← Chapters

ကံကြမ္မာနှင့် အကြွင်းမဲ့စတင်ခြင်းအပြိုင်

Vol. 32 Ch. 448

ကံကြမ္မာနှင့် အကြွင်းမဲ့စတင်ခြင်းအပြိုင်

Vol. 32 Ch. 448

အခန်း (၄၄၈) : ကံကြမ္မာနှင့် အကြွင်းမဲ့စတင်ခြင်းအပြိုင်

ဝမ်ဝေ့က လက်ချောင်းဖြင့် ဓားသဏ္ဌာန်ပြုလုပ်ကာ ကံကြမ္မာဖြတ်တောက်ခြင်းကို ထုတ်သုံးလိုက်သည်။ ထိုဓားချက်က ဖုန်းဟွမ်ဆီ ဦးတည်သွားလေ၏။ ထိုအရာက လျင်မြန်လွန်းသည့်အတွက် သူ့အနာဂတ် ခန့်မှန်းနိုင်စွမ်းပင် အသုံးမဝင်လုနီးပါးဖြစ်သွားစေသည်။

သူ့အကြွင်းမဲ့စတင်ခြင်း ဒိုင်းကာသည်လည်း အသုံးမဝင်တော့ပေ။ ထိုရိုက်ချက်က ဒိုင်း၏ ကံကြမ္မာကို ဖြတ်တောက်လိုက်ပြီး ပျက်သုဉ်းသွားစေသည်။ သို့သော်လည်း ဖုန်းဟွမ်က ထိုဒိုင်းကာမှ အချိန်အနည်းငယ် ဆွဲပေးထားသည့် အခွင့်အရေးအား အပြည့်အဝအသုံးချလိုက်သည်။

သို့သော်လည်း သူက ယခင်နေရာမှ မီတာအနည်းငယ်အကွာတွင် ပြန်ပေါ်လာသည်နှင့် ဝမ်ဝေ့ကလည်း ပေါ်လာကာ သူ့ခြေလက်လေးခုလုံးကို ထိလိုက်သည်။

သေဆုံးခြင်း ကံကြမ္မာ

ထိုစဉ်ဖုန်းဟွမ်၏ ခြေလက်များက စတင်ယိုယွင်းလာပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်အတွင်းရှိ မူလအဆီအနှစ်က သေဆုံးမှုသဘောတရား သက်ရောက်ခံရပြီး ပျောက်ကွယ်သွားလေ၏။

ထိုစဉ် သူ့ဝိညာဉ်က နှစ်များစွာ အသက်အရွယ်ကြီးရင့်လာပြီး အားနည်းလာသည်။

ဖုန်းဟွမ်က တစ်ဖက်လူသည် သူ့အား ဖမ်းဆီးဖို့ မကြိုးစားပါက သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိလိုက်သည်။ သူက ဝမ်ဝေ့၏ လက်သည် သူ့အား ဖမ်းဆုပ်တော့မည့်အချိန်ကို ကြည့်နေရင်း အခြေအနေသည် ထင်ထားသလောက် မဆိုးရွားသေးသည့်အတွက် ဖုန်းဟွမ်က ပျာယာခတ်ခြင်း မရှိပေ။

သူ့ပတ်ဝန်းကျင်တွင် မီးနှင့်ပြုလုပ်ထားသည့် နဂါးတစ်ကောင်၊ ရေခဲနှင့် ပြုလုပ်ထားသည့်နဂါးတစ်ကောင် ပေါ်ထွက်လာပြီး သူတို့က ပေါင်းစပ်သွားကာ ချက်ချင်းဆိုသလို ပေါက်ကွဲသွားသည်။

အပူအအေး မမျှတမှု

ထိုပေါက်ကွဲမှုက ကီလိုမီတာ သိန်းချီ ကျယ်ပြန့်သွားလေသည်။ ထိုစဉ် အာကာပြင်ပင် အေးခဲလောက်အောင် အေးစက်ကာ နောင်အခိုက်အတန့်တွင် အာကာပြင်ပင် အရည်ပျော်သွားမလိုမျိုး ပူလာသည်။

ဝမ်ဝေ့က ထိုပေါက်ကွဲမှုကြောင့် ဒဏ်ရာမရသွားသော်လည်း အနည်းငယ် နောက်ဆုတ်လိုက်ရသည်။ တစ်ဖက်လူအား အချိန်ပေးလိုက်သလို ဖြစ်သွားလေ၏။ ထိုအခွင့်ကောင်းကို အသုံးချကာ ဖုန်းဟွမ်က သူ့ဘာသာသူ ကုသလိုက်သည်။

