← Chapters

အပိုင်း(၃၇၈)

Vol. 26 Ch. 378

အပိုင်း(၃၇၈)

Vol. 26 Ch. 378

မြွေလူသားမျိုးနွယ်စုမှ ရီရှင်းမှာ ရိုက်နှက်ခြင်းခံနေရသည်။ လာရောက်၍ကြည့်ရှုကြသော မြွေလူသားအများစုက သူ့အား အရိုက်ခံရသည်မှာထိုက်တန်

သည်ဟုသော အကြည့်တို့ကိုပေးကြသည်။

သူတို့၏စကားလုံးများက  ထေ့လုံးငေါ့လုံများဖြင့်ပြည့်နှက်နေသည်။

ယင်းမှာ ဤပုဂ္ဂိုလ်က မြွေလူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်

နေခဲ့သည်ဆိုလျှင်တာင်  သူ့အနေဖြင့် မြွေလူသားမျိုးနွယ်ဝင်တို့၏

လှိုက်လှဲပျူငှာမှုကို မရရှိခြင်းမှာသိသာထင်ရှားသည်ဖြစ်သည်။

“သွားစို့”

ရှစ်ဖုန့်က ဇီယာအားပြောလိုက်သည်။

“ကောင်းပြီ”

ဇီယာက နာခံစွာခေါင်းညိမ့်ပြီး ရှစ်ဖုန့်နှင့်အတူလှည့်ထွက်လိုက်သည်။

“မင်းက ထွက်သွားချင်တာလား”

သူတို့လှည့်ရုံရှိသေးသည် ရီရှင်း၏ခက်ထန်အေးစက်သော အသံက သူတို့၏  အနောက်ဘက်မှ ထွက်ပေါ်လာသည်။

“မင်းကငါ့ကိုရိုက်ခဲ့တယ်..မင်းက မင်းစိတ်ရှိသလိုထွက်သွားလို့ရမယ်များထင်နေတာလား”

ထိုစကားများအားကြားလိုက်ရသောအခါတွင် ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးသော ရှစ်ဖုန်ု့မှာ  ရုတ်တရက်ရပ်တန့်လိုက်သည်။

သူကလှည့်လိုက်ပြီး ရီရှင်းအားကြည့်လိုက်သည်။

ဤအချိန်တွင်ရီရှင်းမှာ မြေပြင်မှနေ၍  ရှစ်ဖုန့်အား ခက်ထန်သော မျက်နှာထားတစ်ခုဖြင့်ကြည့်နေသည်။

“အကို ရှစ်ဖုန့်ထားလိုက်ပါ..

သူကအဲမြတမ်း ဒီလိုမျိုးလူစားပဲ..

သူ့ကိုလျစ်လျူသာရှုထားလိုက်ပါ”

ရှစ်ဖုန့်ကလှည့်လိုက်ပြီး ရီရှင်းအားအေးစက်စွာကြည့်နေသည်ကို တွေ့လိုက်ရသောအခါတွင်  ဇီယာက လျှင်မြန်စွာရှစ်ဖုန့်အား ဖျောင်းဖျဖို့ကြိုးစားလိုက်သည်။

“ခွေးမ..နင့်သောက်ပေါက်ကို ပိတ်ထားစမ်းပါ..နင်က သစ္စာဖောက်ပဲ.. အရှက်မရှိဘူး ..အရှက်မဲ့တဲ့ခွေးမ”

ရှစ်ဖုန့်အား ဇီယာဘာပြောနေသည်ကိုရီရှင်း

မကြားရသော်လည်း  ဇီယာက ဤလူသားနှင့်နီးကပ်လွန်းပြီး တီးတိုးပြောဆိုနေခြင်းက သူ့အားပိုမို၍ ဒေါသထွက်လာစေသည်။ဤခွေးမဇီယာက ဤလူသားအား အရှက်မဲ့ပြီး စပ်ဆုပ်ဖို့ကောင်း‌သောတစ်စုံတစ်ခုအား

ပြောနေခြင်းဖြစ်ရမည်ဟု သူတွေးလိုက်သည်။

စပ်ဆုပ်ဖို့ကောင်းသော စကားလုံးများစွာနှင့်အတူ သူတို့နှစ်ဦး ၏  လိင်ပိုင်းဆိုင်ရာ ချစ်ကြည်နူးတစ်တီတူးပုံရိပ်များက တစ်ခုပြီးတစ်ခု ရီရှင်း၏

