← Chapters

လှည့်စားမှုလား ဒါမှမဟုတ် ကံကြမ္မာလား

Vol. 32 Ch. 445

လှည့်စားမှုလား ဒါမှမဟုတ် ကံကြမ္မာလား

Vol. 32 Ch. 445

အခန်း (၄၄၅) : လှည့်စားမှုလား ဒါမှမဟုတ် ကံကြမ္မာလား

ဝမ်ဝေ့က ထိုသတင်းစကားကို မြင်လိုက်သည့်အခါ အလေးအနက် ဖြစ်သွားလေသည်။ သူမ စကားအရ တစ်ယောက်ယောက်သည် သူမက ထိုအမွေအနှစ်ကို ရှာဖွေလိမ့်မည်ဟု ကြိုတင်တွက်ဆထားပြီး သူမအား အထဲတွင် ပိတ်ထားခြင်း ဖြစ်၏။ သူမက အဆင်ပြေသော်လည်း ထွက်လာဖို့ရာအတွက် အချိန်တချို့ကြာမြင့်လိမ့်မည်ဟု ပြောထားလေသည်။

ဝမ်ဝေ့က သတင်းစကားကို ဖတ်လိုက်ပြီးနောက် ရေရွတ်လိုက်သည် “ ဒါက စစ်ဆေးမှုရဲ့ စွမ်းအားလား”

ဝူဟုန်က သူ၏ အကြီးမားဆုံး အကူအညီဖြစ်သလို ထောက်ပံ့ပေးသူလည်း ဖြစ်သောကြောင့် ဝမ်ဝေ့က သူ သေခြင်းတရားကို ကြိုမြင်ထားလျှင်ပင် သူ့ဘေးတွင် သူမ ရှိနေသရွေ့ အသက်ရှင်နိုင်ချေ ရှိနေကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် ကောင်းကင်တာအိုက ထိုဖြစ်နိုင်ချေကို တွက်ဆထားဟန်ပေါ်၏။

ကောင်းကင်တာအိုတစ်ခုတည်း သူမကို ပိတ်ထားဖို့ မဖြစ်နိုင်ဘူး။ တခြားဘယ်သူပါဝင်နေသေးတာလဲ…

ဝမ်ဝေ့က စဉ်းစားကြည့်ပြီးသည့်နောက်တွင် လျှို့ဝှက်မှတ်တမ်းခန်းဆီ ဦးတည်လိုက်သည်။ သူက အသက်ရှင်နိုင်ချေ အနည်းငယ်ရှိဖို့ရာ သူ့ကိုယ်သူသာ မှီခိုရမည်မှန်း သိထားသည်။

ထို့အပြင် သူ ကူညီလိုလျှင်ပင် သူမအား မကူညီနိုင်သည့်အတွက် မည်မျှအားနည်းကြောင်း ညည်းတွားနေမိ၏။ ထို့ကြောင့် သူက သူအဖေအား သူမကို ကူညီနိုင်လားဟု စစ်ဆေးခိုင်းခဲ့သည်။

ဝမ်ဝေ့ တစ်ယောက်တည်း ထိုသတင်းစကားကို ရရှိလိုက်ခြင်း မဟုတ်ပေ။ လီကျွင်း၏ ကျင့်ကြံရေးအခန်းအတွင်း အဆောင်တစ်ခု ပေါ်ထွက်လာလေ၏။ သို့သော်လည်း သူက ထိုနေရာတွင် မရှိဘဲ စစ်ဆေးမှုအတွင်းသာ ရှိနေဆဲဖြစ်၏။

လျှို့ဝှက်မှတ်တမ်းခန်းအတွင်း ဝမ်ဝေ့က အနောက်ပိုင်းသန့်စင်ကောင်းချီးနယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ဖတ်ရှုလိုက်သည်။ ထို့နောက် သူက အထဲသို့ ဝင်ရောက်ဖို့ ပြင်လိုက်သည်။

