အပိုင်း(၃၇၆)
Vol. 26 Ch. 376
ရှစ်ဖုန့်၏ကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ခု
ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။
ကြယ်ကိုးပွင့် ဘိုးဘေးနယ်ပယ်အမှောင်နတ်သူငယ်၏ သေခြင်းစွမ်းအင်၊သွေးနှင့်ဝိညာဉ်တို့အား ဝါးမျိုပြီးသည့်နောက် ချီလင်ဘုရင်၏အဆင့်ခြောက်
မြေမီးတောက်၊ တုန်းဖန်းမိသားစု၏ သေခြင်းစွမ်းအင်နှင့်သွေး၊ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ထျန်းရှဲ့အဓိပဓိ၏ သေခြင်းစွမ်းအင်နှင့်သွေး၊ထျန်းရှဲ့ဂိုဏ်းနှင့်ယင်ကွေဂိုဏ်းတို့၏သေခြင်းစွမ်းအင်
နှင့်သွေးတို့ကိုလည်းဝါးမျိုထားခဲ့သည့်
အတွက် နောက်ဆုံးတွင်ရှစ်ဖုန့်အနေဖြင့် ဘိုးဘေးနယ်ပယ်အဆင့်ကိုချိုးဖျက်၍ သူတော်စင်နယ်ပယ်ထဲသို့ဝင်
ရောက်သွားခဲ့သည်။
အဖြူရောင်အလင်းက ရှစ်ဖုန့်၏ကိုယ်ပေါ်တွင်ဖျက်ခနဲ
လင်းလက်သွားခဲ့သော်လည်း မြွေလူသားများမှာ ဂရုတစိုက်ဖြင့်ကြည့်ရှုနေခဲ့ခြင်းကြောင့်
၎င်းမှာ လူတစ်ယောက်အဆင့်ချိုးဖျက်
တက်လှမ်းလျှင် လင်းလက်သောအဖြူရောင်အလင်းဖြစ်ကြောင်းကို သူတို့သိလိုက်ကြသည်။
မြွေလူသားများမှာ ရှစ်ဖုန့်အားကြက်သေသေစွာ
ဖြင့်ကြည့်နေကြသည်။
“အရှင် ရှစ်ဖုန့်…ငါတို့ရဲ့ အရှင်တမာန်တော်က ဒီလိုမျိုးနဲ့ အဆင့်တက်သွားတယ်”
“သူ….အဆင့်တက်သွားတယ်…ဒါက နဂိုကတည်းကစွမ်းအားကြီးပြီးသား အရှင်တမာန်တောက်က ထပ်ပြီးတော့ အစွမ်းထက်သန်မာလာတယ်လို့ဆိုလိုတာပဲ”
“မအံ့ဩတော့ပါဘူး…မြွေနတ်ဘုရားက သူ့ကို တမာန်တော်အဖြစ်ရွေးချယ်ခဲ့တာကို မအံ့ဩတော့ပါဘူး”
“အကို ရှစ်ဖုန့်….”
မြွေလူသားများ၏ ကြက်သေသေသော အကြည့်များကို ရင်ဆိုင်ပြီး ရှစ်ဖုန့်ကယင်းအားစိတ်ထဲတွင်ပင်မှတ်မထားချေ။သူ့အနေဖြင့်လူများစွာက
သူ့အားဤကဲ့သို့သောအကြည့်များဖြင့် ကြည့်နေသည်ကို မြင်တွေ့ဖူးပြီးသားဖြစ်ပြီး အသားကျနေခဲ့ပြီဖြစ်သည်။
ယင်းကသူလုပ်နိုင်သောအရာ
ထက်ဘာမှမပိုချေ။သူက အံ့ဖွယ်ကောင်းသော သိုင်းပါရမီနှင့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်သည်။သူက ဘဝနှစ်ခုတွင်နေထိုင်ခဲ့ပြီး အထွတ်အထိပ်ကြယ်ကိုးပွင့် ဧကရာဇ် နယ်ပယ်အဆင့်ကိုရောက်ရှိခဲ့သောသူဖြစ်သည်။သိုင်းလမ်းစဉ်တွင်သူ့အတွက်