စိတ်ထဲတွင်ပေါ်လာ၏။

“အား”

ရီရှင်းမှာ ဒေါသအမျက်ခြောင်းခြောင်းထွက်စွာဖြင့်သူ၏ခေါင်းအား ကောင်းကင်ထဲသို့မော့၍ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သွေးရူးသွေးတန်းနှင့်ထိန်းမနိုင်သိမ်းမရ ဒေါသအိုးပေါက်ကွဲသော

အခြေအနေသို့စိုက်ရောက်သွားသည်။

“မင်းပဲ ..မင်းပဲကွ..ငါ့ကိုဒီလိုတွေဖြစ်အောင်မင်းပဲ အတင်းအကျပ်လုပ်တာ..”

ရီရှင်းကခေါင်းကိုပြန်ငုံ့လိုက်ပြီး ရှစ်ဖုန့်နှင့်ဇီယာတို့ထံသို့ စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

သူ၏မျက်လုံးတို့ထဲတွင်

မျက်ရည်များဖြင့်ပြည့်နှက်နေသည်။သူက ခက်ထန်စွာအော်ပြောလိုက်သည်။

“ဇီယာ ခွေးမ..နင်ကခွေးမ..နင်ငါ့ကိုသစ္စာဖောက်တယ်..နင်ကငါ့ကိုနာကျင်ရအောင်လုပ်တယ်.နင်က နင့်ကိုယ်နင်ဒီလိုများတန်ဖိုးကျအောင်တကယ်လုပ်ခဲ့တယ်…နင်ငါ့ကိုဒါအတွင်အတင်းအကျပ်လုပ်ဆောင်စေတာပဲ..နင်ငါ့ကို အတင်းအကျပ်လုပ်ဆောင်စေတာပဲကွ..ငါဒါကိုလွယ်လွယ်နဲ့ခွင့်မပြုနိုင်ဘူး….လွွယ်လွယ်နဲ့ခွင့်မပြုနိုင်ဘူးကွ…အား..”

နောက်ဆုံးစကားအားပြောသောအခါတွင် ရီရှင်းက  ရုတ်တရက်သူ့ခေါင်းအား

ကောင်းကင်ထဲသို့မော့လိုက်ပြီး  ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ရုတ်ခြည်းဆိုသလို ရီရှင်း၏ အရှိန်အဝါတစ်ခုလုံးက ကြီးစွာသောပြောင်းလဲမှု

နှင့်ကြုံနေရသည်ကို လူများတွေ့လိုက်ကြရသည်။

“ဒီစွမ်းအား.ဘာတွေဖြစ်နေတာလဲ…

ဘယ်လိုဖြစ်ပြီးတော့ ရီရှင်းမှာဒီလိုမျိုး  အားကောင်းတဲ့စွမ်းအား တစ်ခုရှိနေရတာလဲ..သူက ကြယ်ကိုးပွင့် ဆရာသခင်နယ်ပယ်အမှိုက်ပဲဟာ …

ဒါပေမဲ့ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ကနေထုတ်လွှတ်နေတဲ့ အရှိန်အဝါတစ်ခုက ငါ့နှလုံးသားကိုတောင် တဆတ်ဆတ်တုန်ယင်စေတယ်”

“ဟားဟား..ဟားဟားဟားဟားဟား”

ကောင်းကင်ထဲသို့မော့ကာ

အော်ဟစ်လိုက်ပြီးနောက်  ရီရှင်းကဟက်ဟက်ပက်ပက်

ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သို့သော် ရယ်သံနှင့်အတူ သူ၏မျက်လုံးများမှ မျက်ရည်တို့က အဆက်မပြတ်

ကျဆင်းနေသည်။

ထို့နောက်တွင် ရီရှင်း ၏ခန္ဓာကိုယ်ကတစ်ဟုန်ထိုး

ပြန့်ကားကြီးထွားလာသည်ကို

လူများတွေ့လိုက်ကြရသည်။

“ဘန်း..ဖန်း..ဖန်း..ဖန်း.ဖန်း.ဖန်း..”

