← Chapters

ကမ်းခြေပွဲ - ပြိုင်ပွဲ

Vol. 32 Ch. 437

ကမ်းခြေပွဲ - ပြိုင်ပွဲ

Vol. 32 Ch. 437

အခန်း (၄၃၇) : ကမ်းခြေပွဲ - ပြိုင်ပွဲ

ဝမ်ဝေ့က အဖျော်ယမကာ ကောင်တာဆီ လျှောက်လာရင်း ဝူဟုန်ကို မြင်လိုက်သည့်အခါ သူမအနား ရောက်ရှိသွားသည်။ သူက သူမအား စိုက်ကြည့်ကာ ရှုစားလိုက်၏။

“ ဘာဖြစ်လို့လဲ”

“ ကျွန်မရဲ့ ဝတ်စုံက တစ်ခုခုလိုနေသလိုပဲ။ ဒါပေမဲ့ ဘာလိုနေမှန်းမသိဘူး”

“ ဟမ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူမအား ခြုံငုံကြည့်ကာ သူမ၏ လိုအပ်ချက်ကို နားလည်လိုက်သည်။

“ မင်းက အဆင်တန်ဆာတချို့ လိုအပ်နေပုံပဲ။ ကြည့်ရတာ လက်ကောက်လိုမျိုးပေါ့”

“ အဟုတ်ပဲ။” သူမက ပြောလိုက်ပြီးနောက် လက်ဝှေ့လိုက်သည့်အခါ စိန်အသေးလေးတွေ စီထားသည့် လက်ကောက်တစ်ကွင်းက သူမ၏ ညာဘက်လက်ကောက်ဝတ်တွင် ပေါ်ထွက်လာသည်။

“ ပြည့်စုံသွားပြီ” သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။ သူမ၏ ချမ်းသာကြွယ်ဝသည့် အငွေ့အသက်မျိုးက ပြီးပြည့်စုံသွားပြီဟု ခံစားမိလိုက်သည်။

ထို့နောက် သူမက သူမဘာသာ ရှုစားပြီး ပြောလိုက်၏ “ ဒီပွဲက အတော်လေး အောင်မြင်မဲ့ပုံပဲ”

“ မင်း ပြောတာမှန်တယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည် “ အရှင်းဆုံးပြောရရင် လူတော်တော်များများက ရေကူးဝတ်စုံတွေက ဖော်ထုတ်ပြသနေတာတွေကို တွေးပြီး ငြင်းပယ်လိမ့်မယ်လို့ ထင်ထားခဲ့မိတာ”

“ ရှင်က ကျင့်ကြံသူတွေရဲ့ အသစ်သင်ယူနိုင်စွမ်းကို လျှော့တွက်နေတာပဲ။ အထူးသဖြင့် ရှေးရိုးမဆန်သေးတဲ့ လူငယ်မျိုးဆက်ကိုပေါ့”

“ အဟုတ်ပဲ”

“ ဒါပေမဲ့ ရှင် နည်းနည်းပိုပြီးတော့ ရဲတင်းဖို့ လိုသေးတယ်လို့ ထင်မိတယ်။ နောက်တစ်ခါကျရင် ကိုယ်လုံးတီး ကမ်းခြေပွဲ လုပ်သင့်တယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး သီးလုမတတ်ဖြစ်သွားလေသည်။

“ မဟုတ်သေးဘူး။” သူက အလျင်အမြန်ပြောလိုက်သည် “ ကိုယ်တိုင်တောင် အဲလိုမလုပ်ရဲသေးဘူး”

“ ကျွန်မက ရှင့်ကို နောက်နေတာပါ။ ဒါပေမဲ့ လွတ်လပ်ပြီး နှောင်ကြိုးကင်းမဲ့တဲ့ဘဝကို လိုချင်တဲ့သူ တစ်ယောက်အနေနဲ့ ရှင့်ဆီမှာ အတားအဆီး၊ အနှောင်အဖွဲ့၊ အကန့်အသတ်တွေ အများကြီး ရှိနေတာပဲ”

