား မနည်းပြန်ယူလိုက်ရသည်။ သူ၏တောက်ပြောင်၀င်းလက်နေခဲ့သော ရွှေအမြုတေမှာ ယခုတွင် အချိန်မရွေး ကွဲကြေသွားနိုင်သည့်အလား အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။

“ပြန်လာခဲ့”

မျက်လုံးတစ်လုံးနဂါးက ရွှေအမြုတေကို ပြန်ဆွဲယူကာ ပြန်၍ မြိုချလိုက်သည်။

မျက်လုံးတစ်လုံးနဂါးနှင့်ယှဉ်လျှင် တာအိုအဆိပ်သခင်၏အခြေအနေမှာ ဆိုးရွားလှ၏။ သူပစ်လွှတ်လိုက်သော အစိမ်းရင့်ရောင်အလင်းလုံးမှာ အလင်းတန်း၏ပိုင်းချမှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေပြီ။ ဓားအလင်းတန်းက သူ့ကိုယ်ပေါ်တွင် သွေးရှင်ရှင်ထွက်နေသည့် ဆယ်စင်တီမီတာထက်ပိုသော ခုတ်ရာကြီးအား ချန်ထားခဲ့၏။ အရိုးများစွာ ကျိုးသွားပြီး သူ၏အတွင်းကလီစာများပင် ခပ်ရေးရေး ပေါ်နေသည်ကို မြင်နေရချေသည်။

“ဓားအနန္တလှန်ခြင်း”

ထန်ရှုက အံကြိတ်၍ နတ်ဓားအား  ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မျက်လုံးတစ်လုံးနဂါးအား ပိတ်မိသွားစေသည့် မရေမတွက်နိုင်သော ဓားပုံရိပ်များအဖြစ် ပြောင်းလဲလိုက်သည်။ ဓားအလင်းတန်းဒါဇင်ကျော်က မျက်လုံးတစ်လုံးနဂါး အရှိန်အဟုန်ဖြင့် ထွက်ပြေးလျှင် လွတ်မြောက်နိုင်ချေရှိသော လမ်းကြောင်းအားလုံးကို ပိတ်ထားလိုက်၏။

မျက်လုံးတစ်လုံးနဂါးမှာ သေမင်းနှုတ်ခမ်း၀ရောက်နေကြောင်း သ‌ဘောပေါက်လိုက်၏။ ထိုအခိုက်အတန့်တွင် ဤဓားရှည်မှာ မည်သည့်မှော်လက်နက်မှ မယှဉ်နိုင်သည့် ကြောက်မက်ဖွယ် နတ်လက်နက်တစ်ခုဖြစ်ကြောင်း နားလည်သွားတော့သည်။ ယခုမှ သူသည် ထန်ရှု ဝိညာဉ်နှုတ်ဆူးချွန်အား လိုက်ဖမ်းနေသည့် အခွင့်အရေးကို အသုံးချ၍ထွက်မပြေးမိခဲ့ခြင်းကို နောင်တရနေမိသည်။

“ငါ့ကို အသက်ချမ်းသာပေးရင် မင်းကို နှစ် ၁၀၀ တိတိ အလုပ်အကျွေးပြုပါ့မယ်” မျက်လုံးတစ်လုံးနဂါးက သေရေရှင်ရေးအခြေအနေသို့ ရောက်နေသဖြင့် အလောတကြီး အော်ဟစ်လိုက်၏။

အထင်သေးမှု၊ စက်ဆုပ်ရွံရှာမှုတို့က ထန်ရှု၏မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူက ပြော၏။ “ကျုပ်မှာ‌ နောက်‌လိုက်အလုံအလောက် ရှိပြီးသား။ ပြီးတော့ သင်္ချိုင်းဆီ ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးကို မလိုချင်ဘူး”

