← Chapters

ကမ်းခြေပွဲသို့‌ တက်ရောက်လာကြခြင်း

Vol. 32 Ch. 436

ကမ်းခြေပွဲသို့‌ တက်ရောက်လာကြခြင်း

Vol. 32 Ch. 436

အခန်း (၄၃၆) : ကမ်းခြေပွဲသို့‌ တက်ရောက်လာကြခြင်း

ပထမဆုံးရောက်လာသည့်သူက လင်းဖန်နှင့် သူ့ဇနီး ရှုရှစ်တို့ဖြစ်ပြီး ဝမ်ဝေ့ကဲ့သို့ သူက ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။

“ ဒီအကြည့်က ဘာလဲ” လင်းဖန်က ဝမ်ဝေ့ မျက်နှာထက်မှ တွေးဆဆအမူအရာကို မြင်ပြီး မေးလိုက်သည်။

“ မဟုတ်ပါဘူး။ မင်းက ကိုယ့်ဇနီးကို တခြားသူတွေ မမြင်စေချင်တဲ့ လူတွေထဲက တစ်ယောက်လို့ ထင်နေခဲ့လို့ ”

ဝမ်ဝေ့က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက လင်းဖန်သည် သူ သိပ်မကြိုက်သည့် ကိုယ်လုပ်တော်တစ်ယောက်ကို ခေါ်ဆောင်လာပြီး ရှုရှစ်ကိုမူ အိမ်မှာထားခဲ့မည်ဟု ထင်ထားခဲ့မိသည်။

“ ငါက ကမ္ဘာမှာ အလှဆုံးမိန်းကလေး ရှိထားတာ။ ဘာလို့ မကြွားရမှာလဲ။ အဲဒီအမျိုးသားတွေက သဘောကျပေမဲ့ အဝေးကနေပဲ ကြည့်နေနိုင်တာက ငါ့အတွက် ဂုဏ်ယူမှုပဲလေ”

ရှုရှစ်က ထိုချီးကျူးစကားကို ကြားကာ အနည်းငယ် ရှက်သွေးဖြာသွားပြီးနောက် ပြုံးလိုက်သည်။

ဝမ်ဝေ့က ထိုအခွင့်အရေးကို အသုံးချကာ သူမအား သေချာကြည့်လိုက်၏။

သူမက အဖြူရောင် ရေကူးဝတ်စုံ ဝမ်းဆက်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းက သူမ၏ မိန်းမပီသသည့် ကောက်ကြောင်းများကို ပြသနေကာ အောက်ပိုင်းကမူ သူမ၏ ညာဘက်ပေါင်အခြမ်းကို ဖုံးထားသည့် ပါးလွှားနေသော အဖြူရောင် ပဝါတစ်ခု ရှိနေသည်။ ထိုပဝါက သူမ၏ ဒူးအထိပင် မရောက်သောကြောင့် သူမ၏ ကောက်ကြောင်းအား ပြသနေလေသည်။ သူမက ထိုရေကူးဝတ်စုံဖြင့် ဖြူစင်ကာ ဆွဲဆောင်မှုရှိသည့်ပုံစံမျိုးကို ပေါင်းစပ်ထားသလိုမျိုး ဖြစ်၏။

“ အလှဆုံး မိန်းကလေးတဲ့လား” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ အဲဒီစကားတွေကို ထပ်ပြောလိုက်ပါဦးလား”

ထို့နောက် သူက သူ့ဇနီးရှိရာ ဝူဟုန်ဆီ လှမ်းကြည့်လိုက်၏။

ဝူဟုန်က အနက်ရောင် ရေကူးဝတ်စုံဝမ်းဆက်ကို ဝတ်ဆင်ထားလေသည်။ သို့သော်လည်း ကွဲပြားသည့်ပုံစံ ဖြစ်၏။ သူမ၏ အပေါ်ပိုင်းက လည်ပင်းကို ကြက်ခြေခတ် ရစ်ပတ်ထားပြီး အောက်ပိုင်းကမူ သူမ၏ သီးသန့်နေရာလေးကို ဖုံးလွှမ်းထားပြီး ဘေးတစ်ဖက်တစ်ချပ်စီတွင် ကြိုးချည်ထားသည့် အဝတ်ကလေးသာ ပါရှိသည်။

