တားမြစ်ခံ ဒုတိယအပိုင်း
Vol. 32 Ch. 443
အခန်း (၄၄၃) : တားမြစ်ခံ ဒုတိယအပိုင်း
ဝမ်ဝေ့က ထိုအဆောင်ကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် မြောက်ပိုင်း လိပ်နက်ကုန်းမြေသို့ ဦးတည်နေသည့် တည်နေရာညွှန်ပြမှုတစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အချိန်မဖြုန်းဘဲ သွားရောက်လိုက်၏။ လေဟာနယ်ကို အတင်းအကြပ် ချိုးဖောက်ကာ ထိုနေရာကို မိနစ်ပိုင်းမျှနှင့် ရောက်ရှိသွားသည်။
တည်နေရာအတိုင်း လိုက်ကာ သိပ်မကြာခင် တားမြစ်နယ်မြေဖြစ်သည့် သွေးမြေ ပိုင်နက်တစ်ခုသို့ ရောက်ရှိသွားသည်။ သူ့ ခြေထောက်အောက်ရှိ မြေကြီးက ကီလိုမီတာ သန်းချီ ပြန့်ကျယ်နေသော်လည်း သွေးနီရောင် ဖြစ်နေလေ၏။
ဝမ်ဝေ့ သိထားသလောက် ထိုနေရာသည် ထိုတားမြစ်နယ်မြေ၏ ဝင်ပေါက် ဖြစ်၏။ ခဏအကြာတွင် အာကာပြင်အက်ကြောင်း တစ်ခုပေါ်လာပြီး ကျင့်ကြံသူများကို အထဲသို့ ဝင်ရောက်ခွင့်ပြုလာလိမ့်မည်။ သူတို့က ဗဟိုချက်အထိ မဝင်ရောက်သရွေ့ လူများစွာက အသက်ရှင်သန်ပြီး ကံအပြောင်းအလဲ အခွင့်အရေးကိုပင် ရယူနိုင်လိမ့်မည်။
ဝမ်ဝေ့က သတိထားကာ ထိုဦးတည်ရာသို့ ပျံသန်းသွားလိုက်သည်။ သိပ်မကြာခင် သူက ထိုအဆောင်ညွှန်ပြနေသည့် ကျတ်တီးနေရာတစ်ခုအလယ်တွင် သစ်သားအခန်းငယ် တစ်ခုကို မြင်လိုက်ရသည်။
သူက မနီးမဝေးတွင် ဆင်းသက်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်ကာ မြေကြီးအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ထိုအခန်းငယ်ဝန်းကျင်တွင် ဝန်းရံထားသည့် ဧကရာဇ်တစ်ပိုင်းအဆင့် အစီအရင် မြောက်များစွာကို ခံစားမိနေလိုက်သည်။
သူ့အား အံ့အားသင့်သွားစေသည်က ထိုပမာဏသည် အတော်လေး ထူးခြားပြီး ထိုအစီအရင် ဖန်တီးသူသည် တစ်ခုခုမှားယွင်းနေလားဟု စဉ်းစားမိစေသည်။
သိပ်မကြာခင် ထိုအစီအရင်များကြား လမ်းတစ်ခု ထွက်ပေါ်လာ၍ သူက လိုက်သွားလိုက်သည်။
အခန်းငယ်အတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် အထဲ၌ ပိုမိုကြီးမားကျယ်ဝန်းလေသည်။ သူက အခန်းတစ်ခုအတွင်း ကူးသန်းပို့ဆောင်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ သူက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်တွင် တွေ့ရှိခဲ့သည့် သူတောင်းစားအိုကြီးကို တွေ့လိုက်ရ၏။
