← Chapters

ကံကြမ္မာနှင့် အကြွင်းမဲ့စတင်ခြင်း အပြိုင်

Vol. 32 Ch. 447

ကံကြမ္မာနှင့် အကြွင်းမဲ့စတင်ခြင်း အပြိုင်

Vol. 32 Ch. 447

အခန်း (၄၄၇) : ကံကြမ္မာနှင့် အကြွင်းမဲ့စတင်ခြင်း အပြိုင်

ဝမ်ဝေ့၏ မျှော်လင့်ချက်ကို ကျော်လွန်၍ ဖုန်းဟွမ်က ချက်ချင်း ပေါ်ထွက်မလာခဲ့ပေ။ ပြောရလျှင် ထိုလူက တစ်လကြာ စောင့်ဆိုင်းပြီးမှ သူ ရှိရာနေရာဆီ ခိုးကြောင်ခိုးဝှက် ရောက်လာခဲ့သည်။ ထို့နောက် သူက ဖြတ်သွားဖြတ်လာ တစ်ယောက်လိုမျိုး ပေါ်ထွက်လာခဲ့၏။

ထို့နောက် ဝမ်ဝေ့က သူ့ရှေ့ ထွက်ပေါ်လာသည်။

ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် မေးလိုက်၏ “ အမွေခံသားတော်ဝမ်ဝေ့ … ကျုပ် လုပ်ပေးနိုင်တာ တစ်ခုခုများရှိလို့လား”

ဝမ်ဝေ့က ဖုန်းဟွမ်၏ စကားပြောဆိုပုံမှ အမူအရာအထိ၊ ခန္ဓာကိုယ်အမူအရာနှင့် သူ့အကြည့်အထိ စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှထူးဆန်းသည့်အရာ မတွေ့ရပေ။ ဗုဒ္ဓဘာသာကို မုန်းတီးနေသည့် တာအိုဂိုဏ်းဖြစ်သည့် ထိုက်ယီနက်နဲမုခ်၏ အနာဂတ်ဂိုဏ်းချုပ်က သူ့အား ထိုကျမ်းကို ကျင့်ကြံဖို့ရာ ကူညီပေးနိုင်မည့်အကြောင်းကို နားမလည်နိုင်ပေ။

“ ငါ တည့်တိုးပဲ ပြောမယ်။ ဒီကျင့်စဉ်ကို မင်းက ငါ့ကို ကူညီပေးနိုင်မယ်လို့ ဂမ္ဘီရကနေ သိထားတယ်”

သူက စကားမပြောဘူးလား…

ဖုန်းဟွမ်က တွေးလိုက်မိသည်။

သူ့အသံနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေတာလား။ မဖြစ်သေးဘူး။ သူက တိတ်ဆိတ်ဖို့ လိုအပ်တဲ့ ကျင့်စဉ်ကို ကျင့်ကြံနေတာပဲ ဖြစ်ရမယ်။ ငါ သတိထားသင့်တယ်

ဖုန်းဟွမ်က အံ့ဖွယ်အသိစိတ်ဖြင့် ထိုလက်ဟန်များကို နားလည်လိုက်ပြီး ဝမ်ဝေ့၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်သည်။

“ မင်းက လူမှားရှာနေတာပဲ။”

“ အဲဒါက ဗုဒ္ဓကျင့်စဉ်ပဲ”

ဝမ်ဝေ့က ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ဖုန်းဟွမ်၏ အမူအရာပြောင်းလဲမှုကို အာရုံမခံမိပေ။

“ ဒီလိုဆိုရင် မင်းက သေချာပေါက် လူမှားရှာမိတာပဲ ဖြစ်ရမယ်”

ဝမ်ဝေ့က ဆက်တိုက်စောင့်ကြည့်နေသော်လည်း ဘာမှမတွေ့ရပေ။ ကံ သို့မဟုတ် ကံကြမ္မာကြိုးမျှင်အထိ အားလုံးက ပုံမှန်သာဖြစ်နေလေသည်။

“ မင်းရဲ့ တုံ့ပြန်မှုက နည်းနည်းမပျော့လွန်းဘူးလား” သူက လက်ဟန်ပြကာ ပြောလိုက်သည် “ ငါ သိထားသလောက် မင်းတို့လူတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာတဲ့အခါမှာ အရမ်းကို အစွန်းရောက်တယ် မဟုတ်ဘူးလား”

