ကံကြမ္မာဆက်နွယ်မှု သေခြင်းတရား
Vol. 32 Ch. 441
အခန်း (၄၄၁) : ကံကြမ္မာဆက်နွယ်မှု သေခြင်းတရား
“ အဖေ ဒါကို တွေးပြီးသွားပြီလား” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည်။ သူ့အဖေ၏ အစီအစဉ်က တည့်တိုးဆန်လွန်းလှသည်။ အနည်းဆုံးတော့ အစောပိုင်းအဆင့်တွင် ဖြစ်၏။ ထိုအရာက တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်ဖို့ လိုအပ်ကာ ဝမ်ဝေ့က သူ့အတွက် ကံကို ဖြတ်တောက်ပေးလိမ့်မည်။
သူ့ပါရမီဖြင့် သူသာ ကံကောင်းသရွေ့ နောက်မျိုးဆက်တွင် တာအိုကို သက်သေပြနိုင်လိမ့်မည်။ ဝမ်ဝေ့အနေနှင့် ကောင်းကင်တာအိုသည် တိထျန်းလိုမျိုး သို့မဟုတ် ဧကရာဇ်ကိုးပါးကျိန်စာလိုမျိုး တူညီသည့်နည်းလမ်းမျိုး မသုံးအောင် သေချာအောင် လုပ်ဆောင်ရမည်။
“ မင်း ပြန်ရောက်ကတည်းက ပြောပြထားတဲ့ တုယီနယ်ပယ်ကို သိကတည်းက နည်းလမ်း စဉ်းစားနေခဲ့တာ။ အခု နည်းလမ်းရှာတွေ့သွားပြီ”
သူ လက်ဝှေ့လိုက်သည့်အချိန် စံအိမ်ထိပ်ပိုင်းတွင် အစက်အပြောက်များစွာ ပြည့်နှက်လာသည်။ သူတို့က ကြယ်တာရာများထက်ပင် ပိုမိုတောက်ပနေလေ၏။ သေချာကြည့်လိုက်သည့်အခါ သူတို့က ကြယ်ပုံသဏ္ဌာန် ဖြစ်နေသည်။
“ ဓားချီလား” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည်။
“ ပုံမှန်ဓားချီ မဟုတ်ဘူး။ တစ်ခုချင်းစီက ဓားကျင့်စဉ် ဒါမှမဟုတ် ဓားတိုက်ကွက် တစ်ခုချင်းစီကနေ ဖွဲ့စည်းထားတာပဲ။ ငါ သူတို့ရဲ့ အနှစ်သာရကို နားလည်သွားပြီးတဲ့နောက်မှာ သူတို့ကို သီးသန့်တစ်ခုတည်း ဓားချီအဖြစ် ဖွဲ့စည်းနိုင်ခဲ့တယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး အံ့အားသင့်မိသွားသည်။ ပြောရလျှင် ဝေဟင်ထဲရှိ ဓားချီသည် ၁.၂၆၉ ထရီလီယမ် ရှိနေပြီး သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အမှုန် အရေအတွက်နှင့် တူညီနေသည်။
ဆိုလိုသည်မှာ သူ့အဖေက ထိုပမာဏဓားလှုပ်ရှားမှု သို့မဟုတ် ကျင့်စဉ်များကို လေ့လာခဲ့ပြီး နားလည်ခဲ့လေသည်။ သူက အချိန်အတော်ကြာ လုပ်ဆောင်ခဲ့သည်မှာ သိသာလှပြီး သူ့ ကျမ်းက အားကောင်းနေသည်မှာ ရှင်းပြပြီးသား ဖြစ်သွားသည်။
