မြို့တော်သို့ ပြန်ခြင်း
Vol. 33 Ch. 459
အခန်း(၄၅၉) - မြို့တော်သို့ ပြန်ခြင်း
လီကျားရွာ အုပ်ချုပ်ရေးမှူးက ထိုအကြောင်း ကြားသောအခါ စိတ်ထဲက တစ်ခုခု ပြောချင်နေပုံရသည်။
မြို့တော်တွင် ရှိနေသည်က အိုင်ကွေ့ မိန်းမ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးတင်မဟုတ်ဘဲ သူမ အဘိုးအဘွားများ၊ အငယ်ဆုံးဒေါ်လေး၊ ဦးလေးနှင့် တခြားသူတွေပါ ရှိသေးတယ်တဲ့လား။
အိုင်ကွေ့မိန်းမရဲ့ မိသားစုက ဘယ်လို ကြီးမားတဲ့ မိသားစုလဲ။
"စတုတ္ထဒေါ်လေး အချိန်ကို တွက်ကြည့်ရင် လောင်တလည်း ဘွဲ့ရလောက်ပြီ မဟုတ်လား။" ဟု ကျိုးစန်းနီက မေးလိုက်သည်။
"သူ ဘွဲ့ရတာ ၂ နှစ်လောက်တောင် ရှိနေပါပြီ။ ဒီနှစ် လောင်စန်းကလည်း ပေကျင်းတက္ကသိုလ်ထဲ ဝင်ရမှာလေ။" ဟု လင်းချင်းဟယ်က ရွှင်မြူးစွာ ပြန်ဖြေလိုက်သည်။
"လောင်စန်းလည်း ပေကျင်းတက္ကသိုလ် တက်ရတော့မှာ ဟုတ်လား။" ကျိုးစန်းနီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "ဒါဆို ညီအစ်ကိုသုံးယောက်လုံး ပေကျင်းတက္ကသိုလ် ကျောင်းသားတွေပေါ့။"
ထိုအချိန်တွင် ရွာအုပ်ချုပ်ရေးမှူးသာ မကဘဲ လီအိုက်ကော်ပါ လန့်သွားရသည်။
သူ့စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့က တော်ကြမှန်း သိပါသည်။ သို့သော် မိသားစု တစ်စုလုံးက ပေကျင်းတက္ကသိုလ်ကျောင်းသားများ ဖြစ်နေသည်ကိုတော့ မသိခဲ့ပါလား။
ဒီခေတ်တွင် ကောလိပ်ကျောင်းသား ဟူသည်မှာ ရွှေဘွဲ့များဖြစ်ကြသည်။ ပေကျင်းတက္ကသိုလ် ကျောင်းသားတွေနဲ့ ပြည့်နေတဲ့ မိသားစုတစ်စုတဲ့လား။ ဒါက ဘယ်လို မိသားစုမျိုးလဲ။ ကျေးရွာဘက်မှာ ဒါမျိုးသာ ဖြစ်ပျက်ပါက သတင်းစာထဲပင် ပါလာနိုင်သည်။
လူကြီးများအတွက် နာမည်ကောင်းများ ယူဆောင်ပေးခြင်းဖြစ်ပါသည်။ လူကြီးများတုန်းက ဒီလောက်ထိ နာမည်ကောင်း မရခဲ့ပေ။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "အဲ့ဒီကောင်လေး သုံးယောက်ကတော့ စာပဲ လုပ်တတ်တာလေ။"
ကျိုးချင်းပိုင် သူ့မိန်းမကို ကြည့်နေသည့် အကြည့်က နူးညံ့လွန်းလှပါသည်။ သားသုံးယောက်စလုံး နဂါးများ မီးငှက်များလို ဖြစ်လာနိုင်သည်မှာ ဆင်းရဲသည့် ကျိုးမျိုးနွယ် ဘိုးဘေးကျေးကျွန် မျိုးဆက် ၁၈ ဆက်ရဲ့ အမွေကို ထည့်မတွက်ပါနဲ့။
