← Chapters

တားမြစ်ခံ ပထမအပိုင်း

Vol. 32 Ch. 442

တားမြစ်ခံ ပထမအပိုင်း

Vol. 32 Ch. 442

အခန်း (၄၄၂) : တားမြစ်ခံ ပထမအပိုင်း

ဝမ်ဝေ့က လျှို့ဝှက်ကောင်းကင်မျှော်နန်းဆီ ယန်းချန်နှင့်အတူ သွားလိုက်သည်။ ယန်းချန်က သူ့ဂမ္ဘီရကို သိထားသည့် လူများထဲမှ တစ်ဦး ဖြစ်၏။ တခြားလူများကမူ ကိစ္စများက သာမန်ဖြစ်နေသလိုမျိုး ဟန်ဆောင်ရမည်ဖြစ်သောကြောင့် လိုက်မလာနိုင်ကြပေ။ ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် မျှော်နန်းကို ကာကွယ်ရေးအစီအရင်ဖြင့် လွှမ်းခြုံထားဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူ ရရှိထားသည့် သတင်းအချက်အလက်အရ ထိုအရာ ရှိနေသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ခန့်ကတည်းက ဖြစ်သည်။

အထဲရှိလူများက ထွက်လာကာ ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် အထွတ်အထိပ်လမ်းစဉ် ပွင့်လာမည်ဖြစ်ကြောင်း ပြောပြီး တံခါးပိတ် နည်းလမ်းကို ကျင့်သုံးခဲ့ကြသည်။

“ မင်းက ငါတို့ကို မြင်တယ်၊ ကြားတယ်ဆိုတာ သိတယ်။ အစီအရင်ကို ဖွင့်လိုက် မဟုတ်ရင် အကျိုးဆက်ကို ခံစားရမယ်” ယန်းချန်က အစီအရင်အား ကြည့်ကာ ပြောလိုက်သည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မျှော်နန်းသခင်က အပြုံးလေးဖြင့် ထွက်လာပြီး ဧည့်သည်များကို လာရောက်ကြိုဆိုလေသည်။

ငါတို့ ကပ်ဘေးတစ်ခုကို ကျော်လွန်ခါစပဲ ရှိသေးတယ်။ နောက်တစ်ခု ထပ်ပေါ်လာပြန်ပြီ။ ငါတို့က သူ့သတင်းအချက်အလက်ကို ရောင်းလိုက်တာ သိသွားတာများလား

မျှော်နန်းသခင်က သူတို့၏ အစီအရင်သည် တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများ အတင်းအကြပ်ဝင်ရောက်လိုလျှင် မတားဆီးနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် အဆုံးသတ်တွင် သူတို့က ရွေးချယ်စရာမရှိဘဲ ဧည့်သည်များကို ဖိတ်ကြားလိုက်ရပြီး အခြေအနေများက အကောင်းဘက်ရောက်ဖို့သာ မျှော်လင့်နေသည်။

“ ကျုပ်တို့ရဲ့ နိမ့်ကျတဲ့ ဂိုဏ်းလေးကနေ ကြိုဆိုပါတယ်”

“ အချိန်ဖြုန်းမနေနဲ့။ ငါတို့ကို အဘိုးကြီး လောင်ချူးဆီ ခေါ်သွားပေး”

ယန်းချန်က တိုက်ရိုက်ပြောလိုက်သည်။ သို့သော်လည်း မျှော်နန်းသခင်က ပြုံးနေဆဲဖြစ်ပြီး သူတို့ကို ဦးဆောင်ခေါ်သွားလေသည်။

အဖွဲ့က စားပွဲတစ်ခုနှင့် အဖန်ရည်ပြင်ဆင်ထားသည့် အခန်းအတွင်း ရောက်ရှိသွားကြသည်။ လောင်ချူးက ယခင်ထက် အသက်အရွယ်ကြီးရင့်သွားဟန်ပေါ်ကာ အဖွဲ့ရောက်လာသည်ကို စောင့်ဆိုင်းနေလေ၏။