ထိုအရာက ရှုရှစ်ထက် ကြီးမားပြီး လုံးဝန်းနေသည့် ဖွံ့ဖြိုးမှုတို့ကို အပြည့်အဝပြသထားပြီး သဲနာရီခန္ဓာကောက်ကြောင်းကို အပြည့်အဝ ပြသထားသည်။ သို့သော်လည်း ထိုအရာက မလုံလောက်သေးပေ။

သူမအပေါ်တွင် ခဲဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေနှင့်အတူ လွင့်မြောနေကာ  နေကာမျက်မှန်ကလည်း ကောင်းမွန်စွာ ပြုလုပ်ထားဟန်ပေါ်သည်။ သူမ၏ လက်ထဲရှိ ဝိုင်ခွက်ကို ဖြည်းဖြည်းချင်း ဝှေ့ယမ်းနေရင်း အဝေးတစ်နေရာကို လှမ်းကြည့်နေလေသည်။

သူမ၏ အငွေ့အသက်က အစေခံနှင့် ဖောက်ပြားနေသည့် သူမ၏ ခင်ပွန်းဖြစ်သူကို ခွင့်မလွတ်နိုင်ဘဲ တိတ်တဆိတ် သတ်လိုက်သည့် မုဆိုးမလိုမျိုး ဖြစ်နေလေ၏။

သူမက ချမ်းသာလွန်းသည့်အတွက် သူမ၏ ကလေးများကို ပြုစုပျိုးထောင်ဖို့ ကလေးထိန်းအယောက် ၃၀ ငှားထားနိုင်ပြီး တစ်လတစ်ခါမှသာ သွားရောက်တွေ့ဆုံလေသည်။ ထို့ကြောင့် လူမှုအသိုက်အဝန်းရှိလူများက သူမအား မိခင်ဆိုးဟု ပြောကြမည်မဟုတ်ပေ။

ဆင်းရဲသည့်သူများကသာ သူတို့၏ ကလေးကို ကိုယ်တိုင်ပြုစုပျိုးထောင်ကြခြင်း ဖြစ်၏။

လင်းဖန်က နှာခေါင်းရှုံ့လိုက်သည်။ သူက သူ့ဇနီးသည် ပိုမိုလှပသော်လည်း ပုံမှန်အလှအပစံနှုန်းမျှသာ ဖြစ်လေသည်။ ယုံကြည်မှု၊ အရှိန်အဝါ၊ အမူအရာဟန်ပန်နှင့် ပတ်သက်လာသည့်အခါ သူတို့နှစ်ဦးက နီးပင်မနီးစပ်ပေ။

ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်ပြီးနောက် နှစ်ဦးသားအား ဖျော်ရည်ယမကာကောင်တာဆီ လက်ညှိုးထိုးပြလိုက်ပြီး ထိုနေရာတွင် စောင့်နေဖို့ ပြောလိုက်သည်။

နောက်ထပ် ရောက်လာသူမှာ စုယာ ဖြစ်၏။ သူမ၏ ဝတ်စုံကလည်း ဝမ်းဆက် ဖြစ်ပေသည်။ သို့သော်လည်း အောက်ပိုင်းတွင် သူမက ရှီရှစ်လိုမျိုး ပဝါတစ်ခု ဝတ်ဆင်ထား၏။ ရှီရှစ်နှင့် မတူညီသည်က စုယာ၏ ပဝါသည် ပိုမိုရှည်လျားပြီး အောက်ခြေအထိ ကျနေသည်။

သို့သော်လည်း ထိုဝတ်ရုံက သူမ၏ ညာဖက်ခြေထောက်ကိုသာ ဖုံးလွှမ်းထားရုံမျှဖြစ်ပြီး သူမ လမ်းလျှောက်လိုက်တိုင်း ရှည်လျားကာ ကြော့ရှင်းသည့် ဘယ်ဖက်ခြေထောက်တို့က ထွက်ပေါ်လာသောကြောင့် သံလိုက်အချို့လိုမျိုး ဆွဲဆောင်နေလေသည်။

