← Chapters

သဲလွန်စ

Vol. 32 Ch. 446

သဲလွန်စ

Vol. 32 Ch. 446

အခန်း (၄၄၆) : သဲလွန်စ

အရှေ့ပိုင်းကုန်းမြေ၏ တိုင်းပြည်အပြင်ဘက်တွင် အက်ကြောင်းတစ်ခုပေါ်ထွက်လာပြီး ဆံပင်အပြာရောင် ရှိပြီး ဝတ်ရုံအပြာရောင် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက ထွက်ပေါ်လာသည်။ သူ့မျက်ဆံများက မြွေကဲ့သို့ ထောင်လိုက်ဖြစ်နေပြီး တစ်နေရာသို့ လှမ်းကြည့်ကာ မယုံနိုင်လောက်ဖွယ် အလျင်နှုန်းဖြင့် ပျံသန်းသွားလေသည်။

လေထဲတွင် မြို့ကို ဝန်းရံထားသည့် အစီအရင် ရှိနေသော်လည်း သူ့ခန္ဓာကိုယ်ရှိ အမှတ်အသားပြားက အသက်ဝင်လာကာ သူ့အား အထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။

သူက နန်းတော်ရှိ နေရာတစ်ခုဆီ ဦးတည်သွားလိုက်သည်။ အပြင်ဘက်တွင် သူက လူများ ပြုံးရယ်နေသည်ကို ကြားလိုက်ရ၏။

“ မင်းက တော်တော်ပျော်တတ်တာပဲ။ ရှီအာဆီမှာ ဒီလိုပျော်စရာကောင်းတဲ့ သူငယ်ချင်းမျိုးရှိတာ မသိခဲ့မိဘူး” ရင့်ကျက်ကာ ကြော့ရှင်းနေသည့် လေသံတစ်သံ ထွက်ပေါ်လာသည်။

“ ဟုတ်တယ်။ အစ်ကိုကြီးက ဒီလိုမျိုး ခန့်ချောတဲ့ သူငယ်ချင်း … အဲလေ သူငယ်ချင်းတွေ ရှိမယ်လို့ ထင်မထားမိဘူး။” ချိုမြိန်ပြီး ငယ်ရွယ်ကာ ရှက်ရွံ့နေသည့် အသံတစ်သံလည်း ထွက်ပေါ်လာသည်။

ရှောင်စုန့်ရှီက အသက်ပြင်းပြင်းရှူကာ လျှောက်လှမ်းလာခဲ့သည်။ သူက ခဲဖြူရောင် ဆံပင်နှင့် မျက်ဝန်း ပိုင်ဆိုင်ထားသည့် လူငယ်လေးသည် သူ့အမေနှင့် ညီမလေးကို စကားစမြည် ပြောနေကြောင်း မြင်လိုက်ရသည်။ အကြည့်တစ်ချက်တည်းဖြင့် သူက မည်သူမှန်း သဘောပေါက်လိုက်၏။

အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ သူက ဉာဏ်ရှိရှိပြုမူဖို့ ဆုံးဖြတ်လိုက်သည်။ သူက အပေါ်ယံတွင် ပြုံးလိုက်ရင်း ဝတ်ရုံထဲတွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူက မိတ်ဆွေဟောင်း ရောက်လာသကဲ့သို့ ဟန်ဆောင်လိုက်၏။

လေးယောက်သားက ညစာစားပြီး နှစ်ယောက်သားက စကားစမြည်ပြောဖို့ ထွက်လာခဲ့ကြသည်။

“ မင်းဆီမှာ မိသားစုကောင်း ရှိထားတာပဲ။ တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းတဲ့သူတွေပဲ” ဝမ်ဝေ့က လက်ဟန်ဖြင့် ပြောလိုက်သည် “ အရှင်းဆုံးပြောရရင် မင်းနဲ့ မင်းညီမ ဆက်ဆံရေးက အဖေ မတူတော့ ဆိုးရွားနေမယ်လို့ ထင်ထားခဲ့တာ”

“ မင်းက ဘာလိုချင်တာလဲ” ရှောင်စုန့်ရှီက အံကြိတ်ကာ ပြောလိုက်သည်။ ဝမ်ဝေ့၏ မျက်နှာအထက် အပြုံးတစ်ခု ပေါ်ထွက်လာပြီး တစ်ဖက်လူ၏ တည်ငြိမ်နေသည့် အမူအရာအားကြည့်လိုက်၏။

“ ပါရှယ်မျိုးနွယ်က ဒီမျိုးဆက်မှာ ကြယ်ဝိဇ္ဇာမွေးဖွားလာပြီလား”