အခန်းသို့ ဝင်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က အချိန်မဖြုန်းဘဲ တခြားလူများကို အကြည့်တစ်ချက်ဖြင့် နှင်ထုတ်လိုက်သည်။ ထို့နောက် သူက လောင်ချူးအား ပစ္စည်းနှစ်ခု ပေးလိုက်သည်။ စာရွက်တစ်ရွက်နှင့် ကျောက်စိမ်းအဆောင်တစ်ခု ဖြစ်၏။

ကျောက်စိမ်းအဆောင်က လက်ဟန်ဘာသာစကားဖြင့် မည်သို့ဆက်နွယ်ရမည်ကို ပါဝင်နေသည်။

လောင်ချူးက သိချင်သော်လည်း ဘာမှမမေးပေ။ သူက ထိုဧည့်သည်၏ ထူးဆန်းသည့် လေထုကို သတိပြုမိပြီး သူတို့သည် အလုပ်ကိစ္စကြောင့် ရောက်လာကြောင်း ပြသနေသည်။

စာရွက်ကမူ ဤဂမ္ဘီရကို ထုတ်ဖော်ပြီးသည့်နောက်တွင် ထိုစကားဝိုင်း၏ မှတ်ဉာဏ်အားလုံးကို ဖယ်ရှားပစ်ဖို့ စာချုပ် ဖြစ်၏။ သူ ကျရှုံးသွားလျှင်ပင် တူညီသည့်အရာက ဖြစ်လာဦးမည်သာ ဖြစ်၏။

ထောင်ချောက် ရှိ၊ မရှိ စစ်ဆေးပြီးသည့်နောက်တွင် လောင်ချူးက တုံ့ဆိုင်းခြင်းမရှိဘဲ လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က သူ့အား လက်ဟန်ဖြင့် မေးလိုက်သည် “ တိထျန်းအတွက် ကျုပ် တည်နေရာကို ဘယ်လိုလုပ်သိသွားတာလဲ”

လောင်ချူးက ထို့နေ့ရက် ရောက်လာမည်ကို ကြောက်ရွံ့နေသောကြောင့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ဘာကိုမှ ဖုံးကွယ်မထားဘဲ သူတို့ဂိုဏ်းသည် ပါကွားအသင်္ချေကမ္ဘာ လျှို့ဝှက်လမ်းညွှန်ဟု ခေါ်ဆိုသည့် ဧကရာဇ်ကျမ်းနှင့်အတူ ဧကရာဇ်အသုံးအဆောင် ပစ္စည်းတစ်ခုပါ ရရှိသည့်အကြောင်းကို ပြောလိုက်သည်။

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက် တိထျန်း၏ ရုတ်ချည်းပစ်မှတ်ထားရသည့် အကြောင်းအရင်းအား သဘောပေါက်သွားသည်။ သို့သော်လည်း ယခုမူ ထိုအသေးစိတ်အချက်အလက်ကို သတိပြုရမည့်အချိန် မဟုတ်ပေ။

“ ကျုပ်အတွက် ဂမ္ဘီရ ကြည့်ပေး။ ဒါ အောင်မြင်ပြီးသွားရင် ကျုပ်တို့ကြားက အကြွေး ကျေသွားပြီ”

“ သခင်လေး ဝမ်ဝေ့ … ဒီဟာက ကျရှုံးနိုင်ခြေများတယ်ဆိုတာကို နားလည်သင့်တယ်”

သို့သော်လည်း သူ ရရှိသည့် တုံ့ပြန်မှုက အေးစက်စက်နှင့် မထူးမခြားနားအကြည့်သာ ဖြစ်၏။ လောင်ချူးက အံကြိတ်လိုက်ပြီးနောက် ရွေးချယ်စရာမရှိပဲ ဂမ္ဘီရအတွက် ပြင်ဆင်လိုက်သည်။ ထိုလူက ဘာသိချင်နေသည်ကို ကြားပြီးသည့်နောက်တွင် သူ့လက်များက တုန်တုန်ယင်ယင် ဖြစ်လာလေ၏။

သူက  သူ့ရှေ့မှ လူသည် သူ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် သူ့အား သတ်ဖြတ်မည့်အစား စာချုပ်သာ ချုပ်ဆိုခဲ့သည့်အတွက် အကျိုးအကြောင်းသင့်၍ ဝမ်းသာနေရသည်။

