← Chapters

နှုတ်ဆက်ခြင်းနှင့် မျှော်လင့်ချက်

Vol. 32 Ch. 440

နှုတ်ဆက်ခြင်းနှင့် မျှော်လင့်ချက်

Vol. 32 Ch. 440

အခန်း (၄၄၀) : နှုတ်ဆက်ခြင်းနှင့် မျှော်လင့်ချက်

ဝမ်ဝေ့၏ သောင်းကျန်းမှုသတင်းက ချက်ချင်းဆိုသလို ကမ္ဘာအနှံ့ ပျံ့နှံ့သွားလေသည်။ လူများစွာက အံ့ဩခြင်း မရှိကြပေ။ ကောင်းကင်ရွေးချယ်ခံများက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိစဉ်ကာလအတွင်း ထိုသို့သော အပြုအမူမျိုးက နှလုံးသားနတ်ဆိုးသက်ရောက်ခံရသူများအတွက် ပုံမှန်သာ ဖြစ်၏။

ထို့ကြောင့် လူအများက သူသည် နှလုံးသားနတ်ဆိုး၏ အပိုင်သိမ်းခံရပြီး ဝိညာဉ်ကြေကွဲသွားကာ အားကောင်းသည့် ယှဉ်ပြိုင်သူတစ်ယောက် လျော့သွားဖို့အတွက် ဆုတောင်းနေကြသည်။

ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် ဝမ်ဝေ့က တည်ငြိမ်သွားပြီး ရလဒ်ကို လက်ခံလိုက်၏။ သို့သော်လည်း သူက သူ့အဘိုးယုယုန်နှင့် စကားမပြောပေ။ သူ့အား မည်သူက မည်မျှပင် လာရောက်ဖျောင်းဖျစေကာမူ သူက ခေါင်းညိတ်ပြရုံမျှသာဖြစ်ပြီး ဘာမှမပြောပေ။

“ ဝေ့အာ … အဘွားစိတ်မကောင်းပါဘူး” ယွင်ကျောက်ကျွင်းက ပြောလိုက်သည်။

“ စိတ်မကောင်းဖြစ်စရာ မလိုပါဘူး” ဝမ်ဝေ့က ပြောလိုက်သည် “ ကျွန်တော် ပြောခဲ့သလိုပဲ။ ကံကြမ္မာက ကျွန်တော်တို့ အားလုံးအတွက် ပြက်လုံးတစ်ခုပဲ”

“ ကိစ္စတွေက မင်း လုပ်ချင်သလောက် ဆိုးမှာ မဟုတ်ပါဘူး” ယွင်ကျောက်ကျွင်းက သက်ပြင်းချကာ ပြောလိုက်သည် “ မင်းနဲ့ မင်းအဘိုးကြားမှာ ကိစ္စတွေ မဖြေရှင်းနိုင်တာတော့ ကံဆိုးတာပဲ”

“ ကျွန်တော်တို့က ဘဝမှာ အမြဲတမ်း ကျွန်တော်တို့ လိုချင်တဲ့ဟာတွေ မရနိုင်ဘူးလေ” ဝမ်ဝေ့က အတင်းအကြပ် ပြုံးကာ ပြောလိုက်သည် “ သူ့အကြောင်း မပြောပါနဲ့။ ကျွန်တော်တို့ ကျန်ရှိတဲ့အချိန်တွေကို ပျော်ပျော်နေကြရအောင်”

ယွင်ကျောက်ကျွင်းက သက်ပြင်းချလိုက်ပြီးနောက် ဘာမှပြန်မပြောပေ။ ထို့နောက် သူတို့က ကျန်ရှိနေသည့်အချိန်အား အတူတူ ကုန်ဆုံးခဲ့ကြသည်။ သူတို့က သာမန်ခေါင်းစဉ်များမှ ဝမ်ဝေ့၏ အနာဂတ်ကလေးများသည် မည်မျှလှပမည်ဖြစ်ကြောင်း သူ့သားကို အပြင်းအထန်လေ့ကျင့်ပေးပြီး သူ့သမီးကိုမူ အလိုလိုက်မည့်အကြောင်းအထိပါ ပြောပစ်ခဲ့ကြသည်။