“ အင်း” ရှောင်စုန့်ရှီက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။

“ ဘယ်အဆင့်လဲ”

“ ကြယ်သုံးလုံး”

ဒီလောက်ဆိုရင်တော့ မလုံလောက်သေးဘူး။ ဒါပေမဲ့ စမ်းကြည့်ရမှာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

“  မင်းငါ့ကို တစ်ခုခု ရှာပေးဖို့ လိုတယ်”

ယခု ရှောင်စုန့်ရှီက ထိုလူ၏ ရည်ရွယ်ချက်အား သဘောပေါက်သွားလေသည်။ ပါရှယ်မျိုးနွယ်သည် ကွဲပြားသည့် သွေးမျိုးဆက်အမျိုးမျိုးမှ ပြုလုပ်ထားသည့် ပင်လယ်မြွေကြီး နတ်ဆိုးသားရဲ ဖြစ်၏။ နမူနာအနေနဲ့ပြောရလျှင် မီးမြွေ၊ ရေမြွေနှင့် ဓာတ်အမျိုးမျိုး ကွဲပြားနေသည်။ ပါရှယ်မျိုးနွယ်စုအတွင်း ထူးခြားသည့် သွေးမျိုးဆက်နှစ်ခု ပါရှိပြီး ဝါးမျိုရေး သွေးမျိုးဆက်ကို မျိုးနွယ်၏ ပင်မအဖြစ် သတ်မှတ်နိုင်သည်။

ပါရှယ်မျိုးနွယ်၏ မဟာဧကရာဇ်လေးပါးအနက် သုံးပါးက ထိုပင်မမျိုးနွယ်မှ ဖြစ်၏။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုမျိုးနွယ်နှင့် ဆက်နွယ်မှု တချို့ရှိသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသော်လည်း ဝါးမျိုခြင်းနှင့် ပတ်သက်နေသည့် အရာအများစုက သူနှင့် ဆက်နွယ်နေသည်ဟု ကောလဟာလများ ထွက်ခဲ့ကြသည်။ ဝါးမျိုခြင်းနယ်မြေလည်း အပါအဝင်သာ ဖြစ်၏။

ဝမ်ဝေ့က ထိုတားမြစ်နယ်မြေအတွင်း ဝင်ရောက်ဖို့ မှတ်တမ်းများသည့်အတွက် ကောလဟာလများကို ယုံကြည်မိလေသည်။

ဒုတိယအရေးအကြီးဆုံး မျိုးဆက်မှာ ကြယ်ဝိဇ္ဇာမျိုးဆက် ဖြစ်၏။ ထိုမျိုးဆက်က လက်ရှိ ပါရှယ်မျိုးနွယ်အောင်မြင်မှုအတွက် တာဝန်ယူထားသူလည်း ဖြစ်သည်။ ထိုအကြောင်းအရင်းကမူ သူတို့၏ ပင်ကိုသွေးမျိုးဆက်စွမ်းရည် ကြယ်တာရာသိမြင်ခြင်း စွမ်းရည်ကြောင့် ဖြစ်သည်။ ထိုစွမ်းရည်က ကြယ်တာရာစွမ်းအားများကို အသုံးပြုကာ မိုးမြေလျှို့ဝှက်ချက်ကို တွက်ချက်သည့် ပုံစံတစ်မျိုး ဖြစ်၏။

ထိုစွမ်းရည်ကို မေးသည့်မေးခွန်းတိုင်းက အဖြေရရှိလိမ့်မည်သာ ဖြစ်၏။

သို့သော် ကန့်သတ်ချက်တချို့တော့ ရှိနေသေးသည်။ ပါရမီကို ကြယ်ငါးလုံးအထိ ခွဲခြားထားပြီး ကြယ်တစ်လုံးက အနိမ့်ဆုံး ဖြစ်၏။ အဆင့်အပေါ် မူတည်၍ တချို့မေးခွန်းများက ဖြေနိုင်သလို တချို့မေးခွန်းများက မဖြေနိုင်ကြပေ။

နမူနာအားဖြင့် ပါရှယ်မျိုးနွယ်သည် မဟာဧကရာဇ်များစွာ ရှိသည့် အကြောင်းအရင်းမှာ ကြယ်ငါးလုံး သွေးမျိုးဆက် ပေါ်ထွက်လာသည့်အချိန်တိုင်း သူတို့က မဟာဧကရာဇ် ပြုစုပျိုးထောင်ရမည့် အခြေအနေကို မေးမြန်းခဲ့ကြသည်။

