ပြိုင်ပွဲ
Vol. 31 Ch. 434
မဝင်ရ ဇုန်အတွင်း ဝေ့ဝူယင် ခြေချလိုက်သည်နှင့် အခြား ရွေးချယ်ခံများမှာလည်း အလျှိုလျှို ထွက်ပေါ်လာကြ၏။ သူတို့က ဆယ်ယောက်ဖြစ်ကာ ဝေ့ဝူယင်ပါ အပါအဝင် ဆိုပါက စုစုပေါင်း ဆယ့်တစ်ယောက် အထိ ရှိပေသည်။
ဝေ့ဝူယင် ပတ်ဝန်းကျင်ကို ကြည့်ရင်း အခြား ရွေးချယ်ခံများကို အကဲခတ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း အသေးစိတ် အများကြီး မမြင်ရချေ။ အိကျူးလင်နှင့် လူအိုကြီးနှင့် အတူ ပါလာသည့် မိန်းမငယ်လေးတို့ကတော့ အနည်းငယ် အရေးပါသည်ဟု သူ့စိတ်အတွင်း ခံစားလိုက်ရ၏။
ရွေးချယ်ခံ အားလုံးက ငယ်ရွယ်ကာ ကျင့်ကြံခြင်း အခြေခံ တည်ငြိမ်မှု ရှိသော်လည်း သူတို့ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အဆင့်များကတော့ မတူညီကြချေ။ ရွေးချယ်ခံ တစ်ယောက်ဆိုလျှင် ကြယ်တာရာ အမြုတေ အဆင့်တစ် လောကပင်လယ် အဆင့်တွင်သာ ရှိပေသေးသည်။
မျက်မမြင် အမျိုးသမီးက လက်ကို ဝှေ့ယမ်းရင်း လူအုပ်ကြီးကို နောက်တစ်ကြိမ် တိတ်ဆိတ်စေလိုက်၏။ ထို့နေက် သူမက မျက်လုံးသေများနှင့် ရွေးချယ်ခံများကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။
“ရွေးချယ်ခံတွေ အားလုံးက သေမျိုး ကောင်းကင်ဘုံ တက်လှမ်းခြင်း လှေကားထစ် ၁၅၈ ထစ်ကို တက်လှမ်းရမယ်... ဆန်းကြယ် အရှင် တစီရဲ့ မျက်လုံး ရှေ့မှောက်မှာ ထိုက်တန်ကြောင်း ပြသကြရမယ်”
“ ... “
ဝေ့ဝူယင် အပါအဝင် လူငယ်များမှာ လှေကားထစ် ဆယ့်ရှစ်ကို လှမ်းကြည့် လိုက်၏။ လှေကားထစ် တစ်ခုချင်းစီက အလွန် မြင့်မားလှကာ ဘီလူးကြီးများ တက်လှမ်းရန် ပြုလုပ်ထားသယောင် ထင်ရသည်။ ၎င်းတို့က ပုံရိပ်များ တည်ရှိနေရာ တောင်ထိပ်ဆီကို ဦးတည်နေကြပေသည်။
မိန်းမငယ်လေးက ဝေ့ဝူယင်ကို လှမ်းကြည့်ကာ နှုတ်ခမ်းစူလိုက်၏။ ထို့နောက် သူမက လျှင်မြန်စွာပင် ပထမ လှေကားထစ်ဆီ လှမ်းတက်လိုက်သည်။ သူမ ခြေချလိုက်သည်နှင့် လှေကားထစ်မှာ ဟိန်းဟောက်သံ တစ်ခုနှင့် အတူ တုန်ရီသွားကာ အမျိုးမျိုးသော ရောင်စုံ အလင်းများ၊ သင်္ကေတ အမှတ်အသားများဖြင့် ထွန်းလင်း သွားလေတော့၏။
ထိုသင်္ကေတများမှာ စွမ်းအင် ကုန်ကြမ်းတစ်ခုနှင့် တူညီကာ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေ၏။ အကယ်၍ မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင် မထားပါက ကြမ်းတမ်း ခက်ထန်သော ဒေါသနှင့် အတူ ချေမှုန်းခြင်းကို ခံရကာ သေဆုံးသွားနိုင်ဖွယ်ပင် ရှိသည်။