ဧကရာဇ်အသုံးအဆောင် ပစ္စည်းကို အသုံးပြုပြီးသည့်နောက်တွင် လောင်ချူး၏ ဝိညာဉ်က ကမ္ဘာတည်ရှိရာ လျှို့ဝှက်ဆန်းကြယ်မှုများ၏ အဖြေအားလုံး ရှိရာ နေရာသို့ ရောက်ရှိသွားသည်။ သူက စတင် ရှာဖွေလိုက်၏။

ကံဆိုးစွာဖြင့် သူက လက်ဗလာဖြင့် ပြန်လည်ရောက်ရှိလာသောကြောင့် ဝမ်ဝေ့က မျက်မှောင်ကြုတ်သွားသည်။ သူ့ရုပ်ခန္ဓာဖြင့် ထိုမျှော်နန်း၏ နည်းစနစ်ကို ကောင်းကောင်း အသုံးပြုနိုင်လေသည်။ သို့သော်လည်း သူ့အတွက် ဧကရာဇ်ကျမ်းအသစ်ကို နားလည်ဖို့ရာအတွက် အချိန်ကြာမြင့်သည်ဖြစ်၍ သူက အချိန်မဖြုန်းနိုင်ပေ။

“ ခင်ဗျား ခန္ဓာကိုယ်ကို ကျုပ်ရဲ့ ရုပ်ခန္ဓာစွမ်းအားနဲ့ အားဖြည့်ပေးမယ်။ အဲဒါကြောင့် ထပ်ပြီးကြိုးစားကြည့်ဦး။ ကျုပ်က အဲဒီနေရာက ရတဲ့ သတင်းအချက်အလက် အသေးလေးဆိုရင်တောင် ရတယ်”

လောင်ချူးက ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ ကြိုးစားလိုက်သည်။ ဧကရာဇ်အသုံးအဆောင်ပစ္စည်းနှင့် ကျမ်းအပေါ် နားလည်နိုင်စွမ်းအရ သူသည် တန်ပြန်သက်ရောက်မှုကို မခံစားရပေ။ ထို့ကြောင့် သူက ဒုတိယအကြိမ် ထပ်မံကြိုးစားလိုက်သည်။

သူက ဂမ္ဘီရအစွမ်း ထုတ်သုံးနေစဉ်အတွင်း ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ မီးခိုးရောင် သတ္တုလုံးတစ်ခု ထွက်ပေါ်လာသည်။ သူက လောင်ချူး၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းလိုက်ပြီး သူ့အား သူ့ ကံကြမ္မာရုပ်သေးရုပ် ရုပ်ခန္ဓာ၏ စွမ်းရည်တချို့ဖြင့် ထောက်ပံ့ပေးလိုက်သည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လောင်ချူးက မျက်လုံးပွင့်လာပြီး ထူးထူးဆန်းဆန်း အော်သံ ထွက်ပေါ်လာသည် “ တားမြစ်ခံ”

ဝမ်ဝေ့က ထိုစကားကို ကြားပြီးသည့်နောက်တွင် အကြည့်များက တောက်ပသွားသည်။

ငါ့ရဲ့သေခြင်းတရားက တားမြစ်ခံဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်နေတာလား။ ဒါက နည်းနည်းလေးဆိုရင်တောင် ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်ရပြီ

ဝမ်ဝေ့က ထိုလူအိုကြီး၏ မှတ်ဉာဏ်များကို ဖျောက်ဖျက်ဖို့ စာချုပ်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူက ထိုလူသည် မှတ်ဉာဏ်များအား ချန်မထားစေရန် သေချာဖို့အတွက် ဝိညာဉ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူက ထွက်ခွာလာသည်။

သူက ဂိုဏ်း၏ လျှို့ဝှက်မှတ်တမ်းခန်းသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်တွင် သူ့မိဘများအား မေးမြန်းလိုက်သော်လည်း ဘာမှမတွေ့ရပေ။ သူက သတင်းအချက်အလက်ရရှိဖို့ရာ မျှော်လင့်နေမိ၏။ သူက ဝူဟုန်အား ဆက်သွယ်ဖို့ ကြိုးစားလိုက်သော်လည်း သူမက ပြန်မဖြေပေ။ ထို့ကြောင့် သူက သူ့ဘာသာသူ လှုပ်ရှားရတော့မည်။