သူက ကွဲပြားသည့် ဓားကျင့်စဉ်အမျိုးမျိုးကို လေ့လာခဲ့ပြီး သူ့အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ကျမ်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ဓားအုတ်မြစ်နှင့် ပတ်သက်လာသည့်အခါ ဤကမ္ဘာတွင် မည်သူကမှ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ဝမ်ဝေ့က လက်မြှောက်လိုက်ပြီး မေးလိုက်သည် “ ဒီဓားချီကို သုံးပြီးတော့ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းပြီး တုယီနယ်ပယ်ဝင်ဖို့ ပြင်နေတာလား”
“ ဟုတ်တယ်။ မင်းရော ဘယ်လိုထင်လဲ”
“ ဒါက အလုပ်ဖြစ်လောက်တယ်။ ဒါပေမဲ့ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးအတွက် ပြင်ဆင်ထားသင့်တယ်”
တိထျန်း၏ မှတ်ဉာဏ်များမှာ ဝမ်ဝေ့ သင်ယူခဲ့ရသော သူ့စွမ်းအားများအရ သူ့အဖေ၏ အင်အားသည် ပြန်လည်ဝင်စားခြင်း ၅ ဘဝစာနှင့် ညီမျှလိမ့်မည်။ သူ တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူက ၆ ဘဝစာလောက် ရောက်ရှိသွားနိုင်ပြီး သူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် ၇ ဘဝစာ ပြောရလျှင် ၈ ဘဝစာလောက်အထိ ရောက်ရှိသွားနိုင်လိမ့်မည်။
ပဏာမအစီအစဉ်ကို ပြုလုပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အဖေအား သူ ကမ္ဘာဦးစိတ်ဝိညာဉ် ဖန်တီးစဉ်က အတွေ့အကြုံများကို ပြန်လည်ပြောပြလိုက်သည်။ နောက်သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် အားလုံးက တာအိုအခွင့်အလမ်းဂိုဏ်းသို့ ပြန်လိုက်ကြ၏။
ဝမ်ဝေ့က ယုမျိုးနွယ်မြို့သို့ နောက်ဆုံးတစ်ချက်လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူ့အနေနှင့် ဤနေရာကို ပြန်လာလိမ့်မည်ဟု မထင်မိပေ။ သူ့မှတ်ဉာဏ်ကောင်းများက ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လွှမ်းခြုံခံလိုက်ရလိုက်ပြီ။
နောက်ဆုံးတစ်ချက် ကြည့်ပြီးသည့်နောက်တွင် သူက ဂိုဏ်း၏ လေဟာနယ်သင်္ဘောပေါ် ခုန်တက်ကာ အိမ်သို့ပြန်လိုက်သည်။
“ စုံစမ်းစစ်ဆေးမှုက ဘယ်လိုနေလဲ” ဝမ်ဝေ့က ဝမ်ကျူအား လက်ဟန်ပြကာ မေးလိုက်သည်။