“ အကောင်းဆုံးအပိုင်းက ကိုယ်အလွယ်တကူ စီစဉ်နိုင်ပြီးတော့ ကိုယ့်ဘာသာ လက်ခံလိုက်တာပဲ”

သူတို့က တစ်ဦးနှင့် တစ်ဦးစကားပြောဆိုနေရင်း အတွဲက မကြာခင် အဖျော်ယမကာကောင်တာသို့ ရောက်ရှိသွားသည်။ အားလုံးက ဖန်ခွက်များ ကိုင်ဆောင်ရင်း သောက်သုံးနေကြ၏။

ဝမ်ဝေ့အား အံ့အားသင့်သွားစေသည်က အားလုံးနီးပါးသည် သူတို့၏ မျက်နှာအထက်တွင် နေကာမျက်မှန် အမျိုးမျိုး ရှိနေကြလေသည်။

လူအများစုက စုယာ၏ အပြုအမူကို အတုခိုးထားဟန်ပေါ်၏။

ဝမ်ဝေ့က အဖျော်ယမကာကောင်တာ၏ တစ်နေရာမှ သူ့အဖေနှင့် လူတချို့ကို လှမ်းကြည့်လိုက်သည့်အခါ သူတို့သည်လည်း နေကာမျက်မှန်ကို ဝတ်ဆင်ထားကြ၏။ သူက လူငယ်မျိုးဆက်ကို ဧည့်ခံရေးတွင် တာဝန်ယူထားပြီး သူ့မိဘများကမူ သူတို့မျိုးဆက်မှ လူများကို ဧည့်ခံပေးနေသည်။

ဝမ်ဝေ့က သူ့အဘိုး၏ အုပ်စုပင် နေကာမျက်မှန်များ ဝတ်ဆင်ထားသည်ကို မြင်လိုက်သည့်အခါ နှုတ်ခမ်းများ တွန့်ချိုးသွားတော့သည်။

ငါ ခေတ်ရေစီးကြောင်းအသစ်ကို စလိုက်မိတာလား။ ဒါက ယဉ်ကျေးမှု ကျူးကျော်တာမျိုးလား

ထို့နောက် သူက တိတ်တဆိတ် ခေါင်းခါလိုက်ပြီး အထဲတွင် ပြင်ဆင်ထားသည့် စင်ပေါ် တက်သွားလိုက်သည်။ ပွဲကျင်းပသူအနေနှင့် ရှင်းပြဖို့ ကိစ္စတချို့ ကျန်ရှိသေး၏။

“ အမျိုးသား အမျိုးသမီးတို့ …  ဘယ်လိုအခြေအနေရှိကြလဲ။ အားလုံးပျော်ကြရဲ့လား”

“ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်”

“ ဒါက ရှားရှားပါးပါး ကျွန်မရဲ့ဘဝမှာ အထူးအဆန်း ခံစားဖူးတာပဲ”

“ ဒီပျော်ရွှင်ခြင်းရေက အရမ်းအရသာရှိတယ်”

“ ဟုတ်တယ်မလား။ ငါတို့ကလည်း ဒီလိုအရသာမျိုး တစ်ခါမှ မမြည်းစမ်းဖူးဘူး။ ဒီဟာက ဘယ်လို ကောင်းကင်ပစ္စည်းမျိုးနဲ့ လုပ်ထားတာလဲ သိချင်မိသား”

“ ဒီဟာက ဘာအာနိသင်မှ မရှိပေမဲ့ အရသာတစ်ခုတည်းကနေ တော်တော်တန်ဖိုးရှိနေပြီ”

“ အဲဒါတွေ ထားလိုက်စမ်းပါ။ ငါက ဒီပွဲပြီးသွားရင် ဒီဟာကို ဘယ်လိုထပ်သောက်နိုင်မလဲဆိုတာပဲ စဉ်းစားနေမိတာ”

“ မင်းက သိသားပဲ။ ဒါက တကယ့်ကို ပြဿနာပဲ”

ဝမ်ဝေ့က ထိုကျင့်ကြံသူများသည် ဆိုဒါအရသာအား ချီးကျူးနေပြီး ထူးကဲသည့် အတွေ့အကြုံဖြစ်ကြောင်း ပြောဆိုနေကြစဉ် သူက ဘယ်လိုပြန်ပြောရမှန်းပင် မသိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူက ပြုံးရယ်နေမိသေး၏။