ထိုစဉ် ယုယန်နှင့် သူ့အစ်မတို့ကလည်း ထိုအခွင့်အရေးအား အသုံးချကာ သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးကို ပြန်လည်ပြုပြင်နေကြသည်။ ထို့နောက် နှုတ်ဆက်ခွဲခွာရမည့်နေ့ရက်သို့ ကျရောက်လာလေပြီ။

ယုယုန်နှင့် ယွင်ကျောက်ကျွင်းတို့က လူများစွာဝန်းရံနေသည့် နေရာကျယ်တစ်ခုအတွင်း မတ်တပ်ရပ်နေကြသည်။ ငိုသံများကလည်း နေရာအနှံ့ ပျံ့လွင့်နေလေ၏။

မငိုသည့်လူများသည်လည်း သူတို့၏ ခန္ဓာကိုယ်မှ ဝမ်းနည်းသည့် အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။

ယုယန်၊ ဝမ်ဝေ့၊ ယုတိုက်ယွိနှင့် တခြားသော မျိုးနွယ်ဝင်များက ထိုနှစ်ယောက်ကို အလွယ်တကူမြင်နိုင်သည့် ရှေ့ဆုံးတွင် ရပ်နေကြသည်။ ဝမ်ဝေ့က မျက်ရည်ဝဲနေသော်လည်း မျက်ရည်စီးကျခြင်း မရှိပေ။

သူက မထိန်းချုပ်နိုင်လောက်အောင် ငိုကြွေးနေသည့် သူ့အမေအား ပွေ့ထားလေသည်။ သူ့အဒေါ်က မျက်ရည်မကျဘဲ အဆင်ပြေနေဟန်ပေါ်သော်လည်း သူမက မူလအဆီအနှစ်အား အသုံးပြုကာ သူမ၏ မျက်ရည်အား ခမ်းခြောက်အောင် လုပ်နေကြောင်း သတိထားမိလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ခွဲခွာခြင်းက ဘယ်တုန်းကမှ သာယာခြင်း မရှိပေ။

ထို့နောက် အချိန်ကျရောက်လာပြီဖြစ်၏။ ယုယုန်က သူ့မိသားစုနှင့် ချစ်မြတ်နိုးရသူများအား ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူက သူ့အပြုအမူသည် ကျန်ရှိနေသည့်လူများအတွက် မည်မျှနာကျင်စေကြောင်း နားလည်လေသည်။ သို့သော်လည်း သူ့ပြဿနာကို ဖြေရှင်းမည့် တခြားနည်းလမ်း မရှိကြောင်း ခံစားမိလေသည်။

ထိုနှစ်ဦးရှေ့တွင် ပုံရိပ်ယောင်တံခါးတစ်ချပ် ပေါ်ထွက်လာသည်။ ယုယုန်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဝင်ရောက်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အငွေ့ပျံသွားပြီး ကမ္ဘာဦးစိတ်ဝိညာဉ်ကမူ တံခါးအတွင်း ဝင်ရောက်သွားသည်။

ထိုစဉ် ယွင်ကျောက်ကျွင်းကလည်း သူမ၏ မိသားစုကို နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် အထဲသို့ ဝင်ရောက်သွားလေသည်။ သူမက အားလုံးနှင့် နှုတ်ဆက်စကား ပြောပြီးပြီဖြစ်၍ နောင်တ မရှိပေ။

ထိုနှစ်ဦး တံခါးထဲ ဝင်ရောက်သွားသည်နှင့် ငိုကြွေးသံများက ပိုမိုကျယ်လောင်လာသည်။ လူများက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ပေ။ သို့သော်လည်း အခမ်းအနားက မပြီးဆုံးသေးပေ။