သူက ဆေးဝါးခန်းမမှ ဆေးလုံးတချို့ကို ထုတ်လိုက်ပြီး တချို့ကို သူ ကိုယ်တိုင်သန့်စင်လိုက်သည်။

ထို့နောက် သူက အနောက်ပိုင်းကုန်းမြေဆီ ဦးတည်လိုက်၏။

ဝမ်ဝေ့ ထွက်သွားနေစဉ် ယုယန်ကမူ မျက်ရည်စက်လက်ဖြင့် ကြည့်နေကာ ဝမ်ထျန်းအား ပြောလိုက်သည်။

“ ယခင်နှစ်ပိုင်းက တော်တော်လေးကို ဆိုးရွားခဲ့တယ်။ ဒီလိုမျိုးအဆိုးတွေက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတာပဲ။ ပိုဆိုးတာက ကျွန်မတို့တွေက ကူညီပေးဖို့ မပြောနဲ့ ဘာမှတောင် လုပ်နိုင်စွမ်းမရှိဘူး”

“ ကိုယ်သိပါတယ်။ ဒါက ကျင့်ကြံရေးခရီးစဉ်ပဲလေ။ အနိမ့်အမြင့် အတက်အကျတွေ ပြည့်နှက်နေတာ။ အခု ကိုယ်တို့သားရဲ့ စွမ်းဆောင်ရည်ကိုပဲ ယုံကြည်ထားရအောင်”

ယုယန်က ခေါင်းညိတ်ကာ သူ့ပုခုံးအပေါ် ခေါင်းမှီလိုက်သည်။ သို့သော်လည်း သူမ၏ ခင်ပွန်းဖြစ်သူ မျက်ဝန်းအထက်တွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်မျိုး မြင်တွေ့နေရ၏။ ဝမ်ထျန်းက ထိုစကားများ ပြောလိုက်သော်လည်း သူ့သား၏ အသက်ကို ကယ်တင်ဖို့ ဘာမဆိုလုပ်ဖို့ရာ ပြင်ဆင်ထားလေသည်။

ထိုအချိန်ကျရောက်လာပါက သူသည် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဂိုဏ်းမှ ရှိရှိသမျှ အင်အားအကုန်သုံးလိမ့်မည်။ ကောင်းကင်ဘုံ မဆိုထားနှင့် မည်သူကမှ သူ့ကလေးအား သူ့ဆီမှ ခေါ်ဆောင်သွားခွင့်မပြုပေ။

ထိုစဉ် ဝမ်ဝေ့က ဂိုဏ်းမှ ထွက်လာပြီးသည့်နောက်တွင် လေဟာနယ်ကို ချိုးဖောက်ကာ အနောက်ပိုင်းကုန်းမြေသို့ ဦးတည်လိုက်ပြီး အနောက်ပိုင်းသန့်စင်ကောင်းချီး နယ်မြေအဝင်ဝသို့ ရောက်ရှိသွားသည်။

သူက သူ့ရှေ့တွင် ယိုယွင်းပျက်စီးနေသည့် ကျောင်းဆောင်များ၊ ကြေး သို့မဟုတ် ရွှေဖြင့် ပြုလုပ်ထားသော ရုပ်ထုများကို တွေ့နေရသည်။ ကျောင်းဆောင်အနှံ့တွင် အမှိုက်များကို မြင်တွေ့နိုင်လေ၏။

ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ ကျောင်းဆောင်အတွင်း ဝင်ရောက်လိုက်သည်။ ချက်ချင်းဆိုသလို သူက နေရာကျယ်တစ်ခုသို့ ရောက်ရှိသွားလေ၏။ အတိအကျဆိုရလျှင် နောက်ထပ်ကမ္ဘာတစ်ခုထဲ ဖြစ်သည်။

