← Chapters

အထင်ကြီးစရာ မိသားစု အရင်းအချာ

Vol. 33 Ch. 458

အထင်ကြီးစရာ မိသားစု အရင်းအချာ

Vol. 33 Ch. 458

အခန်း(၄၅၈) - အထင်ကြီးစရာ မိသားစု အရင်းအချာ

ဒီကိစ္စကို ကြိုတင်မေးမြန်းထားသည့် အတွက် လီအိုက်ကော်အား လင်းချင်းဟယ် အပြစ်မတင်ပါ။ ဆန့်ကျင်ဘက်အဖြစ် လီအိုက်ကော်ကို အသိမှတ်ပြုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ခြေထောက် မသန်သော်လည်း လီအိုက်ကော်တွင် ကိုယ်ပိုင် အကြံဉာဏ်များရှိနေပြီး စန်းနီကိုလည်း ချစ်မြတ်နိုးသည်ကို တွေ့နိုင်ဖို့ မခက်လှပါ။

ထိုကဲ့သို့ လူမျိုးနှင့် အတူတူရှိနေပါက စန်းနီ၏ ဘဝ နောက်ပိုင်း ဆိုးလာဖွယ် မရှိပေ။

ထို့ကြောင့် သူကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်လာလျှင်လည်း လင်းချင်းဟယ်က တားမည် မဟုတ်ပါ။

"ဆိုင်မှာ သုံးနှစ်လောက် လာလုပ်လိုက်။ သုံးနှစ်ကြာလို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လာရင် စန်းနီရဲ့ စတုတ္ထဒေါ်လေးနဲ့ ငါက မင်းတို့ကို ထောက်ပံ့ပေးမယ်။" ကျိုးချင်းပိုင်က လီအိုက်ကော်ကို ညွှန်ကြားလိုက်သည်။

သုံးနှစ်ဆိုသည့် အချိန်က သင့်တော်သည်ဟု လင်းချင်းဟယ် ခံစားရပါသည်။ အရမ်းလည်း မများသလို အရမ်းလည်း မနည်းပေ။ ပြီးပြည့်စုံပါသည်။ ဒီနှစ်က ၁၉၈၃ ခုနှစ် ဖြစ်ပြီး သုံးနှစ်ကြာလျှင် ၁၉၈၆ ခုနှစ် ဖြစ်သွားမည်ဖြစ်ပြီး ထိုကာလတွင် ဖွံ့ဖြိုးမှုက မြန်ဆန်ဆဲဖြစ်သည်။

ထိုအချိန်ကျမှ လီအိုက်ကော် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်မယ်ဆိုလျှင်တောင် နောက်မကျနိုင်ပါ။

လီအိုက်ကော်ကလည်း သုံးနှစ်တာကို လက်ခံနိုင်ပါသည်။ သုံးနှစ်အတွင်း မြို့တော်ကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး ထိုက ကုန်စျေးနှုန်းများကိုလည်း စူးစမ်းကြည့်ဖို့ အချိန်လုံလောက်ပါသည်။ ပိုအရေးကြီးသည်က ပိုက်ဆံစုဖို့ဖြစ်သည်။

သူနှင့် ကျိုးစန်းနီတို့ စုဆောင်းထားသည့် ငွေကြေးများ ရှိပါသည်။ လောလောဆယ်တော့ လင်းချင်းဟယ် ကျိုးစန်းနီကို ပေးထားသည့် လက်ဖွဲ့ငွေကို ထည့်မတွက်ပါက သူတို့တွင် အများကြီး မရှိပေ။ မိန်းမဖြစ်သူ၏ ပိုင်ဆိုင်မှုကို ဖယ်ထုတ်ပြီးသောအခါ သူတို့မိသားစုတွင် စုဆောင်းငွေမှာ ယွမ် ၃၀၀ လောက်ရှိပါသည်။

ရောင်းချစရာ မွေးမြူရေး တိရိစ္ဆာန်များလည်း ရှိသည်။ ရွာထဲတွင် ဒီလောက်က ဥစ္စာပစ္စည်း ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ သူတို့ကလည်း ငယ်ရွယ်ကြပါသေးသည်။