ယုယန်၊ ယုတိုက်ယွိနှင့် ဝမ်ဝေ့အပါအဝင် ယုမျိုးနွယ်ဝင်များက မြေပြင်ပေါ် ဒူးထောက်ကာ ကိုးကြိမ်တိုင်တိုင် ဝပ်တွားလိုက်ကြသည်။ ထိုဝပ်တွားကန်တော့မှု တစ်ကြိမ်ချင်းစီတိုင်းတွင် နဖူးက မြေကြီးနှင့် ထိနေ၏။

ဤသည်က အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ပျောက်ကွယ်သွားသည့် လက္ခဏာ ဖြစ်လေသည်။ ထို့ကြောင့် သူတို့က လေးစားသမှုဖြင့် ဦးညွှတ်လိုက်ကြ၏။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထရပ်ကာ သူ့လက်ချောင်းဖြင့် လေထဲတွင် တစ်စုံတစ်ခု ရေးသားလိုက်သည် “ ကောင်းကင်တာအိုကို မျက်မြင်ထားပြီး သူမရဲ့ ဘဝကို ဂုဏ်ပြုတဲ့အနေနဲ့ တိတ်ဆိတ်ခြင်းကျမ်းသစ္စာကို ကျိန်ဆိုပါမယ်။ နောင်နှစ်တစ်သောင်းကြာသည်အထိ ကျွန်တော့်ပါးစပ်မှ ဘာစကားမှ ထွက်မလာစေရ”

ထိုသို့ရေးသားပြီးသည်နှင့် စာလုံးများက ကောင်းကင်ထဲ လင်းလက်လာကာ ပျောက်ကွယ်သွားသည်။ ဆိုလိုသည်မှာ ထိုကျမ်းသစ္စာကို လက်ခံလိုက်ပြီ ဖြစ်၏။ အကယ်၍ သူသာ ချိုးဖောက်လျှင် တန်ပြန်သက်ရောက်မှု ခံစားရလိမ့်မည်။

ယုယန်က ထိုအရာကို မြင်ပြီး သက်ပြင်းချလိုက်ကာ ဘာမှမပြောပေ။ သူမက စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းနေပြီဖြစ်ကာ ဝမ်ဝေ့နှင့် ဝမ်ထျန်းတို့က သူမအား ကုတင်ပေါ် သယ်ဆောင်ပေးသွားရသည်။

ဝမ်ဝေ့က သူ့အမေ အိပ်စက်နေသည်ကို ကြည့်ကာ အခြေအနေတစ်ခုလုံးက သူမအတွက် ဆိုးရွားလွန်းကြောင်း သဘောပေါက်သွားခဲ့သည်။ ပြောရလျှင် သူမက အမေရော အဖေပါ ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော။

သူမက ကြိုသိနေခဲ့သည်ဆိုလျှင်ပင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုအပေါ် ပြောင်းလဲခြင်းမျိုး မရှိပေ။ သို့သော်လည်း သူမက သူ့အတွက် စိတ်ဓာတ်ခိုင်မာအောင် နေခဲ့သည်။ ထို့ကြောင့် သူက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သူ့အဖေကို ခေါင်းယမ်းပြလိုက်ပြီး သူ့စံအိမ်သို့ ပြန်သွားလိုက်သည်။

သူက အခန်းတစ်ခုအတွင်း ဝင်ရောက်ကာ ဘယ်သူမှ မနှောင့်ယှက်စေဖို့အတွက် ဝူဟုန်အား လက်ဟန်ပြ၍ ပြောလိုက်သည်။ သူက ၆လ ကြာမြင့်ပြီးနောက်မှာ စာအုပ် အနည်းငယ် သယ်ဆောင်၍ ထွက်လာလေသည်။

သူက သူ့ရှေ့မှ စာအုပ်များအား ကြည့်ကာ သူတို့သယ်ဆောင်ထားသည့် အလေးချိန်ကို သူသာလျှင် သိလိမ့်မည်။ ယခင်လပိုင်းအတွင်း သူက ထိုစာအုပ်များကို ရေးသားခဲ့ရုံသာမက သူ့ဘဝကို သိသိသာသာ ပြန်လည်သုံးသပ်မိလာသည်။