ထိုစဉ် သူ့အဖေက ဘိုးဘေး ဝမ်ဝူချန်နှင့် သွားရောက်တွေ့ဆုံလေသည်။

ထိုအခြေအနေတစ်ခုလုံးကို ကြားပြီးသည့်နောက်တွင် ဝမ်ဝူချန်က ခေါင်းညိတ်ကာ “ ငါ ဒီအခေါ်အဝေါ်ကို မကြားဖူးဘူး။ ငါ တခြားလူအိုကြီးတွေဆီ မေးပေးမယ်”

ထို့နောက် သူက ပျောက်ကွယ်သွားသည်။ သို့သော်လည်း ဝမ်ထျန်း သိထားသလောက် ဝမ်ဝူချန်သည် တခြားသူကို သွားမေးခြင်း မဟုတ်ဘဲ သူ့ကျင့်ကြံရေးအခန်းအတွင်းသာ ပြန်လည်ဝင်ရောက်သွားခြင်း ဖြစ်၏။

နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက ခေါင်းခါလျက် ပြန်ရောက်လာသည် “ ဘယ်သူကမှ မသိကြဘူး”

ဝမ်ထျန်းက စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ကျေးဇူးတင်လိုက်ပြီးနောက် ထွက်လာလိုက်သည်။ ဝမ်ဝူချန်က သူ့ကျောပြင်ကို လှမ်းကြည့်နေရင်း သက်ပြင်းချလိုက်၏။

ငါက မင်းကို မကူညီချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့ တစ်ယောက်ယောက်ကသာ ဝင်ပါလိုက်ရင် ဒီကောင်လေးရဲ့ အသက်ရှင်နိုင်ချေက ပိုပြီး ဆိုးရွားသွားလိမ့်မယ်။ ငါတို့တွေလည်း သေဆုံးမှုနဲ့ ကြုံတွေ့ရလိမ့်မယ်။ အဲဒီအခါ သူ့ဇနီးတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး

ဝမ်ဝူချန်က ခေါင်းခါလိုက်သော်လည်း ထိုကောင်လေးသည် အသက်ရှင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။ ထိုကောင်လေးက မရိုးရှင်းကြောင်း ခံစားမိလေ၏။

“ တားမြစ်ခံ … ထိုက်တန်မှုကို သက်သေပြရမဲ့လူတွေ” သူက ရေရွတ်လိုက်ပြီးနောက် သူ့ကျင့်ကြံရေးအခန်းတွင်း ပြန်လည်ဝင်ရောက်သွားသည်။

…………..

“ တစ်ခုခု ရှာတွေ့ခဲ့သေးလား” ဝမ်ထျန်းက လျှို့ဝှက်မှတ်တမ်းခန်းသို့ ပြန်ရောက်သည်နှင့် မေးလိုက်သည်။

“ မတွေ့သေးဘူး” လွန်ခဲ့သည့် နာရီပိုင်းအတွင်း ဝမ်ဝေ့က စိတ်ဝင်စားစရာကောင်းသည့် ကိစ္စတချို့ကို သင်ယူခဲ့ရသည်။ နမူနာအားဖြင့် တည်ထောင်သူဘိုးဘေး ဓားဧကရီသည် ဝါးများကို ချစ်မြတ်နိုး၍ ဓားအဖြစ် အသုံးပြုခဲ့လေသည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ သူမက သာမန်ဝါးကို ဓားအဖြစ် အသုံးပြုခြင်း ဖြစ်၏။ သူမက ထိုအရာကို သူမ၏ ဓားဆန္ဒဖြင့် ဆက်တိုက် လေ့ကျင့်ပေးခဲ့သည်။ အစောပိုင်းကျင့်ကြံရေးအချိန်များတွင် သူမ၏ လက်နက်က သာမန်သေမျိုး ဝါးတစ်လုံးသာ ဖြစ်နေ၍ လူများနှင့် တိုက်ခိုက်ရာတွင် အရေးနိမ့်ခဲ့၏။