အခြားသောကျင့်ကြံသူများကဲ့သို့ သိုင်းလမ်းစဉ်၏ဆန်းကြယ်မှုများအားနားလည်သဘောပေါက်ဆင်ခြင်ရန်မလိုအပ်ပေ။သူ့ကိုယ်အတွင်းရှိ မူလစွမ်းအင်များကလုံလောက်သော အဆင့်တစ်ခုသို့ရောက်ရှိသည်နှင့် နောက်ထပ်နယ်ပယ်တစ်ခုအား
သူချိုးဖျက်ဝင်ရောက်နိုင်သည်ဖြစ်သည်။
ဥပမာအနေဖြင့် ယွင်လိုင်အင်ပါယာ၏ နိုင်ငံ့ဥသျှောင်ဆရာသခင်ဖြစ်သူနလန်ယွမ်မှာ ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်အဆင့်တွင်
သောင်တင်နေခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။သူ၏ဒန်တန်အတွင်းရှိမူလစွမ်းအင်တို့က အကန့်အသတ်သို့ရောက်ရှိနေခဲ့သော်လည်း သူ၏သိုင်းပါရမီက အကန့်အသတ်ဖြင့်ဖြစ်နေသည်။
သိုင်းလမ်းစဉ်အား နှစ်နှစ်ဆယ်အထိနားလည်
သဘောပေါက်အောင်ဆင်ခြင်ပြီး
နောက်တွင်ပင်သူ့အနေဖြင့် တစ်ဆို့ကြန့်ကြာမှုအား ချိုးဖျက်နိုင်စွမ်းမရှိခဲ့ပေ။
ဤအချိန်တွင်ရှစ်ဖုန့်၏ဘယ်လက်
အားအောက်သို့ဆိုက်၍လှုပ်ရှားလိုက်ပြီး လက်သည်းပုံစံဖြစ်ပေါ်လာသည်။ရုတ်ခြည်းဆိုသလို အကောင်းပကတိအတိုင်းရှိနေသေးသော အမှောင်နတ်သူငယ် အမျိုးသား၏ ဦးခေါင်းမှာ ရှစ်ဖုန့်၏လက်သည်းထံသို့ပျံသန်းလာသည်။ထို့နောက်တွင် ရှစ်ဖုန့်က အမှောင်နတ်သူငယ်အမျိုးသား၏ ဦးခေါင်းအားဖြုံလောက်စရာကောင်းသော အောင်းပါဟုခေါ်သည့် အမျိုးသားထံသို့ပစ်ပေးပြီး ပြောလိုက်သည်။
“ဒါကို ငါတို့မြွေလူသားမျိုးနွယ်စုရဲ့မြို့ဂိတ်မှာ ချိတ်ဆွဲထားလိုက် ….ပြီးရင်သဲကန္တရာအတွင်း သတင်းဖြန့်ဖို့လူတွေလွတ်လိုက်….
ငါတို့မြွေလူသားမျိုးနွယ်စုက အမှောင်နတ်သူငယ်မျိုးနွယ်စုနဲ့ စစ်ပွဲဆင်နွှဲမှာကိုအားလုံး သိပါစေ”
အိုပါဟုခေါ်သော သက်လတ်ပိုင်း
အရွယ်လူမှာ အခြားသော မြွေလူသားများကဲ့သို့ပင် ရှစ်ဖုန့်အား ကြက်သေသေစွာကြည့်နေသည်။ရှစ်ဖုန့်က ဦးခေါင်းအား ပစ်ပေးလိုက်သည်ကိုတွေ့လိုက်
ရသောအခါတွင် မသိလိုက်ပါဘဲ လက်ကိုဆန့်ထုတ်၍ ၎င်းအားဖမ်းယူလိုက်သည်။ထို့နောက်ရှစ်ဖုန့်၏ စကားလုံးများမှတစ်ဆင့်အောင်းပါတစ်ယောက် အသိဝင်လာသည်။
သက်လက်ပိုင်းအရွယ်မြွေလူသားမှာ ရှစ်ဖုန့်၏စကားတို့မှတစ်ဆင့်သူသည် စစ်မီးမွှေးသူဖြစ်ကြောင်းကိုပြောနိုင်သည်။
ရှစ်ဖုန့်၏စကားများကြောင့် အသိပြန်ဝင်လာပြီးသည့်နောက်တွင် သူကချက်ချင်းပဲ မြင့်မားသော
စိတ်ဝိညာဉ်ဖြင့် ပြောဆိုလိုက်သည်။
“စိတ်မပူပါနဲ့ အရှင်…ကျွန်ုပ်အခုပဲဆောင်