ဝမ်ဝေ့က လိမ်ညာနေခြင်း မဟုတ်ပေ။ ထိုယုံကြည်မှုစွမ်းအားကို အသုံးမပြုသည့် အကြောင်းအရင်းတစ်ချက်မှာ ယုံကြည်မှုခေတ်ကာလအတွင်း ဖြစ်ခဲ့သည့် ဖြစ်ရပ်များကြောင့်သာ မကပေ။ အဓိကအကြောင်းအရင်းမှာ ထိုက်ယီနက်နဲမုခ်သည် ယုံကြည်မှုစွမ်းအားကို အသုံးပြုဖို့ ကြိုးစားသည့်သူတိုင်းနှင့် တိုက်ခိုက်နေ၍ ဖြစ်သည်။

သူတို့က တစ်ယောက်ယောက်ကို ပစ်မှတ်ထားသည်နှင့် မရပ်တန့်တော့ပေ။ သူတို့က အသားလုယူခံရသည့် ဗိုက်ဟောင်းလောင်း ခွေးတွေလို ဖြစ်၏။ သူတို့၏ မဆုတ်မနစ် လိုက်နှောင့်ယှက်မှုကြောင့် ဂိုဏ်းအများစုက ထိုအရာသည် မထိုက်တန်ကြောင်း ဆုံးဖြတ်ကာ ယုံကြည်မှုစွမ်းအား စုပ်ယူခြင်းကို ရပ်တန့်လိုက်ကြသည်။ အနည်းဆုံးတော့ အပေါ်ယံတွင် ဖြစ်၏။

ဖုန်းဟွမ်က ထိုစကားများကို မတုံ့ပြန်သည့်အတွက် ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ ဒီလိုဆိုရင် ပုံမှန်အတိုင်း လက်သီးနဲ့ပဲ ဖြေရှင်းကြတာပေါ့။ ဒီမှာ တိုက်ခိုက်မလား ဒါမှမဟုတ် တခြားနေရာသွားမလား”

သူတို့ ရပ်နေသည့် နေရာသည် ထိုက်ယီနက်နဲမုခ်နှင့် နီးကပ်လွန်းလှသည်။

ဖုန်းဟွမ်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက တိုက်ပွဲကို မရှောင်နိုင်တော့မည်မှန်းသိကာ တစ်ဖက်လူက သူ့ဗုဒ္ဓတာအိုကို ထုတ်ဖော်ဖို့ အတင်းအကြပ် ဖိအားပေးဖို့ ဆုံးဖြတ်ထားဟန်ပေါ်သည်။

ထို့ကြောင့် သူက တွေးကာ အစီအစဉ်တစ်ခု ပေါ်ထွက်လာ၏။

ငါ သူ့ကို အနိုင်ယူပြီးရင် သူ့ကို ဘုန်းကြီးအဖြစ် ပြောင်းလဲပစ်ရမယ်။ ကမ္ဘာရဲ့ အားအကောင်းဆုံးဂိုဏ်းရဲ့ အမွေဆက်ခံသူအနေနဲ့ သူသာ ငါ့ကို တိတ်တဆိတ် ကူညီပေးနိုင်မယ်ဆိုရင် ဗုဒ္ဓဘာသာရဲ့ ကံကောင်းမှုက ကမ္ဘာမှာ ပျံ့နှံ့လာဖို့ ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်…

ထို့နောက် သူက တည်နေရာတစ်ခုသို့ ပျံသန်းသွားစဉ် ဝမ်ဝေ့က နောက်မှလိုက်ပါသွားသည်။ ဝမ်ဝေ့က သူ့အရှိန်အဝါဖြင့် မှတ်သားထားကာ တစ်ဖက်လူ ထွက်ပြေးခြင်းမှ ကာကွယ်ထားသည်။ သူတို့က အလင်းထက်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနေကြပြီး နှစ်ဦးသားက နယ်မြေများကို ဖြတ်ကျော်ကာ ထိုက်ယီနက်နဲမုခ်နှင့် ဝေးကွာသည့် ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားသည်။

သူတို့နှစ်ယောက် စတင်လိုက်သည်နှင့် အချိန်မဖြုန်းဘဲ စတင်တိုက်ခိုက်လိုက်ကြလေသည်။

ဖုန်းဟွမ်၏ လက်ထဲတွင် အနက်ရောင်နှင့် အဖြူရောင် အလုံးတစ်ခု ထွက်ပေါ်လာပြီး ဝမ်ဝေ့ဆီ အံ့မခန်း အလျင်ဖြင့် ပြေးဝင်သွားသည်။ ဝမ်ဝေ့ကမူ လက်မြှောက်ကာ တားဆီးလိုက်၏။