သူက တစ်စုံတစ်ခု အရေးကြီးသည့်အရာကို သဘောပေါက်လိုက်၏။

အရေးအကြီးဆုံး မေးခွန်းတစ်ခုက ကျင့်ကြံသူတွေက သူတို့ဘဝမှာ “ငါက ဘာအတွက် ကျင့်ကြံနေတာလဲ” ဟု မေးခဲ့ဖူးလားဟူ၍ ဖြစ်သည်။

ထိုမတိုင်ခင် ဝမ်ဝေ့က ထိုမေးခွန်းအတွက် အဖြေများစွာ ရှိခဲ့ဖူးသည်။ ကမ္ဘာကူးပြောင်းသူ တစ်ယောက်အနေနှင့် သူက ကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်လိုသလို သူ့ရည်ရွယ်ချက်ကလည်း အနှောင်အဖွဲ့ကင်းကာ လွတ်လပ်ဖို့ ဖြစ်၏။

ဂိုဏ်း၏ မျှော်လင့်ချက်များကို စိတ်မပျက်စေရလျှင် ပို၍ကောင်းမွန်ပေသည်။ ပို၍အရေးကြီးသည့်အချက်က သူ့မိသားစုနှင့် ချစ်မြတ်နိုးရသူများကို ကာကွယ်ဖို့ ဖြစ်၏။ ထိုနောက်ဆုံးအချက်က အရေးကြီးသော်လည်း ယခုအချိန်အထိ သူ့အနေနှင့် ထိုအဖြေ၏ လေးနက်မှုကို သဘောပေါက်ခြင်း မရှိခဲ့ပေ။

သူ့မိသားစုနှင့် မိတ်ဆွေများက သေမျိုးများသာ ဖြစ်ပြီး တစ်ချိန်ကျလျှင် အသက်အရွယ်ကြီးရင့်ပြီး သေဆုံးသွားရမည်သာ ဖြစ်၏။ ထိုအရာမှ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူက မဟာဧကရာဇ်ဖြစ်လာပြီး ပြောင်းလဲပစ်ဖို့ ဖြစ်သည်။

ထိုအချက်ကို သဘောပေါက်ပြီးသည့်နောက်တွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၏ အလေးချိန်က ရုတ်ချည်း သိသိသာသာ တိုးမြင့်လာလေ၏။ ဝမ်ဝေ့အတွက် ထိုတိုက်ပွဲက သူ့ကျင့်ကြံရေးခရီးစဉ်ထဲမှ ဖြစ်ရပ်တစ်ခုမျှသာ မဟုတ်တော့ပေ။ မြောက်များစွာသော လူများစွာ၏ ဘဝများစွာက သူ့အပေါ် မှီခိုနေလေ၏။

သူက အခွင့်အရေးတစ်ခုသာ ရှိလေသည်။ အကယ်၍ သူ ကျရှုံးသွားပါက  သူ့ကိုယ်သူ စည်းပိတ်ကာ ထပ်မံကြိုးစားနိုင်သော်လည်း ကျန်လူများအတွက်မူ အတူတူဟု မပြောနိုင်ပေ။ စည်းပိတ်ခြင်းအခြေအနေသို့ ဝင်ရောက်ရသည်က သူ ကြားရသလောက် သက်တောင့်သက်သာ မဖြစ်ကြောင်း သိထားလေသည်။

ထို့အပြင် အကယ်၍ တချို့လူများက သူတို့၏ ကံကြမ္မာကို လက်ခံပြီး သက်တမ်းမကုန်ခင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်လျှင် မည်သို့လုပ်မည်နည်း။ သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိပေ။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူက ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အနိုင်ရရှိပြီး မိသားစု၊ မိတ်ဆွေနှင့် သူ့အား အမြဲထောက်ပံ့ပေးခဲ့သည့် ဂိုဏ်းအကြီးအကဲများကို မသေမျိုးဖြစ်အောင် လုပ်ပေးရမည်။ သူတို့ကို ရှည်ကြာလှသည့် ဘဝကို နေထိုင်နိုင်အောင် လုပ်ပေးရမည်။