“ ကျွန်မတို့လူတွေက အရိပ်သတ်ဖြတ်ရေးဗိမာန်ထဲ ကျုးကျော်ခဲ့ပေမဲ့ သူတို့က အဆင့်နိမ့်လုပ်ကြံသူနေရာလောက်ပဲ ရယူနိုင်ခဲ့တယ်။ အဲဒါကြောင့် သခင်လေးကို လုပ်ကြံသတ်ဖြတ်တဲ့သူ အကြောင်းကို မသိရသေးဘူး။ ကျွန်မတို့ သိတာက သခင်လေးနဲ့ တိထျန်းအသက်အတွက် တချို့က ဆုလာဘ် ထားထားတယ်ဆိုတာပဲ။ လတ်တလော လင်းဖန်လည်း အဲဒီစာရင်းမှာ ပါဝင်လာခဲ့တယ်။”
“ အဲဒါဆိုတော့ သူတို့တွေက ဒီအခြိမ်းခြောက်နိုင်ဆုံး ပါဝင်ယှဉ်ပြိုင်သူတွေကို ရှင်းထုတ်ပစ်ချင်တယ်ဆိုတဲ့ သဘောပေါ့။ ဆက်ပြီးစုံစမ်းနေလိုက်။ ပြီးတော့ ဂိုဏ်းရဲ့ အရင်းအမြစ်ကို အသုံးပြုပြီးတော့ ကမ်းခြေပွဲမှာ ပါဝင်ခဲ့တဲ့ ကောင်းကင်ရွေးချယ်ခံတွေအပေါ်မှာလည်း ဆုလာဘ် ထားလိုက်”
ဝမ်ဝေ့က ထိုလူများသည် သူတို့လုပ်ကြံသတ်ဖြတ်မှုအတွက် အောင်မြင်လိမ့်မည်ဟု မထင်ထားပေ။ သို့သော်လည်း သူတို့၏ စည်းမျဉ်းအရ သူတို့သည် အရင်စရံတစ်ဝက် ပေးသွင်းရပြီး သူတို့အောင်မြင်သွားသည့်အခါမှ နောက်တစ်ဝက်ကို ပေးနိုင်လေသည်။ အကယ်၍ သူတို့ကျရှုံးသွားပါက သူတို့က ယခင်စရံငွေကို ပြန်လည်ပေးရမည် ဖြစ်၏။ သို့သော် တစ်ကြိမ်တစ်ခါကြိုးစားခြင်းမျှတော့ မဟုတ်ပေ။
သူက ထိုစည်းမျဉ်းကို အခွင့်ကောင်းယူလိုသည်။ ထိုလူများက သူ့ယှဉ်ပြိုင်သူများကို ပြဿနာဖြစ်စေသည့်အတွက် သူတို့သာ ကျရှုံးသွားလျှင် သူ့ဆီ ပိုက်ဆံများ ပြန်ရောက်လာလိမ့်မည်။
အကယ်၍ သူတို့သာ ကံကောင်းပြီး အောင်မြင်သွားခဲ့လျှင် သူ့အတွက် ညစ်ပတ်သည့် အလုပ်များကို လုပ်ပေးသည့် တစ်ယောက်ယောက်ကို တန်ဖိုးပေးချေရသည်မှာ ထိုက်တန်လေသည်။ သူက ထိုအခွင့်အရေးကို အသုံးချကာ ဧကရာဇ်မျိုးနွယ်များအား စုစည်းပြီး ထိုဗိမာန်ကို ထပ်မံသုတ်သင်ဖို့ ကြိုးစားနိုင်လိမ့်မည်။
ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် အားလုံးက အသီးသီးလမ်းခွဲလိုက်ကြသည်။ ဝမ်ထျန်းနှင့် ယုယန်တို့က ဂိုဏ်း၏ ဝေယျာဝဇ္ဇများကို ဖြေရှင်းဖို့ သွားကြပြီး ဝမ်ဝေ့ကမူ သူ့စစ်ဆေးမှုအတွင်း ဝင်ရောက်သွားကာ ယန်းလီလင်းကမူ ကျင့်ကြံရေးအခန်းထဲ ပြန်လည်ဝင်ရောက်သွားသည်။
ဝမ်ဝေ့သည်လည်း ကျင့်ကြံဖို့ ပြင်လိုက်သည်။ အားလပ်နေသည့် တစ်ဦးတည်းသောသူမှာ ဧကရီဝူသာဖြစ်ပြီး သူမက လတ်တလော ခေတ်မီဝိုင်များ ကျိုချက်ခြင်းနှင့် သောက်သုံးမှုကို နှစ်သက်နေလေသည်။