ရွက်လိုက်ပါ့မယ်..ကျွန်ုပ်အရှင့်ကိုစိတ်မပျက်စေရပါဘူး..ကျွန်ုပ် မြွေလူသားမျိုးနွယ်စုက အမှောင်နတ်သူငယ်မျိုးနွယ်စုနဲ့ စစ်ပွဲဆင်နွှဲမဲ့အကြောင်းကို မျိုးနွယ်စုတွေအားလုံးကိုသိသွားစေရပါမယ်…ဟားဟား ..ဟားဟားဟား”
အောင်းပါကစကားပြောနေသကဲ့သို့ အမှောင်နတ်သူငယ်၏ ဦးခေါင်းအားခပ်မြင့်မြင့်မြှောက်လိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
ထို့နောက်သူ၏ကိုယ်အားလှုပ်ရှားပြီး အပြင်းနှင်လိုက်သည်။သူကယဇ်ပူ
ဇော်ခန်းမရှိကြီးမားသောအပေါက်ကြီးမှာတစ်ဟုန်ထိုးထိုးတက်ဖြတ်သန်းလိုက်ပြီး ညကောင်းကင်ယံထဲတွင် အပြင်းနှင်သွားသည်။သူ၏ကိုယ်က ညကောင်းကင်ယံထဲတွင်
ပျောက်ကွယ်သွားသော်လည်း
အောင်းပါ၏ အသံကတော့ ညကောင်းကင်ယံထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ထို့နောက်တွင် နတ်ဆရာမကြီးက သူမ၏အကြည့်အား ခန်းမအတွင်းရှိမြွေလူသားများအား
လုံးထံသို့သိမ်းကျုံးကြည့်လိုက်ပြီး ပြောလိုက်သည်။
“နောက်ကျနေပြီ..မင်းတို့အား
လုံးပြန်ပြီးတော့ အနားယူသင့်တယ်.. အမှောင်နတ်သူငယ်တွေက သူတို့ကိုယ်သူတို့ထိန်းထားနိုင်မှာမဟုတ်ပဲနဲ့ မနက်ဖြန်မှာတိုက်ခိုက်ကြလိမ့်
မယ်ဆိုတာသေချာတယ်”
“ဒါဆိုလည်း ကျွန်ုပ်တို့သွားပါအုံးမယ်”
“နှုတ်ဆက်ပါတယ် အရှင် ..နှုတ််ဆက်ပါတယ် အရှင်တမာန်တော်”
“နှုတ်ဆက်ပါတယ်”
ထို့နောက်မြွေလူသားများမှာ တစ်ယောက်ပြီးတစ်ယောက်စတင်၍ ထွက်ခွာလိုက်ကြသည်။
သို့သော်ထွက်ခွာသွားကြသော
မြွေလူသားအချို့တွင် စိုးရိမ်ပူပန်မှုနှင့်စိတ်မသက်မသာဖြစ်မှုမျက်နှာထားများရှိနေပြီး အချို့က မျှော်လင့်ယုံကြည်ချက်မျက်နှာ
ထားများဖြစ်နေကာအချို့ဆိုလျှင် အောင်းပါကဲ့သို့ စိတ်လှုပ်ရှားသောမျက်နှာထား
များဖြစ်နေကြသည်။
မနက်ဖြန်ဆိုလျှင် မြွေလူသားမျိုးနွယ်စုနှင့် အမှောင်နတ်သူငယ်မျိုးနွယ်စုတို့၏ စစ်ပွဲရလဒ်အဖြေက ထွက်လာလိမ့်မည်ဖြစ်သည်။
ယင်းအချင်းအရာအားလုံးက လူသားမျိုးနွယ်မှ စွမ်းအားကြီးလူသားတစ်ယောက်၏ အပေါ်တွင်မူတည်နေသည်။
မကြာခင်တွင် ယဇ်ပူဇော်ခန်းမအတွင်းမှ မြွေလူသားအဖွဲ့ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက်
ထွက်ခွာသွားကြသည်။ယခုအခါတွင် ရှစ်ဖုန့် ၊ဇီယာနှင့်နတ်ဆရာမကြီးတို့သာ
ကျန်ရစ်နေခဲ့သည်။
“အကိုရှစ်ဖုန့်”
ဇီယာက ရှစ်ဖုန့်အားကြည့်လိုက်ပြီး ညင်သာစွာပြောဆိုလိုက်သည်။