လီအိုက်ကော်က တစ်ယောက်တည်း ထွက်နေကာ ကိုယ့်အားကိုယ်ကိုးပြီး အိမ်တစ်လုံးဆောက်လျှက် မိန်းမတစ်ယောက် ယူခဲ့သည်။ ထို့ကြောင့် သူက ငယ်ရွယ်ပြီး အလားအလာရှိသည်ဟု ဆိုနိုင်ပါသည်။

ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြသည်။

လီအိုက်ကော်က ရွာအုပ်ချုပ်ရေးမှူးထံသို့ သွားပြီး အိမ်က ဝက်များ ကြက်များကို ရောင်းချဖို့အတွက် တိုင်ပင် ဆွေးနွေးလိုက်သည်။ အိမ်က ဝက်များ ကြက်များတင် မကသေးဘဲ လယ်ထဲက ရင့်မှည့်တော့မည့် ကောက်ပဲသီးနှံများလည်း ပါသည်။

သူတို့ မသွားချင်လျှင် မသွားပါနှင့်။ သွားဖို့ ဆုံးဖြတ်လိုက်ပါက မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား လုပ်ရမည်။

လီအိုက်ကော်က အုပ်ချုပ်ရေးမှူးကို ထိုအကြောင်း ပြောပြလိုက်သောအခါ အုပ်ချုပ်ရေးမှူးက ထိတ်လန့်သွား၏။ "ဘာဖြစ်တယ်။ ဝက်တွေ ကြက်တွေနဲ့ လယ်ထဲက ကောက်ပဲသီးနှံတွေလည်း ရောင်းပြစ်ပြီး ပိုက်ဆံအဖြစ် ပြောင်းလဲပြစ်လိုက်ချင်တယ်ဟုတ်လား။"

အုပ်ချုပ်ရေးမှူး ပထမဆုံး ထင်သွားသည်က လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရောက်လာသောကြောင့် ပိုက်ဆံလာချေးကြသည် ဟူ၍ပင်။

"ဟုတ်ပါတယ်။ စန်းနီနဲ့ ကျွန်တော်တို့ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့နဲ့တူတူ မြို့တော်မှာ အလုပ်သွားလုပ်တော့မှာလေ။ အဲ့တာကြောင့် အဲ့ပစ္စည်းတွေကို ရှင်းပြစ်ချင်လို့ပါ။" ဟု လီအိုက်ကော်က ခေါင်းငြိမ့်ပြီး ပြောလိုက်လိုက်သည်။

"မြို့တော် ဟုတ်လား။ စန်းနီရဲ့ ဦးလေးနဲ့ ဒေါ်လေးတို့က မြို့တော်ကလား။" ရွာအုပ်ချုပ်ရေးမှူးက ပို၍ပင် အံ့အားသင့်သွားသည်။ သူသာ မကသေးဘဲ သူ့မိန်းမလည်း ထိုနည်းတူစွာဖြစ်သည်။

အောင်မယ်လေး။ အဲ့တာကြောင့်လည်း ကျေးရွာကို လာလည်သည့် ခေါင်းဆောင်ကြီးများလို အလွန်ခမ်းနားသည့်ပုံပေါက်နေတာကိုး။ ဖြစ်ချင်တော့ သူတို့က မြို့တော်မှ လာခြင်း ဖြစ်နေသည်။

"စတုတ္ထဦးလေးက အဲ့မှာ လုပ်ငန်းလုပ်နေတာလေ။ စတုတ္ထဒေါ်လေးကတော့ ပေကျင်းတက္ကသိုလ်က နိုင်ငံခြားဘာသာ ဆရာမတစ်ယောက်ပါ။ သူတို့မိသားစုတစ်ခုလုံးက မြို့တော်မှာ နေကြတာလေ။ သူတို့က တကယ့် မြို့သား စစ်စစ်တွေဗျ။" ဟု လီအိုက်ကော်က ပြောလိုက်သည်။

ရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ပြောစရာစကား ကင်းမဲ့လောက်သည့်အထိ အံ့အားသင့်သွားကြသည်။

လုပ်ငန်းလုပ်သည်က မပြောပလောက်သော်လည်း အိုင်ကွေ့မိန်းမ၏ စတုတ္ထဒေါ်လေးက ပေကျင်းတက္ကသိုလ်မှ နိုင်ငံခြား ဘာသာသင် ဆရာမတဲ့လား။ ပေကျင်းတက္ကသိုလ်ဆိုတာ ဘယ်လို တက္ကသိုလ်မျိုးမို့လို့လဲ။ နိုင်ငံတော်တွင် အကောင်းဆုံး တက္ကသိုလ်ကြီးဖြစ်ကာ သမိုင်းဝင် ကျောင်းတော်ကြီးလည်း ဖြစ်သည်။

