← Chapters

ကိုယ်ဝန်ရဖို့ မလွယ်ကူပါ

Vol. 33 Ch. 455

ကိုယ်ဝန်ရဖို့ မလွယ်ကူပါ

Vol. 33 Ch. 455

အခန်း(၄၅၅) - ကိုယ်ဝန်ရဖို့ မလွယ်ကူပါ

ကျိုးစန်းနီက ဘာကြောင့် ငိုမိမှန်း မသိပါ။

အတိုချုံးပြောရလျှင် သူမ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့ကို မြင်လိုက်ရသောအခါ သူမနှလုံးသားထဲက နာကျင်မှုနှင့် နာကြည်းချက်များက မဖိနှိပ်နိုင်တော့ပါ။ မျက်ရည်များက အဆုံးမရှိ ထွက်ကျလာသည်။

"မငိုပါနဲ့။ ဒေါ်လေးတို့ရဲ့ ဖြောင့်မတ်တဲ့ ခန္ဓာကိုယ်တွေက ကိုင်းညွတ်နေတဲ့ အရိပ်တွေကို မကြောက်ရဘူးလေ။ ဘာမှ ငိုစရာမလိုပါဘူး။ ဘယ်လို နာကြည်းမှုမျိုးမဆို ပြဿနာ မရှိဘူး။ ခြေလှမ်းတစ်လှမ်းတည်းနဲ့ ကျော်လွှားနိုင်တယ်။" လင်းချင်းဟယ်က သူမအနား ရောက်လာပြီး လက်ကိုင်ပဝါတစ်ထည်ထုတ်ကာ ကျိုးစန်းနီ၏ မျက်ရည်များကို သုတ်လျက် အတည်ပေါက် ပြောလိုက်သည်။

ကျိုးစန်းနီတစ်ယောက် ဖိအားများစွာဖြင့် ရင်ဆိုင်နေရမှန်း သူမသိပါသည်။ ပုံမှန်မဟုတ်သော ရာသီသွေးသံသရာနှင့် မိန်းမတစ်ယောက်က ကိုယ်ဝန်မရနိုင်ပါ။ ဘယ်ခေတ်ပဲဖြစ်ဖြစ် ပေါ့သေးသေး ကိစ္စမဟုတ်ပေ။ အထူးသဖြင့် ဒီလို ချောင်ကျပြီး ခေတ်နောက်ကျနေသည့် ရွာငယ်လေးတွင်ဖြစသည်။

အခြားသူများ မသိလျှင် အဆင်ပြေသည်။ သို့သော် သူတို့ သိသွားသည်နှင့် နောက်ကွယ်မှ အတင်းစကားတွေကြောင့် တံတွေးခွက်ထဲ ပက်လက်မြောသွားနိုင်ပြီး ထိုကဲ့သို့ ဖိအားမျိုးက ဘယ်လောက်တောင် ပြင်းထန်လိုက်မလဲဆိုတာ လင်းချင်းဟယ်တစ်ယောက် စိတ်ပင် မကူးကြည့်နိုင်ပေ။

ကျိုးချင်းပိုင်က လီအိုက်ကော်ကို လှည့်ကြည့်လိုက်သည်။ လီအိုက်ကော်က ခေါင်းကုတ်လိုက်သည်။ သူ ဘာပြောရမှန်း မသိတော့ပေ။ သို့သော် သူ့မိန်းမကိုတော့ အနိုင်မကျင့်ခဲ့ပါ။

"သမီး အဆင်ပြေပါတယ် စတုတ္ထဦးလေးနဲ့ ဒေါ်လေး။ စိတ်မပူပါနဲ့ ဒေါ်လေးတို့ကို မြင်ရတာ ဝမ်းသာလွန်းလို့ မျက်ရည်မထိန်းနိုင်တာပါ။ အိုင်ကွေ့ကလည်း သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဘာမှ မဟုတ်တာ မလုပ်ပါဘူး။" ကျိုးစန်းနီက မျက်ရည်များအကြားမှ နှစ်နှစ်ကာကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

