ကျေးဇူးပြုပြီး ကူညီပေးပါ။
Vol. 2 Ch. 49
“မင်း ပိုပြီး ရွှင်မြူးလာတယ်။”
သူတို့အတွက် ယာဂုကို ထည့်ပေးရင်း လျန်ပင်က လုရှန်းကိုပြုံးရင်း ပြောလိုက်၏။
အရင်ချိန်တုန်းက လုရှန်း သူတို့ကို စော်ကားမှာ ကြောက်သလိုမျိုး ညင်သာစွာတိုးတိုးလေးပြောတတ်သည်။
"လူတွေက ပြောင်းလဲရမယ်။" အဒေါ်ယု ပြုံး၏။ "မင်းဆို ငယ်ငယ်တုန်းက အရမ်းငိုရတာ ကြိုက်တယ်မဟုတ်ဘူးလား? ကြက်ခေါင်းမရရင် တစ်နေကုန် ငိုတယ်။ ကြီးလာတော့ ငိုရတာမကြိုက်တော့ဘူးလို့ ဆိုလိုတာလား?”
အမျိုးသမီးချန်းနဲ့ လုရှန်းက တစ်ယောက်ကို တစ်ယောက် ကြည့်ကြတယ်။ ထို့နောက် ခေါင်းငုံ့ကာ တိတ်တိတ်လေး ရယ်မောလိုက်ကြတယ်။
“လာ၊ စားတော့။ လူကြီးအတွက် နှစ်ခု၊ ကလေး ၁ ခု။”
လုရှန်း အသားပေါက်စီများကို ဝေငှပြီးနောက် လူတိုင်း ပြုံးပြုံးရွှင်ရွှင် ကျေးဇူးတင်ကြတယ်။
သူမ တစ်လုံးပဲယူတာကို မြင်တော့ အမျိုးသမီးချန်းက နောက်တစ်လုံးကို ပန်းကန်ထဲ အမြန်ပြန်ထည့်လိုက်တယ်။
"ကျွန်မမှာ စားချင်စိတ်မရှိလို့ပါ။ ဒါကြောင့် တစ်ခုပဲ ဂျုံယာဂုနဲ့တွဲစားမယ်။"
လုရှန်းပြုံးပြီး ပြန်ပေးတယ်။ “ကျွန်မ မြို့ထဲ စားလာတယ်။ အခု နေမကောင်းဖြစ်ချင်နေပြီ။”
အမျိုးသမီးချန်း ကူရာမဲ့လျက် ကြည့်နေပြီး နောက်ထပ် မငြင်းဆန်တော့။
အားဂျန်က “အစ်မ၊ ဒီအမဲသားက အနံ့အရမ်းကောင်းတယ်။ မနက်ဖြန် စားချင်သေးတယ်!"
လျန်ပင် ခေါင်းညိတ်၏။ "အနံ့ ကောင်းတယ်!"
လုရှန်းက "အစ်ကိုလျန် ကြိုက်ရင် အရက်နဲ့သောက်ဖို့ ၁ ချပ် ပေးမယ်။”
လျန်ပင်၏ စကားကို မစောင့်ဘဲ အဒေါ်ယုက “သူ မသောက်ဘူး။ ကိုယ့်အတွက်ကို သိမ်းထား။"
လုရှန်း ပြုံးပြီး ဘာမှပြန်မပြောပါ။ သို့သော် တချပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထား၏။
ဗိုက်ပြည့်သွားချိန်တွင် ပန်းကန်များနှင့် တူများကို သန့်ရှင်းရေးလုပ်ပြီး ကလေးနှစ်ယောက်ကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
အိမ်ကိုရောက်ချိန်တွင် ပထမဆုံးလုပ်သည်က လျန်ပင်ကို အမဲသား ၁ ချပ် ပေးတာဖြစ်တယ်။
ငြင်းမရတော့ အဒေါ်ယု လက်ခံဖို့ကလွဲလို့ ရွေးစရာမရှိခဲ့ပေ။
ညသည် လျင်မြန်စွာ ကုန်ဆုံး၏။
မြက်ခင်းပြင်တွင် အင်းဆက်ပိုးမွှားများ တီးမှုတ်နေကြပြီး တိတ်ဆိတ်သောညတွင် အတော်လေး ဆူညံနေပုံပေါ်သည်။
လုရှန်း အမြဲတမ်း ပေါ့ပေါ့ပါးပါး အိပ်တတ်သူဖြစ်တယ်။ ထိုအသံများကို နားထောင်ရင်း အိပ်မပျော်နိုင်ဖြစ်နေ၏။
သူမ ထကာ ခြံဝင်းရှိ ထိုင်ခုံပေါ် ထိုင်နေ၏။