ကိုယ်တိုင် စတင်ခြင်း

ထိုနည်းစနစ်ကို အသုံးပြုကာ သူက သူ့ခန္ဓာကိုယ်အား ဒဏ်ရာမရာခင် တိုက်ပွဲအစ အခြေအနေသို့ ရောက်ရှိသွားအောင် လုပ်ဆောင်နိုင်လိုက်သည်။ ထိုနည်းစနစ်ဖြင့် သူက အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် မူလအဆီအနှစ်လည်း အပါအဝင်ဖြစ်၏။

သို့သော်လည်း တစ်စုံတစ်ခုက သူ့ကုသရေးစွမ်းရည်အား နှောင့်ယှက်နေကြောင်း တွေ့ရှိလိုက်ရသည်။

တုယီနယ်ပယ်လား။ ကျစ်…စိတ်ရှုပ်စရာကောင်းလိုက်တာ…

ထို့နောက် သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့အား ကုသဖို့ တားဆီးနေသည့် စွမ်းအားအား တားဆီးလိုက်သည်။

“ စိတ်ဝင်စားစရာပဲ။ မင်းကလည်း တုယီနယ်ပယ်အဆင့် ရောက်ထားတာကိုး” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည် “ ဒါပေမဲ့ ထိုက်ယီနက်နဲမုခ်က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးခံယူတယ်လို့ မကြားမိပါဘူး။ မင်းက လျှို့ဝှက်ချက်တွေများသားပဲ”

ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဒီတိုက်ပွဲက ငါ ထင်ထားတာထက် ပိုခက်လာပြီ။ ငါတို့ ကြာကြာတိုက်လေလေ ငါ့ရဲ့ လျှို့ဝှက် ဝှက်ဖဲတွေ ပေါ်လာလေလေဖြစ်တော့မှာ။ ဒီဟာက မတန်ဘူး။ ငါ ထွက်ပြေးလိုက်ရမလား…

သူက မဟာဧကရာဇ်များဆီမှ ပုန်းအောင်းနိုင်လေရာ ဤတိုက်ပွဲမှ ထွက်ပြေးလိုလျှင် မည်သူကမှ သူ့အား တားဆီးနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ထို့နောက် အကျိုးဆက် ရှိနေသေး၏။

ဖုန်းဟွမ်က ဤအမွေခံသားတော်သည် ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ကြောင်း သိလေသည်။ အကယ်၍ သူ့ဂိုဏ်းစွမ်းအားကို သုံးကာ သူ့အား ရှာဖွေဖို့ ကြိုးစားခဲ့လျှင် ထိုက်ယီနက်နဲမုခ်က သံသယရှိလာလိမ့်မည်။

လက်ရှိတာအိုသားတော် အနေအထားက သူ့အစီအစဉ်များအတွက် အလွန်တရာ အကျိုးရှိလှသည်။ ထို့ကြောင့် ထိုအနေအထားကို ဆုံးရှုံးလိုက်ရခြင်းက မထိုက်တန်ပေ။

“ သခင်လေးဝမ်ဝေ့ တကယ်လို့ ဗုဒ္ဓကျမ်းကို ကျင့်ကြံချင်ရင် ကျုပ်ဆီမှာ နည်းလမ်း ရှိတယ်”

ဝမ်ဝေ့က တိတ်ဆိတ်ကာ ဆက်ပြောသည်ကို စောင့်ဆိုင်းနေသည်။

ဖုန်းဟွမ်က သူ့သိုလှောင်လက်စွပ်မှ စာရွက်တစ်ခုကို ထုတ်ပြီး ပေးလာလေ၏။ ထိုအရာကို ကြည့်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

ဤသည်က သူ့အကူအညီအတွက် အလဲအလှယ် တောင်းဆိုထားသည့် အမြင့်ဆုံးစာချုပ် ဖြစ်၏။ ဝမ်ဝေ့က ဤတိုက်ပွဲမှ သူသိထားသမျှ အချက်အလက်များအား တခြားသူဆီ ဖော်ထုတ်ခွင့် မရှိပေ။