ထို့နောက် ချက်ချင်းဆိုသလို သူ့လက်ဖဝါးရှိ အရေပြားက ချက်ချင်းပျက်စီးသွားသည်ကို ခံစားမိလိုက်သည်။ သူ့ ပြန်လည်ကောင်းမွန်ဆင့်ကလည်း မြန်ဆန်လှလေသည်။

စိတ်ဝင်စားစရာပဲ။ ယင်ယန်စက်ဝန်းကို ဒီလိုမျိုး မယုံနိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်း ထုတ်သုံးနိုင်တယ်ဆိုတော့ လမ်းစဉ်အားလုံးက တူညီတဲ့ဆုံမှတ်ကို ဦးတည်နေတာပဲ…

သူ့လက်မှ အဖြူရောင် အလင်းတန်းရောင် မီးတောက်ပေါ်ထွက်လာပြီး ထိုစက်လုံးအား ချေမွပစ်လိုက်သည်။ ထို့နောက် သူက မီးတောက်အား ဖုန်းဟွမ်၏ တိုက်ကွက်နှင့်တူသည့် စက်လုံးသဏ္ဌာန် ပြောင်းလဲကာ အံ့မခန်းအလျင်နှုန်းဖြင့် ပို့ဆောင်လိုက်သည်။

သူက ငါ့ရဲ့ တိုက်ကွက်ကို ယင်ယန်မီးတောက်ကို အသုံးပြုပြီးတော့ အတုခိုးလိုက်တာလား။ ဒီကောင်လေးက တကယ်ကို မကောင်းဆိုးဝါးပဲ။

ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူသည်လည်း လက်မြှောက်ကာ မီးတောက် စက်လုံးကို ထိတွေ့လိုက်သော်လည်း ပျောက်ကွယ်သွားလေသည်။

ယန်ကနေ ယင်ဖယ်ရှားပြီးတော့ မျှခြေမညီအောင် လုပ်ပြီးတော့ ဒီတိုက်ကွက်ကို အသုံးမဝင်အောင် လုပ်လိုက်တာပဲ။ မဟုတ်သေးဘူး။ အဲဒါထက်ပိုတယ်

ဝမ်ဝေ့က တူညီသည့်တိုက်ကွက်ကို ထပ်မံအသုံးပြုလိုက်သည်။ ဤတစ်ကြိမ် သူက ဖုန်းဟွမ်ဆီ မီးတောက် ဆယ်လုံးကို ပစ်လွှတ်လိုက်သည်။

သူက ယင်ယန်မျက်လုံးနဲ့ ငါ့တိုက်ကွက်ထဲက ဟာကွက်တွေကို ရှာပြီးတော့ တိုက်ရိုက်ဦးတည်နေတာပဲ။

ဝမ်ဝေ့က ထိုအရာကို တွေးလိုက်ပြီးသည့်နောက်တွင် သူက အလျင်ကို အခွင့်ကောင်းယူကာ ဖုန်းဟွမ်ဆီ ပျံသန်းသွားပြီး ထိုးချလိုက်သည်။ သို့သော်လည်း ထိုသူရှေ့တွင် ဒိုင်းတစ်ခုပေါ်ထွက်လာပြီး တိုက်ကွက်အား အလွယ်တကူ ကာဆီးထားလေ၏။

ယင်ယန်အသုံးပြုမှုက အံ့မခန်းပဲ…

ဝမ်ဝေ့က လက်သီးချက်များ ပစ်ခွင်းရင်း တွေးလိုက်မိသည်။ တစ်ဖက်လူသည် ယင်ယန်စွမ်းအားကို အသုံးပြုကာ သူ့လက်သီးချက်မှ စွမ်းအားကို ပိုမိုအားကောင်းသည့် စွမ်းအားမှ ဆန့်ကျင်ဘက် အားနည်းသည့် စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး တိုက်ကွက်အား အသုံးမဝင်အောင် တားဆီးလိုက်သည်။

ထိုစဉ် ဖုန်းဟွမ်က ထိုတိုက်ကွက်အောက်တွင် အကောင်းဆုံးအခြေအနေ မဟုတ်ပေ။ သူက အရာအားလုံး လွယ်ကူနေသည်ဟု ထင်ရသော်လည်း သူသာ မည်မျှအာရုံစိုက်ထားရသည်ကို သူသာလျှင် သိပေသည်။ အကယ်၍ သူ အမှားတစ်ခုလုပ်လိုက်ပါက သူ့ဒိုင်းက ခံနိုင်ရည်ရှိမည် မဟုတ်မှန်း သိထားလေသည်။