သူမက နေကာဦးထုပ်အကြီးကြီးကို ဆောင်းထားသောကြောင့် အမျိုးသမီးဆန်ဆန် ခံစားချက်မျိုးပေးနေသည်။

စုယာ၏ အဖော်က ခေါင်းငုံ့ထားသည့် မိန်းကလေးတစ်ဦး ဖြစ်၏။ သူမ ကြည့်ရသည်မှာ ထိုသို့အဝတ်မျိုးကို ဝတ်ရသည်မှာ အသားမကျသည့်အလား အနည်းငယ် ရှက်ရွံ့နေဟန်ပေါ်သည်။

“ ဒီလို အဝတ်မျိုးကို ပုံစံဖော်ဖို့ ဘယ်လောက်အချိန်ယူခဲ့ရလဲ သိချင်မိသား” စုယာက မေးလိုက်သည်။

“ စောင်းပြောနေတာလား” ဝမ်ဝေ့က ရှုံ့မဲ့ကာ မေးလိုက်သည်။

“ ရှင့်ဆန္ဒတွေကို ထိန်းချုပ်ထားဖို့ပြောတာပါ။ ရှင့်ဇနီးက အိပ်ခန်းထဲမှာ သူမရဲ့ တာဝန်ကို မကျေပွန်ဘူးဆိုရင် ကျွန်မကို ဆက်သွယ်လိုက်။ ကျွန်မ ရှင့်အတွက် စီစဉ်ပေးမယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် စုယာက သူ့ပုခုံးအား ပုတ်ကာ လင်းဖန်တို့ဆီ ဦးတည်လိုက်သည်။ ထိုနေရာသွားနေရင်း သူမက ဝူဟုန်ကို မြင်ကာ အကြည့်များက လင်းလက်တောက်ပလာ၏ “ လှလိုက်တာ”

ထို့နောက် သူမက လက်တစ်ချက် ဝှေ့ကာ သူမ၏ မူလအဆီအနှစ်တချို့ကို ဝူဟုန်၏ ပုံစံနှင့်တူသည့် နေကာမျက်မှန်ကို ပုံဖော်လိုက်သည်။ ထို့နောက် စုယာက သူမနှင့် လိုက်ဖက်ကာ အသင့်တော်ဆုံးဖြစ်သည့် ဒီဇိုင်းပုံစံအထိ အမျိုးမျိုး ပြောင်းလဲလိုက်သည်။

သိပ်မကြာခင် ကျန့်ဝူရွှမ်းက ပေါ်ထွက်လာသည်။ သူက အမည်မသိ မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာလေ၏။ သူက တခြားလူများကဲ့သို့ အင်္ကျီဝတ်ဆင်မထားဘဲ ဘောင်းဘီတိုသာ ဝတ်ဆင်ထားခဲ့သည်။

သူ၏ ကြွက်သားအမြောင်းမြောင်းကို အပြည့်အဝ ပြသထားပြီး သူ၏ ဓားမျက်ခုံးတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ အတော်လေး ခန့်ညားလှသည်။ သူ့ဆံပင်ရှည်များကို ပုံမှန် ထုံးထားခြင်း မဟုတ်ဘဲ နောက်တွင် စုစည်းထားလေသည်။ ထိုအချက်က ဝမ်ဝေ့နှင့် လင်းဖန်အတွက်လည်း အတူတူသာ ဖြစ်၏။

“ ဒါက ဘယ်သူများလဲ” ဝမ်ဝေ့က ထိုရှက်ရွံ့နေသည့် သူမအား ကြည့်ကာ မေးလိုက်၏။ တစ်ခါကြည့်ရုံမျှဖြင့် ထိုအမျိုးသမီးသည် ဂရုစိုက်တတ်သည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။ ဆေးပင်အနံ့ကြောင့် သူမသည် ဆေးဝါးပညာရှင် သို့မဟုတ် သမားတော် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။