ယောက်ျားအပေါ်ကော သားများ အပေါ်ကော ကောင်းချီးများ ယူဆောင်လာပေးသူမှာ သူ့မိန်းမဖြစ်ပါသည်။
အခုတော့ သူတို့ကိုယ်သူတို့ ပညာတတ်မိသားစုဟု ခေါ်နိုင်ကြလေပြီ။ ပညာတတ်မိသားစု အစစ်အမှန်ဖြစ်ပါသည်။
ထို့နောက် လီအိုက်ကော်က ရွာအုပ်ချုပ်ရေးမှူးကို သူ့အိမ်က ပစ္စည်းပစ္စယများ ရေတွက်ဖို့အတွက် ခေါ်သွားသည်။ ဒီနေ့ည ကြက်နှစ်ကောင်ကို စားကြမည်ဖြစ်ပြီး ကျန်တာကိုတော့ လွှဲပြောင်း ပေးတော့မည်ဖြစ်သည်။ ကောက်ပဲသီးနှံများနှင့် ကျန်မြေများလည်း ပါဝင်ပါသည်။
စာရင်းအားလုံး ရှင်းပြီးသွားလေပြီ။ နောက်ဆုံး ငွေပမာဏက ယွမ် ၁၅၀ ဝန်းကျင်ဖြစ်၏။ လီအိုက်ကော်က ပိုငွေကို ဖယ်လိုက်သဖြင့် ၁၅၀ ဖြစ်ပါသည်။
ရွာအုပ်ချုပ်ရေးမှူးက ငွေကို ပျော်ပျော်ကြီး ယူလာပေးပါသည်။ လင်းချင်းဟယ်က မောင်ထိုက် ဝိုင်ကို ထုတ်လိုက်သည်။ တကယ်တော့ နေရာလွတ်ထဲမှဖြစ်သည်။
ထိုနေ့ညနေအတွက် ကြက်နှစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်သည်။ ရွာအုပ်ချုပ်ရေးမှူးကိုလည်း သောက်စားဖို့အတွက် ဖိတ်ကြားခဲ့ပါသည်။
ညစာစားပွဲဝိုင်းတွင် လင်းချင်းဟယ်က မြို့တော်အကြောင်း အများကြီး ပြောပြခဲ့သည်။ ရွာအုပ်ချုပ်ရေးမှူးအား အခြေအနေ တချို့ကိုလည်း ထုတ်ပြော၏။ အခြားနေရာများမှ ဖွံ့ဖြိုးမှုများကိုလည်း ပြောပြသည်။ ဥပမာ တောင်ပိုင်းက အခြေအနေများလို ဖြစ်သည်။
ထိုအကြောင်း ကြားသောအခါ ရွာအုပ်ချုပ်ရေးမှူး ကြောင်သွားရသည်။ သူ့အသိပညာက အိုင်ကွေ့မိန်းမ၏ စတုတ္ထဒေါ်လေးနှင့် ဦးလေးတို့ဖြင့် မယှဥ်နိုင်ပါ။
သို့သော်လည်း ညစာစားပွဲဝိုင်းတွင် အလွန်ပျော်ရွှင်စွာ စားသောက်ခဲ့ရပါသည်။ မောင်ထိုက်က ဝိုင်ကောင်းတစ်ခုဖြစ်သည်။ အလွန် ပြင်းကာ ရနံ့များလည်း ပြည့်နှက်နေပါသည်။
ရွာအုပ်ချုပ်ရေးမှူးက အစားအသောက်များကို အလွန်အားရခဲ့ပါသည်။ ပြန်သွားသောအခါ မူးနေသဖြင့် လီအိုက်ကော်က လိုက်ပို့ပေးရသည်။
"မင်းမြို့ကို သွားရင် ငါတို့ မွေးရပ်မြေကိုလည်း မမေ့နိုင်ဦး။ အချိန်ရရင် ပြန်လာလည်ဦး ကြားလား။" ရွာအုပ်ချုပ်ရေးမှူးက သူ့ပခုံးကို ပုတ်ကာ ပြောလိုက်ပါသည်။