သူမက ထိုတက္ကသိုလ်မှ နိုင်ငံခြား ဘာသာသင် ဆရာမ ဖြစ်နေပြီး ကောလိပ်ကျောင်းသားတွေကို သင်ကြားတာတဲ့လား။

အိုင်ကွေ့မိန်းမ၏ မိသားစုအရင်းက ဒီလောက်ထိ အထင်ကြီးစရာ ကောင်းလိမ့်မည်ဟု နှစ်ယောက်စလုံး မသိခဲ့ကြပေ။

"ဒါပေမယ့် အဲ့ဒီ ရောက်ရင် အလုပ်က ရှားတယ်နော်။ အပြင်ဘက်က အလုပ်တွေက ကောက်ရိုးပုံထဲ အပ်ပျောက် ရှာနေရသလိုပဲ။" ဟု ရွာအုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။

"စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်ကြဦးမှာလေ။ အဲ့ဆိုင် ဖွင့်ပြီးတဲ့ အခါကျရင် ကျွန်တော်တို့ သွားစောင့်ပေးပြီး လစာ ယွမ် ၅၀ ရမှာပါ။" ဟု လီအိုက်ကော်က ပြောလိုက်သည်။

တမင်သက်သက် လျှော့ပြောလိုက်ခြင်းဖြစ်ပါသည်။ စတုတ္ထဦးလေးက ယွမ် ၈၀ ဟု ပြောခဲ့သည်။ သို့သော်လည်း ယွမ် ၈၀ က တကယ် များလွန်းပါသည်။ လင်မယားနှစ်ယောက်စလုံးအတွက် ဆိုရင်တောင် များလွန်းသည်။

ထို့ကြောင့် ယွမ် ၃၀ လျှော့ကာ ယွမ် ၅၀ ဟုသာပြောလိုက်သည်။

သို့သော်လည်း ယွမ် ၅၀ က လုံလောက်နေဆဲဖြစ်ပါသည်။

ရွာအုပ်ချုပ်ရေးမှူးက အားကျစွာဖြင့် ပြောလိုက်သည်။ "ဒီလိုဆွေမျိုးတွေ ရှိနေတာ မင်း အရမ်းကံကောင်းတာပဲကွ။”

ရွာအုပ်ချုပ်ရေးမှူးက လီအိုက်ကော် မျိုးရိုးကပဲဖြစ်သည်။ လီအိုက်ကော်နှင့် ရွာအုပ်ချုပ်ရေးမှူးတို့က ဆွေမျိုးနီးစပ် တော်စပ်၏။ သူ့မိသားစုအတွက်ကတော့ သူ့အမေက ဒီလို မျက်နှာပျက်စရာ ဝေဖန်မှုမျိုး ပြုလုပ်ခဲ့သဖြင့် ဘာမှ ပြောစရာမလိုတော့ပါ။

"အဲ့ဒီကို သွားရတဲ့ အဓိက အကြောင်းအရင်းက မြို့တော်က ဆေးရုံတွေ အားလုံးက ထိပ်တန်း အဆင့်တွေပဲလေ။" ဟု လီအိုက်ကော် ပြောလိုက်သည်။

ရွာအုပ်ချုပ်ရေးမှူးကော မိန်းမဖြစ်သူတို့ပါ ခေါင်းငြိမ့်လိုက်ကြသည်။ မြို့တော်သို့ သွားရောက်ဖို့က တကယ်ပဲ အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါသည်။ သူတို့ကို စောင့်ရှောက်ဖို့ ဘယ်သူမှ ရှိမနေရုံသာ ဖြစ်၏။ အခုတော့ ရှိလာပြီ ဖြစ်သဖြင့် သေချာပေါက် မြို့ကြီးပြကြီးကို သွားရောက်ဖို့ ပိုကောင်းပါသည်။