မိန်းမငယ်လေးက တည်တည်ငြိမ်ငြိမ်ပင် အမျိုးမျိုးသော အပြောင်းအလဲများ ပါဝင်နေသည့် အဖြူရောင် အလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းက သင်္ကေတများထံသို့ စီးဝင်သွားသည်နှင့် ရောင်စုံ အလင်းတန်း ကိုးခုမှာ သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံလာ၏။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် သူမမှာ ဒုတိယမြောက် လှေကားထစ်ကို ရောက်ရှိသွားလေတော့သည်။
ပထမ လှေကားထစ်လိုပင် ဒုတိယမြောက် လှေကားထစ်မှာလည်း တစ်စုံတစ်ရာကို တောင်းဆိုနေဟန် ရ၏။ သို့သော်လည်း ၎င်းက ပိုမို ပြင်းထန်ကာ ပျက်သုဥ်းခြင်း စွမ်းအားကိုပါ လိုအပ်ပေသည်။ မိန်းမငယ်လေး၏ သွယ်လျသော လက်ချောင်းလေးများမှာ ရုပ်သေးရုပ် တစ်ခု၏ ကကြိုးကို ဆွဲကိုင် နေသကဲ့သို့ ညင်သာစွာ ကခုန်သွား၏။
သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီက စိတ်ကို စွဲလမ်းစေနိုင်သည့် ထူးခြားသော အလှတရားနှင့် ပြည့်နှက်နေ၏။ ပင်ကိုယ်အားဖြင့် မိန်းကလေးမှာ သာမန် ရုပ်ရည် ပိုင်ရှင်သာ ဖြစ်သော်လည်း ရုတ်ချည်း ဆိုသလိုပင် ပုရိသတိုင်း ငြင်းဆန်နိုင်ရန် မဖြစ်နိုင်သည့် အလှပိုင်ရှင် အဖြစ် ပြောင်းလဲသွားသည်။
သူမအား ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွား၏။ မိန်းကလေးမှာ သူမ၏ အစစ်အမှန် အသွင်အပြင်ကို ကောင်းကင်ဘုံ နတ်မျက်လုံးများပင် ထွင်းဖောက်နိုင်စွမ်း မရှိသည့် စွမ်းအင် တစ်မျိုးဖြင့် ဖုံးကွယ်ထားကြောင်း သူ သဘောပေါက် သွားသည်။ သူ အစောကတည်းက တွေးမိသင့်သည်။ မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံနှင့် အစွမ်းထက်လွန်းလှသည့် နောက်ခံကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်၏ ရုပ်ရည်က ဘယ်လိုနည်းနှင့်မှ သာမန် ဖြစ်လိမ့်မည် မဟုတ်ချေ။
မိန်းမငယ်လေးမှာ ဒုတိယမြောက် လှေကားထစ်ကို ပျက်သုဥ်းခြင်း စွမ်းအား ဒြပ်စင် စွမ်းအားများနှင့် သွန်းလောင်းကာ တတိယမြောက် လှေကားထစ် အထိ တက်လှမ်းသွား၏။ ဝေ့ဝူယင် ဆက်လက် စဥ်းစား မနေတော့ပဲ ပထမ လှေားထစ်ကို ခုန်တက်လိုက်တော့၏။ ထို့နောက် သူက ပိကျလာသည့် ဒြပ်စင် စွမ်းအင်များကို သလင်းကျောက် တစ်ခု အဖြစ် ဖိသိပ်လိုက်ကာ ဒုတိယ လှေထားထစ်ဆီ ဆက်လက် တက်လှမ်း သွားတော့သည်။