သူက တစ်ယောက်တည်း ရှိနေဟန်ပေါ်သည့် လမ်းရှည်ကြီးအပေါ် ရပ်နေလေသည်။ လမ်းတစ်ဖက်တစ်ချက်စီတွင် ရုပ်ထုမြောက်များစွာ ရှိနေလေ၏။ ဝမ်ဝေ့က သေချာလေ့လာကြည့်ပြီးသည့်နောက်တွင် ထိုရုပ်ထုများသည် ဆံပင်မပါရှိဘဲ ဘုန်းကြီးများဖြစ်ကာ သူတို့အပေါ်တွင် ဗုဒ္ဓသင်္ကန်းကို ဝတ်ဆင်ထားကြောင်း သတိပြုမိလိုက်သည်။

ထိုရုပ်ထုများ ထူးဆန်းသည့်အချက်မှာ သူတို့၏ မျက်နှာအမူအရာက ကွက်ကွက်ကွင်းကွင်း ဖြစ်နေပြီး တချို့က ဒေါသထွက်ကာ တချို့က ငြိမ်းအေးပြီး တချို့က ဝမ်းနည်းနေကြပြီး အစရှိသဖြင့် ဖြစ်သည်။ သူတို့၏ မျက်နှာအထက်တွင် စိတ်ခံစားချက်မျိုးစုံကို မြင်တွေ့နိုင်လေ၏။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက်တွင် ထိုလမ်းကြောင်းအပေါ် စတင်ဝင်ရောက်လိုက်သည်။ ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် အရာအားလုံးက ပြောင်းလဲသွားလေ၏။ ရုပ်ထုများက ကျမ်းများကို ရွတ်ဖတ်လာကြပြီး သူတို့၏ အသံများက ကျယ်လောင်သလို တပြိုင်နက် တိတ်ဆိတ်နေပြီး ငြိမ်းအေးကာ ရှည်ကြာသည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။

ကံဆိုးစွာဖြင့် ထိုအရာက အပေါ်ယံမျှသာ ဖြစ်၏။ ထိုရုပ်ထုများက စတင်ရွတ်ဖတ်သည်နှင့် ဝမ်ဝေ့က သူတို့၏ အသံများသည် သူ့စိတ်နှင့် ဝိညာဉ်အပေါ် သက်ရောက်မှုရှိကြောင်း ခံစားမိလာသည်။

သူတို့၏ အသံများသည် နက်နဲသည့် ရွတ်ဖတ်စွမ်းအားများ၊ ဗုဒ္ဓဘာသာ၏ ထူးဆန်းသော စွမ်းအားကို ပြသကာ ဘာသာပြောင်းအောင် လုပ်နေလေသည်။

ဝမ်ဝေ့က ထိုအချက်ကို မအံ့ဩမိပေ။ သူက ဤနေရာ မည်သို့ဖွဲ့စည်းထားကြောင်း သိထားလေသည်။ ဤသည်က သူ ကလေးဘဝကတည်းက ကမ္ဘာအကြောင်း သင်ယူခဲ့ရသည့် လျှို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်၏။

ဤသူက မျှော်နန်းဆောင် စစ်ဆေးမှုထဲမှ တစ်ခုကို ထိုအတိုင်း ပုံဖော်ထားခဲ့သေးသည်။ သူက သက်ရောက်မှုများစွာ မရှိဘဲ ရှေ့ဆက်လျှောက်လှမ်းလာလေ၏။ သူက အထဲသို့ လျှောက်လှမ်းလေလေ ရုပ်ထုများက ကြေးအဖြစ် ပြောင်းလဲသွားလေသည်။