ထိုပျော်ရွှင်ခြင်းရေကို ဖန်တီးဖို့ရာအတွက် သူက အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။ ပထမဦးစွာ သူက သူ့စိတ်ထဲမှ ဆိုဒါ ဖော်စပ်နည်းကို ပြန်လည်ဖော်စပ်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူက ဆိုဒါ မည်သို့လုပ်ထားသည်ကို မသိပေ။ ထို့အပြင် သူက ပါဝင်ပစ္စည်းများသည် ဤကမ္ဘာရှိ အစားထိုးပစ္စည်းများ အသုံးပြုနိုင်သည်လားဆိုတာလည်း မသိထားပေ။

အဆုံးသတ်တွင် သူက ပိုမိုကောင်းမွန်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ သူက သူ့မှတ်ဉာဏ်ထဲမှ ဆိုဒါအရသာအား စည်းပိတ်လိုက်ပြီး သောက်စရာထဲ ထည့်သွင်းလိုက်ခြင်း ဖြစ်၏။ ထို့နောက် သူက ကျင့်ကြံသူတို့၏ အရသာကို မြှင့်တင်ပေးမည့် ဝိညာဉ်ပစ္စည်းတချို့ ထပ်ထည့်ခဲ့သည်။

ဝူဟုန်က သူ့အား အရသာကောင်းမွန်လာစေပြီး ပိုမိုအရသာရှိလာစေဖို့ ကူညီပေးခဲ့သည်။ ဝမ်ဝေ့က ဤပွဲအတွက် သောက်စရာအားလုံးကို ထိုနည်းလမ်းအတိုင်း အသုံးပြုခဲ့သည်။

“ ပြဿနာ မရှိဘဲ အားလုံးပျော်ရွှင်နေကြတယ်ဆိုလို့ ဝမ်းသာပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သို့သော်လည်း ထိုစကားများပြောပြီး သိပ်မကြာခင် တစ်ယောက်က ပြောလာ၏ “ ငါ့ဆီမှာ ပြဿနာရှိတယ်”

“ ဘာများလဲ သခင်လေး လင်းဖန်” ဝမ်ဝေ့က ပြုံးကာ မေးလိုက်သည်။ ထိုအပြုံးကို မြင်သည့်သူတိုင်းက အတုအယောင်ဖြစ်ကြောင်း ပြောနိုင်လေသည်။

“ ဒီပွဲမှာ ဘာလို့ ပျော်ရွှင်ခြင်းရေကပဲ အလကားရတာလဲ”

ထိုအရာကို ပြောပြီးသည့်နောက်တွင် သူက ကောင်တာပေါ် တင်ထားသည့် သောက်စရာစာရင်းကို ကြည့်လိုက်သည်။ ထိုအရာထဲတွင် အရက်ပါဝင်မှုနှင့် မပါဝင်သော သောက်စရာများဟူ၍ ခွဲခြားထားသည်။ သို့သော်လည်း ဈေးနှုန်းကိုမူ ရှင်းရှင်းလင်းလင်း ပြသထား၏။

ထိုသောက်စရာများ၏ နာမည်က ထူးဆန်းနေသော်လည်း လူတချို့က စမ်းကြည့်ခဲ့ပြီး ကောင်းမွန်သည့် မှတ်ချက်များ ပေးလာခဲ့ကြသည်။ ယခင်မျိုးဆက်ဟောင်းမှ လူများက သေရည်သောက်တတ်သူများ ဖြစ်သည့်အတွက် သောက်စရာစာရင်းမှ သောက်စရာအားလုံးကို မှာယူကာ မရပ်မနား သောက်နေကြသည်။

“ သခင်လေးက တကယ်လို့ မပေးဘူးဆိုရင်လည်း မပေးပါနဲ့။ ဘယ်သူကမှ အတင်းအကြပ် ဖိအားမပေးပါဘူး” ဝမ်ဝေ့က အပြုံးတုလေးဖြင့် ပြောလိုက်သည်။