ထိုသို့ပြောနေစဉ် သူ၏လက်ချောင်းများက လှုပ်သွားပြီး လျှပ်စီးနိုးထအတတ်အား အသက်သွင်းလိုက်ရာ လက်မောင်းအရွယ်ရှိသည့် လျှပ်စီးတန်းတစ်တန်းက ဓားအလင်းတန်းများကို ဖြတ်၍ မျက်လုံးတစ်လုံးနဂါးထံ ကျရောက်သွားသည်။

မိုးခြိမ်းများဟိန်းလျက် လျှပ်စီးများ လက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။

မျက်လုံးတစ်လုံးနဂါးမှာ သနားသဖွယ် အော်ဟစ်လိုက်ရှာသည်။ သူ၏အသားစများက မီးကျွမ်းကာ မည်းနက်တူးခြစ်သွား၏။ သူ၏ရွှေအမြုတေအဝေးသို့ ထွက်သွားသည့်အချိန်မှာပင် ဓားအလင်းတန်းက ၎င်းကို ရိုက်ချလိုက်ရာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။

တိုက်ပွဲ၏အခြားတစ်ဖက်တွင်။

အဖြူရောင်များသာ ၀တ်ဆင်ထားသည့် အလင်းက သူ၏ဓားပျံကို ကျွမ်းကျင်စွာ ထိန်းချုပ်ရင်း တာအိုအဆိပ်သခင်အား အဆက်မပြတ် တိုက်ခိုက်နေ၏။ သူ၏ကျင့်ကြံအဆင့်မှာ တာအိုအဆိပ်သခင်ထက် တစ်လွှာမျှ နိမ့်ကျပြီး ရွှေအမြုတေစဦးပိုင်းအဆင့်၌သာ ရှိသော်လည်း တာအိုအဆိပ်သခင်မှာ ဒဏ်ရာထားသဖြင့် ခွန်အား၏ ၆၀ ရာခိုင်နှုန်းပင် မသုံးနိုင်တော့ချေ။ ထို့ကြောင့် တာအိုအဆိပ်သခင်မှာ အလင်း၏မြန်ဆန်ပြင်းထန်သော တိုက်ကွက်များအောက်တွင် ပြိုလဲမတတ်ဖြစ်နေ၏။

“ဟင်း....”

တာအိုအဆိပ်သခင်သည် အခြားတိုက်ခိုက်သူတစ်ယောက်ရှိကြောင်း‌ ကောင်းကောင်းသိ၏။ အမှောင်ထဲတွင် ပုန်းနေသည့် ညှာတာမှုကင်းမဲ့သော အမှောင်ပင်။ အလင်း၏တိုက်ကွက်များက သူ့ကို တုန်ရီလျက် ယိုင်လဲတော့မတတ် ဖြစ်နေစေသည်။ သူ့နောက်ကျောတွင် တစ်ယောက်ယောက် တိုက်ခိုက်နေသည်ကို သိသော်လည်း အလင်း၏တိုက်ကွက်များကြောင့် ရှောင်လည်းမရှောင်နိုင်သလို ခုခံခြင်းလည်း မတတ်နိုင်ချေ။ အမှောင်၏ဓားပျံက သူ၏နောက်ကျောကို ဖောက်ထွက်သွား၏။

အလင်းမှာ တိုက်ခိုက်ခြင်းရပ်‌သွားသော်လည်း ယခုမှ ရုပ်လုံးပေါ်လာသည့် အမှောင်ကတော့ တရစပ် တိုက်ခိုက်နေသေးသည်။ သူမ၏ဓားပျံက တာအိုအဆိပ်သခင်၏ခန္ဓာကိုယ်ကို မွှေနှောက်လျက် ရွှေအမြုတေအား ဖျက်ဆီးပစ်ရန် ကြိုးစားနေ၏။ သူမှာ အမြုတေအား ရယူနိုင်တော့မည့်အချိန်တွင် အဆိပ်ပျားနှစ်ကောင်က ရုတ်တရက် ပေါ်လာပြီး သူမ၏လည်ပင်းထံ ပြေး၀င်လာကြသည်။

“အန္တရာယ်...”