သူမ တစ်ခါတည်း ဒီလောက် စကားအများကြီးပြောခြင်းကို မတွေ့ရတာ ကြာပြီဖြစ်သည်။

လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "လန့်သွားတာပဲ။ အိုင်ကွေ့က နင့်ကို အနိုင်ကျင့်နေတာမှတ်လို့။ အဲ့တာဆိုရင်တော့ သူ့ကို အလွတ်မပေးဘူး။”

ကျိုးစန်းနီက နှုတ်ခမ်းစူကာ လက်အမြန်သွားဆေးလိုက်သည်။ "စတုတ္ထဦးလေးနဲ့ ဒေါ်လေး ထိုင်ပါဦး။ ရေယူလာပေးမယ်။"

"ရေမလိုပါဘူး။ ဒီမလာခင်က ရေခဲချောင်း စားခဲ့တယ်။ အိုင်ကွေ့က ဝယ်ကျွေးတာလေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ဒီလောက်ပူတဲ့ နေ့ကြီးမှာ ရောက်လာကြတာ ရေတော့ သောက်မှပေါ့။" ကျိုးစန်းနီက အတင်းတိုက်တွန်းကာ ရေခွက်များ သွားဆေးပြီး ရေထည့်ပေးလိုက်သည်။

လင်းချင်းဟယ်က တစ်ငုံသာသောက်ပြီး ကျိုးချင်းပိုင်ကို ပေးလိုက်သောအခါ အကုန်သောက်လိုက်သည်။

နေ့လည်စာ စားချိန်ပင် ရောက်နေပြီဖြစ်၏။

ဒါက အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသည့် လီကျားရွာ၏ အားနည်းချက်ပဲဖြစ်သည်။ ဒီမနက် စုဆောင်းထားသည့် ပစ္စည်းများကို သွားရောင်းချပြီး ပြန်လာသည့် ကိစ္စတစ်ခုကိုသာ လီအိုက်ကော် ဆောင်ရွက်နိုင်ခဲ့သည်။ နေ့တစ်ဝက်လောက် ကုန်သွားခဲ့၏။

လီအိုက်ကော်က ကြက်တစ်ကောင်ကို ပြင်ဆင်နေပြီး အမွှေးများနှုတ်နေသည်။ ဒီဒေသတွင် ဒီလိုပဲဖြစ်ပါသည်။ အရေးကြီး ဧည့်သည်များ အိမ်လာပါက ကြက်တစ်ကောင်ဖြင့် ဧည့်ခံရသည်။

အိမ်တွင် ကျန်နေသော မှိုတချို့လည်း ရှိပါသေးသည်။ လင်းချင်းဟယ်က ရွှင်ပြစွာ ပြောလိုက်သည်။ "တောတောင်ထဲ နေရတော့ ဒါတွေစားရတာ အဆင်ပြေတာပေါ့။ မြို့မှာဆိုရင် ဒါတွေစားချင်လွန်းလို့ တောင့်တနေရတာ။"

ကျိုးကျားရွာတွင်လည်း တောင်ကုန်းများ ရှိသည်။ သို့သော်လည်း မသင့်တော်ပါ။ ကုန်ကြမ်း အစားအစာများနည်းပါးပြီး တိရိစ္ဆာန်များ ပိုများသည်။ ဒီလို တောရိုင်း တိရိစ္ဆာန်များလည်း မပေါများပေ။ အများဆုံး မိုးရွာပြီးနောက် ဟင်းသီးဟင်းရွက်ကုန်ကြမ်းတချို့ကို တူးကာ မှိုတချို့ကို ကောက်နိုင်သည်။

"ဒီတစ်ခေါက် တော်တော်များများကို အိုင်ကွေ့က ရောင်းလိုက်လို့ နောက်တစ်ခေါက် ပြန်လာရင် ဒေါ်လေးအတွက် ချန်ထားပေးပါ့မယ်။ အခြားဟာတွေတော့ များများစားစားမရှိဘူး။ ဒီလိုဟာတွေပဲ ပေါတာ။" ကျိုးစန်းနီက ပြောလိုက်သည်။