ထိုလူ၏ အကြည့်ကလွဲ၍ ဘာမှများများစားစား ပြောင်းလဲသွားခြင်း မရှိပေ။ အတိအကျဆိုရလျှင် အကြည့်က သာမန်နှင့် အေးစက်စက်ကြား ကူးပြောင်းနေသောကြောင့် သူ့အား စိတ်မမှန်ဘူးဟု ထင်ရစေသည်။
“ မင်းရောက်လာပြီပဲ” သူတောင်းစားအိုကြီးက ပြောလိုက်သည်။
“ ဟုတ်တယ်။ ကျွန်တော် ရောက်လာတာကို ထင်ထားပြီးသားပုံပဲ” ထူးဆန်းသည်မှာ ဝမ်ဝေ့က လက်ဟန်အမူအရာအကြောင်း မပြောဘဲ ပြလိုက်သည့်အခါ သူတောင်းစားအိုကြီးက အလွယ်တကူ နားလည်သွားသည်။
“ အဲလိုပြောလို့ရပါတယ်”
“ အဲဒါဆိုတော့ ကောင်းကင်ဘုံ တာအိုကို ကျင့်ကြံတာ အောင်မြင်သွားပြီပေါ့” ဝမ်ဝေ့က ထိုလူအိုကြီးသည် အစစ်အမှန်အုပ်ချုပ်သူဖြစ်လာဖို့ အလွန်နီးကပ်နေပြီး ကမ္ဘာ၏ တားမြစ်ချက်ကြောင့်သာ မဟုတ်လျှင် သူက ထိုအဆင့်သို့ ရောက်ရှိပြီးလောက်ပြီ ဖြစ်ကြောင်း ခံစားမိလေသည်။
“ အချိန်ဖြုန်းနေဖို့ မလိုဘူး။ မင်းက ငါ့ကို တားမြစ်ခံအကြောင်း မေးဖို့ ရောက်လာတာမလား”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် “ ဟုတ်ပါတယ်။ တားမြစ်ခံတွေဆိုတာက ဘာကိုပြောချင်တာလဲ။ ကျွန်တော်က အဲဒါကြောင့် ဘာလို့ အသတ်ခံရမှာလဲ”
“ တားမြစ်ခံဆိုတာက အလွန်အားကောင်းပြီးတော့ ထူးကဲတဲ့ တာအိုတွေကို ကျင့်ကြံတဲ့သူတွေကိုခေါ်တာ။ အဲဒါကြောင့် သူတို့က ဒီတာအိုကို ကျင့်ကြံဖို့ ထိုက်တန်လားဆိုတာကို သက်သေပြဖို့ စစ်ဆေးမှုအောင်မြင်ဖို့ လိုတယ်။ နမူနာအနေနဲ့ဆိုရင် အချိန်၊ ကံ၊ သံသရာ၊ ဖျက်ဆီးခြင်းနဲ့ တခြားအရာတွေကို ကျင့်ကြံတဲ့သူတွေပေါ့”
“ စစ်ဆေးမှုတဲ့လား။ ကောင်းကင်စမ်းသပ်ချက်လို့ ပြောတာလား”
“ ဟား…ဟား…ဟား…” သူတောင်းစားအိုကြီးက လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည် “ ငါ စစ်ဆေးမှုအကြောင်းကို ပြောတုန်းက မင်းက တစ်နေရာကို ရောက်ရှိသွားပြီးတော့ ကောင်းကင်တာအိုပါ မင်းရဲ့ ထိုက်တန်မှုကို သက်သေပြဖို့ စီမံပေးထားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်လို့ ထင်နေတာလား”
“ အဲလို မဟုတ်ဘူးလား”
“ ဘယ်ဟုတ်မလဲ။ မဟုတ်ရင် လူတော်တော်များများ ဒီတားမြစ်ခံ ဖြစ်တာနဲ့ အသက်ရှင်ကြမှာပေါ့။ ဒီစစ်ဆေးမှုဆိုတာက လူသားစစ်ဆေးမှုပဲ။ ခန့်မှန်းဖို့ ခက်သလို ဘာဖြစ်လာမလဲဆိုတာကိုလည်း သိဖို့ခက်တယ်။”
“ အသေးစိတ်ပြောပြပါဦး။ ခင်ဗျားပြောနေတဲ့ လူသားစစ်ဆေးချက်ဆိုတာ ဘာကိုပြောချင်တာလဲ”