ဝမ်ဝေ့က သူ့အမွေခံသားတော်တောင်ထိပ်ရှိ ကျင့်ကြံရေးအခန်းထဲ ဝင်ရောက်ပြီးသည့်နောက်တွင် သူ အသက်သွင်းထားသည့် စွမ်းရည်အသစ်ကို စတင်အသုံးပြုလိုက်သည်။ ယခင် စိတ်အခြေအနေ ပျက်ယွင်းနေစဉ်အတွင်း ကံကြမ္မာနှင့် လွတ်လပ်ခွင့်ကြားမှ ဆက်နွယ်မှုကို နားလည်ခဲ့ပြီးနောက် သူက ကံကြမ္မာဆက်နွယ်မှုကို မြင်နိုင်စွမ်း ရရှိလာခဲ့သည်။ အတိအကျဆိုရလျှင် သူ့ ကံကြမ္မာဆက်နွယ်မှု ဖြစ်၏။
အနာဂတ်က ပြောင်းလဲနိုင်လေသည်။ အထူးသဖြင့် အားကောင်းသည့် ကျင့်ကြံသူများအတွက် ဖြစ်၏။ သို့သော်လည်း သူတို့ဘဝတွင် ဖြစ်ရပ်တချို့က သူတို့ရွေးချယ်မှုများ မည်သို့ပင်လုပ်စေကာမူ ဖြစ်ကိုဖြစ်လာရမည့် ကံကြမ္မာဖန်လာသည်။ ဤသည်က သူတို့၏ ကံကြမ္မာဆက်နွယ်မှု ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့ကံကြမ္မာကြိုးမျှင်အား စတင်ဖတ်ရှုလိုက်ပြီး အနာဂတ်ကို အာရုံစိုက်ထားလိုက်သည်။ သူက သူ့ကိုယ်သူ ဗလာလေဟာနယ်အတွင်း ရပ်နေပြီး ဧရာမတံစဉ်တစ်ခုက ရုတ်ချည်းပေါ်ထွက်လာကာ သူ့အား ဖြတ်တောက်သွားလေသည်။ ထိုတံစဉ်က သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမထားခဲ့ပဲ သူ့ကံကြမ္မာကြိုးမျှင်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်၏။
သူ့ဝိညာဉ်၊ တာအိုနှင့် ခန္ဓာကိုယ်တို့က ပျက်သုဉ်းသွားလေသည်။
ထိုအရာကို ကြည့်ရှုပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အရှိန်အဝါကို ထုတ်လွှတ်မိသွားသောကြောင့် တောင်တစ်ခုလုံးက တုန်ခါသွားလေသည်။ ကံကောင်းစွာဖြင့် သူက အလျင်အမြန် ပြန်လည်ထိန်းချုပ်နိုင်လိုက်၏။
ငါက အနာဂတ်မှာ သေသွားတာလား။ ဒါကဘယ်လိုဖြစ်သွားတာလဲ။ အဲဒီတံစဉ်ကရောဘာလဲ။ ဒါက တစ်ယောက်ယောက်ကို ရည်ညွှန်းတာလား။ ဒါမှမဟုတ် ငါ့သေခြင်းတရားကို ရည်ညွှန်းတာလား
ဂမ္ဘီရသည် တစ်ခါတစ်ရံတွင် နေ့အခါလိုမျိုး ရှင်းလင်းကာ တစ်ခါတစ်ရံတွင် ကောက်ချက်ချမှုများ လိုအပ်ပေသည်။ ထို့ကြောင့် ထိုတံစဉ်သည် တစ်စုံတစ်ယောက်ကို ကိုယ်စားပြုခြင်း ဖြစ်နိုင်သလို သူ့သေခြင်းတရားကို ပြသသည့် ပုံရိပ်တစ်ခုလည်း ဖြစ်နေနိုင်သည်။