လှေကားထစ် ဆယ့်ခြောက်ထစ်မြောက်တွင် ဝေ့ဝူယင်မှာ မိန်းမငယ်လေးကို မှီသွား၏။ မိန်းမငယ်လေးက ဝေ့ဝူယင်ကို လှည့်ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လျှက် ပိုမို မြန်ဆန်စွာ ခုန်တက်သွား၏။ ဝေ့ဝူယင်မှာ သူမ၏ ပြိုင်ဆိုင်လိုသော သဘောထားကြောင့် ရယ်မောလိုက်မိသည်။ ကြည့်ရသည်က လူအိုကြီး၏ စကားက အမှန်ပင် ဖြစ်သည်။ သူမက အတော်လေး ဆိုးပေသည်။
လှေထားထစ် ငါးဆယ်မြောက်သို့ အရောက်၌ သူတို့ နှစ်ယောက်စလုံးမှာ မိနစ် အနည်းငယ် ကြာမှ ဖြတ်ကျော်နိုင်ခဲ့၏။
သို့သော်လည်း အခြား ပြိုင်ပွဲဝင်မျးမှာ အောက်အဆင့်များ၌ ရုန်းကန် နေရဆဲ ဖြစ်သည်။ အိကျူးလင် ပင်လျှင် သုံးဆယ့်သုံးထစ်မြောက်တွင် ရှိသေး၏။ လေကားထစ် အဆင့်များ ပိုမို မြင့်မားလာလေလေ၊ ပျက်သုဥ်းခြင်း စွမ်းအင်နှင့် ဒြပ်စင် ဖိအားများက ပိုမို မြင့်မားလာလေလေ ဖြစ်သည်။ ထို့အပြင် အသက် ဆုံးဖြတ်ချက် ဖိအားကလည်း သူတို့ကို အကန့်အသတ်ထိ ရောက်အောင် ဖိနှိပ်ထားသည်။
အသက်ပို၍ ကြီးလေလေ အသက် ကန့်သတ်ချက် ဖိအားက ပိုမို တိုးမြင့်လာလေလေ ဖြစ်သည်။ ဝေ့ဝူယင်မှာ ယခုအထိ အသက် ငါးဆယ်ပင် မပြည့်သေးရာ သန်မာသော ခန္ဓာကိုယ်နှင့် အတူ ထိုဖိအားကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ပေသည်။ လောကပင်လယ် အဆင့် တစ်ယောက်ပင် သူ ရင်ဆိုင်ရသည့် အသက် ဖိအားကို ကိုင်တွယ်နိုင်စွမ်း ရှိသည်။ ထို့အတွင် မူလဒြပ်စင် ရည်ရွယ်ချက်ကို မူလ ဒြပ်စင်လောက၊ လောကနှလုံးသား အဆင့် အထိ မြင့်မားစွာ အောင်မြင်ထား သူ တစ်ယောက် အနေဖြင့် အမျိုးမျိုးသော ဒြပ်စင် စွမ်းအင်များနှင့် ပျက်သုဥ်းခြင်း စွမ်းအားများကို ကိုင်တွယ်ရသည်က ပိုမို၍ပင် လွယ်ကူသေးသည်။
လူအုပ်ကြီးမှာ ဝေ့ဝူယင်နှင့် မိန်းမငယ်လေးကို ကြည့်ရင်း ပိုမို၍ စိတ်လှုပ်ရှားလာကြ၏။ သည်မတိုင်ခင်က ကိုးယောက်သာ ဝင်ရောက် ယှဥ်ပြိုင်လိမ့်မည်ဟု သူ ကြားထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ထိုကိုးယောက်လုံးက ရုန်းကန်နေရကာ ဘယ်က ပေါ်လာမှန်း မသိသည့် နှစ်ယောက်မှာ အပြတ်အသတ်ပင် ဦးဆောင် နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်တို့ လှေကားထစ် တစ်ရာမြောက်သို့ အရောက်၌ အခြား ဖျက်မြင်း တစ်ယောက် ပေါ်လာခဲ့၏။ သူက မီးခိုးရောင်နှင့် အဖြူရောင်ကို တွဲဖက် ဝတ်ဆင်ထားသည့် ချောမောသော လူငယ် တစ်ယောက် ဖြစ်ကာ လှေကားထစ် ၅၀ မြောက် အထိ ရောက်ရှိလာသည်။ တစ်ချိန်တည်း၌ အိကျူးလင် တစ်ယောက်ကတော့ ၄၁ ထစ်မြောက်တွင် ရုန်းကန်နေရဆဲ ဖြစ်သည်။
လူများမှာ မထင်မှတ်သည့် အလှည့်အပြောင်းများကြောင့် သာ၍ပင် စိတ်လှုပ်ရှားလာခဲ့၏။
“အဲဒီ နှစ်ယောက်က ဘယ်သူတွေလဲ...”