သူတောင်းစားအိုကြီးက ခေတ္တရပ်တန့်လိုက်ပြီးနောက် အတွေးများအား စုစည်းလိုက်သည်။
“ ကောင်းကင်တာအို စီစဉ်ထားတဲ့ စမ်းသပ်ချက်ဆိုတာက မင်းကို ရင်ဆိုင်ဖို့ မင်းအနားက လူတွေ၊ မင်းအပြုအမူတွေကို အသုံးချလိမ့်မယ်။ နမူနာအနေနဲ့ဆိုရင် စမ်းသပ်ချက်က မင်းရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်က မင်းရဲ့ စွမ်းအားနဲ့ အောင်မြင်မှုကို အားကျမနာလိုဖြစ်ပြီးတော့ မင်းကို သတ်ဖြတ်ဖို့ ကြံစည်တာလည်း ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ကိစ္စအမျိုးမျိုး ကျော်ဖြတ်ပြီးတဲ့နောက်မှာ မင်းဂိုဏ်းက မင်းကို ပစ်ပယ်ပြီး သူတို့က မင်းကို အမဲလိုက်ကြတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီစစ်ဆေးမှုရဲ့ ကြောက်စရာအကောင်းဆုံးအပိုင်းက လူတစ်ယောက်ချင်းစီအတွက် သီးသန့်လုပ်ထားသလိုမျိုး ကွဲပြားနေတာပဲ။ မင်းကို ပြောရမယ်ဆိုရင် အင်အားက အနည်းဆုံး ဒီစမ်းသပ်ချက်ကို အောင်မြင်မဲ့ အနေအထားမျိုး ရှိရမယ်။”
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ ဒါက ငါ အကောင်းဆုံး ရှင်းပြနိုင်တာပဲ။ ဒီစစ်ဆေးမှုအရ မင်းရဲ့ ပျက်သုဉ်းမှုကို ဦးတည်နေစေတဲ့ မင်းကို အကွက်ကျကျစီစဉ်ထားတဲ့ မဟာဧကရာဇ်တစ်ဦး ရှိနေနိုင်တယ်။ အဲဒါကြောင့် မင်းလိုလူမျိုးထဲက လူတချို့ကပဲ အသက်ရှင်သန်နိုင်ကြတယ်”
“ ကျွန်တော့်လိုလူမျိုးတဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ အထွတ်အထိပ် တားမြစ်ခံတွေပေါ့။ အထွတ်အထိပ် လျှို့ဝှက်တာအို ငါးခုကို ကျင့်ကြံချင်တဲ့သူတွေ”
“ အဲဒါက ဘာများလဲ”
“ ဟွင်သွမ်း၊ ဖန်ဆင်းခြင်း၊ ကံကြမ္မာ၊ ဖျက်ဆီးခြင်းနဲ့ …”
“ ကောင်းကင်ဘုံမလား” ဝမ်ဝေ့က သူတောင်းစားအိုကြီး ဘာမှဆက်မပြောသည်ကို မြင်သည့်အခါ မေးလိုက်သည်။ ကောင်းကင်ဘုံတာအိုက အရာအားလုံးကို သိခြင်းလမ်းစဉ်ဖြစ်၍ ထိုတာအိုက မည်သို့ရိုးရှင်းမည်နည်း။
သူတောင်းစားအိုကြီးက ဤနေရာတွင် ပုန်းအောင်းနေသည့် အချက်အပေါ် မူတည်၍ သူသည် တစ်စုံတစ်ခုမှ ပုန်းအောင်းနေကြောင်း ထင်ရှားလာသည်။ ထို့ကြောင့် ပြောရသည်မှာ သူ၏ အထွတ်အထိပ် တားမြစ်ခံတစ်ယောက်ဖြစ်သည့် အနေအထားကြောင့် ဖြစ်လိမ့်မည်။
“ ဟုတ်တယ်။ မင်းပြောတာမှန်တယ်။”
ဝမ်ဝေ့က ခေတ္တမျှရပ်တန့်ပြီးနောက် မေးလိုက်သည် “ တားမြစ်ခံတွေက အထွတ်အထိပ် တားမြစ်ခံတွေနဲ့ ဘာများကွာခြားလို့လဲ။ ဒီစစ်ဆေးမှုကနေ အသက်ရှင်တဲ့သူ မရှိဖူးဘူးလား”