သူ့တူ လီအိုက်ကော် မြို့တက်ပါက အနာဂတ်ကောင်းကောင်း ရမည်ဟု သူခံစားရပါသည်။ အထူးသဖြင့် သူ့ကို နောက်ကွယ်မှ ထောက်ပံ့ပေးချင်ကြသော လူကြီးသူမများနှင့် တွေ့လိုက်ရခြင်းကြောင့် ဖြစ်ပါသည်။
"ဒီနေရာက ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်ပဲလေ။ အဲ့တာကြောင့် ကျွန်တော် ပြန်လာလည်ရမှာပေါ့ဗျ။" ဟု လီအိုက်ကော်က ပြန်ဖြေလိုက်သည်။
ရွာအုပ်ချုပ်ရေးမှူးက ပြုံးကာ သူ့ပခုံးကို ပုတ်ပြီး အိမ်ပြန်ခိုင်းလိုက်ပါသည်။
လီအိုက်ကော် အိမ်ပြန်လာခဲ့၏။
"ဘာတွေ ယူဖို့ လိုလဲ စစ်ကြည့်ဦး။ ယူဖို့ လွယ်တာတွေပဲ ယူလာခဲ့။ ယူဖို့ မလွယ်တာတွေကို ဟိုရောက်မှ ပြန်ဝယ်ကြတာပေါ့။ အဲ့ဒီဘက်မှာ ကူပွန်တွေ ဘာတွေ မလိုဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူမ အကြံပေးသည့် အတိုင်း သူတို့ လိုက်လုပ်ခဲ့ပါသည်။ အဝတ်အထည်လို ပစ္စည်းများသာ ယူလာခဲ့ကြသည်။ သို့သော်လည်း သူတို့အိမ်မှ ထွက်လာကြရတော့မည်ကို သိသဖြင့် ချွေတာနိုင်လေ ပိုကောင်းလေ ဖြစ်သည်။
လီအိုက်ကော်နှင့် ကျိုးစန်းနီတို့က ပစ္စည်းတွေ အများကြီး ယူလာချင်သည်။ အဝတ်အစားများ၊ အိပ်ရာခင်းများ၊ ဒယ်အိုးဒယ်ပြားများ စသဖြင့်တို့ ဖြစ်သည်။
လင်းချင်းဟယ် ခေါင်းကိုက်သွားသည်။
ကျိုးချင်းပိုင်က ပြောလိုက်၏။ "ယူလာလိုက်ပါ။ ငါလည်း ကူသယ်ပေးပါ့မယ်။"
လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ ရှက်ရွံ့သွားကြသည်။ သို့သော် မတတ်နိုင်ပါ။ ရှေးစကားပုံလိုဖြစ်သည်။ သူတောင်းစားများ အိမ်ပြောင်းသောအခါ အထုပ်အပိုးများတတ်ပါသည်။
အိမ်တွင် ပစ္စည်းသိပ်မရှိဘူးဟု ထင်ရသော်လည်း အိမ်ပြောင်းသည်နှင့် တကယ်တမ်း ဘယ်လောက် ရှိနေသလဲဆိုတာ တွေ့ရပါလိမ့်မည်။
"မနက်ဖြန် ချွန်းကျစ်က ကျွန်တော်တို့ကို နွားလှည်းနဲ့ ကောင်တီမြို့ကို ခေါ်သွားပေးလိမ့်မယ်။ တတိယ ဦးလေးနဲ့ ဒေါ်လေးတို့ အိမ်ကို သွားကြဦးမလား။" ဟု လီအိုက်ကော်က မေးလိုက်သည်။