“အဟမ်း..နောက်တောင်ကျနေပြီပဲ. .. ကျွန်မလည်း အိပ်ဖို့ပြန်သင့်ပြီ …
အရှင်တို့တွေ စကားစမြည်ပြောဆိုကြပါအုံး”
နတ်ဆရာမကြီးက ရှစ်ဖုန့်အား တစ်စုံတစ်ခုကိုပြောဆိုချင်နေခဲ့သည်။ အားလုံးထက် ခရမ်းရောင်မြွေခန္ဓာနှင့် ကျိလီမြွေနတ်ဘုရားတို့က မြွေလူသားမျိုးနွယ်စုတစ်ခုလုံး
နှင့်ပက်သက်ဆက်နွယ်နေသောအရာဖြစ်သည်။
သို့သော် ဇီယာနှင့်ရှစ်ဖုန့်တို့အားကြည့်ပြီး
သည့်နောက်တွင် သူမက ခြောက်ကပ်စွာချောင်းဟန့်လိုက်ပြီး တစ်စုံတစ်ခုကိုပြောလိုက်သည်။
ထို့နောက်သူမ၏အပြာရောင်မြွေမြှီးအား လွှဲယမ်းကာ ယဇ်ပူဇော်ခန်းမအတွင်းမှ ထွက်ခွာသွားသည်။
မကြာခင်တွင် ခန်းမအတွင်း၌ ရှစ်ဖုန့်နှင့် ဇီယာတို့သာလျှင် ကျန်ရစ်နေခဲ့တော့သည်။
ဇီယာကသူ့အားခေါ်နေသည်ကို ကြားလိုက်ရသောအခါ ရှစ်ဖုန့်က ဇီယာဘက်သို့လှည့်လိုက်ပြီးပြုံး၍ ပြောလိုက်သည်။
“နောက်ဆုံးအကြိမ်တွေ့ခဲ့တုံးက မင်းက ငါ့ကိုမြွေလူသားမျိုးနွယ်စုဆီကို အလည်ခေါ်သွားမယ်လို့ပြောခဲ့တယ်မလား..အဲ့တုံးက အခန့်မသင့်ခဲ့ဘူး..ဒီညတော့
မင်းငါ့ကို လမ်းညွှန်ပြီး တော့ အနီးပတ်ဝန်းကျင်ကိုပြသရလိမ့်မယ်”
“ကောင်းပါပြီ..ကောင်းပါပြီ”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ဇီယာကပြင်းပြင်းထန်ထန်ခေါင်း
ညိမ့်လိုက်ပြီး ငွားငွားစွင့်စွင့်ဖူးပွင့်နေသော ပန်းလေးကဲ့သို့ ပြုံးလိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်နှင့်ဇီယာတို့ ခန်းမအတွင်းမှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
ညအချိန်၌ သဲကန္တာရအတွင်းရှိ အပူချိန်မှာ နေ့အချိန်ကာလရှိ အပူချိန်၌ လွန်စွာကွဲပြားခြားနားသည်ဖြစ်သည်။
သူတို့ခန်းမအတွင်းမှထွက်ခွာလာခဲ့ပြီး
မကြာခင်တွင် အေးစက်သာလေပြင်းတစ်ခုက
တိုက်ခတ်လာသည်။ယင်းက နောက်ကျနေသော ညအချိန်အခါဖြစ်သော်လည်း မြွေလူသားမျိုးနွယ်စု ၏ နယ်မြေအတွင်းရှိ ကျောက်တိုင်များပေါ်ရှိ မီးရှူးတိုင်မှားမှာ ထွန်းလင်းနေဆဲဖြစ်ပြီး ဧရိယာ
တစ်ခုလုံးအား တောက်ပစွာလင်းထိန်နေစေသည်။
ရှစ်ဖုန့်နှင့်ဇီယာတို့က မြွေလူသားနယ်မြေအတွင်းလှည့်
ပတ်သွားလာကြသည်။
“အကိုရှစ်ဖုန့် အကို့အနေနဲ့ လလေးအနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေအများကြီး ရလာလိမ့်မယ်လို့ ညီမမမျှော်လင့်ထားခဲ့ဘူး.. အကို့ရဲ့ပါရမီက တကယ့်ကို ပြောင်မြောက်ထူးချွန်လွန်းတယ်”