တစ်လကို ယွမ် ၅၀ ဖြင့် သေချာပေါက် သူတို့ ရှင်သန်နေထိုင်နိုင်ပါသည်။

လီအိုက်ကော်က လွှဲပြောင်းစာ တစ်စောင် ရေးလိုက်သည်။ ဝက်များ၊ ကြက်များနှင့် ကောက်ပဲသီးနှံများအားလုံးကို ရွာအုပ်ချုပ်ရေးမှူးသို့ လွှဲပြောင်းပေးလိုက်၏။ စျေးမကြီးပေ။ စျေးကွက်ပုံမှန်စျေးအောက် ၄၀ ရာခိုင်နှုန်းပင် လျော့နည်းပါသည်။

ရွာအုပ်ချုပ်ရေးမှူးကလည်း ဒီလောက်ထိ စျေးလျှော့ပေးဖို့ မလိုကြောင်းနှင့် ပုံမှန်စျေးဖြင့်သာ ရောင်းရန် ပြောပါသည်။ လီအိုက်ကော်ကလည်း သေချာပေါက် ထိုကဲ့သို့ လုပ်မည် မဟုတ်ပါ။ နောက်ဆုံးတစ်ခေါက် စကားနိုင်လုပြီးသွားသောအခါတွင်တော့ ၂၀ ရာခိုင်နှုန်း လျှော့ပေးလိုက်ပါသည်။

လယ်များနှင့် အခြားပစ္စည်းများကိုတော့ ရွာအုပ်ချုပ်ရေးမှူးကို ပေးခဲ့သည်။ သူ့ခြံကိုလည်း ကြက်များ ဝက်များ မွေးဖို့ ရွာအုပ်ချုပ်ရေးမှူးကို ငှားရမ်းခဲ့ပါသည်။ အချိန်ကျလာသောအခါ အိမ်ကို သော့ခတ်မည်ဖြစ်သည်။ သို့သော်လည်း ရွာအုပ်ချုပ်ရေးမှူးကိုတော့ စောင့်ကြည့်ပေးဖို့ အကူအညီတောင်းခဲ့ပါသေးသည်။

ဒီလိုကိစ္စမျိုးကို မိဘများနှင့် ညီအစ်ကို မောင်နှမများအား အပ်နှင်းရလေ့ရှိသော်လည်း လီအိုက်ကော်က ခြေလှမ်းပင် မလှမ်းခဲ့ပါ။ သူတို့အကြား ဆက်ဆံရေးက ဘယ်လောက်တောင် ဆိုးရွားနေကြောင်း ပြသနေပါသည်။

တကယ်တော့ ကျိုးစန်းနီနှင့် လက်မထပ်ခင်က ဒီလောက် မဆိုးပါ။ တိတိကျကျ ပြောရလျှင် လီအိုက်ကော်က သူတို့ ပွစိပွစိလုပ်ဖို့ အခွင့်အရေးပင် မပေးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက သူ့ခြေထောက်ပေါ် သူရပ်တည်ခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ကျိုးစန်းနီ မိသားစုထဲ ဝင်ရောက်လာသောအခါ အချိန်တိုင်း စကားများမှုများ ဖြစ်ပျက်နေခဲ့သည်။ တရားမမျှတစွာ ဆက်ဆံခံရလျှင်တောင် လီအိုက်ကော်က စိတ်ထဲမထားခဲ့ပါ။

သူ့ကို သွေးအေးသွားစေသည့် တကယ့်အကြောင်းအရင်းက သူ့အမေမှာ သူတို့ လင်မယားနှစ်ယောက်မျက်နှာကို မထောက်ဘဲ တစ်ရွာလုံးကို စန်းနီ၏ ကျန်းမာရေး မကောင်းကြောင်းကို လိုက်ပြောကာ သူတို့မျက်နှာကို ပျက်စေခဲ့ပါသည်။

ဒါက အမေတစ်ယောက် လုပ်ရမည့် လုပ်ရပ်မျိုးလား။ ရန်သူတစ်ယောက်တောင် ဒီလိုမျိုး မလုပ်လောက်ပါ။

ရွာအုပ်ချုပ်ရေးမှူး လင်မယားကလည်း ဒီအကြောင်း ကောင်းကောင်း သိပါသည်။ သူတို့မိသားစု လူဦးရေထူထပ်မှုကြောင့် ထိုဘက်က ပြဿနာ ရှာလာမည်ကို စိုးရိမ်စရာမလိုပါ။ အမှန်ပင်။ ရွာအုပ်ချုပ်ရေးမှူးက လီအိုက်ကော် အနာဂတ်တွင် အဆင်ပြေလာနိုင်မှန်း မြင်သဖြင့် လီအိုက်ကော်၏ ပစ္စည်းများကို သိပ်မနည်းသည့် စျေးဖြင့် လက်ခံခဲ့ပါသည်။

