အပိုင်း(၃၇၇)
Vol. 26 Ch. 377
“ဟားဟား”
ဇီယာ၏စကားတို့အားကြား
ပြီးသည့်နောက် ရှစ်ဖုန့်က တသောသောရယ်မောပြီး ပြောလိုက်သည်။
“ဒီအချိန်အတောအတွင်းမှာ ငါတကယ်ပဲ လူတွေအများကြီးကိုသတ်ခဲ့ပါတယ်…
ငါ့လက်ထဲမှာ လူတွေဘယ်လောင်အထိသေခဲ့
ကြတယ်ဆိုတာတောင် မမှတ်မိတော့ဘူး..သူတို့အတွက်တော့ ငါကတကယ့်ကို လူသတ်ခြင်းကိုစွဲလန်းနေတဲ့အရူးပဲ..ဒါပေမဲ့ ငါ့အကြောင်းနဲ့ပက်သက်ပြီး ကမ္ဘာကြီးကဘာတွေပဲပြောနေပါစေ မင်းရဲ့အကိုကြီးရှစ်ဖုန့်ဖြစ်တဲ့ငါက မင်းရဲအကိုကြီး အမြဲတမ်းဖြစ်နေမှာပဲ…
ငါကလူတွေဘယ်လောက်ကိုပဲ
သတ်ခဲ့သည်ဖြစ်စေ ဒါမှမဟုတ် ဘယ်သူကိုပဲ ငါသတ်ခဲ့သည်ဖြစ်စေ ..ငါအသက်
ရှင်နေသ၍ ငါ့ရဲ့ မြွေလူသားမျိုးနွယ်စုက ညီမလေး ဇီယာကို အကောင်းဆုံး ကာကွယ်ပေးနေမှာပဲ…ဘယ်သူမှ ညီမလေးကိုထိခိုက်နာကျင်အောင်
လုပ်ခွင့်ပြုမှာမဟုတ်ဖူး”
“ဟုတ်”
ရှစ်ဖုန့်၏ စကားအားကြား
ပြီးသည့်နောက် ဇီယာက ထပ်မံ၍ ပြင်းထန်စွာခေါင်းညိမ့်လိုက်ပြီး ချိုသာစွာပြုံးလိုက်သည်။
“ကိုကြီးရှစ်ဖုန့်က အမြဲတမ်းညီမလေးရဲ့ ကိုကြီးရှစ်ဖုန့်ဖြစ်နေမှာ”
“ဘယ်လိုတောင်ချစ်ဖို့ကောင်းတဲ့စုံတွဲလဲ..တစ်ယောက်က အကိုကြီး တစ်ယောက်က ညီမလေး”
ဤအချိန်၌ အေးစက်ပြီး မကျေမချမ်းဖြစ်နေသော
လူငယ်တစ်ယောက် ၏အသံက ညအချိန်အခါသမယ၌ ထွက်ပေါ်လာသည်။
“ဟမ်”
အသံအားကြားလိုက်ရသောအခါတွင်
ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး သိပ်မဝေးလှသောနေရာရှိ ကျောက်တိုင်ထံသို့ကြည့်လိုက်သည်။
ထို့နောက်တွင် ကျောက်တိုင်၏
နောက်ဘက်မှ အပြာရောင်ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာလျှောက်လှမ်းထွက််လာသည်။
“ရီရှင်း”
ကျောက်တိုင်နောက်ကွယ်မှပေါ်လာသော အပြာရောင်ပုံရိပ်ထံသို့ကြည့်လိုက်ပြီး
ဇီယာက သူ၏နမည်ကိုပြောလိုက်သည်။
၎င်းမှာ အသက်ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်ရှိသော မြွေလူသားလူငယ်တစ်ယောက်ဖြစ်သည်။
သူက အပြာရောင်ဝတ်ရုံပွကို ဝတ်ဆင်ထားပြီး သူ၏အောက်ပိုင်းခန္ဓာကိုယ်၌
ရှည်လျားသော အပြာရောင်မြွေမြှီးတစ်ခုရှိသည်။
“ဒီလိုမျိုး ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်မှာ ကျုပ်လိုဘာမှ
မဟုတ်တဲ့ သူကို မှတ်မိနိုင်သေးတဲ့အတွက် ကျုပ်ဂုဏ်ယူမိပါရဲ့ မင်းသမီးဇီယာ..ဒါက ကျုပ်ရီရှင်းအတွက် ဂုဏ်ယူစရာပဲ…ဟားဟား”
ရီရှင်းက မိမိကိုယ်ကိုယ်နှိမ့်ချ
သောအပြုံးမျိုးဖြင့် ပြောလိုက်သည်။
“ရီရှင်း..နင်ဘာအဓိပ္ပါယ်မရှိတာတွေကို လျှောက်ပြောနေတာလဲ”
ရီရှင်း၏ စကားတို့အားကြား
ပြီးသည့်နောက် ကြင်နာတတ်ပြီးရည်မွန်ဖော်ရွေသော မြွေလူသားမလေးမှာ အနည်းငယ်ဒေါသထွက်လာပြီး အသံတိုးတိုးဖြင့်အော်ပြော်လိုက်သည်။
“ဟားဟား မင်းဒေါသထွက်နေတာလား..