"နင်တို့အရင်သွားပါ။ ငါတို့ရွာပြန်ပြီး စစ်နီကို ခေါ်ရဦးမယ်။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ "သူက အကြီးဆုံးဦးလေးတို့ဘက်က စန်းနီရဲ့ ဝမ်းကွဲလေ။ ဒီတစ်ခေါက် သူတို့လည်း ဒေါ်လေးတို့နဲ့ မြို့ကို လိုက်မှာ။"
လီအိုက်ကော်က ခေါင်းငြိမ့်လိုက်သည်။ မနက်စောစော ထရမည်ဖြစ်သဖြင့် ဘာမှ လုပ်စရာမရှိပါက အိပ်ယာ စောစော ဝင်ကြမည်။
နောက်တစ်နေ့ အရုဏ်မတက်ခင် ကျိုးစန်းနီက မနက်စာပြင်ဖို့ အိပ်ယာထလာသည်။ အိမ်က အစားအသောက်များကို ယူသွားမည်မဟုတ်ပေ။ လီအိုက်ကော်မိဘများအတွက် ထားခဲ့မည်ဖြစ်သည်။
လူကြီးများက လူကြီးလို မပြုမူသော်လည်း ဝတ္တရားတော့ ကျေပွန်ရပါမည်။ ရွာသားများ စိတ်ထဲ သိနေစေဖို့ မဟုတ်ပါလား။
"အိုင်ကွေ့က သမီးအတွက် ဒီဆန် ကျင်းအနည်းငယ်လောက် ဝယ်ထားတာ။ ဒီမှာ ထွက်ကုန် မရှိဘူးလေ။ ဒေါ်လေး အကြီးဆုံးဦးလေးနဲ့ အကြီးဆုံးဒေါ်လေးတို့ကို ပေးလိုက်ပါလား။"
ဝတ္တရားများ ကျေပွန်သော်လည်း သူတို့က မထိုက်တန်သဖြင့် ပစ္စည်းကောင်းများကိုတော့ လီအိုက်ကော်၏ မိဘများကို မပေးချင်ပါ။
လင်းချင်းဟယ်ကလည်း မငြင်းပေ။ မနက်စာစားပြီးနောက် ကျိုးချင်းပိုင်နှင့်အတူတူ သူမ ရွာသို့ ပြန်ခဲ့သည်။ လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ကို တတိယအစ်ကိုနှင့် တတိယမရီးတို့ ဆိုင်တွင် ပြန်ဆုံကြမည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရွာပြန်ရောက်လာမှ ကျိုးစစ်နီက ဒီမနက်ဘဲ မြို့ကို ရွာက မြည်းလှည်းဖြင့် လိုက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"သိပ်လည်း မဝေးပါဘူး။ သူ့ဦးလေးက လိုက်မပို့ပေးနိုင်မှာကို စိတ်မပူပါနဲ့။" အကြီးဆုံးမရီးက ဘာကြောင့် ဒီလိုလုပ်သလဲ လင်းချင်းဟယ် နားလည်သဖြင့် ပြုံးကာ ပြောလိုက်သည်။
"အဲ့ကနေ ဒီလာဖို့တောင် ပင်ပန်းရတာ။ သူ့ကို မြို့ခေါ်သွားရဦးမှာလေ။ ဘာပဲဖြစ်ဖြစ် လမ်းကြုံတာပဲ။ မြည်းလှည်းပဲ စီးသွားပါစေ။ အဆင်ပြေတာပေါ့။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ သူတို့အိမ်တွင် နေ့လည်စာ စားခဲ့ကြသည်။ နေ့လည်စာ စားပြီးသွားသောအခါ ကျိုးချင်းပိုင်က တတိယအစ်ကိုကို သွားနှုတ်ဆက်သည်။ လင်းချင်းဟယ်က အမျိုးသမီးချိုင်၊ ကျိုးတုန်၊ ချိုင်ပါ့မိန်နှင့် သူမနှင့် ဆက်ဆံရေးကောင်းသည့် လူများကို သွားနှုတ်ဆက်ခဲ့ပါသည်။