သူမက အံ့ဖွယ်ပင်လယ်အဆင့်တွင်သာ ရှိသေးသည့်အတွက် စတင်ကျင့်ကြံခါစဖြစ်နေသည့် အကြောင်းအရင်းအား မသေချာပေ။

“ ဒါက ငါ့ရဲ့ ကျေးဇူးရှင် တာ့ကျီတဲ့” ကျန့်ဝူရွှမ်းက အပြုံးလေးဖြင့် မိတ်ဆက်ပေးလိုက်သည်။

“ ကောင်းပြီ။ မိန်းကလေး တာ့ကျီကို တွေ့ရတာဝမ်းသာပါတယ်”

“ ဟုတ်ကဲ့ … ကျွန်မလည်း တွေ့ရတာ ဝမ်းသာပါတယ်” သူမက နူးနူးညံ့ညံ့ ပြောလိုက်သည်။

ဝမ်ဝေ့က ကျန့်ဝူရွှမ်းအား ဦးတည်ရာသို့ ပြလိုက်ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်၏။

မိန်းမလှတွေဆိုတာ သူရဲကောင်းတွေရဲ့ ရန်သူဆိုတာ အမှန်ပဲကိုး

စွင်းကျောင်းလုံနှင့် ကျန်းရွှမ်တို့က နောက်ထပ် ရောက်ရှိလာကြသူများ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို ကျန်းရွှမ်က တစ်ယောက်တည်း ဖြစ်ကာ အနက်ရောင် ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားလေသည်။ တစ်ဖက်တွင် စွင်းကျောင်းလုံကမူ နဂါးပုံစံများ ရှိသည့် ရှပ်အင်္ကျီနှင့် ရွှေရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သူ့မောင်းမထဲမှ လူနှစ်ယောက်ကို ခေါ်ဆောင်လာသည်။ သူတို့က ပုံမှန်ရေကူးဝတ်စုံများ ဝတ်ဆင်ထားကြသည်။

ဖန်းလီကျွမ်း ပေါ်ထွက်လာသည့်အခါ အင်မတန် တောက်ပလွန်းလေသည်။ သူမ၏ ရေကူးဝတ်စုံက အပြာရောင် အနားတွန့်လေးများ ပါဝင်ပြီး အောက်ပိုင်းကမူ အလွန်တိုသည့် ဘောင်းဘီတို ဖြစ်၏။

ဝမ်ဝေ့အနေဖြင့် သူမသည် သာလွန်မြင့်မြတ်ကြောင်း သဘောထားကို ပြသဖို့အတွက် ရဲရဲတင်းတင်း ဝတ်ဆင်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူမက သူမ၏ သဘောထားနှင့် ကွဲလွဲစွာ ရိုးရှင်းသည့်အရာကိုသာ ဝတ်ဆင်လာခဲ့သည်။ သို့သော်လည်းသူမနှင့် လိုက်ဖက်ညီနေဆဲသာ ဖြစ်၏။

ဝမ်ဝေ့က သူမ လမ်းလျှောက်လာသည်ကို ကြည့်နေရင်း ရေကူးဝတ်စုံနှင့် သင့်တော်နေသည့် ကျောက်စိမ်းလိုအသွင်ကို ကြည့်ရှုနေသည်။

ထို့နောက် တစ်ချိန်တည်းတွင် သူ့စိတ်ထဲ အသံတစ်ခုကို ကြားလိုက်ရ၏ “ ရှင်က တော်တော်လေးကို ပျော်နေတယ်ပေါ့။ ရှင်က လက်ထပ်ပြီးသားသူဆိုတာကို မမေ့နဲ့ဦး”

“ မမေ့ရပါဘူးဗျာ”