တောင်ထိပ်ရှိ လှေထားထစ် အစွန်းတွင် အသံ တစ်ခု ထွက်ပေါ်လာသည်။ စကားပြောလိုက်သူမှာ အရပ်ရှည်မားကာ မြူခိုးများ ဝန်းရံနေသည့် လူကြီး တစ်ယောက်ပင် ဖြစ်သည်။
"..."
သို့သော်လည်း ထိုမေးခွန်းကို မည်သူမှ မဖြေနိုင်ကြချေ။ တိတ်ဆိတ်မှုသာလျှင် တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထား၏။
“ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး... လောကမှာ ရှိတဲ့ ဘယ်သူမဆို ဆန်းကြယ် အရှင်ရဲ့ ရွေးချယ်ခံ ဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိတယ်...”
မျက်မမြင် အမျိုးသမီးက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ အခြား ပုံရိပ်များမှာ ထောက်ခံဟန်နှင့် ခေါင်းများ ညိတ်လိုက်ကြ၏။ နတ်ဘုရား ပူဇော်ပွဲ အခမ်းအနားတွင် နောက်ခံနှင့် နာမည်များက အရေးအကြီးချေ။ အကယ်၍ လူသန်းပေါင်းများစွာကို သတ်ဖြတ်ဖူးသည့် မိစ္ဆာ တစ်ယောက် ဖြစ်လျှင်ပင် အရည်အချင်း ပြည့်မှီပါက တော်ဝင် သားတော် အဖြစ် ချီးမြှောက်ခံရလိမ့်မည် ဖြစ်သည်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်မှာ မိန်းမငယ်လေးနှင့် အတူ လှေကားထစ် တစ်ရာ့သုံးခုမြောက် အထိ ရောက်ရှိလာ၏။ သူ ပျင်းရိစွာပင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို ထုတ်ဖော်ရင်း လှေကားထစ်များမှ ထွက်ပေါ်နေသည့် အသက်အရွယ်ကို စစ်ဆေးကြည့်လိုက်၏။
ထိုကဲ့သို့ ပြလုပ်လိုက်သည်နှင့် သူ့နှလုံးသားက တုန်ရီသွားတော့သည်။ မိန်းမငယ်လေးမှာ အတော့်ကို ငယ်ပေသည်။ သူမက အသက် ငါးဆယ်အောက် မဟုတ်သည့်တိုင် သူနှင့် သိပ်မကွာလှချေ။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အပြင်ဘက်တွင် ထိုကဲ့သို့ ပါရမီရှင်များ ရှိသေးသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ သို့သော်လည်း သူမထံမှ “ကောင်းချီးခံ” တစ်ဦး၏ အငွေ့အသက်များကိုတော့ သူ မရပါချေ။
ထိုအချက်က မိန်းမငယ်လေးမှာ မည်သည့် နေရာမှ လာရောက်သည် ဖြစ်စေ... ထိုနေရာတွင် သုံးလွှာ ကြယ်တာရာ နယ်မြေထက် အဆပေါင်းများစွာ ပိုမို ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း အဖွဲ့အစည်း တစ်ခု တည်ရှိနေကြောင်း ဖော်ညွှန်းနေပေသည်။
တစ်ချိန်တည်း၌ မိန်းမငယ်လေးမှာလည်း ဝေ့ဝူယင် ရင်ဆိုင်နေရသည့် ဖိအားကို အကဲခတ်ကာ အသက်ကို အကြမ်းဖျဥ်း ခန့်မှန်းလိုက်နိုင်၏။ မယုံကြည်နိုင်မှု အချို့က သူမ၏ မျက်ဝန်းများထဲ လင်းလက်လာသည်။
“သူက အသက် ငါးဆယ်တောင် မပြည့်သေးတာလား... ဘယ်လိုတုန်း... အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ နောက်ထပ် ရွေးချယ်ခံ တစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်... လူအိုကြီးက ငါ့ကို သူနဲ့ ရင်ဆိုင်စေချင်တာ မထူးဆန်းတော့ဘူး”
သူမက တွေးတောရင်း ၁၀၄ ထစ်မြောက် လှေကားကို လျှင်မြန်စွာပင် ခုန်တက်လိုက်လေတော့၏။ ထိုလူငယ်က သည်လောက် ထူးချွန်မှတော့ သူမ အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လတော့မှာ ကျိန်းသေလှပေသည်။
***