“ ငါ မင်းကို အကောင်းဆုံးရှင်းပြရမယ်ဆိုရင် သာမန် တားမြစ်ခံတွေကို မဟာဧကရာဇ်တွေက သူတို့ရဲ့ တစ် ရာခိုင်နှုန်းစွမ်းရည်နဲ့ အကွက်ကျကျ လုပ်ကြံနိုင်ပြီးတော့ အထွတ်အထိပ် တားမြစ်ခံတွေကိုကျ ငါးဆယ်ရာခိုင်နှုန်းထက် ပိုနိုင်တယ်။ ဒီစမ်းသပ်မှုကနေ အသက်ရှင်ကျန်ဖူးတဲ့ အထွတ်အထိပ် တားမြစ်ခံက တစ်ယောက်ထဲပဲရှိတယ်။ အဲဒါက နေဝင်ဖျိုးဖျဧကရာဇ်ပဲ။
အရာအားလုံး အဆုံးသတ်မတိုင်ခင် ရောက်ရှိလာတဲ့ အဆုံးသတ်တစ်ခု … နေဝင်ဖျိုးဖျဧကရာဇ်က ဖျက်ဆီးခြင်းတာအိုကို အဆင့်မြင့်တဲ့အထိ ကျင့်ကြံဖူးတယ်။ ဒါပေမဲ့ တားမြစ်ခံစစ်ဆေးမှုကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ သူက အသက်ရှင်ကျန်ဖို့ တာအိုကို ဖျက်ဆီးခြင်းတာအိုရဲ့ အဆင့်နိမ့်ပုံစံ နေဝင်ဖျိုးဖျအဖြစ် ပြောင်းလဲဖို့ပဲ ရွေးချယ်ခဲ့ရတယ်”
“ အဲဒါဆိုတော့ ဒီစစ်ဆေးမှုရဲ့ အောင်မြင်နိုင်တဲ့ နောက်ထပ်အချက်က တာအိုကို ပြောင်းလဲဖို့ ဒါမှမဟုတ်ဘူးဆိုရင် အဆင့်နိမ့်ပုံစံကို ကျင့်ကြံဖို့လို့ ပြောချင်တာလား” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည်။
“ အတိအကျပဲ။ မင်းရဲ့ ရွယ်တူထဲ ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင် လင်းဖန်က အကျိုးဆက်မရှိဘဲ သူ့ကို တားမြစ်ခံ ဖြစ်လာမဲ့ တာအိုအများကြီးကို ကျင့်ကြံနိုင်တယ်။ အဲဒါက နံပါတ်တစ် ကောင်းကင်ရုပ်ခန္ဓာရဲ့ လုပ်ဆောင်ချက် တစ်ခုပဲ။ ဒါပေမဲ့ သူက မဟာတာအိုသုံးထောင်လုံးကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူက အထွတ်အထိပ် တားမြစ်ခံတစ်ယောက် ဖြစ်သွားလိမ့်မယ်။ မင်းအတွက်လည်း အတူတူပဲ။ တကယ်လို့ မင်းကသာ ကံကြမ္မာတစ်ခုကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ဘယ်တော့မှ တားမြစ်ခံ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းက တာအိုတစ်ခုလုံးကို ထိန်းချုပ်ချင်နေတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဂရုမစိုက်ပေ။ အကယ်၍ သူသာ ဤစစ်ဆေးမှုအား ကြိုတင်သိလျှင်လည်း တူညီသည့် ရွေးချယ်မှုသာ လုပ်ခဲ့မိလိမ့်မည်။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် မေးလိုက်သည်။