ထိုအရာကို မြင်လိုက်ပြီးနောက် ဝမ်ဝေ့က တစ်ဖက်လူကို အတင်းအကြပ်အားသုံးကာ ဖမ်းဆီးဖို့ရာ စဉ်းစားမိသွားသည်။ သို့သော်လည်း ထိုအရာကို စဉ်းစားပြီးနောက် လက်လျှော့လိုက်၏။

သူ့အလိုလိုသိစိတ်က သူသည် တစ်ဖက်လူကို အနိုင်ယူနိုင်သော်လည်း တစ်ဖက်လူ ထွက်ပြေးခြင်းမှ မတားဆီးနိုင်ကြောင်း ပြောနေလေသည်။ ဤသို့သော စွန့်စားမှုနည်းသည့် နည်းလမ်းမျိုးရှိနေလျှင် ထိုအရာကို အဘယ်ကြောင့် အသုံးပြုနေရမည်နည်း။

စာချုပ်တွင် ဟာကွက်များကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက လက်မှတ်ထိုးလိုက်သည်။ ဖုန်းဟွမ်က တခြားဘာမှမပြောပဲ သူ့အား သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ပေးလာ၏။ ဝမ်ဝေ့က အထဲကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဗုဒ္ဓကျမ်းမြောက်များစွာ ပါနေသည့် ကမ္ဘာငယ်တစ်ခုကို မြင်လိုက်ရသည်။

ထိုအရာသည် များလွန်း၍ သူ့ဂိုဏ်းမှ ကျမ်းခန်းမဆောင်နှင့် ယှဉ်နိုင်လောက်သည်။ ထို့ကြောင့် သူက ဖုန်းဟွမ်အား ထူးထူးဆန်းဆန်း ကြည့်လိုက်၏။

“ ကံအပြောင်းအလဲ အခွင့်အရေးနဲ့တွေ့တာ” သူက ပြောလိုက်ပြီး‌နောက် ခေါင်းညိတ်ပြကာ ပျံသန်းထွက်သွားလေသည်။

သူ့ကို ငါတို့ဘာသာဝင်အဖြစ် ပြောင်းလဲတာ အကျိုးအမြတ်ရှိတယ်ဆိုပေမဲ့ ငါ့ရဲ့ လျှို့ဝှက်ချက်တွေ ထုတ်ဖော်ဖို့တော့ မတန်ဘူး။ ပြီးတော့ သူက အခု သေလူလိုပဲ။

အခု ငါက တာအိုဗုဒ္ဓဘာသာအတွက် ကံစုစည်းမှု ရတနာတွေ့ပြီဆိုတော့ ဗုဒ္ဓကမ္ဘာကို စတင်ဖို့အချိန်ပဲ။ အကြွင်းမဲ့စတင်ခြင်းကျမ်းကို နားလည်ထားနိုင်စွမ်းနဲ့ ဒီရတနာနဲ့ ပေါင်းစပ်လိုက်ရင် ငါ လီထိုက်ရွှမ်းရဲ့ မှော်ကို လျစ်လျူရှုထားနိုင်လောက်တယ်။

(လီထိုက်ရွှမ်းက အကြွင်းမဲ့စတင်ခြင်းဧကရာဇ်၏ နာမည်အရင်း)

ထိုစဉ် ဝမ်ဝေ့က ဖုန်းဟွမ်ပျံသန်းသွားသည်ကို ကြည့်နေသည်။

ဒီလူက လျှို့ဝှက်ချက်တွေ များလွန်းတယ်။ ပြီးတော့ သူ့အဓိကတာအိုက အကြွင်းမဲ့စတင်ခြင်းတာအိုမဟုတ်ဘဲနဲ့ ယင်ယန်ပဲ။ အဲဒါဆိုတော့ သူက အကြွင်းမဲ့အဆုံးသတ် စွမ်းအားကိုလည်း ရှိနေနိုင်တယ်။

 ဒါပေမဲ့ သူက ဒီတိုက်ပွဲမှာ အသုံးမပြုခဲ့ဘူး။ အဲဒါတွေအပြင် သူ့တိုက်ကွက်တွေက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်လိုပြောရအောင် အရမ်းကို အားကောင်းလွန်းတယ်။ သူက လင်းဖန်လိုမျိုး လေဟာနယ်ဖြိုခွင်ခြင်းအဆင့်ကို ရောက်နေပြီထင်တယ် …  