ရှစ်ဖုန့်နှင့်အတူလျှောက်လှမ်းနေရင်းဇီယာက ခံစားချက်များဖြင့်ပြောလိုက်သည်။
“အကိုက ညီမနဲ့နောက်ဆုံးအကြိမ်တွေ့ဆုံတုံးကနဲ့ တထပ်တည်းတူညီတဲ့လူ
မဟုတ်တော့ဘူးလို့တောင် ညီမခံစားရတယ်”
ဇီယာ၏ စကားအားကြားလိုက်ရပြီး
နောက်ရှစ်ဖုန့်က သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ပြုံး၍ပြောလိုက်သည်။
“ငါ့ကငါဖြစ်နေတုံးပါပဲ..ငါကမင်း
သိထားတဲ့မင်းရဲ့အကိုကြီး
ရှစ်ဖုန့်ဖြစ်နေတုံးပဲ..ငါ့ရဲ့အ
နာဂတ််အောင်မြင်မှုတွေ ဒါမှမဟုတ်အဆင့်အတန်း
တွေကဘာတွေပဲဖြစ်နေပါစေ ငါက အမြဲတမ်းငါပဲဖြစ်နေမှာ..ဘယ်လောက်ပဲနှစ်တွေကြာမြင့်ပါစေ အဲ့အချိန် ငါဘယ်နေရာမှာပဲရောက်နေပါစေ မင်းဒုက္ခရောက်နေပြီဆိုတာနဲ့ မင်းကိုငါပေးထားခဲ့တဲ့ကျောက်စိမ်းပြားလေးကို ခွဲလိုက်တာနဲ့ မင်းဆီကိုဖြစ်နိုင်သမျှအမြန်ဆုံးရောက်အောင် ငါအပြေးလာခဲ့မှာ”
“ညီမသိပါတယ် အကိုရှစ်ဖုန့် အကိုက တူညီတဲ့အကိုရှစ်ဖုန့်အဖြစ်ရှိ
နေဆဲပဲဆိုတာ..ဒါက ညီမရဲ့ကိုယ်ပိုင်ပြဿနာပါ..ညီမအမြဲတမ်းနှလုံးသားထဲမှာကွဲပြားတဲ့တစ်စုံတစ်ခုကိုခံစားနေရတယ်..နောက်ဆုံးအကြိမ်ညီမ
တို့တွေ့ကြတုံးက ညီမတို့နှစ်ယောက်လုံးက ဘုရင်နယ်ပယ်မှာရှိကြတယ်..အခု ညီမတို့ထပ်တွေ့တော့ အကိုကြီးရှစ်ဖုန့်က လူသားမျိုးနွယ်ရဲ့ ကြယ်လေးပွင့်သူတောင်စင်နယ်ပယ်ကိုတောင်သတ်ခဲ့တဲ့သူဖြစ်နေတယ်..ကွာခြားချက်က အရမ်းကိုကြီးမားလွန်းတယ်.. အဲ့အချိန်တုံးကညီမသဘောမပေါက်ခဲ့ဘူး”
“အဲ့အချိန် ညီမ မြွေလူသားမျိုးနွယ်မှာရှိနေတုံးက ရှစ်ဖုန့်ဆိုတဲ့နမည်ကိုညီမလည်းကြားခဲ့တယ်…အဲ့အချိန်တုံးက ညီမအကို့ကိုတွေးမိခဲ့တယ်..နောက်ကြ အဲ့တာက အကိုမဖြစ်နိုင်ဘူးလို့ညီမတွေး
မိပြန်တယ်..အခုတောက ကော လဟာလတွေထဲက အရူးနတ်ဆိုး
ရှစ်ဖုန့်က မကောင်းမှုအားလုံးကို မကျူးလွန်ရဲတာမရှိဘူးဆိုတဲ့ သူက အကိုဖြစ်နေမယ်လို့တော့ ညီမမျှော်လင့်ထားခဲ့ဘူး..ဟားဟား”
စကား၏အဆုံးသတ်တွင် ဇီယာတစ်ယောက်မရည်ရွယ်ပါဘဲ ရယ်မောလိုက်မိသည်။
“ဒါပေမဲ့ ညိမသိတယ်အကိုရှစ်ဖုန့် …အကိုက အဲ့လိုမျိုးအရာတွေကိုကျုးလွန်တတ်တဲ့ လူဆိုးတစ်ယောက် မဟုတ်ဖူးဆိုတာကို …ကောလဟာလဆိုတာမျိုးက ကောလဟာလပါပဲ ..ဇီယာအဲ့တာတွေကိုမယုံဘူး”
ဆက်ရန်..
ဘာသာပြန်သူ-arise