အရှင်မင်းသမီးလေး ..မင်းဒေါသတွေထွက်နေသလား”
ရီရှင်းမှာသူ့ဖာသူ ရယ်မောနေဆဲဖြစ်သည်။
ထို့နောက်တွင်သူ၏မျက်နှာထားက ရုတ်တရက်ပြောင်းလဲသွားပြီး ကြမ်းကြုတ်ခက်ထန်လာသည်။
မီးအလင်းရောင်အောက်တွင်သူ
၏ပုံစံကတော်တော်လေးကိုခက်ထန်နေ၏။
“မင်းတကယ်ပဲ ဒေါသထွက်နေတာပဲ.. မင်းတကယ်ပဲငါ့ကိုဒေါသတွေနဲ့
မျက်နှာချင်းဆိုင်နေတာပဲ..ဇီယာ မင်းကိုယ်မင်းမေးစမ်းပါ…
ဒီနှစ်တွေတစ်လျှောက်လုံးမှာ
ငါရီရှင်းက မင်းကို ဘယ်လိုမျိုးဆက်ဆံခဲ့သလဲ..
မင်းယဇ်ပူဇော်ခန်းမထဲကို ဝင်သွားတယ်လို့ သိလိုက်ရကတည်းက ငါခန်းမအပြင်ဘက်မှာ မင်းထွက်လာတာကိုစောင့်နေခဲ့တယ်.
.ပြီးတော့ဒီညမှာနောက်ဆုံးတော့
ငါမင်းကိုတွေ့ရပြီ…ပြီးတော့မင်းက တကယ်ပဲ လူသားတစ်ယောက်နဲ့အတူတကွ လမ်းလျှောက်နေတယ်…မင်းတကယ်ပဲ လူသားတစ်ယောက်ကို မှချစ်နေတာပဲ..စပ်ဆုပ်ဖို့ကောင်းပြီး ကောက်ကျစ်ယုတ်မာလှည့်စားတတ်တဲ့ လူသားတစ်ယောက်ကိုမှ မင်းချစ်နေတာပဲကွ”
“ဇီယာ ငါ ရီရှင်းက မင်းနဲ့ ဘယ်နေရာကများထိုက်တန်မှုမရှိလို့လဲ..
ငါဟာ မြွေလူသားမျိုးနွယ်စုရဲ့ဂုဏ်သ
ရေရှိနတ်ဆရာမကြီးခါလဲ့ရဲ့ မြေးတစ်ယောက်ဖြစ်တယ်.
ကျောထောက်နောက်ခံအရဆိုရင် မြွေလူသားမျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ငါရီရှင်း
ကသာ မင်းနဲ့ အထိုက်တန်ဆုံးသူပဲ..ဒါပေမဲ့ မင်းကလူသားတစ်ယောက်ကိုရွေး
ချယ်ခဲ့တယ်…ဒီနေ့သူကမြွေလူသားနယ်မြေကိုကျူးကျော်ဝင်ရောက်ခဲ့တယ်..