ထို့နောက် အံ့ဖွယ်စွမ်းရည်က သူတို့မဟာဧကရာဇ်ဖြစ်လာနိုင်သည့် မျိုးဆက်အတိအကျ၊ ကောင်းကင်ရွေးချယ်ခံကို မည်သို့လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုတိုက်ပွဲမတိုင်ခင် မည်သူ့ကို ရှင်းထုတ်ပစ်သင့်ကြောင်း၊ မည်သူက အန္တရာယ်ဖြစ်လာနိုင်ကြောင်း ၊ မည်သူ့ကို စောင့်ကြည့်ကြောင်း အစရှိသဖြင့် ပြောပြခဲ့သည်။

ထိုနည်းလမ်းကို အသုံးပြုကာ ပါရှယ်မျိုးနွယ်သည် မဟာဧကရာဇ်လေးပါးကို ပြုစုပျိုးထောင်နိုင်ပြီး တစ်ခါမှ ကျရှုံးခြင်း မရှိခဲ့ပေ။ ကံကောင်းစွာဖြင့် ကြယ်ဝိဇ္ဇာသွေးမျိုးရိုးသည် အလွန်တရာရှားပါးပြီး မျိုးဆက်တိုင်းတွင် ပေါ်ထွက်လာလေ့မရှိပေ။ ယခုတိုင် ကြယ်ငါးလုံး မျိုးဆက်ပိုင်ရှင် လေးယောက်သာ ပေါ်ထွက်ခဲ့ဖူးသည်။

ဝမ်ဝေ့က ရှောင်စုန့်ရှီအား စာအုပ်တစ်အုပ် ပေးလိုက်သည်။

“ ဒီကျင့်စဉ်ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာကို ရှာပေးဖို့ လိုတယ်”

ရှောင်စုန့်ရှီက လက်ထဲတွင် ကိုင်ထားရင်း မေးလိုက်သည် “ ငါက ပြန်မပေးမှာ မကြောက်ဘူးလား”

ဝမ်ဝေ့က ပြုံးလိုက်သည်။ နိုင်ငံရေးများက တစ်ခါတစ်လေ စိတ်ရှုပ်ဖို့ကောင်းသော်လည်း လိုအပ်သည့်အရာသာ ဖြစ်၏။ ထိုစာအုပ်သည် သူ့အတွက် နောက်ထပ် ငါးစာတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ အကယ်၍ ရှောင်စုန့်ရှီက ထိုအရာကို ပြန်လည်မပေးခဲ့လျှင် သူက ထိုအကြောင်းပြချက်ကို အသုံးပြုကာ ပါရှယ်မျိုးနွယ်၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်လိမ့်မည်။

သင့်တော်သည့် အကြောင်းပြချက်ဖြင့် စစ်ပွဲကို ဖန်တီးနိုင်သလို တခြားလူများ ဝင်ပါခြင်းမှလည်း ကာကွယ်ပေးနိုင်လိမ့်မည်။ ထို့အပြင် ဂိုဏ်း၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ကာ တပည့်များအား စိတ်ဓာတ်တက်ကြွဖို့ လှုံ့ဆော်ပေးနိုင်လိမ့်မည်။

“ မင်းကို ကူညီပေးချင်ပေမဲ့ ကြယ်ဝိဇ္ဇာက ပါရှယ်မျိုးနွယ်ရဲ့ အဖိုးတန်ဆုံးအရာပဲ။ ကြယ်သုံးလုံးဆိုရင်တောင်ပေါ့။ ငါက အဲဒါကို ရမှာမဟုတ်ဘူး”

“ အဲဒါက မင်း ပြဿနာပဲ။ ငါ့ပြဿနာ မဟုတ်ဘူး” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည်။

ရှောင်စုန့်ရှီက အံကြိတ်ကာ သူ့မိသားစုဘက်သို့ လှမ်းကြည့်လိုက်၏။ သူက သူ တိတ်တဆိတ် ခေါ်ဆောင်လာသည့်လူ၏ တည်ရှိမှုသည် ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။

ကယ်တင်ရေးလုပ်ငန်းစဉ်က ကျရှုံးသွားပြီဖြစ်ကာ ထိုလူက တိတ်တဆိတ် သေဆုံးသွားလေပြီ။

“ ငါ အချိန်တချို့ လိုတယ်”

“ မင်းဆီမှာ တစ်လအချိန်ရမယ်။ အဲဒီထက်တော့ မပိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