ထို့အပြင် သူက တစ်ဖက်လူနှင့် ယှဉ်လိုက်လျှင် အရှိန်အားဖြင့် လိုအပ်နေ၍ အပြည့်အဝ အာရုံစိုက်ထားရသည်။ ကံကောင်းစွာဖြင့် သူက ထူးကဲသည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားလေသည်။ ထို့နောက် သူ့မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားလေသည်။ အကြောင်းမှာ လက်သီးချက်တစ်ခုက သူ့အား ကာကွယ်ထားသည့်ဒိုင်းကို ဖောက်ခွဲပစ်လိုက်၍ ဖြစ်သည်။ နောက်ဆုံးနည်းလမ်းအနေနှင့် သူက ယင်ယန်လွတ်မြောက်ရေး နည်းစနစ်အား အသုံးပြုကာ အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲပြီး အံ့မခန်းအလျင်နှုန်းဖြင့် တိမ်းရှောင်လိုက်သည်။

ဖုန်းဟွမ် ပြန်လည်ဆင်းသက်ပြီးသည့်နောက်တွင် လေးနက်သည့် အမူအရာမျိုး ရှိနေလေ၏။

နောက်ဆုံးလက်သီးချက်တုန်းက သူက ကံကြမ္မာစွမ်းအားကို ထုတ်သုံးခဲ့တာပဲ။ ငါ  အဲဒီတိုက်ကွက်ကို အားနည်းတဲ့အင်အားပြောင်းလိုက်တာနဲ့ သူက အဲဒီအားနည်းတဲ့အင်အားရဲ့ ကံကြမ္မာကို ထိန်းချုပ်ပြီးတော့ အားကြီးအောင် ပြောင်းလဲပစ်လိမ့်မယ်။ ဒါက ကံကြမ္မာနဲ့ ယင်ယန်တို့ရဲ့ ပြီးပြည့်စုံတဲ့ပုံစံပဲ။ သူက နည်းစနစ်ကို အသုံးပြုရမယ်ဆိုတာကို သိထားပြီးပြီလား။ ဒါမှမဟုတ် ငါ့ကို တိုက်ခိုက်ရင်းနဲ့ သင်ယူလိုက်တာလား

ဖုန်းဟွမ်က တွေးလိုက်မိပြီး ထိုလူသည် တိုက်ခိုက်ရင်းနှင့် သင်ယူနိုင်သည်ဟု မယုံကြည်နိုင်ဖွယ် ငြင်းဆန်နေလေသည်။ သူက အံ့မခန်းပါရမီရှင်များစွာကို တွေ့ခဲ့ဖူးကာ သူကိုယ်တိုင်ပင် ထာဝရဧကရာဇ်တစ်ပါး မွေးထုတ်ပေးခဲ့ဖူးသော်လည်း သူတို့က ထိုမျှလောက် ရူးသွပ်ဖွယ် မကောင်းပေ။

ကြည့်ရတာ ငါ ဒီတိုက်ပွဲကို အလေးအနက်ထားရတော့မဲ့ပုံပဲ။

ဖုန်းဟွမ်က လက်မြှောက်ကာ နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

လေဟာနယ်စတင်ခြင်း

ဝမ်ဝေ့က ချက်ချင်းဆိုသလို အချိန်က ပတ်ဝန်းကျင်ထဲ ပြန်လည်ရစ်ပတ်လာသလိုမျိုး ခံစားမိလိုက်ပြီး လေဟာနယ်က ဖရိုဖရဲဖြစ်လာကာ ပတ်ဝန်းကျင်က အဆုံးမဲ့အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။

“ လေဟာနယ်ကို စတင်ခြင်းအဖြစ် ပြန်လည်သွားပြီးတော့ မတည်ရှိခင် အခြေအနေကို ပြန်ရောက်ပြီးတော့ ဟွင်သွမ်းအခြေအနေအထိ ပြန်ရောက်သွားတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် ထိုပတ်ဝန်းကျင်ရှိ ကမ္ဘာဦးဟွင်သွမ်းစွမ်းအားကြောင့် အလျင်အမြန်ပျက်စီးလာကြောင်း ခံစားမိလိုက်သည်။

ဒါက ဟွင်သွမ်းခေတ်ကာလဆိုတာမျိုးလား

သူက တွေးလိုက်ပြီးနောက် ပင်ကိုဒိုင်းကာကို ထုတ်သုံးလိုက်သည်။ သို့သော်လည်း သူက ထိုအရာသည် သူ့အား အချိန်အနည်းငယ်မျှသာ ဆွဲပေးနိုင်ကြောင်း သိနေသည်။