သို့သော် သူမ၏ ဓားဆန္ဒဖြင့် ဆက်တိုက် ဆေးကြောခံရပြီးသည့်နောက်တွင် ကန့်သတ်ချက်အား ချိုးဖောက်ကာ မြင့်မားသည့် အသုံးအဆောင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူမက တာအိုကို သက်သေမပြခင် ထိုအရာက အလွန်အားကောင်းပြီး ထူးကဲသည့် လက်နက်တစ်ခု ဖြစ်လာလေပြီ။

နောက်ထပ် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ အင်မော်တယ်လမ်းကြောင်း စာချုပ်သည် ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများအား ကမ္ဘာ၏ အရေးကိစ္စများကို ဝင်ပါခြင်းမှ ကာကွယ်ထားခြင်း ဖြစ်၏။ ထိုအရာကို လူသားဧကရာဇ်က ထိုမသေမျိုးအဆင့် တိုက်ပွဲများသည် မည်မျှပျက်စီးစေနိုင်ကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်ခုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် တခြားကိစ္စများ ရှိသော်လည်း သူတို့က သူ ရှာဖွေနေသည့် သတင်းအချက်အလက်များ မဟုတ်ပေ။

“ ဘိုးဘေးက တစ်ခုခု သိလား”

“ မသိဘူးတဲ့” ဝမ်ထျန်းက ပြန်ဖြေလိုက်သည် “ ကြည့်ရတာ မင်း ဟုန်အာကို စောင့်ရမဲ့ပုံပဲ”

“ သူမလည်း မသိလောက်ဘူးလို့ ထင်နေမိတယ်” ဝမ်ဝေ့က လက်ဟန်ဖြင့် ပြောလိုက်သည်။ သူမ၏ မှတ်ဉာဏ်များက မပြီးပြည့်စုံသည့်အတွက် သူ့အသက်ကိုသာ ခြိမ်းခြောက်လာနိုင်မည့် တစ်ခုခုရှိနေလျှင် သူမက ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးလိမ့်မည်မှန်းသိထားသည်။

ဝမ်ထျန်းက ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ ဒီလိုဆိုရင် ငါတို့တွေ နောက်ဆုံး နည်းလမ်းကို ထုတ်သုံးရတော့မယ်”

“ အဲဒါက ဘာလဲ”

“ ရှေးဟောင်းဆွေကြီးမျိုးကြီး မျိုးနွယ်တွေကို မေးဖို့ပဲ”

“ သူတို့ကိုလား။ သူတို့ရဲ့ အမွေအနှစ်က ရှည်ကြာမှုနဲ့ဆိုရင် တစ်ခုခုတော့ သိလောက်တယ်။ ဒါပေမဲ့ ကျွန်တော် သိထားရသလောက် အဲဒီလူတွေက တခြားသူတွေနဲ့ အဆက်အဆံ မလုပ်ဘူးဆို။ သူတို့က ဒီလိုသတင်းအချက်အလက်ကို လွယ်လွယ်ကူကူ ပေးမယ်ထင်လို့လား”

ရှေးဟောင်းမျိုးနွယ်သည် သူတို့ အလွယ်တကူ အနိုင်ကျင့်နိုင်သည့် လျှို့ဝှက်ကောင်းကင်မျှော်နန်းကဲ့သို့ မဟုတ်ပေ။ သူတို့နှင့် ဆက်ဆံခြင်းက အဆင့်ဆင့် လိုအပ်ပြီး အချိန်များစွာ ကုန်ဆုံးစေလိမ့်မည်။ အဆုံးသတ်တွင်မူ သူတို့က မအောင်မြင်တာ ဖြစ်နေနိုင်သည်။