ဘေးအိမ်မှ အဒေါ်ယုရဲ့ အသံကို ကြားနေရသည်။ အဒေါ်ယုရဲ့ အသံက အလွန်နူးညံ့ပေမယ့် သူမရဲ့ အကြားအာရုံ ကောင်းမွန်တာမို့ စကားများကို ရှင်းရှင်းလင်းလင်း ကြားရသည်။
“အားရှန်းက ကလေးနှစ်ယောက်ကို တစ်ယောက်တည်းပြုစုဖို့ မလွယ်ဘူး။ မင်းမှာ ဘာမှလုပ်စရာမရှိရင် မင်းသူ့ကိုသွားပြောလို့ရတယ်။ လု မိသားစုမှာ ဖြစ်ပျက်နေတဲ့အရာတွေ အများကြီးကြောင့် သူမ အပေါ်ယံမှာ ငြိမ်သက်နေပုံရပေမယ့် စိတ်ထဲမှာတော့ စိတ်မကောင်းဖြစ်နေတယ်။”
ခဏအကြာတွင်၊ လုရှန်းက အမျိုးသမီးချန်းရဲ့ နူးညံ့သိမ်မွေ့သောအသံကိုကြားရ၏။
“နားလည်ပါတယ်၊ အမေ။”
လုရှန်းပြုံးတယ်။
ဆိုရိုးစကားရှိသည်။ ‘ရင်းနှီးသောအိမ်နီးချင်းသည် ဝေးသောဆွေမျိုးထက် ပို၍ကောင်းသည်။’ဟူ၍။
လုတာ့မင်နဲ့ အမျိုးသမီးကျောင်းတို့လို ဆွေမျိုးများနှင့် နှိုင်းယှဉ်ပါက အဒေါ်ယုတို့မိသားစုသည် ပိုကောင်းသည်။
“အာပင်း၊ ခြံဝင်းထဲက ထင်းတွေကို အခန်းထဲပြန်ပို့။ အင်းဆက် အော်တာ ကျယ်တယ်။ ဒီည မိုးရွာမယ်ထင်တယ်။"
"ဟုတ်ကဲ့၊ ခဏနေ လာခဲ့မယ်။"
ဘေးအိမ်ရှိ စကားဝိုင်းကို ကြားတာနဲ့ လုရှန်း ခြံဝင်းထဲက ထင်းများ မီးဖိုချောင်ထဲအမြန်ထည့်လိုက်သည်။
မျိုးဆက်ဟောင်းတွေက ပိုအတွေ့အကြုံ ရှိသည်လေ။
သိပ်မကြာခင် လေတိုက်၏။
ကောင်းကင်အမြင့်တွင် တွဲလောင်းကျနေတဲ့ လဟာ ခဏအတွင်း တိမ်တွေကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် အလင်းရောင်မရှိတော့ဘဲ ကောင်းကင်ကို မှောင်မိုက်သော တိမ်တိုက်များ ဖုံးအုပ်လာ၏။
လုရှန်း သူမရဲ့အခန်းထဲသို့ ပြန်ရောက်ပြီး မိုးဖွဲဖွဲကျသံကို နားထောင်းရင်း လှဲလျောင်းနေ၏။ ခဏအကြာတွင် မိုး ပိုသည်းလာပြီး အခန်းအတွင်းသို့ ယိုစိမ့်လာ၏။ ကံကောင်းတာက အိပ်ရာပေါ် မဟုတ်ခဲ့ပါ။
မိုးရွာသံကို နားထောင်ရင်း မှိန်းခနဲ အိပ်ပျော်သွားခဲ့သည်။ သူမနိုးချိန်တွင် မိုးလင်းနေပြီ။
မတ်တပ်ထရပ်ကာ ရေချိုးသန့်စင်ပြီးနောက် မနက်စာပြင်ဆင်ရန် မီးဖိုချောင်ထဲဝင်၏။
မနက်စာအတွက် ယာဂုချက်ပြုတ်၊ ကြက်ဥအကာအနည်းငယ်ပြုလုပ်ကာ အမဲသားတောက်တောက် ပန်းကန်သေးသေးတစ်လုံးစာ ကြော်၏။
ကလေးနှစ်ယောက်ကို မနက်စာကျွေးပြီးနောက် လီကျန်း(ရွာသူကြီး)ရဲ့ အိမ်ကို သွားသည်။
" လုရှန်း ဘာလို့ ဒီကို ရောက်နေတာလဲ?”
လီကျန်း(ရွာသူကြီး) ခြံဝင်းထဲတွင် ထိုင်နေ၏။ သူမကိုတွေ့တော့ အံ့သြသွားလေသည်။
လုရှန်း နေရာလွတ်လက်ကောက်မှ ထုတ်ယူလာသော ဝိုင်ပုလင်းကို လီကျန်း(ရွာသူကြီး)အား ပေးလိုက်တယ်။ သူမ အပြုံးဖြင့် “ဒီနေ့ အကူအညီတောင်းဖို့ ဒီကိုလာခဲ့တာ။”