လင်းချင်းဟယ်က သူမ၏ ဒီလိုပုံစံကို အများကြီး ပိုသဘောကျပါသည်။ လက်ထပ်ပြီးနောက် စန်းနီ အများကြီး ပြောင်းလဲသွားသည်ဟု ခံစားရသည်။ အခုလောက်ဆို လီအိုက်ကော်ကလည်း သူမအပေါ် ကောင်းကြောင်း မြင်နိုင်ပါပြီ။

"နောက်တစ်ခေါက်မှပေါ့။ အခုတော့ အရင်စားကြရအောင်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

ကြိုတင်ပြင်ဆင်ထားမှု ဘာမှမရှိသော်လည်း ကြက်ကြော်နှင့် မှိုက အရသာရှိပါသည်။ ကျန်ဂေါ်ဖီများ၊ ကြက်ဥပြုတ်များနှင့် တခြားဟင်းလျာများကို အတူတူပေါင်းစည်းလိုက်သောအခါ အလွန်ကောင်းမွန်ပါသည်။ သဘာဝအတိုင်းဖြစ်ပြီး အရသာ အလွန်ရှိလှသည်။

စားသောက်ပြီးနောက် ကျိုးချင်းပိုင်ကက လီအိုက်ကော်ကို ညွှန်ကြားလိုက်သည်။ "အိုင်ကွေ့ ငါ့ကို အပြင်လိုက်ပြပါဦး။"

"ဟုတ်ကဲ့" လီအိုက်ကော်က ခေါင်းငြိမ့်လိုက်ပြီး ကျိုးချင်းပိုင်ကို အပြင်ခေါ်သွားသည်။

လီကျားရွာက တကယ်ပဲ ဆင်းရဲပါသည်။ အများစုက နေလှမ်းအုတ်အိမ်များ ဖြစ်ကြပြီး ပြန့်ကျဲနေသည့် တချို့ကသာ အုတ်နီအိမ်များ ဖြစ်ကြသည်။ ထိုကဲ့သို့ အခြေအနေမျိုးက ဆင်းရဲလှပါသည်။

"မင်း ဘယ်တောင်ကို ပုံမှန်သွားတတ်တာလဲ။" ဟု ကျိုးချင်းပိုင်က မေးလိုက်သည်။

"အဲ့တောင်ပါပဲ အများပိုင်နေရာလေ။ အဲ့ဒီမှာ ကုန်ကြမ်း ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။" လီအိုက်ကော်က တောင်တစ်လုံးကို ညွှန်ပြကာ ပြောလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင်သူတို့ ဒီမှာ ဆင်းရဲကြသည်။ သို့သော် အစွမ်းအစရှိသ၍ သူတို့ စားစရာသောက်စရာ ရှားပါးမည် မဟုတ်ပါ။

အကြောင်းမှာ တောတောင်များကို အစာနှင့်ရေအတွက် မှီခိုနိုင်သောကြောင့်ပင်။ အရပ်မျက်နှာ အားလုံးတွင်ရှိနေသော တောင်များကြောင့် တောတောင်ရတနာများကို စားသုံးနိုင်ကြသည်။

ယခင် မဟာအငတ်ဘေးတုန်းက တောင်ပေါ်က ကုန်ကြမ်းပစ္စည်းများကိုသာ အားကိုးပြီး ရှင်သန်ခဲ့ကြသည် မဟုတ်ပါလား။

ကျိုးချင်းပိုင်က သိပ်မဝေးသည်ကို မြင်ကာ ပြောလိုက်သည်။ "ငါနဲ့ လိုက်ခဲ့"