ဝမ်ဝေ့က အလျင်လိုနေလေ၏။

“ မဟုတ်ဘူး။ သူတို့တွေက ငါတို့ကို ခွင့်ပြုပေးလိမ့်မယ်” ဝမ်ထျန်းက ပြောလိုက်သည်။

“ အခု မင်းကို ဒါပြောပြရမဲ့အချိန်ပဲ။ ငါတို့ရဲ့ ဝမ်မျိုးနွယ်က တကယ်တမ်း ရှေးဟောင်းဆွေကြီးမျိုးကြီး မိသားစုပဲ။ ငါတို့ကြားမှာ အဖွဲ့ခွဲတောင် ရှိသေးတယ်။ သူတို့တွေက သူတို့ကိုယ်သူတို့ ပင်မမျိုးဆက်လို့ ခံယူထားပြီးတော့ ငါတို့ကို အရန်လို့ သတ်မှတ်ထားကြတာ”

“ အဲဒါက ဘာတွေလဲ” ဝမ်ဝေ့က ထိုသတင်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။

“ ကောင်းပြီ။ ငါတို့ရဲ့ ဝမ်မျိုးနွယ်က ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ”

“ ပထမဧကရာဇ်ကို ပြောတာလား။ အစောပိုင်းဧကရာဇ်ခေတ်ကာလကို စတင်ခဲ့တဲ့သူလေ”

ဝမ်ထျန်းက ခေါင်းညိတ်ကာ “ ဟုတ်တယ် သူပဲ”

“ ကျွန်တော်က ဘာလို့ အဲဒါကို မသိရတာလဲ”

“ ကိစ္စတွေက ရှုပ်ထွေးလွန်းတယ်။ ငါတို့ရဲ့ တည်ထောင်သူ ဧကရာဇ်ချီယွမ်က အမည်မသိ အကြောင်းအရင်းတချို့ကြောင့် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်နဲ့ သွေးဆက်ကို ဖြတ်တောက်ခဲ့တာ။ အဲဒါကြောင့် ငါတို့က မိသားစုအသစ်တစ်ခု ဖြစ်သွားတာ။ ပြောရမယ်ဆိုရင် ငါတို့က တစ်မိသားစုထဲလို့ ပြောနိုင်သလို တစ်မိသားစုထဲ မဟုတ်ဘူးလို့လည်း ပြောနိုင်တယ်။ ပြီးတော့ ဒီလျှို့ဝှက်ချက်က မင်း မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာမှ တရားဝင် သိခွင့်ရမဲ့အရာပဲ”

ဝမ်ဝေ့က တစ်ခုခု မေးချင်သော်လည်း တစ်ယောက်ယောက်က ချဉ်းကပ်လာလေ၏။

“ မင်း တစ်ခုခု ရှာတွေ့ခဲ့သေးလား”

“ မတွေ့သေးဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည်။

“ ကျွန်မ အချိန်မြစ်ကြောင်းနဲ့ ကံကြမ္မာမြစ်ကြောင်းအထိ ရှာပြီးပေမဲ့ ရှင် ရုတ်ချည်းသေဆုံးရတဲ့ အကြောင်းအရင်းကို မသိရသေးဘူး”

“ ထင်ထားတဲ့အတိုင်းပဲ။ မင်းလည်း အကြောင်းအရင်းကို မသိသေးဘူးပဲ”

ဝူဟုန်က ထိုအမျိုးသမီးအား ကျိန်ဆဲချင်နေသည်။ သို့သော်လည်း သူမက ယခုအခါ အရေးမပါကြောင်း သိထားလေ၏။ သူမက ဒေါသထွက်နေရုံသာ တတ်နိုင်လေသည်။

ထိုစဉ် ဝမ်ဝေ့က ထိုအခွင့်အရေးအား အသုံးချကာ သူ့အဖေအား မေးလိုသည့်မေးခွန်းအား သူမဆီ မေးလိုက်သည်။ ဧကရာဇ်ချီယွမ်က သူတို့၏ သွေးမျိုးဆက်ကို အဘယ်ကြောင့် ဖြတ်တောက်ခဲ့ရလဲဆိုသည့် အကြောင်း ဖြစ်၏။

ဝူဟုန်က ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ သူမက ထိုသတင်းသည် သူ့စိတ်အပေါ် သက်ရောက်မှု မရှိကြောင်း သိ၍ ဝမ်းသာသွားသည်။