အမှောင်သည် လျှို့ဝှက်တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့တွင် ကျွမ်းကျင်သော်လည်း သူမအနေဖြင့် ဤပျားနှစ်ကောင်ကို ‌မရှောင်နိုင်ကြောင်း သဘောပေါက်လိုက်၏။ သူမက ဓားပျံဖြင့် ဘယ်ဘက်မှပျားကို ကာလိုက်သော်လည်း ညာဘက်မှတစ်ကောင်မှာ သူမလည်ပင်းထံမှ မီတာ၀က်မျှသာ ကွာဝေးတော့ချေသည်။

“ဖောက်...”

မျက်စိကျိန်းမတတ်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး အလင်းတန်း၏လည်ပင်းကို ထိုးတော့မည့် ပျားအား ဖောက်ထွက်သွား၏။ ထိုအလင်းမှာ ငွေအပ်တစ်ချောင်းဖြစ်နေပြီး သူမကို အသက်အန္တရာယ်မှ ကယ်တင်ပေးလိုက်ချေသည်။

အမှောင်သည် ကြောက်ရွံ့နေသော မျက်နှာလေးဖြင့် ထန်ရှုအား ကြည့်လိုက်ပြီးနောက် ရွှေအမြုတေကို လှမ်းယူလိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်‌လေးက ဖြတ်ခနဲ လက်သွားပြီး ထန်ရှုအရှေ့တွင် ပေါ်လာ၏။ သူမက ကျေးဇူးတင်စကား ပြောလေသည်။ “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာအဘိုး”

“မင်းသိလား။ တာဆိုအဆိပ်သခင်က ရွှေအမြုတေအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ” ထန်ရှုက ခေါင်းခါရမ်း၍ ပြောသည်။ “သူ့မှာ သေစေနိုင်လောက်တဲ့ ကြောက်စရာပစ္စည်းတွေ ရှိနေတာ အံ့ဩစရာမဟုတ်ဘူး။ နောက်ဆို သတိထား။ ငါတို့အမြင်မှာ အရေးမပါဘူးလို့ ထင်ရတဲ့လူတွေက ငါတို့ကို အသက်အန္တရာယ်ရှိသွားစေနိုင်တဲ့အထိ အလစ်တိုက်နိုင်ကြတယ်။ ကျင့်ကြံလမ်းက ကြမ်းတမ်းပြီးတော့ အတက်အကျများတယ်။ အခက်အခဲတွေ အားလုံးကို ‌ဖောက်ထွက်ပြီးတော့ သတိကြီးကြီးနဲ့ အသက်ရှင်ကျန်နိုင်မှသာ ခရီးရောက်ပြီးတော့ သန်မာလာလိမ့်မယ်”

“ဆရာအဘိုးရဲ့ သင်ပြမှုကို သေချာမှတ်ထားပါ့မယ်” အလင်းနဲ့အမှောင်က ပြိင်တူ ပြောလိုက်ကြသည်။

ထန်ရှုက တခဏတိတ်ဆိတ်သွားပြီး ရုတ်တရက် ‌ထပြော၏။ “ဒီ‌နေ့ကစပြီး ငါ့ရဲ့မျိုးရိုးနာမည် ‘ထန်’ ကို မင်းတို့ကို ပေးအပ်မယ်။ လက်ခံနိုင်မလား”

မျိုးရိုးနာမည်ပေးမှာလား

အလင်းနှင့်အမှောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် စကားတစ်ခွန်းမဟဘဲ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့၏ကျေးဇူးတင်မှုကို ဖော်ပြရန် ထန်ရှုအား သုံးကြိမ်တိတိ အရိုအသေပေးလိုက်ကြ၏။