ထိုအပြုအမူက လင်းဖန်အား ရှုံ့မဲ့သွားစေ၏။ အားလုံးက သူ့အား ကပ်စေးအိုးဟု သမုတ်လိုက်သည်မှာ ထင်ရှားလှသည်။

“ အားလုံးက တစ်သက်မှာ တစ်ခါအတွေ့အကြုံတွေကို မူလအရင်းအမြစ်ကျောက်တုံး အနည်းငယ်နဲ့ လဲလှယ်ဖို့ စိတ်ထဲမထားလောက်ဘူးလို့ ထင်ပါတယ်”

“ သခင်လေး ဝမ်ဝေ့ပြောတာကောင်းတယ်” စုယာက အပြုံးဖြင့် ဝင်ပြောလိုက်သည်။ သူမက သူသည် ဤသောက်စရာများ၏ ဈေးကြီးမှုကြောင့် မည်မျှ တွက်ချက်တတ်ကြောင်း တိတ်တဆိတ် ကျိန်ဆဲနေမိ၏။ အကယ်၍ ထိုလူများကသာ အားကောင်းသည့် ဧကရာဇ်မျိုးနွယ်များကသာ မဟုတ်ခဲ့လျှင် သူတို့က မည်သို့တတ်နိုင်မည်နည်း။

“ မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ ဒီဖော်စပ်နည်းတွေက ဘယ်ကရလာတာလဲဆိုတာကို စဉ်းစားမိနေတုန်းပဲ။ မင်းဘာသာမင်း ပြင်ဆင်ထားတာလား။ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေတချို့များ တွေ့ခဲ့တာလား”

“ စိတ်ကို လေ့ကျင့်ပေးဖို့ အဆုံးမဲ့လေဟာနယ်ထဲမှာ သွားနေတုန်း အဲဒီမှာ ဒီဖော်စပ်နည်းတချို့ကို တွေ့ခဲ့ရတာပဲ။ ကျန်တဲ့ တချို့ကတော့ ကိုယ်တိုင်ဖန်တီးထားတာ” ဝမ်ဝေ့က ချောချောမွေ့မွေ့ပြောလိုက်သည်။

အဆုံးမဲ့လေဟာနယ်တဲ့လား။ အချိန်စီးဆင်းမှု ကွာခြားနေတာပဲ။ အဲဒါကြောင့် သူ အကြာကြီး ပျောက်ကွယ်သွားပြီးတော့ သူ့ကျင့်ကြံဆင့်က သံကြိုးဖယ်ရှားခြင်းအဆင့်အစား ယန်အထွတ်အထိပ်အဆင့်ပဲ ရှိနေသေးတယ်ဆိုတာ ရှင်းပြပြီးသားဖြစ်သွားပြီ …

စုယာက တွေးနေရင်း ပြုံးလိုက်မိသည်။

အဲဒါဆိုရင် လင်းဖန်ကလည်း လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို အထွတ်အထိပ်ရောက်ရှိသွားတာကို ရှင်းပြပြီးသားဖြစ်သွားပြီ။ ဒါပေမဲ့ ငါ့အလိုလိုသိစိတ်က ကိစ္စတွေက အဲလောက် မရိုးရှင်းဘူးဆိုတာကို ပြောပြနေတယ်။ ဘာပဲဖြစ်ဖြစ် ငါ သူတို့နှစ်ယောက်ဆီကနေ သင်ယူရမယ်

ငါ့ကိုယ်ပွားတွေကို တခြားကမ္ဘာအသီးသီးဆီ ပို့လွှတ်လိုက်တာက ငါ့ရဲ့ အသက်ရှင်နိုင်ချေကို တိုးပွားလာစေရုံတင်မကဘူး။ ကျင့်ကြံရေးအတွက်ပါ ကူညီပေးနိုင်လိမ့်မယ်။