ငါ ဒီမျိုးဆက်မှာ တာအိုသက်သေပြတာကို ဘယ်သူမှ မတားဆီးနိုင်စေရဘူး …

သူက လက်ထဲမှ စာအုပ်များကို ကြည့်လိုက်ပြီးနောက် အနီးအနာတွင် ဘယ်သူရှိလဲဆိုတာ အံ့ဖွယ်အသိစိတ်မှ စစ်ဆေးကြည့်လိုက်သည်။

လီကျွင်းနဲ့ ယန်းလီလင်းရှိနေတာလား။ အချိန်ကောင်းပဲ

ထို့နောက် သူက သူ့အမေ၊ အဖေ၊ အဘိုး၊ လီကျွင်း၊ ယန်းလီလင်းနှင့် ဝူဟုန်တို့အား ဆက်သွယ်ဖို့ အဆောင်တစ်ခု ပို့လွှတ်လိုက်သည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် သူတို့နှင့် ပြောဆိုနိုင်သော်လည်း သူ့ကျမ်းသစ္စာထဲတွင် အံ့ဖွယ်အသိစိတ်နှင့် ဆက်နွယ်ခြင်းလည်း ပါဝင်နေလေသည်။

အစည်းအဝေးခန်းသို့ ဝင်ရောက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့သည် လီကျွင်းအား လက်ဟန်ဖြင့် မေးလိုက်၏။

“ စစ်ဆေးမှုက ဘယ်လိုနေလဲ”

“ တော်တော်လေး ဆိုးတယ်။ ကျွန်တော် တစ်ခုပဲ အောင်တယ်။ ဒါပေမဲ့ အသက်ရှင်နေတယ်ဆိုတော့ မရပ်သေးဘူး။ ကျွန်တော်ကို ထားလိုက်ပါ။ အစ်ကိုကြီးရော ဘယ်လိုနေသေးလဲ”

“ အရင်ထက် ပိုကောင်းလာပါပြီ”

ထို့နောက် သူက ယန်းလီလင်းအား ကြည့်ကာ “ မင်းရော ဘယ်လိုလဲ”

“ ကျွန်မ မအောင်မြင်ခင် တစ်ခုခု လိုနေတယ်။ ဒါပေမဲ့ မူလဆေးလုံးမီးတောက်ကျမ်းက အတော်လေး အသုံးဝင်ပါတယ်”

“ ငါ နားလည်နိုင်စွမ်းပါတဲ့ စာအုပ်ကိုပေးမယ်။ အဲဒါ အကူအညီ ဖြစ်မှာပါ”

စကားစမြည် ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က သူတို့အား စာအုပ်တစ်အုပ်စီ ထုတ်ပေးလာပြီး သူတို့ဖတ်ပြီးသည်အထိ အဖန်ရည်သောက်ကာ စောင့်လိုက်သည်။ သူတို့၏ တုံ့ပြန်မှုများက အတူတူ ဖြစ်၏။ အံ့ဩတုန်လှုပ်မှုသာ ဖြစ်သည်။ အထူးသဖြင့် လီကျွင်း၊ ယန်းလီလင်းနှင့် ယုယန်တို့ ဖြစ်သည်။

လီကျွင်းက လက်ထဲမှ စာအုပ်ကို ကြည့်ကာ လက်များပင် တုန်တုန်ယင်ယင် ဖြစ်လာလေ၏။ သူ့ဘဝတွင် မဟာဧကရာဇ်ဖြစ်လာဖို့ တစ်ခါမှ အိပ်မက် မမက်ခဲ့ဖူးပေ။ ထိုအရာက သူ့အစ်ကိုကြီးအတွက်သာ ရည်ရွယ်ထားသည့် နေရာတစ်ခု ဖြစ်၏။