“မင်းတို့ လက်ခံလိုက်ပြီဆို‌တော့ တစ်ချိန်လုံး မင်းတို့ကို စိတ်ဒုက္ခပေးနေတဲ့ ကြိုးကို ဖြည်လိုက်ကြတာပေါ့” ထန်ရှုက ပြောသည်။ “မင်းတို့ရဲ့ မျိုးရိုးကို လက်ခံတာပဲဖြစ်ဖြစ် သွေး‌ချည်နှောင်မှုကို ဖြတ်တောက်တာပဲဖြစ်ဖြစ် မင်းတို့ကြိုက်တာလုပ်ခွင့်ရှိတယ်”

“နားလည်ပါပြီ”

သို့ထိတိုင် တုံ့ဆိုင်းနေမှုက မောင်နှမနှစ်ယောက်၏မျက်နှာထက်တွင် အတိုင်းသား ပေါ်နေ၏။

ထန်ရှုက သူတို့က လေးနက်စွာ ကြည့်ပြီး ရုတ်တရက် တခြားဖက်သို့ လှည့်ကာ ပြောသည်။ “ပုံပြင်တစ်ပုဒ်ကြားချင်လား”

မျိုးရိုးနာမည်ပေးအပ်ခံလိုက်ရသဖြင့် ယခုတွင် ထန်ကွမ်(ကွမ် - အလင်း)နှင့် ထန်အန်း ( အန်း- အမှောင်) ဖြစ်သွားသော အလင်းနှင့်အမှောင်တို့က ခေါင်းညိတ်၍ ဖြေသည်။ “ကျေးဇူးပြုပြီး ပြောပြပါ ဆရာအဘိုး”

“ဟိုးအရင်တုန်းက ဂိုဏ်းတစ်ခုရဲ့ မြင့်မြတ်တဲ့ အိမ်မှာ မွေးဖွားလာတဲ့ လူတစ်ယောက်ရှိတယ်တဲ့။ သူရဲ့ဖြစ်တည်မှုကို မရေမတွက်နိုင်တဲ့လူတွေရ အားကျလေးစားကြတယ်တဲ့” ထန်ရှုက ပြောသည်။ “တစ်နေ့မှာတော့ သူက မွေးကတည်းက ရွှေဇွန်းကိုက်ပြီး နေလာတဲ့ဘ၀ကနေ ဖြောင့်မတ်ကြိုးစားတဲ့လူတစ်ယောက်အဖြစ် ရုတ်ချည်းပြောင်းလဲသွားတယ်တဲ့။ ဒါပေမဲ့ သူ့ရဲ့မိဘတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေရှိပေမယ့် စိတ်ထဲမှာ အမြဲတမ်း အထီးကျန်နေသလိုပဲတဲ့။ အဲ့အထီးကျန်မှုက တစ်ခါတလေကျရင် အရမ်းကို နာကျင်ရတယ်။ သူ့ရဲ့တကယ်ချစ်ရတဲ့လူ....သူ လူလားမြောက်ဖို့အတွက် အခက်အခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရတဲ့ သူ့ရဲ့မိသားစု၀င် ...ဟိုးအဝေး ကြယ်တာရာကောင်းကင်ကြီးအောက်က တခြားကမ္ဘာမှာနေတဲ့ သူ့အမေကို အမြဲတစေ သတိရလွမ်းဆွတ်နေရတယ်တဲ့”

ထန်ကွမ်နှင့်ထန်အန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မှာ ပုံပြင်၏အစပိုင်းကိုသာ နားထောင်ရသေးသော်လည်း မည်သူ့အကြောင်းဖြစ်သည်ကို သိလိုက်ရ၏။ ဇာတ်ဆောင်၏ဘ၀အကြောင်းမှာ သူတို့၏ဆရာအဘိုး၏ဘ၀နှင့် ထပ်တူကြနေချေသည်။