တစ်ချိန်တည်းဆိုသလို ရွတ်ဖတ်သံများက ပိုမိုအားကောင်းလာလေ၏။

သို့သော်လည်း ဝမ်ဝေ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာသည်။ သူ သိထားသလောက် ကြေးရုပ်ထုရှိရာနေရာသို့ မရောက်ခင် ပုံရိပ်ယောင် ဘုန်းကြီးတစ်ပါးက ပေါ်ထွက်လာကာ သူ့အား ဗုဒ္ဓအကြောင်း မေးမြန်းရမည်ဖြစ်သည်။ သူ့အဖြေအပေါ် မူတည်၍ သူက ရှေ့ဆက်လျှောက်လှမ်းခွင့်၊ ဆုလာဘ် ရခွင့် သို့မဟုတ် တိုက်ခိုက်ခံရခြင်းတို့ ဖြစ်နေတတ်သည်။ သို့သော် မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။ ဝမ်ဝေ့က သတိကြီးကြီးထားကာ ကြေးနှင့် ငွေရောင်လမ်းစဉ်ကြားသို့ မရောက်ခင်အထိ ဆက်လက်လျှောက်လှမ်းသွားသည်။

မည်သူမှ ပေါ်မလာသည်ကို သတိထားမိပြီးသည့်နောက် ဝမ်ဝေ့က ရပ်တန့်လိုက်၏။ သူက တုံ့ဆိုင်းနေခြင်း မရှိပေ။ သို့သော်လည်း သူ လှည့်လိုက်သည်နှင့် သူ့ရှေ့တွင် စာအုပ်တစ်ခု လွင့်မြောနေသည်ကို မြင်လိုက်ရသည်။

ထိုခေါင်းစဉ်ကို ဖတ်လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်မိသွား၏။ သူက ထိုစာအုပ်ကို နက်နက်နဲနဲ ဖတ်ရှုပြီးလိုက်သည့်နောက်တွင် သူ့ဂမ္ဘီရက ထိုစာအုပ်ကို ရည်ညွှန်းနေကြောင်း သဘောပေါက်သွားသည်။ သို့သော်လည်း ထိုစာအုပ်ပေါ်ထွက်လာပုံက သံသယဖြစ်ဖွယ် အတိ ဖြစ်နေလေ၏။ တစ်ယောက်ယောက်က ငါ့ကို အကွက်ကျကျ စီစဉ်ထားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ငါ့အပေါ် ကံကြွေးထားဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် နှစ်ခုလုံးလား

သူက မှန်ကန်ကြောင်း သတိမပြုမိခင် ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။ အကယ်၍ ထိုစာအုပ်ကို လက်ခံလိုက်ပါက သူ လက်ခံရမည့် ကံကြွေးသည် ဧကရာဇ်ကျမ်းထက်ပင် ကြီးမားနေလေသည်။ ထိုအရာက ပုံမှန် မဟုတ်ပေ။

အဆုံးသတ်တွင် သူက သက်ပြင်းချကာ စာအုပ်ကို ယူလိုက်ရသည်။ သူ့တွင် တခြားရွေးချယ်စရာ မရှိကြောင်း သိထားလေ၏။

သူ စာအုပ်ကို ထိလိုက်သည်နှင့် သူ့ကို ချည်နှောင်သွားသည့် ကံကြိုးကို ခံစားမိလိုက်သည်။ သို့သော်လည်း သူက အလျင်အမြန် တုံ့ပြန်ကာ ကံကြိုးသည် သူနှင့်သာ ရစ်ပတ်ပြီး ဂိုဏ်း၏ ကံကောင်းမှုနှင့် မဆက်နွယ်ဖို့ သေချာအောင် လုပ်လိုက်သည်။

ဝမ်ဝေ့က ထိုစာအုပ်သည် သူ အရွယ်မရောက်ဘဲ သေဆုံးသွားခဲ့လျှင် တာအိုအခွင့်အလမ်းဂိုဏ်းအား ကံအကြွေး ပြန်ပေးစေချင်ကြောင်း ခန့်မှန်းမိလိုက်၏။ သို့သော် ယခုမူ သူ သေဆုံးသွားပါက ကံကြွေးလည်း သူနှင့်အတူ သေဆုံးသွားလိမ့်မည်။