ဝမ်ဝေ့က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ထိုနည်းစနစ်ကို ထပ်မံအသုံးပြုလိုက်သည်။ သို့သော်လည်း သူမည်မျှစစ်ဆေးစေကာမူ ရလဒ်က အတူတူသာ ဖြစ်လေသည်။ ထို့ကြောင့် သူ့နည်းစနစ်သည် ကောင်းမွန်စွာ အလုပ်လုပ်ကြောင်း လက်ခံလိုက်ပြီးနောက် စတင်စီစဉ်လိုက်သည်။
သူက သူ့သေခြင်းတရားကို အလွယ်တကူ လက်ခံမည်မဟုတ်ပေ။ သူက သူ့ကံကြမ္မာကို ပြောင်းလဲပစ်မည်။ သူက ဂမ္ဘီရအစွမ်းဖြင့် ထိုတံစဉ်သည် လူတစ်ယောက်ကို ရည်ညွှန်းသည်လားဟု စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူက ပါကွားလိပ်ခွံကို အသုံးပြုပြီး မည်မျှပင် ကြိုးစားစေကာမူ ဗလာသာ ဖြစ်နေသည်။
ထို့နောက် သူက သူ့သေခြင်းတရား၏ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ ကြိုးစားလိုက်သော်လည်း ကျရှုံးခဲ့ရသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှ ကံကြမ္မာမြစ်ကြောင်းကို စုပ်ယူထားသည့် သူ့ရုပ်ခန္ဓာကိုယ်၏ စိတ်အာရုံရုပ်လွှာကို ဆင့်ခေါ်လိုက်သည်။
ထိုမြစ်ကြောင်းကို အသုံးပြုပြီးသည့်နောက်တွင် သူက မြစ်ကြောင်း၏ မြစ်လက်တက်တစ်ခုသည် အသင်္ချေအင်ပါယာကမ္ဘာနှင့် ဆက်နွယ်ကာ ဆင့်ခေါ်လိုက်သည်။ သူက ကြိုးများစွာဖြင့် ပြုလုပ်ထားသည့် မီးခိုးရောင်မြစ်အတွင်း ဆင်းကာ သူ့ဂမ္ဘီရအား ဖော်ဆောင်လိုက်သည်။
ဤတစ်ကြိမ် သူက အဖြေရလိုက်သည်။ အတိအကျဆိုရလျှင် စကားလုံးနှစ်ခု ဖြစ်၏။
ကောင်းကင်တာအို … ဒါပဲလား
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
ဒါက ငါ့ကို ဘာလို့ ပစ်မှတ်ထားနေရတာလဲ။ သူက အသိစိတ်ရှိနေတာလား … ငါရှာဖွေဖို့လိုပြီ
သူက တစ်ယောက်ယောက်နှင့် ပြောဖို့ စံအိမ်မှ ထွက်လာလေသည်။ သို့သော်လည်း အပြင်သို့ ရောက်သည်နှင့် လူများစွာက စုဝေးကာ သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ သူ့အရှိန်အဝါ ရုတ်ချည်းထွက်ပေါ်မှုကြောင့် လူအများစွာက သူ နှလုံးသားနတ်ဆိုး ထပ်မံအုံကြွလာမည်ကို ကြောက်ရွံ့နေကြပြီး အဆင်ပြေရဲ့လားဟု လာကြည့်ခြင်း ဖြစ်သည်။
“ ဝေ့အာ ဘာဖြစ်လို့လဲ” ယုယန်က မေးလိုက်သည်။
ဝမ်ဝေ့က ထိုလူများအား ကြည့်လိုက်ပြီးနောက် သူ အဆင်ပြေကြောင်း လက်ဟန်ပြလိုက်သည်။ ထို့နောက် သူ့မိသားစုအား စံအိမ်သို့ ခေါ်ကာ အခြေအနေအား ရှင်းပြလိုက်သည်။