တခြားသော ကောင်းကင်ရွေးချယ်ခံများကလည်း စုယာကဲ့သို့ အတွေးမျိုး ရှိနေကြသည်။ သူတို့ရောက်ရှိလာသည့်အကြောင်းအရင်းက ပြိုင်ဘက်များ၏ အခြေအနေကို စစ်ဆေးကြည့်ဖို့ ဖြစ်၏။ သူတို့၏ အကြီးမားဆုံးတွေ့ရှိမှုက လင်းဖန်၏ ကျင့်ကြံဆင့် မြင့်မားနေမှုနှင့် ဝမ်ဝေ့၏ ကျင့်ကြံဆင့် နိမ့်ကျနေမှုတို့ ဖြစ်သည်။

သူတို့အတွက် ထိုမူမမှန်မှုများက ရည်ရွယ်ချက်ရှိနေပြီး ထိုအကြောင်းအရင်းကို ရှာတွေ့ခြင်းက သူတို့အတွက် အကျိုးအမြတ် ဖြစ်လာစေလိမ့်မည်။

ထိုစဉ် လင်းဖန်က ယခင်အရှက်ရမှုကို ဖယ်ရှားဖို့ရာအတွက် သောက်စရာစာရင်းထဲမှ အားလုံးကို မှာယူလိုက်သည်။ သူက သူ့အား ခိုးကြောင်ခိုးဝှက်ကြည့်နေသည့် အကြည့်များကိုပင် ခံစားမိလေသည်။ အကြောင်းမှာ သူ၏ များပြားလှသော ကြမ္မာနှင့် ကျင့်ကြံဆင့် မြင့်မားနေမှုကြောင့် ဖြစ်၏။

လူများစွာ၏ အမြင်တွင် သူက ကြမ္မာရရှိနိုင်ဖို့အတွက် ခပ်ဝဝသိုးတစ်ကောင် ဖြစ်နေလိမ့်မည်။ သို့သော်လည်း သူက မည်သူက သားကောင်၊ မည်သူက မုဆိုးဖြစ်မလဲ မသတ်မှတ်ထားရသေးပေ။ သူ့ ကျင့်ကြံဆင့်အတွက်ကိုမူ လင်းဖန်က အလေးအနက် မထားပေ။

သူက သူ့ရဲ့ လူများထက် တစ်ဆင့်ပိုသာနေသည်ဟု ထင်ရသော်လည်း မကြာခင် ပြောင်းလဲသွားတော့မည် ဖြစ်ကြောင်း သိထားသည်။  ဟွင်သွမ်းစည်းမျဉ်းကို ကျင့်ကြံခြင်းက မဟာတာအိုသုံးထောင်လုံးနှင့် အတွဲတာအိုရှစ်ရာတို့ကို နားလည်ဖို့ လိုသည့်အတွက် စုစုပေါင်း သုံးထောင့်ရှစ်ရာ ဖြစ်နေသည်။ ဤသည်မှာ လူတစ်ယောက်က မည်မျှပင် ပါရမီပြည့်မြောက်စေကာမူ အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် အချိန်ကြာကြာကုန်ဖို့ ပြင်ဆင်ထား၏။ သူက ကျောင်းတော်၏ အချိန်အစီအရင်ကိုပင် အသုံးချကာ သူ့နားလည်နိုင်စွမ်းကို တိုးမြှင့်ရမည်။

ထို့ကြောင့် သူ့ရွယ်တူများက သူ့ကျင့်ကြံဆင့်အား အမှီလိုက်ပြီး ကျော်တက်သွားဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။

ထိုအရာကို စဉ်းစားနေရင်း လင်းဖန်က ဝမ်ဝေ့အား ကြည့်လိုက်သည်။ သူက ထိုလူ၏ ကျင့်ကြံဆင့် နိမ့်ကျနေမှုသည် တခြားကမ္ဘာအသိုက်အဝန်းဆီ သွားနေရုံမျှ ရိုးရှင်းသည်ဟု မထင်မိပေ။

သူ့တွင် သက်သေ မရှိသော်လည်း ကျင့်ကြံသူတစ်ယောက်အနေနှင့် အလိုလိုသိစိတ်ကို ယုံကြည်မိသည်။