သူ့မိန်းမက တောင်ပေါ်နှင့် ပင်လယ်ပြင်က အစားအသောက်များကို သဘောကျတတ်သည်။ ပင်လယ်စာ ထရပ်ကားကြီး တစ်စီးအပြည့် ရှိသော်လည်း တောင်ပေါ်က ပစ္စည်းများတော့ မရှိသေးပါ။ ထို့ကြောင့် ဒီခရီးစဥ်ကို အခွင့်ကောင်းယူပြီး ပစ္စည်းတချို့ ပြန်သယ်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။

"အခု သွားမှာလား။" လီအိုက်ကော် ထိတ်လန့်သွား၏။ သူ့စတုတ္ထဦးလေးတောင်ပေါ် တက်ချင်လိမ့်မည်ဟုထင်မထားပေ။

"မတက်ရင် ငါဘာလို့ ဒီအိတ်ကို ယူလာတယ်လို့ထင်လို့လဲ။" ကျိုးချင်းပိုင်က လက်ထဲတွင် မသေးသည့် မြွေအရေအိတ်တစ်လုံးကို ကိုင်ထား၏။

လီအိုက်ကော်က သူ့မိန်းမ ပြောဖူးသည့် စကားကို ပြန်သတိရသွားသည်။ စတုတ္ထဦးလေးက စတုတ္ထဒေါ်လေးကို တော်တော်လေး ဂရုစိုက်တာတဲ့။

စတုတ္ထဦးလေး ဘာကြောင့် တောင်ပေါ် ရုတ်တရက်ကြီး တက်ချင်သွားမှန်း ခန့်မှန်းမိသလိုရှိသည်။ စတုတ္ထဒေါ်လေး ခုနက ပြောလိုက်သော စကားကြောင့်ဖြစ်နိုင်ပသါည်။

လီအိုက်ကော်က ချက်ချင်း ပြုံးလိုက်သည်။ သူကလည်း မိန်းမ ချစ်တတ်သူ တစ်ဦးဖြစ်သောကြောင့် ကျိုးချင်းပိုင်ကို တစ်ခွန်းထပ်မပြောဘဲ တောင်ပေါ်သို့ ခေါ်သွားသည်။

ယောက်ျားနှစ်ယောက်သား တောင်ပေါ်တက်နေစဥ် လင်းချင်းဟယ်က ကျိုးစန်းနီ ပန်းကန်ဆေးပြီးသည့်အထိ စောင့်နေသည်။ ပန်းကန်ဆေးပြီးသွားသောအခါ သူမ ပြောလိုက်သည်။ "စန်းနီ ဒီလာဦး စကားပြောရအောင်"

"စတုတ္ထဒေါ်လေး သမီးကို စိတ်မပူပါနဲ့။ ကွေ့လိုင်က သမီးကို တကယ်ချစ်ပါတယ်။" ကျိုးစန်းနီက ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဒေါ်လေး သိပါတယ်။ ဒေါ်လေး မြင်နိုင်တယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဒေါ်လေး မေးချင်တာက နင့်ရာသီ အခြေအနေ ဘယ်လိုနေလဲ။"

မိန်းကလေးများအကြား ထိုအကြောင်း ပြောသည့်အခါ ဘာမှ ရှက်စရာမလိုပါ။

ကျိုးစန်းနီ၏ မျက်နှာက အနည်းငယ် ရှက််ရွံ့သွားပြီး ပြန်ပြောလိုက်သည်။ "တတိယဒေါ်လေးက ပြောလိုက်တာလား။"

"ဟုတ်တယ်။ နင့်တတိယဒေါ်လေးကိုလည်း ပြောပြလို့ အပြစ်မတင်နဲ့ဦး။ သူလည်း နင့်အတွက် စိတ်ပူနေတာ။ ငါတို့ရှေ့မှာတင် နင်ကြီးပြင်းလာတာမို့လို့ နင့်အတွက် အကောင်းဆုံးပဲ ဖြစ်စေချင်ကြတာ။" လင်းချင်းဟယ်က ပြောလိုက်သည်။