ဒါပေမဲ့ ငါ့အကြည့်ထဲ စည်းမျဉ်းစွမ်းအားကို မခံစားမိဘူး။  ဖြစ်နိုင်တာ နှစ်မျိုးပဲ ရှိတယ်။ သူ့ရဲ့ စည်းမျဉ်းထိန်းချုပ်နိုင်စွမ်းက ကျွမ်းကျင်လွန်းနေပြီးတော့ ငါ့အကြည့်အောက်ကနေ ဖုံးကွယ်ထားနိုင်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူက သူတို့ရဲ့ အတက်အကျကို ဖုံးကွယ်ဖို့ ထူးကဲတဲ့ လျှို့ဝှက်နည်းစနစ် ရှိထားတာမျိုး။ ဒါမှမဟုတ်ဘူးဆိုရင် အဲဒီနှစ်မျိုးလုံး ပေါင်းစပ်ထားတာမျိုးလည်း ဖြစ်နေနိုင်တယ် ….

 ပြီးတော့ သူက တုယီနယ်ပယ်ကို ဘယ်လိုဝင်ရောက်သွားတာလဲ သိချင်မိသား။ ဒါပေမဲ့ ဒီဟာက ငါ့မေးခွန်းတချို့ကို ဖြေပေးနိုင်မှာပါ…

ဝမ်ဝေ့က သူ့လက်ထဲမှ အဖြူရောင်မြူခိုးသတ္တုလုံးအား ကြည့်လိုက်သည်။ ထိုသတ္တုလုံးထဲတွင် ဖုန်းဟွမ်၏ မှတ်ဉာဏ်များ ပါဝင်နေ၏။ သူက တိထျန်းကို လုပ်ခဲ့သလိုမျိုး တိုက်ပွဲအတွင်း ထိုလူ၏ မှတ်ဉာဏ်တချို့ကို ခိုးယူနိုင်ခဲ့သည်။

ယင်ယန်မျက်ဝန်းသည် အနာဂတ်ကို မြင်နိုင်စွမ်းရှိရုံသာမက ကမ္ဘာ၏ လျှို့ဝှက်ချက်ကိုပါ မြင်နိုင်သည့်အတွက် ခက်ခဲခဲ့၏။ ဝမ်ဝေ့က ထိုမှတ်ဉာဏ်ကို တိတ်တဆိတ်ရယူဖို့ သတိကြီးကြီးထားခဲ့ရသည်။

သူက ဖုန်းဟွမ်၏ ကံကြိုးမျှင်ကို မဖတ်ရှုပေ။ ထိုအစား သူက သူ့ဝိညာဉ်အပေါ် သေဆုံးမှု ကံကြမ္မာကို အသုံးပြုခဲ့စဉ်အခါက သူ့အာရုံထွေပြားသွားစဉ် ထိုသတင်းအချက်အလက်ကို ရယူဖို့ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။

သူ အောင်မြင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ ကျင့်ကြံသူများ၏ ထိုးထွင်းသိသည့်အစွဲကြောင့် ဖြစ်သည်။ မှတ်ဉာဏ်များကို ဝိညာဉ်နှင့် ခန္ဓာကိုယ် ( ဦးနှောက်)ထဲတွင် သိမ်းဆည်းထားကြသည်။ သို့သော် သူတို့က မည်မျှအားကောင်းစေကာမူ သူတို့က ဝိညာဉ်အပေါ်ကိုသာ အာရုံစိုက်ထားကြပြီး ဦးနှောက်ကို လျစ်လျူရှုထားကြသည်။

ထို့ကြောင့် ကျင့်ကြံသူများသည် တစ်စုံတစ်ယောက်က သူတို့၏ ဝိညာဉ်ကို ရှာဖွေလိုလျှင် သူတို့ဘာသာသူတို့ ကာကွယ်ကြသော်လည်း ဦးနှောက်နှင့် ပတ်သက်လာသည့်အခါ တုံ့ပြန်နိုင်စွမ်း နည်းကြသည်။ ထိုအကြောင်းအရင်းကြောင့် လီကျွင်းက တိထျန်းလိုမျိုး အားကောင်းသည့်သူဆီမှ မှတ်ဉာဏ်တချို့ကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်၏။

သူက မှတ်ဉာဏ်ကို ဖတ်ရှုလိုက်စဉ် မြင်တွေ့လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားသည်။