လင်မယားနှစ်ယောက် မြို့သို့ စက်ဘီးစီးကာ လာခဲ့ကြသည်။
စက်ဘီးတစ်စီးကို ကျိုးမိသားစုဟောင်းသို့ ပြန်ပေးခဲ့ပြီး လင်းချင်းဟယ်က ကျိုးချင်းပိုင် စက်ဘီးပေါ်တွင် လိုက်ပါလာခဲ့သည်။
ပြောရမည်ဆိုလျှင် အကြီးဆုံးမရီးက အသေးစိတ်ကအစ အာရုံစိုက်ပါသည်။ စစ်နီကို မြို့သို့ လင်မယားနှစ်ယောက်အား ခေါ်သွားခိုင်းရင်လည်း ရသည်။ ကျေးရွာသို့ ပစ္စည်းများ လာယူသောအခါ တတိယအစ်ကိုက စက်ဘီးကို ပြန်လာပေးနိုင်ပါသည်။
သို့သော် အခုတော့ ဒီနည်းလမ်းက အများကြီး သက်သာပါသည်။
လင်မယားနှစ်ယောက် မြို့သို့ ရောက်လာခဲ့ကြသည်။ ကျိုးစန်းနီ၊ ကျိုးစစ်နီနှင့် လီအိုက်ကော်တို့အားလုံး တတိယအစ်ကိုတို့ဆိုင်တွင် ရောက်နေကြလေပြီ။
"ဒီလောက်လူတွေအများကြီး မြို့တော်ကို တက်သွားကြမှတော့ အဲ့ဘက်မှာ ပိုပြီး စည်ကားလာတော့မှာပဲ။" ဟု တတိယမရီးက ရွှင်ပြစွာ ပြောလိုက်သည်။
လင်းချင်းဟယ်က ကျိုးစန်းနီကို မြို့တော်သို့ ခေါ်သွားမည်ဖြစ်ကြောင်း သူမ ထိုအခါမှ သိခြင်းဖြစ်သည်။ ဒီ့ထပ် ပိုကောင်းသော အစီအစဥ်မရှိနိုင်ပါ။ သူတို့ မြို့တော်သို့ ရောက်ပါက ထိုက ဆေးပညာများနှင့် သူမကို ကုသနိုင်ပါသည်။
"အဲ့မှာ စည်ကားနေပြီးသားပါ။ ကျွန်မတို့ မိသားစုက လူဘယ်နှယောက်လောက် မြို့တော်ကို ရောက်နေပြီလဲ စဥ်းစားကြည့်ပါဦး။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
တတိယမရီးက ပြုံးလိုက်၏။ ကျိုးစန်းနီနှင့် ကျိုးစစ်နီတို့ကိုလည်း မှာစရာရှိတာ စမှာသည်။ ကျိုးချင်းပိုင်က တတိယမောင်လေးလင်းတို့အိမ်ကို နှုတ်ဆက်ဖို့ သွားသည်။ တတိယမောင်လေးလင်းက သူနှင့်အတူ လိုက်ပါလာ၏။
အထုတ်အပိုးများ သယ်ယူဖို့ ကူညီပေးသည်။ ထို့နောက် ငါးယောက်သား ဘတ်စ်ကားပေါ်သို့ အထုပ်အပိုးများဖြင့် တက်ကာ မြူနီစီပယ်မြို့သို့ သွားခဲ့ကြသည်။
သူတို့ မြို့သို့ ရောက်သောအခါ အတော်လေး နောက်ကျနေပြီဖြစ်သည်။ သို့သော်လည်း မြို့တော်သို့ သွားမည့် နောက်ဆုံး ရထားတစ်စင်း ရှိနေသေးသဖြင့် သူတို့ မောပန်းနေရင်းပင် ရထားပေါ် တက်ခဲ့ကြပါသည်။