သူ့အစီအစဉ်က သူ့အစ်ကိုကြီး ထိပ်ဆုံးသို့ ရောက်ရှိဖို့ ကူညီပေးဖို့ ဖြစ်သည်။ ဆန့်ကျင်ကောင်းကင် ရွေးချယ်ခံအကြောင်းကို သိရှိပြီးသည့်နောက်တွင် သူက ထိုသို့ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည်။ ထိုအရာက သူ့ရည်မှန်းချက်ကြောင့် မဟုတ်ဘဲ သူ့အစ်ကိုကြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင် ပိုမိုအသုံးဝင်လာစေရန် ဖြစ်၏။

သို့သော်လည်း ထိုစာအုပ်က သူ့အနေနှင့် သေခြင်းတရားမှ လွတ်မြောက်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ အခွင့်အရေးရှိကြောင်း ပြောနေသည်။ ထိုအစီအစဉ်က အလုပ်မဖြစ်ကောင်း မဖြစ်သလို တန်ကြေးကြီးကြီးမားမား လိုအပ်သော်လည်း အခွင့်အရေးတစ်ခု ဖြစ်နေသေး၏။

လီကျွင်းတစ်ယောက်တည်း အံ့ဩသွားခြင်း မဟုတ်ပေ။ ဝူဟုန်မှလွဲ၍ ကျန်လူအားလုံးက တာအိုကို သက်သေပြပြီး မဟာဧကရာဇ်ဖြစ်လာဖို့ အစီအစဉ် ရှိလာကြသည်။

“ ဝေ့အာ  … အမေက သားကို မယုံတာတော့ မဟုတ်ပါဘူး။ ဒါက ဖြစ်နိုင်ရဲ့လား” ယုယန်က တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

ဝမ်ဝေ့က သူမအား ပြန်မဖြေဘဲ ဝူဟုန်အား ကြည့်လိုက်၏။

ဝူဟုန်က တည်ငြိမ်စွာ ပြောပြလိုက်သည် “ လီကျွင်းနဲ့ ယန်းလီလင်းရဲ့ အစီအစဉ်နဲ့ဆိုရင် မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာရဲ့ ကမ္ဘာ့အမြုတေကို ပြန်လည်သန့်စင်နိုင်ရင် ဖြစ်နိုင်တယ်။ ယောက္ခမကြီးအတွက်ကတော့ ဒီဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးမှာ လွှမ်းမိုးနိုင်စွမ်း ပျံ့နှံ့ဖို့လိုတယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ သူမက ထာဝရဧကရာဇ် ဖြစ်လာနိုင်မှာတော့ မဟုတ်ဘူး”

“ ဧကရာဇ်ခုံလည်း ဒီလိုအသုံးပြုခဲ့တာ မဟုတ်ဘူးလား”

ဝူဟုန်က ခေါင်းခါကာ “ လူတွေက သူ့ကို လုံလုံလောက်လောက် ကျေးဇူးမတင်ဘူး။ သူ့အခြေအနေအတွက် သူက ထာဝရဧကရာဇ်ဖြစ်လာဖို့ ၀.၁ မီလီမီတာလောက် အလှမ်းကွာနေတယ်။ အဲဒါကြောင့် ကောင်းကင်တာအိုက သူ့ကိုနောက်ဆုံးအနေနဲ့ ကမ္ဘာကြီးကို စည်ပင်ကြွယ်ဝလာအောင် လုပ်တဲ့အနေနဲ့ ဆုလာဘ် ပေးခဲ့တာ။”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထိုအရာက အနည်းငယ် စိတ်ပျက်သော်လည်း လက်ခံနိုင်သေး၏။