ထို့အပြင် သူတို့က မြို့တော်သို့ သွားကြတော့မည်ဖြစ်သည်။ သူ့မိန်းမ၏ ဦးလေးနှင့် အဒေါ်တို့၏ အကူအညီဖြင့် သူတို့ သေချာပေါက် ကောင်းကောင်းမွန်မွန် တိုးတက်လာပါလိမ့်မည်။

ထို့ကြောင့် သူစေတနာထားချင်ပြီး သူ့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလိုက်သည်။ ထို့အပြင် သူ့မိသားစုလည်း အရှုံးမပေါ်နိုင်သဖြင့် ဘာကြောင့် မလုပ်ရမှာလဲ။

ရွာအုပ်ချုပ်ရေးမှူးက လီအိုက်ကော်အိမ်သို့ လိုက်လာပြီး ထိုင်စကားပြောနေသည်။

"စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေး ဒါ သမီးတို့ ရွာအုပ်ချုပ်ရေးမှူးလေ။ သမီးတို့မျိုးရိုး ဦးလေးလည်း ဟုတ်တယ်။ သမီးတို့ကို ကောင်းကောင်း ဂရုစိုက်တဲ့သူပါ။" ဟု ကျိုးစန်းနီက မိတ်ဆက်ပေးလိုက်သည်။

ကျိုးချင်းပိုင်က ရွာအုပ်ချုပ်ရေးမှူးနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

လင်းချင်းဟယ်က ပြုံးကာပြောလိုက်သည်။ "ဒီကောင်မလေး စန်းနီကလေ ကျေးဇူးသိတတ်ပြီး ပြန်ဆပ်တတ်တဲ့လူပါ။ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့လူတွေကို သူသေသေချာချာ ရင်ထဲမှာ မှတ်ထားမှာ။ သူ့မိဘတွေက အလုပ်များနေပြီး မအားတော့ သူ့ဦးလေးနဲ့ ဒေါ်လေးဖြစ်တဲ့ ကျွန်မတို့ ရောက်လာတော့လည်း အတူတူပါပဲ။ သူတို့ကိုယ်စား အုပ်ချုပ်ရေးမှူးကို ကျေးဇူးတင်ပါတယ်။"

"မလိုပါဘူးဗျာ။ အကုန်လုံး ဆွေမျိုးတွေပဲကို။ အချင်းချင်း ကူညီသင့်တာပေါ့။ ပြီးတော့လည်း အိုင်ကွေ့နဲ့ သူ့ဇနီးတို့ နှစ်ယောက်စလုံးက တော်ကြပါတယ်။" ရွာအုပ်ချုပ်ရေးမှူးက ရွှင်ပြစွာ ပြန်ပြောလိုက်သည်။

စိတ်ထဲတွင်တော့ တွေးလိုက်မိ၏။ ပေကျင်းတက္ကသိုလ် ဆရာမက တကယ် ကွဲပြားခြားနားပါသည်။ သူမ၏ စကားပြောပုံက တကယ်ပွင့်လင်းပြီး ခမ်းနားလှပါသည်။

"စန်းနီရဲ့ ကျန်းမာရေးက ဖြစ်လေ့ဖြစ်တတ်ရှိတဲ့ အမျိုးသမီးရောဂါပါပဲ။ အဲ့တာကြောင့် ကျွန်မတို့ ကြားတာနဲ့ အမြန်ဆုံးလာပြီး သူတို့ကို မြို့ခေါ်သွားချင်တာ။ အုပ်ချုပ်ရေးမှူး သူတို့နှစ်ယောက်အတွက်တော့ စိတ်မပူပါနဲ့။ သူတို့ အဘိုးအဘွားတွေနဲ့ အငယ်ဆုံးဒေါ်လေး မိသားစုတို့လည်း အဲ့မှာရှိကြတယ်လေ။ ဟိုမှာ အရမ်း စည်ကားတာပေါ့။" ဟု လင်းချင်းဟယ်က ဆက်ပြောလိုက်ပါသည်။

All Chapters