“သူ ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါမှာ သူက အထွတ်အထိပ်မှာမဟုတ်တော့ဘူး။ အမြဲတမ်း အမြင့်ဆုံးမှာ ရပ်နေခဲ့တဲ့ အင်မော်တယ်လောကရဲ့ အထွတ်အထိပ်လူလည်း မဟုတ်တော့ဘူး” ထန်ရှုက ပုံပြင်အား ဆက်ပြောသည်။ “ဒါပေမဲ့ သူက ပျော်ရွှင်ပြီး စိတ်ကျေနပ်ခဲ့ရတယ်။ သူ့မှာ အရင်လို စွမ်းအားတွေ၊ ခွန်အားတွေ မရှိတော့ပေမယ့် အစက ပြန်စချင်ခဲ့တယ်။ သူ့မှာ လွှမ်းမိုးနိုင်တဲ့ ရာထူးဂုဏ်ဝါမရှိတော့ပေမယ့် ဖြစ်လာအောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့အသွေးထဲအသားထဲကနေ လွှမ်းဆွတ်တမ်းတနေခဲ့ရတဲ့ မိသားစုအချစ်ကို ပြန်ရခဲ့ပြီး မြတ်နိုးတန်ဖိုးထားနိုင်ခဲ့တယ်လေ”

“မင်းတို့ မောင်နှမနှစ်ယောက် ငါပြောချင်တာကို နားလည်မှာပါ”

ထန်ကွမ်နှင့် ထန်အန်းက ခေါင်းညိတ်လိုက်ကြသည်။

“ငါပြောလိုက်တာက အစပိုင်းပဲရရှိသေးတယ်” ထန်ရှုက ဆို၏။ “ငါ ကမ္ဘာပေါ် ပြန်ရောက်လာပြီးတော့ ငါ့ရဲ့စိတ်ထဲက ပဟေဋိတွေကိုလည်း အဖြေရှာနိုင်ခဲ့တယ်။ ဥပမာ ငါ့ရဲ့အဖေနဲ့ သူ့ရဲ့ဆွေမျိုးတွေက ပေကျင်းရဲ့ထန်မိသားစုဖြစ်နေတာ‌ကိုပေါ့”

ထန်ကွမ်နှင့်ထန်အန်းမှာ တစ်ပြိုင်တည်း တုန်ရီသွားကြ၏။ သူတို့သည် သူတို့ဆရာအဘိုး၏ဘ၀အကြောင်းကို သိထားပြီးဖြစ်သဖြင့် သူ ဆိုလိုသည်ကို သဘောပေါက်ချေသည်။ သူတို့မိဘများ သူတို့ကို ဆရာသခင်ထံ ပေးခဲ့ခြင်းမှာ ကျင့်စဉ်ရရှိစေရန်အတွက်တင်မဟုတ်ဘဲ သူတို့၏ရင်ထဲမှ မျှော်လင့်ချက်ကြောင့် ဖြစ်လိမ့်မည်။ ဆရာသခင်ကဲ့သို့ အင်မော်တယ်တစ်ယောက် ဖြစ်လာစေလိုသော မျှော်လင့်ချက်များပင်။

အချိန်အတော်ကြာပြီးနောက် ထန်အန်းက သူမ၏မျက်နှာဖုံးကို ချွတ်လိုက်သည်။ သူ၏အလှတရားမှာ တိုင်းပြည်များကိုပင် လဲပြိုသွားစေနိုင်၏။ သူမမျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေသော အမူအရာမှာ ဖြည်းဖြည်းချင်း စိတ်ပိုင်းဖြတ်လိုက်သော အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။ သူမက ပြော၏။ “ဆရာအဘိုး ကျွန်မတို့မောင်နှမနှစ်ယောက်ရဲ့ မျိုးရိုးနာမည်က ထန်ဖြစ်သွားပေမယ့် အမေ့ရဲ့မျိုးရိုးကတော့ ဂူပါ။ ကျွန်မတို့ကို မွေးဖွားပေးခဲ့လူတွေကိုရော စွန့်ပစ်ခဲ့တဲ့လူတွေကိုပါ ကျေးဇူးတင်မိပါတယ်။ မိသားစုသံယောဇဉ်ကို အန်း(အမှောင်) နားလည်သွားပါပြီ။ မပျောက်ပျယ်သွားခင် တန်ဖိုးထားသင့်ပါတယ်။ ဆရာအဘိုး ကျွန်မ ဘာလုပ်သင့်လဲ သိပါပြီ”