“ အမေက ပထမတန်းစား ဧကရာဇ်ဖြစ်လာရုံနဲ့ အဆင်ပြေပါတယ်” ယုယုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ အဲဒီကန့်သတ်ချက်ကို ကျော်လွန်ပြီးတော့ အတုအယောင် ထာဝရဧကရာဇ်ဖြစ်လာနိုင်တယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ အဲဒါကဘာလဲ” အားလုံးက အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့က ထိုအရာကို မကြားဖူးကြပေ။

“ ဒါက တရားဝင်အခေါ်အဝေါ် တစ်ခုတော့ မဟုတ်ပေမဲ့ မဟာဧကရာဇ်တွေက မဟာတာအိုအရင်းအမြစ် နှစ်ဆယ်ရာခိုင်နှုန်းကို နားလည်ထားပြီး သူတို့ရဲ့ တာအိုဆန္ဒကို ချမှတ်နိုင်တဲ့သူတွေကို ဖော်ညွှန်းတာ။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ တည်ရှိမှုကို နားလည်ဖို့ ကျရှုံးခဲ့ကြတယ်။ အဲဒီလူတွေထဲမှာ တိုက်ပွဲရူးဧကရာဇ်၊ ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်၊ မီးတောက်ဧကရာဇ်၊ နေဝင်ဖျိုးဖျဧကရာဇ်၊ သံသရာဧကရာဇ်တို့ ပါတယ်”

အားလုံးက နားလည်စွာ ခေါင်းညိတ်လိုက်ကြသည်။ ထိုလူများက ပထမတန်းစား ဧကရာဇ်ဟု သတ်မှတ်ထားသော်လည်း သူတို့၏ သမိုင်းကြောင်းအရ သူတို့သည် အဆင့်တူများ ရှိသူများထက် အားပိုကောင်းနေကြောင်း မြင်နိုင်လေသည်။

“ ဒီအစီအစဉ်သာ အလုပ်ဖြစ်မယ်ဆိုရင် ကျွန်မက ရှင့်ထက်အရင် ဧကရာဇ် ဖြစ်တော့မှာပဲ” ယုယုန်က သူ့ယောက်ျားဖြစ်သူအား ကြည့်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

ထိုစဉ် ဝမ်ထျန်းက ရှုံ့မဲ့သွားပြီး သူ့ဘဝသည် အခြေအနေ ဆိုးတော့မည်ဖြစ်ကြောင်း စိတ်ထဲမှ အော်ဟစ်နေလေ၏။

အားလုံးက ပျော်ရွှင်နေကြစဉ် ထိုအရာက အားလုံးအတွက် မဟုတ်သေးပေ။

“ ဝေ့အာက ငါ့အတွက် ဒီလိုလုပ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့အခြေအနေက ယုယုန်ထက် နည်းနည်းလေး ပိုကောင်းရုံပဲရှိတယ်” ဝမ်ချန်က ပြောလိုက်သည်။

“ ငါက ကောင်းကင်အလိုဆန္ဒကို ရယူနိုင်မယ်ဆိုရင်တောင် ငါ့တာအိုနှလုံးသားနဲ့ အတုအယောင် ဧကရာဇ်လောက်ပဲ ဖြစ်လာနိုင်တယ်။ မင်းအချိန်တွေ၊ အားစိုက်ထုတ်မှုတွေ ဖြုန်းတီးဖို့ မလိုဘူး။ ငါက တာအိုဘိုးဘေးဖြစ်လာရုံနဲ့ ကျေနပ်နေပြီ”

အခန်းက တိတ်ဆိတ်သွားပြီး လူများက ဝမ်ဝေ့အား ကြည့်လိုက်ကြသည်။ သို့သော်လည်း သူက တည်ငြိမ်နေလေ၏။ သူက လက်တစ်ဖက်ကို မြှောက်ကာ လက်ဟန်ပြုလုပ်လိုက်သည်။