ဒါဆိုတော့ တကယ့်ဖုန်းဟွမ် ခန္ဓာကိုယ်ကို ယုံကြည်မှုခေတ်ကာလကတည်းက အသက်ရှင်ခဲ့တဲ့ ဘုန်းကြီးအိုကြီးက သိမ်းပိုက်ထားခဲ့တာလား။ ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။

နောက်ဆုံးတွင် သူက အနာဂတ်ဗုဒ္ဓကျမ်းကို အဘယ်ကြောင့် လက်ခံရရှိကြောင်း နားလည်သွားလေသည်။ သူ့ကောက်ချက်ချမှုအရ အားကောင်းသည့် သက်ရှိတချို့က ဝင်ရောက်စွက်ဖက်လိုက်ခြင်း ဖြစ်၏။ ဤနည်းဖြင့် သူတို့သာ တာအိုကို သက်သေပြနိုင်လျှင် ဖုန်းဟွမ်အား ဗုဒ္ဓဘာသာ ပြန်ကောင်းအောင် ကူညီပေးထားသရွေ့ သူတို့သည် ကံကြမ္မာကို ပြန်လည်ပေးဆပ်ရမည်။ ဤသည်က အကြွင်းမဲ့စတင်ခြင်းဧကရာဇ်ကို ရင်ဆိုင်ဖို့ နည်းလမ်းဖြစ်ပြီး ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာ ရှင်သန်ထမြောက်မှုကို သေချာဖို့ရာအတွက် လုပ်ဆောင်ထားခြင်းဖြစ်၏။

ကောင်းပြီလေ။ ငါ ဒီစစ်ဆေးမှုကို အောင်မြင်သွားတာနဲ့ ကူညီလိုက်တာတော့ စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ အဲဒီဖုန်းဟွမ်က မရိုးရှင်းဘူး။ ယင်ယန်၊ တာအိုနဲ့ ဗုဒ္ဓဘာသာ …. သူက မြင်ရတာထက်ပိုပြီးတော့ ခြိမ်းခြောက်မှု ရှိနေတယ်။

ထိုတိုက်ပွဲအတွင်း ဝမ်ဝေ့က အမှန်တကယ် အလေးအနက်မထားခဲ့ပေ။ သူက ခန္ဓာကိုယ်ခွန်အားနှင့် ကံကြမ္မာသက်ဆိုင်သည့် နည်းစနစ်တချို့ကိုသာ ထုတ်သုံးခဲ့လေသည်။ သို့သော် တစ်ဖက်လူသည်လည်း အတူတူသာ ဖြစ်၏။

ထို့နောက် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အကောင်းအတိုင်း ဖြစ်နေလေသည်။ သူတို့နှစ်ဦး တိုက်ခိုက်ခဲ့စဉ်အခါက လေထုသည် ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း အာကာပြင်က ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားလေ၏။ ဤသည်က အလွှာနိမ့်နှင့် အလွှာမြင့်ကြားမှ ကွာခြားမှု ဖြစ်သည်။ လုံလောက်သည့် ကမ္ဘာ့အရင်းအမြစ် ရှိနေသရွေ့ သူတို့သည် အားကောင်းသည့် ကျင့်ကြံသူများကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ပြန်လည်ပြုပြင်နိုင်လိမ့်မည်။

ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် အိမ်ပြန်လာလိုက်သည်။

သူ အိမ်ပြန်ရောက်လာပြီးသည့်နောက်တွင် နောက်ထပ် ပြဿနာတစ်ခုကို ကြုံတွေ့လိုက်ရသည်။ အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအားက သူ ထိုကျမ်းများကို ဖတ်ဖို့ကြိုးစားလိုက်သည်နှင့် အသက်ဝင်လာသည်။

သူက ကောင်းကင်တာအိုဆီမှ ပုန်းအောင်းဖို့ လုပ်ထားသည့် အစီအရင်အတွင်း၌ပင်မူ ထိုမှော်စွမ်းအားကို ခုခံဖို့ အသုံးမဝင်ခဲ့ပေ။ အဆုံးသတ်တွင် သူက အနောက်ပိုင်းကောင်းချီးသန့်စင်နယ်မြေသို့ သွားရောက်ပုန်းအောင်းဖို့ ပြင်ဆင်လိုက်ရသည်။