ထို့နောက် သူက ရှောင်စုန့်ရှီ ဒေါသတကြီး ပျံသန်းသွားသည်ကို ကြည့်လိုက်၏။

“ ဒီဟာက အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့ ငါ အရံအစီအစဉ်ကို လုပ်ရတော့မယ်” သူက ရေရွတ်လိုက်သည်။ အရံအစီအစဉ်သည် ထိုဂမ္ဘီရအစွမ်းကို အသုံးချဖို့အတွက် လူများစွာကို တန်ကြေးအဖြစ် စတေးရမည်။ အကယ်၍ ထိုအရာ အလုပ်မဖြစ်ခဲ့ပါက သူဂိုဏ်းကို တခြားအားနည်းသည့် ဧကရာဇ်မျိုးနွယ်ဖြင့် တာအိုစစ်ပွဲ စတင်ကာ သူတို့၏ ချီကံကောင်းမှု၊ ဧကရာဇ်အစီအရင်နှင့် အသုံးအဆောင်ပစ္စည်းများအပါအဝင် ဂိုဏ်းတစ်ခုလုံးကို စတေးကာ တန်ကြေးအဖြစ် ပေးဆပ်ရမည်။

သို့သော်လည်း သူက ထိုသို့အရာမျိုး မလုပ်ချင်ပေ။ ထိုအရာက အချိန်ကုန်လွန်းလှသည်။ ထို့အပြင် ထိုဖြစ်စဉ်အတွင်း အရင်းအမြစ်များစွာလည်း ကုန်ဆုံးရဦးမည် ဖြစ်၏။ သူက သက်ပြင်းချလိုက်ပြီးနောက် ခန်းမသို့ ပြန်လည်သွားလိုက်သည်။

သခင်မရှောင်က သူ့အတွက် အခန်းပြင်ဆင်ထားသည့်အတွက် သူက ကျေးဇူးတင်လိုက်ပြီးနောက် သူ့သားသည် အရေးကြီး ကိစ္စရှိ၍ ထွက်သွားကြောင်း ပြောပြလိုက်သည်။

နောက်ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ ဝမ်ဝေ့က အေးချမ်းသည့်အချိန်ကာလကို ပိုင်ဆိုင်ထားသည်။ သခင်မရှောင်၏ ချက်ပြုတ်ရေးက အလွန်ကောင်းမွန်သည်။ ထို့အပြင် သူမက အလွန်နွေးထွေးသူဖြစ်ကာ သူမအနီးဝန်းကျင်တွင် စိတ်ပျော်ဖွယ်ကောင်းသည့် လေထုမျိုး ရှိနေသည်။

သတ်မှတ်ရက် မကုန်ဆုံးခင် တစ်ပတ်အလိုတွင် ရှောင်စုန့်ရှီက အနာဂတ် ဗုဒ္ဓကျမ်းနှင့် မှတ်စုတစ်ခုကို ကိုင်ဆောင်လျက်ပြန်ရောက်လာသည်။ သူ့မျက်နှာအထက် နာကျင်သည့် အမူအရာမျိုး ရှိနေလေ၏။

သူသာ ယခင်ရက်သတ္တပတ်အတွင်း ထိုအဖြေကို ရရှိဖို့ နာကျင်မှုနှင့် ဖိအားများကို မည်မျှ ခံစားခဲ့ရသည်ကို သူသာလျှင် သိလိမ့်မည်။ ကြယ်ဝိဇ္ဇာသွေးမျိုးဆက်သည် အလွန်အရေးကြီးသည့်အတွက် လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားသည်။ အတိတ်တွင် လူများစွာက ပါရှယ်မျိုးနွယ်ကို ဖျက်ဆီးပစ်လိုသည်မှာ ထိုအကြောင်းအရင်းကြောင့် ဖြစ်၏။ အထူးသဖြင့် ကြယ်ငါးလုံး သွေးမျိုးဆက်သည် မဟာဧကရာဇ်ပြုစုပျိုးထောင်ဖို့ အာမခံပေးနိုင်လေသည်။ သူက ထိုလျှို့ဝှက်ချက်ကို သိခဲ့ရသည်မှာ ကံကောင်းမှုကြောင့်သာ ဖြစ်၏။

ထို့အပြင် သူ့တွင် ထိုကျမ်းကို ရှိကြောင်း သေချာလျှို့ဝှက်ထားရသည်။ မဟုတ်ပါက ဂိုဏ်းရှိ အထက်ပိုင်းလူများကသာ သူ့ပိုင်ဆိုင်မှုအတွင်း ရှိနေသည်မဟုတ်ပါက ကိစ္စများက ပိုမိုရှုပ်ထွေးသွားလိမ့်မည်။

ဝမ်ဝေ့က စိတ်အားတက်ကြွစွာဖြင့် မှတ်စုကိုဖွင့်ကာ ဖတ်လိုက်သည် “ ထိုက်ယီနက်နဲမုခ်၊ ဖုန်းဟွမ်”