ဝမ်ဝေ့က ဘာမှမပြောဘဲ အတွင်းပိုင်းတစ်နေရာသို့ ဦးညွှတ်ပြီးနောက် ပျံသန်းထွက်လာလိုက်သည်။ မည်သူက သူ့အား အကွက်ချနေသည် ဖြစ်စေကာမူ သူ့အား အသက်ရှင်ဖို့ အခွင့်အရေးပေးလိုက်ခြင်းသာဖြစ်၏။

သူက ထိုအရာကို သဘောမကျလျှင်ပင် ထိုအချက်ကို အသိအမှတ်ပြုရလိမ့်မည်။ အကယ်၍ ဝူဟုန်သာရှိနေပါက သူသည် ထိုအရာကို ငြင်းပယ်ကာ တခြားနည်းလမ်း စဉ်းစားမိလိမ့်မည်။ သို့သော် ယခုတွင် သူက အချိန်မည်မျှ ကျန်ရှိမည်မှန်း မသိသည့်အတွက် ချေးများနေ၍ မဖြစ်ပေ။

အနောက်ပိုင်းသန့်စင်ကုန်းမြေမှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က လေဟာနယ်သင်္ဘောဖြင့် အိမ်သို့ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက ခေါင်းစဉ်ကို ကြည့်လိုက်သည့်အခါ အနာဂတ်ဗုဒ္ဓကျမ်း ဖြစ်နေလေ၏။

“ ကံကြွေးထားမယ်ဆိုရင်လည်း စာအုပ်သုံးအုပ်လုံး ပေးလိုက်တာ မဟုတ်ဘူး” သူက ရေရွတ်လိုက်သည်။ အချိန်တာအိုအပေါ် အဓိကထားသည့် အားအကောင်းဆုံး ဧကရာဇ်ကျမ်းတစ်ခုအနေနှင့် လက်ဝယ်ပိုင်ဆိုင်ထားဖို့ စိတ်ထဲမထားပေ။

ဝမ်ဝေ့က စိတ်အားထက်သန်စွာဖြင့် စာအုပ်ကို ဖွင့်ဖတ်ကြည့်လိုက်သည်။ သို့သော်လည်း သူ့အား အံ့အားသင့်သွားစေသည်က ထိုအရာက ဗလာကျင်းနေလေ၏။ စာရွက်တစ်ခုချင်းစီက အတူတူသာ ဖြစ်နေလေသည်။ ထိုအရာကို တွေးမိပြီးနောက် သူက ခန္ဓာကိုယ်အတွင်းမှ ချက္ကရကို အသက်သွင်းကာ ရွှေရောင်လူသားအဖြစ် ပြောင်းလဲသွားသည်။

ရလဒ်အနေဖြင့် သူက စာအုပ်ထဲမှ စာလုံးများကို မြင်လိုက်ရသည်။ သို့သော်လည်း သူက နားမလည်နိုင်ပေ။ ထိုအရာက အမည်မသိ ဘာသာစကားဖြင့် ရေးသားထားခြင်း မဟုတ်ပေ။ သူက ထိုကျမ်းကို မည်မျှဖတ်စေကာမူ နားလည်ခြင်း မရှိသလို မှတ်မိခြင်းလည်း မရှိပေ။

“ အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကိုတော့ မခံစားမိဘူး။ အဲဒါဆိုတော့ ထူးဆန်းမှုက ဒီစာအုပ်ကိုယ်တိုင်က ဖြစ်လာတာပဲ နေမယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုအချက်တစ်ခုတည်းဖြင့် ဤစာအုပ်သည် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်၏ မှော်စွမ်းအားကိုပင် လျစ်လျူရှုထားနိုင်သည့်အတွက် မရိုးရှင်းကြောင်း သိနိုင်သည်။

“ ဒါက တာအိုကျမ်းတွေလိုမျိုး မကျင့်ကြံခင် နားလည်နိုင်စွမ်း ဒါမှမဟုတ် တာအိုနှလုံးသားလိုမျိုး လိုအပ်တာလား”