ယဇ်ပူဇော်ခန်းမထဲကိုဝင်ပြီးတဲ့နောက် သူက အထွတ်အမြတ်ဘိုးဘွားပိုင်
ယဇ်ပူဇော်ခန်းမနဲ့ မြွေလူသားမျိုးနွယ်စုတစ်ခုလုံးကို ပရမ်းပတာအခြေအနေတွေဖြစ်စေခဲ့တယ်”
ရီရှင်းမှာစကားပြောရင်း ပို၍ပို၍ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။သူက နတ်ဆရာမကြီး၏မြေးဖြစ်သော်လည်း ဘိုးဘွားပိုင် ခန်းမအတွင်းသို့ ဝင်ရန်အတွက် အရည်အချင်းပြည့်မှီချင်းမရှိပေ။
ယနေ့တွင်သူက ရှစ်ဖုန့်တစ်ယောက်မြွေလူသားနယ်မြေအတွင်းကျူးကျော်ဝင်ရောက်ပြီး အရှင်
ဝေ့ကောင်းအား အနိုင်ယူခဲ့သည်ကိုသာတွေ့မြင်ခဲ့သည်။
ထို့နောက် နတ်ဆရာမကြီးပေါ်လာခဲ့ပြီး ၎င်းအား ဘိုးဘွားပိုင်ခန်းမအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။မနက်မှညအထိ ယဇ်ပူဇော်ခန်းမအတွင်းတွင် ငြိမ်းချမ်းမှုတို့ရှိမနေခဲ့ပေ။ယင်းက မြွေလူသားနယ်မြေတစ်ခုလုံး
ကိုပင်သက်ရောက်မှုရှိခဲ့သည်။
ပင်ကိုယ်အားဖြင့် ယင်းအရာအားလုံးမှာရှစ်ဖုန့်
ကြောင့်ဖြစ်သည်ဟု သူကတွေးထင်ခဲ့သည်ဖြစ်သည်။
“ခွေးမ..ခွေးမ..ခွေးမ… မင်ကလူသားတစ်ယောက်ကို
ချစ်ရဲပြီးတော့သူရဲ့ကျွန်သပေါက်တောင် ဖြစ်ဖို့ဆန္ဒရှိနေတယ်..မင်းမှာဂုဏ်သိက္ခာဆိုတာမရှိဘူး..အရှက်မရှိတဲ့ခွေးမ..
မင်းကမြွေလူသားမျိုးနွယ်စုကို အရှက်ရစေတဲ့သူပဲ”
ရီရှင်းက ဇီယာအားလက်ညိုး
ငေါက်ငေါက်ထိုး၍ အော်ပြောလိုက်သည်။
“မင်းကတော့သေချင်နေတာပဲ”
ရီရှင်းကဇီယာအားလက်ညိုး
ငေါက်ငေါက်ထိုး၍ ကျိန်ဆဲနေသည်ကို တွေ့လိုက်ရသောအခါတွင်
ရှစ်ဖုန့်၏မျက်နှာက ရုတ်ခြည်းကြမ်းကြုတ်ခက်ထန်လာသည်။ သူကရီရှင်းအားသူ၏ညာ
လက်ဖြင့်ပြင်းပြင်းထန်ထန်ပါး
ပိတ်ရိုက်လိုက်သည်။ ရီရှင်း၏မျက်နှာထက်တွင် အဖြူရောင်အလင်းတစ်ချက်လက်သွားပြီး အဖြူရောင်လက်ဖဝါးပုံရိပ်တစ်ခုပေါ်လာသည်။
“ဖြန်း”
ကြွပ်ဆပ်ဆပ်အသံတစ်ခုနှင့်အတူ ရီရှင်းမှာရှစ်ဖုန့်၏ ပါးရိုက်ခံရပြီး လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ပစ်ကျသွားသည်။
“မင်း..မင်းငါ့ကိုရိုက်တယ်…
မင်းငါ့ကိုဘယ်လိုတောင်ရိုက်ရဲတာလဲ..