“ အဲဒါဆို ကျွန်တော်အဖေကရော သူက တားမြစ်ခံပဲလား” ဝမ်ဝေ့က သူ့အဖေ၏ တာအိုသည် အလွန်အားကောင်းကြောင်း သိထားသည့်အတွက် သိချင်မိသည်။
“ မဟုတ်ဘူး။ မင်းအဖေက ပိုင်းဖြတ်ခြင်းတာအိုကို ကျင့်ကြံတာပဲ။ အရမ်းအားကောင်းနေတဲ့ အချက်က သူက သူ့ဓားသမားပါရမီသက်သက်နဲ့ ဒီအဆင့်အနေအထားအထိ ရောက်ရှိခဲ့တာ။ သူ့လိုမျိုး သာမန်တာအိုလမ်းစဉ်ကို လျှောက်လှမ်းတဲ့ လူတစ်ယောက်အနေနဲ့ ဒီလို အဆင့်ထိ ရောက်လာနိုင်တာက ကောင်းကင်တာအိုရဲ့ မျက်နှာသာပေးမှုကို ခံထားရပြီးတော့ ကံကောင်းမှုတချို့ ချီးမြှင့်ခံထားရတာပဲ။ နမူနာအနေနဲ့ဆိုရင် ဧကရီဝူရဲ့ စည်းပိတ်ခြင်းတာအိုလိုမျိုးပေါ့”
“ အဲဒါဆို တိထျန်းကရော သူက သံသရာတာအိုကို ကျင့်ကြံတာဆိုတော့ သူလည်း တားမြစ်ခံ ဖြစ်သင့်တယ်မလား”
“ သူ့အခြေအနေက ကွဲပြားတယ်” သူတောင်းစားအိုကြီးက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ …
“ ငါ့ရဲ့ စိတ်နဲ့ ကောင်းကင်တာအိုကို ပေါင်းစပ်ပြီးတော့ ရရှိထားတဲ့ သတင်းအချက်အလက်အရ တိထျန်းက တစ်ခါတုန်းက ဖန်ဆင်းခြင်းတာအိုကို ကျင့်ကြံခဲ့ဖူးတဲ့ အထွတ်အထိပ် တားမြစ်ခံတစ်ယောက် ဖြစ်ခဲ့တယ်။ မင်း စတင်ခြင်း ဧကရာဇ်ခေတ်ကာလနဲ့ ဗလာခေတ်ကာလမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိထားလား”
“ ဟုတ် ကျွန်တော် အဲဒီစစ်ပွဲကို သိထားပါတယ်”
“ ကောင်းပြီ။ အဲဒါဆိုတော့ ငါ အချိန်ကုန်သက်သာသွားတာပေါ့။ အဲဒီစစ်ပွဲအတွင်းမှာ တိထျန်းက ဖန်ဆင်းခြင်းတာအိုကို အသုံးပြုပြီးတော့ ကျင့်ကြံရေး ပါရမီမြင့်တဲ့ လူသားတွေကို ဖန်တီးခဲ့တယ်။ အဲဒီတုန်းက အသက်ဓာတ်ကိုဖန်တီးဖို့ အရင်းအမြစ်တွေ လိုအပ်နေခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့စွမ်းရည်က ကမ္ဘာမှာ သူ့ကို မြင့်မားတဲ့ အဆင့်အတန်း ရရှိစေတယ်။
စစ်ပွဲအခြေအနေကြောင့် ကောင်းကင်တာအိုက သူ့ကို အောင်မြင်ခွင့်ပေးပြီးတော့ အထွတ်အထိပ် တားမြစ်ခံအနေအထားကို လျစ်လျူရှုထားခဲ့တယ်။ ဒါပေမဲ့ သူက အရမ်းကို ရည်မှန်းချက်ကြီးလွန်းတယ်။ သူက အကြွင်းမဲ့ လှပပြီးတော့ ပါရမီကောင်းကောင်း ပြီးပြည့်စုံတဲ့ လူသားတစ်ယောက်ကို ဖန်တီးချင်တယ်။ သူ့အပြုအမူက တားမြစ်ချက်ကို ကျော်လွန်သွားပြီးတော့ တားမြစ်ခံ တစ်ယောက်ဖြစ်တဲ့ သူ့အဆင့်အတန်းက အသက်ဝင်လာတာပဲ။