“ မင်းရဲ့ သေခြင်းတရားကို မြင်လိုက်ရတာလား” ယုယန်က အမူအရာပျက်ယွင်းစွာဖြင့် မေးလိုက်သည်။ သူ့သား၏ ရုပ်ခန္ဓာသည် ဂမ္ဘီရအစွမ်းတွင် ကျွမ်းကျင်ပြီး အမှားမလုပ်နိုင်ကြောင်း သိထားလေသည်။ ထို့ကြောင့် ဤသည်က အမှန်ဖြစ်ဖို့ရာ များသည်။
သူမက လတ်တလောလေးမှ အမေနှင့် အဖေကို ဆုံးရှုံးထားရပြီး သားကိုပင် ဆုံးရှုံးရလျှင် ခံနိုင်ရည်ရှိမည်ဟု မထင်ပေ။ သို့သော်လည်း သူမက ထိုသတင်းကို လက်မခံနိုင်ဘဲ အနည်းငယ် အတွေးများနေသည့် ဝူဟုန်အား ကြည့်လိုက်သည်။
သူမက အသိပြန်ဝင်လာပြီးနောက် ဝမ်ဝေ့အား စစ်ဆေးဖို့ ကြေးမုံတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ “ ရှင့်ရဲ့ ကံကြမ္မာက ဖြတ်တောက်ခံထားရတယ်”
ဆိုလိုသည်မှာ သူက လမ်းလျှောက်နေသည့် သေလူတစ်ယောက်လို ဖြစ်နေလေပြီ။
ဒါက လိပ်ပြာတောင်ပံခတ်မှုရဲ့ သက်ရောက်မှုက ဒီလောက်တောင် ကြီးတယ်လား… ဒီလိုမျိုး မဖြစ်သင့်ဘူး။ ပြီးတော့ ငါ အရေးကြီးတာ တစ်ခုခု လွတ်နေသလို ခံစားနေရတယ်။
ဝူဟုန်က ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည် “ ကျွန်မ တစ်ခုခုကို ရှာဖို့အချိန်ပေးဦး”
သူမက အခန်းအတွင်းမှ ပျောက်ကွယ်သွားသည်။
ထိုအခွင့်အရေးကို အသုံးချကာ ဝမ်ဝေ့အား သူ့အဖေအား ကောင်းကင်တာအိုသည် အသိစိတ်ရှိလာပြီး သူ့အား ပစ်မှတ်ထားနေသည့် ကောက်ချက်ချမှုအကြောင်းကို ပြောပြလိုက်သည်။
သို့သော်လည်း သူ့အဖေက ငြင်းဆန်လာသည်။
“ ဒါက မဖြစ်နိုင်ဘူး”
“ဘာလို့လဲ”
“ ငါတို့ရဲ့ တည်ထောင်သူ ဘိုးဘေး ဓားဧကရီက အဲဒါကို သေချာအောင် လုပ်ပေးခဲ့တယ်”
“ ထပ်ပြီးတော့ ပြောပြပေးပါဦး”
“ မျိုးနွယ်စုတိုင်းရဲ့ ခေါင်းဆောင်တွေပဲ သိထားတဲ့ လျှို့ဝှက်ချက်ပေါ့။ ဓားဧကရီက ဒီအသင်္ချေအင်ပါယာကမ္ဘာမှာ မွေးဖွားလာတာ မဟုတ်ဘူး။ တခြားကောင်းကင်အလိုဆန္ဒက လူပဲ။ ဧကရာဇ်ချီယွမ်က မူလနည်းစနစ်ကို ဖန်တီးဖို့ ခရီးတွေထွက်နေတုန်း သူ ဒဏ်ရာရပြီးတဲ့နောက်မှာ သူမနဲ့ တွေ့ဆုံခဲ့တာပဲ။ သူမရဲ့ ကမ္ဘာက ကောင်းကင်တာအို အသိစိတ်ရှိနေတဲ့ ကမ္ဘာမျိုးဆိုတော့ သူမရဲ့ ပါရမီအပေါ် စည်းပိတ်ထားတယ်”
“ စည်းတံဆိပ်လား။ ဘာလို့လဲ”