မင်းကမြွေလူသားနယ်မြေထဲမှာပဲရှိသေးတယ်ကွ..မင်းဘယ်လိုတောင်ငါ့ကို ရိုက်ရဲတာလဲ”
မြေပြင်ပေါ်တွင်လဲနေသော ရီရှင်းကခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး ရှစ်ဖုန့်ထံသို့ဆိုးယုတ်သော
အကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။သူကအံကိုတင်းတင်းကြိတ်ပြီးပြင်းပြင်း
ထန်ထန်ကိုပြောဆိုလုက်သည်။
သူက မြွေလူသားမျိုးနွယ်မှ နတ်ဆရာမကြီး၏ တစ်ဦးတည်းသောမြေးဖြစ်သည်။
ကလေးဘဝကတည်းကသူ့အား
မည်သူမျှဤကဲ့သို့မဆက်ဆံဖူးချေ။
သူ၏မိဘများကစောစီးစွာဆုံး
ပါးသွားခြင်းကြောင့် သူ၏အဘွားဖြစ်သူနတ်ဆရာမကြီးခါလဲ့က အမြဲတမ်းသူ့အား အလိုလိုက်ပြီးရင်း အလိုလိုက်ထားခဲ့သည်။မြွေလူသားမျိုးနွယ်စုထဲတွင်သူ့အားမည်သူကမျှစော်ကားရဲခြင်းမရှိပေ။သူ့အဘွားဖြစ်သူကြောင်းလူများကသူ့အား အမြဲတစေ သူ့သဘောကျဖြစ်စေဖို့သာကြိုး
စားကြသည်ဖြစ်သည်။ သို့သော်ယခုအခါ၌ တစ်စုံတစ်ယောက်က သူ့အားရိုက်နှက်ရဲလေသည်။
“အား..လူသား..ငါမင်းကိုသတ်မယ်..
ငါမင်းကိုသတ်ပစ်မယ်ကွ..ငါ့ကိုဘယ်လိုတောင်ရိုက်ရဲတာလဲ..ငါမင်းကိုနောင်တ
ရသွားအောင်လုပ်ပစ်မယ်…
မင်းနောင်တရရလိမ့်မယ်..
မင်းစိတ်ပျက်ဖို့ကောင်းအောင်ကို သေရလိမ့်မယ်”
မြေပြင်ပေါ်တွင်လဲလျောင်း
နေသော ရီရှင်းမှာ ရှစ်ဖုန့်အား ကြမ်းကြုတ်ခက်ထန်သော
မျက်နှာထားဖြင့်ကြည့်လိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဒီအမှိုက်လေးကိုသတ်ခွင့်ပြုစမ်းပါ”
ရှစ်ဖုန့်ကဇီယာအား ထူးမခြားနားစွာကြည့်လိုက်ပြီး တောင်းဆိုလိုက်သည်။
“မလုပ်ပါနဲ့”
ဇီယာကသူ့အားလျှင်မြန်စွာတားလိုက်ပြီး ပြောလိုက်သည်။
“သူကနတ််ဆရာမကြီးရဲ့မြေးပဲ.
နတ်ဆရာမကြီးမှားမြေးကသူတစ်ယောက်ပဲရှိတာ ..ကျေးဇူးပြုပြီးတော့သူ့အသက်ကို ချမ်းသာပေးလိုက်ပါ…မဟုတ်ရင် နတ်ဆရာမကြီးတော်တော်လေးကို ကြေကွဲဝမ်းနည်းရလိမ့်မယ်..
နတ်ဆရာမကြီးက ညီမငယ်ငယ်ကတည်းက ညီမအပေါ်အမြဲတမ်းကြင်နာခဲ့တဲ့သူပါ”
“ဉာဏ်များတတ််တဲ့အဘွားအိုကြီးမှာဒီလိုမျိုး ရူးနေတဲ့မြေးတစ်ယောက်ရှိနေလိမ့်မယ်လို့ ဒီသခင်လေးမထင်ထားခဲ့ဘူး.