သို့သော်လည်း အနာဂတ်ဗုဒ္ဓကျမ်းသည် ထိုမန္တန်ကို လျစ်လျူရှုထားနိုင်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေကြောင်း တွေ့ရှိသွားသည်။ ထို့ကြောင့် သူက စိတ်သက်သာရာရမိသွားသည်။ သူ့အနေဖြင့် သူ့ဝိညာဉ်အမှုန်အားလုံးဖြင့် ထိုကျမ်းများကို ဖတ်ရှုပြီးနားလည်ဖို့ တစ်လကျော် ကြာမြင့်သွားသည်။ ရလဒ်အနေဖြင့် သူက အလွန်ဗဟုသုတရှိသည့် ဘုန်းကြီးတစ်ပါးဖြစ်ကာ ထိုကျမ်းများအပေါ် မည်သည့်ဘုန်းကြီးနှင့်မဆို ဆွေးနွေးနိုင်လောက်အောင်အထိ ဖြစ်နေလေပြီ။

ထို့အပြင် ထိုကျမ်းများသည် စကြဝဠာကြီး၏ စည်းမျဉ်းများနှင့် စည်းမျဉ်းများ၏ နားလည်နိုင်စွမ်းနှင့် အမှန်တရားတို့ ပါဝင်နေသောကြောင့် သူ့အမြင်ကို ပိုမိုကျယ်လာစေခဲ့သည်။ သူ့စိတ်အခြေအနေက ပိုမိုသိမ်မွေ့သွားကာ ဗုဒ္ဓကျင့်စဉ်တချို့ကိုပင် သင်ယူခဲ့ရသည်။

ပို၍အရေးကြီးသည်က ဗုဒ္ဓဘာသာသည် ကံအပေါ် နားလည်နိုင်စွမ်း နက်နဲလေရာ ဝမ်ဝေ့ကို များစွာကူညီပေးထား၏။ သို့သော်လည်း သူက ထိုကိစ္စများအပေါ် အာရုံမစိုက်နိုင်သေးပေ။

ထိုစာလိပ်ထဲမှ စကားလုံးများသည် ဖတ်ရှုဖို့ရာ ပြဿနာ မရှိတော့ပေ။ သို့သော်လည်း ပြဿနာကြီးတစ်ခု ထပ်မံတွေ့ရှိလာပြန်သည်။ သူက ထိုကျမ်းကို ကျင့်ကြံဖို့အတွက် ဗုဒ္ဓတာအို နှလုံးသားကို လိုအပ်ပေသည်။

သဘောတရားအရ သူသည် ထိုအရာကို မကျင့်ကြံနိုင်လျှင်ပင် ထိုကျမ်းမှ အနည်းငယ် သင်ယူနိုင်လေ၏။ သို့သော်လည်း သူ့အကြံအစည် အလုပ်ဖြစ်ဖို့ရာအတွက် ထိုကျမ်းကို အပြည့်အဝ နားလည်ဖို့ လိုအပ်နေသည်။

တစ်ယောက်ယောက်က ငါ့ကို ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာလား။

သူသာ စိတ်မပါလျှင် ဖြစ်ပျက်လာမည်မဟုတ်သည့်အတွက် ခေါင်းခါလိုက်သည်။ သူက သူ့အခြေအနေကို မည်သို့ဖြေရှင်းရမည်ကို အတွေးတစ်ခု ရှိထား၏။ ဤနှစ်များစွာအတွင်း သူက ထူးကဲသည့် တာအိုနှလုံးသားလိုအပ်သည့် ကျင့်စဉ်တချို့ကို တွေးခဲ့ဖူးသည်။

သူ့ဖခင်၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ကျမ်းကလည်း ဓားအပေါ် ပုံအပ်ထားသည့် တာအိုနှလုံးသားမျိုး လိုအပ်ပေသည်။ မူလဆေးလုံးမီးတောက် ကျမ်းသည်လည်း ဆေးလုံးတာအိုအတွက် တာအိုနှလုံးသား လိုအပ်ပြီး ဇူဇကာဝါးမျိုခြင်း ကျမ်းသည်ပင် သူက မိစ္ဆာကျင့်ကြံသူ မဟုတ်သည့်အတွက် ပြီးပြည့်စုံစွာ ကိုက်ညီခြင်း မရှိခဲ့ပေ။

ယခု သူက ထိုအခွင့်အရေးအား အသုံးချကာ အခြေအနေကို ရင်ဆိုင်ဖို့ ပြင်လိုက်သည်။

All Chapters