သူက ချက်ချင်းဆိုသလို ချွေးပျံလာကာ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် ကျန်းပိယုက ပေါ်ထွက်လာ၏။ သူမက ထိုပွဲတွင် တစ်ဆက်တည်း ရေကူးဝတ်စုံကို ပထမဆုံး ဝတ်ဆင်ထားသူ ဖြစ်၏။ သူမ၏ ပုံစံက ဝမ်ဝေ့ ကြည့်ခဲ့ဖူးသည့် ဂျပန်ရုပ်ပြကားထဲမှ ကျောင်းရေကူးဝတ်စုံနှင့် တူညီလေသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပြသထားလေသည်။ ကံဆိုးစွာဖြင့် သူမ၏ ဖြူစင်ရိုးသားလှသည့် မျက်နှာထားက သူမအား တခြားအတွေးမျိုး ဝင်မိဖို့ရာ အနည်းငယ်အရှက်ရသွားစေလိမ့်မည်။

“ မင်း မလာဘူးလို့ထင်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။ သူမက သူ့ပွဲကို ငြင်းလိမ့်မည်ဟု ထင်ထားခဲ့မိ၏။

“ ဘာလို့လဲ။ ကြည့်ရတာ ပျော်ဖို့ကောင်းမဲ့ပုံပါပဲ”

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် လမ်းပြလိုက်သည်။ ထိုသို့သော စိတ်ထားဖြူစင်သည့်လူမျိုးက မည်မျှပင် ရိုးရှင်းနေစေကာမူ ခန့်မှန်းဖို့ရာ အလွန်ခက်ခဲလှသည်။

နောက်ထပ် ပေါ်ထွက်လာသူက ဟို့ဖုန်းဟွမ် ဖြစ်၏။ သူမက အနီရောင် တစ်ဆက်တည်း ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်နှင့်အောက်ကို ကြက်ခြေခတ်ကြိုးများဖြင့် ဆက်နွယ်ထားသည်။ သူမက တစ်ညလုံးကဲကာ လမ်းကြားထဲတွင် နိုးထလာလောက်အောင် အမူးသောက်မည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

သူမက အဖော်တစ်ယောက်ကို ခေါ်ဆောင်လာ၏။ ထိုလူက အဖြူရောင်မျက်ဆံနှင့် လူငယ်လေးတစ်ဦး ဖြစ်ပြီး အေးစက်စက် မျက်နှာထားမျိုး ရှိသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးက သူ့အား တစ်ခုခုအကြွေးတင်နေသကဲ့သို့ ဖြစ်၏။

“ မိန်းကလေးဖုန်းဟွမ် ထပ်တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက…”

“ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက ယီမျိုးနွယ်ရဲ့ သခင်လေး ယီပုပါ”

ထိုအမျိုးသားက ဝမ်ဝေ့အား တစ်ချက်ကြည့်ကာ ခေါင်းအသာညိတ်ပြီးနောက် လျစ်လျူရှုသွားလေသည်။ ဝမ်ဝေ့ကလည်း သူ့အား တုံ့ပြန်မှုပေးမလာပေ။

ထိုသူသည် ရိုင်းစိုင်းမှန်း သိသည့်အတွက် ထိုလူနှင့် ဆက်နွယ်နေ၍ အကျိုးမရှိပေ။ ထို့ကြောင့် သူက ဟို့ဖုန်းဟွမ်နှင့်သာ ပြောဆိုပြီးနောက် သူမအား အဖျော်ယာမကာကောင်တာသို့ ပြသလိုက်သည်။

နောက်ဆုံးရောက်လာသည့်သူက ဟွမ်ယွမ် ဖြစ်၏။ သူကလည်း အပေါ်ဗလာကျင်းနေသည့် အုပ်စုထဲတွင် ပါဝင်လေသည်။ သူ့လက်တွဲဖော်က ရိုးရိုးရှင်းရှင်း အနက်ရောင် ရေကူးဝတ်စုံဝမ်းဆက်ကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦး ဖြစ်၏။

သူက သူနှင့်စကားပြောဆိုပြီးသည့်နောက်တွင် အဖျော်ယမကာကောင်တာသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော်လည်း သူက သူ့အနီးအနားရှိ အမျိုးသမီးသည် ထူးဆန်းနေသည့်အတွေးကို မဖယ်ရှားနိုင်ပေ။