“ ဒီကမ္ဘာရဲ့ ပထမဧကရာဇ် ဖြစ်တဲ့ ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာက ဧကရာဇ်တွေကြားမှာ အဆင့်အတန်း မြင့်မားတယ်။ သူက ဒီဂိုဏ်းရဲ့ လမ်းစဉ်ရှာဖွေတဲ့အနေနဲ့ ရရှိထားတဲ့ ကံကောင်းမှု ပမာဏအချို့ကိုတောင် သူက ခွဲယူထားသေးတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ သူက အရမ်းဉာဏ်များပြီးတော့ ကောက်ကျစ်တယ်။ အဲဒါကြောင့် သူက ဒီနည်းလမ်း အသုံးပြုထားတယ်ဆိုရင်တောင် မအံ့ဩဘူး”

“ ဘယ်လိုနည်းလမ်းလဲ”

“ မဟာဧကရာဇ်တွေဆိုတာက မသေမျိုးသက်ရှိတွေပဲ။ အဲဒါကြောင့် သူတို့ရဲ့ ပြန်လည်ရှင်သန်မှုအတွက်က နည်းလမ်း လိုတယ်။ အကောင်းဆုံးနည်းလမ်းက သူတို့ရဲ့ သွေးမျိုးဆက်အပေါ်မှာ အမှတ်အသားထားခဲ့ဖို့ပဲ။ သူတို့က သူတို့ရဲ့ တာအိုနဲ့ အဆင်ပြေပြီး ပါရမီကောင်းတဲ့သူကို တွေ့တာနဲ့ သူတို့က အဲဒီအမှတ်အသား ကနေ တစ်ဆင့် အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ရယူပြီးတော့ သူတို့ဘာသာသူတို့ ပြန်လည်ရှင်သန်လာနိုင်တယ်။ ပြီးတော့ သူတို့က အထွတ်အထိပ်ကို တစ်ဖန် ပြန်လည်ရောက်ရှိသွားနိုင်တယ်။”

“ ကြည့်ရတာ ဧကရာဇ်ချီယွမ်က အဲဒီအမှတ်အသားကို သိသွားပြီးတော့ ရှင့်ရဲ့ သွေးမျိုးဆက် ဆက်နွယ်မှုကို ဖြတ်တောက်ခဲ့ပုံပဲ”

“ ဘယ်လောက်တောင် ရက်စက်လိုက်လဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ အဟုတ်ဘဲ။ အဲဒီနည်းစနစ်ကို ဧကရာဇ်တော်တော်များများက မကြိုက်ကြဘူး။ ဒါပေမဲ့ တော်တော်များများကတော့ အသုံးပြုနေတုန်းပဲ။ အထူးသဖြင့် မျိုးနွယ်တွေဘက်ပေါ့”

“ တည်ထောင်သူဘိုးဘေးကရော။ သူရော ဒီလိုနည်းလမ်း အသုံးပြုခဲ့သေးလား”

“ မင်း … ”  ဝမ်ထျန်းက ပြန်ဖြေလိုက်သည်။

“ အဖေလည်း အဲဒီဟာကို မသေချာဘူးမလား” သူက ပြန်လည်ချေပလိုက်သည်။

“ စိတ်ပူမနေပါနဲ့။ ကျွန်မ စစ်ဆေးပြီးသွားပြီ။ ရှင်တို့မျိုးနွယ်စုသုံးခုထဲမှာ အဲလိုအမှတ်အသား မရှိဘူး”

ဝမ်ဝေ့က သူတို့ဂိုဏ်းမှ ဧကရာဇ်များသည် ကျင့်ဝတ် ရှိသည့်အတွက် စိတ်သက်သာရာရမိသွားသည်။

“ မင်းက ဒီလောက်တည်ငြိမ်နေတယ်ဆိုတော့ အဖြေရှာဖို့ နည်းလမ်းရှိသွားပြီလား” ဝမ်ထျန်းက သူ့သားကို ကောင်းကောင်းသိသည့်အတွက် မေးလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး အဆောင်တစ်ခုကို ထုတ်လိုက်၏။

“ ကျွန်တော် အဲဒီသူတောင်းစားအိုကြီးကို အားကိုးလို့ ရမယ်တူတယ်။ သူက ကျွန်တော်ကို စိတ်မပျက်စေဖို့ မျှော်လင့်ရမှာပဲ”

All Chapters