ဝမ်ဝေ့က ထိုသို့ ကောက်ချက်ချလိုက်ပြီးသည့်နောက်တွင် ခေါင်းကိုက်လာမိ၏။ ဤကမ္ဘာတွင် ဗုဒ္ဓဘာသာအကြောင်း အနည်းငယ်သာ သိထားသည့်အတွက် သူ့အနေနှင့် ယခင်ဘဝမှ မှတ်မိထားသည့် အရာများက လုံလောက်ပါ့မလားဟု သံသယဖြစ်လာမိသည်။

အကယ်၍ ဝူဟုန်သာ ရှိနေပါက သူမအား မေးမြန်းနိုင်မည်ဖြစ်သော်လည်း ယခု သူက တစ်ယောက်တည်း ဖြစ်နေလေသည်။

သူ ဘာဆက်လုပ်ရမလဲ

ဒါက အသုံးမဝင်ဘူးလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။

အဲ့လိုလည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ငါ့ရဲ့ ဂမ္ဘီရက ဒီနေရာကို ခေါ်လာမှာ မဟုတ်ဘူး

ဝမ်ဝေ့က အိမ်သို့ပြန်လာပြီးနောက် လျှို့ဝှက်မှတ်တမ်းခန်းသို့ ဦးတည်သွားလိုက်သည်။ ထင်ထားသည့်အတိုင်း ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လုံလောက်သည့် အချက်အလက် သို့မဟုတ် ကျမ်းများ ရှိမနေပေ။

နောက်ဆုံးအနေနှင့် ဝမ်ဝေ့က သူ့ ပြဿနာကို အဖြေရှာဖို့ ဂမ္ဘီရအစွမ်းကို ထုတ်သုံးခဲ့သည်။ သို့သော် သူ ကျရှုံးခဲ့လေ၏။ သူက ကျင့်ကြံရေးအခန်းတွင် တင်ပျဉ်ခွေထိုင်ကာ မျက်မှောင်ကြုတ်ထားလေသည်။

တစ်ခုခုတော့ မှားနေပြီ။ ငါ့ရုပ်ခန္ဓာနဲ့ဆိုရင် သတင်းအချက်အလက် အနည်းငယ်ကတော့ ရသင့်တယ်။

ထို့နောက် ဝမ်ဝေ့က သူ့အဖေအား သွားရောက်တွေ့ဆုံလိုက်ပြီး သူ့အတွက် သီးသန့်လုပ်ပေးထားသည့် လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်သွားသည်။ ထိုလျှို့ဝှက်နယ်မြေသည် သူ သူတောင်းစားအိုကြီးဆီမှ ယူလာသည့် အစီအရင်များဖြင့် ပြည့်နှက်နေသော်လည်း အနည်းငယ် ဆင့်ကဲပြောင်းလဲထားသည်။

ထိုအစီအရင်များအားလုံးက ဂိုဏ်း၏ ဧကရာဇ်အစီအရင်နှင့် အလွန်အားကောင်းသည့် ပင်ကိုရတနာများဖြင့် ဆက်နွယ်နေပြီး အစီအရင်၏ ဗဟိုချက်အနေဖြင့် အသုံးပြုထားသည်။ သူ့လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာသည်နှင့် ဝမ်ဝေ့က ဘေးကင်းသွားသလို ခံစားမိလိုက်၏။ သူက ဤသည်မှာ တကယ့် ခံစားချက်အစစ်အမှန်လား သို့မဟုတ် ထင်မြင်မှုတစ်ခုလား မသိပေ။ ကြည့်ရသည်မှာ တကယ့် ခံစားချက်ဖြစ်ဖို့ များ၏။