ထို့နောက် ပွဲက ချောချောမွေ့မွေ့ စတင်လာသည်။ အားလုံးက သောက်စရာများ မှာယူပြီးသည့်နောက်တွင် လူအများက ကမ်းခြေတွင် စတင်ပျော်ရွှင်ကြလေ၏။ သူတို့ခြေထောက်အောက်မှ သဲ ထိတွေ့မှုနှင့် ပင်လယ်သံက ထူးကဲသည့် အတွေ့အကြုံမျိုး ဖြစ်နေသည်။ လူတချို့က ရေပူစမ်းကိုပင် သွား၍ အတွေ့အကြုံ ခံစားကြသည်။ ဤသည်က သဘာဝရေပူစမ်းလိုမျိုး ဖြစ်၏။ သို့သော်လည်း တင်းကြပ်သည့် အခြေအနေများ ရှိနေသေးသည်။

ထို့ကြောင့် လူအားလုံးက သူတို့ဘဝတွင် ကြားဖူးခြင်း၊ ဖတ်ရှုခြင်းများ ရှိကြသော်လည်း တချို့ကသာ အမှန်တကယ် ခံစားဖူးကြသည်။

အနှိပ်ခန်းက လူအားလုံးနှစ်သက်သည့် နေရာတစ်ခု ဖြစ်နေသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် အကြီးအကဲများ ဖြစ်သည်။ ဝမ်ဝေ့ ဖန်တီးထားသည့် နည်းစနစ်ပေါ်မူတည်၍ ခန္ဓာကိုယ်အတွင်း မူလအဆီအနှစ် အနည်းငယ် ထည့်သွင်းကာ ကြွက်သားများအား ဖြေလျော့စေခြင်းဖြစ်သည်။

သူက လူများအား ပဋိပက္ခဖြစ်ခြင်းမှ ကာကွယ်ဖို့ ကြိုတင်သတိပေးထားခဲ့သည်။ ရေနွေးရေချိုးခန်းကိုမူ ဝမ်ဝေ့က ခန္ဓာကိုယ်၊ စိတ်နှင့် မူလအဆီအနှစ်များကို အဆိပ်ဖြေဖို့အတွက် ပုံစံသွင်းထားခြင်း ဖြစ်၏။

သူက အသုံးပြုဖို့ရာအတွက် အထွတ်အထိပ်အဆင့် အစီအရင်ကိုပင် စီမံပေးခဲ့သေးသည်။ ထိုအရာက အကျိုးကျေးဇူး မြောက်များစွာရှိသည့်အတွက် ထိုလူများ အသုံးပြုသည့်လူများဆီမှ အခကြေးငွေ ကောက်ခံထားသည်။ ထိုအကျိုးကျေးဇူးကို သိရှိပြီးသည့်နောက်ပိုင်းတွင် ထိုလူများက ပေးရသည်ထက် ပိုမိုပျော်ရွှင်ကြ၏။

ထိုအရာကို အသုံးပြုပြီးသည့်နောက်တွင် အားလုံးက သူတို့၏ ခန္ဓာကိုယ်မှ အဆိပ်များ ထွက်သွားကြပြီး ခန္ဓာကိုယ်၊ မူလအဆီအနှစ်နှင့် မူလဝိညာဉ်တို့က ပိုမိုသန့်စင်သွားလေသည်။ လူငယ်မျိုးဆက်အများစုက သူတို့အိမ်ပြန်ရောက်သည်နှင့် အတားအဆီးများကို ဖယ်ရှားထားလိမ့်မည်ဟု ခံစားမိခဲ့ကြသည်။

နောက်ဆုံးတွင် ဝမ်ဝေ့က ပြိုင်ပွဲတစ်ခုကို အဆိုပြုလိုက်သည့်အတွက် အားလုံးက စိတ်လှုပ်ရှားလာကြသည်။ သူတို့က သဲပုံဆောက်ခြင်း စကားလုံးနှင့် မရင်းနှီးသေးသော်လည်း အားလုံးကို ရှင်းပြပြီးသည့်နောက်တွင် သူတို့က စိတ်လှုပ်ရှားနေဆဲသာ ဖြစ်၏။

သူတို့က မည်မျှပင် အံ့အားသင့်နေစေကာမူ အားလုံးက အကောင်းဆုံးဖြစ်ကြောင်း သက်သေပြလိုကြသည်။

All Chapters