သူ၏ကိုယ်ပေါ်တွင် ရှိနေသော အပြာရောင်အဝတ်အစားများမှာ ရုတ်ခြည်းဆိုသလို ဖုဖောင်းထွက်လာသောခန္ဓာကိုယ်ကြောင့် စုတ်ပြဲထွက်သွားပြီး ရီရှင်း၏ ခြေအစခေါင်းအဆုံး ဖုထစ်နေသောကြွက်သားများ

လှစ်ဟာထွက်ပေါ်လာသည်။

မကြာခင်တွင် ရီရှင်း၏ အရေပြားပေါ်၌ အပြာရောင်အကြေးခွံအပိုင်း

အစများပေါ်လာသည်ကို လူများမြင်တွေ့လိုက်ကြရသည်။

“ငါသိပြီ..ငါသိပြီ..ဒါက နှစ်ထောင်ပေါင်းများစွာအကြာကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ တားမြစ်

လျှို့ဝှက်ပညာရပ် ဖြစ်တဲ့ နတ်ဝါဒစွမ်းအားဆိုတဲ့အရာပဲ …ဒီတားမြစ်ပညာရပ်မှာကြီး

မားတဲ့ချို့ယွင်းချက်အပြစ်အနာ

အဆာတွေရှိတယ်..နတ်ဝါဒစွမ်းအားတစ်ခါပေါ်လာတာနဲ့ အသုံးပြုသူကသူ့ရဲ့အသိဉာဏ်တွေကို ဆုံးရှုံးလိုက်ရပြီး  သားရဲရိုင်းတစ်ကောင်ဖြစ်လာလိမ့်မယ်..

ဒါကြောင့် အဲ့တာကို ငါတို့မျိုးနွယ်ထဲမှာ ရှောင်ကြဉ်ဖို့တားမြစ်ထားတယ်…

လွန်ခဲ့တဲ့နှစ်တစ်ထောင်အကြာတုံးက ဒီလျှို့ဝှက်ပညာရပ်က ဖျက်ဆီးခံလိုက်ရပြီး ထာဝရပျောက်ကွယ်သွားခဲ့တယ်…

ရီရှင်းကဒီလိုမျိုးတားမြစ်လျှို့ဝှက်

ပညာရပ်ကိုသင်ထားလိမ့် မယ်လို့ငါမထင်ထားခဲ့ဘူး”

“ရီရှင်းကတကယ့်ကို အရူးတစ်ယောက်ပဲ..ဒီလျှို့ဝှက်ပညာရပ်ကို အသုံးပြုတာနဲ့ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့က ဘာများကွာခြားသွားလို့လဲ”

“အားလုံးပဲ ပြေးကြစို့ နတ်ဝါဒစွမ်းအားသာနိုးထလာခဲ့ရင် ရီရှင်းလည်းသားရဲရိုင်းတစ်

ကောင်ဖြစ်လာလိမ့်မယ်..

ဒါပေမဲ့သူရထားတဲ့စွမ်းအားက ငါတို့စိတ်မကူးနိုင်လောက်အောင်ကို အရမ်းအားကောင်းလွန်းနေတယ်..

ငါတို့သူသတ်တာကိုခံရလိမ့်မယ်”

ဤအချိန်တွင် တစ်စုံတစ်ယောက်က နောက်ဆုံး၌သူတို့အားသတိပေး

ပြောလိုက်သည်။ဤသတိပေးမှုနှင့်အတူ သူတိုအားလုံးသူတို့၏ အသိများဝင်လာကြပြီး စတင်၍အဝေးသို့ထွက်ပြေးကြသည်။

“အို..မဟုတ်ဖူး”

ဤအချိန်တွင် ဝမ်းနည်းပူဆွေးသောအိုမင်း

သည့်အသံတစ်ခုက ညကောင်းကင်ယံထဲ၌ထွက်ပေါ်လာသည်။

“ရီရှင်းမင်းဘာလုပ်နေတာလဲ..