“ကျွန်တော်တို့ သူတို့ကို တွေ့ချင်ပါတယ် ဆရာအဘိုး” ထန်‌ကွမ်က လေးပင်စွာ ပြော၏။

“သွားကြတော့” ထန်ရှုက ခေါင်းညိတ်လျက် ပြောသည်။ “တာအိုကျင့်ကြံသူပဲဖြစ်ဖြစ်၊ အင်မော်တယ်ပဲဖြစ်ဖြစ် စိတ်ခံစားချက်နဲ့ ရမ္မက်ခြောက်ပါးက ရှိနေမှာပဲ။ လောကကြီးရဲ့ ၀ရုန်းသုန်းကားကိစ္စတွေကြားမှာ နှလုံးသားကို သန့်စင်နိုင်ရင် အဲ့ဒီလူရဲ့စိတ်အစဉ်က သန်မာပြီး ခိုင်ခံ့လာလိမ့်မယ်။ အဲ့ဒီအခါကျ မိစ္ဆာတွေတောင် နှောင့်ယှက်နိုင်မှာ မဟုတ်တော့ဘူး”

“နားလည်ပါပြီ”

ထန်ကွမ်နှင့်ထန်အန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ချင်းလင်စီရင်စုရှိရာသို့ ရိပ်ခနဲ ပျံသန်းပျောက်ကွယ်သွားတော့သည်။

ထန်ရှု မြေပေါ်ဆင်းလာသောအခါ တာအိုအဆိပ်သခင်၏အလောင်းကို ဓားမြှောင်ဖြင့် ထိုးစိုက်နေသော ၀မ်ရွီကို တွေ့လိုက်ရ၏။ သူသည် အကြိမ်ပေါင်းများစွာ ဓားဖြင့် ထိုးပြီးသော်လည်း စိတ်ကျေနပ်ပုံမရချေ။ သူက တာအိုအဆိပ်သခင်၏အသားများကို လှီးဖြတ်ရင်း အမုန်းတရားကို ဖြေဖျောက်နေဟန်တူ၏။

ထန်ရှုက တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် သူက လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့ကို ကြည့်ကာ ပြော၏။ “မင်းတို့ တာ၀န် အောင်မြင်သွားပြီဆိုတော့ ပြန်လို့ရပြီ။ သွမ့်မုလင်းကိုလည်း ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး”

“ဟုတ်ပြီ” ရေမိန်းကလေးက လက်ယှက်အရိုအသေပေး၍ ပြော၏။

လျှပ်စီးမိန်းကလေးမှာမူ ကြောင်အနေပြီး ၀တ်ကျေတမ်းကျေသာ လက်ယှက်အရိုအသေပေးလိုက်၏။ သူမ၏မျက်လုံးများက အလင်းပျောက်ကွယ်သွားသော နေရာကို လှမ်းကြည့်ပြီး ချိတုံချတုံဖြင့် မေးသည်။ “ထန်ရှု ငါ အလင်းနဲ့ ဘယ်အချိန် ပြန်တွေ့နိုင်မလဲ ပြောပြလို့ရမလား”

“အမ်” ထန်ရှုမှာ အံ့အားသင့်သွားသည်။ “မင်း တကယ်ကြီး သူ့ကို ချစ်သွားတာလား”

All Chapters