အဆုံးသတ်မှာ သူ ဂုဏ်ယူနေရတဲ့ ဖန်ဆင်းမှုကလည်း သူ့ရှေ့မှာပဲ အသတ်ခံလိုက်ရပြီးတော့ သူလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်။ အဆုံးသတ်မှာတော့ သူက ပြန်လည်ဝင်စားရပြီးတော့ သူကိုယ်တိုင် အသက်ရှင်ဖို့ ဒါမှမဟုတ် သူမကိုလည်း အသက်ပြန်သွင်းနိုင်ဖို့အတွက် သူ့တာအိုကို ပြောင်းလဲခဲ့ရတယ်။ အဲဒီအကြောင်းအရင်းကြောင့် သူက ဒီစစ်ဆေးမှုကို အောင်မြင်ဖို့ မလိုဘူး။
ဒါပေမဲ့ သူ အောင်မြင်ဖို့ မလိုတဲ့ အကြောင်းအရင်း အဓိကအချက်က သူ့ဆီမှာ ချည်နှောင်နေတဲ့ ကံကြွေးများစွာ ရှိနေလို့ပဲ။”
“ ဘာကိုပြောချင်တာလဲ”
“ သူ ဖန်ဆင်းထားတဲ့ လူတော်တော်များများက တစ်ရက်မှာ မဟာဧကရာဇ် ဖြစ်လာကြတယ်။ အဲဒါကြောင့် တိထျန်းက ဧကရာဇ်ဖန်ဆင်းရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်ကိုင်ထားတယ်။ အဲဒါကြောင့် သူ့ကို ပြန်လည်ဝင်စားခြင်းကနေ ကာကွယ်ပေးထားတဲ့ ကံစွမ်းအားတချို့ရှိနေတယ်။ မဟုတ်ရင် သူ့တစ်ဘဝလုံးက ဒီထက်တောင် အခြေအနေဆိုးနေလိမ့်မယ်”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ တွေ့ခဲ့ဖူးသည့် တစ္ဆေ သို့မဟုတ် စိတ်ဝိညာဉ်အား အမှတ်ရလိုက်သည်။ သူမသည် ဤသို့ ဇာတ်ကြောင်းမျိုး ရှိလိမ့်မည်ဟု ထင်မထားမိပေ။
“ ကျွန်တော် နောက်ထပ် မေးစရာတစ်ခုရှိသေးတယ်။ ဗလာနတ္ထိတာအိုဆိုတာကရော ဘယ်လိုမျိုးလဲ။ အဲဒါကရော တားမြစ်ခံဖြစ်နိုင်လား”
“ ဗလာနတ္ထိတဲ့လား။ အဲဒါက တားမြစ်ချက်တစ်ခုလို့ ယူဆလို့ရတယ်။ အဲဒီလမ်းစဉ်ကို လျှောက်လှမ်းကြတဲ့ လူတော်တော်များများက ဗလာနတ္ထိဖြစ်သွားပြီးတော့ ကမ္ဘာကနေ ပျောက်ကွယ်သွားကြတာနဲ့ အဆုံးသတ်သွားကြတယ်”
ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် သူ တိထျန်းနှင့် တိုက်ပွဲအတွင်း ထိုသို့ဖြစ်ခဲ့လုနီးပါး ဖြစ်ခဲ့သည်ကို တွေးကြည့်မိသွားသည်။ သူက ယခုမှစ၍ ပိုမိုဂရုစိုက်ရမည်။
“ ဒုတိယမေးခွန်းက မဟာဧကရာဇ်နှင့် တာအိုဘိုးဘေးတွေက ဒီလိုတာအိုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ရင် သူတို့ကရော စစ်ဆေးမှုကို ကျော်ဖြတ်ဖို့လိုလား”