မြန်မြန်လေးဒီလျှို့ဝှက်ပညာရပ်ကိ သုံးနေတာရပ်လိုက်စမ်း..မြန်မြန်လုပ်”

အဖြူရောင်ပုံရိပ်တစ်ခုကပေါ်လာသည်။၎င်းမှာ မြွေလူသားနတ်ဆရာမကြီးဖြစ်သော

အဘွားအို ခါလဲ့ပင်ဖြစ်သည်။

ခါလဲ့ကအော်ပြောလိုက်သကဲ့သို့ ဧရာမအပြာရောင်မြွေမြှီးရိပ်ကြီးက

ရီရှင်း၏ အထက်တွင်ပေါ်လာသည်။

ကြယ်သုံးပွင့်ဘိုးဘေးနယ်

ပယ်တစ်ယောက်၏ စွမ်းအားဖြင့် အပြာရောင်အကြေးခွံများပို၍ပို၍ ဖုံးလွှမ်းလာသောရီရှင်းပေါ်သို့ ပြင်းထန်စွာထုနှက်ရိုက်ပုတ်လိုက်သည်။

“အဘွားကြီး.. ကျုပ်ကို စိတ်ပူမနေနဲ့ …ချိုးဖျက်စမ်း”

ပုံစံပြောင်းလဲနေဆဲဖြစ်သောရီရှင်းမှာ သူ့အထက်ရှိ အပြာရောင်မြွေမြှီးရိပ်အားမြင်

တွေ့လိုက်ရသည်။သူ အပြာရောင်အကြေးခွံများဖြင့်

ပြည့်နှက်နေသောသူ၏ညာလက်သီးအား တင်းကျပ်စွာဆုပ်လိုက်ပြီး  အပြာရောင်မြွေမြှီးရိပ်ကြီးထံ

သို့လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“အုန်း”

ပြင်းထန်သောပေါက်ကွဲသံတစ်ခုက ညကောင်းကင်ယံထဲတွင်ပဲ

တ့င်ထွက်ပေါ်လာသည်။

ရီရှင်း၏လက်သီးချက်အောက်တွင် အပြာရောင်မြွေမြှီးရိပ်ကြီးမှာ ရုတ်ခြည်းဆိုသလိုဖျက်ဆီးခံလိုက်ရသည်။

သုံးမီတာကျော်ရှည်လျားမြင့်မား

လာသောရီရှင်းမှာ  နတ်ဆိုး၏ခွန်အားမျိုးဖြင့် မြေပြင်အားကြေမွကွဲကြေသွားစေသည်။

“ဂါး”

သို့သော် အပြာရောင်အကြေးခွံတို့က

တော့ ရီရှင်း၏ကိုယ်ပေါ်တွင် ပို၍ပို၍ ပေါ်လာသည်။သူ၏အော်ဟစ်သံက သားရဲရိုင်းတစ်ကောင်နှင့် ပို၍ပို၍ နီးကပ်စွာတူလာ၏။သူ၏အရှိန်

အဝါကလည်းပိုမို၍ပြင်းထန်လာသည်။

“အရှင်ရှစ်ဖုန့် ကျွန်မအရှင့်ကိုအရေးယူဆောင်

ရွက်ပေးဖို့တောင်းပန်ပါတယ်..

သူ့ကိုတားဖို့ကျွန်မကိုကူညီပါ.

ကျွန်မအရှင့်ကိုတောင်းပန်ပါတယ် အရှင်ရှစ်ဖုန့်”

ရီရှင်းချပြသော အရှိန်အဝါနှင့်စွမ်းအားအား တွေ့မြင်ရသောအခါတွင် ခါလဲ့တစ်ယောက်သူ့မြေးဖြစ်သူအား တားဆီးရန်အတွက်ကူကယ်ရာမဲ့သလိုခံစားရသည်။သူမအနေဖြင့်ရှစ်ဖုန့်ကိုသာ ကူညီပေးပါရန်တစ်ခုတည်း

ကိုတောင်းဆိုရန်တက်နိုင်သည်။

“ဟမ့်”

ရှစ်ဖုန့်ကမြေပြင်ပေါ်တွင်လဲနေသောအပြာရောင်ပုံရိပ်အားကြည့်လိုက်ပြီးအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ထို့နောက်သူက သူ၏လက်ချောင်းကို လှစ်ခနဲလုပ်လိုက်ပြီး ဆန်းကြယ်သောအဖြူရောင်