ဝမ်းနည်းစရာပဲ”
ရှစ်ဖုန့်က ခွေးရူးတစ်ကောင်ကဲ့သို့အော်ဟစ်နေသည့် ရီရှင်းအားအထင်သေးစွာဖြင့်ကြည့်
လိုက်ပြီးပြောလိုက်သည်။
ရီရှင်း၏အော်ဟစ်သံက ထိုနေရာတစ်ဝိုက်ရှိမြွေလူသားများ၏ အာရုံအားစွဲဆောင်သွားစေသည်။ ခွေးရူးတစ်ကောင်ကဲ့သို့မြေပြင်
ပေါ်တွင်လဲနေသော ရီရှင်းနှင့် သူ၏ရှေ့တွင်ရပ်နေသော ဇီယာနှင့်ရှစ်ဖုန့်တို့အားမြင်
လိုက်ရသောအခါတွင် မြွေလူသားမျိုးနွယ်စုနတ်ဆရာမ
ကြီး၏မြေးဖြစ်သူ ရီရှင်းတစ်ယောက်အရိုက်ခံနေရပြီဖြစ်ကြောင်းကိုသူတို့သိလိုက်သည်။
“ဒီလူသားကမင်းသမီးဇီယာအတွက်နဲ့ ရီရှင်းကိုတိုက်ခိုက်ဖို့ကြိုးစားပြီးတော့ သူ့ကိုရိုက်နှက်ခဲ့တာလား”
“ဒါပေမဲ့ မြင်ကွင်းကို ကြည့်ရသလောက်တော့ မင်းသမီးဇီယာက လူသားဘက်ကနေရပ်တည်
တာသိသာတယ်.ငါတော့ရီရှင်းကပဲ အရိုက်ခံဖို့တောင်းဆိုတာထင်တယ်..ဒီလူသား က နေ့ဘက်တုံးက အရှင်ဝေ့ကောင်းတောင် ယှဉ်နိုင်တဲ့သူမဟုတ်တာရှင်းရှင်းလေးပဲ..
ဒီရီရှင်းကတော့သူ့ကိုယ်သူ အထင်ကြီးနေတာပဲ”
“ရီရှင်းက မြွေလူသားနယ်မြေထဲမှာ မောက်မာနေကြပဲ..သူကနတ်
ဆရာကြီးရဲ့မြေးဖြစ်တာကြောင့်
လူတိုင်းကသူ့ကို အလျော့ပေးရမယ်လို့သူကထင်နေတာ.
ဒီလိုအရူးမျိုးက အရိုက်ခံရဖို့ထိုက်တန်ပါတယ်လေ”
“အမှန်ပဲ ..ရီရှင်းက မြွေလူသားနယ်မြေထဲမှာ အရူးတစ်ယောက်အဖြစ်နဲ့
ကျော်ကြားတယ်..သူဒီလောက်ထိ ရူးလိမ့်မယ်တို့တော့ ငါမမျှော်လင့်ထားခဲ့ဘူး…
နေ့အချိန်တုံးကဒီလူသားရဲ့စွမ်းအားကြီးမှုကိုသူလဲမြင်တွေ့ခဲ့မှာပဲ..အရှင်ဝေ့ကောင်း
ကိုအနိုင်ယူ ပြီးတဲ့နောက်မှာ သူ့ရဲအဘွားနတ်ဆရာမကြီး ခါလဲ့ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး ဒီလူသားကိုနှုတ်ဆတ်ပြီးတော့ သူ့ရဲဂုဏ်သရေရှိဧည့်သည်တော်
အဖြစ်တောင်ဖော်ညွှန်းခဲ့တာ..ဒီလူသားမှာ ထူးခြားလွန်းတဲ့ကျောထောက်
နောက်ခံရှိတာပဲဖြစ်ရမယ်..
ရီရှင်းအရိုက်ခံရရင်တောင် ဂုဏ်မောက်လို့အရိုက်ခံရ
တာပဲဖြစ်လိမ့်မယ်”
“ရီရှင်းက အရူးတစ်ယောက်ဆိုပေမဲ့လည်း သူကငါတို့မြွေလူသားမျိုးနွယ်စု
ဝင်တစ်ယောက်ဖြစ်နေတုံးပဲ..ဒါပေမဲ့ ဒီလူသားက ငါတို့မြွေလူသားနယ်မြေထဲမှာ ငါတို့လူတစ်ယောက်ကိုရိုက်နှက်ခဲ့တယ်..
ငါတော့ဒါနဲ့ပက်သက်ပြီးခံစား
ရတာမကောင်းဘူး”
ရှစ်ဖုန့်နှင့်ရီရှင်းတို့ရှိရာဘက်ခြမ်းသို့ လာရောက်ကြည့်ရှုကြသောမြွေလူသားတို့မှာ တစ်ယောက်ပြီးတစ်ယောက်ဆွေး
နွေးပြောဆိုကြသည်။
ဆက်ရန်…………….
ဘာသာပြန်သူ-ARISE