"သမီး သိပါတယ်။" ကျိုးစန်းနီက ပြောလိုက်၏။

"အခု ဘယ်လိုနေသေးလဲ။" သူမ၏ ဖျော့တော့တော့ မျက်နှာကို မြင်သောအာခါ လင်းချင်းဟယ် မေးလိုက်သည်။

"စတုတ္ထဒေါ်လေး ဘာတွေဖြစ်နေမှန်း မသိတော့ပါဘူး။ ဒါပေမယ့် ပုံမှန်တော့ မဟုတ်ဘူးး။ သမီးဆေးရုံသွားပြီး သောက်ဆေး ဝယ်ခဲ့တယ်။ နည်းနည်းတိုးတက်လာပေမယ့် ဗရုသုက္ခဖြစ်တုန်းပဲ။ ဘယ်တော့မှ အချိန်မမှန်ဘူး" ကျိုးးစန်းနီက ပြန်ဖြေလိုက်သည်။

ကျိုးစန်းနီ လက်ထပ်ပြီးနောက် သူမ၏ ဘဝက အလွန်အဆင်ပြေ ချောမွေ့နေခဲ့သည်။ သူမ၏ ယောက္ခမနှင့် ယောက်မများက အဆင်ပြေဖို့ မလွယ်ကူသော်လည်း သူမ မကြောက်ပါ။

အဘယ့်ကြောင့်ဆိုသော် သူမ လက်ထပ်ပြီးသောအခါ မိသားစုနှင့် ခွဲနေကြရသောကြောဖြစ်သ်။

လီအိုက်ကော်နှင့် သူမ လက်ထပ်တုန်းကတောင် သူမ ယောက္ခမ များက တစ်ပြားတစ်ချပ်မှ ထုတ်မပေးခဲ့ပေ။  သားဖြစ်သူက မိန်းမယူဖို့ ငွေရှာနိုင်လျှင် အဆင်ပြေပါသည်။ သို့သော် အထက်က ယောက်မများအားလုံးက ယောက္ခမ လင်မယားနှစ်ယောက်ထံမှ လက်ဖွဲ့ငွေများ ရရှိခဲ့ကြသည်။

ထို့ကြောင့် ကျိုးစန်းနီကလည်း မတုံးပါ။ အထူးသဖြင့် လီအိုက်ကော်က သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး တကယ်တမ်း ချစ်မြတ်နိုးသောကြောင့် ဖြစ်သည်။

လက်ထပ်ပြီးနောက် ပြန်လည်မွေးဖွားလာသလို သူမခံစားခဲ့ရသည်။ အိုင်ကွေ့အတွက် ကလေးတစ်ယောက်သာ မွေးပေးနိုင်ပါက သူမ ပြီးပြည့်စုံသွားပြီဟု ခံစားရမည်ဖြစ်သည်။

သို့သော်လည်း သူမ ခန္ဓာကိုယ် ဒီလိုမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

တကယ်တော့ လက်မထပ်ခင်ကလည်း ဒီလိုအရာမျိုး မကြာခဏ ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ထိုအချိန်က ဒီကိစ္စများကို နားလည်း မလည်သလို သူမ၏ အမေကလည်း ဂရုမစိုက်ပေ။ ထို့အပြင် ဒီကိစ္စကို ပါးစပ်က ထုတ်ပြောဖို့အတွက် သူမ ရှက်လွန်းနေပါသည်။

ပြဿနာ ဒီလောက်ထိ ကြီးမားလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ဖူးပါ။

ဆေးရုံတွင် သွားစစ်ဆေးပြီး ဆရာဝန်က အကဲခတ်ပြမှသာ အခြေအနေဘယ်လောက် ပြင်းထန်နေသလဲ သိလိုက်ရသည်။ ကောင်းကောင်းမွန်မွန် ဂရုမစိုက်ပါက အနာဂတ်တွင် ကလေးရဖို့ မလွယ်ကူနိုင်တော့ပေ။

စကားတစ်ခွန်းတည်းနှင့် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားခဲ့ရပါသည်။

All Chapters