ဝမ်ဝေ့က အချိန်ဖြုန်းမနေဘဲ ဂမ္ဘီရအစွမ်းကို ထပ်မံ ထုတ်သုံးလိုက်သည်။ ဤတစ်ကြိမ် သူက ကံကြမ္မာမြစ်ကြောင်းအတွင်း လက်ပစ်ကူးကာ ကိစ္စများက ချောမွေ့နေလေသည်။ သူ့အတွက် ကံဆိုးသည်က သူ အောင်မြင်တော့မည့်ဆဲဆဲတွင် အင်အားတချို့က ဝင်ရောက်နှောင့်ယှက်လိုက်သောကြောင့် သူက လက်ဗလာဖြင့် ပြန်လာရသည်။

အကယ်၍ သူသာ အာရုံခံစားမှု မထက်ရှလျှင် ထိုအချက်ကို သတိထားမိမည်မဟုတ်ပေ။

“ ငါ မှန်နေတာပဲ” သူက ထပ်မံ ကြိုးစားကြည့်လိုက်သည်။ သို့သော် ဤတစ်ကြိမ် သူက မည်မျှကြိုးစားစေကာမူ ထိုစွမ်းအားကို မခံစားမိတော့ပေ။ သို့သော် သူက ဘာမှရှာမတွေ့သေးပေ။

အဆုံးသတ်တွင် သူက လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ လောင်ချူးအား ခေါ်ခိုင်းလိုက်ပြီး လျှို့ဝှက်နယ်မြေအတွင်းသို့ ဖိတ်ကြားလိုက်သည်။ ထိုသူ ရောက်လာသည်နှင့် ဝမ်ဝေ့က ထိုလူအိုကြီး၏ မျက်နှာအထက် ညည်းတွားမှု အရိပ်အယောင်အားလုံးကို လျစ်လျူရှုကာ သူတို့၏ စွမ်းအားကို ပူးပေါင်းပြီး ဂမ္ဘီရအစွမ်းကို ထုတ်ဖော်လိုက်သည်။

သူ့အတွက် ကံဆိုးသည်က သူသည် ဤတစ်ကြိမ်တွင်လည်း အဖြေနီးကပ်နေသည်ဟု ခံစားမိသော်လည်း ကျရှုံးနေဆဲဖြစ်၏။

ထိုစဉ် ဝမ်ဝေ့က အတော်လေး ဒေါသထွက်လာမိသည်။ သူ တွေးမိသည့် တစ်ခုတည်းသော နည်းလမ်းက ကုသိုလ်ကို အသုံးပြုဖို့ ဖြစ်၏။ သို့သော် ဂိုဏ်းတွင် အရေအတွက် ပမာဏအနည်းငယ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် အောင်မြင်နိုင်မည် မဟုတ်ပေ။

သူ့ အတုအယောင် ပင်ကိုဆေးလုံးနည်းလမ်းက ဖြန့်ဝေနေဆဲဖြစ်သည့်အတွက် ကုသိုလ်စုစည်းဖို့ အချိန်တချို့ ကြာမြင့်ပေဦးမည်။

သူက ကမ္ဘာကြီးဆီ အကျိုးဖြစ်စေဖို့ ဖန်တီးမှုအသ စ်တချို့ပြုလုပ်ဖို့ တွေးလိုက်မိသော်လည်း သူ့နည်းလမ်းက ကုသိုလ်ပေးလာမည် မဟုတ်ပေ။ ပြောရလျှင် ထိုအရာက အချိန်လိုအပ်ပေသည်။

သူ့တွင် အချိန်မည်မျှကျန်ရှိသည်ကို မသိရပေ။

ဝမ်ဝေ့၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားလေသည်။ သူ့စိတ်ဝိညာဉ်အမှုန်များကလည်း လွန်လွန်ကဲကဲ အလုပ်ကြိုးစားနေရ၏။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် အကြည့်များက တောက်ပသွားသည်။

“ ဒါက တိုက်ဆိုင်မှု၊ ကံကောင်းမှု ဒါမှမဟုတ် တခြားတစ်ခုလား” သူက ရေရွတ်လိုက်ပြီးနောက် အရှေ့ပိုင်းကုန်းမြေဆီ ဦးတည်လိုက်သည်။

All Chapters