ကံကြမ္မာပြန်လည်မွမ်းမံခြင်း

ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ကြိုးမြောက်များစွာ ထွက်ပေါ်လာပြီး ဟွင်သွမ်းလေဟာနယ်ထဲ ရောက်ရှိသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးက နဂိုအနေအထားသို့ ပြန်လည်ရောက်သွားသည်။ ထို့နောက် သူ့အနောက်ဘက်မှ တိုက်ကွက်တစ်ခု ရောက်ရှိလာသည်ကို ခံစားမိလိုက်ပြီး ရှောင်လိုက်သည်။

ထူးထူးဆန်းဆန်းဖြင့် သူက ဘယ်ဖက်လက်ကို ထိသွားလေသည်။ ဝမ်ဝေ့၏ လက်က အကောင်းအတိုင်းရှိနေကာ သွေးထွက်ခြင်း၊ ပျက်စီးခြင်း မရှိသော်လည်း ထိုအရာများက အပေါ်ယံမျှသာဖြစ်၏။

သူ့လက်မောင်းသည် အင်အားမရှိတော့ကြောင်း ခံစားမိလိုက်သည်။ သူ့အားကောင်းသည့်ခန္ဓာကိုယ်က ထိုလက်မောင်းတွင် မတည်ရှိတော့ပေ။

သူက ငါ့လက်မောင်းကို ငါ ကျင့်ကြံရေးခရီးစဉ် မစတင်ခင် အခြေအနေလိုမျိုး ရောက်သွားအောင် လုပ်လိုက်တာပဲ။ အဲဒါဆိုတော့ အကြွင်းမဲ့စတင်ခြင်း ကျမ်းရဲ့ အနှစ်သာရက အချိန် ဖြစ်နေနိုင်တယ်…

ဝမ်ဝေ့က သူ့လက်မောင်းအား ဖောက်ခွဲပစ်လိုက်ပြီးနောက် အသစ်တစ်ဖန် ပြန်ပေါက်အောင် လုပ်လိုက်သည်။ သို့သော် သူ့အား အံ့အားသင့်သွားစေသည်က ထိုလက်မောင်းက အားလျော့နေဆဲသာ ဖြစ်၏။ ထို့ကြောင့် သူက ကံကြမ္မာစွမ်းအားဖြင့် နဂိုအခြေအနေနှင့် စွမ်းအားရရှိအောင် ပြန်လည်မွမ်းမံလိုက်ရသည်။

ဝမ်ဝေ့က ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ဖုန်းဟွမ်ကမူ ကြိုးမြောက်များစွာဖြင့် ရင်ဆိုင်နေရသည်။ သူတို့က မြန်ဆန်လွန်းပြီး သူ့အား တုံ့ပြန်ဖို့အချိန် မပေးပေ။

သူ တွေးမိသည့်အရာက ထိုလူက အဘယ်ကြောင့် မြန်ဆန်နေလဲဟူ၍သာဖြစ်၏။ ထို့အပြင် သူက ထိုကြိုးမျှင်များဖြင့် ထိတွေ့မိပါက သူ့ကံကြမ္မာ စည်းပိတ်ခံရမည်ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူက ယင်ယန်ဒိုင်းကာကို အသုံးပြုဖို့ ကြိုးစားသည့်အခါတွင်ပင် ထိုကြိုးမျှင်များက ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လေသည်။

ထို့နောက် သူ့အား ကာကွယ်သည့် အနက်ရောင်ဒိုင်းကာ တစ်ခု ပေါ်ထွက်လာလေ၏။ ဤသည်က အကြွင်းမဲ့စတင်ခြင်း ဒိုင်းကာ ဖြစ်၏။ ထိုအရာနှင့် ထိတွေ့သည့်အရာအားလုံးက နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာ မတည်ရှိခြင်း အခြေအနေ စတင်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။

သူက ယင်ယန်မျက်လုံးကို အနာဂတ်အထိ မြင်နိုင်အောင် လုပ်ထားနိုင်ပြီလား။ ငါ တွေ့ဖူးတဲ့ဖုန်းဟွမ်က ဒီလောက် ပါရမီမကောင်းပါဘူး။

ပြောရရင် သူ့ကို အလယ်အလတ်လို့တောင် ပြောလို့ရတယ်။ မဟုတ်သေးဘူး။ အဲဒီတုန်းက သူက ယင်ယန်မျက်လုံးမရှိဘူးလို့ ပြောခဲ့တာ။ ဒီလူနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပြီ…

All Chapters