ဒီဟာက အသေးစိတ်ရတာ ပိုကောင်းတယ်ဆိုပေမဲ့ ဒီသဲလွန်စက ဘာမှမရတာထက်စာရင်တော့ ကောင်းနေပါပြီ

ဝမ်ဝေ့က တွေးလိုက်မိပြီးနောက် သခင်မရှောင်အား နှုတ်ဆက်ကာ ထွက်လာလိုက်သည်။

သိပ်မကြာခင် ရှောင်စုန့်ရှီက သူ့မိသားစုအား ပင်လယ်သို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။ ဝမ်ဝေ့က ထိုအရာအားလုံးကို သိထားသော်လည်း စိတ်ထဲ၌မူ သရော်လိုက်မိ၏။ နယ်ရုပ်တစ်ရုပ်အနေဖြင့် ရှောင်စုန့်ရှီသည် တန်ဖိုးရှိကြောင်း သက်သေပြသွားခဲ့သည်။

အကယ်၍ သူ့မိသားစုကို သူ့ဆီမှ ဝေးဝေးခေါ်ဆောင်သွားခြင်းက လုံလောက်နေပြီဟု တွေးထားခဲ့လျှင် မှားယွင်းနေသည်သာ ဖြစ်၏။

ဝမ်ဝေ့က ထိုက်ယီနက်နဲမုခ်ဆီ ဦးတည်လိုက်စဉ် သူ့အဖေဆီမှ ဆက်သွယ်ရေးအဆောင်ကို ရရှိလိုက်သည်။

“ ဘာဖြစ်လို့လဲ” သူက သူ့ရှေ့မှ ပုံရိပ်အား လက်ဟန်ပြကာ မေးလိုက်သည်။

“ ငါတို့တွေ ဟုန်အာကို ရှာမတွေ့ဘူး။ သူမ သွားတဲ့ လျှို့ဝှက်နယ်မြေတစ်ခုလုံးလဲ ပျောက်ကွယ်သွားတယ်။”

“ ဘိုးဘေးတွေတောင် ရှာမတွေ့ဘူးလား”

“ သူတို့တောင်ပဲ”

“ ဒီလိုဆိုရင် ထားလိုက်ပါတော့။ သူမက ကျွန်တော်ကို သတင်းစကား ပို့ထားတယ်ဆိုတော့ အဆင်ပြေမှာပါ”

ဝမ်ဝေ့က တည်ငြိမ်ဖို့ မိနစ်ပိုင်းကြာ အချိန်ယူလိုက်ရသည်။ ထို့နောက် သူ့ ဆံပင်နှင့် မျက်နှာကို ပြောင်းလဲလိုက်ပြီး ထိုက်ယီနက်နဲမုခ် ရှိရာတောင်ဆီ ဝင်ရောက်ခဲ့သည်။ သူက မြို့ထဲကို ဝင်လာစဉ် ထိုက်ယီနက်နဲမုခ်၏ ဧကရာဇ် ၇ ပါးကို ကိုးကွယ်ထားသည့် ကျောင်းဆောင်များစွာကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုကျောင်းဆောင်များက ယုံကြည်မှုစွမ်းအားကို စုဆောင်းနေခြင်း မရှိဘဲ စုဝေးပြီးနောက် ပျောက်ကွယ်သွားလေသည်။

မြို့ထဲရှိလူအားလုံးက စိတ်ငြိမ်ကာ အေးဆေးသည့် လေထုမျိုးရှိကြပြီး သာမန်သေမျိုးများပင် တာအိုကျမ်းများကို ရွတ်ဖတ်နိုင်ကြသည်။

မြို့ထဲသို့ ရောက်ရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က ဖုန်းဟွမ်သည် ဂိုဏ်းမှ ထွက်ခဲသည့် သူတော်စင်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူက မျှားခေါ်ဖို့ လိုအပ်နေသည်။ ထို့ကြောင့် သူက မနီးမဝေးမှ နေရာတစ်ခုဆီ ထွက်လာခဲ့လိုက်၏။ သူက ချီကံကောင်းမှု စစ်ဆေးပွဲမှ တိုက်ပွဲအတွင်း ထားရှိထားသည့် ဖုန်းဟွမ်နှင့် သူ့ကြားမှ ကံဆက်နွယ်မှုကို အသုံးချကာ ချက္ကရအား ပို့ဆောင်လိုက်သည်။

ထို့နောက် သူက စောင့်ဆိုင်းလိုက်၏။

All Chapters