သူ သိထားသလောက် သူမသည် ဟွမ်ယွမ်၏ ဇနီးဖြစ်သူ ဖန်ချင်းဟန်ဖြစ်ပြီး သူ့ကို သစ္စာဖောက်ခဲ့သူလည်း ဖြစ်၏။ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးသည့်အခါ သူက လေလွင့်ကျင့်ကြံသူအဖွဲ့အစည်းမှ အရင်းအမြစ်များကို သုံးပြီး သူ့မွေးရပ်မြေကမ္ဘာသို့ ပြန်ဆောင်ကာ သူ့အား သတ်ဖြတ်ခဲ့သည့်သူများနှင့် ဖြေရှင်းခဲ့သည်။

သူက ထိုသူအားလုံးကို သတ်ဖြတ်ခဲ့ပြီး ဖန်ချင်းဟန်၏ မိသားစုဝင်အားလုံးကိုလည်း သတ်ဖြတ်ခဲ့ပြီး သူမ၏ ဂိုဏ်းကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် သူက သူမ၏ ဝိညာဉ်အား ကျွန်ပြုကာ လိင်ကျွန် ဖြစ်လာစေခဲ့သည်။ ထို့နောက် စကားဖြင့် ဆိုဖွယ်ရာမရှိသည့် ကိစ္စများအားလုံးကို သူ့အမုန်းတရားနှင့် အမျက်ဒေါသကို ပြေပျောက်ဖို့ရာအတွက် လုပ်ဆောင်ခဲ့၏။

သူ့အတွက် သူမကို သတ်လိုက်ခြင်းက အလွန်ကို လွယ်ကူလွန်းလှသည်။ သူက သူမအား ပိုမိုဆိုးရွားသည့်ဘဝကို ခံစားလိုလေသည်။

နောက်ဆုံး ရောက်ရှိလာသည့်သူက မိုရှင်းယွင် ဖြစ်၏။ ဝမ်ဝေ့က သူမ၏ ရေကူးဝတ်စုံကို မည်သို့ဖော်ညွှန်းရမည်မှန်း မသိတော့ပေ။ အောက်ပိုင်းက အဆင်ပြေပြီး ရိုးရိုးရှင်းရှင်း အနက်ရောင် ရေကူးဝတ်စုံသာဖြစ်ပြီး အပေါ်ပိုင်းကမူ သူမ၏ ရင်သားတစ်ဝိုက်အား ဖုံးကွယ်ထားသည့် ကြယ်ပုံသဏ္ဌာန်အဝတ်သာ ပါရှိသည်။

အကယ်၍ ဤသည်သာ ကျင့်ကြံရေးလောက မဟုတ်ခဲ့လျှင် ဝမ်ဝေ့က သူမအား ဤအဝတ်ကလေး ကျွတ်ကျမသွားဖို့ ယုံကြည်ချက်လွန်ကဲနေသည်ဟု ပြောမိလိမ့်မည်။

“ ပြဿနာရှိလို့လား” မိုရှင်းယွမ်က မေးလိုက်သည်။

“ မရှိပါဘူး။ ဒါပေမဲ့ တချို့လူတွေကတော့ မင်းရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး ပြောကြလိမ့်မယ်ထင်တယ်”

“ သူတို့ပြောကြပါစေပါ့” သူမက ပြောပြီးနောက် ထွက်သွားသည်။

ဒီမှင်စာငယ်လေးက တမင်လုပ်ခဲ့တာပဲ

ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။

မိုရှင်းယွင် ရောက်ရှိလာပြီးသည့်နောက်တွင် ဝမ်ဝေ့က ထပ်ရောက်လာမည့်သူ မရှိကြောင်း သိလိုက်သည်။ အကြောင်းမှာ ဖုန်းဟွမ်က သူ့ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့လေသည်။ ထို့နောက်  သူသည်လည်း အဖျော်ယမကာကောင်တာသို့ ဦးတည်လိုက်သည်။

All Chapters