“ သူမရဲ့ ဓားပါရမီက အရမ်းကို ကြီးမြတ်လွန်းလို့ ကောင်းကင်တာအိုကတောင် ကြောက်ရတယ်။ အဲဒါကြောင့် သူမ မွေးဖွားလာတာနဲ့ စည်းပိတ်ထားခဲ့တာပဲ။ အဲဒါကြောင့် တည်ထောင်သူဘိုးဘေးက ဒဏ်ရာပြန်ကောင်းလာတာနဲ့ သူမကိုပါ ခေါ်ဆောင်လာခဲ့ပြီးတော့ သွေးသောက်မောင်နှမ ဖြစ်သွားကြတာ။ ပြီးတော့ သူမရဲ့ စည်းတံဆိပ်ကို ဖယ်ရှားဖို့လည်း ကူညီပေးခဲ့တယ်။ အဲဒါနဲ့ အဲဒီနောက်ပိုင်း သူမက ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာပဲ။ တာအိုကို သက်သေပြပြီးတော့ ထာဝရဧကရာဇ်ဖြစ်လာတဲ့နောက်ပိုင်းမှာ ဓားဧကရီက သူမရဲ့ မွေးရပ်မြေကို ပြန်ပြီးတော့ ကောင်းကင်တာအိုနဲ့ ရင်ဆိုင်ခဲ့တယ်”
ဝမ်ထျန်းက အခြေအနေအား ဆက်လက်ရှင်းပြလိုက်သည်။
“ လျှို့ဝှက်မှတ်တမ်းခန်းမှာ မှတ်တမ်းတင်ထားရသလောက်တော့ ဗလာခေတ်ကာလမှာ အဆုံးမဲ့လေဟာနယ်အတွင်းက ကမ္ဘာအများစုက ကောင်းကင်တာအိုတွေက ပျက်စီးပြီး အသိစိတ်ရလာတယ်ဆို့ ပြောကြတယ်။ ဓားဧကရီက အဲဒီကမ္ဘာအနှံ့ကို သွားပြီး တော့ အဲဒီအသိစိတ်တွေကို ချေမှုန်းပစ်ခဲ့တယ်။ သူမက အဆုံးမဲ့လေဟာနယ်အတွင်းက ကမ္ဘာတွေမှာ ဒီလိုမျိုး အသိစိတ်ဝင်လာတာ ထပ်မဖြစ်အောင် သူမရဲ့ အထွတ်အထိပ်စွမ်းအားကိုတောင် အသုံးပြုခဲ့တယ်”
သူမက အကြွင်းမဲ့ စတင်ခြင်းဧကရာဇ်ရဲ့ မှော်၊ ဝူဟုန်ရဲ့ စည်းတံဆိပ်လိုမျိုး တည်ငြိမ်တဲ့ နည်းစနစ်မျိုးကို အသုံးပြုခဲ့တာလား။ စတင်ခြင်းနက်နဲကုန်းမြေက သူမရဲ့ တည်ရှိမှုအကြောင်းကို သိနေတာ မဆန်းတော့ဘူး…
ဝမ်ဝေ့က တွေးလိုက်မိသည်။
“ အဲဒါကြောင့် သူမရဲ့ ကျမ်းကို ကောင်းကင် ပိုင်းဖြတ်ရေးကျမ်းလို့ ခေါ်တာလား။ သူမက ကောင်းကင် မဟုတ်သေးဘူး ကောင်းကင်တွေကို ပိုင်းဖြတ်ခဲ့လို့လေ … ”
“ အဲ့လိုပဲ”
ဝမ်ဝေ့က ခေတ္တမျှ ရပ်လိုက်ပြီးနောက် လက်ဟန်ပြကာ ပြောလိုက်သည်။
“ ကောင်းကင်တာအိုက ကျွန်တော်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးဆိုရင်တောင် ကျွန်တော့်သေခြင်းတရားနဲ့ သူတို့က ဆက်နွယ်နေသေးတယ်။ အဲဒါကြောင့် နောက်ထပ် သတင်းအချက်အလက်တွေ ရှာဖို့လိုနေပြီ”
“ မင်းမှာ အစီအစဉ်ရှိလား”
“ ရှိတယ်။ ကျွန်တော်တို့ လျှို့ဝှက်ကောင်းကင်မျှော်နန်းကို သွားရမယ်”