“ မလိုဘူး။ စည်းမျဉ်းတွေက ဒီမသေမျိုး သက်ရှိတွေအတွက် ကွဲပြားတယ်။ နမူနာအနေနဲ့ဆိုရင် မဟာဧကရာဇ်တွေထက် အားကောင်းတဲ့ ကောင်းကင်ဘုံအဆင့်က အဲဒီတာအိုကို ကျင့်ကြံခြင်း မရှိဘဲနဲ့ အသက်ဓာတ်ကို ဖန်တီးနိုင်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ပင်မတာအိုကို ဒီတာအိုတွေအနေနဲ့ ပြောင်းလဲချင်တယ်ဆိုရင်တော့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် လက်ဟန်ပြလိုက်သည် “ ကောင်းပြီ။ ကျွန်တော်တို့ တိုက်ရိုက်ပဲ ပြောရအောင်။ ဒီသတင်းအချက်အလက်တွေ ပြောပြနေတာက ခင်ဗျားရဲ့ စစ်ဆေးမှုကို အောင်မြင်ချင်လို့ ကျွန်တော်ကို ကူညီစေချင်လို့ မလား။ ကျွန်တော် ဒီစစ်ဆေးမှုကို အောင်မြင်တာ ကျရှုံးတာကနေ ကြည့်ပြီးတော့ သင်ယူချင်တာပဲ မဟုတ်ဘူးလား”
“ ဟုတ်တယ်”
“ အဲဒါဆိုတော့ ဒီအပေးအယူကနေ ကျွန်တော်က ဘာရမှာလဲ”
“ ငါက မင်းကို သတင်းအချက်အလက်တွေ ပြောထားတယ် မဟုတ်ဘူးလား”
“ မဟုတ်ဘူး။ ဒီဟာက ခင်ဗျားရဲ့ တာအိုကို ရှာတွေ့ဖို့ ကူညီပေးခဲ့တဲ့ တန်ကြေးပဲ။ အခု ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှကျေးဇူးကြွေး မရှိဘူး”
ထိုသို့ပြောပြီးသည့်နောက်တွင် သူတောင်းစားအိုကြီးက သူတို့နှစ်ဦးကြား ဆက်နွယ်နေသည့် ကံကြမ္မာကြိုးမျှင်ကို မြင်လိုက်ရသည်။ ထိုအရာက သူသည် အမှန်တရားကို ပြောနေကြောင်း ပြသနေလေ၏။
“ မင်းက ဘာလိုချင်တာလဲ”
“ ပထမတစ်ခုက ကျွန်တော် ဒီစစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့ လူတွေရဲ့ သတင်းအချက်အလက်နဲ့ ခင်ဗျားဘေးပတ်ဝန်းကျင်မှာ ထားထားတဲ့ အစီအရင်ကို လိုချင်တယ်”
“ အဲဒီသတင်း အချက်အလက်တော့ မသိဘူး။ အဆုံးသတ်မှာ ဒီစစ်ဆေးမှုကနေ အောင်မြင်တဲ့ တားမြစ်ခံ တစ်ယောက်ရှိတယ်ဆိုတာပဲ သိထားတယ်။ ဒီစစ်ဆေးမှုရဲ့ အသေးစိတ် နည်းလမ်းနဲ့ သူတို့ဘယ်လိုအောင်မြင်သွားတယ်ဆိုတာကို ကောင်းကင်တာအိုက အမြင့်ဆုံး လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားလို့ သိခွင့်မရှိဘူး။ အစီအရင်အတွက်ကတော့ မင်းကို ပေးလို့ ပြဿနာ မရှိဘူး”
ဝမ်ဝေ့က ထိုအစီအရင်ကို တိတ်တဆိတ် လေ့လာကြည့်ပြီးသည့်နောက်တွင် ထိုသူသည် တားမြစ်နယ်မြေ၏ စွမ်းအားကို ငှားယူ၍ ကောင်းကင်တာအို၏ မျက်လုံးအောက်မှ ပုန်းအောင်းနေကြောင်းသိလိုက်သည်။
အကယ်၍ စစ်ဆေးမှုကသာ သူတောင်းစားအိုကြီး ဆိုသလောက် ခက်ခဲနေခဲ့လျှင် ဝမ်ဝေ့အနေဖြင့် သူသည်လည်း ပုန်းအောင်းဖို့ရာ လိုအပ်မည်မှန်း သိထားလေသည်။
အခြေအနေတချို့ကို သဘောတူညီပြီးသည့်နောက်တွင် နှစ်ဦးသားက လိုအပ်သည့်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။ ထို့နောက် ဝမ်ဝေ့က ထွက်ခွာလာ၏။