“ ဒီလိုဆိုရင် အရံအစီအစဉ်ကို အသုံးပြုရအောင်။ ကျွန်တော်က အဘိုးကို နေမင်းကိုးပါးဧကရာဇ်နဲ့ တိုက်ခိုက်နိုင်အောင် ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံအဖြစ် ပြောင်းလဲပေးမယ်။ သူက အဘိုးရဲ့ တာအိုနှလုံးသားကွဲကြေသွားတဲ့ အဓိကအကြောင်းအရင်းဆိုတော့ သူ့ကို အနိုင်ယူနိုင်တာက ဖြေရှင်းနိုင်လောက်တယ်။ အဲဒီနောက်ကျရင် မှတ်ဉာဏ်တွေကို အကောင်းအတိုင်း စည်းပိတ်ပြီးတော့ ပြန်လည်ဝင်စားခြင်းထဲ စေလွှတ်ပေးမယ်။

ပြီးတော့ ဒီဂိုဏ်းရဲ့ ကံကြမ္မာကို ချိတ်နွယ်ထားပြီးတော့ ဂိုဏ်းထဲ ပြန်လည်မွေးဖွားလာအောင်လည်း လုပ်ပေးမယ်။ ဒါပေမဲ့ အဘိုးအနေနဲ့ စွမ်းအားတွေအကုန်လုံးကို လက်လျှော့ပြီးတော့ အစကနေ ပြန်လည်ကျင့်ကြံရမယ်။ အောင်မြင်မှုဆိုတာလည်း မသေချာတော့ဘူး”

ဝမ်ချန်က ထိုအရာကို ကြားပြီး အကြည့်များက တောက်ပလာသည်။ ထိုအရာက အမှန်တကယ် နည်းလမ်းကောင်း ဖြစ်၏။

အကယ်၍ သူသာ နေမင်းကိုးပါးဧကရာဇ်ကို လက်သီးဖြင့် ထိုးနိုင်လျှင် …

“ ဟား…ဟား…ဟား…” ဝမ်ချန်က အားပါးတရ ရယ်မောလိုက်သည်။

“ ကောင်းတယ်။ ကောင်းတယ်။ ငါ မင်းအစီအစဉ်ကို သဘောကျတယ်”

ပထမဦးဆုံးအကြိမ်အနေနဲ့ သူက စိတ်ဓာတ်တက်ကြွလာမိသည်။ ဝမ်ချန်က ထိုတိုက်ပွဲသည် ဈေးပေါပေါ လှည့်ကွက်များဖြင့် လှည့်စားသွားသည်ဟု အမြဲတမ်း ခံစားနေခဲ့ရသည်။ ပလ္လင်အတွက် မည်သည့်နည်းလမ်းအသုံးပြုစေကာမူ နောက်ဆုံးအနိုင်ရရှိသည့်သူသာ အရေးပါကြောင်း သိထားလေသည်။ နည်းလမ်းကမူ အရေးမကြီးပေ။ သို့သော် သူ ခံစားရသည့်အချက်ကို မပြောင်းလဲနိုင်ပေ။

သို့သော် ယခုတွင် သူက ပြန်လည်ပြုပြင်ဖို့ အခွင့်အရေးရလာပြီ ဖြစ်၏။ သူက ယခင် ပုံရိပ်ယောင်အတွင်း တွေ့ကြုံခဲ့သည့် အတွေ့အကြုံများကို ပြန်လည်လက်စားချေနိုင်တော့မည့် အကြောင်းကို စဉ်းစားကာ သူ့မျက်နှာအထက် စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုစိတ်များ တက်ကြွလာသည်။

သူ့အနေနှင့် သူ့အရှိန်အဝါကို ထိန်းချုပ်နိုင်ဖို့ မိနစ်ပိုင်းကြာ ကြာမြင့်သွားလေသည်။ သူက စိတ်အခြေအနေ ကောင်းနေသည်။ ထို့နောက် အဖွဲ့က ထွက်မသွားခင်  အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွင် ဝမ်ဝေ့နှင့် ဝမ်ထျန်းက အသေးစိတ် အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်၍ သူတို့နှစ်ဦးသာ ကျန်ရှိနေခဲ့သည်။

All Chapters