အင်းစာလုံးတို့က ရှစ်ဖုန့်ထံမှ ရွှတ်ခနဲထွက်ပေါ်လာသည်။

၎င်းကရီရှင်းထံသို့ ရွှတ်ခနဲဦးတည်သွားပြီး သူ၏ခေါင်းထဲသို့ဝင်ရောက်သွားသည်။

မြေပြင်ထဲ၌လဲကာသားရဲရိုင်း

တစ်ကောင်ကဲ့သို့ဟိန်းဟောက်နေသော ရီရှင်းမှာရုတ်တရက်ငြိမ်ကျသွားသည်။

အစောပိုင်းလေးတွင်ထရပ်

တော့မည်ဖြစ်နေသာရီရှင်းမှာ သူ၏ခွန်အားအားလုံးအားဆုံးရှုံးသွားပုံရပြီး ပျော့ခွေကျသွားသည်။

ဤအချိန်တွင် ညကောင်းကင်ယံထဲတွင် အဖြူရောင်ပုံရိပ်တစ်ခုကရီရှင်း

၏ဘေးမြေပြင်ပေါ်၌ဆင်းသက်လိုက်သည်။

အဘွားအိုခါလဲ့၏ မျက်နှာထက်တွင်ထိတ်ထိန်ပျာပျာ

ဖြစ်မှုများဖြင့်ပြည့်နှက်နေသည်။

သူမကအလျင်အမြန်ထိုင်ချလိုက်ပြီးသူမမြေးဖြစ်သူ၏ ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည်။

ရှစ်ဖုန့်နှင့်ဇီယာတို့ကလည်း

ရှေ့သို့တက်လာခဲ့သည်။ရှစ်ဖုန့်က အေးဆေးစွာပင်ပြောဆိုလိုက်သည်။

“ဒီသခင်လေးကခင်ဗျားကိုကူညီပြီးတော့

သူ့ကို တည်ငြိမ်သွားစေပြီး မေ့မျောတဲ့အနေအထား

ရောက်အောင်ထားထားတယ်..

ကျန်တာတွေကတော့ ဒီသခင်လေး  ခင်ဗျားကိုမကူညီနိုင်ဘူး..

သူအစောပိုင်းကသုံးခဲ့တဲ့ လျှို့ဝှက်ပညာရပ်က သူ့စိတ်ကိုဆုံးရှုံးသွားစေပြီးတော့ သူ့ကိုသားရဲရိုင်းတစ်ကောင်အ

ဖြစ်ပြောင်းသွားစေတယ်လို့ ဒီသခင််လေးထင်တယ်…ဟမ့်..ဒီလိုမျိုးလျှို့ဝှက်ပညာရပ်ကိုသုံးတဲ့သူကတကယ့်

ကိုမှရူးနေတဲ့သူပဲ”

“နတ်ဆရာမကြီး..ကျွန်မစိတ်မကောင်းပါဘူး…ရီရှင်းရဲ့အခြေအနေအတွက် ကျွန်မမှလည်းတာဝန်ရှိပါတယ်”

ဖြူစင်ပြီးကြင်နာတတ်သော ကောင်မလေးဇီယာက ခေါင်လေးကိုငုံ့ကာ အဘွားအိုအားကြည့်လိုက်ပြီး

သူမကိုယ်သူမအပြစ်တင်လိုက်သည်။

“အား..ဘာလို့ငါ့မှာဒီလိုမျိုးအသုံးမကျပြီး အသိဉာဏ်မဲ့တဲ့ မြေးတစ်ယောက်ရှိနေရတာလဲ..”

ခါလဲ့က ဝမ်းနည်းမှုအပြည့်ဖြင်ပြောလိုက်သည်။

“ရီရှင်း..ရီရှင်း လူတိုင်းကမင်းကို မိုက်မဲတဲ့သူလို့ပြောကြပေမဲ့..

မင်းဘာလို့အရမ်းရူးမိုက်ပြီးတော့ အသုံးမကျရတာလဲ.မင်းအဖေ

အီတိုက ငါတို့မြွေလူသားမျိုးနွယ်စုရဲ့ ကျောက်ကြားတဲ့ စစ်သည်တော်

တစ်ယောက်ပဲ သူ….ဘာလို့သူကဒီလိုမျိုးအသုံး

မကျတဲ့သူကိုမှ မွေးခဲ့ရတာလဲ”

ခါလဲ့၏မျက်နှာထက်တွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏မျက်နှာထက်ရှိခါးသီးမုန်းတီး

မှုများဖြင့်ပြောလိုက်သည်။

ဆက်ရန်..

ဘာသာပြန်သူ- ARISE

All Chapters